WEBVTT 00:00:12.271 --> 00:00:13.499 သင်တို့ဆီ တင်ပြချင်တာကို 00:00:13.499 --> 00:00:17.249 ကျွန်မရဲ့ အထောက်အထားတွေအကြောင်း အနည်းငယ် ပြောတာနဲ့ စတင်ချင်ပါတယ်။ 00:00:17.552 --> 00:00:22.512 အကြောင်းကတော့ ပွင့်ပွင့်လင်းပြောရရင် COVID-19.နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တစ်ခုနဲ့ 00:00:22.512 --> 00:00:26.040 ဘယ်လူအိုတစ်ယောက် ပြောတာကိုမှ သင်တို့ နားမထောင်သင့်တာကြောင့်ပါ။ 00:00:26.040 --> 00:00:27.587 (ရယ်သံများ) 00:00:27.587 --> 00:00:31.575 ဆိုတော့ ကျွန်မက ကမ္ဘာအနှံ့ ကျန်းမာရေးမှာ အနှစ် ၂၀ လောက် အလုပ်လုပ်လာတာပါ။ 00:00:31.575 --> 00:00:36.084 ကျွန်မရဲ့ သီးခြား နည်းပညာ အထူးပြုမှုကတော့ ကျန်းမာရေး စနစ်ပိုင်းတွေမှာပါ။ NOTE Paragraph 00:00:36.084 --> 00:00:40.037 ကျန်းမာရေး စနစ်တွေက ပြင်းထန်တဲ့ ထိတ်လန့်မှုတွေ တွေ့ကြုံတဲ့အခါ ဖြစ်တာတွေပါ။ 00:00:40.037 --> 00:00:42.609 ကမ္ဘာ ကျန်းမာရေး သတင်းစာပိုင်းမှာလည်း လုပ်ခဲ့သေးတယ်။ 00:00:42.609 --> 00:00:46.173 ကမ္ဘာအနှံ့ ကျန်းမာရေးနဲ့ ဇီဝလုံခြုံရေး အကြောင်းသတင်းစာတွေနဲ့ 00:00:46.173 --> 00:00:49.369 ဝက်ဘ်ဆိုဒ်ခွဲတွေမှာ ရေးသားခဲ့ပြီး 00:00:49.369 --> 00:00:51.935 ဂြိုဟ်ကြီး တစ်ခုလုံးအနေနဲ့ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ 00:00:51.935 --> 00:00:55.485 ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှုတွေ အကြောင်းစာအုပ် နှစ်အနည်းငယ်က ထုတ်တယ်။ 00:00:55.615 --> 00:00:59.345 အီဘိုလာ ကုသမှု ဗဟိုဌာနတွေကို အကဲဖြတ် တာကနေ ကျန်မာရေး ပံ့ပိုးမှုပစ္စည်းတွေနဲ့ 00:00:59.345 --> 00:01:03.360 အဆုတ်ရောဂါ ကူးစက်မှုကို ကြည့်ပေးတာနဲ့ ကြက်ငှက်တုပ်ကွေးရောဂါ 00:01:03.360 --> 00:01:07.350 အရံသင့်ရှိအောင် လုပ်တာအထိအထိ 00:01:07.350 --> 00:01:10.688 ကြိုးပမ်းမှုတွေမှာ ထောက်ပံ့ ဦးဆောင်ခဲ့တယ်။ 00:01:10.688 --> 00:01:14.294 ကျွန်မက နိုင်ငံတကာ ကျန်းမာရေး မဟာဘွဲ့တစ်ခု ရထားတယ်။ 00:01:14.294 --> 00:01:16.482 ကျွန်မဟာ သမားတော်မဟုတ်ဘူး၊ သူနာပြုမဟုတ်ဘူး။ 00:01:16.482 --> 00:01:20.672 ကျွန်မရဲ့ အထူးပြုမှုက လူနာ စောင်ရှောက်မှု (သို့) တစ်ဦးချင်စောင့်ရှောက်တာမဟုတ်ဘူး။ 00:01:20.672 --> 00:01:24.360 ကျွန်မရဲ့ အထူးပြုက လူတွေနဲ့ ကျန်းမာရေး စနစ်တွေကို ကြည့်ရှုတာပါ။ 00:01:24.360 --> 00:01:27.758 ရောဂါတွေ ကြီးမားတဲ့ အဆင့်တွေ ရွေ့သွားရင် ဖြစ်ပျက်တာကိုပါ။ 00:01:28.468 --> 00:01:32.341 ကမ္ဘာ့ ကျန်းမာရေး ကျွမ်းကျင်မှုရဲ့ ရင်းမြစ်တွေကို ၁ ကနေ ၁၀ အထိ 00:01:32.341 --> 00:01:34.862 အမှတ်ပေးကြမယ်ဆိုရင် 00:01:34.862 --> 00:01:38.340 ၁ က ကျပန်းလူတစ်ယောက် Facebook မှာ အာဘောင်အာရင်းသန်သန် ပြောနေတာဖြစ်ပြီး 00:01:38.340 --> 00:01:42.407 ၁၀ ကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းပါ။ 00:01:42.407 --> 00:01:46.214 ကျွန်မကို ၇ (သို့) ၈ နေရာမှာ သင်တို့ ထားနိုင်လာက်တယ်လို့ ပြောပါရစေ။ 00:01:46.214 --> 00:01:48.869 ဒီတော့ ကျွန်မ ပြောနေစဉ် ဒါကို စိတ်မှာစွဲထားပါ။ 00:01:50.269 --> 00:01:51.838 ဒီမှာတော့ အခြေခံနဲ့ စပါမယ်။ 00:01:51.838 --> 00:01:53.526 အကြောင်းက ဒါဟာ COVID-19 ဝန်းကျင်က 00:01:53.526 --> 00:01:56.925 မီဒီယာ ဆူညံမှုထဲမှာ ပျောက်ဆုံးသွားပြီလို့ ထင်တာကြောင့်ပါ။ 00:01:57.465 --> 00:02:01.688 ဒါကြောင့် COVID-19 ဟာ ကိုရိုနာဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး 00:02:01.688 --> 00:02:05.544 ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်ရဲ့ သီးခြား အပိုင်းခွဲတစ်ခုပါ။ 00:02:05.544 --> 00:02:08.967 ဗိုင်းရပ်စ်တွေလိုပဲ ထူးခြားတဲ့ စရိုက်လက္ခဏာ တချို့ရှိပါတယ်။ 00:02:08.967 --> 00:02:12.690 သူတို့ဟာ မျိုးရိုးဗီဇ ပစ္စည်းအနေနဲ့ DNA အစား RNA ကို သုံးပြီး 00:02:12.690 --> 00:02:15.979 ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ ဆူးချွန်တွေထဲမှာ ဖုံးသွားတယ်။ 00:02:15.979 --> 00:02:18.750 ဒီဆူးချွန်တွေ ဆဲလ်တွေကို ထိုးဖောက်ဖို့ အသုံးပ​ြုကြတယ်။ 00:02:18.750 --> 00:02:22.347 ဒီဆူးချွန်တွေဟာ ကိုရိုနာဗိုင်းရပ်အတွင်းက ကိုရိုနာပါ။ 00:02:23.747 --> 00:02:27.478 COVID-19 ကို ဆန်းသစ်တဲ့ ကိုရိုနာ ဗိုင်းရပ်အဖြစ် လူသိများတာက 00:02:27.478 --> 00:02:31.485 ဒီဇင်ဘာမတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ် ခြောက်ခုသာ ကြားခဲ့ရလိုပါ။ 00:02:31.485 --> 00:02:33.541 COVID-19 ဟာ ခုနှစ်ခုမြောက်ပါ။ 00:02:33.541 --> 00:02:34.829 ကျွန်မတို့အတွက် အသစ်ပါ၊ 00:02:34.829 --> 00:02:37.448 ၎င်းဟာ ၎င်းရဲ့ ဗီဇ အစဉ်ချကာစ၊ ၎င်းရဲ့ အမည်ရလာကာစပါ။ 00:02:37.448 --> 00:02:38.970 ဒါကြောင့် ဆန်းသစ်တာပါ။ 00:02:39.520 --> 00:02:43.791 ဆိုးဝါးပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်း ရောလက္ခဏာစု SARS ကို မှတ်မိရင် 00:02:43.791 --> 00:02:46.878 (သို့) အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်း ရောလက္ခဏာစု MERS ပေါ့၊ 00:02:46.878 --> 00:02:48.931 ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေပါ။ 00:02:48.931 --> 00:02:52.170 နှစ်ခုစလုံးကို အသက်ရှုလမ်းကြောင်း ရောလက္ခဏာစုလို့ ခေါ်တဲ့အကြောင်းက 00:02:52.170 --> 00:02:55.042 ဒါကိုရိနာဗိုင်းရပ်က လုပ်တာဖြစ်လို့ပါ။ 00:02:55.042 --> 00:02:56.807 ၎င်းတို့ဟာ သင့်အဆုတ်တွေကို ရွေးတယ်။ 00:02:56.807 --> 00:02:57.833 အန်မထုတ်စေဘူး၊ 00:02:57.833 --> 00:02:59.878 မျက်ဆန်တွေကနေ သွေးမထွက်စေဘူး။ 00:02:59.878 --> 00:03:02.643 သင့်ကို သွေးမလွန်စေဘူး။ သင့်အဆုတ်တွေဆီ သွားတယ်။ 00:03:03.793 --> 00:03:06.493 COVID-19 က ကွာခြားမှုမရှိပါ။ 00:03:06.493 --> 00:03:09.869 ချောင်းခြောက် (သို့) အဖျားတစ်ခုလို အရာကနေ 00:03:09.869 --> 00:03:13.071 သေလောက်တဲ့ အဓိက အဆုတ်ရောင်ရောဂါ အထိ တောက်လျှောက်သွားတဲ့ 00:03:13.071 --> 00:03:16.659 အသက်ရှုဆိုင်ရာ ရောဂါလက္ခဏာ အစဉ်တစ်ခုဖြစ်ပေါ်စေပါတယ်။ 00:03:16.659 --> 00:03:19.966 လက္ခဏာ အစဉ်က ဒီရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ 00:03:19.966 --> 00:03:23.387 ခက်ခဲလွန်းစေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ 00:03:23.387 --> 00:03:26.443 COVID-19 ရတဲ့ လူတွေ အများကြီးဆိုပေမဲ့ 00:03:26.443 --> 00:03:29.815 သိပ် ညင်သာပါတယ်၊ ရောဂါလက္ခဏာတွေက 00:03:29.815 --> 00:03:32.585 ကျန်းမာရေး စောင့်ရှောက်မှုပေးသူဆီ သွားဖို့လောက် မပြင်းဘူး။ 00:03:32.585 --> 00:03:34.439 ဒီစနစ်ထဲမှာ စာရင်းမပြဘူး။ 00:03:34.439 --> 00:03:38.246 အထူးသဖြင့် ကလေးတွေမှာ COVID-19 နဲ့ပတ်သက်ပြီး သိရှိဖို့ကအလွန်လွယ်ကူပါတယ်။ 00:03:38.246 --> 00:03:40.593 ဒါက ကျွန်မတို့အားလုံး ကျေးဇူးတင်သင့်တဲ့ အရာပါ။ 00:03:42.953 --> 00:03:45.307 ကိုရိုနာဗိုင်းရပ်တွေဟာ တိရစ္ဆာန်မှ ကူးတဲ့ရောဂါပါ။ 00:03:45.307 --> 00:03:48.579 ဆိုလိုတာက တိရစ္ဆာန်တွေကနေ လူတွေကို ကူးစက်တာပါ။ 00:03:48.579 --> 00:03:53.468 တချို့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ COVID-19 လိုပဲ လူအချင်းချင်းကိုပါ ကူးစက်တယ်။ 00:03:53.870 --> 00:03:57.360 လူအချင်းချင်း ကူးစက်တာတွေက ပိုမြန်မြန်၊ ပိုဝေးဝေးရောက်ရှိတယ်၊ 00:03:57.360 --> 00:03:59.447 COVID-19 လိုပါပဲ။ 00:03:59.447 --> 00:04:02.802 တိရစ္ဆာန်မှ ကူးစက်တဲ့ရောဂါတွေကို ရှင်းပစ်ဖို့ ခက်ခဲတဲ့အကြောင်းက 00:04:02.802 --> 00:04:05.490 ၎င်းတို့မှာ တိရစ္ဆာန် သိုမှီးရာတစ်ခုရှိလို့ပါ။ 00:04:05.490 --> 00:04:08.612 ဥပမာတစ်ခုက ကြက်ငှက်တုပ်ကွေးရောဂါပါ။ 00:04:08.612 --> 00:04:11.901 အဲဒီမှာ ကြက်ဆင်တွေ၊ ဘဲတွေဖြစ်တဲ့ မွေမြူးရေး တိရစ္ဆာန်တွေမှာရှိတဲ့ 00:04:11.901 --> 00:04:13.718 ဒီရောဂါကို ရှင်းလင်းလို့ရပေမဲ့ 00:04:13.718 --> 00:04:17.934 နှစ်စဉ် ပြန်ပြန်လာနေတာက ကျွန်မတို့ဆီကို ငှက်ရိုင်းတွေက ယူဆောင်လာတာကြောင့်ပါ။ 00:04:17.934 --> 00:04:19.313 ဒီအကြောင်း သိပ်မကြားဖူးကြတာက 00:04:19.313 --> 00:04:22.151 ကြက်ငှက်တုပ်ကွေးဟာ လူအချင်းချင်း မကူးစက်ပေမဲ့ 00:04:22.151 --> 00:04:26.854 ကမ္ဘာတစ်လွှားက ကြက်ဘဲမွေးမြူရေးခြံတွေမှာ နှစ်စဉ်ဖြစ်ပွားတာတွေတော့ ရှိတယ်။ 00:04:27.874 --> 00:04:32.050 COVID-19 က တိရစ္ဆာန်တွေဆီကနေ တရုတ်နိုင်ငံ၊ ဝူဟန်က တောရိုင်းတိရစ္ဆာန် စျေးက 00:04:32.050 --> 00:04:34.987 လူတွေဆီကို ခုန်ကူးသွားတာက ဖြစ်နိုင်ခြေအရှိဆုံးပါ။ 00:04:36.357 --> 00:04:38.714 အခုတော့ ပိုနည်းတဲ့ အခြေခံ အပိုင်းတွေပါ။ 00:04:39.294 --> 00:04:43.468 ဒါက ကျွန်မတို့ မြင်ကြရဦးမယ့် နောက်ဆုံး ဖြစ်ပွားမှုကြီးတော့ မဟုတ်ဘူး။ 00:04:43.468 --> 00:04:47.692 ဖြစ်ပွားမှုတွေ ထပ်ရှိနေမှာဖြစ်ပြီး ပိုများတဲ့ ကူးစက်ရောဂါတွေ ရှိနေဦးမှာပါ။ 00:04:47.692 --> 00:04:50.898 ဒါက ဖြစ်နိုင်ခြေတစ်ခုမဟုတ်ဘူး၊ ပြဌာန်းချက်တစ်ခုပါ။ 00:04:50.898 --> 00:04:54.234 ဒါက လူသားတွေအဖြစ်နဲ့ ကျွန်မတို့ဂြိုဟ်နဲ့ တုံပြန်ဆက်သွယ်ပုံရဲ့ 00:04:54.234 --> 00:04:56.507 အကျိုးဆက်တစ်ခုပါ။ 00:04:56.507 --> 00:04:59.629 လူသားရွေးချယ်မှုတွေဟာ ပိုများတဲ့ ရောဂါဖြစ်ပွားမှုတွေကို 00:04:59.629 --> 00:05:02.214 မြင်တွေ့ရတော့မယ့် နေရာဆီ ကျွန်မတို့ကို မောင်းပို့နေတယ်။ 00:05:02.784 --> 00:05:05.873 တစ်ပိုင်းက ဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကို ဗိုင်းရပ်၊ဘက်တီးရီးယားတွေ 00:05:05.873 --> 00:05:09.528 ပိုနေပျော်အောင်လုပ်တဲ့ ပူနွေးလာတဲ့ ရာသီဥတုတစ်ခု ဖြစ်ပုံနဲ့ပတ်သက်ပါတယ်။ 00:05:09.528 --> 00:05:15.715 ဒါပေမဲ့ ဂြိုဟ်ပေါ်ကို နောက်ဆုံး မျိုးစိတ် ရိုင်းတွေကို တွန်းပို့နေပုံနဲ့ပါ ဆိုင်တယ်။ 00:05:16.255 --> 00:05:19.226 မွေးမြူရေးလုပ်ငန်းအတွက် စျေးပေါတဲ့ မြေကွက်ရနိုင်ဖို့ 00:05:19.226 --> 00:05:21.798 အမေဇုံ မိုးသစ်တောကို မီးရှို့၊ ထွန်ယက်တဲ့အခါ၊ 00:05:21.798 --> 00:05:25.721 နောက်ဆုံးသော အာဖရိကန် ချုံပုတ်ကို လယ်ယာမြေတွေအဖြစ် ပြောင်းလိုက်တဲ့အခါ 00:05:25.721 --> 00:05:30.646 တရုတ်ပြည်က တောရိုင်း တိရစ္ဆာန်တွေဟာ မျိုးသုဉ်းတဲ့အထိ အမဲလိုက်ခံရတဲ့အခါ 00:05:30.646 --> 00:05:33.868 လူသားတွေဟာ အရင်က လုံးဝ ထိတွေ့မှု မရှိဖူးတဲ့ တောရိုင်း အုပ်စုတွေနဲ့ 00:05:33.868 --> 00:05:36.587 ထိတွေ့မှု ရှိလာခံ့ပြီး ဒီအုပ်စုတွေမှာ 00:05:36.587 --> 00:05:39.611 ရောဂါ အမျိုးအစား အသစ်တွေပါလာတယ်။ 00:05:39.611 --> 00:05:43.175 ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကျွန်မတို့ အသင့်မဖြစ်သေးတာတွေပေါ့။ 00:05:43.885 --> 00:05:47.439 အထူးသဖြင့် လင်းနို့တွေမှာ လူသားတွေကို ကူးစက်နိုင်တဲ့ ရောဂါတွေကို 00:05:47.439 --> 00:05:48.725 လက်ခံတဲ့ ဉာဉ်တစ်ခုရှိတယ်။ 00:05:48.725 --> 00:05:51.033 ဒါပေမဲ့ ဒါလုပ်တဲ့ တိရစ္ဆာန်တွေက သူတိုပဲ မဟုတ်ဘူး။ 00:05:51.963 --> 00:05:56.587 ဒီတော့ ဝေးလံခေါင်ပါးတဲ့ နေရာရာတွေကို ဝေးလံမှု ပိုနည်းအောင် လုပ်နေသရွေ့တော့ 00:05:56.587 --> 00:05:58.664 ရောဂါဖြစ်ပွားမှုတွေဟာ ဆက်လာနေဦးမှာပါ။ 00:06:00.404 --> 00:06:05.084 ​ရောဂါခြေချုပ်ထားတာ၊ ခရီးသွားကန့်သတ်တာ တွေနဲ ရောဂါဖြစ်ပွားမှုကို မတားဆီးနိုင်ဘူး။ 00:06:05.084 --> 00:06:07.025 ဒါက လူတိုင်းရဲ့ ပထမဆုံး စေ့ဆော်မှုပါ။ 00:06:07.025 --> 00:06:10.861 လူတွေ ရွှေ့ပြောင်းတာ တားဆီးကြစို့။ ရောဂါဖြစ်ပွားတာကို တားဆီးကြစို့။ 00:06:10.861 --> 00:06:16.419 ဒါပေမဲ့ ကောင်းမွန်တဲ့ ရောဂါခြေချုပ်ထားမှု နေရာကျဖို့က တကယ့် ခက်တယ်ဆိုတဲ့အချက်ပါ။ 00:06:16.419 --> 00:06:19.508 ခရီးသွား ကန့်သတ်ချက်တွေ ချမှတ်ဖို့က တကယ်ခက်ခဲပါတယ်။ 00:06:19.508 --> 00:06:23.114 အမေရိကား၊ တောင်ကိုရီးယားလို ပြည်သူ့ ကျန်းမာရေးမှာ အရေးတယူ မြှုပ်နှံမှုတွေ 00:06:23.114 --> 00:06:24.834 လုပ်ထားတဲ့ တိုင်းပြည်တွေမှာတောင် 00:06:24.834 --> 00:06:27.687 ရောဂါဖြစ်ပွားမှု အမှန်တကယ် တားဆီးဖို့ ဒီကန့်သတ်ချက်မျိုးကို 00:06:27.687 --> 00:06:30.460 အတန်အသင့် မြန်မြန် နေရာကျအောင် မလုပ်နိုင်ဘူး။ 00:06:30.460 --> 00:06:33.965 ဒါအတွက် ဆီလျော်တဲ့ အကြောင်းရင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေရှိတယ် 00:06:33.965 --> 00:06:36.052 COVID-19 ကို ကြည့်မယ်ဆိုရင် 00:06:36.052 --> 00:06:38.368 လောလောဆယ် သင်ဟာ ရောဂါစွဲကပ်ပြီး လက္ခဏာတွေ မပြတဲ့ 00:06:38.368 --> 00:06:40.944 ကာလတစ်ခု ရှိနိုင်တယ်လို့ ထင်ရတာပါ။ 00:06:40.944 --> 00:06:43.291 ဒါက ၂၄ ရက်လောက်ထိ ကြာနိုင်ပါတယ်။ 00:06:43.831 --> 00:06:46.185 ဒီတော့ လူတွေဟာ ဒီဗိုင်းရပ်စ်နဲ့ လှည့်လည်သွားနေတယ်၊ 00:06:46.185 --> 00:06:47.631 လက္ခဏာတွေ မပြသဘူး။ 00:06:47.631 --> 00:06:49.397 သူတို့ဟာ ခြေချုပ် ခံရမှာမဟုတ်ဘူး။ 00:06:49.397 --> 00:06:51.765 သူတို့တွေ ခြေချုပ် လုပ်ဖို့လိုတာ ဘယ်သူမှ မသိဘူး။ 00:06:54.415 --> 00:06:58.645 ရောဂါခြေချုပ်လုပ်ဖို့နဲ့ ခရီး ကန့်သတ်ချက် တွေအတွက် တကယ့် ကုန်ကျစရိတ်တွေရှိတယ်။ 00:06:59.205 --> 00:07:01.106 လူသားတွေဟာ လူမှုရေး သတ္တဝါတွေဖြစ်ပြီး 00:07:01.106 --> 00:07:03.864 နေရာထဲမှာ သူတို့ကို ထိန်းဖို့ ကြိုးစားတဲ့ အခါနဲ့ သူတို့ကို 00:07:03.864 --> 00:07:06.118 ခွဲဖို့ ကြိုးစားတဲ့အခါ ဆန့်ကျင်တတ်ကြတယ်။ 00:07:06.118 --> 00:07:09.139 အီဘိုလာ ဖြစ်ပွားမှုမှာ မြင်ခဲ့တာက 00:07:09.139 --> 00:07:11.994 နေရာမှာ ရောဂါခြေချုပ်ထားဖို့ လုပ်တာနဲ့ လူတွေဟာ 00:07:11.994 --> 00:07:14.448 ဒါကို ရှောင်ရှားဖို့ စကြိုးစားတော့တာပဲ။ 00:07:14.448 --> 00:07:18.608 တစ်ဦးချင်း လူနာတွေဟာ တင်းကျပ်တဲ့ ခြေချုပ် ကျင့်ဝတ်တစ်ခု ရှိတယ်လို့ သိတဲ့အခါ 00:07:18.608 --> 00:07:20.708 ကျန်းမားရေး စောင့်ရှောက်မှုဆီ မသွားလောက်ဘူး။ 00:07:20.708 --> 00:07:22.805 အကြောင်းက ဒီဆေးဘက်ဆိုင်ရာ စနစ်ကို ကြောက်လို့ NOTE Paragraph 00:07:22.805 --> 00:07:24.079 (သို့)စရိတ် မတတ်နိုင်လို့၊ 00:07:24.079 --> 00:07:27.402 ပြီးတော့ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ အခွဲမခံချင်လို့ပါ။ 00:07:27.402 --> 00:07:29.371 နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေကတော့ 00:07:29.371 --> 00:07:31.606 ရောဂါခြေချုပ်ခံရတော့မယ်လို့ သိတဲ့အခါ 00:07:31.606 --> 00:07:33.838 ဖြစ်ပွားမှုတွေ၊ ရောဂါတွေအကြောင်း ပြောတယ်ဆိုရင် 00:07:33.838 --> 00:07:35.732 ရောဂါခြေချုပ်ထားမှု ကျင့်ဝတ်တစ်ခုကို 00:07:35.732 --> 00:07:38.276 အစပျိုးပေးမှာ ကြောက်လို့ သတင်းမှန်ကို ဖုံးနိုင်တယ်။ 00:07:38.836 --> 00:07:42.577 တကယ်တမ်းကျတော့ ဒီရှောင်ရှားမှုတွေနဲ့ မရိုသားမှုမျိုးတွေဟာ 00:07:42.577 --> 00:07:46.397 ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ တကယ့်ကို ခက်ခဲအောင်လုပ်တာဆိုတာ အတိအကျပါ။ 00:07:48.437 --> 00:07:51.141 ခြေချုပ်ထားမှုနဲ့ ခရီး ကန့်သတ်ချက်တွေမှာ ပိုတော်နိုင်ပြီး 00:07:51.141 --> 00:07:52.510 ကျွန်မတို့ ပိုတော်သင့်တယ်လေ။ 00:07:52.510 --> 00:07:54.031 ဒါပေမဲ့ ရွေးစရာက ဒါတွေပဲမဟုတ်ဘူး 00:07:54.031 --> 00:07:57.792 ဒါတွေက ဒီအခြေအနေတွေကို ကိုင်တွယ်ရာမှာ အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး။ 00:07:58.652 --> 00:08:03.061 ဖြစ်ပွားမှုတွေကို စိုးရိမ်မှုနည်းအောင်လုပ် ဖို့ ရေရှည်လုပ်ရမယ့် နည်းလမ်းအစစ်က 00:08:03.061 --> 00:08:06.016 နိင်ငံအားလုံးဟာ ဆင်းရဲတဲ့နိုင်ငံတွေတောင် 00:08:06.016 --> 00:08:11.124 ကူးစက်ရောဂါ အသစ်တွေ စပေါ်လာတဲ့ အလျင်အမြန် ရှာဖွေ၊ ကုသနိုင်အောင် 00:08:11.124 --> 00:08:13.628 ကမ္ဘာ့နိုင်ငံတိုင်းက အဓိက ကျန်းမာရေး 00:08:13.628 --> 00:08:18.557 စောင့်ရှောက်မှု လုပ်ငန်းတွေကို ပံ့ပိုးဖို့ ကမ္ဘာ့ ကျန်းမာရေးစနစ်တည်ဆောက်ဖို့ပါ။ 00:08:19.637 --> 00:08:24.362 COVID-19 ကို တုံပြန်တာအတွက် တရုတ်ပြည်ဟာ ဝေဖန်များစွာ ခံခဲ့ရတယ်။ 00:08:24.362 --> 00:08:28.852 ဒါပေမဲ့ တကယ့်အချက်က COVID-19 ဟာ Chad မှာ ပေါ်ခဲ့ရင်ရော။ 00:08:28.852 --> 00:08:32.713 အဲဒီမှာက လူ ၁၀၀၀၀၀ အတွက် ဆရာဝန် ၃.၅ ယောက်ပဲရှိတာလေ။ 00:08:33.333 --> 00:08:36.131 ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ပေါ်ခဲ့တယ်ဆိုရင်ရော။ 00:08:36.131 --> 00:08:40.471 ဒီနိုင်ငံရဲ့ နောက်ဆုံး အီဘိုလာ လူနာက ကုသမှုကနေ လွတ်မြောက်ကာစပဲရှိသေးတာလေ။ 00:08:40.471 --> 00:08:43.491 အမှန်က ဒီလိုနိုင်ငံတွေမှာ ကူးစက်ရောဂါ တစ်ခုကို 00:08:43.491 --> 00:08:45.663 တုံ့ပြန်ဖို့၊ လူတွေကို ကုသဖို့၊ 00:08:45.663 --> 00:08:46.907 ကျန်တဲ့ ကမ္ဘာကို ကူညီဖို့ 00:08:46.907 --> 00:08:50.300 ဒီအကြောင်းကိုအတော်အသင့် မြန်မြန် သတင်းပို့ဖို့ ရင်းမြစ်တွေ မရှိဘူး။ 00:08:52.140 --> 00:08:57.114 ကျွန်မက Sierra Leone က အီဘိုလာ ကုသရေး ဗဟိုဌာနတွေရဲ့ အကဲဖြတ်မှုကို ဦးဆောင်ခဲ့တယ်။ 00:08:57.114 --> 00:08:58.568 တကယ့်အချက်က 00:08:58.568 --> 00:09:03.125 Sierra Leone က ဒေသတွင်း ဆရာဝန်တွေဟာ အီဘိုလာ ကပ်ဆိုက်မှုကို အမြန် ရှာတွေ့တယ်။ 00:09:03.125 --> 00:09:06.313 ပထမ အန္တရာယ်ရှိတဲ့၊ ကူးစက်တတ်တဲ့၊ သွေးလွန်တတ်တဲ့ ဗိုင်းရပ်စ်တစ်ခု၊ 00:09:06.313 --> 00:09:08.700 နောက်တော့ အီဘိုလာအဖြစ်နဲ့ပါ။ 00:09:08.700 --> 00:09:12.873 ဒါပေမဲ့ တွေ့ရှိပြီးဖြစ်ပေမဲ့ သူတို့မှာ တုံ့ပြန်ဖို့ ရင်းမြစ်တွေ မရှိခဲ့ဘူး။ 00:09:12.873 --> 00:09:15.672 ဆရာဝန်တွေ၊ ဆေးရုံခုတင်တွေ အလုံအလောက် မရှိခဲ့ဘူး။ 00:09:15.672 --> 00:09:18.800 အီဘိုလာ ကုသပုံနဲ့ ကူးစက်မှု ထိန်းချုပ်တာ အကောင်အထည်ဖော်ဖို့ 00:09:18.800 --> 00:09:21.242 လုံလောက်တဲ့ သတင်းအချက်အလက် မရှိခဲ့ဘူး။ 00:09:22.372 --> 00:09:27.180 Sierra Leone မှာ အီဘိုလာနဲ့ ဆရာဝန် ၁၁ ယောက် သေဆုံးခဲ့တယ်။ 00:09:27.180 --> 00:09:31.135 ကပ်ဆိုက်မှု စစဉ်က တိုင်းပြည်မှာ အယောက် ၁၂၀ ပဲရှိတာပါ။ 00:09:31.135 --> 00:09:32.705 ဆန့်ကျင်ဘက်အနေနဲ့ 00:09:32.705 --> 00:09:36.954 Dallas Baylor Medical Center မှာ သမားတော် ၁၀၀၀ ကျော် ခန့်ထားပါတယ်။ 00:09:37.864 --> 00:09:40.635 ဒါတွေက လူတွေကို သေစေတဲ့ မညီမျှမှုမျိုးတွေပါ။ 00:09:40.635 --> 00:09:43.607 ပထမ ရောဂါဖြစ်ပွားမှုတွေ စတဲ့အခါ ဒါတွေက ဆင်းရဲသားတွေကို သေစေပြီး 00:09:43.607 --> 00:09:45.977 နောက်တော့ ရောဂါဖြစ်ပွားမှု ပျံ့သွားတဲ့အခါ 00:09:45.977 --> 00:09:48.298 ကမ္ဘာတစ်လွှားက လူတွေကို သေစေတယ်။ 00:09:48.298 --> 00:09:50.603 ဖြစ်ပွားမှုတွေ နှေးစေပြီး ဒါတွေရဲ့ သက်ရောက်မှုကို 00:09:50.603 --> 00:09:52.152 အနည်းဆုံးဖြစ်အောင် လုပ်ချင်ရင် 00:09:52.152 --> 00:09:55.426 ကမ္ဘာ့နိုင်ငံတိုင်းမှာ ရောဂါသစ်တွေ ရှာဖွေ၊ ကုသပြီး 00:09:55.426 --> 00:09:59.417 သတင်းအချက်အလက် မျှဝေနိုင်အောင် 00:09:59.417 --> 00:10:02.196 ဒါတွေအကြောင်း သတင်းပို့ နိုင်စွမ်းရှိတာ သေချာစေဖို့လိုတယ်။ 00:10:03.656 --> 00:10:07.579 COVID-19 ဟာ ကျန်မာရေး စနစ်မှာ ဧရာမ ဝန်ထုတ်တစ်ခု ဖြစ်တော့မှာပါ။ 00:10:07.579 --> 00:10:10.484 ဒီဟောပြောချက်မှာ သေဆုံးမှုနှုန်း အကြောင်း ပြောမှာမဟုတ်ဘူး။ 00:10:10.484 --> 00:10:14.792 ပြောရရင် လက်ရှိ COVID-19 သေဆုံးမှုနှုန်း အပေါ် ဘယ်သူမှ သဘောတူနိုင်မှာ မဟုတ်လို့ပါ။ 00:10:14.792 --> 00:10:16.795 ဒါပေမဲ့ ကျွန်မတို့သဘောတူနိုင်တဲ့ ကိန်းတစ်ခု 00:10:16.795 --> 00:10:20.534 COVID-19 ကူးစက်ခံရသူ ၂၀ % ခန့်ဟာ 00:10:20.534 --> 00:10:22.986 ဆေးရုံတက်ဖို့ လိုမယ်ဆိုတာပါ။ 00:10:22.986 --> 00:10:27.562 ကျွန်မတို့ရဲ့ US ဆေးဘက်ဆိုင်ရာ စနစ်က ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ရုံလေးပါ။ 00:10:27.562 --> 00:10:29.905 ဒါပေမဲ့ မက္ကစီကိုမှာ ဘာဖြစ်သွားမလဲ။ 00:10:31.085 --> 00:10:34.456 COVID-19 က ကျွန်မတို့ ကမ္ဘာ ကျန်းမာရေး ထောက်ပံ့မှု ကွင်းဆက်တွေမှာရှိတဲ့ 00:10:34.456 --> 00:10:37.011 တကယ့် အားနည်းချက်ကိုလည်း ထုတ်ဖော်ပြထားတယ်။ 00:10:37.011 --> 00:10:41.768 အခြေအနေတွေ ကောင်းနေစဉ်မှာ LEAN စနစ်တွေကို အချိန်မီ မှာတာက ကောင်းပေမဲ့ 00:10:41.768 --> 00:10:45.839 အကျပ်အတည်းကာလမှာတော့ ဆိုလိုတာက ကျွန်မတို့မှာ အရန်ထားတာတွေ မရှိတာပါ။ 00:10:45.839 --> 00:10:50.349 ဆေးရုံတစ်ရုံ (သို့) နိုင်ငံတစ်နိုင်ငံဟာ မျက်နှာစည်းတွေ (သို့) တစ်ကိုယ်ရေသုံး 00:10:50.349 --> 00:10:52.170 ကာကွယ်ရေး ပစ္စည်း ပြတ်လပ်သွားရင် 00:10:52.170 --> 00:10:55.892 ကျွန်မတို့ ထပ်ပြီးသွားယူနိုင်တဲ့ ဘူးတွေနဲ့ ပြည့်နေတဲ့ ကုန်လှောင်ရုံမရှိဘူး။ 00:10:55.892 --> 00:10:59.415 ပေးသွင်းသူဆီကနေ ထပ်မှာပြီး ဒါကို သူတို့ ထုတ်လုပ်ဖို့ စောင့်ရတယ်။ 00:10:59.415 --> 00:11:02.970 ဒါကို ပို့ပေးဖို့ စောင့်ဖို့လိုတယ်။ ယေဘုယျကတော့ တရုတ်ပြည်ကပါ။ 00:11:02.970 --> 00:11:07.269 အလျင်အမြန် ရွေ့ဖို့က အရေးကြီးဆုံးဖြစ် တဲ့အခါ တစ်ကြိမ်မှာ ကြားချိန်တစ်ခုရှိတယ်။ 00:11:08.029 --> 00:11:12.019 COVID-19 အတွက် ပြည့်ပြည်စုံစုံ ပြင်ဆင်ထားခဲ့တယ်ဆိုရင် 00:11:12.019 --> 00:11:15.071 တရုတ်ဟာ ဖြစ်ပွားမှုကို ပိုမြန်မြန် ရှာတွေခဲ့မှာပေါ့။ 00:11:15.541 --> 00:11:19.197 အဆောက်အအုံသစ်တွ တည်ဆောက်စရာ မလိုဘဲ ကူးစက်ခံရသူတွေအတွက် 00:11:19.197 --> 00:11:21.784 စောင့်ရှောက်မှု ပေးဖို့ အသင့်ဖြစ်ခဲ့မှာပေါ့။ 00:11:21.784 --> 00:11:25.137 တရုတ်ပြည်က လူမှု မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ပေါက်ကရ ကောလာဟလတွေကို 00:11:25.137 --> 00:11:29.330 ကျွန်မတို့ မမြင်အောင် နိုင်ငံသားတွေနဲ့ ရိုးသားတဲ့ သတင်းကို မျှဝေပေးခဲ့မှာပေါ့။ 00:11:29.330 --> 00:11:32.788 အမျိုးသား ကျန်းမာရေး စနစ်တွေဆီ စတင် သတင်းပို့ပြီး ဗိုင်းရပ်စ် ပျံ့တဲ့အခါ 00:11:32.788 --> 00:11:35.643 အသင့်ဖြစ်နေဖို့ ကမ္ဘာ့ ကျန်းမာရေး 00:11:35.643 --> 00:11:37.858 အာဏာပိုင်တွေနဲ့ သတင်းအချက်အလက် မျှဝေခဲ့မှာပေါ့။ 00:11:38.528 --> 00:11:40.932 အမျိုးသား ကျန်းမာရေး စနစ်တွေဟာ လိုအပ်တဲ့ ကာကွယ်ရေး 00:11:40.932 --> 00:11:43.587 ပစ္စည်းတွေ သိုမှီးပြီး ကုသမှု၊ ကူးစက်မှု ထိန်းချုပ်ရာမှာ 00:11:43.587 --> 00:11:47.492 ကျန်းမာရေး စောင့်ရှာက်မှု ပေးသူတွေကို လေ့ကျင့်ပေးခဲ့ကြမှာပေါ့။ 00:11:47.842 --> 00:11:51.800 ဖြစ်တဲ့အခါ လုပ်ဖို့လိုတာအတွက် ကျွန်မ တို့မှာ သိပ္ပံအခြေပြု ကျင့်ဝတ်တွေရှိတယ်။ 00:11:51.800 --> 00:11:54.607 ဥပမာ ကူးစက် လူနာတွေပါတဲ့ အပျော်စီး သင်္ဘောတွေပေါ့။ 00:11:54.607 --> 00:11:59.036 နေရာတိုင်းက လူတွေဆီရောက်တဲ့ သတင်းအချက်အလက်မှန်ရှိမှာဆိုတော့ 00:11:59.036 --> 00:12:03.001 သူစိမ်းကြောက်ရောဂါလို ကသိကအောက်၊ အရှက်ရစရာ အဖြစ်တွေရှိမှာ မဟုတ်ဘူး။ 00:12:03.001 --> 00:12:07.513 ဥပမာ၊ အာရှပုံပေါက်တဲ့ လူတွေ Philadelphia က လမ်းတွေပေါ်မှာ တိုက်ခိုက်ခံရတာမျိုး။ 00:12:08.093 --> 00:12:12.499 ဒါပေမဲ့ ဒါအားလုံး နေရာကျတယ်ဆိုတာတောင် ရောဂါဖြစ်ပွားမှုတွေ ရှိနေဦးမှာပါ။ 00:12:13.469 --> 00:12:16.090 ဒီဂြိုဟ်ကို ယူထားပုံနဲ့ဆိုင်တဲ့ လုပ်နေတဲ့ရွေးချယ်မှုတွေက 00:12:16.090 --> 00:12:17.739 မရှောင်နိုင်တာကို ဖြစ်စေတာပါ။ 00:12:18.599 --> 00:12:23.684 COVID-19 အပေါ် ကျွမ်းကျင်တဲ့ အများသဘောတစ်ခုရှိသမျှက ဒါပါပဲ။ 00:12:23.684 --> 00:12:25.921 ဒီ အမေရိကနဲ့ တစ်ကမ္ဘာလုံးပါ၊ 00:12:25.921 --> 00:12:28.577 ပိုကောင်းမလာခင်တော့ ပိုဆိုးလာတော့မှာပါ။ 00:12:29.077 --> 00:12:31.631 ခရီးကနေ ပြန်လာတာမဟုတ်တဲ့ လူလူချင်းကူးစက်မှုရဲ့ 00:12:31.631 --> 00:12:33.568 ရောဂါတွေ တွေ့နေပါတယ်။ 00:12:33.568 --> 00:12:35.654 ဒါတွေက လူစုထဲမှာ စဖြစ်နေတာပါ။ 00:12:35.654 --> 00:12:38.042 ကူးစက်မှုက ဘယ်ကနေ လာတာကိုတောင် မသိခင် 00:12:38.042 --> 00:12:41.112 COVID-19 ကူးစက်ခံရတဲ့သူတွေ တွေ့နေပါတယ်။ 00:12:41.112 --> 00:12:43.867 ပိုဆိုးလာနေတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုရဲ့ လက္ခဏာတွေ ရှိတယ်။ 00:12:43.867 --> 00:12:46.365 ထိန်းချုပ်မှုအောက်မှရှိတဲ့ ဖြစ်ပွားမှုတစ်ခု မဟုတ်ဘူး။ 00:12:48.825 --> 00:12:52.330 ဒါက စိတ်ပျက်စရာဆိုပေမဲ့ အံ့ဩစရာတော့ မဟုတ်ဘူး။ 00:12:52.910 --> 00:12:57.039 ကမ္ဘာ့ကျန်မာရေး ပညာရှင်တွေ ဗိုင်းရပ်သစ်ရဲ့ စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပြောတဲ့အခါ 00:12:57.039 --> 00:12:59.593 ဒါက ကျွန်မတို့ ကြည့်တဲ့ စိတ်မှန်းဖြစ်နိုင်ခြေတစ်ခုပါ။ 00:12:59.593 --> 00:13:02.114 ကျွန်မတို့ အလွယ် လွတ်သွားဖို့ အားလုံး မျှော်လင့်တယ်။ 00:13:02.114 --> 00:13:05.519 ဒါပေမဲ့ ပညာရှင်တွေ ဗိုင်းရပ်စပ်ပိုင်း အစီအစဉ်ကို ပြောကြတဲ့အခါ 00:13:05.519 --> 00:13:09.665 ဒီလို အခြေအနေတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ် ရွေ့သွားဖို့ သူတို့ မျှော်လင့်ကြပုံပါ။ 00:13:11.345 --> 00:13:14.305 ကိုယ်ပိုင် အကြံပေးချက်နဲ့ ဒီမှာ နိဂုံးချုပ်ချင်ပါတယ်။ 00:13:15.085 --> 00:13:16.460 သင့်လက်တွေကို ဆေးပါ။ 00:13:17.120 --> 00:13:19.391 လက်တွေ များများဆေးပါ။ 00:13:19.391 --> 00:13:22.746 သင်တို့ဟာ ရွံစရာမဟုတ်တာကြောင့် လက်များများ ဆေးတယ်ဆိုတာ သိပြီးသားပါ။ 00:13:22.746 --> 00:13:25.067 ဒါပေမဲ့ လက်တွေကို ပိုပြီးတောင် ဆေးလိုက်ပါဦး။ 00:13:25.067 --> 00:13:29.023 လက်တွေ ဆေးဖြစ်စေဖို့ သင့်ဘဝထဲမှာ အချက်ပြမှုတွေ၊ အကျင့်တွေ သတ်မှတ်ပါ။ 00:13:29.023 --> 00:13:32.013 အဆောက်အဦတစ်ခုကို ဝင်တိုင်း၊ ထွက်တိုင်း လက်တွေကို ဆေးပါ။ 00:13:32.013 --> 00:13:35.451 အစည်းအဝေးတစ်ခု ဝင်တဲ့၊ ထွက်တဲ့အခါ လက်တွေကို ဆေးပါ။ 00:13:35.451 --> 00:13:38.372 လက်ဆေးခြင်းတစ်ခွင်မှာ အခြေခံတဲ့ အကျင့်ဖြစ်ပါစေ။ 00:13:38.722 --> 00:13:40.693 သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။ 00:13:40.693 --> 00:13:44.365 သင်ဟာ သင့်ရဲ့ ညစ်ပတ်ပြီး ဆေးကြောမထားတဲ့ လက်တွနဲ့ တစ်ချိန်လုံး ထိတွေနေတာပါ။ 00:13:44.365 --> 00:13:46.568 ဒါကို သန့်စင်ခန်းထဲကို ယူသွားတာ သိတယ်နော်။ 00:13:46.568 --> 00:13:48.407 (ရယ်သံများ) 00:13:49.977 --> 00:13:51.810 ဒီတော့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။ 00:13:51.810 --> 00:13:54.965 လူကြားထဲမှာ မကြာခဏ မသုံးမိဖို့ ထည့်သွင်းစဉ်းစားပါ။ 00:13:54.965 --> 00:13:58.333 TikTok နဲ့ Instagram က အိမ်မှာပဲ လုပ်တာတွေ ဖြစ်လောက်တယ်မို့လား။ 00:13:59.123 --> 00:14:00.690 သင့်မျက်နှာကို မထိပါနဲ့။ 00:14:01.504 --> 00:14:03.145 မျက်လုံးတွေကို မပွတ်ပါနဲ့။ 00:14:03.145 --> 00:14:04.699 လက်သည်းတွေ မကိုက်ပါနဲ့။ 00:14:04.699 --> 00:14:06.849 နှာခေါင်းကို လက်ဖမိုးနဲ့ မသုတ်ပါနဲ့။ 00:14:06.849 --> 00:14:09.087 ဆိုလိုတာက ဒါကို လုံးဝ မလုပ်ပါနဲ့။ရုပ်ပေါက်တယ်လေ။ 00:14:09.087 --> 00:14:10.692 (ရယ်သံများ) 00:14:10.692 --> 00:14:12.645 နှာခေါင်းစည်း မဝတ်ပါနဲ့။ 00:14:12.645 --> 00:14:16.100 နှာခေါင်းစည်း တွေဟာ ဖျားနာသူတွေနဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေအတွက်ပါ။ 00:14:16.100 --> 00:14:20.073 သင် နေမကောင်းရင် နှာခေါင်းစည်းက ချောင်းဆိုးတာ၊ နှာချေတာကို ထိန်းပေးပြီး 00:14:20.073 --> 00:14:22.243 သင့်ဝန်းကျင်က လူတွေကို ကာကွယ်ပေးတယ်။ 00:14:22.243 --> 00:14:24.017 သင်ဟာ ကျန်းမာရေး စောင့်ရှောက်သူဆိုရင် 00:14:24.017 --> 00:14:25.741 နှာခေါင်းစည်းးက တစ်ကိုယ်ရေ ကာကွယ်မှု 00:14:25.741 --> 00:14:28.537 ပစ္စည်းလို့ခေါ်တဲ့ ကိရိယာအစုထဲက ကိရိယာတစ်ခုပါ။ 00:14:28.537 --> 00:14:31.339 လူနာကို စောင့်ရှောက်ပြီး သင့်ကိုယ်သင် ကာကွယ်နိုင်အောင် 00:14:31.339 --> 00:14:33.111 သုံးဖို့ သင့်ကို သင်ကြားပေးထာတာလေ။ 00:14:33.111 --> 00:14:36.049 သင်ဟာ ပုံမှန် ကျန်းမာသူတစ်ဦးဆိုရင် နှာခေါင်းစည်း ဝတ်တာက 00:14:36.049 --> 00:14:38.577 သင့်မျက်နှာကို ချွေးထွက်အောင် လုပ်နေတာ သက်သက်ပဲ။ 00:14:38.577 --> 00:14:39.812 (ရယ်သံများ) 00:14:39.812 --> 00:14:41.959 ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ 00:14:41.959 --> 00:14:44.866 ဖျားနာသူတွေအတွက် စတိုးဆိုင်တွေမှာ နှာခေါင်းစည်းတွေ ထားခဲ့ပါ။ 00:14:45.816 --> 00:14:48.403 သင့်မှာ COVID-19 ရောဂါ လက္ခဏာတွေ ရှိတယ်ထင်ရင် 00:14:48.403 --> 00:14:50.915 အိမ်မှာနေပါ၊ အကြံဉာဏ်အတွက် ဆရာဝန်ခေါ်ပါ။ 00:14:51.675 --> 00:14:54.028 သင့်မှာ COVID-19 တွေ့ရှိတယ်ဆိုရင် 00:14:54.028 --> 00:14:56.684 ယေဘုယျအနေနဲ့ ဒါဟာ သိပ်မပြင်းထန် ဘူးဆိုတာ သတိရပါ။ 00:14:57.134 --> 00:14:58.820 သင်ဟာ ဆေးလိပ်သောက်သူဆိုရင် 00:14:58.820 --> 00:15:01.736 အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ အချိန်ပါ။ 00:15:01.756 --> 00:15:03.554 ဆိုလိုတာက သင်ဟာ ဆေးလိပ်သောက်သူဆိုရင် 00:15:03.554 --> 00:15:06.983 အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး ဖြစ်နိုင်ရှိတဲ့ အချိန်ဆိုတာက အမြဲပါ။ 00:15:06.983 --> 00:15:10.005 ဒါပေမဲ့ သင်ဟာ ဆေးလိပ်သောက်ပြီး COVID-19 ကို ပူပန်နေတယ်ဆိုရင် 00:15:10.005 --> 00:15:13.811 ဖြတ်ပစ်ခြင်းက COVID-19 ရဲ့ အဆိုးဆုံး သက်ရောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်ဖို့ 00:15:13.811 --> 00:15:17.689 သင်လုပ်နိုင်တဲ့ အကောင်းဆုံးဟာ အသေအချာပါလို့ ကျွန်မ အာမခံတယ်။ 00:15:19.419 --> 00:15:21.941 ကျွန်မတို့ သတင်းအတော်များများဟာ 00:15:21.941 --> 00:15:26.312 ထိတ်လန့်စရာ လိုမျိုးဖြစ်တဲ့အခါ COVID-19 ဟာ ထိတ်လန့်စရာပါ။ 00:15:26.682 --> 00:15:31.741 ဒါကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အတော် ဆိုးပေမဲ့ နှစ်သက်ဖွယ် ရွေးစရာတွေရှိတယ်။ 00:15:31.741 --> 00:15:37.033 ထိတ်လန့်မှု၊သူစိမ်းကြောက်မှု၊ ဟင်းလင်းပြင် ကြောက်လန့်မှု၊ အာဏာရှင်ဆန်မှု၊ 00:15:37.033 --> 00:15:40.013 အမုန်း၊ဒေါသနဲ့ အထီးကျန်မှုဟာ ရောဂါဖြစ်မှုတွေအတွက် 00:15:40.013 --> 00:15:44.060 အဖြေလို့ ကျွန်မတို့ကို တွေးမိအောင်လုပ်တဲ့ ပေါ့ပြက်ပြက်ထားတဲ့ လိမ်ညာမှုတွေပါ။ 00:15:44.060 --> 00:15:47.442 ဒါပေမဲ့ ဒါတွေ မဟုတ်ပါဘူး၊ ဒါတွေက ကျွန်မတို့ကို ပြင်ဆင်မှု ပိုနည်းစေတယ်။ 00:15:47.982 --> 00:15:52.189 ငြီးငွေ့စရာကောင်းပေမဲ့ အသုံးကျတဲ့ ဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ 00:15:52.189 --> 00:15:54.894 အသုံးပြုနိုင်တဲ့ ရွေးချယ်စရာ တစ်စုံရှိတယ်။ 00:15:54.894 --> 00:15:58.300 ဒီမှာနဲ့နေရာတိုင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်အောင်လုပ်တာတွေ 00:15:58.300 --> 00:16:01.723 ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံနဲ့ ရောဂါသစ်လာချိန်ကို သိနိုင်ဖို့ 00:16:01.723 --> 00:16:04.030 ရောဂါ စောင့်ကြပ်ရေးမှာ ရင်းနှီးမြှုပ်နှံပါ။ 00:16:04.030 --> 00:16:06.881 ကမ္ဘာတစ်လွှားမှာ ကျန်းမာရေး စနစ်တွေ တည်ဆောက်ခြင်းပါ။ 00:16:06.881 --> 00:16:09.150 အရေးပေါ်အခြေအနေတွေအတွက် အသင့်ဖြစ်ဖို့ 00:16:09.150 --> 00:16:11.419 ထောက်ပံ့ရေး အစဉ်တန်းတွေ အားဖြည့်တာကို ကြည့်တာပါ။ 00:16:11.419 --> 00:16:16.496 ပြီးတော့ ရောဂါ ဖြစ်ပွားမှုတွေနဲ့ မျက်ကန်း ထိတ်လန့်မှုမပါတဲ့ 00:16:16.496 --> 00:16:18.182 စွန့်စားမှု သင်္ချာအကြောင်း 00:16:18.182 --> 00:16:20.649 ပြောနိုင်စွမ်းရှိတဲ့ ပိုကောင်းတဲ့ပညာရေးပါ။ 00:16:21.419 --> 00:16:23.540 လူမှုစာနာမှုကနေ လမ်းပြဖို့ လိုအပ်ပါတယ်၊ 00:16:23.540 --> 00:16:25.844 အကြောင်းကတော့ ဒီအခြေအနေမှာ အခြားများစွာလိုပဲ 00:16:25.844 --> 00:16:29.239 စာနာမှုဟာတကယ့်ကို ကျွန်မတို့ရဲ့ ကိုယ်ကျိုးကြည့်မှုထဲမှာ ရှိနေလို့ပါ။ 00:16:30.319 --> 00:16:32.990 ဒီတော့ ဒီနေ့ နားထောင် ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ 00:16:32.990 --> 00:16:34.960 ပြီးတော့ "ရုံထဲက ထွက်တဲ့အခါ လက်တွေ 00:16:34.960 --> 00:16:37.337 ဆေးကြပါ" လို့ ပထမဆုံးပြောသူ ဖြစ်ခွင့်ရလို့ပါ။ 00:16:37.337 --> 00:16:39.457 (လက်ခုပ်သံများ)