Saida Aden Said- ကြောက်လန့်စရာ ပုံရိပ်
တွေကို ကျွန်မ မြင်ယောင်နေတုန်းပဲ။
လူတွေ လဲကျနေတာကို၊ သေနတ်နဲ့
ပစ်ခတ်နေတာကို၊
ကျွန်မ မြင်ခဲ့ရတယ်။
ကျွန်မ သိပ်ထိတ်လန့်ခဲ့ရတယ်။
တကယ်ပါ၊ ကျွန်မ အလွန်ကို ငိုခဲ့ရတာ။
ကျွန်မ မိဘတွေကို သိတဲ့ လူတစ်ယောက်က
ကျွန်မလက်ကို လာဆွဲပြီး ပြောလိုက်တာက
"သွားမယ်၊ သွားမယ်၊ သွားမယ်" ခေါ်တော့၊
"ကျွန်မ အမေရော၊ ကျွန်မ အမေလေ"
ဆိုပြီး ကျွန်မ မေးလိုက်တယ်။
Noria Dambrine Dusabireme-
ညဘက်ဆို ပစ်ခတ်သံတွေ ကြားရတယ်။
သေနတ်သံတွေ ကြားရတယ်။
ရွေးကောက်ပွဲတွေကို
ကျင်းပဖို့ ရှိနေခဲ့တယ်။
ကျွန်မတို့ဆီက လူငယ်တွေ
လမ်းပေါ်ကို ထွက်ကြတယ်။
ဆန္ဒပြကြတယ်။
ပြီးတော့ လူငယ် အများစု သေကုန်ကြတယ်။
SAS- ကျွန်မတို့ ကားတစ်စီးပေါ် တက်ခဲ့ကြတယ်။
လူတွေ အပြည့်အကျပ်ပဲ။
လူတွေက အသက်ရှင်ဖို့အတွက်
ပြေးလွှားနေခဲ့ကြရတယ်။
ကျွန်မ ဆိုမာလီယာကနေ အဲဒီလို
ထွက်ပြေးလာခဲ့တယ်။
ကျွန်မကို အမေက သတိရလွမ်းနေခဲ့တာ။
ကျွန်မ ဘယ်ကို ထွက်သွားမှန်း
ဘယ်သူကမှ သူမကို မပြောပြခဲ့ကြဘူး။
NDD- ကျွန်မတို့ ကျောင်းမသွားရဘူး၊
ဈေးမသွားရဘူး၊
အိမ်မှာပဲ နေရမယ်ဆိုတော့၊
ကျွန်မအနေနဲ့ ဒီ့ထက်ပိုကောင်းတဲ့အရာကို
ရွေးချယ်နိုင်မယ်ဆိုရင်၊
ပိုကောင်းတဲ့ အနာဂါတ်ကို ရနိုင်မယ်ဆိုတာ
သဘောပေါက်လာခဲ့တယ်
(ဂီတသံ)
Ignazio Matteini-
စစ်ဘေးရှောင်သူတွေဟာ တစ်ကမ္ဘာလုံးမှာ
ပိုပိုများလာနေကြပါတယ်။
အခုဆို ကမ္ဘာတစ်ဝန်းမှာ
သန်း ၆၀ နီးပါး ရှိနေပါပြီ။
ပြီးတော့ ကံအကြောင်းမလှစွာနဲ့ပဲ
မရပ်စဲနိုင်သေးပါဘူး။
Chrystina Russell- ကျွန်မ အထင်
သုတေသနနဲ့ အရှိတရားကို ကြည့်ကြည့်ရင်
ကျွန်မတို့ဟာ ရေရှည်ပြဿနာတစ်ခု
ဆွေးနွေးနေရတာကို
လူ့အသိုင်းအဝန်းထဲမှာ စပြီး သိနားလည်
လာနေကြပါပြီ။
Baylie Damtie Yeshita- ဒီကျောင်းသားတွေဟာ
သူတို့ အသုံးချနိုင်မယ့်
အဆင့်မြင့်ပညာရေး၊ ဘွဲ့တစ်ခုခု
လိုအပ်ကြပါတယ်။
တကယ်လို့ ကျောင်းသားတွေ
ရဝမ်ဒါမှာ အခုနေနေတာဆိုရင်
သူတို့ နေရာရွှေ့ပြောင်းခံရတောင်
ပညာဆက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။
သူတို့ရဲ့ ဘွဲ့ဟာ ဘယ်နေရာ ရောက်ရောက်
အသုံးဝင်နေမှာ ဖြစ်ပါတယ်။
CR- ကျွန်မတို့ရဲ့
ခိုင်မာတဲ့ စီမံကိန်းကတော့
ဒုက္ခသည်တွေနဲ့ အဆင့်မြင့်ပညာရေးကို
ဆက်လက်မသင်နိုင်တဲ့သူတွေ
ဘွဲ့ရအောင်နဲ့ အလုပ်ရဖို့အတွက်
Southern New Hampshire University ရဲ့
Global Education Movement ကို
လက်တွေ့စမ်းသပ်ကြည့်ဖို့ ဖြစ်ပါတယ်။
SAS- ဒုက္ခသည်တစ်ယောက် အနေနဲ့
ပညာဆက်သင်ပြီး အသက်မွေးဖို့ဆိုတာ
လုံးဝနီးပါး မဖြစ်နိုင်ခဲ့တာပါ။
ကျွန်မ နာမည်ကတော့
Saida Aden Said ပါ။
ကျွန်မ ဆိုမာလီယာကပါ။
Kakuma ကို လာခဲ့စဉ်တုန်းက
ကျွန်မ အသက် ၉ နှစ်ပါ။
ကျွန်မ အသက် ၁၇ နှစ်မှာ
ကျောင်းစတက်ခဲ့ပါတယ်။
အခုတော့ ကျွန်မ တက္ကသိုလ်ပထမဘွဲ့အတွက်
SNHU နဲ့အတူ ပြင်ဆင်နေပါတယ်။
NDD- ကျွန်မနာမည်ကတော့
Noria Dambrine Dusabireme ဖြစ်ပါတယ်။
ကျွန်မက စီးပွားရေး လုပ်ငန်းကို အထူး
ပြုပြီး ဆက်သွယ်ရေးဆိုင်ရာ ဝိဇ္ဇာဘွဲ့အတွက်
သင်ကြားနေပါတယ်။
CR- လက်ဘနွန်၊ ကင်ညာ၊ မာလဝီ၊ ရဝမ်ဒါနဲ့
တောင်အာဖရိက ငါးနိုင်ငံမှာရှိတဲ့
ကျောင်းသားတွေအတွက်
ကျွန်မတို့ ဆောင်ရွက်ပေးနေပါတယ်။
ဝိဇ္ဇာကောလိပ်ကြိုကျောင်းထွက် ၈၀၀ ကျော်ကနေ
တက္ကသိုလ်ပထမဘွဲ့ရ ၄၀၀ ကျော်နဲ့
ကျောင်းသားပေါင်း ၁၀၀၀ နီးပါး အခုလေးတင်
စာရင်းသွင်းခဲ့ကြတာ တကယ့်ဂုဏ်ယူစရာပါ။
ဒုက္ခသည်တွေကို သူတို့ရဲ့ လက်ရှိအနေအထားမှာ
သင်ကြားပေးတာက ထူးခြားတဲ့အချက်ပါ။
အတန်းတွေ မရှိဘူး။
သင်ခန်းစာ ပို့ချချက်တွေ မရှိဘူး။
နောက်ဆုံးရက်တွေ မရှိဘူး။
အတန်းတင် စာမေးပွဲတွေ မရှိဘူး။
ဒီဘွဲ့ဟာ အချိန်သတ်မှတ်ချက်နဲ့ မဟုတ်ဘဲ
ကျွမ်းကျင်မှုပေါ်မှာ အခြေခံထားတာပါ။
စီမံကိန်းကို စတင်ချိန်မှာ ကိုယ်က
ရွေးချယ်ရမှာ ဖြစ်ပြီး
အဲဒါကို ဘယ်လို ချဉ်းကပ်မယ်ဆိုတာ
ကိုလည်း ရွေးချယ်ရပါတယ်။
NDD- ဒီပလက်ဖောင်းကို ဖွင့်လိုက်ရင်
ရည်မှန်းချက်များဆိုတာကို တွေ့ရပါမယ်။
ရည်မှန်းချက် တစ်ခုစီရဲ့အောက်မှာ
စီမံကိန်းတွေကို တွေ့ရပါမယ်။
စီမံကိန်းတစ်ခု ဖွင့်ကြည့်မယ်ဆိုရင်
ကိုယ်က လေ့လာရမယ့် ကျွမ်းကျင်မှုတွေ၊
ဦးတည်ချက်တွေနဲ့ စီမံကိန်းရဲ့
သုံးသပ်ချက်အကျဉ်းကို
တွေ့ရှိရမှာ ဖြစ်ပါတယ်။
CR- SNHU ရဲ့ အဓိကအချက်ကတော့
ဖက်စုံမှ ထောက်ပံ့ပေးဖို့ ကျွမ်းကျင်မှု
အခြေပြု အွန်လိုင်းသင်ကြားမှုနဲ့
လူချင်းတွေ့ သင်ကြားမှုတို့ကို
မိတ်ဖက်တွေနဲ့အတူ
ပေါင်းစည်း စီစဉ်ပေးထားမှုပါ။
အဲဒီ့မှာ ပညာရေးဆိုင်ရာ
လေ့ကျင့်ပေးတာတွေ ပါပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးတာတွေ၊
ကျန်းမာရေးဆိုင်ရာ အကူအညီတွေ၊
အဲဒီ့အပြင် ၉၅ ရာခိုင်နှုန်း
ဘွဲ့ရပြီး ၈၅ ရာခိုင်နှုန်း အလုပ်ရစေတဲ့
အလုပ်အကိုင်ရရှိရေး နောက်ပိုင်း
ထောက်ပံ့ပေးမှုတို့ကို
ဆိုလိုတာ ဖြစ်ပါတယ်။
NDD- ကျွန်မက လူမှုမီဒီယာ စီမံခန့်ခွဲသူ
အလုပ်သင် တစ်ဦးဖြစ်ပါတယ်။
ဒီအလုပ်က ကျွန်မသင်ကြားနေတဲ့
ပြန်ကြားဆက်သွယ်ရေးဘွဲ့နဲ့ ဆက်စပ်ပါတယ်။
စီမံကိန်းပြင်ပနဲ့ လက်တွေ့ကမ္ဘာထဲမှာရှိတဲ့
အရာတွေအများကြီးကို ကျွန်မ သင်ခဲ့ရပါတယ်။
CR- အလုပ်သင် အစီအစဉ်က ကျောင်းသားတွေအတွက်
ကျွမ်းကျင်မှုတွေကို လေ့ကျင့်ဖို့နဲ့
ကျွန်မတို့အတွက် ဒီအလုပ်သင်နဲ့ နောက်ပိုင်း
အလုပ်ငန်းခွင်ကြား ချိတ်ဆက်မှုကို
ဖန်တီးဖို့အတွက် အခွင့်အလမ်း တစ်ရပ်
ဖြစ်ပါတယ်။
(ဂီတသံ)
ဒီပုံစံဟာဆိုရင် အချိန်နဲ့
တက္ကသိုလ်မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေကို
ဗဟိုချက်အဖြစ်
ထားရှိမှုကို ရပ်တန့်လိုက်ပြီး
အဲဒီ့အစား ကျောင်းသားတွေကို
ဗဟိုပြုထားတဲ့ ပုံစံပါ။
IM- SNHU ပုံစံဟာ ပင်စည်ကြီး တစ်ခုလုံးကို
လှုပ်ခါပစ်မယ့် နည်းလမ်းကြီးပါ။
ဧရာမ နည်းလမ်းပါ။
ရှိနေတဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ သမရိုးကျ
လမ်းစဉ်ကို ကြီးမားစွာ ပြောင်းလဲပစ်မှာပါ။
BDY- ဒါက အားနည်းတဲ့ ဒုက္ခသည်
အသိုင်းအဝိုင်းထဲက ကျောင်းသားတွေရဲ့ ဘဝကို
ပြောင်းလဲပစ်နိုင်ပါတယ်။
NDD- ကျွန်မ ဘွဲ့ရမယ်ဆိုရင်
ကျွန်မ ပြန်သွားပြီး ကြိုက်တဲ့နေရာမှာ
အလုပ်လုပ်နိုင်မှာပါ။
ကျွန်မ မဟာဘွဲ့ကို အင်္ဂလိပ်ဘာသာနဲ့
ယုံကြည်မှုရှိရှိ ဆက်တက်လို့ရပြီ။
ဒါဟာ အရင်တုန်းက ကျွန်မ အိပ်မက်တောင်
မမက်ဝံ့ခဲ့တဲ့ အရာပါ။
ပြီးတော့ ကျွန်မ လုပ်နိုင်ပါ့မလားဆိုပြီး
ကြောက်နေရတာမျိုး မရှိဘဲ
တကယ့်ကို အပြင်ထွက်ပြီး
လုပ်ငန်းခွင်မှာ လုပ်ပြနိုင်တဲ့
ယုံကြည်ချက်နဲ့ အရည်အသွေးတွေ
ကျွန်မဆီမှာ ရှိနေပါပြီ။
SAS- ကျွန်မက အသိုင်းအဝိုင်းနဲ့
အမြဲ အလုပ်လုပ်ချင်ခဲ့တာပါ။
အကျိုးအမြတ်ရှာတာမျိုး မဟုတ်တာကို
တည်ထောင်ချင်ပါတယ်။
ကျွန်မတို့က အမျိုးသမီးတွေရဲ့ ပညာရေးအတွက်
အကျိုးဆောင်ပေးပါတယ်။
ကျွန်မဟာ သူတို့ရဲ့ သံအမတ်လို
ပုဂ္ဂိုလ်မျိုး ဖြစ်ချင်ပြီး
သူတို့ကို ပညာသင်ကြားဖို့ တိုက်တွန်းရင်း
ပညာသင်ယူဖို့ ဆိုတာ ဘယ်တော့မှ နောက်မကျဘူး
ဆိုတာ သူတို့ကို ရှင်းပြနေသူပါ။
ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။