Return to Video

ကိုရိုနာဗိုင်းရပ်စ်ဟာ ကျုပ်တို့ရဲ့ အနာဂတ်ပါ။ Alanna Shaikh | TEDxSMU

  • 0:12 - 0:13
    သင်တို့ဆီ တင်ပြချင်တာကို
  • 0:13 - 0:17
    ကျွန်မရဲ့ အထောက်အထားတွေအကြောင်း
    အနည်းငယ် ပြောတာနဲ့ စတင်ချင်ပါတယ်။
  • 0:18 - 0:23
    အကြောင်းကတော့ ပွင့်ပွင့်လင်းပြောရရင်
    COVID-19.နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တစ်ခုနဲ့
  • 0:23 - 0:26
    ဘယ်လူအိုတစ်ယောက် ပြောတာကိုမှ
    သင်တို့ နားမထောင်သင့်တာကြောင့်ပါ။
  • 0:26 - 0:28
    (ရယ်သံများ)
  • 0:28 - 0:32
    ဆိုတော့ ကျွန်မက ကမ္ဘာအနှံ့ ကျန်းမာရေးမှာ
    အနှစ် ၂၀ လောက် အလုပ်လုပ်လာတာပါ။
  • 0:32 - 0:36
    ကျွန်မရဲ့ သီးခြား နည်းပညာ အထူးပြုမှုကတော့
    ကျန်းမာရေး စနစ်ပိုင်းတွေမှာပါ။
  • 0:36 - 0:40
    ကျန်းမာရေး စနစ်တွေက ပြင်းထန်တဲ့
    ထိတ်လန့်မှုတွေ တွေ့ကြုံတဲ့အခါ ဖြစ်တာတွေပါ။
  • 0:40 - 0:43
    ကမ္ဘာ ကျန်းမာရေး သတင်းစာပိုင်းမှာလည်း
    လုပ်ခဲ့သေးတယ်။
  • 0:43 - 0:46
    ကမ္ဘာအနှံ့ ကျန်းမာရေးနဲ့ ဇီဝလုံခြုံရေး
    အကြောင်းသတင်းစာတွေနဲ့
  • 0:46 - 0:49
    ဝက်ဘ်ဆိုဒ်ခွဲတွေမှာ ရေးသားခဲ့ပြီး
  • 0:49 - 0:52
    ဂြိုဟ်ကြီး တစ်ခုလုံးအနေနဲ့
    ကျွန်မတို့ ရင်ဆိုင်နေရတဲ့
  • 0:52 - 0:55
    ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှုတွေ
    အကြောင်းစာအုပ် နှစ်အနည်းငယ်က ထုတ်တယ်။
  • 0:56 - 0:59
    အီဘိုလာ ကုသမှု ဗဟိုဌာနတွေကို အကဲဖြတ်
    တာကနေ ကျန်မာရေး ပံ့ပိုးမှုပစ္စည်းတွေနဲ့
  • 0:59 - 1:03
    အဆုတ်ရောဂါ ကူးစက်မှုကို ကြည့်ပေးတာနဲ့
    ကြက်ငှက်တုပ်ကွေးရောဂါ
  • 1:03 - 1:07
    အရံသင့်ရှိအောင် လုပ်တာအထိအထိ
  • 1:07 - 1:11
    ကြိုးပမ်းမှုတွေမှာ ထောက်ပံ့ ဦးဆောင်ခဲ့တယ်။
  • 1:11 - 1:14
    ကျွန်မက နိုင်ငံတကာ ကျန်းမာရေး
    မဟာဘွဲ့တစ်ခု ရထားတယ်။
  • 1:14 - 1:16
    ကျွန်မဟာ သမားတော်မဟုတ်ဘူး၊
    သူနာပြုမဟုတ်ဘူး။
  • 1:16 - 1:21
    ကျွန်မရဲ့ အထူးပြုမှုက လူနာ စောင်ရှောက်မှု
    (သို့) တစ်ဦးချင်စောင့်ရှောက်တာမဟုတ်ဘူး။
  • 1:21 - 1:24
    ကျွန်မရဲ့ အထူးပြုက လူတွေနဲ့ ကျန်းမာရေး
    စနစ်တွေကို ကြည့်ရှုတာပါ။
  • 1:24 - 1:28
    ရောဂါတွေ ကြီးမားတဲ့ အဆင့်တွေ
    ရွေ့သွားရင် ဖြစ်ပျက်တာကိုပါ။
  • 1:28 - 1:32
    ကမ္ဘာ့ ကျန်းမာရေး ကျွမ်းကျင်မှုရဲ့
    ရင်းမြစ်တွေကို ၁ ကနေ ၁၀ အထိ
  • 1:32 - 1:35
    အမှတ်ပေးကြမယ်ဆိုရင်
  • 1:35 - 1:38
    ၁ က ကျပန်းလူတစ်ယောက် Facebook မှာ
    အာဘောင်အာရင်းသန်သန် ပြောနေတာဖြစ်ပြီး
  • 1:38 - 1:42
    ၁၀ ကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းပါ။
  • 1:42 - 1:46
    ကျွန်မကို ၇ (သို့) ၈ နေရာမှာ သင်တို့
    ထားနိုင်လာက်တယ်လို့ ပြောပါရစေ။
  • 1:46 - 1:49
    ဒီတော့ ကျွန်မ ပြောနေစဉ် ဒါကို
    စိတ်မှာစွဲထားပါ။
  • 1:50 - 1:52
    ဒီမှာတော့ အခြေခံနဲ့ စပါမယ်။
  • 1:52 - 1:54
    အကြောင်းက ဒါဟာ COVID-19 ဝန်းကျင်က
  • 1:54 - 1:57
    မီဒီယာ ဆူညံမှုထဲမှာ
    ပျောက်ဆုံးသွားပြီလို့ ထင်တာကြောင့်ပါ။
  • 1:57 - 2:02
    ဒါကြောင့် COVID-19 ဟာ
    ကိုရိုနာဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး
  • 2:02 - 2:06
    ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်ရဲ့
    သီးခြား အပိုင်းခွဲတစ်ခုပါ။
  • 2:06 - 2:09
    ဗိုင်းရပ်စ်တွေလိုပဲ ထူးခြားတဲ့
    စရိုက်လက္ခဏာ တချို့ရှိပါတယ်။
  • 2:09 - 2:13
    သူတို့ဟာ မျိုးရိုးဗီဇ ပစ္စည်းအနေနဲ့
    DNA အစား RNA ကို သုံးပြီး
  • 2:13 - 2:16
    ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ
    ဆူးချွန်တွေထဲမှာ ဖုံးသွားတယ်။
  • 2:16 - 2:19
    ဒီဆူးချွန်တွေ ဆဲလ်တွေကို
    ထိုးဖောက်ဖို့ အသုံးပ​ြုကြတယ်။
  • 2:19 - 2:22
    ဒီဆူးချွန်တွေဟာ ကိုရိုနာဗိုင်းရပ်အတွင်းက
    ကိုရိုနာပါ။
  • 2:24 - 2:27
    COVID-19 ကို ဆန်းသစ်တဲ့ ကိုရိုနာ
    ဗိုင်းရပ်အဖြစ် လူသိများတာက
  • 2:27 - 2:31
    ဒီဇင်ဘာမတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ်
    ခြောက်ခုသာ ကြားခဲ့ရလိုပါ။
  • 2:31 - 2:34
    COVID-19 ဟာ ခုနှစ်ခုမြောက်ပါ။
  • 2:34 - 2:35
    ကျွန်မတို့အတွက် အသစ်ပါ၊
  • 2:35 - 2:37
    ၎င်းဟာ ၎င်းရဲ့ ဗီဇ အစဉ်ချကာစ၊
    ၎င်းရဲ့ အမည်ရလာကာစပါ။
  • 2:37 - 2:39
    ဒါကြောင့် ဆန်းသစ်တာပါ။
  • 2:40 - 2:44
    ဆိုးဝါးပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်း
    ရောလက္ခဏာစု SARS ကို မှတ်မိရင်
  • 2:44 - 2:47
    (သို့) အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်း
    ရောလက္ခဏာစု MERS ပေါ့၊
  • 2:47 - 2:49
    ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေပါ။
  • 2:49 - 2:52
    နှစ်ခုစလုံးကို အသက်ရှုလမ်းကြောင်း
    ရောလက္ခဏာစုလို့ ခေါ်တဲ့အကြောင်းက
  • 2:52 - 2:55
    ဒါကိုရိနာဗိုင်းရပ်က လုပ်တာဖြစ်လို့ပါ။
  • 2:55 - 2:57
    ၎င်းတို့ဟာ သင့်အဆုတ်တွေကို ရွေးတယ်။
  • 2:57 - 2:58
    အန်မထုတ်စေဘူး၊
  • 2:58 - 3:00
    မျက်ဆန်တွေကနေ သွေးမထွက်စေဘူး။
  • 3:00 - 3:03
    သင့်ကို သွေးမလွန်စေဘူး။
    သင့်အဆုတ်တွေဆီ သွားတယ်။
  • 3:04 - 3:06
    COVID-19 က ကွာခြားမှုမရှိပါ။
  • 3:06 - 3:10
    ချောင်းခြောက် (သို့) အဖျားတစ်ခုလို အရာကနေ
  • 3:10 - 3:13
    သေလောက်တဲ့ အဓိက အဆုတ်ရောင်ရောဂါ
    အထိ တောက်လျှောက်သွားတဲ့
  • 3:13 - 3:17
    အသက်ရှုဆိုင်ရာ ရောဂါလက္ခဏာ
    အစဉ်တစ်ခုဖြစ်ပေါ်စေပါတယ်။
  • 3:17 - 3:20
    လက္ခဏာ အစဉ်က ဒီရောဂါဖြစ်ပွားမှုကို
    ခြေရာခံဖို့
  • 3:20 - 3:23
    ခက်ခဲလွန်းစေတဲ့ အကြောင်းတွေထဲက
    တစ်ခုပါ။
  • 3:23 - 3:26
    COVID-19 ရတဲ့ လူတွေ အများကြီးဆိုပေမဲ့
  • 3:26 - 3:30
    သိပ် ညင်သာပါတယ်၊ ရောဂါလက္ခဏာတွေက
  • 3:30 - 3:33
    ကျန်းမာရေး စောင့်ရှောက်မှုပေးသူဆီ
    သွားဖို့လောက် မပြင်းဘူး။
  • 3:33 - 3:34
    ဒီစနစ်ထဲမှာ စာရင်းမပြဘူး။
  • 3:34 - 3:38
    အထူးသဖြင့် ကလေးတွေမှာ COVID-19
    နဲ့ပတ်သက်ပြီး သိရှိဖို့ကအလွန်လွယ်ကူပါတယ်။
  • 3:38 - 3:41
    ဒါက ကျွန်မတို့အားလုံး
    ကျေးဇူးတင်သင့်တဲ့ အရာပါ။
  • 3:43 - 3:45
    ကိုရိုနာဗိုင်းရပ်တွေဟာ တိရစ္ဆာန်မှ
    ကူးတဲ့ရောဂါပါ။
  • 3:45 - 3:49
    ဆိုလိုတာက တိရစ္ဆာန်တွေကနေ
    လူတွေကို ကူးစက်တာပါ။
  • 3:49 - 3:53
    တချို့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ COVID-19
    လိုပဲ လူအချင်းချင်းကိုပါ ကူးစက်တယ်။
  • 3:54 - 3:57
    လူအချင်းချင်း ကူးစက်တာတွေက
    ပိုမြန်မြန်၊ ပိုဝေးဝေးရောက်ရှိတယ်၊
  • 3:57 - 3:59
    COVID-19 လိုပါပဲ။
  • 3:59 - 4:03
    တိရစ္ဆာန်မှ ကူးစက်တဲ့ရောဂါတွေကို
    ရှင်းပစ်ဖို့ ခက်ခဲတဲ့အကြောင်းက
  • 4:03 - 4:05
    ၎င်းတို့မှာ တိရစ္ဆာန်
    သိုမှီးရာတစ်ခုရှိလို့ပါ။
  • 4:05 - 4:09
    ဥပမာတစ်ခုက ကြက်ငှက်တုပ်ကွေးရောဂါပါ။
  • 4:09 - 4:12
    အဲဒီမှာ ကြက်ဆင်တွေ၊ ဘဲတွေဖြစ်တဲ့
    မွေမြူးရေး တိရစ္ဆာန်တွေမှာရှိတဲ့
  • 4:12 - 4:14
    ဒီရောဂါကို ရှင်းလင်းလို့ရပေမဲ့
  • 4:14 - 4:18
    နှစ်စဉ် ပြန်ပြန်လာနေတာက ကျွန်မတို့ဆီကို
    ငှက်ရိုင်းတွေက ယူဆောင်လာတာကြောင့်ပါ။
  • 4:18 - 4:19
    ဒီအကြောင်း သိပ်မကြားဖူးကြတာက
  • 4:19 - 4:22
    ကြက်ငှက်တုပ်ကွေးဟာ လူအချင်းချင်း
    မကူးစက်ပေမဲ့
  • 4:22 - 4:27
    ကမ္ဘာတစ်လွှားက ကြက်ဘဲမွေးမြူရေးခြံတွေမှာ
    နှစ်စဉ်ဖြစ်ပွားတာတွေတော့ ရှိတယ်။
  • 4:28 - 4:32
    COVID-19 က တိရစ္ဆာန်တွေဆီကနေ တရုတ်နိုင်ငံ၊
    ဝူဟန်က တောရိုင်းတိရစ္ဆာန် စျေးက
  • 4:32 - 4:35
    လူတွေဆီကို ခုန်ကူးသွားတာက
    ဖြစ်နိုင်ခြေအရှိဆုံးပါ။
  • 4:36 - 4:39
    အခုတော့ ပိုနည်းတဲ့ အခြေခံ အပိုင်းတွေပါ။
  • 4:39 - 4:43
    ဒါက ကျွန်မတို့ မြင်ကြရဦးမယ့် နောက်ဆုံး
    ဖြစ်ပွားမှုကြီးတော့ မဟုတ်ဘူး။
  • 4:43 - 4:48
    ဖြစ်ပွားမှုတွေ ထပ်ရှိနေမှာဖြစ်ပြီး
    ပိုများတဲ့ ကူးစက်ရောဂါတွေ ရှိနေဦးမှာပါ။
  • 4:48 - 4:51
    ဒါက ဖြစ်နိုင်ခြေတစ်ခုမဟုတ်ဘူး၊
    ပြဌာန်းချက်တစ်ခုပါ။
  • 4:51 - 4:54
    ဒါက လူသားတွေအဖြစ်နဲ့ ကျွန်မတို့ဂြိုဟ်နဲ့
    တုံပြန်ဆက်သွယ်ပုံရဲ့
  • 4:54 - 4:57
    အကျိုးဆက်တစ်ခုပါ။
  • 4:57 - 5:00
    လူသားရွေးချယ်မှုတွေဟာ ပိုများတဲ့
    ရောဂါဖြစ်ပွားမှုတွေကို
  • 5:00 - 5:02
    မြင်တွေ့ရတော့မယ့်
    နေရာဆီ ကျွန်မတို့ကို မောင်းပို့နေတယ်။
  • 5:03 - 5:06
    တစ်ပိုင်းက ဥတု ပြောင်းလဲမှုနဲ့
    ကမ္ဘာကို ဗိုင်းရပ်၊ဘက်တီးရီးယားတွေ
  • 5:06 - 5:10
    ပိုနေပျော်အောင်လုပ်တဲ့ ပူနွေးလာတဲ့
    ရာသီဥတုတစ်ခု ဖြစ်ပုံနဲ့ပတ်သက်ပါတယ်။
  • 5:10 - 5:16
    ဒါပေမဲ့ ဂြိုဟ်ပေါ်ကို နောက်ဆုံး မျိုးစိတ်
    ရိုင်းတွေကို တွန်းပို့နေပုံနဲ့ပါ ဆိုင်တယ်။
  • 5:16 - 5:19
    မွေးမြူရေးလုပ်ငန်းအတွက် စျေးပေါတဲ့
    မြေကွက်ရနိုင်ဖို့
  • 5:19 - 5:22
    အမေဇုံ မိုးသစ်တောကို
    မီးရှို့၊ ထွန်ယက်တဲ့အခါ၊
  • 5:22 - 5:26
    နောက်ဆုံးသော အာဖရိကန် ချုံပုတ်ကို
    လယ်ယာမြေတွေအဖြစ် ပြောင်းလိုက်တဲ့အခါ
  • 5:26 - 5:31
    တရုတ်ပြည်က တောရိုင်း တိရစ္ဆာန်တွေဟာ
    မျိုးသုဉ်းတဲ့အထိ အမဲလိုက်ခံရတဲ့အခါ
  • 5:31 - 5:34
    လူသားတွေဟာ အရင်က လုံးဝ ထိတွေ့မှု
    မရှိဖူးတဲ့ တောရိုင်း အုပ်စုတွေနဲ့
  • 5:34 - 5:37
    ထိတွေ့မှု ရှိလာခံ့ပြီး ဒီအုပ်စုတွေမှာ
  • 5:37 - 5:40
    ရောဂါ အမျိုးအစား အသစ်တွေပါလာတယ်။
  • 5:40 - 5:43
    ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊
    ကျွန်မတို့ အသင့်မဖြစ်သေးတာတွေပေါ့။
  • 5:44 - 5:47
    အထူးသဖြင့် လင်းနို့တွေမှာ လူသားတွေကို
    ကူးစက်နိုင်တဲ့ ရောဂါတွေကို
  • 5:47 - 5:49
    လက်ခံတဲ့ ဉာဉ်တစ်ခုရှိတယ်။
  • 5:49 - 5:51
    ဒါပေမဲ့ ဒါလုပ်တဲ့ တိရစ္ဆာန်တွေက
    သူတိုပဲ မဟုတ်ဘူး။
  • 5:52 - 5:57
    ဒီတော့ ဝေးလံခေါင်ပါးတဲ့ နေရာရာတွေကို
    ဝေးလံမှု ပိုနည်းအောင် လုပ်နေသရွေ့တော့
  • 5:57 - 5:59
    ရောဂါဖြစ်ပွားမှုတွေဟာ ဆက်လာနေဦးမှာပါ။
  • 6:00 - 6:05
    ​ရောဂါခြေချုပ်ထားတာ၊ ခရီးသွားကန့်သတ်တာ
    တွေနဲ ရောဂါဖြစ်ပွားမှုကို မတားဆီးနိုင်ဘူး။
  • 6:05 - 6:07
    ဒါက လူတိုင်းရဲ့ ပထမဆုံး စေ့ဆော်မှုပါ။
  • 6:07 - 6:11
    လူတွေ ရွှေ့ပြောင်းတာ တားဆီးကြစို့။
    ရောဂါဖြစ်ပွားတာကို တားဆီးကြစို့။
  • 6:11 - 6:16
    ဒါပေမဲ့ ကောင်းမွန်တဲ့ ရောဂါခြေချုပ်ထားမှု
    နေရာကျဖို့က တကယ့် ခက်တယ်ဆိုတဲ့အချက်ပါ။
  • 6:16 - 6:20
    ခရီးသွား ကန့်သတ်ချက်တွေ ချမှတ်ဖို့က
    တကယ်ခက်ခဲပါတယ်။
  • 6:20 - 6:23
    အမေရိကား၊ တောင်ကိုရီးယားလို ပြည်သူ့
    ကျန်းမာရေးမှာ အရေးတယူ မြှုပ်နှံမှုတွေ
  • 6:23 - 6:25
    လုပ်ထားတဲ့ တိုင်းပြည်တွေမှာတောင်
  • 6:25 - 6:28
    ရောဂါဖြစ်ပွားမှု အမှန်တကယ်
    တားဆီးဖို့ ဒီကန့်သတ်ချက်မျိုးကို
  • 6:28 - 6:30
    အတန်အသင့် မြန်မြန်
    နေရာကျအောင် မလုပ်နိုင်ဘူး။
  • 6:30 - 6:34
    ဒါအတွက် ဆီလျော်တဲ့ အကြောင်းရင်းတွေနဲ့
    ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေရှိတယ်
  • 6:34 - 6:36
    COVID-19 ကို ကြည့်မယ်ဆိုရင်
  • 6:36 - 6:38
    လောလောဆယ် သင်ဟာ ရောဂါစွဲကပ်ပြီး
    လက္ခဏာတွေ မပြတဲ့
  • 6:38 - 6:41
    ကာလတစ်ခု ရှိနိုင်တယ်လို့ ထင်ရတာပါ။
  • 6:41 - 6:43
    ဒါက ၂၄ ရက်လောက်ထိ ကြာနိုင်ပါတယ်။
  • 6:44 - 6:46
    ဒီတော့ လူတွေဟာ ဒီဗိုင်းရပ်စ်နဲ့
    လှည့်လည်သွားနေတယ်၊
  • 6:46 - 6:48
    လက္ခဏာတွေ မပြသဘူး။
  • 6:48 - 6:49
    သူတို့ဟာ ခြေချုပ် ခံရမှာမဟုတ်ဘူး။
  • 6:49 - 6:52
    သူတို့တွေ ခြေချုပ် လုပ်ဖို့လိုတာ
    ဘယ်သူမှ မသိဘူး။
  • 6:54 - 6:59
    ရောဂါခြေချုပ်လုပ်ဖို့နဲ့ ခရီး ကန့်သတ်ချက်
    တွေအတွက် တကယ့် ကုန်ကျစရိတ်တွေရှိတယ်။
  • 6:59 - 7:01
    လူသားတွေဟာ လူမှုရေး သတ္တဝါတွေဖြစ်ပြီး
  • 7:01 - 7:04
    နေရာထဲမှာ သူတို့ကို ထိန်းဖို့ ကြိုးစားတဲ့
    အခါနဲ့ သူတို့ကို
  • 7:04 - 7:06
    ခွဲဖို့ ကြိုးစားတဲ့အခါ ဆန့်ကျင်တတ်ကြတယ်။
  • 7:06 - 7:09
    အီဘိုလာ ဖြစ်ပွားမှုမှာ မြင်ခဲ့တာက
  • 7:09 - 7:12
    နေရာမှာ ရောဂါခြေချုပ်ထားဖို့ လုပ်တာနဲ့
    လူတွေဟာ
  • 7:12 - 7:14
    ဒါကို ရှောင်ရှားဖို့ စကြိုးစားတော့တာပဲ။
  • 7:14 - 7:19
    တစ်ဦးချင်း လူနာတွေဟာ တင်းကျပ်တဲ့
    ခြေချုပ် ကျင့်ဝတ်တစ်ခု ရှိတယ်လို့ သိတဲ့အခါ
  • 7:19 - 7:21
    ကျန်းမားရေး စောင့်ရှောက်မှုဆီ
    မသွားလောက်ဘူး။
  • 7:21 - 7:23
    အကြောင်းက ဒီဆေးဘက်ဆိုင်ရာ
    စနစ်ကို ကြောက်လို့
  • 7:23 - 7:24
    (သို့)စရိတ် မတတ်နိုင်လို့၊
  • 7:24 - 7:27
    ပြီးတော့ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့
    အခွဲမခံချင်လို့ပါ။
  • 7:27 - 7:29
    နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေကတော့
  • 7:29 - 7:32
    ရောဂါခြေချုပ်ခံရတော့မယ်လို့ သိတဲ့အခါ
  • 7:32 - 7:34
    ဖြစ်ပွားမှုတွေ၊ ရောဂါတွေအကြောင်း
    ပြောတယ်ဆိုရင်
  • 7:34 - 7:36
    ရောဂါခြေချုပ်ထားမှု ကျင့်ဝတ်တစ်ခုကို
  • 7:36 - 7:38
    အစပျိုးပေးမှာ ကြောက်လို့
    သတင်းမှန်ကို ဖုံးနိုင်တယ်။
  • 7:39 - 7:43
    တကယ်တမ်းကျတော့ ဒီရှောင်ရှားမှုတွေနဲ့
    မရိုသားမှုမျိုးတွေဟာ
  • 7:43 - 7:46
    ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ တကယ့်ကို
    ခက်ခဲအောင်လုပ်တာဆိုတာ အတိအကျပါ။
  • 7:48 - 7:51
    ခြေချုပ်ထားမှုနဲ့ ခရီး
    ကန့်သတ်ချက်တွေမှာ ပိုတော်နိုင်ပြီး
  • 7:51 - 7:53
    ကျွန်မတို့ ပိုတော်သင့်တယ်လေ။
  • 7:53 - 7:54
    ဒါပေမဲ့ ရွေးစရာက ဒါတွေပဲမဟုတ်ဘူး
  • 7:54 - 7:58
    ဒါတွေက ဒီအခြေအနေတွေကို ကိုင်တွယ်ရာမှာ
    အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး။
  • 7:59 - 8:03
    ဖြစ်ပွားမှုတွေကို စိုးရိမ်မှုနည်းအောင်လုပ်
    ဖို့ ရေရှည်လုပ်ရမယ့် နည်းလမ်းအစစ်က
  • 8:03 - 8:06
    နိင်ငံအားလုံးဟာ ဆင်းရဲတဲ့နိုင်ငံတွေတောင်
  • 8:06 - 8:11
    ကူးစက်ရောဂါ အသစ်တွေ စပေါ်လာတဲ့
    အလျင်အမြန် ရှာဖွေ၊ ကုသနိုင်အောင်
  • 8:11 - 8:14
    ကမ္ဘာ့နိုင်ငံတိုင်းက အဓိက ကျန်းမာရေး
  • 8:14 - 8:19
    စောင့်ရှောက်မှု လုပ်ငန်းတွေကို ပံ့ပိုးဖို့
    ကမ္ဘာ့ ကျန်းမာရေးစနစ်တည်ဆောက်ဖို့ပါ။
  • 8:20 - 8:24
    COVID-19 ကို တုံပြန်တာအတွက်
    တရုတ်ပြည်ဟာ ဝေဖန်များစွာ ခံခဲ့ရတယ်။
  • 8:24 - 8:29
    ဒါပေမဲ့ တကယ့်အချက်က COVID-19 ဟာ
    Chad မှာ ပေါ်ခဲ့ရင်ရော။
  • 8:29 - 8:33
    အဲဒီမှာက လူ ၁၀၀၀၀၀ အတွက်
    ဆရာဝန် ၃.၅ ယောက်ပဲရှိတာလေ။
  • 8:33 - 8:36
    ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ
    ပေါ်ခဲ့တယ်ဆိုရင်ရော။
  • 8:36 - 8:40
    ဒီနိုင်ငံရဲ့ နောက်ဆုံး အီဘိုလာ လူနာက
    ကုသမှုကနေ လွတ်မြောက်ကာစပဲရှိသေးတာလေ။
  • 8:40 - 8:43
    အမှန်က ဒီလိုနိုင်ငံတွေမှာ
    ကူးစက်ရောဂါ တစ်ခုကို
  • 8:43 - 8:46
    တုံ့ပြန်ဖို့၊ လူတွေကို ကုသဖို့၊
  • 8:46 - 8:47
    ကျန်တဲ့ ကမ္ဘာကို ကူညီဖို့
  • 8:47 - 8:50
    ဒီအကြောင်းကိုအတော်အသင့် မြန်မြန်
    သတင်းပို့ဖို့ ရင်းမြစ်တွေ မရှိဘူး။
  • 8:52 - 8:57
    ကျွန်မက Sierra Leone က အီဘိုလာ ကုသရေး
    ဗဟိုဌာနတွေရဲ့ အကဲဖြတ်မှုကို ဦးဆောင်ခဲ့တယ်။
  • 8:57 - 8:59
    တကယ့်အချက်က
  • 8:59 - 9:03
    Sierra Leone က ဒေသတွင်း ဆရာဝန်တွေဟာ
    အီဘိုလာ ကပ်ဆိုက်မှုကို အမြန် ရှာတွေ့တယ်။
  • 9:03 - 9:06
    ပထမ အန္တရာယ်ရှိတဲ့၊ ကူးစက်တတ်တဲ့၊
    သွေးလွန်တတ်တဲ့ ဗိုင်းရပ်စ်တစ်ခု၊
  • 9:06 - 9:09
    နောက်တော့ အီဘိုလာအဖြစ်နဲ့ပါ။
  • 9:09 - 9:13
    ဒါပေမဲ့ တွေ့ရှိပြီးဖြစ်ပေမဲ့ သူတို့မှာ
    တုံ့ပြန်ဖို့ ရင်းမြစ်တွေ မရှိခဲ့ဘူး။
  • 9:13 - 9:16
    ဆရာဝန်တွေ၊ ဆေးရုံခုတင်တွေ
    အလုံအလောက် မရှိခဲ့ဘူး။
  • 9:16 - 9:19
    အီဘိုလာ ကုသပုံနဲ့ ကူးစက်မှု
    ထိန်းချုပ်တာ အကောင်အထည်ဖော်ဖို့
  • 9:19 - 9:21
    လုံလောက်တဲ့ သတင်းအချက်အလက် မရှိခဲ့ဘူး။
  • 9:22 - 9:27
    Sierra Leone မှာ အီဘိုလာနဲ့
    ဆရာဝန် ၁၁ ယောက် သေဆုံးခဲ့တယ်။
  • 9:27 - 9:31
    ကပ်ဆိုက်မှု စစဉ်က တိုင်းပြည်မှာ
    အယောက် ၁၂၀ ပဲရှိတာပါ။
  • 9:31 - 9:33
    ဆန့်ကျင်ဘက်အနေနဲ့
  • 9:33 - 9:37
    Dallas Baylor Medical Center မှာ
    သမားတော် ၁၀၀၀ ကျော် ခန့်ထားပါတယ်။
  • 9:38 - 9:41
    ဒါတွေက လူတွေကို သေစေတဲ့
    မညီမျှမှုမျိုးတွေပါ။
  • 9:41 - 9:44
    ပထမ ရောဂါဖြစ်ပွားမှုတွေ စတဲ့အခါ
    ဒါတွေက ဆင်းရဲသားတွေကို သေစေပြီး
  • 9:44 - 9:46
    နောက်တော့ ရောဂါဖြစ်ပွားမှု ပျံ့သွားတဲ့အခါ
  • 9:46 - 9:48
    ကမ္ဘာတစ်လွှားက လူတွေကို သေစေတယ်။
  • 9:48 - 9:51
    ဖြစ်ပွားမှုတွေ နှေးစေပြီး
    ဒါတွေရဲ့ သက်ရောက်မှုကို
  • 9:51 - 9:52
    အနည်းဆုံးဖြစ်အောင် လုပ်ချင်ရင်
  • 9:52 - 9:55
    ကမ္ဘာ့နိုင်ငံတိုင်းမှာ
    ရောဂါသစ်တွေ ရှာဖွေ၊ ကုသပြီး
  • 9:55 - 9:59
    သတင်းအချက်အလက် မျှဝေနိုင်အောင်
  • 9:59 - 10:02
    ဒါတွေအကြောင်း သတင်းပို့ နိုင်စွမ်းရှိတာ
    သေချာစေဖို့လိုတယ်။
  • 10:04 - 10:08
    COVID-19 ဟာ ကျန်မာရေး စနစ်မှာ
    ဧရာမ ဝန်ထုတ်တစ်ခု ဖြစ်တော့မှာပါ။
  • 10:08 - 10:10
    ဒီဟောပြောချက်မှာ သေဆုံးမှုနှုန်း
    အကြောင်း ပြောမှာမဟုတ်ဘူး။
  • 10:10 - 10:15
    ပြောရရင် လက်ရှိ COVID-19 သေဆုံးမှုနှုန်း
    အပေါ် ဘယ်သူမှ သဘောတူနိုင်မှာ မဟုတ်လို့ပါ။
  • 10:15 - 10:17
    ဒါပေမဲ့ ကျွန်မတို့သဘောတူနိုင်တဲ့
    ကိန်းတစ်ခု
  • 10:17 - 10:21
    COVID-19 ကူးစက်ခံရသူ ၂၀ % ခန့်ဟာ
  • 10:21 - 10:23
    ဆေးရုံတက်ဖို့ လိုမယ်ဆိုတာပါ။
  • 10:23 - 10:28
    ကျွန်မတို့ရဲ့ US ဆေးဘက်ဆိုင်ရာ စနစ်က
    ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ရုံလေးပါ။
  • 10:28 - 10:30
    ဒါပေမဲ့ မက္ကစီကိုမှာ ဘာဖြစ်သွားမလဲ။
  • 10:31 - 10:34
    COVID-19 က ကျွန်မတို့ ကမ္ဘာ ကျန်းမာရေး
    ထောက်ပံ့မှု ကွင်းဆက်တွေမှာရှိတဲ့
  • 10:34 - 10:37
    တကယ့် အားနည်းချက်ကိုလည်း
    ထုတ်ဖော်ပြထားတယ်။
  • 10:37 - 10:42
    အခြေအနေတွေ ကောင်းနေစဉ်မှာ LEAN
    စနစ်တွေကို အချိန်မီ မှာတာက ကောင်းပေမဲ့
  • 10:42 - 10:46
    အကျပ်အတည်းကာလမှာတော့ ဆိုလိုတာက
    ကျွန်မတို့မှာ အရန်ထားတာတွေ မရှိတာပါ။
  • 10:46 - 10:50
    ဆေးရုံတစ်ရုံ (သို့) နိုင်ငံတစ်နိုင်ငံဟာ
    မျက်နှာစည်းတွေ (သို့) တစ်ကိုယ်ရေသုံး
  • 10:50 - 10:52
    ကာကွယ်ရေး ပစ္စည်း ပြတ်လပ်သွားရင်
  • 10:52 - 10:56
    ကျွန်မတို့ ထပ်ပြီးသွားယူနိုင်တဲ့
    ဘူးတွေနဲ့ ပြည့်နေတဲ့ ကုန်လှောင်ရုံမရှိဘူး။
  • 10:56 - 10:59
    ပေးသွင်းသူဆီကနေ ထပ်မှာပြီး
    ဒါကို သူတို့ ထုတ်လုပ်ဖို့ စောင့်ရတယ်။
  • 10:59 - 11:03
    ဒါကို ပို့ပေးဖို့ စောင့်ဖို့လိုတယ်။
    ယေဘုယျကတော့ တရုတ်ပြည်ကပါ။
  • 11:03 - 11:07
    အလျင်အမြန် ရွေ့ဖို့က အရေးကြီးဆုံးဖြစ်
    တဲ့အခါ တစ်ကြိမ်မှာ ကြားချိန်တစ်ခုရှိတယ်။
  • 11:08 - 11:12
    COVID-19 အတွက် ပြည့်ပြည်စုံစုံ
    ပြင်ဆင်ထားခဲ့တယ်ဆိုရင်
  • 11:12 - 11:15
    တရုတ်ဟာ ဖြစ်ပွားမှုကို
    ပိုမြန်မြန် ရှာတွေခဲ့မှာပေါ့။
  • 11:16 - 11:19
    အဆောက်အအုံသစ်တွ တည်ဆောက်စရာ
    မလိုဘဲ ကူးစက်ခံရသူတွေအတွက်
  • 11:19 - 11:22
    စောင့်ရှောက်မှု
    ပေးဖို့ အသင့်ဖြစ်ခဲ့မှာပေါ့။
  • 11:22 - 11:25
    တရုတ်ပြည်က လူမှု မီဒီယာတွေပေါ်မှာ
    ပျံ့နှံ့နေတဲ့ ပေါက်ကရ ကောလာဟလတွေကို
  • 11:25 - 11:29
    ကျွန်မတို့ မမြင်အောင် နိုင်ငံသားတွေနဲ့
    ရိုးသားတဲ့ သတင်းကို မျှဝေပေးခဲ့မှာပေါ့။
  • 11:29 - 11:33
    အမျိုးသား ကျန်းမာရေး စနစ်တွေဆီ
    စတင် သတင်းပို့ပြီး ဗိုင်းရပ်စ် ပျံ့တဲ့အခါ
  • 11:33 - 11:36
    အသင့်ဖြစ်နေဖို့ ကမ္ဘာ့ ကျန်းမာရေး
  • 11:36 - 11:38
    အာဏာပိုင်တွေနဲ့
    သတင်းအချက်အလက် မျှဝေခဲ့မှာပေါ့။
  • 11:39 - 11:41
    အမျိုးသား ကျန်းမာရေး စနစ်တွေဟာ
    လိုအပ်တဲ့ ကာကွယ်ရေး
  • 11:41 - 11:44
    ပစ္စည်းတွေ သိုမှီးပြီး ကုသမှု၊
    ကူးစက်မှု ထိန်းချုပ်ရာမှာ
  • 11:44 - 11:47
    ကျန်းမာရေး စောင့်ရှာက်မှု ပေးသူတွေကို
    လေ့ကျင့်ပေးခဲ့ကြမှာပေါ့။
  • 11:48 - 11:52
    ဖြစ်တဲ့အခါ လုပ်ဖို့လိုတာအတွက် ကျွန်မ
    တို့မှာ သိပ္ပံအခြေပြု ကျင့်ဝတ်တွေရှိတယ်။
  • 11:52 - 11:55
    ဥပမာ ကူးစက် လူနာတွေပါတဲ့
    အပျော်စီး သင်္ဘောတွေပေါ့။
  • 11:55 - 11:59
    နေရာတိုင်းက လူတွေဆီရောက်တဲ့
    သတင်းအချက်အလက်မှန်ရှိမှာဆိုတော့
  • 11:59 - 12:03
    သူစိမ်းကြောက်ရောဂါလို ကသိကအောက်၊
    အရှက်ရစရာ အဖြစ်တွေရှိမှာ မဟုတ်ဘူး။
  • 12:03 - 12:08
    ဥပမာ၊ အာရှပုံပေါက်တဲ့ လူတွေ Philadelphia
    က လမ်းတွေပေါ်မှာ တိုက်ခိုက်ခံရတာမျိုး။
  • 12:08 - 12:12
    ဒါပေမဲ့ ဒါအားလုံး နေရာကျတယ်ဆိုတာတောင်
    ရောဂါဖြစ်ပွားမှုတွေ ရှိနေဦးမှာပါ။
  • 12:13 - 12:16
    ဒီဂြိုဟ်ကို ယူထားပုံနဲ့ဆိုင်တဲ့
    လုပ်နေတဲ့ရွေးချယ်မှုတွေက
  • 12:16 - 12:18
    မရှောင်နိုင်တာကို ဖြစ်စေတာပါ။
  • 12:19 - 12:24
    COVID-19 အပေါ် ကျွမ်းကျင်တဲ့
    အများသဘောတစ်ခုရှိသမျှက ဒါပါပဲ။
  • 12:24 - 12:26
    ဒီ အမေရိကနဲ့ တစ်ကမ္ဘာလုံးပါ၊
  • 12:26 - 12:29
    ပိုကောင်းမလာခင်တော့ ပိုဆိုးလာတော့မှာပါ။
  • 12:29 - 12:32
    ခရီးကနေ ပြန်လာတာမဟုတ်တဲ့
    လူလူချင်းကူးစက်မှုရဲ့
  • 12:32 - 12:34
    ရောဂါတွေ တွေ့နေပါတယ်။
  • 12:34 - 12:36
    ဒါတွေက လူစုထဲမှာ စဖြစ်နေတာပါ။
  • 12:36 - 12:38
    ကူးစက်မှုက ဘယ်ကနေ လာတာကိုတောင် မသိခင်
  • 12:38 - 12:41
    COVID-19 ကူးစက်ခံရတဲ့သူတွေ တွေ့နေပါတယ်။
  • 12:41 - 12:44
    ပိုဆိုးလာနေတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုရဲ့
    လက္ခဏာတွေ ရှိတယ်။
  • 12:44 - 12:46
    ထိန်းချုပ်မှုအောက်မှရှိတဲ့
    ဖြစ်ပွားမှုတစ်ခု မဟုတ်ဘူး။
  • 12:49 - 12:52
    ဒါက စိတ်ပျက်စရာဆိုပေမဲ့
    အံ့ဩစရာတော့ မဟုတ်ဘူး။
  • 12:53 - 12:57
    ကမ္ဘာ့ကျန်မာရေး ပညာရှင်တွေ ဗိုင်းရပ်သစ်ရဲ့
    စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပြောတဲ့အခါ
  • 12:57 - 13:00
    ဒါက ကျွန်မတို့ ကြည့်တဲ့
    စိတ်မှန်းဖြစ်နိုင်ခြေတစ်ခုပါ။
  • 13:00 - 13:02
    ကျွန်မတို့ အလွယ် လွတ်သွားဖို့
    အားလုံး မျှော်လင့်တယ်။
  • 13:02 - 13:06
    ဒါပေမဲ့ ပညာရှင်တွေ ဗိုင်းရပ်စပ်ပိုင်း
    အစီအစဉ်ကို ပြောကြတဲ့အခါ
  • 13:06 - 13:10
    ဒီလို အခြေအနေတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်
    ရွေ့သွားဖို့ သူတို့ မျှော်လင့်ကြပုံပါ။
  • 13:11 - 13:14
    ကိုယ်ပိုင် အကြံပေးချက်နဲ့
    ဒီမှာ နိဂုံးချုပ်ချင်ပါတယ်။
  • 13:15 - 13:16
    သင့်လက်တွေကို ဆေးပါ။
  • 13:17 - 13:19
    လက်တွေ များများဆေးပါ။
  • 13:19 - 13:23
    သင်တို့ဟာ ရွံစရာမဟုတ်တာကြောင့်
    လက်များများ ဆေးတယ်ဆိုတာ သိပြီးသားပါ။
  • 13:23 - 13:25
    ဒါပေမဲ့ လက်တွေကို ပိုပြီးတောင်
    ဆေးလိုက်ပါဦး။
  • 13:25 - 13:29
    လက်တွေ ဆေးဖြစ်စေဖို့ သင့်ဘဝထဲမှာ
    အချက်ပြမှုတွေ၊ အကျင့်တွေ သတ်မှတ်ပါ။
  • 13:29 - 13:32
    အဆောက်အဦတစ်ခုကို ဝင်တိုင်း၊
    ထွက်တိုင်း လက်တွေကို ဆေးပါ။
  • 13:32 - 13:35
    အစည်းအဝေးတစ်ခု ဝင်တဲ့၊ ထွက်တဲ့အခါ
    လက်တွေကို ဆေးပါ။
  • 13:35 - 13:38
    လက်ဆေးခြင်းတစ်ခွင်မှာ အခြေခံတဲ့
    အကျင့်ဖြစ်ပါစေ။
  • 13:39 - 13:41
    သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။
  • 13:41 - 13:44
    သင်ဟာ သင့်ရဲ့ ညစ်ပတ်ပြီး ဆေးကြောမထားတဲ့
    လက်တွနဲ့ တစ်ချိန်လုံး ထိတွေနေတာပါ။
  • 13:44 - 13:47
    ဒါကို သန့်စင်ခန်းထဲကို
    ယူသွားတာ သိတယ်နော်။
  • 13:47 - 13:48
    (ရယ်သံများ)
  • 13:50 - 13:52
    ဒီတော့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။
  • 13:52 - 13:55
    လူကြားထဲမှာ မကြာခဏ မသုံးမိဖို့
    ထည့်သွင်းစဉ်းစားပါ။
  • 13:55 - 13:58
    TikTok နဲ့ Instagram က အိမ်မှာပဲ
    လုပ်တာတွေ ဖြစ်လောက်တယ်မို့လား။
  • 13:59 - 14:01
    သင့်မျက်နှာကို မထိပါနဲ့။
  • 14:02 - 14:03
    မျက်လုံးတွေကို မပွတ်ပါနဲ့။
  • 14:03 - 14:05
    လက်သည်းတွေ မကိုက်ပါနဲ့။
  • 14:05 - 14:07
    နှာခေါင်းကို လက်ဖမိုးနဲ့ မသုတ်ပါနဲ့။
  • 14:07 - 14:09
    ဆိုလိုတာက ဒါကို လုံးဝ
    မလုပ်ပါနဲ့။ရုပ်ပေါက်တယ်လေ။
  • 14:09 - 14:11
    (ရယ်သံများ)
  • 14:11 - 14:13
    နှာခေါင်းစည်း မဝတ်ပါနဲ့။
  • 14:13 - 14:16
    နှာခေါင်းစည်း တွေဟာ ဖျားနာသူတွေနဲ့
    ကျန်းမာရေး စောင့်ရှောက်သူတွေအတွက်ပါ။
  • 14:16 - 14:20
    သင် နေမကောင်းရင် နှာခေါင်းစည်းက
    ချောင်းဆိုးတာ၊ နှာချေတာကို ထိန်းပေးပြီး
  • 14:20 - 14:22
    သင့်ဝန်းကျင်က လူတွေကို ကာကွယ်ပေးတယ်။
  • 14:22 - 14:24
    သင်ဟာ ကျန်းမာရေး စောင့်ရှောက်သူဆိုရင်
  • 14:24 - 14:26
    နှာခေါင်းစည်းးက တစ်ကိုယ်ရေ ကာကွယ်မှု
  • 14:26 - 14:29
    ပစ္စည်းလို့ခေါ်တဲ့ ကိရိယာအစုထဲက
    ကိရိယာတစ်ခုပါ။
  • 14:29 - 14:31
    လူနာကို စောင့်ရှောက်ပြီး
    သင့်ကိုယ်သင် ကာကွယ်နိုင်အောင်
  • 14:31 - 14:33
    သုံးဖို့ သင့်ကို သင်ကြားပေးထာတာလေ။
  • 14:33 - 14:36
    သင်ဟာ ပုံမှန် ကျန်းမာသူတစ်ဦးဆိုရင်
    နှာခေါင်းစည်း ဝတ်တာက
  • 14:36 - 14:39
    သင့်မျက်နှာကို ချွေးထွက်အောင်
    လုပ်နေတာ သက်သက်ပဲ။
  • 14:39 - 14:40
    (ရယ်သံများ)
  • 14:40 - 14:42
    ဆရာဝန်တွေ၊ သူနာပြုတွေနဲ့
  • 14:42 - 14:45
    ဖျားနာသူတွေအတွက် စတိုးဆိုင်တွေမှာ
    နှာခေါင်းစည်းတွေ ထားခဲ့ပါ။
  • 14:46 - 14:48
    သင့်မှာ COVID-19 ရောဂါ
    လက္ခဏာတွေ ရှိတယ်ထင်ရင်
  • 14:48 - 14:51
    အိမ်မှာနေပါ၊ အကြံဉာဏ်အတွက်
    ဆရာဝန်ခေါ်ပါ။
  • 14:52 - 14:54
    သင့်မှာ COVID-19 တွေ့ရှိတယ်ဆိုရင်
  • 14:54 - 14:57
    ယေဘုယျအနေနဲ့ ဒါဟာ သိပ်မပြင်းထန်
    ဘူးဆိုတာ သတိရပါ။
  • 14:57 - 14:59
    သင်ဟာ ဆေးလိပ်သောက်သူဆိုရင်
  • 14:59 - 15:02
    အခုက ဆေးလိပ်ဖြတ်ဖို့
    အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ အချိန်ပါ။
  • 15:02 - 15:04
    ဆိုလိုတာက သင်ဟာ ဆေးလိပ်သောက်သူဆိုရင်
  • 15:04 - 15:07
    အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး
    ဖြစ်နိုင်ရှိတဲ့ အချိန်ဆိုတာက အမြဲပါ။
  • 15:07 - 15:10
    ဒါပေမဲ့ သင်ဟာ ဆေးလိပ်သောက်ပြီး
    COVID-19 ကို ပူပန်နေတယ်ဆိုရင်
  • 15:10 - 15:14
    ဖြတ်ပစ်ခြင်းက COVID-19 ရဲ့ အဆိုးဆုံး
    သက်ရောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်ဖို့
  • 15:14 - 15:18
    သင်လုပ်နိုင်တဲ့ အကောင်းဆုံးဟာ
    အသေအချာပါလို့ ကျွန်မ အာမခံတယ်။
  • 15:19 - 15:22
    ကျွန်မတို့ သတင်းအတော်များများဟာ
  • 15:22 - 15:26
    ထိတ်လန့်စရာ လိုမျိုးဖြစ်တဲ့အခါ
    COVID-19 ဟာ ထိတ်လန့်စရာပါ။
  • 15:27 - 15:32
    ဒါကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အတော်
    ဆိုးပေမဲ့ နှစ်သက်ဖွယ် ရွေးစရာတွေရှိတယ်။
  • 15:32 - 15:37
    ထိတ်လန့်မှု၊သူစိမ်းကြောက်မှု၊ ဟင်းလင်းပြင်
    ကြောက်လန့်မှု၊ အာဏာရှင်ဆန်မှု၊
  • 15:37 - 15:40
    အမုန်း၊ဒေါသနဲ့ အထီးကျန်မှုဟာ
    ရောဂါဖြစ်မှုတွေအတွက်
  • 15:40 - 15:44
    အဖြေလို့ ကျွန်မတို့ကို တွေးမိအောင်လုပ်တဲ့
    ပေါ့ပြက်ပြက်ထားတဲ့ လိမ်ညာမှုတွေပါ။
  • 15:44 - 15:47
    ဒါပေမဲ့ ဒါတွေ မဟုတ်ပါဘူး၊ ဒါတွေက
    ကျွန်မတို့ကို ပြင်ဆင်မှု ပိုနည်းစေတယ်။
  • 15:48 - 15:52
    ငြီးငွေ့စရာကောင်းပေမဲ့
    အသုံးကျတဲ့ ဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ
  • 15:52 - 15:55
    အသုံးပြုနိုင်တဲ့ ရွေးချယ်စရာ တစ်စုံရှိတယ်။
  • 15:55 - 15:58
    ဒီမှာနဲ့နေရာတိုင်းမှာ ကျန်းမာရေး
    စောင့်ရှောက်မှု တိုးတက်အောင်လုပ်တာတွေ
  • 15:58 - 16:02
    ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံနဲ့
    ရောဂါသစ်လာချိန်ကို သိနိုင်ဖို့
  • 16:02 - 16:04
    ရောဂါ စောင့်ကြပ်ရေးမှာ ရင်းနှီးမြှုပ်နှံပါ။
  • 16:04 - 16:07
    ကမ္ဘာတစ်လွှားမှာ
    ကျန်းမာရေး စနစ်တွေ တည်ဆောက်ခြင်းပါ။
  • 16:07 - 16:09
    အရေးပေါ်အခြေအနေတွေအတွက်
    အသင့်ဖြစ်ဖို့
  • 16:09 - 16:11
    ထောက်ပံ့ရေး အစဉ်တန်းတွေ
    အားဖြည့်တာကို ကြည့်တာပါ။
  • 16:11 - 16:16
    ပြီးတော့ ရောဂါ ဖြစ်ပွားမှုတွေနဲ့ မျက်ကန်း
    ထိတ်လန့်မှုမပါတဲ့
  • 16:16 - 16:18
    စွန့်စားမှု သင်္ချာအကြောင်း
  • 16:18 - 16:21
    ပြောနိုင်စွမ်းရှိတဲ့ ပိုကောင်းတဲ့ပညာရေးပါ။
  • 16:21 - 16:24
    လူမှုစာနာမှုကနေ လမ်းပြဖို့ လိုအပ်ပါတယ်၊
  • 16:24 - 16:26
    အကြောင်းကတော့ ဒီအခြေအနေမှာ
    အခြားများစွာလိုပဲ
  • 16:26 - 16:29
    စာနာမှုဟာတကယ့်ကို ကျွန်မတို့ရဲ့
    ကိုယ်ကျိုးကြည့်မှုထဲမှာ ရှိနေလို့ပါ။
  • 16:30 - 16:33
    ဒီတော့ ဒီနေ့ နားထောင်
    ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။
  • 16:33 - 16:35
    ပြီးတော့ "ရုံထဲက ထွက်တဲ့အခါ လက်တွေ
  • 16:35 - 16:37
    ဆေးကြပါ" လို့ ပထမဆုံးပြောသူ
    ဖြစ်ခွင့်ရလို့ပါ။
  • 16:37 - 16:39
    (လက်ခုပ်သံများ)
Title:
ကိုရိုနာဗိုင်းရပ်စ်ဟာ ကျုပ်တို့ရဲ့ အနာဂတ်ပါ။ Alanna Shaikh | TEDxSMU
Description:

ကမ္ဘာ့ ကျန်းမာရေး ကျွမ်းကျင်သူ Alanna Shaikh ကနေပြီး ၂၀၁၉ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုရဲ့ လက်ရှိ အခြေအနေအကြောင်းနဲ့ အဲဒီက ရောက်ရှိလာမယ့် ကူးစက်ရောဂါတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို သင်ကြာ။နိုင်တာကို ဟောပြောထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
16:46

Burmese subtitles

Revisions Compare revisions