WEBVTT 00:00:00.823 --> 00:00:04.231 ကျွန်မဟာ ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းလာခဲ့သူပါ၊ 00:00:04.255 --> 00:00:07.246 အခု US မှာ နေထိုင်နေတာ ခြောက်နှစ်ရှိပြီ။ 00:00:07.534 --> 00:00:10.782 ရှင်တို့က နိုင်ငံခြားမှာ နေထိုင်ရတဲ့ ကျွန်မဘဝ အကြောင်းကို မေးရင်၊ 00:00:10.806 --> 00:00:12.658 ကျွန်မ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ 00:00:12.682 --> 00:00:14.212 ဒါပေမဲ့ ဘဝဟာ မလွယ်ကူခဲ့ပါဘူး။ 00:00:14.366 --> 00:00:18.314 ကျွန်မ ကြီးပြင်းလာချိန်မှာ အမိနိုင်ငံကို စွန့်ခဲ့ရမှာကို ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ 00:00:18.338 --> 00:00:22.710 ကျွန်မဟာ ကျွန်မရဲ့ ပထမဦးဆုံး ကျောင်းသား ဆန္ဒပြပွဲထဲ ၂၀၀၇ ခုနှစ်မှာ ပါဝင်ခဲ့တယ်၊ 00:00:22.734 --> 00:00:26.652 သမ္မတက အရေးအကြီးဆုံး သတင်းကွန်ယက် တစ်ခုကို ပိတ်ခဲ့လို့ပါ။ 00:00:27.105 --> 00:00:29.959 ကျွန်မဟာ ဆက်သွယ်ရေးဆိုင်ရာ ဝိဇ္ဇာဘွဲ့ကို ရယူချိန်မှာ 00:00:29.983 --> 00:00:34.938 ကျွန်မဆီမှာ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတာ ပထမအကြိမ် နားလည်မိတယ်။ 00:00:35.279 --> 00:00:39.445 အခြေအနေတွေ ဆိုးလာတာကို ကျွန်မတို့ မြင်ခဲ့ ကြရပေမဲ့ ရှေ့ဆက်ဖြစ်လာမှာကို မြင်မရခဲ့ပါ- 00:00:39.469 --> 00:00:42.772 စီးပွားရေးအကျပ်အတည်း၊ အခြေခံအဆောက်အအုံတွေ ပြိုကွဲမှု၊ 00:00:42.796 --> 00:00:45.254 မြို့ကြီးများအလိုက် လျှပ်စစ်ပြတ်တောက်ခံရမှုတွေ၊ 00:00:45.278 --> 00:00:49.307 ပြည်သူ့ကျန်းမာရေး စနစ် ကျဆင်းလာပြီး ဆေးဝါးတွေ ရှားပါးလာမှု၊ 00:00:49.331 --> 00:00:51.852 ရောဂါတွေ ပျံ့နှံ့လာခြင်းနှင့် ငတ်မွတ်ခေါင်းပါးမှု။ 00:00:52.226 --> 00:00:55.679 ကျွန်မဟာ ကျွန်မယောက်ျားနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ကနေဒါကို ပြောင်းခဲ့တယ်။ 00:00:55.679 --> 00:00:59.505 အကျပ်အတည်း အခြေအနေ ပိုကောင်းလာရင် ကိုယ့် နိုင်ငံကို ပြန်မယ်လို့ အမြဲ ထင်ခဲ့ကြတယ်။ 00:00:59.505 --> 00:01:01.419 ဒါပေမဲ့ ကျွန်မ ဘယ်တော့မှ မပြန်ဖြစ်ခဲ့ပါ။ 00:01:01.419 --> 00:01:04.891 ကျွန်မ ငယ်စဉ်က သူငယ်ချင်းအားလုံးနီးပါး တိုင်းပြည်ကို စွန့်ထွက်သွားကြပါပြီ။ 00:01:04.891 --> 00:01:07.133 ဒါပေမဲ့ ကျွန်မ မိဘတွေ အဲဒီမှာ ရှိနေကြတုန်းပါပဲ။ 00:01:07.133 --> 00:01:09.213 အမေ့ဆီကို ဖုန်းဆက်ခေါ်တဲ့ အခါတွေ ရှိပါတယ်၊ 00:01:09.237 --> 00:01:13.497 လမ်းပေါ်မှာ မျက်ရည်ယိုဗုံးတွေ ပေါက်ကွဲလို့ လူတွေ အော်ဟစ်နေကြတဲ့ အသံတွေကို 00:01:13.521 --> 00:01:16.517 ကျွန်တော် ကြားမိခဲ့ပါတယ်။ 00:01:16.541 --> 00:01:20.769 ကျွန်မ အမေကတော့၊ ကျွန်မက အဲဒါတွေကို ကြားမိမယ် မထင်လို့၊ 00:01:20.793 --> 00:01:23.135 (စပိန်လို ပြောသံ) 00:01:23.135 --> 00:01:24.925 “ဒို့ဒီမှာ အဆင်ပြေတယ်၊ စိတ်မပူပါနဲ့။” 00:01:24.925 --> 00:01:26.921 ဘယ်နှယ်ပြောပါလိမ့်၊ ကျွန်မ စိုးမိတာပေါ့။ 00:01:26.945 --> 00:01:30.029 အဲဒါ ကျွန်မမိခင်ပဲ၊ ကျွန်မက မိုင် ၄၀၀၀ ဝေးတဲ့ နေရာမှာ။ 00:01:30.712 --> 00:01:34.773 ဒီနေ့တွင် ကျွန်မဟာ နိုင်ငံ့ကို စွန့်ထွက်သွားကြတဲ့ ဗင်နီဇွဲလား 00:01:34.797 --> 00:01:36.473 နိုင်ငံသား လေးသန်းထဲက တစ်ဦးမျှပါ။ 00:01:36.664 --> 00:01:39.673 ကျွန်မရဲ့ မိတ်ဆွေ အများအပြားက ဗင်နီဇွဲလားမှ ကူးလာခဲ့သူတွေပါ၊ 00:01:39.673 --> 00:01:41.754 လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ၊ 00:01:41.778 --> 00:01:45.432 ကျွန်မတို့ ဒီလိုဝေးတဲ့ နေရာမှာ နေထိုင် ကြပေမဲ့ ဘယ်လိုများ တစ်ခုခုထူးလာအောင် 00:01:45.432 --> 00:01:47.157 လုပ်ပေးနိုင်ကြမလဲ ဆွေးနွေးကြပါတယ်။ 00:01:47.181 --> 00:01:51.522 အဲဒီလိုနည်းဖြင့် Code for Venezuela ဆိုတာ ၂၀၁၉ ခုနှစ်မှာ ပေါ်လာခဲ့ရတာပါ။ 00:01:51.522 --> 00:01:55.404 ကျွန်မတို့ဟာ နည်းပညာပိုင်း ကျွမ်းကျင်လို့ ခေါင်းချင်းဆိုင် ဆွေးနွေးမှု စခဲ့ကြပြီး 00:01:55.404 --> 00:01:58.892 ကျုပ်တို့ နည်းပညာတွေကို သုံးပြီး ကျုပ်တို့ နိုင်ငံထဲမှာ နေထိုင်သူတွေ အတွက် 00:01:58.892 --> 00:02:00.958 ဖြေရှင်းနည်းတွေကို ရှာကြံကြရန်ပါ။ 00:02:00.982 --> 00:02:04.519 ဒါပေမဲ့ အစပိုင်းတွင် ကျွန်မတို့ကို လမ်းညွှန် ပေးနိုင်ကြမယ့် ဗင်နီဇွဲလားမှာ 00:02:04.519 --> 00:02:06.275 ကျွမ်းကျင်သူတွေကို လိုအပ်ခဲ့ကြပါတယ်။ 00:02:06.275 --> 00:02:09.584 ကျွန်မတို့ဟာ ရည်မှန်းချက်ကောင်းပြီး မယုံနိုင်ဖွယ်ရာ နည်းပညာ အဖြေတွေ 00:02:09.584 --> 00:02:13.517 နားထောင်ကြည့်ရင် အရမ်းကောင်းတယ်လို့ ထင်ခဲ့ရတာကို များစွာမှ ကြားသိခဲ့ကြရပေမဲ့ 00:02:13.541 --> 00:02:17.359 သီအိုရီအရ ကြီးကျယ်ပေမဲ့ လက်တွေ့မှာ 00:02:17.383 --> 00:02:20.948 အဲဒီဖြေရှင်းနည်းတွေရဲ့ ရည်ရွယ်ရင်း နိုင်ငံမှာ လက်တွေ့ အလုပ်မဖြစ်ခဲ့ကြပါဘူး။ 00:02:20.948 --> 00:02:24.122 ကျွန်မတို့ အများစုဟာ နိုင်ငံခြားမှာ နေကြတာ နှစ်ပေါင်း မနည်းတော့ဘူး၊ 00:02:24.122 --> 00:02:26.773 ဗင်နီဇွဲလားနိုင်ငံမှာ နေထိုင်နေကြရတဲ့ သာမန်ပြည်သူတွေရဲ့ 00:02:26.797 --> 00:02:28.898 နေ့စဉ်ဘဝ ပြဿနာတွေနဲ့ ဝေးနေကြတဲ့သူတွေပါ။ 00:02:28.922 --> 00:02:32.445 အဲဒါကြောင့် ကျွန်မတို့ဟာ ပြည်တွင်းထဲက ကျွမ်းကျင်သူတွေထံ ချဉ်းကပ်ကြရတယ်။ 00:02:33.636 --> 00:02:35.882 ဥပမာအဖြစ် ဂျူလီယိုကတ်စထရို ဆိုပါစို့၊ 00:02:35.906 --> 00:02:39.682 ဆရာဝန်ဖြစ်ပြီး Médicos por la Salud ရဲ့ ခေါင်းဆောင် တစ်ဦးပါ။ 00:02:40.545 --> 00:02:45.824 အစိုးရက ကျန်းမာရေးဆိုင်ရာ တရားဝင်အချက်အလက် တွေ ထုတ်ပြန်မှုကို ၂၀၁၅ တွင် ရပ်လိုက်တော့၊ 00:02:45.848 --> 00:02:49.982 ဒေါက်တာ Julio ဟာ ကိုယ်တိုင် အချက်အလက်တွေကို စုစည်းလာခဲ့တယ်၊ 00:02:50.006 --> 00:02:53.477 ဆဲလ်ဖုန်းတွေကို အခြေခံထားတဲ့ ညှိချိန်းထားတဲ့ 00:02:53.501 --> 00:02:55.679 အစိုးရမဟုတ်တဲ့ စနစ်ကို သုံးပါတယ်။ 00:02:55.703 --> 00:03:00.326 သူတို့ဟာ ရှာတွေ့နိုင်တဲ့ ဝန်ထမ်းတွေ၊ ဆေးပစ္စည်းများ၊ သေဆုံးမှု ဒေတာ၊ 00:03:00.350 --> 00:03:01.694 ရောဂါဖြစ်ပွားမှုတွေ၊ 00:03:01.694 --> 00:03:03.714 ရသမျှကို အစီရင်ခံစာ တစ်ခုအဖြစ် ပြုစုကြတယ်၊ 00:03:03.714 --> 00:03:05.432 အဲဒီနောက်မှာ Twitter ပေါ် တင်ပေးတယ်။ 00:03:05.432 --> 00:03:09.503 သူဟာ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ ကျွန်မတို့ အားကိုးရတဲ့ ကျန်းမာရေး ကျွမ်းကျင်သူပါ။ 00:03:09.527 --> 00:03:10.791 Luis Carlos Díaz ဆိုရင်၊ 00:03:10.815 --> 00:03:15.263 သတင်းတွေ အားလုံးကို အစိုးရမှ ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးထဲမှာ 00:03:15.287 --> 00:03:19.972 ဆင်ဆာလုပ်မှုတွေ၊ ဗင်နီဇွဲလားပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို 00:03:19.996 --> 00:03:22.240 စုစည်းပေးရင်း အဲဒီကနေပြီး ကူညီပေးနေခြင်းဖြင့် 00:03:23.229 --> 00:03:25.835 ကျွန်မတို့ရဲ့ အရေးတော်ပုံကို ထောက်ကူပေးပါတယ်။ 00:03:25.835 --> 00:03:29.217 အဲဒီလိုလူတွေကို ကျွန်မတို့က မြေပေါ်က သူရဲကောင်းတွေလို့ ခေါ်ကြပါတယ်။ 00:03:29.217 --> 00:03:33.050 သူတို့ရဲ့ ကျွမ်းကျင်သူ အကြံပေးချက်ရတော့ ကျွန်မတို့ ခေါင်းချင်းဆိုင် ဆွေးနွေးပွဲထဲ 00:03:33.050 --> 00:03:35.606 ပါတဲ့လူတွေဟာ စိန်ခေါ်မှု တသီကြီးကို ရင်ဆိုင်ခဲ့ကြရတယ်။ 00:03:35.606 --> 00:03:38.647 ပထမ ဦးဆုံး ခေါင်းချင်းဆိုင် ဆွေးနွေးမှုထဲ ပါဝင်သူ ၃၀၀ ရှိခဲ့ပြီး 00:03:38.647 --> 00:03:39.822 ခုနစ်နိုင်ငံက သူတွေပါ၊ 00:03:39.846 --> 00:03:42.900 တင်ပြခဲ့ကြတဲ့ ပရိုဂျက် ၁၆ ခု ပေါ်ထွက်လာခဲ့ပါတယ်။ 00:03:42.900 --> 00:03:45.971 ကျွန်မတို့က ဖြစ်နိုင်ခြေ အကောင်းဆုံး ပရိုဂျက်တွေကို ယူခဲ့ကြပြီး 00:03:45.995 --> 00:03:48.833 စတင်ပြီး ဆက်လက် ဆောင်ရွက်လာခဲ့ကြပါတယ်။ 00:03:48.857 --> 00:03:52.929 ဒီနေ့တွင် ကျွန်မဟာ အအောင်မြင်ဆုံး နှစ်ခုတို့ကို မျှဝေပေးပါမယ်၊ 00:03:52.953 --> 00:03:56.336 ကျွန်မ အခုထိ ရရှိလာတဲ့ သက်ရောက်မှုကို ရှင်တို့ နားလည်နိုင်ဖို့ အတွက်ပါ။ 00:03:56.524 --> 00:03:59.590 MediTweet နဲ့ Blackout Tracker လို့ ခေါ်ပါတယ်။ 00:04:00.065 --> 00:04:02.549 MediTweet ဟာ အသိဉာဏ်သုံး Twitter bot ပါ။ 00:04:02.573 --> 00:04:05.678 ဗင်နီဇွဲလားနိုင်ငံသားတွေ လိုအပ်တဲ့ ဆေးတွေကို ရှာကူပေးပါတယ်။ 00:04:06.178 --> 00:04:08.008 ဒီနေ့ ဗင်နီဇွဲလားနိုင်ငံမှာ 00:04:08.032 --> 00:04:10.434 ဖျားနာလို့ ဆေးရုံကိုသွားမယ် ဆိုရင်၊ 00:04:10.458 --> 00:04:15.481 ရှင်တို့ကို ကုသပေးဖို့ လိုအပ်တဲ့ ဆွေးတွေ သူတို့ဆီမှာ မရှိဖို့ အလားအလာ များပါတယ်။ 00:04:15.505 --> 00:04:17.344 အခြေအနေက ဘယ်လောက်တောင် ဆိုးလဲဆိုရင် 00:04:17.368 --> 00:04:21.300 လူနာတွေဟာ ဆေးစာအစာ ဝယ်ရမယ့် 00:04:21.324 --> 00:04:22.870 ဆေးစာရင်းကို ရရှိကြပါတယ်။ 00:04:24.028 --> 00:04:26.439 ကျွန်မကိုယ်တိုင်ကိုက အဲဒါကို သိပ်လိုအပ်ပါတယ်။ 00:04:26.463 --> 00:04:29.992 ကျွန်မ အမေ့ဆီမှာ ကင်ဆာရှိကြောင်း ၂၀၁၅ ခုနှစ်မှာ တွေ့ခဲ့ပါတယ်။ 00:04:29.992 --> 00:04:33.024 သူမကို ခါးဆစ်ကျော်ရိုးမှာ ဆေးထိုးအပ်နဲ့ ဖောက်ရန် လိုအပ်ခဲ့တယ်၊ 00:04:33.048 --> 00:04:36.627 ရောဂါရဲ့ နောက်ဆုံးအခြေအနေကို သိဖို့နဲ့ ရောဂါကို ကုသနည်း သိဖို့အတွက်ပါ။ 00:04:37.197 --> 00:04:39.603 ဒါပေမဲ့ အဲဒါ့အတွက် လိုအပ်တဲ့ ဆေးထိုးအပ် မရှိခဲ့ပါ။ 00:04:40.055 --> 00:04:42.542 အဲဒီအချိန်မှာ ကျွန်မ ဗင်နီဇွဲလားမှာ ရှိနေခဲ့တယ်၊ 00:04:42.566 --> 00:04:46.490 ကျွန်မ မျက်စိရှေ့မှောက်မှာကို အမေရဲ့ အခြေအနေ ဆိုးဆိုးလာတာ မြင်ရတယ်။ 00:04:47.171 --> 00:04:50.788 နေရာတိုင်းမှာ ရှာကြည့်ပြီးတဲ့ နောက်မှာ ဆိုက်တစ်ခုမှာ သွားတွေ့တယ်၊ 00:04:50.812 --> 00:04:52.958 လက်တင်အမေရိကရဲ့ eBay ဆိုက်မျိုးပါ။ 00:04:52.958 --> 00:04:55.706 ကျွန်ဟာ ရောင်းသူကို ဒေသခံ ပေါင်မု့န်ဆိုင်မှာ တွေ့ခဲ့ပြီး 00:04:55.730 --> 00:04:58.425 မှောင်ခိုပစ္စည်း ဝယ်ရသလို ဝယ်ခဲ့ရတယ်။ 00:04:58.449 --> 00:05:02.280 အမေက အပ်ကို သူ့ဆရာဝန်ဆီ ယူသွားလို လိုအပ်တာကို လုပ်နိုင်ခဲ့တယ်။ 00:05:02.304 --> 00:05:05.234 အဲဒီအပ်မရှိခဲ့ရင် သူသေသွားနိုင်ခဲ့မှာပါ။ 00:05:05.234 --> 00:05:07.167 ပြဿနာ ဆေးပစ္စည်းတင် မကပါဘူး၊ 00:05:07.167 --> 00:05:08.648 ကျန်းမာရေး စနစ်လည်း ပြဿနာနဲ့ပါ။ 00:05:08.648 --> 00:05:10.744 သူ့ကို ပထမဦးဆုံးအကြိမ် ရောဂါရှာတွေ့လိုက်တော့၊ 00:05:10.744 --> 00:05:13.729 သူမအတွက် လိုအပ်တဲ့ ဆေးတွေကို အစိုးရ ဆေးဆိုင်မှာ ဝယ်နိုင်ခဲ့တယ်၊ 00:05:13.729 --> 00:05:15.594 လက်တွေ့မှာ အခမဲ့လို့ပါ။ 00:05:15.618 --> 00:05:18.298 နောက်ပိုင်းမှာ အစိုးရဆေးဆိုင် ပိတ်သွားပေမဲ့ 00:05:18.322 --> 00:05:21.838 ကျွန်မတို့ ရှေ့ဆက် ကုသခံယူဖို့ ခြောက်လ လိုအပ်နေသေးတယ်။ 00:05:22.576 --> 00:05:24.877 ခြောက်လကြာ ကုသမှု ခံယူရဦးမယ်။ 00:05:26.124 --> 00:05:29.822 ကျွန်မတို့ တချို့ဆေးကို အွန်လိုင်းမှနဲ့ ကျန်တာကို မက္ကဆီကိုမှာ ဝယ်ခဲ့ကြရတယ်။ 00:05:29.846 --> 00:05:32.158 အခုတော့ အမေဟာ ကုသခံနေရတာ သုံးနှစ်ထဲ ရောက်နေပြီ။ 00:05:32.158 --> 00:05:33.959 ကျွန်မက သူ့ကို ဖုန်းဆက်ခေါ်တိုင်း၊ 00:05:33.983 --> 00:05:36.826 သူမက "ငါနေကောင်းတယ်၊ စိတ်မပူပါနဲ့" တဲ့။ 00:05:37.711 --> 00:05:40.301 ဒါပေမဲ့ လူတိုင်းဟာ နိုင်ငံ့ထဲက ထွက်မသွားနိုင်ပါဘူး၊ 00:05:40.325 --> 00:05:43.025 ပြီးတော့ တချို့ကျတော့ ခရီးသွားနိုင်အောင် မကျန်းမာကြပါဘူး။ 00:05:43.434 --> 00:05:45.526 အဲဒါကြောင့် လူတွေက Twitter ကို အားကိုးကြရတယ်။ 00:05:45.550 --> 00:05:49.937 ဆေးပစ္စည်းတွေ ဝယ်ချင်ရင်၊ ရောင်းချင်ရင် #ServicioPublico ကို သုံးကြရတယ်၊ 00:05:49.961 --> 00:05:51.997 "ပြည်သူ့ ဝန်ဆောင်မှု။" အဓိပ္ပါယ်ရပါတယ်။ 00:05:52.358 --> 00:05:56.800 ကျွန်မတို့ရဲ့ Twitter bot က #ServicioPublico ကိုစကင်ဖတ်ကြည့်နေပြီး 00:05:56.824 --> 00:06:00.407 ဆေးတစ်မျိုးမျိုးကို ရှာဖွေနေသူကို 00:06:00.431 --> 00:06:04.163 ကိုယ့်လက်ထဲ လက်ကျန် ရှိနေသူ တစ်ဦးဦး ရောင်းလိုတာနဲ့ ချိတ်ဆက်ပေးပါတယ်။ 00:06:04.187 --> 00:06:07.491 ကျွန်မတို့ဟာ Twitter သုံးစွဲကြသူတို့ရဲ့ တည်နေရာထိုကိုပါ ရယူပြီး 00:06:07.515 --> 00:06:10.379 ဘယ်မှာ ရှိကြောင်းကို ပြသတဲ့ ကိရိယာအဖြစ် သုံးကြတယ်။ 00:06:10.403 --> 00:06:14.322 ဒီလိုနည်းဖြင့် Médicos por la Salud လို အဖွဲ့အစည်းက 00:06:14.346 --> 00:06:17.180 ဆေးပြတ်တောက်နေတဲ့ နေရာကို ရှာတွေ့စေနိုင်တယ်။ 00:06:17.204 --> 00:06:20.307 ပြီးတော့ ရောဂါစုပြုံ ဖြစ်ပွားနေတဲ့ နေရာတွေကို 00:06:20.331 --> 00:06:22.618 ဖေါ်ထုတ်ပေးရန် စက်ကို သင်ကြားပေးနိုင်ကြပါသေးတယ်။ 00:06:22.618 --> 00:06:24.952 လူသားချင်းစာနာမှုအဖြစ် ဆေးအကူအညီ သူတို့ ရခဲ့လျှင် 00:06:24.952 --> 00:06:27.482 အဲဒီဆေးတွေကို ဘယ်ဒေသများဆီ ဖြန့်ဝေပေးသင့်သလဲ ဆိုတာကို 00:06:27.506 --> 00:06:30.108 ဆုံးဖြတ်ရာတွင် အထောက်အကူပြုနိုင်ပါတယ်။ 00:06:31.239 --> 00:06:34.484 ကျွန်တို့ရဲ့ ဒုတိယ ပရိုဂျက်က Blackout Tracker ပါ။ 00:06:35.001 --> 00:06:38.894 ဗင်နီဇွဲလားနိုင်ငံမှာ လောလောဆယ်တွင် လျှပ်စစ်ဓာတ်အား ပြဿနာ ရှိနေတယ်။ 00:06:39.365 --> 00:06:43.173 မနှစ်တုန်းက ဗင်နီဇွဲလားနိုင်ငံဟာ မိမိသမိုင်းထဲက အဆိုးဝါးဆုံး 00:06:43.197 --> 00:06:46.534 လျှပ်စစ်ပြတ်တောက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ 00:06:46.950 --> 00:06:51.151 ကျွန်မဟာ မိဘတွေနဲ့ ဆက်သွယ်မရခဲ့တာ နှစ်ရက်ကြီးတောင် ကြာခဲ့ပါတယ်။ 00:06:51.175 --> 00:06:54.133 တချို့မြို့ကြီးတွေဆို နေ့စဉ်လိုလို မီးပြတ်ကြပါတယ်။ 00:06:54.157 --> 00:06:57.122 အဲဒါတွေကို ကျွန်မတို့ဟာ လူမှုမီဒီယာ ပေါ်မှာသာ သိနိုင်ကြတယ်။ 00:06:57.532 --> 00:07:00.647 မီးပြတ်တောက်မှု ကိစ္စကို အစိုးရက ကြေညာပေးမှာ မဟုတ်ပါဘူး။ 00:07:01.155 --> 00:07:03.090 လျှပ်စစ်မီး ပြတ်တာနဲ့ 00:07:03.114 --> 00:07:08.612 ဗင်နီဇွဲလား နိုင်ငံသားတွေက အလျင်အမြန် တည် နေရာကို #SinLuz hashtag တွစ်ကြတယ်။ 00:07:08.636 --> 00:07:10.915 "လျှပ်စစ်မီးမရှိ" ဆိုတဲ့သဘောပါ။ 00:07:10.939 --> 00:07:13.394 သူတို့ဖုန်းတွေ အားမကုန်မီ ပို့ပေးကြတယ်။ 00:07:13.418 --> 00:07:16.370 နိုင်ငံ့ထဲက လူတွေက အခြေအနေတွေကို သိနိုင်ဖို့ အတွက်ပါ။ 00:07:17.245 --> 00:07:19.041 MediTweet လိုပဲ၊ 00:07:19.065 --> 00:07:23.382 Blackout Tracker ကလည်း Twitter မှာ #SinLuz ကို စကင်လုပ်ပါတယ်။ 00:07:23.406 --> 00:07:27.402 ခုနက သုံးစွဲသူတို့ရဲ့ တည်နေရာ ဒေတာကို သုံးပြီး မြေပုံကို ဆွဲပေးပါတယ်။ 00:07:27.426 --> 00:07:28.946 ဒီနေ့တွင် မီးပြတ်နေတာ 00:07:28.970 --> 00:07:31.239 ဘယ်နေရာတွေလဲ၊ စုစုပေါင်း မီးပြတ်ခဲ့ကြတဲ့ 00:07:31.263 --> 00:07:34.792 နေရာတွေ ဘယ်လောက်များမှန်း ကျွန်မတို့ ချက်ချင်း သိနိုင်တယ်။ 00:07:35.887 --> 00:07:38.155 ဘာတွေ ဖြစ်ပျက်နေတာကို လူတွေ သိချင်ကြတယ်၊ 00:07:38.179 --> 00:07:39.654 ဒါက ကျွန်မတို့ရဲ့ အဖြေပါ။ 00:07:39.678 --> 00:07:43.403 ပြီးတော့ တချိန်တည်းမှာဒါက အစိုးရအား ပိုတာဝန်စေရန်လည်း ပါပါတယ်။ 00:07:43.427 --> 00:07:46.073 အဲဒါနဲ့ ပတ်သက်တဲ့ တရားဝင် ဒေတာ မရှိဘူးဆိုတော့ 00:07:46.097 --> 00:07:47.352 သူတို့ဟာ ဘာမှ မသိသယောင် 00:07:47.376 --> 00:07:49.909 တာဝန် မရှိသယောင် နေထိုင်နိုင်ကြတယ်လေ။ 00:07:49.933 --> 00:07:54.056 ပြဿနာ ဘယ်လောက် ဆိုးဝါးမှန်းကို Blackout Tracker ကပြပေးတယ်။ 00:07:54.080 --> 00:07:58.478 Silicon Valley ထဲက တချို့သူတို့က ကျွန်မတို့ရဲ့ ပရိုဂျက်တွေကို ကြည့်ပြီးတော့ 00:07:58.502 --> 00:08:01.870 ဒါများ ဘာများ ထူးဆန်းတဲ့ နည်းပညာလဲလို့ ဆိုနိုင်ကြပါတယ်။ 00:08:01.870 --> 00:08:03.349 ကျွန်မတို့ အဲဒါကို သဘောတူပါတယ်။ 00:08:03.373 --> 00:08:06.255 ဒီပရိုဂျက်တွေဟာ အရမ်းကို အဆင့်မြင့် စီမံကိန်းတွေ မဟုတ်ကြပါ၊ 00:08:06.255 --> 00:08:08.882 ဒါပေမဲ့ ၎င်းတို့ကို ဗင်နီဇွဲလားပြည်သူတွေ လိုအပ်နေကြပြီး 00:08:08.882 --> 00:08:11.314 သူတို့အတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိကြပါတယ်။ 00:08:11.351 --> 00:08:15.626 ဒီပရိုဂျက်တွေထက်ကို ကျော်လွန်ပြီး အရေးကြီးဆုံး အချက်က 00:08:15.650 --> 00:08:18.032 လှုပ်ရှားမှု တစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ၊ 00:08:18.056 --> 00:08:21.653 ကမ္ဘာတဝမ်းက လူတွေ အတူတကွလက်တွဲလျက် 00:08:21.677 --> 00:08:25.416 ဗင်နီဇွဲလားပြည်သူတွေရဲ့ အကျိုးအတွက် သူတို့ ကျွမ်းကျင်မှုတွေကို သုံးနေကြပါတယ်။ 00:08:25.416 --> 00:08:28.807 ကျွန်မတို့က ဒေသခံ ပြည်သူတွေနဲ့ လက်တွဲ လုပ်ကိုင်နေကြတဲ့ အတွက် 00:08:28.831 --> 00:08:32.743 ပြည်သူက လိုချင်ပြီး လိုအပ်နေတဲ့ ဖြေရှင်း နည်းတွေကို ကျုပ်တို့ တီထွင်ပေးနိုင်ကြတယ်။ 00:08:32.790 --> 00:08:34.541 ဒီနေရာမှာ ကျွန်မတို့ အားလုံးက 00:08:34.565 --> 00:08:37.236 ကျွန်မတို့ရဲ့ ကျွမ်းကျင်ပညာတွေကို အသုံးချနေကြတာမို့လို့ 00:08:37.236 --> 00:08:39.360 လွယ်ကူပြီး သဘာဝကျတာ အားရစရာပါ။ 00:08:39.384 --> 00:08:42.811 ကျွန်မတို့ အနေနဲ့ နည်းနည်းလေး အခြေအနေပြောင်းလဲပေးဖို့ သိပ်မခဲယဉ်းပါဘူး။ 00:08:42.816 --> 00:08:44.519 San Francisco မှာနေသူ တစ်ဦးဦးက 00:08:44.519 --> 00:08:47.825 MediTweet (သို့) Blackout Tracker လို ဖြေရှင်းနည်းတွေကို ဖန်တီးပေးရန် 00:08:47.825 --> 00:08:49.676 ပညာရှင်တွေကို ငှားရမ်းခဲ့မယ်ဆိုရင် 00:08:49.700 --> 00:08:51.923 မနည်းလှတဲ့ ဉာဏ်ပူဇော်ခကို ပေးခဲ့ရမှာပါ။ 00:08:51.947 --> 00:08:54.756 ကျွန်မတို့က ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေ ပေးလှူကြခြင်းဖြင့် 00:08:54.756 --> 00:08:57.880 ငွေသက်သက်ကို လှူမှုနဲ့စာရင် ပိုအကျိုးရှိတဲ့ သက်ရောက်မှု ရှိခဲ့တယ်။ 00:08:57.880 --> 00:09:00.243 ရှင်တို့အားလုံးကလည်း အလားတူ လုပ်ပေးနိုင်ကြပါတယ် -- 00:09:00.243 --> 00:09:02.118 ဗင်နီဇွဲလားထဲတွင် ဖြစ်ဖို့ မလိုပါဘူး၊ 00:09:02.118 --> 00:09:04.645 ရှင်တို့ရဲ့ အသိုင်းအဝိုင်း အတွက်လည်း ဖြစ်နိုင်ပါတယ်။ 00:09:04.645 --> 00:09:07.032 မကြုံစဖူး ချိတ်ဆက်မိနေတဲ့ ဒီနေ့ ကမ္ဘာကြီးထဲတွင်၊ 00:09:07.056 --> 00:09:12.909 သီးခြား အသိုင်းအဝိုင်းတွေဟာ တသီးတခြား ဒါမှ မဟုတ် အလုံပိတ်နေကြတာကို မြင်နေကြရဆဲပါ။ 00:09:13.041 --> 00:09:16.000 ကူညီပေးနိုင်တဲ့ ဧရာမ နည်းလမ်းတွေ အများကြီး ရှိကြပါတယ်၊ 00:09:16.024 --> 00:09:19.176 ဒါပေမဲ့ ကျွန်မ ယုံကြည်တာက ကိုယ့်ကျွမ်းကျင်မှုကို သုံးပြီး 00:09:19.200 --> 00:09:22.657 ကွဲပြားနေကြတဲ့ လူ့အသိုင်းအဝိုင်းတွေကို ချိတ်ဆက်ပေးရင်း အဲဒီလို 00:09:22.681 --> 00:09:26.274 ဆက်ဆံမှုများမှ တစ်ဆင့် ထိရောက်တဲ့ ဖြေရှင်းနည်းတွေကို ရှာကြံပေးနိုင်ကြမှာပါ။ 00:09:26.274 --> 00:09:29.674 အသိပညာနဲ့ ကျွမ်းကျင်မှု ရှိသူ မည်သူမဆိုဟာ 00:09:29.698 --> 00:09:33.812 လူ့အသိုင်းအဝိုင်း အတွက် မျှော်လင့်ချက်ကို ယူဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိသူပါ။ 00:09:34.248 --> 00:09:37.417 Code for Venezuela ထဲက ကျွန်မတို့ အတွက်တော့ 00:09:37.441 --> 00:09:38.939 ဒါဟာ အစပဲရှိပါသေးတယ်။ 00:09:38.963 --> 00:09:40.131 ကျေးဇူးတင်ပါတယ်။ 00:09:40.155 --> 00:09:42.670 (လက်ခုပ်သံများ)