Return to Video

ဆရာ့အသံ အရေးပါပုံ - Jose Luis Vilson

  • 0:07 - 0:10
    မင်္ဂလာ နံနက်ခင်းပါ။
  • 0:13 - 0:15
    ပထမအနေနဲ့ အားလုံးကို ဂုဏ်ပြုပါရစေ။
  • 0:15 - 0:17
    ကျွန်တော့ကို လက်ခံကြတာကို ကျေးဇူးတင်ပါတယ်။
  • 0:17 - 0:20
    လွန်ခဲ့တဲ့ ၂ နှစ်တုန်းက The Science
    Leadership Academy in Philadelphia က
  • 0:20 - 0:24
    ကွန်ဖရင့်တစ်ခုရဲ့ သဘာပတိအဖွဲ့ဝင်အဖြစ်
    ဂုဏ်ပြု ဖိတ်ကြားခံခဲ့ရတယ်။
  • 0:24 - 0:28
    Derek McCoy ဆိုတဲ့
    လူမည်း ပညာရေး ဝန်ထမ်းအား
  • 0:28 - 0:31
    ရေရှည်ရပ်တည်နိုင်စွမ်း အကြောင်း
    မေးခွန်း မေးကြည့်ခဲ့ကြပြီး
  • 0:31 - 0:35
    သူဆက်ပြီး အလုပ်လုပ်နေရာ တချိန်လုံး
    ရပ်တည်နိုင်အောင် ကူပေးတာက ဘာတွေလဲ။
  • 0:35 - 0:38
    သူဟာ ချက်ချင်းဆိုသလို စပြီးဖြေလိုက်တာက၊
  • 0:38 - 0:43
    "Jose Vilson ရဲ့ ဘလော့ဂ်ကို ဖတ်ခဲ့ဘူးလား။
    ကျွန်ုပ် အခုရပ်တည်နေတာ သူ့ဘလော့ဂ်ကြောင့်။"
  • 0:43 - 0:47
    "ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။" ကျွန်တော်
    ထိတ်လန့်သွားတယ်၊ ဘာလုပ်ရမှန်းမသိခဲ့ဘူး။
  • 0:47 - 0:51
    ကျွန်တော်က သဘာပတိအဖွဲ့ထဲ ထိုင်နေခဲ့တယ်၊
    သူပါ အဲဒီမှာ ထိုင်နေမှန်း မသိခဲ့ဘူး။
  • 0:51 - 0:54
    သူနဲ့ ကျွန်တော် မတွေ့ခဲ့ဖူးပါ။
    အဲဒီကျမှ ပထမဦးစွာ တွေ့ခဲ့ရတာပါ။
  • 0:54 - 0:56
    ကျုပ်တို့ဟာ မိုင်ထောင်ချီ ဝေးရာမှာ
    နေခဲ့ကြတာ၊ အခုတော့ သူက
  • 0:56 - 1:00
    ကျွန်တော်က ကျွန်တော့ ပို့စ်တွေနဲ့
    ဘလော့ဂ်များဖြင့် သူ့ကို အားပေးခဲ့တယ်တဲ့။
  • 1:00 - 1:03
    မှန်ပါတယ်၊ ကျွန်တော်က ဆရာ့ စကားပြောသံ
    အကြောင်းကို ပြောဆိုရာတွင်
  • 1:03 - 1:06
    ကျွန်တော်ဟာ ဆရာဖြစ်ခြင်းက၊ အချိန်ပြည့်
    ဆရာဖြစ်ခြင်းက ဘာကိုဆိုလိုကြောင်း
  • 1:06 - 1:07
    တချိန်လုံး စဉ်းစားနေတာပါ။
  • 1:07 - 1:11
    ကျွန်တော်ဟာ နယူးယောက်ရှိ Washington
    Heights မှာ အချိန်ပြည့် သင်္ချာဆရာဖြစ်ပြီး
  • 1:12 - 1:13
    အဲဒါ့ကို လေးစား ဂုဏ်ယူပါတယ်။
  • 1:14 - 1:17
    ပြီးတော့ အဲဒီအချက်ကြောင့်၊ ကျွန်တော်ဟာ
  • 1:17 - 1:20
    ပြောဆို လုပ်ကိုင်သမျှ သိပ် ချင့်ချိန်ဖို့
    လိုတာကိုလည်း သိနားလည်ပါတယ်။
  • 1:20 - 1:24
    ဘာဖြစ်လို့လဲဆိုတော့ "ကောင်းပြီ၊
    ဆရာတွေ စကားမပြောသင့်ပါဘူး။
  • 1:24 - 1:28
    တို့အားလုံး စကားပြောတတ်တော့ သူတို့ပြောစရာ
    အကြောင်း မရှိဘူး" ဆိုသူတွေ ရှိနေလို့ပါ။
  • 1:28 - 1:32
    "အင်း၊ ဘယ်နှစ်ပြောပါလိမ့်။ ကျုပ်တို့
    လုပ်ကြရမယ့် အလုပ်တစ်ခု ရှိပါတယ်။"
  • 1:32 - 1:34
    ဆရာ့ အသံပါ။
  • 1:34 - 1:38
    စာသင်ခန်းရဲ့ အတွေ့အကြုံနဲ့
    ကျွမ်းကျင်မှုကို အခြေခံထားတဲ့
  • 1:38 - 1:43
    ကျွမ်းကျင်သူတို့ရဲ့ အာဘော်ကို တစ်ဦးချင်း
    (သို့) စုပေါင်းပြီး ထုတ်ဖေါ်ပြောသံပါ။
  • 1:43 - 1:47
    ကျွန်တော်က ဆရာ့အသံလို့ ပြောရာတွင်
    လမ်းညွှန်ချက်မူ ငါးရပ်ရှိပါတယ်၊
  • 1:47 - 1:50
    ဆရာ့အသံကို ပြောဆိုရာတွင်
    ကျွန်တော် အာရုံစိုက်တဲ့
  • 1:50 - 1:51
    အပိုင်းအစ လေးခု ရှိပါတယ်။
  • 1:51 - 1:54
    ပထမတစ်ခုက လူတစ်ဦးချင်းဆိုင်ရာ အပိုင်းပါ။
  • 1:54 - 2:00
    "စစ်မှန်တဲ့ ပြောင်းလဲမှုကို လူတစ်ဦးချင်းမှ
    စတင်ရမယ်"လို့ ပြောရိုးစကား ရှိပါတယ်။
  • 2:00 - 2:03
    ကျုပ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေ၊
    ယဉ်ကျေးမှု၊ ကျုပ်တို့ နေထိုင်ကြပုံ၊
  • 2:03 - 2:06
    ကျုပ်တို့ စာသင်ခန်းထဲက ပို့ချချက်တွေနဲ့
    အစဉ်အလာတွေကို အသိပေးပြောပြရာတွင်၊
  • 2:06 - 2:11
    ကျုပ်တို့က ကလေးတွေနဲ့ ထိတွေ့တုံ့ပြန်ကြတဲ့
    နည်းလမ်းတွေကို တချိန်လုံး ဆင်ခြင်ရင်း
  • 2:11 - 2:14
    လက်တွေ့မှာ အကောင်းဆုံး ဖြစ်နိုင်ဖို့၊
    ဒီအလုပ်နဲ့ ပတ်သက်တဲ့
  • 2:14 - 2:17
    ဆရာရဲ့ တကယ့်ဩဇာရှိတဲ့ အသံမျိုး
    ဖြစ်ဖို့ အားထုတ်သင့်ပါတယ်။
  • 2:17 - 2:20
    ပြီးတော့၊ ကျေးဇူးပြုပြီး စိတ်ထဲ
    စွဲမှတ်ထားရမယ့် အချက်က
  • 2:20 - 2:23
    ကျုပ်တို့ဟာ အတန်းထဲတွင်
    အကောင်းဆုံး ဟောပြောသူ ဖြစ်ဖို့ မလိုပါဘူး၊
  • 2:23 - 2:26
    အကောင်းဆုံး နားထောင်သူဖြစ်ဖို့က
    ပိုအရေးကြီးပါတယ်။
  • 2:26 - 2:30
    ဒုတိယ အပိုင်းက စုပေါင်းဆင်ခြင်မှုပါ၊
  • 2:30 - 2:33
    ကျွန်တော်ဟာ ကိုယ်ပိုင် ကျွမ်းကျင်မှုကိုသာ
    စဉ်းစားလို့ မရနိုင်ပါဘူး၊
  • 2:33 - 2:36
    ကျွန်တော့ နံရံပြင်ပမှ ရှိနေသူ အကြောင်းကို
    ထည့်မစဉ်းစားဘဲနဲ့၊
  • 2:36 - 2:39
    ဘေးချင်းကပ် နေထိုင်သူသာမက၊
    အဝေး တစ်နေရာမှာ၊
  • 2:39 - 2:43
    မြို့ ပြည်နယ်ကို ကျော်ပြီး၊ တစ်နိုင်ငံလုံး
    မှာ နေထိုင်သူတွေ မစဉ်းစားရင် မဖြစ်ဘူးနော်။
  • 2:43 - 2:45
    ခင်ဗျားတို့ပါ အဲဒါကို စဉ်းစားကြည့်ကြပါ။
  • 2:45 - 2:48
    ကိုယ်ဟာ ဆရာကောင်းမှန်း သိနားလည်ရင်၊
    ကိုယ်ဘယ်သူလဲ ဆိုတာကိုပါ သိမှာပါ။
  • 2:48 - 2:50
    ကျုပ်တို့ ပြောတဲ့ ဘာသာစကား မတူတောင်၊
  • 2:50 - 2:51
    ကျုပ်တို့ရဲ့ ဓလေ့ထုံးစံတွေ မတူတောင်၊
  • 2:51 - 2:54
    ကျုပ်တို့ အတွေ့အကြုံတွေ ထိတွေ့တဲ့
    နေရာတွေ ရှိကြလို့
  • 2:54 - 2:58
    ကျုပ်တို့ အချင်းချင်းအတွက်၊ ကျုပ်တို့
    ကိုယ်၌အတွက် ဆရာကောင်း ဖြစ်ခွင့် ရှိပါတယ်။
  • 2:58 - 3:00
    ပညာပို့ချမှုဆိုင်ရာ
    ကျွမ်းကျင်မှုတွေ ရှိပါတယ်၊
  • 3:00 - 3:01
    အဲဒါ ဘာလဲ ကျုပ်တို့ သိကြတယ်။
  • 3:01 - 3:03
    ကျွန်တော်က
    စုပေါင်းစဉ်းစားဖို့ ပြောရာတွင်
  • 3:03 - 3:06
    နိုင်ငံတဝမ်းမှာ ရှိနေကြတဲ့
    လူတိုင်းကို စဉ်းစားနေဖို့ကို သာမက၊
  • 3:06 - 3:08
    တစ်ကမ္ဘာလုံး အဝမ်းမှာ
    နေထိုင်ကြသူတွေကို သာမက၊
  • 3:08 - 3:10
    အဖွဲ့အစည်းတွေ ဌာနတွေ
    တဝမ်းကိုပါ ဆိုလိုတာပါ။
  • 3:10 - 3:12
    ဒီတော့ အကျဉ်းထောင်တွေနဲ့
    ပြတိုက်တွေလည်း ပါဝင်ကြပြီး
  • 3:12 - 3:14
    နေရာတိုင်းမှာ ပညာပို့ချသူတွေ ရှိကြပါတယ်။
  • 3:14 - 3:17
    ကျုပ်တို့ ပညာပို့ချနေကြသူတွေ အားလုံးကို
    စဉ်းစားကြရပါမယ်။
  • 3:17 - 3:19
    အဲဒီနောက်မှာ ကျုပ်တို့ လက်တွဲလာကြရင်၊
  • 3:19 - 3:22
    ကျုပ်တို့ထဲက အတော်ဆုံး အထင်ရှားဆုံး
    ဆရာတွေကို ဂုဏ်ပြုနေကြတာလား၊
  • 3:22 - 3:26
    ပြည်နယ်တွေ အများအပြားမှာ
    လက်တွဲ ဆန္ဒပြနေကြတာလား၊
  • 3:26 - 3:31
    ကျုပ်တို့ရဲ့ အသံတွေ လက်တွဲပေါင်းမိကြပြီ
    ဆိုရင်၊ အကျယ်ပြန့်ဆုံး ဖြစ်ရပါမယ်။
  • 3:31 - 3:33
    တတိယ အပိုင်းက အတွေ့အကြုံပါ။
  • 3:33 - 3:37
    အတွေ့အကြုံကို ပြောရာတွင် ကျုပ်တို့ ပြောပြ
    ကြတာလည်း အရေးကြီးတာကို ဆိုလိုပါတယ်။
  • 3:37 - 3:40
    သုတေသန၊ မူဝါဒ၊ လေ့ကျင့်မှု
    ကိစ္စတွေကို စဉ်းစားကြရာတွင်
  • 3:40 - 3:44
    ဆရာတစ်ဦးဦး အဲဒီမှာ ရှိရင်
    သိပ်ကောင်းမယ်လို့ ယုံကြည်ပါတယ်။
  • 3:44 - 3:48
    ခင်ဗျားတို့ ကျုပ်တို့ကို ပထုတ်မရနိုင်ဘူး၊
    ကျုပ်တို့ကို ထည့်သွင်းဖို့ လိုပါတယ်။
  • 3:48 - 3:52
    ပြီးတော့ ကျုပ်တို့ကို ထည့်မသွင်းဘူးဆိုရင်၊
    ကျုပ်တို့ ပြန်တိုက်ယူကြရပါမယ်။
  • 3:52 - 3:54
    ခင်ဗျားတို့ ရှေ့မှာ ရပ်နေတဲ့ ကျွန်တော်ဟာ
  • 3:54 - 3:58
    လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဆရာ့စွမ်းရည်
    ဖွံ့ဖြိုးမှု အဆင့်အတန်း သတ်မှတ်ခံခဲ့ရတယ်။
  • 3:58 - 4:01
    ကျွန်တော့ ပို့ချပုံဟာ
    "ထိရောက်မှုရှခဲ့ပါတယ်"တဲ့၊
  • 4:01 - 4:03
    ဒါပေမဲ့ ရလဒ် ဒေတာကျတော့
    "ထိရောက်မှုမရှိ" လို့ ဆိုပါတယ်။
  • 4:03 - 4:06
    မသိရတဲ့ ကြားတစ်နေရာမှာ
    "ဖွံ့ဖြိုးတိုးတက်နေတဲ့" ပုံမျိုးပါ။
  • 4:06 - 4:07
    ဖြစ်ချင်တော့၊ အံ့ဩစရာက၊
  • 4:07 - 4:11
    ကျွန်တော့ ကျောင်းသားတွေရဲ့ ဒေတာ ငါးပုံ
    လေးပုံဟာ ထူးဆန်းစွာပျောက်သွားခဲ့ကြတယ်၊
  • 4:11 - 4:14
    ဘယ်ကနေပြီး ဘယ်လိုဖြစ်သွားမှန်း
    ကျွန်တော် စဉ်းစားလို့ကို မရခဲ့ပါဘူး။
  • 4:14 - 4:15
    ဒါတောင်မှ၊
  • 4:15 - 4:19
    ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်က ဒီလောက်ကြီး
    အားထုတ် ကြိုးပမ်းခဲ့တဲ့ နောက်မှာ၊
  • 4:19 - 4:22
    ထွက်လာတဲ့ ရလဒ်က ကျုပ်တို့ လက်ရှိ
    အနေအထားကို၊ ကျုပ်တို့
  • 4:22 - 4:25
    အတန်းထဲမှာ ကြိုးစားခဲ့ကြတာတွေကို
    ထင်ဟပ်မပေးတော့ စိတ်နာစရာကြီးပါ။
  • 4:25 - 4:28
    ဒီလုနေရာမျိုးမှာ ကျွမ်းကျင်မှု
    အကြောင်းကို ပြောဖို့ လိုပါတယ်။
  • 4:28 - 4:31
    ကျွန်တော်တို့က ကျွန်တော်တို့ ကျောင်းသားတွေ
    အကြောင်း သိကြတာ ရှိပါတယ်။
  • 4:31 - 4:34
    ကျုပ်တို့က နေ့စဉ်နဲ့အမျှ ကျောင်းသားတွေ
    အကြောင်း စဉ်းစားရတာတွေ ရှိပါတယ်။
  • 4:34 - 4:38
    ကျုပ်တို့ သင်ခန်းစာကို ရေးသားပြုစုပုံနဲ့
    တခြားလုပ်ရမှာတွေကို သိကြပါတယ်။
  • 4:38 - 4:42
    ကျုပ်တို့ စာသင်ခန်းထဲမှာ အသိုင်းအဝိုင်း
    ဖန်တီးပေးပုံကိုလည်း ကျုပ်တို့ သိကြတယ်။
  • 4:42 - 4:45
    ကလေးတွေ မေးခွန်း မေးရင်း ကျုပ်တို့ကို
    သင်ပေးဖို့ ဘယ်လိုစေ့ဆော်ရမှာ သိကြတယ်။
  • 4:45 - 4:48
    အဲဒါက နားထောင်တတ်မှုရဲ့ အရေးကြီးတဲ့
    အပိုင်းတစ်ခု ဖြစ်လို့ပါ။
  • 4:48 - 4:52
    ကျုပ်တို့ သိကြတယ်၊ သိကြတယ်၊ ပြီးတော့
    အဲဒါကို ပြောရဲကြပါတယ်။
  • 4:52 - 4:54
    ဒါဟာ ဒီအလုပ်တစ်ခုလုံးထဲက
    အရေးကြီးတဲ့ အစိတ်အပိုင်းပါ။
  • 4:54 - 4:57
    ကျွန်တော်က ဘာအကြောင်းကိုပဲ ပြောပြော၊
    တစ်ခုခု ပြောဆိုပြီ ဆိုရင်၊
  • 4:57 - 5:00
    အစဉ်ပဲ ကျွန်တော့ ကျောင်းသားလေးတွေကို
    ပြန်စဉ်းစားရပါတယ်။
  • 5:00 - 5:04
    ကျွန်တော်ဟာ ကျွန်တော့ စာသင်ခန်းထဲက
    ကလေးတွေကို အမြဲပဲ ထည့်စဉ်းစားတတ်ပါတယ်။
  • 5:04 - 5:07
    ရွှေ့ပြောင်းလာသူတွေရဲ့ ကလေးတွေ၊
    အလုပ်သမားတွေရဲ့ ကလေးတွေ၊
  • 5:07 - 5:11
    တစ်နှစ်မကကြာအောင်၊ နေ့စဉ်လိုလို မိမိ
    ကလေးကို လာအပ်ပေးခဲ့ကြတဲ့ မိဘတွေဟာ
  • 5:11 - 5:14
    သူတို့ရဲ့ကလေးကို ပညာတွေ
    ကောင်းမွန်စွာ ပို့ချပေးမှာကို
  • 5:14 - 5:18
    လောကကြီးမှာ နေထိုင်ဖို့ ကောင်းမွန်စွာပြင်
    ဆင်ပေးစေလိုကြပါတယ်။ လူသားတွေ ဖြစ်လာဖို့လေ။
  • 5:18 - 5:19
    အခုဒီမှာ ခင်ဗျားတို့ မြင်ကြရတဲ့ ပုံက
  • 5:19 - 5:23
    ကျွန်တော့ ကျောင်းသားတွေ Theodore Roosevelt
    ရုပ်တုနဲ့ ရိုက်ထားတဲ့ပုံပါ၊
  • 5:23 - 5:26
    American Museum of Natural History
    သွားခဲ့စဉ်တုန်းကပါ။
  • 5:26 - 5:28
    တကယ်တော့ ကျွန်တော်ဟာ
    အဲဒီပုံကို မရိုက်ချင်ခဲ့ဘူး။
  • 5:28 - 5:31
    ဒါပေမဲ့ အဲဒီအကြောင်းကို
    စဉ်းစားကြည့်လိုက်တော့၊
  • 5:31 - 5:35
    ဘာတွေ့လဲဆိုတော့။ သမ္မတကြီး Teddy ဟာ
    ဒီနိုင်ငံထဲမှာ သဟဇာတဖြစ်အောင် မနေချင်ကြတဲ့
  • 5:35 - 5:39
    လူတွေ၊ ရွှေ့ပြောင်းလာခဲ့သူတို့နဲ့ ဘေးချင်း
    ကပ် ထိုင်နေရတာကို စိတ်ကူး ကြည့်လိုက်ကြပါ။
  • 5:39 - 5:43
    ကျောင်းသားတွေကို ယုံကြည်တဲ့
    ဆရာတစ်ယောက်ကို စိတ်ကူးကြည့်ကြပါ။
  • 5:43 - 5:46
    ကျောင်းသားတွေကို ယုံကြည်တဲ့ ဆရာ
    အကြောင်းကို ကျွန်တော် ပြောနေတာက၊
  • 5:46 - 5:49
    ကျုပ်တို့ ဒီမိုကရေစီရဲ့ အဓိကအချက်ပါ၊
  • 5:49 - 5:51
    ကျွန်တော် ပြောနေတဲ့ပုံက အဲဒီအကြောင်းပါ။
  • 5:51 - 5:53
    ဒီလို စိတ်အားထက်သန်နေကြတဲ့
    ဆရာတွေ အကြောင်း စဉ်းစားမိတယ်၊
  • 5:53 - 5:57
    ကျုပ်တို့ ကျောင်းသားတွေ သူတို့ စာသင်ခန်း
    တွေမှာ၊ သူတို့ ရပ်ကွက်ထဲမှာ နေ့စဉ်နဲ့အမျှ
  • 5:57 - 6:00
    လူမှုရေး တရားမျှတမှုကို
    ခံစားရအောင် ကြိုးစားရင်း၊
  • 6:00 - 6:03
    ဘုရားရှိခိုးကျောင်းကို အတူတူ သွားခဲ့ကာ၊
    မိဘဆရာတွေ့ဆုံပွဲမှာ အတူတူ ဆွေးနွေးခဲ့လို့
  • 6:03 - 6:07
    အလုပ်မဖြစ်ကြတဲ့ များပြားလှတဲ့ မူဝါဒတွေရဲ့
    တိုက်ရိုက် သက်ရောက်မှု ဘယ်လိုမှန်း သိလို့
  • 6:07 - 6:11
    မိမိတို့ရဲ့ အချိန်တွေကို၊ ဘဝကို အနစ်နာ
    ခံပြီး အားထုတ်ကြိုးစားနေကြတဲ့ ဆရာတွေပါ။
  • 6:11 - 6:15
    ကျွန်တော် သူတို့အတွက် အားထုတ်ကြိုးပမ်းနေတာ
    နောက်ကနေပြီး သူတို့ရဲ့ အားပေးမှုကြောင့်ပါ။
  • 6:15 - 6:17
    သူတို့ဟာ အကောင်းဆုံး
    ပညာရေးဝန်ထမ်းတွေပါ။
  • 6:17 - 6:21
    သူတို့အကြောင်းကို ပြောရာတွင်၊ ကျုပ်တို့
    အိမ်ထဲက အကောင်းဆုံး ပညာပို့ချပေးသူမှာ
  • 6:21 - 6:23
    ကျွန်တော် သိတဲ့ ပရိသတ် အကြားမှာသာမက၊
  • 6:23 - 6:28
    ကျုပ်တို့ သားလေး Alejandro ရဲ့
    မိခင်ဖြစ်လည်း ဖြစ်နိုင်ပါတယ်။
  • 6:31 - 6:33
    ကျွန်တော်က Luz အကြောင်း၊ Alejandro
    အကြောင်း စဉ်းစားတဲ့အခါ၊
  • 6:33 - 6:37
    သူတို့က နေ့စဉ် သင်ခန်းစာ ပေးနေသူတွေပါ။
    တချိန်လုံး သင်ခန်းစာပေးနေကြတာ သူတို့ပါ။
  • 6:38 - 6:40
    ပြီးတော့ ကျွန်တော် အမြဲတမ်း
    စဉ်းစားမိသေးတာက "အိုး၊ ဘုရားသခင်၊
  • 6:40 - 6:44
    သူတို့က ဒီလောက်တော်တဲ့ ဆရာတွေဆိုတော့၊
    ကျွန်တော် ဘယ်လိုလုပ် ပိုတော်နိုင်ပါ့မလဲ၊
  • 6:44 - 6:48
    ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အဲဒီလို အားထုတ်
    နေရဆဲပါ။ ကျွန်တော့အသံက တုန်နေရင်
  • 6:48 - 6:50
    သူတို့က ကျွန်တော့ခြေမြဲဖို့ ကူပေးကြသူပါ။
  • 6:50 - 6:52
    ကျွန်တော်ဟာ ဆယ့်သုံးနှစ်-ဆယ့်လေးနှစ်အတွင်း
  • 6:52 - 6:54
    ပညာသင်ကြား ပေးနိုင်ခွင့်ကို ရရှိခဲ့တဲ့
  • 6:54 - 6:56
    ကျောင်းသား ထောင်ချီတို့ရဲ့
    အကြောင်းကို တွေးမိပါတယ်။
  • 6:56 - 7:00
    ကိုယ်လုပ်ပေးနေတဲ့ အလုပ်ဟာ ဘဝသက်တမ်း
    များစွာအထိ ကျယ်ပြောသလို ခံစားရပါတယ်။
  • 7:00 - 7:02
    ပြီးတော့ အဲဒီလို
    ကျောင်းသားတွေနဲ့ တွေ့မိတိုင်း
  • 7:02 - 7:05
    ‘‘အံမလဲ၊ ငါမင်းကို သင်ပေးခဲ့တာနော်’’လို့
    တွေးမိပါတယ်။
  • 7:05 - 7:08
    ကျွန်တော့ ကျောင်းသားလေးတွေ အများအပြား
    တို့ဟာ နေရာမျိုးစုံမှာ ရှိနေကြပါပြီ။
  • 7:08 - 7:12
    ကျွန်တော်က စိတ်ထဲ ပျော်မိတဲ့ နေရာကို
    သူတို့ ရောက်မသွားကြဘူး ဆိုရင်ကော။
  • 7:12 - 7:15
    ကျွန်တော့ စာသင်ခန်းထဲ ရှိနေစဉ် သူတို့
    ကိုယ့်ကိုယ်ကိုယ် လူသားရယ်လို့ ခံစားရဖို့
  • 7:15 - 7:18
    ကျွန်တော် လုပ်ပေးနိုင်တာ အားလုံး
    လုပ်ပေးခဲ့တာကို ကျွန်တော် သိပါတယ်။
  • 7:18 - 7:20
    ဒီအလုပ်က အဲဒါမျိုးပါ။
  • 7:20 - 7:23
    အဲဒါက ကျွန်တော်ကို အားတက်မိစေပါတယ်။
  • 7:23 - 7:25
    ကျွန်တော်က ကျွန်တော့စားပွဲခုံဆီကို
    သွားတဲ့အခါမှာ၊
  • 7:25 - 7:29
    မနက်နှိုးချိန်မှာ၊ ရှုံးမလား၊ နိုင်မလား
    ထပ်ခါထပ်ခါ စဉ်းစားမိတတ်ပါတယ်၊
  • 7:29 - 7:33
    တချိန်တည်းမှာ၊ ကလေးတွေ စိတ်ဝင်စားကြမယ့်
    သင်ခန်းစာကို စီစဉ်ထားတာကို သိထားတယ်၊
  • 7:33 - 7:35
    အဲဒါကို ယူလာရင်း သူတို့ကို
    မင်္ဂလာပါ ဆိုပြီး နှုတ်ဆက်ပါတယ်။
  • 7:35 - 7:37
    မိဘတွေ ဝင်လာကြတဲ့ အခါမျိုးမှာ၊ ကျွန်တော်က
  • 7:37 - 7:39
    "A su orden" ပေါ့လေ။
  • 7:39 - 7:44
    ကျွန်တော် ဝန်ဆောင်ပေးဖို့ အသင့်ပါ၊ ခင်ဗျား
    တို့ ကလေးတွေကို သင်ပေးဖို့ ရှိနေတယ်ပေါ့။
  • 7:44 - 7:46
    အဲဒီလို ကြိုဆိုမှုက ဘယ်လိုနေလဲ။
  • 7:46 - 7:48
    အဲဒါတွေက ညအချိန်အထိ ကျွန်တော့ကို
    မားမားမတ်မတ် ရပ်စေတာပါ။
  • 7:48 - 7:51
    ပြီးတော့ နံနက်တိုင်း အိပ်ရာမှ
    ထနိုးစေတာကလည်း အဲဒီအရာတွေပါပဲ။
  • 7:51 - 7:53
    အလုပ်ကို မြတ်နိုးမှုပါ။
  • 7:53 - 7:55
    ကျွန်တော်တို့က အားထုတ်ကြိုးပမ်းကြတာက
    အဲဒီလိုရှိပါတယ်။
  • 7:55 - 7:59
    ဒီတော့ ဆရာ့အသံလို ကျွန်တော် ပြောနေတာက
    အကျယ်ဆုံး ဖြစ်ဖို့ လိုရုံတင်မကပါဘူး။
  • 7:59 - 8:02
    ကျုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေကို
    အသုံးချပြီး ကျုပ်တို့ လုပ်ကိုင်နေကြတာနဲ့
  • 8:02 - 8:04
    ကျုပ်တို့ အလုပ်နဲ့ ညီညွတ်ဖို့
    ကြိုးပမ်းကြတယ်။
  • 8:04 - 8:06
    သင်ရိုးညွှန်းတမ်း၊ လက်တွေ့ လုပ်ငန်းတွေနဲ့
  • 8:06 - 8:09
    ပညာပို့ချနည်းများထဲမှာ
    ကလေးတွေကို ထင်ဟပ်ပေးလိုကြတယ်၊
  • 8:09 - 8:12
    သူတို့အနေနဲ့ နေရာတစ်ခုခုနဲ့ ပါဝင်ပတ်သက်
    နေတာမျိုး ခံစားစေလိုပါတယ်။
  • 8:12 - 8:15
    ကိုယ့်ဆီမှာ နေအိမ်ရှိတယ်လို့
    ခံစားရတာမျိုးပေါ့လေ။
  • 8:15 - 8:17
    ကိုယ်ရဲ့ တကယ့်အိမ်လိုတော့ မဟုတ်ဘူး။
  • 8:17 - 8:20
    ကျွန်တော်တို့ရဲ့ ကလေး တော်တော်
    များများဆီမှာ အိမ်ရှိချင်မှရှိမှာပါ။
  • 8:20 - 8:25
    အဲဒီလို ခံစားရစိတ် လက်တွေ့ ဖန်တီပေးတာ၊
    အဲဒီလို လုပ်နိုင်စွမ်းက ဘယ်လိုများပါလိမ့်။
  • 8:25 - 8:29
    အဲဒါကို ကျွန်တော် မသိပေမဲ့၊
    ကျွန်တော် သိတာကိုတော့ ကျွန်တော် သိတယ်။
  • 8:29 - 8:35
    ဒီထက်ပိုပြီး ပြောရရင်၊ ကျွန်တော်ဟာ ဒါကို
    ထပ်ပြီးရင် ထပ်လုပ်ဖို့ အသင့် ရှိသူပါ။
  • 8:35 - 8:40
    ကျွန်တော် ဒါကို သိပ်ကို စိတ်မာန်ပါလို့
    ဆက်ပြီး လုပ်သွားနေဦးမှာပါ။
  • 8:40 - 8:43
    ခင်ဗျားတို့ကော အဲဒီထဲ လက်တွဲပါဝင်ကြမလား။
Title:
ဆရာ့အသံ အရေးပါပုံ - Jose Luis Vilson
Description:

Jose Luis Vilson ဟာ Bronx မှာ အချိန်ပြည့် သင်္ချာဆရာပါ။ ပြီးတော့ သူဟာ ပညာရေးထဲတွင် အသားအရောင်နဲ့ လူမှုရေး တရားမျှတဖို့ ရည်စူးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ EduColor ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးလည်း ဖြစ်ပါသေးတယ်။ အဲဒါကြောင့်မို့လို့ Jose က တစ်ဦးချင်း အနေနဲ့ပဲ ဖြစ်ဖြစ်၊ စုပေါင်းလျက် ဖြစ်ဖြစ် ပညာရေးကို အကျိုးပြုမယ့် ဆွေးနွေးပွဲ စားပွဲမှာ ပါဝင်ခွင့်ဟာ ဆရာတို့အတွက် သေရေးရှင်ရေး အရေးပါတာကို သိနားလည်သူပါ။ အခု ဟောပြောခန်းထဲမှာ Jose ဟာ ဆရာ့အသံ ဆိုတာက ဘာလဲ နဲ့ ဆရာ့အသံကို ဘယ်လို ခုခံကာကွယ်ပေးသင့်ကြောင်းကို ဆွေးနွေးတင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
08:51

Burmese subtitles

Revisions