Return to Video

ဘာသာစကားတေွ အားလုံးမှာ တူညီနေတာက ဘာလဲ။ Cameron Morin

  • 0:07 - 0:10
    ဘာသာစကားဟာ အဆုံးမရှိ ပြောင်းလဲနိုင်ပါတယ်။
  • 0:10 - 0:13
    ကျွန်ုပ်တို့ တစ်ဦးချင်းစီဟာ အမိဘာသာစကား
    ထဲက ဝါကျတွေရဲ့ အဆုံးမရှိ
  • 0:13 - 0:14
    အရေအတွက်ကို သိရှိနိုင်ကာ
  • 0:14 - 0:17
    ဝါကျတွေနဲ့ စတင်ဆက်သွယ်တာနှင့်
    တစ်ပြိုင်နက်နီးပါး
  • 0:17 - 0:20
    အစောပိုင်း အသက်အရွယ်မှာကို
    ဒီလိုလုပ်နိုင်ခဲ့တာပါ။
  • 0:20 - 0:22
    ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။
  • 0:22 - 0:26
    ၁၉၅၀ လွန် အစောပိုင်းနှစ်တွေတုန်းက
    Noam Chomsky က ဒီစွယ်စုံရမှုရဲ့ အဓိကကျတာက
  • 0:26 - 0:31
    သဒ္ဒါဖြစ်လောက်တယ်ဆိုတဲ့ လေ့လာမှုကို
    အခြေခံတဲ့ အယူအဆတစ်ခုကို တင်ပြခဲ့တယ်။
  • 0:31 - 0:35
    မရင်းနှီးတဲ့ ဝါကျတစ်ခုရဲ့
    ရင်းနှီးနေတဲ့ သဒ္ဒါ တည်ဆောက်ပုံက
  • 0:35 - 0:37
    ၎င်းရဲ့အဓိပ္ပာယ်ဆီ ညွှန်ပြပေးတာပါ။
  • 0:37 - 0:40
    သူ ညွှန်းခဲ့တာက ဘာသာစကား
    အားလုံးနဲ့ သက်ဆိုင်တဲ့
  • 0:40 - 0:45
    သဒ္ဒါ စည်းမျဉ်းတွေရှိပြီး
    ဒီစည်းမျဉ်းတွေဟာ မွေးရာပါဖြစ်တယ်၊
  • 0:45 - 0:50
    ဒီစည်းမျဉ်းတွေအရ ဘာသာစကား အစီအစဉ်ကျစေဖို့
    လူ့ဦးနှောက်ကို ဗီဇအရ ဆက်သွယ်နေတယ်ဆိုတာပါ။
  • 0:50 - 0:53
    သူဟာ ဒီစွမ်းရည်ကို နေရာအနှံ့
    လက်ခံကျင့်သုံးတဲ့ သဒ္ဒါလို့ အမည်တပ်ခဲ့ပြီး
  • 0:53 - 0:57
    ၎င်းက ဘာသာဗေဒ နယ်ပယ်နဲ့ နောင်လာမယ့်
    ရာစုတွေအတွက် ပေါ်လာနေတဲ့ သိမှတ်မှု သိပ္ပံ
  • 0:57 - 1:02
    နယ်ပယ် နှစ်ခုစလုံးကို ပုံဖော်တဲ့
    စုံစမ်းမှု လမ်းကြောင်းတွေကို အစပြုခဲ့တယ်။
  • 1:02 - 1:05
    Chomsky နဲ့ အခြားသုတေသီတွေဟာ
    နေရာအနှံ့ လက်ခံတဲ့
  • 1:05 - 1:08
    အဓိက သဒ္ဒါ အစိတ်အပိုင်း နှစ်ခုကို
    စတင် စူးစမ်းခဲ့ကြတယ်။
  • 1:08 - 1:11
    ပထမက ဘာသာစကား အားလုံးအတွက်
    နေရာအနှံ့ လက်ခံတဲ့ သဒ္ဒါစည်းမျဉ်းတွေ
  • 1:11 - 1:13
    တကယိပဲ ရှိ၊မရှိဆိုတာပါ။
  • 1:13 - 1:18
    ဒုတိယက ဒီစည်းမျဉ်းတွေဟာ ဦးနှောက်မှာ
    ဗီဇအရ ဆက်သွယ်တာ ရှိ၊မရှိဆိုတာပါ။
  • 1:18 - 1:21
    နေရာအနှံ့ လက်ခံတဲ့ သဒ္ဒါ စည်းမျဉ်းတွေ
    အခြေခိုင်ဖို့ ကြိုးပမ်းရာမှာ
  • 1:21 - 1:26
    Chomsky က generative syntax လို့သိကြတဲ့
    စိစစ်မှုဆိုင်ရာ ကိရိယာတစ်ခုကို ထွင်ခဲ့တယ်။
  • 1:26 - 1:32
    ဘယ်တည်ဆောက်မှုတွေက ဖြစ်နိုင်ခြေရှိတာကို
    ပြတဲ့ ကြီးစဉ်ငယ်လိုက် ဝါကျဖွဲ့ထုံး ဇယားထဲက
  • 1:32 - 1:34
    ဝါကျတစ်ကြောင်းထဲက စကားလုံး
    အစီအစဉ်ကို ဒါကကိုယ်စားပြုတယ်။
  • 1:34 - 1:38
    ဒီဇယားကို အခြေခံပြီး ကြိယာဝိသေသနတွေဟာ
    ကြိယာ စကားစုတွေထဲမှာ ဖြစ်ရမယ်ဆိုတဲ့
  • 1:38 - 1:41
    သဒ္ဒါစည်းမျဉ်းတစ်ခုကို ညွှန်းပေးနိုင်တယ်။
  • 1:41 - 1:44
    ဒါပေမဲ့ နောက်ထပ် ဒေတာတွေနဲ့ဆို
    ကြိယာဝိသေသနတွေဟာ
  • 1:44 - 1:47
    ကြိယာ စကားစုတွေရဲ့ အပြင်မှာ ပေါ်နိုင်တာက
    ရုတ်ခြည်း ရှင်းလင်းလာတယ်။
  • 1:47 - 1:51
    ဒီရှင်းလင်းလွယ်ကူတဲ့ နမူနာက အဓိက
    ပြဿနာတစ်ခုကို သာဓကဆောင်ပြတယ်။
  • 1:51 - 1:55
    ဘယ်စည်းမျဉ်းတွေက ဘာသာစား အားလုံးမှာ
    တူညီနိုင်လာက်တာကို ဆုံးဖြတ်ဖို့
  • 1:55 - 1:57
    မစတင်နိုင်ခင်မှာကို
  • 1:57 - 1:59
    အဲဒီဘာသာစကားအတွက် စည်းမျဉ်းတွေ
    အခြေခိုင်စေဖို့
  • 1:59 - 2:03
    သီးခြား ဘာသာစကား တစ်ခုချင်းစီဆီကနေ
    ဒေတာ အများကြီး လိုအပ်တယ်ဆိုတာပါ။
  • 2:03 - 2:06
    နေရာအနှံ့ လက်ခံတဲ့ သဒ္ဒါကို
    Chomsky အဆိုပြုတဲ့အခါ
  • 2:06 - 2:09
    ဘာသာစကားများစွာမှာ ထုတ်လုပ်
    နိုင်စွမ်းရှိတဲ့ ဝါကျဖွဲ့ထုံး သုံးရင်း
  • 2:09 - 2:12
    စိတ်ဖြာဖို့လိုတဲ့ မှတ်တမ်းတင်ထားတဲ့
    နမူနာ စာအုပ်တွဲ ကင်းမဲ့နေတယ်။
  • 2:12 - 2:14
    ဒေတာ အများကြီးနဲ့တောင်မှ
  • 2:14 - 2:18
    ဘာသာစကားတစ်ခုရဲ့ တည်ဆောက်ပုံကို
    ပုံထုတ်ဖို့က မယုံနိုင်အောင် ရှုပ်ထွေးတယ်။
  • 2:18 - 2:24
    နှစ် ၅၀ စိစစ်ပြီးနောက် အင်္ဂလိပ်ဘာသာ
    စကားကို အပြည့်အဝ နားမလည်သေးပါဘူး။
  • 2:24 - 2:27
    နောက်ထပ် ဘာသာစကား ဒေတာကို
    စုစည်းပြီး စိတ်ဖြာခဲ့တာကြောင့်
  • 2:27 - 2:31
    ကမ္ဘာတစ်လွှားက ဘာသာစကားတွေဟာ
    ကျယ်ပြန့်စွာ ခြားနားတယ်ဆိုတာ ရှင်းလာတယ်။
  • 2:31 - 2:35
    နေရာအနှံ့ လက်ခံတဲ့ သဒ္ဒါစည်းမျဉ်းတွေ
    ရှိတယ်ဆိုတဲ့ အယူအဆကို စိန်ခေါ်ခြင်းပါ။
  • 2:35 - 2:39
    ၁၉၈၀ နှစ်လွန်တွေမှာ ဒီမူကွဲကို
    ထည့်သွင်း စဉ်းစားဖို့
  • 2:39 - 2:41
    ကြိုးပမ်းမှုတစ်ခုမှာ Chomsky က
    သူ့အယူအဆကိုပြန်သုံးသပ်တယ်။
  • 2:41 - 2:46
    သူ့ရဲ့ ဥပဒေသတွေနဲ့ ကန့်သတ်ဘောင်တွေရဲ့
    အဆိုကြမ်း အသစ်အရ
  • 2:46 - 2:49
    ဘာသာစကားတွေ အားလုံးဟာ သဒ္ဒါဆိုင်ရာ
    ဥပဒေသအချို့ တူညီကြပေမဲ့
  • 2:49 - 2:53
    ကန့်သတ်ဘောင်တွေ (သို့) ဒီဥပဒေသတွေရဲ့
    အသုံးချမှုမှာ ကွဲပြားနိုင်တယ်ဆိုတာပါ။
  • 2:53 - 2:58
    ဥပမာ ဥပေဒေသတစ်ခုက
    "ဝါကျတိုင်းဟာ ကတ္တားတစ်ခု ရှိရမယ်။"
  • 2:58 - 3:02
    ဒါပေမဲ့ ကတ္တားကို တိကျပြတ်သားစွာ
    ဖော်ပြရ၊မရဆိုတဲ့ ကန့်သတ်ဘောင်ကတော့
  • 3:02 - 3:04
    ဘာသာစကားတွေကြားမှာ ခြားနားနိုင်တယ်။
  • 3:04 - 3:06
    ဥပဒေသတွေနဲ့ ကန့်သတ်ဘောင်တွေရဲ့
    အဆိုကြမ်းက
  • 3:06 - 3:11
    ဘယ်သဒ္ဒါဆိုင်ရာ ဥပဒေသတွေဟာ နေရာအနှံ့
    လက်ခံလဲဆိုတဲ့မေးခွန်ကို ဖြေမထားသေးပါဘူး။
  • 3:11 - 3:16
    ၂၀၀၀ ခုလွန် အစောပိုင်းမှာ Chomsky က
    တူညီတဲ့ ဥပဒေသတစ်ခု ရှိတယ်လို့ ညွှန်းတယ်။
  • 3:16 - 3:22
    ပြန်ထပ်ခြင်းလို့ခေါ်ပြီး ဆိုလိုတာက
    တစ်ခုစီအတွင်းမှာ အစုံလိုက်ထပ်နိုင်တာပါ။
  • 3:22 - 3:23
    ဒီဝါကျကို နမူနာကြည့်ပါ။
  • 3:23 - 3:27
    ၎င်းဟာ ဝါကျတစ်ခုအတွင်းက ဝါကျတစ်ခုအတွင်းမှာ
    ဝါကျတစ်ခု မြုပ်ဝင်နေတယ်။
  • 3:27 - 3:31
    (သို့) ဒီဝါကျဟာ နာမ် စကားစုအတွင်းက
    နာမ် စကားစုအတွင်းမှာ နာမ် စကားစုတစ်ခု
  • 3:31 - 3:32
    မြုပ်ဝင်နေတယ်။
  • 3:32 - 3:36
    ပြန်ထပ်ခြင်းက နေရာအနှံ့ လက်ခံတဲ့
    သဒ္ဒါ စည်းမျဉ်းတစ်ခုအတွက်
  • 3:36 - 3:38
    ကိုယ်စားလှယ်ကောင်းဖြစ်ခဲ့တာက
    အသွင်များစွာ ဆောင်နိုင်လို့ပါ။
  • 3:38 - 3:42
    ဒါပေမဲ့ ၂၀၀၅ မှာ ဘာသာဗေဒပညာရှင်တွေက
    Piraha လို့ခေါ်တဲ့ Amazonian ဘာသာစကား
  • 3:42 - 3:45
    အကြောင်း တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့တယ်။
  • 3:45 - 3:49
    ၎င်းဟာ ပြန်ထပ်တဲ့ တည်ဆောက်မှုတွေ
    တစ်ခုမှ မပေါ်ဘူး။
  • 3:49 - 3:52
    ဒီတော့ Chomsky အယူအဆရဲ့
    အခြားအပိုင်းဖြစ်တဲ့
  • 3:52 - 3:55
    ကျွန်ုပ်တို့ရဲ့ဘာသာစကား စွမ်းရည်ဟာ
    မွေးရာပါဆိုတာကျတော့ရော။
  • 3:55 - 3:58
    နေရာအနှံ့ လက်ခံတဲ့ သဒ္ဒါကို
    ပထမဆုံး အဆိုပြုတော့
  • 3:58 - 4:02
    ဘာသာစကား ဆည်းပူးခြင်းရဲ့ ဗီဇအရ ပြဌာန်းတဲ့
    လက္ခဏာသွင်ပြင်တစ်ခုရှိတယ်ဆိုတဲ့ အယူအဆဟာ
  • 4:02 - 4:05
    နက်ရှိုင်းပြီး တော်လှန်တဲ့ သက်ရောက်မှု
    တစ်ခု ရှိခဲ့တယ်။
  • 4:05 - 4:10
    ၎င်းက အပြူအမူဝါဒီလို့ခေါ်တဲ့
    ကြီးစိုးနေတဲ့ စံကို ခေါ်ခဲ့တယ်။
  • 4:10 - 4:15
    အပြုအမူဝါဒီတွေက ဘာသာစကား အပါအဝင်
    တိရစ္ဆာန် နဲ့ လူသား အပြုအမူအားလုံးဟာ
  • 4:15 - 4:18
    အပြင်ဘက် သင်ပုန်းလွတ်
    တစ်ချပ်အဖြစ် စတင်ခဲ့တဲ့ စိတ်ကနေ
  • 4:18 - 4:21
    ဆည်းပူးတယ်ဆိုပြီး ငြင်းခုံကြတယ်။
  • 4:21 - 4:25
    ယနေ့မှာ သိပ္ပံပညာရှင်တွေက
    အပြုအမူဝါဒဟာ မှားယွင်းပြီး
  • 4:25 - 4:29
    ဘာသာစကား သင်ယူခြင်းအတွက် ငုပ်နေတဲ့
    ဗီဇအရ ကြိုပြဌာန်းထားတဲ့ ဇီဝယန္တရား
  • 4:29 - 4:30
    ရှိတာကို သဘောတူကြတယ်။
  • 4:30 - 4:33
    ဘာသာစကားအတွက် တူညီတဲ့ တာဝန်ရှိမှုက
    သိမှတ်မှုရဲ့ အခြာသော
  • 4:33 - 4:37
    လက္ခဏာသွင်ပြင်မျာအတွက်ပါ
    တာဝန်ရှိတယ်လို့ အများက ထင်ကြတယ်။
  • 4:37 - 4:40
    ဒီတော့ ဦးနှောက်ထဲမှာ တိကျတဲ့၊
    သီးခြား၊ မွေးရာပါ
  • 4:40 - 4:45
    ဘာသာစကားစွမ်းရည်တစ်ခု ရှိတယ်ဆိုတဲ့
    Chomsky ရဲ့ အယူအဆကို သူတို့ သဘောမတူကြဘူး။
  • 4:45 - 4:49
    နေရာအနှံ့ လက်ခံတဲ့ သဒ္ဒါရဲ့ အယူအဆဟာ
    အရင်က မလေ့လာခဲ့ဖူးတဲ့ ဘာသာစကားတေွကို
  • 4:49 - 4:52
    မှတ်တမ်းတင်မှုနဲ့ လေ့လာမှုကို
    လှုံ့ဆော်ပေးခဲ့တယ်။
  • 4:52 - 4:57
    ၎င်းဟာ လူသား ဦးနှောက်ရဲ့ တိုးလာနေတဲ့
    သိနားလည်ခြင်းတွေကို နေရာပေးဖို့
  • 4:57 - 5:01
    အယူအဆ ဟောင်းတစ်ခုအတွက် နေရာပေးရန်
    နောက်ဆုံး ဖြုတ်ချပစ်တဲ့အထိ ဖြစ်စေနိုင်တယ်။
Title:
ဘာသာစကားတေွ အားလုံးမှာ တူညီနေတာက ဘာလဲ။ Cameron Morin
Speaker:
Cameron Morin
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/what-do-all-languages-have-in-common-cameron-morin တွင် ကြည့်ရှုပါ။

ဘာသာစကားဟာ အဆုံးမရှိ ပြောင်းလဲနိုင်ပါတယ်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီဟာ ကျွန်ုပ်တို့ရဲ့ အမိဘာသာစကားထဲက ဝါကျတွေရဲ့ အဆုံးမရှိ အရေအတွက်ကို သိရှိနိုင်ပြီး ဝါကျတွေနဲ့ စတင်ဆက်သွယ်တာနှင့် တစ်ပြိုင်နက်နီးပါး အစောပိုင်း အသက်အရွယ်မှာကို ဒီလိုလုပ်နိုင်ခဲ့တာပါ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ ၁၉၅၀ လွန် အစောပိုင်းနှစ်တွေတုန်းက Noam Chomsky က ဒီစွယ်စုံရမှုရဲ့ အဓိကကျတာက သဒ္ဒါဖြစ်တယ်ဆိုတဲ့ အယူအဆတစ်ခုကို တင်ပြခဲ့တယ်။ Cameron Morin ကနေပြီး Chomsky ရဲ့ နေရာအနှံ့ လက်ခံကျင့်သုံးတဲ့ သဒ္ဒါရဲ့ အယူအဆကို အသေးစိတ်တင်ပြထားပါတယ်။
သင်ခန်းစာကို Cameron Morin က ပြုစုပြီး Eoin Duffy က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:02

Burmese subtitles

Revisions Compare revisions