Return to Video

ပိုများများ မြင်ပြီး ပိုနည်းနည်း ဂရုစိုက်စေပုံ။ Georgia O'Keeffe ရဲ့ အနုပညာ။ Iseult Gillespie

  • 0:07 - 0:12
    ညနေခင်း အရောင်တွေ၊ မီးလျှံလို ဖြာနေတဲ့
    အရောင်တွေမှာ ရွှဲစိုနေတဲ့ ပတ္တူစတစ်ချပ်။
  • 0:12 - 0:17
    ရုတ်တရက်ဆို ဒီပန်းချီကားဟာ မဖြစ်နိုင်တဲ့
    စိတ္တဇ ပုံရိပ်တစ်ခုလို့ ထင်ရလောက်တယ်။
  • 0:17 - 0:20
    ဒါပေမဲ့ ပိုအနီးကပ်အကြည့်က
    ရိုးတံနုတွေ၊ စိုပြည်တဲ့ ပွင့်ဖတ်တွေ၊
  • 0:20 - 0:23
    ကတ္တီပါလို အသားရှိတဲ့ နှင်းပန်းတစ်မျိုးကို
    ဖော်ပြနေတယ်။
  • 0:23 - 0:27
    စိတ္တဇ ဂျီဩမေတြီထဲက သဘာဝ
    အကြောင်းအရာ တွေရဲ့ ပင်ကို ပြောင်းလဲမှုဟာ
  • 0:27 - 0:30
    တော်လှန်တဲ့ အမေရိကန် ပန်းချီဆရာမနဲ့
    ပန်းပုပညာရှင်
  • 0:30 - 0:33
    Georgia O’Keeffe ရဲ့ လက်ရာမှာ
    အဆန်းတကြယ်မဟုတ်ပါ။
  • 0:33 - 0:36
    ဒီပြောင်းလဲခြင်းတွေရဲ့ နောက်ကွယ်က
    မှော်ဆန်မှုတွေက
  • 0:36 - 0:39
    ပန်းချီဆရာမ ကိုယ်တိုင်လိုပဲ
    တွေးရခက်ခက် ဖြစ်ကျန်နေတယ်။
  • 0:39 - 0:44
    ၁၈၅၇ မှာ Wisconsin မှာ မွေးခဲ့တဲ့ O’Keeffe
    ဟာ သူ့ရဲ့ ကလေးဘဝကို တောပန်းတွေ ခူးရင်း၊
  • 0:44 - 0:47
    ပန်းချီဆွဲဖို့ သစ်သီးတွေကို
    ပြင်ဆင်ရင်း ကုန်ဆုံးတယ်။
  • 0:47 - 0:52
    ၁၇ နှစ်မှာ နာမည်ကြီးတဲ့ ပန်းချီကျောင်း
    မှာ လေ့လာဖို့ Chicago ကို ပြောင်းခဲ့တယ်။
  • 0:52 - 0:55
    ဆရာတွေက ဥရောပ ပန်းချီကျော်တွေရဲ့
    ထုံးနည်းတွေအတိုင်း သဘာဝကျမှုကို
  • 0:55 - 0:58
    တိတိကျကျ မူပွားဖို့ သူ့ကိုလေ့ကျင့်ပေးတယ်။
  • 0:58 - 1:01
    တစ်ကိုယ်တည်းဖြစ်မှုနဲ့ ဒီလက်ရာရဲ့
    တိကျမှုကို နှစ်သက်ပေမဲ့
  • 1:01 - 1:05
    O’Keeffe ဟာ ဒါနဲ့ တစ်ကိုယ်ရေ
    ဆက်နွယ်မှု မရှိသလောက်ဖြစ်ခဲ့တယ်။
  • 1:05 - 1:09
    New York ကို ပြောင်းလာပြီးနောက်
    ဂျပန် ပန်းချီရဲ့ ရှင်းလင်းတဲ့ မျဉ်းတွေ၊
  • 1:09 - 1:13
    ပေါ်လွင်တဲ့အထားအသိုနဲ့ အရောင်တောက်တောက်
    တွေက သူ့ကို တိုးပြီး ဆွဲဆောင်နေခဲ့တယ်။
  • 1:13 - 1:16
    မကြာခင် O’Keeffe ဟာ စိတ်ဝင်စားမှုတွေကို
    လက်တွေ့ ကျင့်ဖို့
  • 1:16 - 1:18
    စေ့ဆော်ပေးတဲ့ သင်ခန်းစာတွေနဲ့
    ဆရာကို တွေ့တယ်။
  • 1:18 - 1:20
    သူ့ရဲ့ အရင်ဆရာတွေလို မဟုတ်ဘဲ
  • 1:20 - 1:25
    Arthur Wesley Dow က ကျောင်းသားတွေကို
    အလင်း၊ သဏ္ဍာန်၊ အရောင်ရဲ့ စိတ္တဇ
  • 1:25 - 1:27
    သရုပ်ဖော်ချက်တွေကို အာရုံစိုက်ဖို့
    တိုက်တွန်းတယ်။
  • 1:27 - 1:32
    ဒီသင်ခန်းစာတွေက O’Keeffe ရဲ့ ပထမဆုံး
    စိတ္တဇ ပန်းချီ အတွဲမှာ ပေါ်လွင်ခဲ့တယ်။
  • 1:32 - 1:36
    မီးသွေးခဲနဲ့ သရုပ်ဖော်ထားတာတွေက လှိုင်းထ
    နေတဲ့ မျဉ်းတွေရဲ့ အစဉ်အတန်းကိုတင်ပြတယ်။
  • 1:36 - 1:38
    ခပ်နက်နက် ခဲထိုးထားတဲ့ တိမ် အလိပ်လိပ်ပါ။
  • 1:38 - 1:41
    ဒီပန်းချီကားတွေက အလွယ်တကူ
    အမျိုးအစားခွဲခြင်းကို ဖီဆန်တယ်။
  • 1:41 - 1:46
    သဘာဝ နှီးနွယ်မှု တစ်ခုခုနဲ့
    လုံးဝ လိုက်ဖက်မှုမရှိတာကို ညွှန်းတာပါ။
  • 1:46 - 1:49
    ဥရောပ ဂျီဩမေတြီ အစဉ်အလာထဲက
    ပန်ချီဆရာတွေက
  • 1:49 - 1:53
    ပြင်ပ အကြောင်းအရာတွေကို ကောက်နှုတ်ဖို့
    တင်းကျပ်တဲ့ ဂျီဩမေတြီကို အသုံးပြုတယ်။
  • 1:53 - 1:57
    ဒါပေမဲ့ ဒီမှာတော့ O’Keeffe ဟာ သူ့ရင်တွင်း
    ခံစားချက်တွေကို ဖမ်းယူဖို့သဘာဝရဲ့
  • 1:57 - 1:59
    သဏ္ဍာန်တွေနဲ့ စည်းချက်တွေကို
    အသုံးပြုတယ်။
  • 1:59 - 2:02
    ဒီလိုစမ်းသပ်မှုတွေဟာ မကြာခင်မှာ
    American Modernism
  • 2:02 - 2:05
    လို့ခေါ်တဲ့ အနုပညာ လှုပ်ရှားမှုရဲ့
    အုတ်မြစ် ဖြစ်လာခဲ့တယ်။
  • 2:05 - 2:08
    ခေတ်သစ်ပန်းချီကို အနက်ဖွင့်တဲ့
    ဟန်က တစ်သဘောတည်း မဟုတ်ပေမဲ့
  • 2:08 - 2:12
    ၎င်းကို ထောက်ခံအားပေးသူတွေကတော့
    ပန်းချီ ပညာရေးကို ကြီးစိုးထားတဲ့
  • 2:12 - 2:15
    ယထာဘူတ အစဉ်အလာတွေကို စိန်ခေါ်ခဲ့တယ်။
  • 2:15 - 2:17
    ၁၉၁၀ နှောင်းပိုင်းနှစ်တွေ အစမှာ
    ခေတ်သစ် ပန်းချီဟာ
  • 2:17 - 2:20
    မကြာခဏ အမေရိကန် စိတ်သဘောကို စူးစမ်းဖို့
  • 2:20 - 2:23
    ဂျီဩမေတြီ သဏ္ဌာန်တွေနဲ့
    အရောင်အရင့်တွေ သုံးကြတယ်။
  • 2:23 - 2:26
    O’Keeffe ဟာ ဒီစမ်းသပ်မှုတွေထဲကို
    ပစ်ဝင်ခဲ့ပေမဲ့
  • 2:26 - 2:28
    သူ့လက်ရာကို မျှဝေဖို့ကိုတော့
    ဝန်လေးနေခဲ့တယ်။
  • 2:28 - 2:33
    ဒါပေမဲ့ မိတ်ဆွေတစ်ယောက်က သူ့မီးသွေးလက်ရာ
    တွေကို ပန်းချီ ကုန်သည် Alfred Stieglitz ဆီ
  • 2:33 - 2:34
    ပို့တဲ့အခါ ကုန်သည် မှင်တက်မိတယ်။
  • 2:34 - 2:39
    ၁၉၁၆ မှာ New York မှာ ပန်းချီ ပြပွဲကြီး
    တစ်ခုကို သူ စီစဉ်ပေးခဲ့တယ်။
  • 2:39 - 2:42
    ဒါက လူကြိုက်များတဲ့ O’Keeffe ရဲ့
    အသက်မွေးမှု အလုပ် အစနဲ့
  • 2:42 - 2:46
    ၁၉၂၄ မှာ လက်ထပ်ဖို့ ဖြစ်စေခဲ့တဲ့
    ဆက်ဆံရေးတစ်ခုကို သတ်မှတ်ပေးခဲ့တယ်။
  • 2:46 - 2:49
    အိမ်ထောင်က O’Keeffe ရဲ့တစ်ကိုယ်တော်
    အကြိုက်ကို ယုတ်လျော့စေတယ်။
  • 2:49 - 2:51
    သူဟာ သင်ကြားဖို့ ခရီးများစွာ ထွက်ပြီး
  • 2:51 - 2:54
    မကြာခဏ တစ်ကြိမ်လျှင် လနဲ့ချီကာ
    ပန်းချီဆွဲဖို့ သီးခြားနေခဲ့တယ်။
  • 2:54 - 2:57
    Texas ရဲ့ ကျောက်ဆောင်ထူတဲ့ ချောက်တွေ
    South Carolina ရဲ့ တိတ်ဆိတ်တဲ့
  • 2:57 - 3:02
    သစ်တောတွေ (သို) New Mexica နေက အရောင်
    ချွတ်ထားတဲ့ ကန္တာရကို စူးစမ်းတာဖြစ်ဖြစ်
  • 3:02 - 3:06
    သူ့ဖန်တီးမှု လုပ်ငန်းစဉ်က ထုံးတမ်းဓလေ့နဲ့
    အနီးကပ် လေ့လာမှုကို ကို အခြေခံတယ်။
  • 3:06 - 3:09
    သူဟာ အသေးစိတ်ကလေးတွေကို
    စေ့စပ်တဲ့ အာရုံစိုက်မှု ထားပြီး
  • 3:09 - 3:13
    မှန်ကန်တဲ့ အရောင်တွေ အတိအကျ ဖန်တီးဖို့
    ဆေးစပ်ရာမှာ နာရီနဲ့ချီကာကုန်ဆုံးခဲ့တယ်။
  • 3:13 - 3:16
    အကောင်းဆုံး အရောင်အသွေးကို တွေ့တဲ့အခါ
  • 3:16 - 3:19
    သူ့ရဲ့ အမြဲတိုးလာနေတဲ့ လက်လုပ် အရောင်
    ကတ်ပြား အစုထဲမှာ မှတ်တမ်းတင်လေ့ရှိတယ်။
  • 3:19 - 3:23
    O’Keeffe ဟာ မကြာခဏ သတိမမူမိတဲ့
    အရာဝတ္ထုတွေကို အမွှမ်းတင်ဖို့
  • 3:23 - 3:25
    ပကတိအမြင် ရေးဆွဲနည်းနဲ့ စမ်းသပ်တယ်။
  • 3:25 - 3:27
    "Rams Head with Hollyhock" မှာ
  • 3:27 - 3:30
    တိုက်စားခံရတဲ့ ဦးခေါင်းခွံတစ်ခုနဲ့
    အနုစိတ် ပန်းတစ်ပွင့်ကို
  • 3:30 - 3:32
    အောက်ခြေကတောင်ကုန်းတွေရဲ့
    အထက်အမြင့်မှာ ထားပေးတယ်။
  • 3:32 - 3:35
    ဒီဦးခေါင်းခွံကြီးက
    ရှုခင်းကို လွှမ်းမိုးနေတယ်။
  • 3:35 - 3:40
    အရိုးစုကိုရော တောင်တွေကိုပါ သစ်လွင်
    ခြောက်ခြားတဲ့ အလင်းထဲမှာအရိပ်ထိုးနေတယ်။
  • 3:40 - 3:45
    လူတွေဟာ သူ့ရဲ့ ထူးခြားတဲ့အမြင်နဲ့
    သိုဝှက်တဲ့ အပြုအမူရဲ့ ဖမ်းစားတာခံရတယ်။
  • 3:45 - 3:48
    အထူးသဖြင့် သူ့ရဲ့ ဧရာမ ပန်း
    ပန်းချီကားတွေအတွက် ချီးကျူးခံရတာပါ။
  • 3:48 - 3:52
    ရဲရဲတောက် ဘိန်းပန်းတွေကနေ
    တစ္ဆေလိုလို နှင်းပန်းတွေ အထိပါ။
  • 3:52 - 3:56
    Stieglitz နဲ့ အချိန်က အခြား ဝေဖန်သူတွေဟာ
    ဖရွှိုက် စိတ်ပညာကို အရူးအမူးဖြစ်ခဲ့ပြီး
  • 3:56 - 3:59
    ဒီပန်းချီကားတွေကို အမ အင်္ဂါဇာတ်နဲ
    ချက်ချင်း ဆက်စပ်လိုက်ကြတယ်။
  • 3:59 - 4:02
    ဒါပေမဲ့ O’Keeffe က ဒီလို
    အနက်ကောက်မှုတွေကိုပယ်ချတယ်။
  • 4:02 - 4:05
    အနုပညာ လောကကို စိုးမိုးထားတဲ့
    ပုရိသ အမြင်ကို မကျေမချမ်းဖြစ်ကာ
  • 4:05 - 4:07
    သူ့လက်ရာရဲ​့ သဘာဝလောကရဲ့ စိတ်ပိုင်းဆိုင်ရာ
  • 4:07 - 4:10
    လှုံ့ဆော်မှုကို လေးစားကြဖို့
    သူ တောင်းဆိုခဲ့တယ်။
  • 4:10 - 4:13
    နောက်ဆုံးတော့ O’Keeffe ဟာ
    သူအကြိုက်ဆုံး အနုပညာရှင် ခိုလှုံရာ
  • 4:13 - 4:16
    တစ်ခုဖြစ်တဲ့ New Mexico မှာ အခြေချခဲ့တယ်။
  • 4:16 - 4:18
    အသက် ၇၀ လွန်တွေမှာ အမြင်အာရုံ
    စတင် ချွတ်ယွင်းခဲ့ပေမဲ့
  • 4:18 - 4:23
    ရှုခင်းရဲ့ဆန်းကြယ်မှုတွေကို ဆန်းသစ် တွေ့ထိ
    နိုင်တဲ့ ကြားခံတွေမှာ ဆက်တူးဖော်တယ်။
  • 4:23 - 4:27
    O’Keeffe ဟာ အသက် ၉၈ မှာ
    သေသည့်တိုင် ဆက်လက် ဖန်တီးနေပြီး
  • 4:27 - 4:30
    သူ့ကို Mother of American Modernism
    အဖြစ် အမှတ်ရကြတယ်။
  • 4:30 - 4:34
    ဆယ်စုနှစ်တွေဆက်ကာ သူ့လက်ရာက
    ပြင်းထန်တဲ့ စွမ်းအားနဲ့ O’Keeffe ရဲ့
  • 4:34 - 4:36
    ကိုယ်ပိုင် ထူးခြားတဲ့ သွင်ပြင်ကို
    ထိန်းထားတယ်။
Title:
ပိုများများ မြင်ပြီး ပိုနည်းနည်း ဂရုစိုက်စေပုံ။ Georgia O'Keeffe ရဲ့ အနုပညာ။ Iseult Gillespie
Speaker:
Iseult Gillespie
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/how-to-see-more-and-care-less-the-art-of-georgia-o-keeffe-iseult-gillespie တွင် ကြည့်ရှုပါ။

ဂန္ထဝင် လုပ်ရိုးလုပ်စဉ်တွေအတွင်းမှာရှိတဲ့ အနုပညာကို ဖန်တီးခြင်းကနေ အဆက်အသွယ်ပြတ်နေတယ်လို့ ခံစားနေရတဲ့ Georgia O’Keeffe ဟာ အလွယ်တကူ အမျိုးအစားခွဲခြင်းကို ဖီဆန်တဲ့ စိတ္တဇ ပန်းချီတွေနဲ့ စတင် စမ်းသပ်ခဲ့တယ်။ သူ့ရဲ့ စိတ်အတွင်းက လောကကို ဖမ်းယူဖို့ သဘာဝရဲ့ သဏ္ဍာန်တွေနဲ့ စည်းချက်တွေကို အသုံးပြုရင်း ဒီစမ်းသပ် လုပ်ဆောင်မှုတွေဟာ American Modernism လို့ခေါ်တဲ့ လှုပ်ရှားမှုရဲ့ အုတ်မြစ် ဖြစ်လာခဲ့တယ်။ Iseult Gillespie ကနေပြီး အသိရခက်တဲ့ ပန်းချီဆရာမနဲ့ ပန်းပုညာရှင်ရဲ့ လက်ရာတွေကို စူးစမ်းထားပါတယ်။

သင်ခန်းစာကို Iseult Gillespie က ဖန်တီးပြီး Lisa LaBracio က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:38

Burmese subtitles

Revisions