Return to Video

သင့်မှတ်ဉာဏ်တွေ အားလုံးဟာ တကယ်လား။

  • 0:07 - 0:09
    ၁၉၉၀ နှစ်လွန် လေ့လာမှုတစ်ခုမှာ
  • 0:09 - 0:14
    ပါဝင်သူတွေဟာ ကလေးတုန်းက ကုန်တိုက်
    တစ်ခုမှာ လမ်းပျောက်ခဲ့တာကို မှတ်မိကြတယ်။
  • 0:14 - 0:17
    တချို့က ဒီအမှတ်ရမှုတွေကို
    ကွက်ကွက်ကွင်းကွင်း အသေးစိတ် မျှဝေခဲ့ကြတယ်။
  • 0:17 - 0:21
    တစ်ယောက်ကဆို သူ့ကို ကယ်တင်ခဲ့တဲ့
    အဖိုးကြီးဟာ ဖလန်နယ် အင်္ကျီဝတ်ထားတယ်
  • 0:21 - 0:24
    လို့တောင် မှတ်မိတယ်။
  • 0:24 - 0:28
    ဒါပေမဲ့ ဒီလူတွေထဲက ဘယ်သူမှ
    ကုန်တိုက်မှာ လမ်းမပျောက်ခဲ့ပါဘူး။
  • 0:28 - 0:30
    လေ့လာမှု လုပ်ဆောင်တဲ့ စိတ်ပညာရှင်က
  • 0:30 - 0:35
    သူတို့တွေ လမ်းပျောက်ခဲ့တယ်လို့ ပြောတဲ့အခါ
    အဖြစ်ပျက်ကို သူတို့ မမှတ်မိလောက်ပေမဲ့
  • 0:35 - 0:38
    မိဘတွေက ဒါကို အတည်ပြုတဲ့အခါ
    သူတို့တွေက ဒီအမှတ်ရမှု
  • 0:38 - 0:40
    အတုတွေကို ဖန်တီးခဲ့တာပါ။
  • 0:40 - 0:45
    လမ်းပျောက်တာ မှတ်မိတယ်လို့ ထင်သူတွေက
    လူတစ်ယောက်၊ နှစ်ယောက်ပဲ မဟုတ်ဘဲ
  • 0:45 - 0:48
    ပါဝင်သူတွေရဲ့ လေးပုံးတစ်ပုံက ထင်ခဲ့တာပါ။
  • 0:48 - 0:51
    ဒီတွေ့ရှိမှုတွေက မယုံနိုင်စရာ ထင်ရပေမဲ့
  • 0:51 - 0:55
    ဒါတွေက အတွေ့များတဲ့ အတွေ့အကြုံတစ်ခုကို
    တကယ် ထင်ဟပ်စေပါတယ်။
  • 0:55 - 0:58
    ကျွန်ုပ်တို့ မှတ်ဉာဏ်တွေဟာ
    တစ်ခါတစ်ရံ စိတ်မချရပါဘူး။
  • 0:58 - 1:02
    ဘာက ဒီမှားတတ်မှုကို ဖြစ်စေတယ်ဆိုတာကို
    အာရုံကြောဆိုင်ရာ အဆင့်တစ်ဆင့်မှာ
  • 1:02 - 1:04
    တိတိကျကျ မသိသေးပေမဲ့
  • 1:04 - 1:08
    မှတ်ဉာဏ်ဟာ တကယ် ဖြစ်ပျက်ခဲ့တာကနေ
    ကွဲလွဲတဲ့ အတွေ့အများဆုံး နည်းလမ်းတချို့ကို
  • 1:08 - 1:11
    သုတေသနက မီးမောင်းထိုးပြထားတယ်။
  • 1:11 - 1:14
    အခြားလူတွေ၊ သတင်းတွေလို
    ပြင်ပ အရင်းအမြစ်တေွကနေ
  • 1:14 - 1:16
    သတင်းအချက်အလက်ကို
  • 1:16 - 1:18
    ကိုယ်ရေးကိုယ်တာ အမှတ်ရခြင်းတွေအဖြစ်
  • 1:18 - 1:23
    ဒါကို မသိရှိဘဲ ပေါင်းစပ်နိုင်ပုံကို
    ကုန်တိုက် လေ့လာမှုက အသားပေးဖော်ပြတယ်။
  • 1:23 - 1:27
    ဒီနားယောင်လွယ်မှုမျိုးက မှတ်ဉာဏ်တွေမှာ
    ဩဇာလွှမ်းမိုးမှုတစ်ခုပါပဲ။
  • 1:27 - 1:28
    နောက်လေ့လာမှုကိုကြည့်ရင်၊
  • 1:28 - 1:33
    ဒီလေ့လာမှုမှာ သုတေသီတွေက ပါဝင်သူ တစ်စုကို
    ကျပန်း ဓာတ်ပုံ အစုတစ်စုကို
  • 1:33 - 1:34
    အကျဉ်းချုပ် ပြသခဲ့တယ်။
  • 1:34 - 1:40
    သူတို့တွေ တစ်ခါမှ မလည်ပတ်ဖူးတဲ့
    တက္ကသိုလ် ပုရိဝုဏ် ပုံရိပ်တွေ အပါအဝင်ပါ။
  • 1:40 - 1:42
    နောက်သုံးပတ်ကြာတဲ့အခါ ပုံတွေကို ပြသတဲ့အခါ
  • 1:42 - 1:47
    ပါဝင်သူတွေ အများစုက ဒီပရိဝုဏ်ထဲကို
    အတိတ်တုန်းက သွားလည်ခဲ့တာ ဖြစ်နိုင်တယ်၊
  • 1:47 - 1:50
    (သို့) ကျီန်းသေးတယ်လို့ ဆိုကြတယ်။
  • 1:50 - 1:56
    ပါဝင်သူတွေဟာ အခြေအနေတစ်ခုက သတင်း
    အချက်အလက်ကို မှားယွင်းစွာ မှတ်ယူခဲ့တယ်၊
  • 1:56 - 2:01
    မြင်ခဲ့ဘူးတဲ့ ပုံတစ်ပုံကနေ နောက်တစ်ခု၊
    တွေ့ကြုံခဲ့တယ်လို့ ယုံကြည်မှု မှတ်ဉာဏ်ပါ။
  • 2:01 - 2:06
    နောက်ထပ် စမ်းသပ်မှုမှာ လူတွေကို
    မှန်ဘီးလူးတစ်ခုရဲ့ ပုံတစ်ပုံ ပြသခဲ့ပြီး
  • 2:06 - 2:09
    လော်လီပေါ့ တစ်ခုကို
    စိတ်ကူးကြည့်ဖို့ ပြောခဲ့တယ်။
  • 2:09 - 2:14
    မှန်ဘီလူးနဲ့ လော်လီပေါ့ကို မြင်ခဲ့တယ်လို့
    မကြာခဏ သူတို့ မှတ်မိကြတယ်။
  • 2:14 - 2:17
    သူတို့ဟာ ဒါတွေကို တကယ် မြင်ခဲ့တာလား
    (သို့) စိတ်ကူးကြည်ရုံ သက်သက်လားဆိုတဲ့
  • 2:17 - 2:21
    အရာဝတ္ထုတွေကို မှန်ကန်တဲ့
    အခြေအနေနဲ့ ဆက်စပ်ဖို့ ရုန်းကန်ရတယ်။
  • 2:21 - 2:25
    နောက်လေ့လာမှုမှာ စိတ်ပညာရှင်က
    မှတ်ဉာဏ်အပေါ် ဩဇာလွှမ်းမှု
  • 2:25 - 2:29
    နောက်တစ်မျိုးကို အသားပေးတဲ့ ဆေးခြောက်
  • 2:29 - 2:32
    တရားဝင်လုပ်ရေး အမြင်တွေအပေါ်
    လူပေါင်း ၂၀၀၀ ကျော်ကို မေးခဲ့တယ်။
  • 2:32 - 2:38
    ပါဝင်သူတွေက မေးခွန်းတွေကို
    ၁၉၇၃ နဲ့ ၁၉၈၂ မှာ ဖြေဆိုခဲ့တယ်။
  • 2:38 - 2:43
    ၁၉၇၃ ခုနှစ်မှာ ဆေးခြောက် တရားဝင်ဖြစ်မှုကို
    ထောက်ခံတယ်လို့ ဆိုပြီး
  • 2:43 - 2:47
    ၁၉၈၂ မှာ တော့ ဆန့်ကျင်ခဲ့တယ်လို့
    သတင်းပို့သူတွေဟာ
  • 2:47 - 2:53
    ၁၉၇၃ မှာ တရားဝင်ဖြစ်မှုကို တကယ် ဆန့်ကျင်
    တာကို မှတ်မိဖို့ ဖြစ်နိုင်ခြေပိုများတယ်။
  • 2:53 - 2:58
    အမြင်ဟောင်းတွေ လက်ရှိ အမြင်သစ်တွေနဲ့
    တစ်ပြေးညီ ဖြစ်စေခြင်းပါ။
  • 2:58 - 3:01
    ကျွန်ုပ်တို့ရဲ့ လက်ရှိ အမြင်တွေ၊
    ခံစားချက်တွေ၊ အတွေ့အကြုံတွေက
  • 3:01 - 3:05
    အတိတ်မှာ ခံစားခဲ့ရပုံရဲ့ အမှတ်ရမှုတွေကို
    တစ်ဖက်ဖက်ကို ယိမ်းစေနိုင်ပါတယ်။
  • 3:05 - 3:06
    နောက်ထပ် လေ့လာမှုထဲမှာ
  • 3:06 - 3:10
    သုတေသီတွေဟာ ပါဝင်သူတွေရဲ့ အုပ်စုနှစ်စုကို
    သမိုင်းဆိုင်ရာစစ်ပွဲ အကြောင်း
  • 3:10 - 3:17
    နောက်ခံ သတင်းအချက် ပေးပြီး တစ်ဘက်စီက
    အနိုင်ရမယ့် ဖြစ်နိုင်ခြေ သတ်မှတ်ခိုင်းတယ်။
  • 3:17 - 3:19
    အုပ်စုတစ်စုစီကို တူညီတဲ့
    သတင်းအချက်အလက်ပေးတယ်၊
  • 3:19 - 3:24
    ခြွင်းချက်က စစ်ပွဲကို ဘယ်သူ တကယ် နိုင်တဲ့
    အုပ်စုတစ်စုကိုသာ ပြောခဲ့တာပါ။
  • 3:24 - 3:27
    အခြားအုပ်စုကတော့ တကယ့် လက်တွေ့
    ရလဒ်ကို မသိခဲ့ဘူး။
  • 3:27 - 3:31
    သဘောတရားအရ အုပ်စုနှစ်စုစလုံးရဲ့
    အဖြေတွေဟာ တူညီသင့်ပါတယ်။
  • 3:31 - 3:33
    အကြောင်းက တစ်ဘက်စီ နိုင်ခြေက တကယ်
  • 3:33 - 3:36
    နိုင်သူတွေကြောင့် သက်ရောက်မှုမရှိလို့ပါ။
  • 3:36 - 3:40
    မိုးသက်မုန်တိုင်း ဖြစ်နိုင်ခြေ ၂၀% ရှိပြီး
    မိုးသက်မုန်တိုင်းတစ်ခု ဖြစ်တယ်ဆိုရင်
  • 3:40 - 3:45
    မိုးသက်မုန်တိုင်း ဖြစ်နိုင်ခြေက ၁၀၀% ထိ
    နောက်ကြောင်းပြန် တက်မသွားဘူး။
  • 3:45 - 3:48
    ဒါပေမဲ့ စစ်ပွဲ ပြီးဆုံးပုံကို
    သိတဲ့ အုပ်စုက သတ်မှတ်တာက
  • 3:48 - 3:54
    နိုင်တဲ့ဘက်ကိုမသိတဲ့ အုပ်စုထက်
    နိုင်ဖို့ ဖြစ်နိုင်ခြေ ပိုများတယ်။
  • 3:54 - 3:58
    မှတ်ဉာဏ်ရဲ့ ဒီမှားတတ်မှုတွေ အားလုံးဟာ
    လက်တွေ့ လောကကို သက်ရောက်မှု ရှိနိုင်တယ်။
  • 3:58 - 4:04
    ရဲရဲ့ စစ်ဆေးမှုတွေက မျက်မြင် သက်သေတွေ
    သံသယရှိသူတွေနဲ့ ဦးဆောင်မေးခွန်းတွေ သုံးရင်
  • 4:04 - 4:11
    နားယောင်လွယ်မှုက မမှန်တဲ့သက်သေခံမှု(သို့)
    စိတ်မချရတဲ့ ဝန်ခံမှုတွေ ဖြစ်စေနိုင်တယ်။
  • 4:11 - 4:13
    ဦးဆောင်မေးခွန်းတွေ မရှိတာတောင်
  • 4:13 - 4:18
    မှားယွင်းမှတ်ယူခြင်းက မမှန်တဲ့
    မျက်မြင်သက်သေ ထွက်ဆိုချက် ဖြစ်စေနိုင်တယ်။
  • 4:18 - 4:19
    တရားရုံးတစ်ရုံးမှာ
  • 4:19 - 4:22
    တရားသူကြီးက လက်မခံနိုင်တဲ့
    အထောက်အထားတစ်ခုကို ပြဌာန်းပြီး
  • 4:22 - 4:26
    ဂျူရီလူကြီးတွေကို ဒါကို အလေးမထားဖို့
    ပြောရင် သူတို့ ဒီလိုလုပ်နိုင်ဖွယ်မရှိဘူး။
  • 4:26 - 4:30
    ဆေးဘက်ဆိုင်ရာ အနေအထားတစ်ခုမှာ
    လူနာက ဒုတိယ ရွေးချယ်ခွင့်ကို တောင်းခံပြီး
  • 4:30 - 4:34
    ဒုတိယ သမားတော်က ပထမတစ်ခုရဲ့
    ရောဂါစစ်ဆေးချက်ကို သတိမူမိရင်
  • 4:34 - 4:37
    ဒီအသိက သူတို့ရဲ့ သုံးသပ်ချက်ကို
    ဘက်လိုက်စေလောက်တယ်။
  • 4:37 - 4:41
    ကျွန်ုပ်တို့ မှတ်ဉာဏ်တွေဟာ ဒိဌဖြစ်ရပ်ရဲ့
    စွဲမြဲနေတဲ့ ကိုယ်စားပြုမှုတွေ မဟုတ်ဘဲ
  • 4:41 - 4:44
    ဘက်လိုက်တဲ့ အမြင်တွေသာ ဖြစ်ပါတယ်။
  • 4:44 - 4:47
    ဒါနဲ့ပတ်သက်ပြီး သေချာပေါက်
    မှားတာ တစ်ခုမှ မရှိဘူး။
  • 4:47 - 4:51
    အမှတ်ရမှုတွေရဲ့ သဘာဝနဲ့ ပတ်သက်ပြီး
    အခြေခံ အမှန်တရားကို လက်ခံတာထက်
  • 4:51 - 4:53
    မှတ်ဉာဏ်ကို လက်တွေ့အချက်အဖြစ် မှတ်ယူတဲ့အခါ
  • 4:53 - 4:56
    ပြဿနာတွေ ပေါ်လာတာပါ။
Title:
သင့်မှတ်ဉာဏ်တွေ အားလုံးဟာ တကယ်လား။
Speaker:
Daniel L. Schacter
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/are-all-of-your-memories-real-daniel-l-schacter တွင် ကြည့်ရှုပါ။
၁၉၉၀ နှစ်လွန် လေ့လာမှုတစ်ခုမှာ ပါဝင်သူတွေဟာ ကလေးဘဝတုန်းက ကုန်တိုက်တစ်ခုမှာ လမ်းပျောက်ခဲ့တာကို မှတ်မိခဲ့ကြတယ်။ တချို့က ဒီအမှတ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်း အသေးစိတ် မျှဝေခဲ့ကြတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိခဲ့တယ်။ ဒီလူတွေထဲက ဘယ်သူမှ ကုန်တိုက်မှာ လမ်းမပျောက်ခဲ့တာပါ။ သူတို့တွေ လမ်းပျောက်ခဲ့တယ်လို့ စိတ်ပညာရှင်တွေက ပြောဆိုပြီး မိဘတွေက ဒါကို အတည်ပြုပြီးနောက်မှာ သူတို့တွေဟာ ဒီအမှတ်ရမှု အတုတွေကို ဖန်တီးခဲ့တာပါ။ ဒီတော့ ဘာတွေ ဆက်ဖြစ်နေလဲ။ Daniel L. Schacter ကနေပြီး ကျွန်ုပ်တို့ မှတ်ဉာဏ်ရဲ့ မှားတတ်မှုကို စူးစမ်းထားပ်တယ်။
သင်ခန်းစာကို Daniel L. Schacter က ပြုစုပြီး AIM Creative Studios က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:57

Burmese subtitles

Revisions