Return to Video

အဝေးကြည့် မှန်ပြောင်းတစ်ခု လွှတ်တင်ဖို့ ဘာတွေ လိုအပ်သလဲ။

  • 0:01 - 0:04
    ကျွန်မက အဝေးကြည့်မှန်ပြောင်းဆောက်တဲ့
    နက္ခတ္တဗေဒပညာရှင်ပါ။
  • 0:05 - 0:09
    အဝေးကြည့်မှန်ပြောင်းတွေဆောက်တာက
    နံပါတ်တစ် အံသြဖွယ်ဖြစ်လို့ပါ။
  • 0:09 - 0:11
    ဒါပေမဲ့ နံပါတ်နှစ်ကတော့
  • 0:11 - 0:15
    စကြာဝဠာနဲ့ပတ်သက်သက်ပြီး အသစ်တစ်ခု
    ရှာဖွေချင်တယ်ဆိုရင် စကြာဝဠာကို
  • 0:15 - 0:17
    နည်းလမ်းသစ်တစ်ခုနဲ့ ကြည့်ဖို့
  • 0:17 - 0:18
    လိုတယ်လို့ ယုံကြည်တယ်။
  • 0:18 - 0:20
    နက္ခတ္တဗေဒက နည်းပညာသစ်တွေဟာ
  • 0:20 - 0:24
    မှန်ဘီလူးတွေ၊ ဓာတ်ပုံ ပလိပ်ပြားတွေ
  • 0:24 - 0:26
    အာကာသ အဝေးကြည့်မှန်ပြောင်းအထိလို
    အရာတွေ တစ်ခုစီဟာ
  • 0:26 - 0:29
    စကြာဝဠာကို မြင်ဖို့ နည်းလမ်းသစ်တွေပေးပြီး
  • 0:29 - 0:32
    ဒီအထဲက ကျွန်မတို့ရဲ့နေရာကို သိမြင်
    နားလည်မှု အသစ်တစ်ခုဆီ
  • 0:32 - 0:33
    တိုက်ရိုက် ဦးတည်စေပါတယ်။
  • 0:35 - 0:37
    ဒါပေမဲ့ ဒီရှာဖွေတွေ့ရှိမှုတွေဟာ
    ကုန်ကျမှုရှိတယ်။
  • 0:37 - 0:41
    စိတ်ကူးတစ်ခုကနေ Hubble Space Telescope ကို
  • 0:41 - 0:45
    ဂြိုဟ်ပတ်လမ်းထဲကိုရောက်ဖို့
    ထောင်ချီတဲ့လူတွေနဲ့ ၄၄ နှစ်ကြာခဲ့တယ်။
  • 0:45 - 0:47
    အချိန်ယူရပါတယ်။
  • 0:47 - 0:49
    ကျရှုံးမှုအတွက် သည်းခံမှုလိုပါတယ်။
  • 0:49 - 0:51
    တစ်ဦးချင်းစီဟာ နေ့တိုင်း
  • 0:51 - 0:54
    လက်မလျှော့ဖို့ ရွေးချယ်တာလိုတယ်။
  • 0:54 - 0:57
    ဒါနဲ့ရှင်သန်တော့ ဒီရွေးချယ်မှုက
    ဘယ်လိုခက်ခဲတာ ကျွန်မသိတယ်။
  • 0:57 - 1:03
    ကျွန်မအလုပ်ရဲ့ ဒိဌအဖြစ်က ကျွန်မဟာ တစ်ချိန်
    လုံးနီးပါး ကျရှုံးနေပြီးဆက်သွားနေတာပါ၊
  • 1:03 - 1:06
    အကြောင်းက ဒါ အဝေးကြည့်မှန်ပြောင်း
    ဆောက်ခဲ့ပုံပါ။
  • 1:07 - 1:09
    ကူဆောက်ခဲ့တဲ့
    မှန်ပြောင်းကို ခေါ်တာက
  • 1:09 - 1:14
    the faint intergalactic-medium
    red-shifted emission balloon ပါ။
  • 1:14 - 1:16
    ခေါ်ရတာ ထောင့်တော့
  • 1:16 - 1:17
    FIREBall လို့ ခေါ်လိုက်တယ်။
  • 1:17 - 1:21
    မပူပါနဲ့၊ ဒါက ဇာတ်လမ်းအဆုံးမှာ
    ပေါက်ကွဲမှာ မဟုတ်ပါဘူး။
  • 1:22 - 1:25
    FIREBall မှာ ကျွန်မလုပ်နေတာ
    ဆယ်နှစ်ကျော်နေပြီး
  • 1:25 - 1:28
    အခု ဒါကိုတည်ဆောက်တဲ့ မယုံနိုင်စရာ
    လူတွေရဲ့အဖွဲ့ကို ဦးဆောင်ပါတယ်။
  • 1:28 - 1:33
    FIREBall ဟာ သိထားတဲ့ အမှိန်ဆုံး
    ဖွဲစည်းမှုတွေကို လေ့လာဖို့ ပုံစံထုတ်တာပါ။
  • 1:33 - 1:36
    ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ရဲ့တိမ်ထုကြီးတွေပါ။
  • 1:36 - 1:38
    ဒီတိမ်ထု တွေဟာ ကြီးမားတယ်။
  • 1:38 - 1:40
    သင်တွေးကြည့်နေတာ မှန်သမျှထက်ကို
    ပိုတောင်ကြီးမားပါတယ်။
  • 1:40 - 1:42
    ဧရာမကြီးတွေပါ၊
  • 1:42 - 1:45
    ဂလက်ဆီတွေကို စီးဝင်၊စီးထွက်တယ်
    ထင်နေတဲ့ ဟိုက်ဒရိုဂျင်တိမ်ထုကြီးတွေပါ
  • 1:46 - 1:47
    FIREBall မှာ လုပ်ကိုင်တဲ့အကြောင်းက
  • 1:47 - 1:51
    ကျွန်မ တကယ်လိုချင်တာက
    ကြယ်တွေဆီက အလင်းတစ်ခုတည်းကနေ
  • 1:51 - 1:54
    တည်ရှိနေတဲ့အက်တမ်းတိုင်းကို မြင်ပြီး
  • 1:54 - 1:59
    တိုင်းတာနိုင်တဲ့နေရာက တစ်ခုအထိ
    စကြာဝဠာရဲ့ မြင်ကွင်းကို ရိုက်ယူဖို့ပါ။
  • 2:00 - 2:01
    ကျွန်မလုပ်ချင်တာ ဒါပဲလေ။
  • 2:01 - 2:03
    (ရယ်သံများ)
  • 2:03 - 2:05
    ဒါပေမဲ့ အနည်းဆုံး ဒီအက်မ်
    တစ်ချို့ကို လေ့လာတာဟာ
  • 2:05 - 2:09
    ဘာကြောင့် ဂလက်ဆီတွေ ဒီလိုပုံပေါက်နေတာကို
    သိမြင်နားလည်မှုအတွက် အရေးပါပါတယ်။
  • 2:09 - 2:11
    ဂလက်ဆီတစ်ခုထဲကို
  • 2:11 - 2:15
    ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဝင်ပြီး
    ကြယ်တစ်ခုဖြစ်တည်ပုံကိုကျွန်မသိချင်တယ်။
  • 2:16 - 2:19
    FIREBall မှာ ကျွန်အလုပ်က
    ၂၀၀၈ မှာ စတင်ခဲ့တယ်။
  • 2:19 - 2:21
    အဝေးကြည့်မှန်ပြောင်းမှာမဟုတ်ပဲ
    အလင်းအာရုံခံမှာပါ။
  • 2:21 - 2:24
    ဒါက အဝေးကြည့်မှန်ပြောင်းရဲ့ အချက်အချာပါ။
  • 2:24 - 2:27
    အာရုံခံအသစ်က NASA ရဲ့
    Jet Propulsion Laboratory မှာ
  • 2:27 - 2:29
    ကျွန်မ ပါဝင်တဲ့အဖွဲ့က တီထွင်နေခဲ့တာပါ။
  • 2:30 - 2:34
    ကျွန်မတို့ပန်းတိုင်က ဒီအာရုံခံဟာ
    ဒီဟိုဒရိုဂျင်ဓာတ်ငွေကို ထောက်လှမ်းဖို့
  • 2:34 - 2:36
    တကယ်အလုပ်ဖြစ်မယ်ဆိုတာ သက်သေပြဖို့ပါ။
  • 2:37 - 2:38
    ဒါနဲ့ပတ်သက်တဲ့ အလုပ်မှာ
  • 2:38 - 2:45
    ကျွန်မသုံးနေတဲ့ စက်ဟာ ကျွန်မတို့ထည့်တဲ့
    လျှပ်စစ်မှန်သမျှကို တိုအောင်လုပ်ပေးတဲ့
  • 2:45 - 2:47
    ပလပ်စမာတစ်ခု
    ဖန်တီးပေးတာ မသိခင်မှာ
  • 2:47 - 2:51
    အင်မတန် စျေးကြီးတဲ့ အာရုံခံအများအပြားကို
    ဖျက်ဆီးပစ်ခဲ့တယ်။
  • 2:51 - 2:54
    မတူတဲ့စက်တစ်ခု သုံးခဲ့တယ်၊
    အခြားစိန်ခေါ်မှုတွေရှိခဲ့ပြီး
  • 2:54 - 2:56
    အမှန်ရောက်ဖို့ နှစ်ချီကြာခဲ့တယ်။
  • 2:56 - 2:59
    ဒါပေမဲ့ ပထမဆုံး အာရုံခံ
    အလုပ်ဖြစ်တဲ့အခါမှာတော့
  • 2:59 - 3:01
    ဂုဏ်ဝင့်ဖွယ်ရာပေါ့။
  • 3:01 - 3:05
    အခုဆို ကျွန်မတို့အာရုံခံတွေဟာ အရင်က
    ခေတ်အမီဆုံးတွေထက် ဆယ်ဆပိုကောင်းပြီး
  • 3:05 - 3:08
    အဝေးကြည့်မှန်ပြောင်း အသစ်မျိုးစုံ
    ထည့်ထားလို့ရနေပါတယ်။
  • 3:08 - 3:13
    အာရုံခံတွေဟာ စကြာဝဠာရဲ့ဒီအထဲက ကျွန်မတို့
    နေရာကိုမြင်ဖို့ နည်းလမ်းသစ်တစ်ခုပေးမယ်။
  • 3:14 - 3:16
    ဒီတော့ အာရုံခံတွေကတော့ ပြီးပြီ၊
  • 3:16 - 3:17
    မှန်ပြောင်း ဆောက်ဖို့အချိန်
  • 3:17 - 3:21
    အဝေးကြည့်မှန်ပြောင်းတွေ ရောက်သလောက်
    FIREBall က ထူးဆန်းတာက
  • 3:21 - 3:24
    ၎င်းဟာ အာကာသမှာမဟုတ်၊
    မြေပြင်မှာလည်း မဟုတ်လို့ပါ။
  • 3:24 - 3:28
    ဒီအစား ဧရာမ ပူဖောင်းကြီးက
    သံနန်းကြိုးတစ်ခုမှာ ချိတ်ထားပြီး
  • 3:28 - 3:31
    အာကာသရဲ့အစွန်းက အထက်လေထုထဲက
  • 3:31 - 3:33
    ပေ ၁၃၀၀၀၀ ကနေ တစ်ညတာအတွက်ပဲ
  • 3:33 - 3:36
    ကြည့်ရှုတာပါ။
  • 3:36 - 3:41
    တစ်စိတ်တစ်ပိုင်းက အာကာသအစွန်းက
    အာကာသအစစ်ထက် အတော် စျေးပိုပေါလို့ပါ။
  • 3:41 - 3:42
    (ရယ်သံများ)
  • 3:42 - 3:46
    ဒီတော့ တကယ်တမ်း ဒါကိုတည်ဆောက်တာဟာ
    ကျရှုံးမှုပိုများတယ်၊
  • 3:47 - 3:48
    ပျက်သွားတဲ့ မှန်တွေ၊
  • 3:48 - 3:50
    ပြန်လုပ်ဖို့လိုတဲ့ ခြစ်ရာနဲ့ မှန်တွေ၊
  • 3:51 - 3:52
    အအေးစနစ် ပျက်ယွင်းမှုတွေ၊
  • 3:52 - 3:54
    ပြန်လုပ်ဖို့လိုတဲ့ စနစ်တစ်ခုလုံး
  • 3:55 - 4:01
    စံချိန်ကိုက်တာ ပျက်တာတွေ၊
    စမ်းသပ်မှုတွေ အထပ်ထပ်ကို လုပ်ခဲ့တာပါ။
  • 4:01 - 4:03
    တကယ့် မမျှော်လင့်ဆုံးအချိန်မှာ
    ပျက်ယွင်းမှုတွေပါ။
  • 4:03 - 4:07
    တစ်နေ့ ရောင်စဉ်ဖမ်းကိရိယာ တိုင်ကီမှာ
    ချစ်စရာကောင်းပေမဲ့ အင်မတန် စိတ်တိုတဲ့
  • 4:07 - 4:09
    သိမ်းငှက်ပေါက် တစ်ကောင်လာနားတယ်။
  • 4:09 - 4:10
    (ရယ်သံများ)
  • 4:10 - 4:12
    အသင့်အတင့်ဆိုပေမဲ့
    ဒီပရောဂျက်သမိုင်းမှာ
  • 4:12 - 4:14
    ဒါက အကြီးကျယ်ဆုံးနေ့ပါ။
  • 4:14 - 4:15
    (ရယ်သံများ)
  • 4:15 - 4:18
    ကျွန်မ ဒီသိမ်းငှက်ကို တကယ်
    သဘောကျခဲ့တယ်။
  • 4:18 - 4:21
    ဒါပေမဲ့ သိမ်းငှက်က ပြင်ထားတာကို
    ဖျက်ဆီးတယ်၊ သြဂုတ်လ ၂၀၁၇
  • 4:21 - 4:24
    လွှတ်တင်တာ ကြိုးပမ်းမှုတစ်ခုအတွက်
    ဆောက်ခဲ့တာလေ၊
  • 4:24 - 4:26
    ဒီနောက် မလွှတ်တင်ဖြစ်ခဲ့တာက
  • 4:26 - 4:31
    မက္ကဆီကို ကန္တာရမှာ ခြောက်ပတ်
    ဆက်တိုက် မိုးရွာလို့ပါ။
  • 4:31 - 4:33
    (ရယ်သံများ
  • 4:33 - 4:35
    စိတ်ဓာတ်တွေ လျော့သွားပြီး
    ပြန် ရောက်လာတယ်။
  • 4:35 - 4:38
    သြဂုတ်လ ၂၀၁၈၊ နှစ် ၁၀ ပါ။
  • 4:38 - 4:41
    စက်တင်ဘာလ ၂၂ ရက် မနက်မှာ
  • 4:45 - 4:47
    နောက်ဆုံးတော့ အဝေးကြည့်မှန်ပြောင်းကို
    လွတ်တင်ခဲ့တယ်။
  • 4:48 - 4:52
    (လက်ခုပ်သံများ)
  • 4:52 - 4:57
    ကျွန်မကိုယ်တိုင်၊ ကျွန်မဘဝတစ်ခုလုံးကို
    ဒီပရောဂျက်မှာ ထည့်ထားတာပါ၊
  • 4:57 - 5:00
    ဖြစ်ပျက်ခဲ့တာကို မယုံနိုင်သေးသလိုပဲ။
  • 5:01 - 5:04
    အဲဒီနေ့ နေဝင်ချိန်လောက်မှာ ရိုက်ယူခဲ့တဲ့
  • 5:04 - 5:07
    ကျွန်မတို့ ပူဖောင်းရဲ့ပုံ ရှိပါတယ်။ ဒီကနေ
  • 5:07 - 5:08
    FIREBall ကို ချိိတ်ထားတယ်
  • 5:08 - 5:10
    လပြည်လုလုပါ။
  • 5:10 - 5:11
    ကျွန်မ ဒီပုံကို သဘောကျတယ်၊
  • 5:11 - 5:14
    အိုး၊ ချစ်လိုက်တာ။
  • 5:15 - 5:16
    ဒါပေမဲ့ ကြည်လိုက်ပါ၊
  • 5:16 - 5:18
    ကျွန်မကို ငိုချင်အောင်လုပ်တယ်။
  • 5:19 - 5:23
    အကြောင်းက လေအပြည့်ဖြည့်ပြီးတဲ့အခါ
    ဒီပူဖောင်းတွေက လုံးဝန်းတယ်၊
  • 5:23 - 5:25
    ဒါကျတော့ မဟုတ်ဘူး။
  • 5:25 - 5:27
    မျက်ရည်စက်ပုံပေါက်နေတယ်။
  • 5:27 - 5:30
    အကြောင်းက အထဲမှာ အပေါက်ရှိလို့ပါ။
  • 5:31 - 5:33
    တစ်ခါတစ်လေ ပူဖောင်းတွေလည်း
    ပျက်တာပဲလေ။
  • 5:34 - 5:36
    FIREBall ဟာ မက္ကဆီကို
    ကန္တာရထဲမှာပျက်ကျခဲ့တယ်။
  • 5:36 - 5:39
    ကျွန်မတို့ လိုချင်တဲ့ ဒေတာ မရခဲ့ဘူး။
  • 5:39 - 5:42
    အဆုံးမှာတော့
    ကိုယ့်ကိုယ်ကိုယ် တွေးမိတာက
  • 5:43 - 5:44
    " ငါ ဘာကြောင့် ဒါကိုလုပ်နေတာလဲ။"
  • 5:46 - 5:49
    ဘာကြောင့်ဆိုတာကို အဲဒီနေ့ကတည်းက
    အများကြီးတွေးခဲ့တယ်။
  • 5:49 - 5:54
    ကျွန်မ သဘောပေါက်ခဲ့တာက
    ကျွန်မရဲ့အလုပ်အားလုံးဟာ
  • 5:54 - 5:55
    ပျက်တာ၊ ကျရှုံးတာ၊
  • 5:55 - 5:58
    ကျွန်မတို့ နားမလည်တာ၊
    ၎င်းတို့ ပျက်ယွင်းတာ၊၊
  • 5:58 - 6:00
    ပထမဆုံးအကြိမ်မှာ မှားယွင်းးတော့
    ပျက်ယွင်းသွားတာ၊
  • 6:00 - 6:01
    စတာတွေ ပြည့်နေတယ်ဆိုတာပါ။
  • 6:02 - 6:04
    Hubble ကိုဆောက်တဲ့ ထောင်ချီတဲ့
    လူတွေနဲ့ တောင့်ခံခဲ့ရတဲ့
  • 6:04 - 6:06
    ကျရှုံးမှု အကြိမ်အရေအတွက်ကိုတွေးမိတယ်။
  • 6:06 - 6:09
    ဒါက အာကာသထဲမှာ ရှိနေစဉ်မှာတောင်
    မရေတွက်နိုင်တဲ့ ကျရှုံးမှုတွေ၊
  • 6:09 - 6:11
    ကြေကွဲဖွယ် ကျရှုံးမှုတွေရှိခဲ့တယ်။
  • 6:11 - 6:15
    ဒီကျရှုံးမှုတစ်ခုကမှ သူတို့အတွက်
    လက်လျှောဖို့ မကြောင်းမဖြစ်ခဲ့ဘူး။
  • 6:16 - 6:17
    ဘာလို့ အလုပ်ကိုချစ်လဲ တွေးတယ်။
  • 6:17 - 6:20
    စကြာဝဠာမှာ ဖြစ်ပျက်နေတာကို
    ကျွန်မ သိချင်တယ်။
  • 6:20 - 6:22
    စကြာဝဠာမှာ ဖြစ်ပျက်နေတာကို
    သင်တို့အားလုံးလည်း သိချင်ကြတယ်။
  • 6:22 - 6:25
    ဒီဟိုက်ဒရိုဂျင်နဲ့ ဆက်ဖြစ်နေတာ
    ကျွန်မ သိချင်တယ်။
  • 6:26 - 6:29
    ဒါနဲ့ သဘောပေါက်လိုက်တာက အများအားဖြင့်
    ရှာဖွေတွေ့ရှိမှုဟာ အလုပ်မဖြစ်တာတွေ
  • 6:29 - 6:31
    ရှာဖွေခြင်းရဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး
  • 6:31 - 6:35
    အသိပညာရဲ့ကန့်သတ်ချက်တွေကို တွန်းပို့
    တဲ့အခါ ကျရှုံးမှုဟာ ရှောင်လွှဲမရနိုင်တာပါ။
  • 6:35 - 6:37
    ကျွန်မလုပ်ချင်တာ ဒါပါ။
  • 6:37 - 6:39
    ဒီတော့ ဆက်သွားဖို့ ကျွန်မ ရွေးချယ်နေတယ်။
  • 6:40 - 6:42
    ကျွန်မတို့အသင်းဟာ ကျွန်မတို့အရင်က
  • 6:42 - 6:46
    လူတိုင်း တည်ဆောက်ခဲ့ဖူးတာကို
    ဆောက်မှာမဟုတ်ဘူး။
  • 6:46 - 6:47
    ၂၀၂၀ မှာ ကျွန်မတို့
  • 6:47 - 6:48
    ထပ်ကြိုးစားဦးမှာပါ။
  • 6:49 - 6:54
    ဒီနေ့ ကျရှုံးမှုတစ်ခုလို ခံစားရလောက်ပေမဲ့
    တကယ်ကို ခံစားရပါတယ်
  • 6:54 - 6:56
    ကျွန်မလက်လျှော့လိုက်ရင်တော့
  • 6:56 - 6:58
    ကျရှုံးမှုတစ်ခု ဆက်ရှိနေရုံပါ။
  • 6:58 - 6:59
    ကျေးဇူးအများကြီးတင်ပါတယ်။
  • 6:59 - 7:05
    (လက်ခုပ်သံများ)
Title:
အဝေးကြည့် မှန်ပြောင်းတစ်ခု လွှတ်တင်ဖို့ ဘာတွေ လိုအပ်သလဲ။
Speaker:
Erika Hamden
Description:

TED ဝိုင်းတော်သားနဲ့ နက္ခတ္တဗေဒပညာရှင် Erika Hamden ဟာ အာကာသရဲ့အစွန်းက ဧရာမပူဖောင်းကြီးမှာ ချိတ်ဆွဲထားတဲ့ FIREBall တည်ဆောက်ရေး အသင်းကို ဦးဆောင်ပြီး
ကြယ်တွေ ဖန်တီးဖြစ်ပေါ်ပုံအကြောင်း သဲလွန်စတွေကို ရှာဖွေပါတယ်။ သူဟာ ကျွန်ုပ်တို့ကို ရိုလာကိုစတာ တစ်ခုအတွင်း ခေါ်ဆောင်သွားပါတယ်၊ စိတ်ကူးတစ်ခုကနေ အဝေးကြည့မှန်ပြောင်းကို ဂြိုဟ်ပတ်လမ်းထဲကို ထည့်သွင်းဖို့ ခရီးရှည်တစ်ခုပါ။ နောက်ပြီး အသိပညာရဲ့ကန့်သတ်ချက်တွေကို တွန်းပို့တဲ့အခါ မအောင်မြင်မှုဆိုတာ ရှောင်လွှဲမရနိုင်ပုံကို ပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:18

Burmese subtitles

Revisions