Burmese subtítulos

← ပြောသူနာမ်စား၊ နာသူနမ်စား၊နှင့် အပြောခံနာမ်စား။ Rebekah Bergman

Obtener código incrustado.
29 idiomas

Mostrar Revisión27 creada 06/28/2020 por sann tint.

  1. 'ကျုပ်ဟာ ကိုယ်ပျောက် လူသားပါ။'
  2. Mrs. Dalloway က သူကိုယ်တိုင်အတွက်
    ပန်းတွေ ဝယ်မယ်လို့ ပြောတယ်။'

  3. 'ခင်ဗျားက Italo Calvino ရဲ့ ဝတ္ထုသစ်ကို
    စဖတ်တော့မယ်ပေါ့။'

  4. ဒီအဖွင့် စာကြောင်းသုံးကြောင်းတွေဟာ
    Ralph Ellisonရဲ့ "Invisible Man"

  5. Virginia Woolf ရဲ့ "Mrs. Dalloway"
  6. Italo Calvino ရဲ့
    'If on a winter’s night a traveler' ထဲကပါ။
  7. တစ်ကြောင်းစီဟာ မတူတဲ့ ရှုထောင့်တစ်ခုကို
    သက်သေပြနေတယ်။
  8. ဇာတ်လမ်းတစ်ပုဒ်ကို ဘယ်သူပြောနေလဲ၊
    ဘယ်အမြင်ကနေ ပြောနေလဲဆိုတာတွေက
  9. စာရေးဆရာတစ်ယောက်က ပြုလုပ်တဲ့
    အရေးပါတဲ့ ရွေးချယ်မှုတွေပါ။
  10. ဇာတ်လမ်း တစ်ပုဒ်ကို မတူတဲ့ ရှုထောင့်တစ်ခု
    ကနေ ပြောပြရင် လုံးဝ ပြောင်းလဲသွားနိုင်တယ်။
  11. ဒီပုံပြင်ကို ကြည့်ပါ။

  12. "Rapunzel ရေ Rapunzel ရေ၊ မင်းရဲ့ ဆံပင်ကို
    ဖြန့်ချလိုက်ပါ" လို့ မင်သားက ပြောတယ်။
  13. Rapunzel က သူ့ဆံပင်ကို ဖြေချလိုက်ပြီး
    ပြတင်းပေါက်ကနေ လွှဲချပေးလိုက်တယ်။
  14. မင်းသားက ဆံနွယ်တွေကနေ
    မျှော်စင်ထဲကို တွယ်တက်သွားတယ်။
  15. ဇာတ်ကြောင်းပြောသူက ဇာတ်လမ်း အပြင်ကနေ
    Rapunzel ကို ထုံးစံအတိုင်း ဒီလို ပြောတယ်၊
  16. ဒီရှုထောင့်ကို အပြောခံ
    နာမ်စားလို့ ခေါ်တယ်။
  17. ဒါပေမဲ့ Rapunzel ကို ဇာတ်လမ်းထဲက
    ဇာတ်ကောင်တစ်ယောက်ပါလို့ ပြောလို့ရတယ်။

  18. ပြောသူ နာမ်စား ဇာတ်ကောင်ပါ။
  19. Rapunzel ရဲ့ ဆံခွေတွေရဲ့ နောက်မြီးက
    ကျွပ် ခြေထောက်မှာ ပလုံခနဲကျလာတယ်။
  20. ကျုပ် ဆွဲယူလိုက်ပြီး စတင်တွယ်တက်တယ်၊ အား။
  21. ကိုယ့်ဘာသာ ရှုပ်နေတာ ရှင်းမရခဲ့ဘူး။
  22. ဆံခြည်မျှင်တွေ ကျုပ် တစ်ကိုယ်လုံးအပေါ်
    ပြုတ်ထွက်လာတယ်၊ ချွေးမှာ ငြိနေတယ်။
  23. ပြောသူ နာမ်စား ဇာတ်ကြောင်းမှာ
    ဇာတ်လမ်းဟာ ဘယ်ဇာတ်ကောင်က

  24. ဇာတ်ကြောင်းပြောသူဆိုတာကို မူတည်ပြီး
    သိသိသာသာ ပြောင်းလဲသွားနိုင်တယ်။
  25. Rapunzel က မင်းသားအစား
    ဇာတ်ကြောင်းပြောတယ် ဆိုပါစို့။
  26. တွေးမိတာက ၂၅ ပေ ဆံပင်ကို ဖြေဖို့ ဘယ်လောက်
    ကြာတာကို သူနှစ်သက်တယ်လို့မျှော်လင့်တယ်။
  27. ဟပ်ချိုး၊ ကျွန်မ အမှန် ပြောမယ်၊ ဦးရေဟာ
    ဦးခွံကနေ ဆန့်ထွက်လာမယ်လို့ ကျွန်မထင်တယ်။
  28. "နည်းနည်း မြန်မြန် တွယ်တက်လို့ ရလား"
    လို့ ကျွန်မ အော်လိုက်တယ်။
  29. နာသူ နမ်စားမှာ ဇာတ်ကြောင်းပြောသူက
    ဇာတ်လမ်းကို စာဖတ်သူကို ဦးတည်တယ်။

  30. သူက သင့်နာမည်ကို ခေါ်တယ်။
    သင့်ဆံပင်ကို ဖြန့်ချစေချင်တယ်။
  31. သင်ဟာ ဆံပင်ကို ဖြေချပြီးပေမဲ့
    သင့်မှာ လာကြည့်သူ သိပ်မများဘူး။
  32. အပြောခံ နာမ်စား၊ ပြောသူ နာမ်စားနဲ့
    နာသူ နမ်စား အမြင်တွေမှာ

  33. တစ်ခုစီမှာ ထူးခြားတဲ့ ဖြစ်နိုင်ခြေတွေနဲ့
    အကန့်အသတ်တွေ ရှိပါတယ်။
  34. ဒီတော့ သင့်ဇာတ်လမ်းအတွက် ရှုထောင့်
    တစ်ခုကို သင် ဘယ်လို ရွေးချယ်နိုင်လဲ။
  35. ကန့်သတ်မှုတွေဟာ သေချာပေါက်
    မကောင်းတဲ့ အရာတော့ မဟုတ်ဘူး။

  36. ဒါတွေက ဇာတ်လမ်းကိုစူးစိုက်ဖို့(သို့)တချို့
    အပိုင်းတွေကို အသားပေးဖို့ ကူညီနိုင်တယ်။
  37. ဥပမာ
  38. အပြောခံ နာမ်စား ဇာတ်ကြောင်းပြောသူဟာ
    ဇာတ်ကောင်တွေကနေ နည်းနည်း ခွာထားရတယ်။
  39. ဒါပေမဲ့ ဝေးကွာမှု ခံစားချက်တစ်ခုက အရေး
    ပါတဲ့ ဇာတ်လမ်းတွေအတွက် ကောင်းနိုင်တယ်။
  40. အပြောခံ နာမ်စား ဇာတ်ကြောင်းပြောသူကို
    ကန့်သတ်ထားလို့လည်းရတယ်။
  41. ဆိုလိုတာက ဇာတ်ကောင်တစ်ကောင်ရဲ့အတွေး
    တွေနဲ့ ခံစားချက်တွေနဲ​့ နီးနီး ကပ်ထားတာပါ။
  42. (သို့) သူတို့ဟာ နေ့ရာအနှံ့ရှိနိုင်ပြီး
    ဇာတ်ကောင်တွေရဲ့ စိတ်တွေ လူးလာခတ်ပြီး
  43. စာဖတ်သူကို သတင်းအချက်အလက်
    ပိုပြီးပေးနိုင်တယ်။
  44. ပြောသူ နာမ်စား ဇာတ်လမ်းတစ်ပုဒ်က စာဖတ်သူနဲ့
    စာရေးသူကြားမှာ နီးကပ်မှုကို ဖန်တီးတယ်။

  45. ဒါက ဇာတ်ကြောင်းပြောသူရဲ့
    အသိသုတကိုပါ ကန့်သတ်တယ်။
  46. စာဖတ်သူက ဇာတ်ကောင်နဲ့အတူ
  47. သတင်းအချက်အလက်ကို ရှာဖွေစဉ်မှာ
    စိတ်ထင့်မှုကို ဖန်တီးနိုင်တယ်။
  48. ပြောသူ နာမ်စား ဇာတ်ကြောင်းပြောသူဟာ
  49. ဇာတ်ကောင် အတွေ့အကြုံကိ အတိအကျ
    ကိုယ်စားပြုဖို့ သေချာပေါက် မလိုဘူး။
  50. သူတို့ဟာ လှည့်စားတာ (သို့)
    မရိုးမသားတာဖြစ်နိုင်တယ်။
  51. Kazuo Ishiguro ရဲ့ ဝတ္ထု
    "The Remains of the Day" မှာ
  52. ၁၉၅၆ က ဇရာအို ဗြိတိသျှ ဘဏ္ဍာစိုး
    Stevens ဟာ နှစ်များစွာ အမှုထမ်းခဲ့ပေမဲ့
  53. သူ အလုပ်လုပ်ပေးသူရဲ့ ချို့ယွင်းချက်တွေကို
    အသိအမှတ်ပြုဖို့ ပျက်ကွက်တာကို ပြောပြတယ်။
  54. သူ့ဇာတ်လမ်းတွေထဲက ဆို့နင့်အက်ကွဲသံတွေဟာ
    နောက်ဆုံးတော့ သူနေထိုင်တဲယဉ်ကျေးမှုနဲ့
  55. လူတန်းစားစနစ်ရဲ့အသိအမှတ်ပြုဖို့လိုတဲ့
    အားနည်းချက်တွေဆီ
  56. စာဖတ်သူကို ဆွဲခေါ်သွားတယ်။
  57. Justin Torres ရဲ့ ဝတ္ထုရှည်
    "We the Animals" ဟာ

  58. ဗဟုဝုစ် ပြောသူ နာမ်စား တစ်ခုနဲ့ စတင်တယ်။
  59. 'ငါတို့ဟာ လှမ်းဆွဲတဲ့ လက် ခြောက်ဖက်၊
    ဆောင့်နင်းတဲ့ ခြေခြောက်ဖက် ဖြစ်ခဲ့တယ်။
  60. 'ငါတို့ဟာ ရန်စတစ်ခုထဲမှာ ပိတ်လှောင်ခံရတဲ့
    ညီနောင်တွေ၊ ကောင်လေးတွေ၊ ဘုရင်ငယ်သုံးပါး။"
  61. ဇာတ်လမ်း တစ်စိတ်တစ်ဒေသမှာ
    ကောင်လေးတွေ အရွယ်ရောက်လာပြီး
  62. အခြားသူတွေကနေ ကင်းကွာလာတယ်လို့
    ခံစားမိတဲ့အခါ ရှုထောင့်က
  63. ပြောသူ နာမ်စား ဧကဝုစ်ကို ပြောင်း
    သွားတယ်။ 'ငါတို့' ကနေ 'ငါ' ကိုပါ။
  64. နာသူ နာမ်စားဟာ အတွေ့ရ
    ပိုနည်းတဲ့ ရွေးချယ်မှုတစ်ခုပါ။

  65. နောက်ထပ် 'သင်' ဖြစ်လာဖို့ ရေးသူက ဖတ်သူကို
    မယုံမကြည် မြောနေအောင် လုပ်ဖို့လိုတယ်။
  66. စာဖတ်သူကို ဇာတ်ကောင်တစ်ကောင်ရဲ့
    ရှုထောင့်မှာ ထားခြင်းက
  67. အလျင်လိုမှုနဲ့ စိတ်ထင့်မှုကို
    တည်ဆောက်နိုင်တယ်။
  68. ဒါပေမဲ့ တစ်ခါတစ်ရံကျတော့
  69. နာသူ နမ်စားကို ရည်ရွယ်တာက စာဖတ်သူကို
    ဇာတ်လမ်းနဲ့ ပိုနီးအောင် ဆွဲယူဖို့ထက်
  70. ဇာတ်ကြောင်းပြောသူကို ကိုယ်ပိုင်
    ဇာတ်လမ်းမှ ခွာနေစေဖို့ပါ။
  71. ဒီဖြစ်ရပ်တွေမှာ
  72. နာသူ နာမ်စား ဇာတ်ကြောင်းပြောသူတွေဟာ 'ငါ'
    ဆိုတာထက် 'သင်'လို့ ကိုယ်တိုင်ရည်ညွှန်းတယ်။
  73. စာရေးသူတွေဟာ ရှုထောင့်အပေါ် မူကွဲ
    အသစ်တွေနဲ့ အမြဲမပြတ် စမ်းသပ်နေလေ့ရှိတယ်။

  74. အသစ်အသစ်သော ပကတိနီးပါးနဲ့
    ပကတိကို ဆပွားထားတဲ့ နည်းပညာတွေဟာ
  75. ဒီစမ်းသပ်မှုအတွက် ဖြစ်နိုင်ခြေတွေကို
    တိုးချဲ့ပေးနိုင်လောက်တယ်။
  76. ပကတိနီးပါး နေရာထဲက ထူးခြားတဲ့ရှုထောင့်
    တစ်ခုမှာ လူတွေကို နေရာချ​ေ​ေပေးခြင်းဖြင့်
  77. ဇာတ်လမ်းတွေကို ကျွန်ုပ်တို့ ပြောပြပုံ၊
    တွေ့ကြုံပုံကို ဘယ်လို ပြောင်းလဲပစ်နိုင်လဲ။