ကျွန်တော်တို့ အတော်များများက တစ်နေ့တာကို ကော်ဖီတစ်ခွက်နဲ့ စပြီး ဖြစ်လောက်တာ ဝိုင်တစ်ခွက်(သို့) အခြား အရက်ပါဝင်တဲ့ သောက်စရာတ်မျိုးနဲ့ တစ်နေ့တာကို အဆုံးသတ်ချင်ကြတယ်။ ဒါပေမဲ့ ဖြစ်တတ်တာက ဒီအရာဝတ္ထုနှစ်ခုဟာ ကက်ဖိန်းနဲ့ အရက်ဟာ အိပ်စက်မှုကို အံ့ဖွယ် သက်ရောက်မှုတွေ ရှိနိုင်တာပါ။ [သိပ္ပံနှင့် အိပ်စက်ခြင်း] (စိတ်လက်အေးချမ်းစေတဲ့ ဂီတ) ကက်ဖိန်းနဲ့ စလိုက်ရအောင်။ ကက်ဖိန်းက စိတ်ကို လန်းဆန်းတက်ကြွစေတဲ့ ဆေးလို့ ခေါ်တဲ့ ဆေးဝါး အမျိုးအစားတစ်ခုမှာပါဝင်တယ်။ ကက်ဖိန်းဟာ လူတွေကို ပိုနိုးကြားစေတာကို လူတိုင်း သိတယ်။ ၎င်းက လူတွေကို နိုးကြားစေနိုင်တယ်။ ဒါပေမဲ့ လူတချို့ သတိမပြုမိလောက်တဲ့ ကက်ဖိန်းရဲ့ ပုန်းကွယ်နေတဲ့ နောက်တိုး အချင်းလက္ခဏာ အနည်းဆုံးနှစ်ခု ရှိတယ်။ ပထမက ကက်ဖိန်း လုပ်ဆောင်မှုရဲ့ ကြာချိန်ပါ။ သာမန် လူကြီးတစ်ဦးအတွက် ကက်ဖိန်းမှာ ငါးနာရီကနေ ခြောက်နာရီခန့်ရဲ့ သက်တမ်းဝက်လို့ ခေါ်တာရှိမယ်။ ဆိုလိုတာက ငါးနာရီကနေ ခြောက်နာရီခန့် နောက်မှာ သင့်မှာရှိခဲ့တဲ့ ကက်ဖိန်း ၅၀% ဟာ သင့်စနစ်ထဲမှာ လည်ပတ်နေဆဲဆိုတာပါ။ ကက်ဖိန်းမှာ ၁၀ နာရီကနေ ၁၂ နာရီခန့်ရဲ့ သက်တမ်း တစ်စိတ် ရှိတယ် လို့ လည်းဆိုလိုတယ်။ တစ်နည်းပြောရရင် ညနေ နှစ်နာရီမှာ သင် ကော်ဖီသောက်တယ် ဆိုပါစို့။ ဒီကက်ဖိန်းရဲ့ လေးပုံးတစ်ပုံနီးပါးက ညသန်းခေါင်မှာ သင့်ဦးနှောက်တစ်ဝိုက်မှာ အိုင်နေဆဲ ဖြစ်နိုင်တာပါ။ အကျိုးဆက်အနေနဲ့ လူတစ်ဦးချင်းစီအတွက် အိပ်ပျော်ဖို့(သို့) တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့တောင် ပိုခက်ခဲအောင် လုပ်နိုင်တယ်။ ဒီတော့ ဒါက ကက်ဖိန်းရဲ့ ပထမ လက္ခဏာပါ။ ကက်ဖိန်းရဲ့ ဒုတိယ ပြဿနာက ၎င်းဟာသင့်အိပ်စက်မှု အရည်အသွေးကို ပြောင်းလဲစေနိုင်တာပါ။ အခု တချို့လူတွေ ပြောကြမှာက ကျွန်တော်ဟာ ညစာကို အက်စ်ပရက်ဆိုနဲ့ သုံးဆောင်နိုင်တဲ့ လူတွေထဲက တစ်ယောက်ပါ။ ကောင်းကောင်း အိပ်ပျော်ပြီး ဆက်အိပ်လို့လည်းရတယ်တဲ့။ ဒါပေမဲ့ ဒါက မှန်တယ်ဆိုတာတောင် ကက်ဖိန်းဟာ ကျွန်တော်တို့မှာရှိတဲ့ နှစ်ခြိုက်စွာ မျက်စေ့မလှုပ်ရှားဘဲ အိပ်စက်မှု ပမာဏကို တကယ်တမ်းတွင် လျော့ချပစ်တာပါ။ REM အိပ်စက်မှုရဲ့ အဆင့် သုံးနဲ့ လေးပါ။ ဒါက အားသစ်လောင်းပေးတဲ့ နှစ်ခြိုက်စွာ အိပ်စက်မှုမျိုးပါ။ အကျိုးဆက်အနေနဲ့ နောက်နေ့မနက် သင်နိုးလာတော့ လန်းလန်းဆန်းဆန်း မရှိဘူး။ အိပ်စက်မှုကနေ အားဖြည့်ပေးတယ်လို့ မခံစားရဘူး။ ဒါပေမဲ့ သင်နိုးတာကို မမှတ်မိဘူး၊ အိပ်ပျော်ဖို့ ရုန်းကန်ရတာကို မမှတ်မိတော့ သင် ဆက်စပ်မှု မလုပ်ဘူး။ ဒါပေမဲ့ ကော်ဖီတစ်ခွက်ထက် နိုးစေဖို့ နောက်မနက်မှာ နှစ်ခွက် လှမ်းလိုက်တာကို နောက်တော့ သင် သိရှိနိုင်လောက်တယ်။ ဒါက ကက်ဖိန်းပါ။ အခု အရက်ဆီကို ဆက်သွားရအောင်။ အကြောင်းက အရက်ဟာ အများဆုံး နားလည်မှုလွဲနေတဲ့ အိပ်စက်မှု အကူတစ်ခု ဖြစ်လောက်လို့ပါ။ တကယ်ကတ​ော့ အိပ်စက်မှု အကူတစ်ခုပါပဲ။ ဒါက သင့်အိပ်စက်မှုအတွက် ခက်ခဲစေနိုင်တယ်။ အနည်းဆုံး မတူတဲ့ နည်းလမ်း သုံးခုနဲ့ပါ။ ပထမ အရက်ဟာ စိတ်ငြိမ်ဆေးလို့ ခေါ်တဲ့ မူးယစ်ဆေးဝါး အမျိုးအစားပါ။ ဒါပေမဲ့ စိတ်ငြိမ်ဆေးပေးတာက အိပ်တာ မဟုတ်ဘူး။ လေ့လာမှုတွေက ထောက်ပြကြတဲ့ ဒီအရာနှစ်ခုဟာ လုံးဝကို ခြားနားတာပါတယ်။ အိပ်ဆေးပေးခြင်းက အထူးသဖြင့် အပြင်လွှာထဲက ဦးနှောက် ဆဲလ်တွေရဲ့ တက်ကြွမှုကို ပိတ်ပစ်နေရုံသာရှိတဲ့ အခြေအနေတစ်ခုပါ။ ဒါက သဘာဝ အိပ်စက်မှုမဟုတ်ပါ။ တကယ်ကျတော့ ဥပမာ အိပ်စက်စဉ် မျက်လုံး အမြန် မရွေ့တဲ့ အိပ်စက်မှုအတွင်းမှာ ဦးနှောက်ဟာ သီန်းချီတဲ့ ဆဲလ်တွေရဲ့ ထူးခြားတဲ့ ညှိနှိင်းဆောင်ရွက်မှု ရှိတယ်။ ဒါတွေ အားလုံးက ရုတ်တရက် ပြိုင်တူ နိုးကြွပြီး အားလုံး ငြိမ်ကျသွားတယ်။ ဒီနောက် အားလုံး ပြိုင်တူ နိုးကြွပြီး အားလုံး ငြိမ်ကျသွားတယ်။ နှစ်ခြိုက်စွာ REM အိပ်စက်မှု မဟုတ်တာရဲ့ အားကောင်းတဲ့ ဦးနှောက်လှိုင်းကြီးတွေထုတ်ပေးရင်းပါ။ ဒီတော့ ဒါက အရက်ဟာ ပြဿနာဖြစ်စေနိုင်တဲ့ ပထမ နည်းလမ်းပါ။ စိတ်ငြိမ်ဆေးပေးတာကို နှစ်ခြိုက်တဲ့ အိပ်စက်မှုလို့ အထင်မှားနေကြတယ်။ အရက်နဲ့ဆိုင်တဲ့ ဒုတိယ ပြဿနာက သင့်အိပ်စက်မှုကို အပိုင်းပိုင်းဖြစ်စေနိုင်တာပါ။ အရက်ဟာ အိပ်နေစဉ်အတွင်း အာရုံကြောစနစ်ရဲ့ တိုက်၊ မတိုက်ရင်ပြေးလို့ ခေါ်တာကို အစပျိုး နှိုးဆွေပေးနိုင်တယ်။ ဒါကြောင့် ၎င်းက တစ်ညလုံး မကြာခဏထက် ပိုပြီး သင့်ကို နိုးစေလိမ့်မယ်။ အရက်ဟာ ဦးနှောက်က ထုတ်ပေးတဲ့ နိုးကြွစေတဲ့ ဓာတုပစ္စည်း ပမာဏကိုတောင် တိုးစေနိုင်တယ်။ နောက်တစ်ခါ အိပ်စက်မှုကို တစ်ပိုင်းစီဖြစ်စေတယ်။ အရက်၊ အိပ်စက်မှုနဲ့ ပတ်သက်တဲ့ တတိယ နောက်ဆုံး ပြဿနာက အရက်ဟာ သင့်ရဲ့ အိပ်နေစဉ် မျက်လုံး အမြန် လှုပ်ရှားမှု(သို့) အိပ်မက် အိပ်စက်မှုကိုကို တားဆီးနိုင်တာပါ။ နောက်ဆက်တွဲ ဖြစ်ရပ်တွေကို သိရှိမှာကြောင့် REM အိပ်စက်မှု(သို့) မျက်စီအမြန်လှုပ်မှု၊ အိပ်မက်အိပ်စက်မှုက အကျိုးကျေးဇူး အစုအပုံလိုက် ပေးပါတယ်။ သင့်ရဲ့ ခံစားမှုနဲ့ စိတ်ကျန်းမာရေးနဲ့ ဖန်တီးမှုလို အရာတွေတောင်ပါ။ အခု ဒီမှာ ကျွန်တော်က လူတိုင်းကို နေထိုင်နည်း ပြောဖို့မဟုတ်ပါ။ စောင့်စည်း တင်းကျပ်လွန်းတာ မဖြစ်ချင်ဘူး။ ကျွန်တော်က သိပ္ပံပညာရှင် သက်သက်ပါ၊ ကျွန်တော် ကြိုးစားပြီး လုပ်ချင်တာက အိပ်စက်မှုနဲ့ပတ်သက်တဲ့ ကက်ဖိန်းနဲ့ အရက်ကြားက ဆက်စပ်မှု အကြောင်း သတင်းအချက်အလက် ပေးဖို့ပါ။ ဒီနောက် အိပ်စက်မှု ကျန်းမာရေးကို ဦးစားပေးဖို့ ကြိုးစားတဲ့အခါ သင့်ဘဝကို အကောင်းဆုံး ရှင်သန်ချင်ပုံနဲ့ စပ်လျဉ်းပြီး သိရှိနားလည်တဲ့ ရွေးချယ်မှုကို သင့်အနေနဲ့ ချမှတ်နိုင်အောင်ပါ။