Return to Video

ကမ္ဘာ့ကပ်ရောဂါ ဘယ်တော့ ပြီးဆုံးမလဲ။

  • 0:06 - 0:10
    ဒီ ကံမကောင်း အကြောင်းမလှစွာ
    ရင်းနှီးနေတဲ့ ဖြစ်စဉ်ကို တွေးကြည့်ပါ။
  • 0:10 - 0:15
    လွန်ခဲ့တဲ့ လများစွာက ကူးစက်မြန်လွန်းတဲ့၊
    တစ်ခါတစ်ခါ သေလောက်တဲ့ အသက်ရှူမှုဆိုင်ရာ
  • 0:15 - 0:18
    ဗိုင်းရပ်စ်တစ်ခုက ပထမဆုံးအကြိမ်
    လူတွေကို ကူးစက်တယ်။
  • 0:18 - 0:21
    ဒီနောက်မှာ ပြည်သူ့ကျန်းမာရေး
    အစီအမံတွေကို ထိန်းချုပ်နိင်တာထက်
  • 0:21 - 0:23
    ရောဂါက ပိုမြန်မြန် တိုးပွားခဲ့တယ်။
  • 0:23 - 0:26
    အခု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က
    ကမ္ဘာ့ကပ်ရောဂါတစ်ခုလို့ ကြေညာထားတယ်။
  • 0:26 - 0:29
    ဒါက တစ်ကမ္ဘာလုံး ပျံ့နေတယ်လို့ ဆိုလိုတာပါ။
  • 0:29 - 0:34
    သေပျောက်တဲ့နှုန်း စတင် တက်လာတော့
    လူတိုင်းက မေးနေတဲ့ တစ်ခုတည်းသော မေးခွန်းက
  • 0:34 - 0:37
    ဒီကမ္ဘာ့ကပ်ရောဂါ ဘယ်တော့
    အဆုံးသတ်မှာလဲ'တဲ့။
  • 0:37 - 0:40
    တစ်ကမ္ဘာလုံးမှာ ကူးစက်မှု
    အများစုကို ထိန်းချုပ်ပြီး
  • 0:40 - 0:43
    ကူစက်မှုနှုန်းတွေ ကျသွားတာနဲ့
  • 0:43 - 0:47
    Who က ကမ္ဘာ့ကပ်ရောဂါ ပြီးဆုံးသွားကြောင်း
    ကြေညာမယ်ဆိုတာ ဖြစ်နိုင်တယ်။
  • 0:47 - 0:53
    ဒါပေမဲ့ အတိအကျ ဘယ်တော့ဆိုတာ ကမ္ဘာ့အစိုးရ
    တွေ နောက်လုပ်ဖို့ ရွေးတာအပေါ် မူတည်တယ်။
  • 0:53 - 0:55
    ရွေးချယ်စရာ သုံးခုရှိပါတယ်။
  • 0:55 - 1:00
    ရောဂါကို ရင််ဆိုင်၊ နှောင့်နှေးစေကာ
    ကာကွယ်ဆေးထိုး (သို့) ချေမှုန်းပစ်ဖို့ပါ။
  • 1:00 - 1:05
    တစ်က အကောင်းဆုံးလို့ ကျယ်ပြန့်စွာ
    ယူဆကြပြီး သင်ထင်တာတော့ မဟုတ်လောက်ဘူး။
  • 1:05 - 1:09
    ပထမအနေနဲ့ အစိုးရတွေနဲ့ ရပ်ရွာတွေဟာ
    ပျံ့ပွားမှုကို ရပ်တန့်အောင် ဘာမှမလုပ်ဘဲ
  • 1:09 - 1:13
    ဒီအစား လူတွေကို အမြန်ဆုံး
    ထိတွေ့ခွင့်ပေးတာပါ။
  • 1:13 - 1:15
    ဗိုင်းရပ်စ်ကို လေ့လာဖို့ အချိန်မရှိဘဲ
  • 1:15 - 1:18
    ဆရာဝန်တွေဟာ လူနာတွေကို
    ကုသနည်း မသိသလောက်ဖြစ်ကာ
  • 1:18 - 1:21
    ဆေးရုံတွေဟာ ချက်ချင်းနီးပါးကို အမြင့်ဆုံး
    ဆံ့နိုင်တဲ့ ပမာဏကို ရောက်သွားတယ်။
  • 1:21 - 1:26
    တချို့နေရာတွေမှာ သန်းချီကနေ သန်းရာချီတဲ့
    လူတွေ သေဆုံးကြတယ်။
  • 1:26 - 1:30
    ဗိုင်းရပ်စ် (သို့) ကျန်းမာရေး စနစ်တွေ
    ပြိုလဲတာကြောင့်ပါ။
  • 1:30 - 1:33
    မကြာခင် လူအများစုဟာ ကူးစက်ခံကြရတယ်။
  • 1:33 - 1:38
    သူတို့ရဲ့ ခံနိုင်ရည် တုံ့ပြန်မှုတွေ
    တည်ဆောက်ရင်း သေဆုံး (သို့) ရှင်ကျန်တယ်။
  • 1:38 - 1:41
    ဒီနေရာလောက်မှာ အစုလိုက်
    ခုခံအား ပါဝင်လာတယ်။
  • 1:41 - 1:44
    အဲဒီမှာဗိုင်းရပ်စ်တွေဟာ ကူးစက်နိုင်တဲ့
    လူသစ်တွေ မတွေ့နိုင်တော့ဘူး။
  • 1:44 - 1:49
    ဒီတော့ ကမ္ဘာ့ကပ်ရောဂါဟာ စတင်ပြီး
    အချိန်တိုအတွင်းမှာ အဖျားရှူးသွားတယ်။
  • 1:49 - 1:52
    ဒါပေမဲ့ အစုလိုက်ခုခံအားက
    ဖန်တီးနိုင်တဲ့ ဒီလောက်မြင့်တဲ့
  • 1:52 - 1:54
    အသက် ဆုံးရှုံးမှုမရှိတဲ့အခြား
    နည်းလမ်းတစ်ခုရှိတယ်။
  • 1:54 - 1:59
    ကမ္ဘာ့ကပ်ရောဂါကို WHO က ကြေညာခဲ့တဲ့
    အချိန်ဆီ နာရီကို ပြန်ထားလိုက်ရအောင်။
  • 1:59 - 2:02
    ဒီအချိန်က တစ်ကမ္ဘာ့လုံးက
    အစိုးရတွေနဲ့ ရပ်ရွာတွေဟာ
  • 2:02 - 2:06
    သုတေသန အထောက်အပံ့ပစ္စည်းကို အချိန်ပေးဖို့
    ကာကွယ်ဆေး ထုတ်ဖို့ ဗိုင်းရပ်ပျံ့နှံ့မှုကို
  • 2:06 - 2:08
    နှေးအောင်လုပ်ကြတယ်။
  • 2:08 - 2:13
    ကျယ်ပြန့်တဲ့ စမ်းသပ်မှုပါဝင်လောက်တဲ့ ဗျူဟာ
    တွေကနေ သယ်ဆောင်သူတွေကိုထောက်လှမ်းဖို့
  • 2:13 - 2:14
    ဒီအရေးပါတဲ့ အချိန်ကိုဝယ်ယူကြတယ်၊
  • 2:14 - 2:18
    အကူးစက်ခံရသူတွေနဲ့ ကူးစက်စေတဲ့
    လူတွေကို သီးသန့်ထားရင်း၊
  • 2:18 - 2:21
    ရုပ်ပိုင်းအရ ခွာပြီးထားရင်းပါ။
  • 2:21 - 2:25
    ဒီစီမံမှုတွေနဲ့ နေရာကျတာတောင်မှ
    ဗိုင်းရပ်စ်က တဖြည်းဖြည်း ပျံ့နှံ့တယ်။
  • 2:25 - 2:28
    သိန်းချီတဲ့အထိကို လူတွေကို သေစေတယ်။
  • 2:28 - 2:33
    တချို့မြို့ကြီးတွေက ရောဂါဖြစ်ပွားမှု ထိန်း
    ချုပ်ကာ လုပ်ငန်းတွေ ပုံမှန် ပြန်ရောက်တယ်။
  • 2:33 - 2:34
    ပြန်လည်ဖြစ်ပွားမှာ တစ်ခုသာရှိတော့
  • 2:34 - 2:38
    ရောဂါသစ်တစ်ခု ကြုံရတဲ့အခါ
    ရုပ်ပိုင်း ခပ်ခွာနေတာဆီ ပြန်သွားတယ်။
  • 2:38 - 2:40
    နောင် နှစ်များစွာအတွင်းမှာ
  • 2:40 - 2:46
    တစ်ခု (သို့) ဖြစ်နိုင်တာက များလှတဲ့ ကာကွယ်
    ဆေးတွေဟာ ကမ္ဘာတစ်လွှား အားထုတ်မှုကြောင့်
  • 2:46 - 2:49
    ကျယ်ပြန့်စွာနဲ့ မှန်းခြေအားဖြင့်
    လွတ်လပ်စွာ ရလာမယ်။
  • 2:49 - 2:52
    လူဦးရေရဲ့ ၄၀-၉၀ % ဟာ
    ဗိုင်းရပ်စ်ကို အခြေခံကာ
  • 2:52 - 2:55
    ပြောင်းလဲနေတဲ့တိကျတဲ့
    ပမာဏ ရပြီဆိုတာနဲ့
  • 2:55 - 3:00
    အစုလိုက် ခုခံအား ပါဝင်လာပြီး
    ဗိုင်းရပ်စ် အဖျားရှူးသွားတယ်။
  • 3:00 - 3:05
    နောက်ဆုံးဗျူဟာကို တွေးဆဖို့

    နာရီကို နောက်တစ်ကြိမ် ပြန်လှည့်ရအောင်။
  • 3:05 - 3:07
    ညှိနိုင်း ချေမှုန်းပါ။
  • 3:07 - 3:11
    ဒီမှာ စိတ်ကူးက နေရာတိုင်းမှာ စောင့်ကြပ်
    ကြည့်ရှုခြင်း၊ လူမှု ခပ်ခွာခွာနေခြင်းနဲ့
  • 3:11 - 3:17
    ခရီးသွား ကန့်သတ်ခြင်းတွေ ပေါင်းစပ်မှုကနေ
    ဗိုင်းရပ်စ်ကို တစ်ပြိုင်နက် အငတ်ထားဖို့ပါ။
  • 3:17 - 3:20
    အရေးပါတဲ့ အကြောင်းရင်းက
    တုံ့ပြန်မှုကို ချိန်ကိုက်လှုပ်ရှားဖို့ပါ။
  • 3:20 - 3:23
    ဖြစ်နေကျ ကမ္ဘာ့ကပ်ရောတစ်ခုမှာ
    နိုင်ငံတစ်ခုဟာ အမြင့်ဆုံးရှိနေကာ
  • 3:23 - 3:26
    အခြားနိုင်ငံက ပထမဆုံး ရောဂါတွေ
    ဖြစ်ပွားနေတဲ့အခါ
  • 3:26 - 3:30
    ခေါင်းဆောင်တိုင်း သူတို့စီရင်ပိုင်ခွင့်မှာ
    ဖြစ်ပျက်နေတာကို တုံ့ပြန်မယ့်အစား
  • 3:30 - 3:36
    ဒီမှာတော့ လူတိုင်းဟာ ကမ္ဘာကြီးကို
    ဆက်သွယ်နေတဲ့ စနစ်ကြီးအဖြစ်သဘောထားရမှာပါ။
  • 3:36 - 3:41
    သင့်တော်စွာ ပူးပေါင်းဆောင်ရွက်ရင် ဒါက
    ကမ္ဘာ့ကပ်ရောဂါကို လအနည်းငယ်အတွင်း
  • 3:41 - 3:44
    အသက်ဆုံးရှုံးမှု နိမ့်နိမ့်နဲ့
    အဆုံးသတ်နိုင်တယ်။
  • 3:44 - 3:48
    ဒါပေမဲ့ ဗိုင်းရပ်စ်က လုံးဝ အမြစ်မပြတ်ရင်၊
    ဒါက လုံးဝ ဖြစ်နိုင်ခြေမရှိတာပါ၊
  • 3:48 - 3:53
    နောက်တစ်ခါ အရှိန်မြင့်လာတဲ့ကမ္ဘာ့ကပ်ရောဂါ
    အဆင့်တွေရဲ့ ဘေးအန္တရာယ်တွေရှိလိမ့်မယ်။
  • 3:53 - 3:57
    တိရစ္ဆာန်တွေက သယ်ဆောင်ပြီး ဗိုင်းရပ်စ်ကို
    ကူးစက်တာလို အကြောင်းခံတွေက
  • 3:57 - 4:01
    အကောင်းဆုံး စုပေါင်းအားထုတ်မှုကို
    လျော့ပါးစေလောက်တယ်။
  • 4:01 - 4:06
    ဒီတော့ ဒီကြောက်စရာ ဗိုင်းရပ်စ်ကူးစက်မှုတွေ
    အတွက် ဘယ်ဗျူဟာက အကောင်းဆုံးလဲ။
  • 4:06 - 4:10
    ဒါကို ရင်ဆိုင်တာက လက်ပူတိုက်မှု ဆိုပေမဲ့
    ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်လိမ့်မယ်။
  • 4:10 - 4:14
    လူတွေ ပြန်ကူးစက်ခံရရင်
    လုံးဝ အလုပ်ဖြစ်ချင်မှဖြစ်မှာပါ။
  • 4:14 - 4:19
    ညှိနှိုင်းဆောင်ရွက်ခြင်းတစ်ခုတည်းနဲ့
    ဗိုင်းရပ်စ်ကို ချေမှုန်းခြင်းဟာလည်း
  • 4:19 - 4:24
    အမြန်နှုန်းကို မျှားခေါ်ပေမဲ့ စစ်မှန်ပြီး
    မဖြစ်နိုင်လုလု ကမ္ဘာ့ပူးပေါင်းမှုနဲ့မှသာ
  • 4:24 - 4:30
    စိတ်ချရတာကြောင့် တတ်နိုင်သလောက်များတဲ့
    ကမ္ဘာ့ညှိနှိုင်းမှုက ကူညီတဲ့ကာကွယ်ဆေးကို
  • 4:30 - 4:33
    အောင်နိုင်သူအဖြစ် ယေဘုယျ ယူဆကြတာပါ။
  • 4:33 - 4:37
    ဒါက ပြိုင်ပွဲမှာ ဖြေးဖြေး၊
    ပုံမှန်နဲ့ ခိုင်လုံတဲ့ ရွေးပိုင်ခွင့်ပါ။
  • 4:37 - 4:42
    ကာကွယ်ဆေး အဆင်သင့် မဖြစ်ခင်
    ကမ္ဘာ့ကပ်ရောဂါက တရားဝင် ပြီးဆုံးတာတောင်
  • 4:42 - 4:47
    ဒီဗိုင်းရပ်က ရာသီအလိုက် ပြန်ပေါ်နိုင်တော့
    ကာကွယ်ဆေးတွေက လူတွေကို ဆက်ကာကွယ်ပေးမှာပါ။
  • 4:47 - 4:50
    ဖန်တီးဖို့ နှစ်ချီ ကြာနိုင်ပေမဲ့
  • 4:50 - 4:55
    လူအများစုရဲ့ အသက်တွေကို နှောင့်ယှက်မှုက
    ကာလအပြည့် ကြာမှာ မဟုတ်တာ သေချာတယ်။
  • 4:55 - 4:58
    ကုသမှုမှာ ကျော်လွှားမှုနဲ့
    ရောဂါလက္ခဏာကို တားဆီးမှုဟာ
  • 4:58 - 5:01
    ဗိုင်းရပ်စ်တွေ ဘေးဖြစ်မှုနည်းစေတာကြောင့်
  • 5:01 - 5:05
    ပြင်းထန်တဲ့ ထိန်းချုပ်ရေး အစီအမံတွေ
    လိုအပ်မှု ပိုနည်းတယ်။
  • 5:05 - 5:08
    အားတက်ကြပါ။ ဒီကမ္ဘာ့ကပ်ရောဂါ
    အဆုံးသတ်သွားမှာပါ။
  • 5:08 - 5:11
    ၎င်းရဲ့အမွေက တာရှည် တည်တံ့နေမှာဆိုပေမဲ့
    အဆိုးချည်းတော့ မဟုတ်ဘူး။
  • 5:11 - 5:15
    တီထွင်ထားတဲ့ ထိုးဖောက်ကျော်လွှားမှုတွေ၊
    လူမှု အဖွဲ့အစည်းတွေနဲ့ စနစ်တွေကို
  • 5:15 - 5:18
    လူတိုင်းရဲ့ တိုးတက်ကောင်းမွန်မှုအတွက်
    သုံးနိုင်ပါတယ်။
  • 5:18 - 5:20
    အောင်မြင်မှုနဲ့ သင်ခန်းစာတွေကနေ
    ကျရှုံးမှုတွေကနေ
  • 5:20 - 5:23
    စေ့ဆော်မှုကို ရယူနိုင်မယ်ဆိုရင်
  • 5:23 - 5:26
    ရောဂါရဲ့အမည်ကိုသားစဉ်မြေးဆက်တွေ
    သိတောင်မသိရအောင်
  • 5:26 - 5:30
    နောင်ဖြစ်လာမယ့်
    ကမ္ဘာ့ကပ်ရောဂါကိုထိန်းချုပ်နိုင်မှာပါ။
Title:
ကမ္ဘာ့ကပ်ရောဂါ ဘယ်တော့ ပြီးဆုံးမလဲ။
Speaker:
Alex Rosenthal
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/when-is-a-pandemic-over တွင်ကြည့်ရှုနိုင်ပါတယ်။

အောက်ပါ ဖြစ်စဉ်တွေကို တွေးကြည့်ပါ။ လွန်ကဲစွာ ကူးစက်တတ်တဲ့၊ တစ်ခါတစ်ရံ သေလောက်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တစ်ခုက ပထမဆုံးအကြိမ်အဖြစ် လူတွေကို ကူးစက်တယ်။ ၎င်းဟာ ကမ္ဘာအနှံ့ကို အလျင်အမြန် ပျံ့နှံ့ကာ WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာတယ်။ သေပျောက်တဲ့နှုန်း စတင် တက်လာတော့ လူတိုင်းက မေးနေတဲ့ တစ်ခုတည်းသော မေးခွန်းကတော့ 'ဒီကမ္ဘာ့ကပ်ရောဂါ ဘယ်တော့ အဆုံးသတ်မှာလဲ' ဆိုတာပါ။ Alex Rosenthal က နေပြီး ကမ္ဘာ့ကပ်ရောဂါ တစ်ခုကို ထိန်းချုပ်ဖို့နဲ့ အဆုံးသတ်စေဖို့ အစိုးရတွေ အသုံးပြုနိုင်တဲ့ နည်းဗျူဟာ သုံးခုကို အသေးစိတ်ရှင်းလင်းပြထားပါတယ်။

သင်ခန်းစာကို Alex Rosenthal က ပြုစုပြီး Visorama က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:35

Burmese subtitles

Revisions