Return to Video

ကွမ်တမ် ကွန်ပျူတာကို ၁၀ မိနစ်အတွင်း ရှင်းပြခင်း

  • 0:01 - 0:02
    ဂိမ်းတစ်ခု ကစားကြပါစို့။
  • 0:03 - 0:06
    ခင်ဗျားတို့ Las Vegas မှာလို
    စိတ်ကူးလိုက်ပါ။
  • 0:06 - 0:07
    ကာဆီနို လောင်းကစားရုံမှာ၊
  • 0:07 - 0:11
    ခင်ဗျားတို့ဟာ ကာဆီနိုထဲက ကွန်ပျူတာ
    တစ်ခုမှာ ဂိမ်းကစားဖို့ ဆုံးဖြတ်တယ်၊
  • 0:11 - 0:14
    solitaire ဒါမှမဟုတ် စစ်တုရင်
    ကစားတဲ့ သဘောမျိုးပါပဲ။
  • 0:15 - 0:18
    ကွန်ပျူတာ ကစားတဲ့ လူသားနည်းတူ
    ဂိတ်းထဲမှာ ရွေ့လျားနိုင်တယ်။
  • 0:18 - 0:20
    အခုဟာက ကြွေစေ့ဂိမ်း ဖြစ်ပါတယ်။
  • 0:21 - 0:24
    အစပိုင်းတွင် ကြွေစေ့က ခေါင်းကို ပြလို့၊
  • 0:24 - 0:26
    ကွန်ပျူတာက စပြီး ကစားပါလိမ့်မယ်။
  • 0:26 - 0:28
    ၎င်းဟာ ကြွေစေ့လှန်ပြီး
    ဆုံးဖြတ်နိုင်တယ်။
  • 0:29 - 0:31
    ဒါပေမဲ့ ကိုယ်က ရလဒ်ကို
    မြင်ရမှာ မဟုတ်ပါဘူး။
  • 0:31 - 0:33
    နောက်တစ်ခါကျတော့ ခင်ဗျားရဲ့အလှည့်ပါ။
  • 0:33 - 0:36
    ခင်ဗျားကလည်း ကြွေစေ့လှန်ရေးကို
    ရွေးမရွေး ရပါတယ်။
  • 0:36 - 0:40
    ပြီးတော့ ကိုယ်ရွှေ့လိုက်တာကို ခင်ဗျားရဲ့
    ဆန့်ကျင်ဖက်၊ ကွန်ပျူတာကို ပြမပေးပါ။
  • 0:40 - 0:44
    နောက်ဆုံး ကွန်ပျူတာက ဂိမ်းကို ထပ်ကစားပြီး
    ကြွေစေ့လှန်ရေးကို ရွေးနိုင်တယ်။
  • 0:44 - 0:46
    အဲဒီလို သုံးကြိမ် ကစားပြီးတဲ့ နောက်မှာ
  • 0:46 - 0:48
    အကြွေကို ပြပေးလိုက်ရာ
  • 0:48 - 0:51
    အဲဒါ ခေါင်း ဖြစ်နေတယ်၊
    ကွန်ပျူတာ နိုင်သွားပြီ။
  • 0:51 - 0:53
    ပန်း ဖြစ်ခဲ့လျှင် ခင်ဗျား နိုင်တယ်။
  • 0:54 - 0:56
    ဒီတော့ အတော်ကလေးရိုးတဲ့ ဂိမ်းပါ။
  • 0:56 - 0:59
    လူတိုင်းက ရိုးသားစွာ ကစားမယ်၊
    အကြွေစေ့ကလည်း တရားမျှတပါက၊
  • 0:59 - 1:03
    ခင်ဗျားဆီမှာ ဂိမ်းကို နိုင်ဖို့ အလားအလာ
    ၅၀ ရာခိုင်နှုန်း ရှိပါတယ်။
  • 1:03 - 1:05
    အဲဒါကို အတည်ပြုပေးရန်၊
  • 1:05 - 1:08
    ကျွန်မက ကျွန်မ ကျောင်းသားတွေကို
    ဂိမ်းကို ကွန်ပျူတာမှာ ကစားခိုင်းတယ်၊
  • 1:08 - 1:11
    အကြိမ်ပေါင်းများ များစွာ
    စမ်းစပ်ပြီးတဲ့ နောက်မှာ
  • 1:11 - 1:15
    သူတို့ရဲ့ နိုင်နှုန်း ၅၀ ရာခိုင်နှုန်းခန့်
    (သို့) ၅၀ ရာခိုင်နှုန်းနားမှာ ရှိခဲ့ပါတယ်။
  • 1:15 - 1:16
    မျှော်လင့်ထားသလိုပါပဲ။
  • 1:16 - 1:18
    ငြီးငွေ့စရာ ဂိမ်မျိုးနဲ့ တူတယ်နော်?
  • 1:18 - 1:22
    ဒါပေမဲ့ အဲဒီဂိမ်းကိုပဲ ကွမ်တမ် ကွန်ပျူတာ
    ပေါ်မှာ ကစားကြည့်ရင်ကော။
  • 1:23 - 1:26
    ဒီနေ့တွင် Las Vegas ကာဆီနိုတွေမှာ
    ကျွန်မ သိရသလောက်
  • 1:26 - 1:28
    ကွမ်တမ်ကွန်ပျူတာတွေ မရှိကြသေးပါဘူး၊၊
  • 1:28 - 1:31
    ဒါပေမဲ့ IBM ဟာ အလုပ်လုပ်နိုင်တဲ့ ကွမ်တမ်
    ကွန်ပျူတာ တစ်လုံးကို တည်ဆောက်ထားပါပြီ။
  • 1:31 - 1:32
    အဲဒါက ဒါပါပဲ။
  • 1:32 - 1:34
    ဒါနဲ့ ကွမ်တမ်ကွန်ပျူတာ ဆိုတာ ဘာများလဲ?
  • 1:35 - 1:37
    တကယ်တော့ ကွမ်တမ်ရူပဗေဒဟာ
  • 1:37 - 1:41
    အက်တမ်နဲ့ အီလက်ထရွန်နဲ့
    ဖိုတွန်တို့လို အခြေခံအမှုန်တွေရဲ့
  • 1:41 - 1:43
    ပြုမူပုံကို ဖေါ်ပြနိုင်ပါတယ်။
  • 1:43 - 1:45
    ဒီလိုနည်းဖြင့် ကွမ်တမ်ကွန်ပျူတာဟာ
  • 1:45 - 1:49
    အဲဒီအမှုန်တွေရဲ့ ပြုမူပုံကို ထိန်းချုပ်ပေး
    ခြင်းဖြင့် လည်ပတ်နိုင်ပေမဲ့၊
  • 1:49 - 1:52
    ကျွန်မတို့ရဲ့ ပုံမှန်ကွန်ပျူတာတွေနဲ့
    လုံးဝမတူတဲ့ နည်းနဲ့ လုပ်ကိုင်တာပါ။
  • 1:52 - 1:56
    ဒီတော့ ကွမ်တမ်ကွန်ပျူတာ ဆိုတာက
    ကျုပ်တို့ ကွန်ပျူတာများရဲ့
  • 1:56 - 1:58
    ပိုအားကောင်းတဲ့ ဗားရှင်းဖြစ်ရုံတင်မကပါဘူး၊
  • 1:58 - 2:02
    မီးသီက ပိုအားကောင်းတဲ့ ဖယောင်းတိုင်
    မဟုတ်နိုင်သလိုပါပဲ။
  • 2:02 - 2:06
    ဖယောင်းတိုင်တွေကို ပိုကောင်းအောင် ဘယ်လိုပဲ
    ပြုလုပ်ပြုလုပ် မီးသီးကို ဖန်တီး မရနိုင်ပါ။
  • 2:06 - 2:10
    မီးသီးကျတော့ သိပ္ပံပညာကို ပိုပြီး
    နက်ရှိုင်းစွာ နားလည်မှုကို အခြေခံပြီး
  • 2:10 - 2:12
    ပေါ်လာခဲ့တဲ့ နည်းပညာ တစ်မျိုးပါ။
  • 2:12 - 2:16
    အလားတူပဲ ကွမ်တမ်ကွန်ပျူတာဟာလည်း
    ကိရိယာအသစ် တစ်မျိုးပါ၊
  • 2:16 - 2:18
    ကွမ်တမ်ရူပဗေဒ သိပ္ပံပညာကို အခြေခံထားပြီး
  • 2:18 - 2:22
    ခုနက မီးသီးက လူ့အဖွဲ့အစည်းကို
    ပုံစံပြောင်းလဲ ပစ်ခဲ့သလိုပဲ၊
  • 2:22 - 2:24
    ကွမ်တမ်ကွန်ပျူတာဆီမှာ
    ကျုပ်တို့ဘဝရဲ့ မျက်နှာစာ
  • 2:24 - 2:28
    အများအပြားတို့ကို၊ ကျုပ်တို့ရဲ့ လုံခြုံရေး
    လိုအပ်ချက်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု
  • 2:28 - 2:30
    အင်တာနက် အပါအဝင်ကို အကျိုးသက်ရောက်မှာ
    သေချာပါတယ်။
  • 2:31 - 2:35
    ဒါကြောင့် ကမ္ဘာတစ်ဝှမ်းရှိကုမ္ပဏီတွေက
    ကိရိယာတွေကို တည်ဆောက်ဖို့ အားထုတ်နေကြပြီး
  • 2:35 - 2:38
    စိတ်လှုပ်ရှာစရာ အရာတွေ
    ဖြစ်ပေါ်လာမှာကို စောင့်နေကြရာ
  • 2:38 - 2:41
    ကျုပ်တိုပါ ကွမ်တမ်ကွန်ပျူတာမှာ
    ကျုပ်တို့ ဂိမ်းကို ကစားကြည့်ကြပါစို့။
  • 2:41 - 2:46
    ကျွန်မကတော့ ဒီမှာကို IBM ရဲ့ ကွမ်တမ်
    ကွန်ပျူတာသို့ လက်မှတ်ထိုး ဝင်နိုင်တယ်၊
  • 2:46 - 2:48
    ဂိမ်းကို အဝေးကနေ ကစားမယ့် သဘောပါ။
  • 2:48 - 2:50
    ခင်ဗျားတို့လည်း ကစားနိုင်ကြတယ်။
  • 2:50 - 2:56
    ဒီလို ဖြစ်လာဖို့၊ TED ထံမှနေပြီး ကြိုတင်
    အီးမေးလ် ရခဲ့တာကိုု ခင်ဗျား မှတ်မိမှာပါ၊
  • 2:56 - 2:59
    သင်က အကြွေစေ့ လှန်မယ် မလှန်ဘူး ဆိုတာကို
    မေးထားတဲ့ စာလေ။
  • 2:59 - 3:01
    ခင်ဗျားက ကစားမယ် ဆိုရင်လေ။
  • 3:01 - 3:06
    တကယ်တမ်းကျတော့၊ ကျုပ်တို့ ခင်ဗျားတို့ကို
    မေးတာက စက်ဝိုင်း/စတုရန်းကို ရွေးဖို့ပါ။
  • 3:06 - 3:10
    ခင်ဗျားတို့ အဲဒါကို မသိခဲ့ကြပေမဲ့၊ စက်
    ဝိုင်း ရွေးမှုက အကြွေစေ့ လှန်ဖို့ပါ။
  • 3:10 - 3:12
    ခင်ဗျားက စတုရန်းကို ရွေးခဲ့ရင်
    မလှန်ဘူး ဆိုတဲ့ သဘောပါ။
  • 3:12 - 3:16
    ကျွန်မတို့ဟာ တုံ့ပြန်ချက် ၃၇၂ ခု ရခဲ့တယ်။
  • 3:16 - 3:17
    ကျေးဇူးတင်ပါတယ်။
  • 3:17 - 3:21
    ခင်ဗျားတို့ရဲ့ ရွေးချယ်မှုကို သုံးပြီး
    ကျုပ်တို့ဟာ ကွမ်တမ်ကွန်ပျူတာနဲ့
  • 3:21 - 3:23
    ဂိမ်း ၃၇၂ ခု ကစားနိုင်ကြမယ် သဘောပါ။
  • 3:23 - 3:26
    ပြီးတော့ ဒီဂိမ်းဟာ အတော်ကလေး မြန်တာမို့
    ကစားရန်တော်တော်အစာရှောင်ဂိမ်းရဲ့
  • 3:26 - 3:28
    ရလဒ်တွေကို ဒီမှာကို တခါတည်း ပြနိုင်မှာပါ။
  • 3:28 - 3:31
    ခင်ဗျား ကြိုးစားခဲ့တာ သိပ်မကောင်း
    ခဲ့တာဟာ ဝမ်းနည်းစရာပါပဲ။
  • 3:31 - 3:33
    (ရယ်သံများ)
  • 3:33 - 3:36
    ကွမ်တမ်ကွန်ပျူတာဟာ ဂိမ်းအားလုံး
    နီးပါးကို နိုင်ခဲ့ပါတယ်။
  • 3:36 - 3:40
    ၎င်းဟာ တချို့ကိုသာ ရှုံးခဲ့တာက ကွန်ပျူတာ
    ထဲက လည်ပတ်မှု အမှားတွေကြောင့်ပါ။
  • 3:40 - 3:42
    (ရယ်သံများ)
  • 3:42 - 3:45
    ဒီတော့ ၎င်းဟာ ဘယ်လိုလုပ်ပြီး
    အခုလို အံ့ဖွယ် အောင်ပွဲ ခံယူနိုင်တာလဲ။
  • 3:45 - 3:48
    ဒါဟာ မှော်ဆန်တယ် သို့မဟုတ်
    လိမ်လည်မှုနဲ့ တူပုံရပေမဲ့၊
  • 3:48 - 3:51
    လက်တွေ့မှာကျတော့ ကွမ်တမ်ရူပဗေဒရဲ့
    လုပ်ကိုင်မှု ရလဒ်ပါ။
  • 3:52 - 3:53
    ၎င်း အလုပ်လုပ်ပုံကို ရှင်းပြပါမယ်။
  • 3:53 - 3:59
    ပုံမှန် ကွန်ပျူတာဟာ အကြွေရဲ့ မျောက်လား
    ပန်းလားကို bit ပုံစံဖြင့်၊
  • 3:59 - 4:01
    သုည ဒါမှမဟုတ် တစ်လို့ ရွေးတယ်။
  • 4:01 - 4:04
    ဒါမှမဟုတ် ခင်ဗျားတို့ ကွန်ပျူတာရဲ့
    ချစ်ပ်အတွင်းမှာ မြောက်ပန်းလှန်ပါတယ်။
  • 4:04 - 4:07
    ကွမ်တမ်ကွန်ပျူတာကျတော့ လုံးဝတစ်မျိုးပါ။
  • 4:07 - 4:12
    ကွမ်တမ်ရဲ့ bit ကျတော့ အရည်ပိုဆန်တယ်၊
    ဘိုင်နရီကို အခြေမခံတဲ့ လက္ခဏာပါ။
  • 4:13 - 4:18
    ၎င်းဟာ ဆူပါအခြေအနေမှာ ဒါမှမဟုတ်
    သုညနဲ့ တစ် ပေါင်းစပ်ထားမှု ဖြစ်နိုင်ပြီး
  • 4:18 - 4:23
    သုည ဖြစ်နိုင်ခြေ ရှိနိုင်သလို၊ တစ်ဖြစ်
    နိုင်တဲ့ ဖြစ်နိုင်ခြေလည်း ရှိနိုင်တယ်။
  • 4:24 - 4:26
    တနည်းအားဖြင့် ၎င်းရဲ့ လက္ခဏာဟာ
    ရောင်စဉ်ပုံစံမျိုးပါ။
  • 4:27 - 4:30
    ဥပမာ၊ ၎င်းဆီမှာ သုည ဖြစ်နိုင်တဲ့ အလားအလာ
    ၇၀ ရာခိုင်နှုန်းရှိပြီး
  • 4:30 - 4:33
    တစ်ဖြစ်နိုင်တဲ့ အလားအလာက
    ၃၀ ရာခိုင်နှုန်း ဖြစ်နိုင်တယ်။
  • 4:33 - 4:37
    ဒါမှမဟုတ် ၈၀-၂၀ ဒါမှမဟုတ် ၆၀-၄၀ ဆိုပါစို့။
  • 4:37 - 4:40
    ဖြစ်နိုင်ခြေတွေ အဆုံးမဲ့ပါ။
  • 4:40 - 4:41
    အရေးကြီးဆုံး အတွေးအခေါ်က
  • 4:41 - 4:45
    ကျုပ်တို့ဟာ သုည နှင့် တစ် ဆိုတဲ့ တိကျတဲ့
    တန်ဖိုးတွေကို မေ့ပစ်လိုက်ကြကာ
  • 4:45 - 4:47
    မရေရာမှု အချို့ကို ခွင့်ပြုပေးကြရန်ပါ။
  • 4:48 - 4:49
    ဒါနဲ့ ခုနက ဂိမ်းကို ယူကြည့်ပါက
  • 4:49 - 4:54
    ကွမ်တမ်ကွန်ပျူတာဟာ မြောက်နဲ့ ပန်းတွေရဲ့
    အရည်ဆန်တဲ့ ပေါင်းစပ်မှုကို ဖန်တီးတယ်၊
  • 4:54 - 4:55
    သုညနဲ့ တစ်လည်း ထိုနည်းတူပါ၊
  • 4:55 - 4:57
    ဒီတော့ ကစားသမားက ဘာဘဲ လုပ်လုပ်၊
  • 4:57 - 4:59
    အကြွေကို လှန်လှန် မလှန်လှန်၊
  • 4:59 - 5:01
    ဆူပါအခြေအနေက ချုပ်ကိုင်ထားဆဲပါ၊
  • 5:02 - 5:05
    အဲဒါက အရည်နှစ်မျိုး ရောစပ်တာနဲ့ တူပါတယ်၊
  • 5:06 - 5:10
    ကိုယ်က အရည်တွေကို မွှေေမွှေ မမွှေမွှေ
    အရည်တွေဟာ ရောလျက် ရှိနေကြမှာပါ၊
  • 5:10 - 5:13
    ဒါပေမဲ့ နောက်ဆုံး ရွေ့လျားမှုမှာ ကျတော့၊
  • 5:13 - 5:17
    ကွမ်တမ်ကွန်ပျူတာဟာ
    သုညနဲ့ တစ်ကို ခွဲထုတ်ယူနိုင်ပြီး၊
  • 5:17 - 5:20
    လိုအပ်တဲ့ မြောက်ပုံကိုသာ ကွက်တိ
    ရွေးလျက် သင့်ကို အကြိမ်တိုင်း ရှုံးမှာပါ။
  • 5:20 - 5:22
    (ရယ်သံများ)
  • 5:22 - 5:26
    အခုပြောတွေ အားလုံးဟာ စိတ်ညစ်စရာမျိုးပါ
    ထင်ကြရင် လုံးဝ မှန်ကြမှာပါ။
  • 5:27 - 5:31
    တကယ့် အကြွေဆီမှာ ခေါင်းနဲ့ ပန်းတွေ
    ရောစပ်မနေကြပါ။
  • 5:31 - 5:35
    ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ
    အရည်ဆန်တဲ့ ကွမ်တမ်
  • 5:35 - 5:37
    အရှိတရားကို မရင်ဆိုင်ကြရပါ။
  • 5:37 - 5:40
    ဒီတော့ ခင်ဗျားတို့က ကွမ်တမ်ကြောင့်
    စိတ်ရှုပ်နေကြရင်၊
  • 5:40 - 5:42
    စိုးရိမ်စရာ မလိုပါ၊
    ခင်ဗျားတို့ သိလာနေရပါပြီ။
  • 5:42 - 5:45
    (ရယ်သံများ)
  • 5:45 - 5:48
    ကျုပ်တို့ဟာ ကွမ်တမ်ရဲ့ ထူးဆန်းချက်တွေကို
    မတွေ့ကြုံကြရပေမဲ့၊
  • 5:48 - 5:52
    ၎င်းရဲ့ လက်တွေ့ လုပ်ဆောင်ချက်ရဲ့
    သက်ရောက်မှုကို ကျုပ်တို့ မြင်နိုင်ပါတယ်။
  • 5:52 - 5:55
    ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့
    ဒေတာကို မြင်ခဲ့ကြရပါပြီ။
  • 5:55 - 5:56
    ကွမ်တမ် ကွန်ပျူတာ နိုင်နိုင်ခဲ့တာက
  • 5:56 - 6:01
    ၎င်းဟာ ဆူပါအခြေအနေကို ပိုင်ဆိုင်ထားပြီ
    း မရေရာမှုကို အသုံးချခဲ့လို့ပါ၊
  • 6:01 - 6:03
    ပြီးတော့ အဲဒီကွမ်တမ် ဂုဏ်သတ္တိတွေ
    စွမ်းထက်ကြပုံက
  • 6:03 - 6:05
    အကြွေစေ့ ဂိမ်းကို နိုင်ဖို့ကိုသာမက
  • 6:06 - 6:09
    အနာဂတ် ကွမ်တမ် နည်းပညာတွေကိုပါ
    တည်ဆောက် နိုင်ပါသေးတယ်။
  • 6:09 - 6:13
    ဒီနေရာမှာ ကျုပ်တို့ရဲ့ ဘဝကို
    ပြောင်းလဲပစ်နိုင်ကြမယ့်
  • 6:13 - 6:15
    ဖြစ်နိုင်တဲ့ အသုံးပြုနည်း သုံးနည်းကိုသာ
    ဖေါ်ပြပေးပါရစေ။
  • 6:15 - 6:20
    ပထမဦးအဆုံး အနေနဲ့ ကွမ်တမ်မရေရာမှုကို အသုံး
    ချလျက် ကိုယ်ပိုင် သော့တွေ ဖန်တီးနိုင်တယ်၊
  • 6:20 - 6:24
    တစ်နေရာမှ နောက်တစ်နေရာသို့ ပို့ပေးတဲ့
    မက်ဆေ့ချ်ကို လျှို့ဝှက်ကုဒ် သွင်းပေးလျက်
  • 6:24 - 6:29
    ဟက်ကာတွေ သော့ကို တိကျစွာ
    ကူးယူမရအောင် လုပ်နိုင်ပါတယ်။
  • 6:29 - 6:31
    ကွမ်တမ် မရေရာမှုရဲ့ ကျေးဇူးကြောင့်ပါ။
  • 6:32 - 6:36
    သူတို့ဟာ သော့ကို ခိုးယူဖို့ ကွမ်တမ်
    ရူပဗေဒ နိယာမတွေကို
  • 6:36 - 6:37
    ချို;ဖောက်ရပါလိမ့်မယ်။
  • 6:38 - 6:42
    အဲဒီ ရိုက်ခွဲမရနိုင်တဲ့ ကုဒ်သွင်းနည်းကို
    ဘဏ်တွေနဲ့ တခြား အဖွဲ့အစည်းတွေ
  • 6:42 - 6:44
    တစ်ကမ္ဘာလုံးမှာ အသုံးပြုနေကြပါပြီ။
  • 6:45 - 6:51
    ဒီနေ့ ကျုပ်တို့ဟာ ချိတ်ဆက်လျက် ရှိနေကြတဲ့
    ကိရိယာ ၁၇ ဘီလီယံကို ကမ္ဘာမှာ သုံးနေကြတယ်။
  • 6:52 - 6:55
    ကွမ်တမ် ကုဒ်သွင်းနိုင်မှုက အနာဂတ်ကို
    အကျိုးသက်ရောက်နိုင်ပုံကို စိတ်ကူးကြည့်ပါ။
  • 6:56 - 7:02
    ဒုတိယအချက်က ကွမ်တမ်နည်းပညာတွေဟာ ကျန်းမာရေး
    စောင့်ရှောက်မှု၊ ဆေးကုသမှု ပြောင်းပစ်မယ်။
  • 7:02 - 7:08
    ဆေးဝါး ထုတ်လုပ်ရာတွင် မော်လီကျူးတွေကို
    ဒီဇိုင်းဆွဲ ဆန်းစစ်ရာတွင်
  • 7:08 - 7:10
    စိန်ခေါ်မှု ပြဿနာတွေ ဒီနေ့ ရင်ဆိုင်ရပါတယ်။
  • 7:10 - 7:15
    မော်လီကျူးထဲမှာ ရှိနေကြတဲ့ အက်တမ်
    အားလုံးတို့ရဲ့ ကွမ်တမ် လက္ခဏာများကို
  • 7:15 - 7:19
    တိကျစွာ ဖေါ်ပြပေးလျက် တွက်ချက်ပေးရေးဟာ
  • 7:19 - 7:23
    ကျုပ်တို့ရဲ့ စူပါ ကွန်ပျူတာများ အတွက်တောင်
    တွက်ချက်ရန် အရမ်းကို ခက်တဲ့ တာဝန်ပါ။
  • 7:23 - 7:26
    ဒါပေမဲ့ အဲဒါကို ကွမ်တမ်ကွန်ပျူတာက
    ပိုကောင်းမွန်စွာ လုပ်ပေးနိုင်မှာပါ၊
  • 7:26 - 7:29
    ၎င်းက စစ်ဆေးဖို့ ကြိုးစားနေတဲ့
    မော်လီကျူးရဲ့ လက္ခဏာတွေဟာ
  • 7:29 - 7:32
    ၎င်းကိုယ်၌ရဲ့ ကွမ်တမ် လက္ခဏာတွေနဲ့
    ဆင်တူရိုးမှား ရှိနေကြလို့ပါ။
  • 7:32 - 7:36
    ဒီတော့ အနာဂတ်မှာ ကွမ်တမ်နည်းဖြင့်
    အကြီးစား ဆေးစမ်းသပ်မှုတွေကို လုပ်နိုင်ပါက
  • 7:36 - 7:40
    အယ်လ်ဇိုင်းမားလို ရောဂါတွေကို
    ကုသတဲ့ နည်းများဆီကို ရှေ့ရှနိုင်ပါတယ်။
  • 7:40 - 7:43
    အဲဒီလို လူထောင်ပေါင်းများစွာတို့ရဲ့
    အသက်ကို သက်ရောက်မှု ရှိပါမယ်။
  • 7:43 - 7:46
    တတိယပြောပြချင်တဲ့ ကျွန်မအကြိုက်ဆုံး
    ကွမ်တမ် အသုံးချနည်းက
  • 7:46 - 7:50
    အချက်အလက်တွေကို တစ်နေရာမှ တစ်နေရာသို့
    အလိုအလျောက် ပို့ပေးခြင်းပါပဲ၊
  • 7:50 - 7:53
    အချက်အလက်တွေကို ရုပ်ပိုင်အရာ
    ပို့ပေးရန်တောင် လိုမှာ မဟုတ်ပါ။
  • 7:54 - 7:57
    သိပ္ပံဝတ္ထုနဲ့တူသလို ထင်ရပေမဲ့
    ဖြစ်နိုင်ပါတယ်၊
  • 7:57 - 8:01
    ခုနက ကွမ်တမ်မှုန်တွေရဲ့ အရည်ဆိုင်ရာ
    လက္ခဏာတွေဟာ
  • 8:01 - 8:04
    ငြိပါလျက် အာကာသနဲ့ အချိန်ကိုဖြတ်နိုင်စွမ်း
    ရှိကြပုံဟာ
  • 8:04 - 8:08
    ကျုပ်တို့က အမှုန်တစ်ခုအတွက်
    တစ်ခုခု ပြောင်းလိုက်ပါက
  • 8:08 - 8:10
    အဲဒါက အခြားအမှုန်ကိုပါ
    သက်ရောက်မှုရှိနေလို့
  • 8:10 - 8:13
    တယ်လီရွှေ့မှုတွက် ချန်နယ်ကို
    ဖန်တီးပေးနိုင်ပါတယ်။
  • 8:13 - 8:16
    အဲဒါကို ဓာတ်ခွဲခန်း စမ်းသပ်မှုတွေမှာ
    လုပ်ပြနိုင်ခဲ့ပြီး
  • 8:16 - 8:19
    အဲဒါဟာ အနာဂတ် ကွမ်တမ်အင်တာနက်ရဲ့
    အစိတ်အပိုင်း ဖြစ်လာနိုင်တယ်။
  • 8:19 - 8:23
    ကျုပ်တို့ဆီမှာ အဲဒီလို
    ကွန်ရက်မျိုး မရှိသေးပါဘူး၊
  • 8:23 - 8:25
    ဒါပေမဲ့ ကျွန်မအဖွဲ့ဟာ
    အဲဒီလို အလားအလာတွေကို စမ်းလုပ်နေပါတယ်။
  • 8:26 - 8:29
    ကွမ်တမ်ကွန်ပျူတာ ပေါ်မှ ကွမ်တမ်ကွန်ယက်ကို
    စမ်းသုံးဖို့ ကြိုးစားနေတယ်။
  • 8:30 - 8:34
    ကျုပ်တို့ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့
    ပရိုတိုကော အသစ်တွေ ပြုစု ကျင့်သုံးနေကြရာ
  • 8:34 - 8:40
    ကွန်ရက်ထဲက သုံးစွဲသူ
    အမျိုးမျိုးအကြားမှာ တယ်လီပို့မှုတွေနဲ့
  • 8:40 - 8:42
    ထိရောက်တဲ့ ဒေတာလွှဲပြောင်းမှုတို့
  • 8:42 - 8:44
    လုံခြုံစွာ မဲပေးမှုတို့ကို စမ်းနေကြပါတယ်။
  • 8:44 - 8:47
    ဒီတော့ ကျွန်မလို ကွမ်တမ်ရူပဗေဒ ပညာရှင်
    အတွက် ပျော်စရာတွေအများကြီးပါပဲ။
  • 8:47 - 8:49
    ခင်ဗျားတို့ကိုပါ အထူး အကြံပေးချင်ပါတယ်။
  • 8:49 - 8:51
    (ရယ်သံများ)
  • 8:51 - 8:54
    ကျုပ်တို့ဟာ ကွမ်တမ် အံ့ဖွယ်ကမ္ဘာကြီးထဲမှာ
    စူးစမ်းလေ့လာကြရပါမယ်။
  • 8:54 - 8:57
    ကျုပ်တို့ ရှေ့ဆက်ပြီး ဘယ်အပလီကေးရှင်း
    တွေ တွေ့ကြမှာကို မသိနိုင်ပါ။
  • 8:57 - 9:00
    ကျုပ်တို့က ကျုပ်တို့ရဲ့ ကွမ်တမ် အနာဂတ်ကို
    တည်ဆောက်ရာတွင်
  • 9:00 - 9:03
    ကျုပ်တို့ဟာ သိပ်ကို ဂရုစိုက်ပြီး
    တာဝန်ကို သိရန် လိုပါတယ်။
  • 9:03 - 9:05
    ကျွန်မ ကိုယ်တိုင်အနေနဲ့
  • 9:05 - 9:10
    ကွမ်တမ်ရူပဗေဒကို ကွမ်တမ်ကွန်ပျူတာတွေ
    ထုတ်လုပ်ရေး ကိရိယာလို မမြင်ပါဘူး။
  • 9:10 - 9:15
    ကွမ်တမ်ကွန်ပျူတာတွေဟာဖြင့် အနာဂတ်ရဲ့
    လျှို့ဝှက်ချက်တွေကို ဖေါ်ထုတ်ရန်နဲ့
  • 9:15 - 9:19
    ကျုပ်တို့ မသိကြရသေးတဲ့ အပြင်မှာ ရှိနေတဲ့
    ကမ္ဘာကြီးကို ပိုဖေါ်ထုတ်ရန် နည်းလမ်းပါ။
  • 9:19 - 9:21
    ကျုပ်တို့ လူသားတွေဟာ စကြာဝဌာကို
  • 9:21 - 9:24
    စူးစမ်းရာမှာ ကန်သတ်ချက်တွေ ရှိနေတာတောင်
  • 9:24 - 9:27
    ကျုပ်တို့ရဲ့ စိတ်ကူးနဲ့ ထိုးဖောက်
    ဉာဏ်ကို သုံးပြီး
  • 9:27 - 9:30
    မိုးကုပ်စက်ဝိုင်း ကျော်ပြီး ကြည့်နိုင်
    စွမ်း ရှိကြတာ အံ့အားသင့်စရာကြီးပါ။
  • 9:30 - 9:33
    ဒီနေရာမှာ စကြာဝဌာကလည်း
    ကျုပ်တို့ကို ၎င်းရဲ့ မယုံနိုင်စရာတွေ
  • 9:33 - 9:36
    စိတ်ဝင်စားစရာတွေကို ဖွင့်ပြခြင်းဖြင့်
    ကျုပ်တို့ ဆုချီးမြှင့်ပေးပါတယ်။
  • 9:37 - 9:41
    အနာဂတ်ဟာ လုံးဝကို မရေရာပေမဲ့
  • 9:41 - 9:44
    အဲဒီအချက်က ကျွန်မအတွက်
    စိတ်လှုပ်ရှားစရာကြီးပါ။
  • 9:44 - 9:45
    ကျေးဇူးတင်ပါတယ်။
  • 9:46 - 9:52
    (လက်ခုပ်သံများ)
Title:
ကွမ်တမ် ကွန်ပျူတာကို ၁၀ မိနစ်အတွင်း ရှင်းပြခင်း
Speaker:
Shohini Ghose
Description:

ကွမ်တမ် ကွန်ပျူတာ ဆိုတာ ဒီနေ့ ကျုပ်တို့ သုံးနေကြတဲ့ ကွန်ပျူတာများရဲ့ အားကောင်းလှတဲ့ ဗားရှင်းသစ် ဖြစ်ရုံတင် မကပါဘူး၊ ၎င်းဟာ ဆန်းသစ်ပေါ်ထွန်းလာနေတဲ့ သိပ္ပံပညာသစ်းတွေကို အ​ခြေခံထားတဲ့ လုံးဝအရာသစ် တစ်ခုပါ -- ပြီးတော့ ၄င်းဟာ မရေရာမှုကို နည်းနည်းလေး အခြေခံထားပါသေးတးးယ်။ ကွမ်တမ်ရဲ့ အံ့ဖွယ် ကမ္ဘာကြီးကို TED ဖက်တော်သား Shohini Ghose နဲ့အတူ ဝင်ကြည့်ရင်း အဲဒီ နည်းပညာက ဆေးပညာကို ပုံစံပြောင်းလဲပစ်နိုင်စွမ်း ရှိနေတာကို၊ ဘယ်လိုမှ ရိုက်ချိုးမရနိုင်ဘူးလို့ ထင်ရတဲ့ လျှို့ဝှက်ကုဒ်တွေကို ရိုက်ချိုးဖွင့်နိုင်ပုံနဲ့ အချက်အလက်တွေကို တစ်နေရာမှ တစ်နေရာသို့ တယ်လီပို့တ် လုပ်နိုင်ပုံကို သိရှိလာကြရပါမယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:04

Burmese subtitles

Revisions