လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ထုတ်လုပ်မှုနဲ့ စွဲလမ်းမှုက
သေချင်လောက်အောင်ခြောက်လှန့်တဲ့
စိတ်အားချုံးကျမှု ဖြစ်ရပ်တစ်ခု
ခံစားရတဲ့အထိ ဆိုးဝါးခဲ့တယ်။
ကျွန်မဟာ အိပ်မပျော်ပဲ စကားပြောနေ၊
ကိုယ်အလေးချိန်တက်၊ ဆံပင်ကျွတ်၊ အလုပ်တွေလေ။
ပြောရရင် နောက်ထပ်စိတ်ကူး
မရနိုင်လောက်တဲ့အထိ
အလွန်အမင်း အလုပ်လုပ်ခဲ့တယ်။
ကျွန်မ ကိုယ်ပိုင်လက္ခဏာဟာ ထုတ်လုပ်မှုရဲ့
စိတ်ကူးနဲ့ ဆက်စပ်နေတာကို ဒါက ညွှန်ပြတယ်။
(ကျွန်ုပ်တို့ အလုပ်လုပ်ကြပုံ)
နေ့အခါမှာ အလုံအလောက် အလုပ်မဖြစ်ထွန်းရင်
အပြစ်ရှိတယ်လို့ ခံစားမိလား။
ပိုတောင် ပြီးဖို့
ကုန်ထုတ် နည်းနာတွေ ဖတ်ရင်း၊
ဘောင်ခတ်မှုအသစ်တွေ၊
အက်ပ်အသစ်တွ စမ်းသပ်ရင်း
နာရီများစွာ ကုန်ဆုံးလား။
ကျွန်မ အားလုံး စမ်းခဲ့တယ်၊
အလုပ် အက်ပ်၊ ပြက္ခဒိန် အက်ပ်၊
အချိန် စီမံရေး အက်ပ်၊
နေ့ကို စီမံဖို့ ရည်ရွယ်တဲ့ အရာတွေပေါ့။
ကျွန်မတို့ဟာ အရေးအကြီ'ဆုံးအရာကို
လွတ်သွားလောက်အောင်
ပိုလုပ်ခြင်းနဲ့ စွဲလမ်းကြတယ်။
ဒီကိရိယာ အတော်များများက
အကူအညီမပေးပါဘူး။
အရာတွေကို ပိုဆိုးအောင် လုပ်နေတာပါ။
ကောင်းပြီ၊ ထုတ်လုပ်မှုအကြောင်း
ခဏလောက် ပြောရအောင်။
သမိုင်းကြောင်းအရ ဒီနေ့
ကျွန်မတို့ သိကြတဲ့ ထုတ်လုပ်မှုဟာ
စက်မှု တော်လှန်ရေးအတွင်းမှာ
အသုံးပြုခဲ့တာပါ။
တစ်သမတ်တည်း ထုတ်ပေးတဲ့ပမာဏကို အခြေခံတဲ့
လုပ်ဆောင်မှုကို တိုင်းတာတဲ့ စနစ်တစ်ခုပါ။
သင့်အဆိုင်းမှာ အလုပ်တက်ပြီး
တပ်ဆင်ရေးလမ်းကြောင်းပေါ်က
စက်ကိရိယာ မည်၍မည်မျှ
ဖန်တီးဖို့ တာဝန်ရှိတာပါ။
အဆုံးမှာတော့ ဘယ်သူက
အလုပ်ကြိုးစားတယ်၊ ဘယ်သူက
မကြိုးစားဘူးဆိုတာ သိဖို့
အတော် လွယ်တယ်။
အသိသုတ စီးပွားရေးတစ်ခုဆီ ရွှေ့သွားတဲ့အခါ
လူတွေမှာ ရုတ်တရက် အများကြီး
ပိုယေဘုယျဆန်တဲ့ လုပ်စရာတွေ ရှိခဲ့တယ်။
ရေးတာ၊ ပြဿနာဖြေရှင်းတာ
(သို့) ဗျူဟာချတာလို အရာတွေပါ။
တိုင်းတာလို့ မလွယ်တဲ့ အလုပ်တွေလေ။
ကုမ္ပဏီတွေဟာ ဘယ်သူ အလုပ်လုပ်တယ်၊
အလုပ်မလုပ် ပြောနည်းကို
အဖြေထုတ်ဖို့ ရုန်းကန်ခဲ့ရတော့
စနစ်ဟောင်းတွေကို တတ်နိုင်သမျှ
အကောင်းဆုံးတွေအဖြစ် ကျင့်သုံးရုံဆိုတော့
နေ့ရဲ့ စက္ကန့်တိုင်းကို
ကုန်ဆုံးပုံကို ရှင်းပြဖို့
လူတိုင်း စိတ်ဖိစီးမှုအောက်မှာရှိစေတဲ့
ကြောက်စရာ အလုပ်တက်/ဆင်း မှတ်တမ်းလို
အရာတွေကို ဦးတည်သွားတယ်။
ပြဿနာ တစ်ခုပဲရှိတယ်။
ဒီစနစ်တွေက ဖန်တီးတဲ့ အလုပ်အတွက်
အဓိပ္ပာယ် သိပ်မရှိတာပါ။
ထုတ်လုပ်မှုကို ခံနိုင်ရည် အားကစား
တစ်ခုလို ထင်နေတုန်းပါ။
ဘလော့ ပို့စ်တွေ များများ တွန်းထုတ် (သို့)
အစည်းအဝေး ပြည့်နေတဲ့
နေ့ကို တွန်းလုပ်ဖို့ ကြိုးစားတယ်။
ဒါပေမဲ့ ဒီတသမတ်တည်း ထုတ်ပေးမှု ပုံစံက
ဖန်တီးတဲ့ အတွေးကို လမ်းပြမပေးဘူး။
ဒီနေ့ခေတ်မှာ ဉာဏ လုပ်သားတွေဟာ
စိန်ခေါ်မှကြီးတစ်ခု ရင်ဆိုင်နေရတယ်။
အမြဲမပြတ် ထုတ်အားကောင်းတာနဲ့
ဖန်တီးတတ်တာကို တူညီတဲ့ အတိုင်းအတာမှာ
မျှော်လင့်ခံနေရတယ်။
ဒါပေမဲ့ ဒါက ဦးနှောက်အတွက် အနားမယူဘဲ
အမြဲမပြတ် စိတ်ကူးသစ်တွေ ထုတ်လုပ်ဖို့က
မဖြစ်နိုင်သလောက်ပါ။
တကယ်တမ်းက ဦးနှောက်အတွက်
ပြန်လည်သက်သာပြီး ကောင်းမွန်စွာ
လုပ်ဆောင်ဖို့ ရပ်နားချိန် လိုအပ်ပါတယ်။
Southern California တက္ကသိုလ်မှ
သုတေသီတစ်စုရဲ့ အဆိုကို တွေးကြည့်ပါ။
စိတ်တွေကို သွားချင်ရာသွားခွင့်ပေးတာဟာ
ကိုယ်ပိုင်လက္ခဏာ ဖွံ့ဖြိုးစေဖို့၊
လူမှုရေး တုံ့လှယ်မှုတွေ
လုပ်ဆောင်ဖို့ ကူပေးတဲ့
မရှိမဖြစ် စိတ်အခြေအနေတစ်ခုဖြစ်ပြီး
အတွင်းပိုင်း ကိုယ်ကျင့်နယ်ပယ်ကိုတောင်
ဩဇာလွှမ်းတဲ့တစ်ခုတဲ့။
ရပ်ဖို့လိုအပ်မှုက ပျားပန်းခပ်မှုအကြောင်း
ယဉ်ကျေးမှု ဇာတ်လမ်းနဲ့ ဆန့်ကျင်သွားတယ်။
တစ်နည်းဆိုရရင် လူ့အဖွဲ့အစည်းတစ်ခုအဖြစ်
ဇာတ်လမ်းတွေက
အောင်မြင်မှုက ဘယ်ပုံ၊ ဒီကို
ရောက်ဖို့ ဘာလိုလဲ
ဆိုတာကို အချင်းချင်းပြောကြတာပါ။
နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့
ယုံကြည်မှုတစ်ခုဖြစ်တဲ့ အမေရိကန်
အိပ်မက်လို ဇာတ်လမ်းတွေပါ။
ဒါက အလုပ်ကြိုးစားရင် အောင်မြင်မယ်လို့
ကျွန်မတို့ကို ပြောပြတယ်။
ဒါပေမဲ့ အခြားတစ်ဖက်ရှိပါတယ်။
သင် မအောင်မြင်ရင်
သင်ဟာ အလုံအလောက်
အလုပ်မကြိုးစားလို့ ဖြစ်ရမယ်။
သင်ဟာ လုပ်သင့်သလောက်
မလုပ်ဘူးလို့ ထင်ရင်
တကယ်ကျတော့ ညဉ့်နက်ခံပြီး
မအိပ်မနေလုပ်သူတွေဖြစ်ကာ
ပိုကောင်းတာကို သိတောင်
ကိုယ့်ကိုယ်ကို အတင်းတွန်းတော့မယ်။
ထုတ်လုပ်မှုကိုယ်တိုင်က ကျွန်မတို့
ကိုယ်ပိုင်တန်ဖိုးထားမှုမှာ
ထုတ်ပိုးထားတော့အလုပ်လုပ်တာ
ရပ်ဖို့ မိမိကိုယ်ကိုယ် ခွင့်ပေးဖို့က
မဖြစ်နိုင်သလောက်ပါ။
သာမန် အမေရိကန် ဝန်ထမ်းဟာ သူတို့ရဲ့
သတ်မှတ် လစာတစ်ဝက်ပဲ အားလပ်ရက်ခွင့်ယူတာပါ။
ထပ်ပြီး သက်သေပြတာက
အနားယူဖို့ ရွေးချယ်ခွင့်
ရှိရင်တောင် မယူကြတာပါ။
နားလည်အောင်ဆိုရရင်
ဒီထုတ်လုပ်မှု(သို့)လုပ်ဆောင်မှု
တိုးတက်အောင် ကြိုးစားတာက
ဆိုးတယ် မထင်ဘူး။
ဖန်တီးတဲ့ အလုပ်ကို တိုင်းတာဖို့
သုံးနေတဲ့ လက်ရှိပုံစံတွေဟာ အဓိပ္ပာယ်
မရှိဘူးလို့ ပြောနေတာပါ။
ဖန်တီးမှုနဲ့ တွဲလုပ်ပြီး
ဒါကို မဆန့်ကျင်တဲ့
စနစ်တွေ လိုအပ်ပါတယ်။
[ဒီတော့ ဘယ်လို ပြင်မလဲ။]
ဒီပြဿနာအတွက် ဆေးမြီးတို မရှိဘူး။
ဒါက စိတ်ပျက်စရာဆိုတာ သိပါတယ်။
ဘယ်သူမှ ကောင်းမွန်တဲ့ ကန့်သတ်မှု
(သို့) အတိုကောက်တစ်ခုကို
ကျွန်မထက်ပိုမနှစ်သက်ဘူး။
ဒါပေမဲ့ အမှန်တရားက လူတိုင်းမှာ
သူတို့ ပြန်ဖော်ထုတ်ဖို့လိုတဲ့
ကိုယ်ပိုင်ဇာတ်လမ်းတွေရှိတယ်။
ဒါက ကျွန်မရဲ့ အလုပ်ဇာတ်လမ်းရဲ့
ရင်းမြစ်ကို ကျွန်မ စဖြေတဲ့
အလုပ်ဝန်းကျင်က ကျွန်မရဲ့ ကိုယ်ပိုင်
ယုံကြည်မှုတွေကို စတင် မတူးဖော်ခင်အထိပါ။
နောက်ဆုံးတော့ အပျက်သဘော
အကျင့်တွေတွေကို လွတ်ပေးလိုက်ပြီး
အပြုသဘော တာရှည်ခံ
အပြောင်းအလဲတွေ ဖန်တီးနိုင်ခြင်းပါ။
ဒါကိုလုပ်ဖို့ တစ်ခုတည်းသောနည်းက
ခက်ခဲတဲ့ မေးခွန်းတစ်ချို့ကို
ကိုယ့်ဘာသာ မေးခြင်းနဲ့ပါ။
အလုပ်ရှုပ်တာက
တန်ဖိုးရှိတယိလို့ ခံစားရစေလား။
အောင်မြင်မှုရဲ့ နမူနာအဖြစ်
ဘယ်သူ့ကို သင်စံပြုထားလဲ။
သင့်ရဲ့ အလုပ် ကျင့်ဝတ် အယူအဆတွေက
ဘယ်ကနေလာလဲ။
သင်ဘယ်သူဆိုတာရဲ့ ဘယ်လောက်က
သင်လုပ်တာနဲ့ ဆက်နွယ်နေလဲ။
သင့်ဖန်တီးမှုမှာ ကိုယ်ပိုင် နရီတွေရှိတယ်။
ကျွန်မတို့ စွမ်းအင်က နေ့စဉ်၊ အပတ်စဉ်၊
ရာသီအလိုက်တောင် အတက်အကျရှိတယ်။
သီတင်းပတ် အဆုံးထက် အစမှာ
အမြဲ ပိုပြီး တက်ကြွနေတာကို
ကျွန်မသိတော့
ဒီအချက်ကို ထည့်တွက်ဖို့
အလုပ်သီတင်းပတ် အစမှာ ပိုလုပ်တယ်။
ဂုဏ်ယူစရာ ညဇီးကွက်အဖြစ် ဖန်တီးတဲ့
အလုပ်အတွက် နေ့လည်တွေ၊ ညနေတွေကို
လွှတ်ပေးလိုက်တယ်။
နွေထက်စာရင် ဇိမ်ရှိတဲ့ ဆောင်းလတွေမှာ
ရေးတာ ပိုပြီးမယ်ဆိုတာ ကျွန်မသိတယ်။
ဒါက လျှို့ဝှက်ချက်ပါ။
ယုံမှားမှုတွေကို ဖျက်ခြင်း၊
အမြင်ဟောင်းတွေကို စိန်ခေါ်ခြင်း
ဇာတ်လမ်းတွေကို ဖော်ထုတ်ခြင်း
ဒါက ကျွန်မတို့ လုပ်နေဖို့လိုတဲ့
တကယ့် အလုပ်ပါ။
ကျွန်မတို့ဟာ စက်တွေ မဟုတ်ဘူး။
ဒီလို လုပ်နေတာ ရပ်ဖို့
အချိန်ရောက်ပြီလို့ ထင်ပါတယ်။