1 00:00:12,271 --> 00:00:13,499 သင်တို့ဆီ တင်ပြချင်တာကို 2 00:00:13,499 --> 00:00:17,249 ကျွန်မရဲ့ အထောက်အထားတွေအကြောင်း အနည်းငယ် ပြောတာနဲ့ စတင်ချင်ပါတယ်။ 3 00:00:17,552 --> 00:00:22,512 အကြောင်းကတော့ ပွင့်ပွင့်လင်းပြောရရင် COVID-19.နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တစ်ခုနဲ့ 4 00:00:22,512 --> 00:00:26,040 ဘယ်လူအိုတစ်ယောက် ပြောတာကိုမှ သင်တို့ နားမထောင်သင့်တာကြောင့်ပါ။ 5 00:00:26,040 --> 00:00:27,587 (ရယ်သံများ) 6 00:00:27,587 --> 00:00:31,575 ဆိုတော့ ကျွန်မက ကမ္ဘာအနှံ့ ကျန်းမာရေးမှာ အနှစ် ၂၀ လောက် အလုပ်လုပ်လာတာပါ။ 7 00:00:31,575 --> 00:00:36,084 ကျွန်မရဲ့ သီးခြား နည်းပညာ အထူးပြုမှုကတော့ ကျန်းမာရေး စနစ်ပိုင်းတွေမှာပါ။ 8 00:00:36,084 --> 00:00:40,037 ကျန်းမာရေး စနစ်တွေက ပြင်းထန်တဲ့ ထိတ်လန့်မှုတွေ တွေ့ကြုံတဲ့အခါ ဖြစ်တာတွေပါ။ 9 00:00:40,037 --> 00:00:42,609 ကမ္ဘာ ကျန်းမာရေး သတင်းစာပိုင်းမှာလည်း လုပ်ခဲ့သေးတယ်။ 10 00:00:42,609 --> 00:00:46,173 ကမ္ဘာအနှံ့ ကျန်းမာရေးနဲ့ ဇီဝလုံခြုံရေး အကြောင်းသတင်းစာတွေနဲ့ 11 00:00:46,173 --> 00:00:49,369 ဝက်ဘ်ဆိုဒ်ခွဲတွေမှာ ရေးသားခဲ့ပြီး 12 00:00:49,369 --> 00:00:51,935 ဂြိုဟ်ကြီး တစ်ခုလုံးအနေနဲ့ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ 13 00:00:51,935 --> 00:00:55,485 ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှုတွေ အကြောင်းစာအုပ် နှစ်အနည်းငယ်က ထုတ်တယ်။ 14 00:00:55,615 --> 00:00:59,345 အီဘိုလာ ကုသမှု ဗဟိုဌာနတွေကို အကဲဖြတ် တာကနေ ကျန်မာရေး ပံ့ပိုးမှုပစ္စည်းတွေနဲ့ 15 00:00:59,345 --> 00:01:03,360 အဆုတ်ရောဂါ ကူးစက်မှုကို ကြည့်ပေးတာနဲ့ ကြက်ငှက်တုပ်ကွေးရောဂါ 16 00:01:03,360 --> 00:01:07,350 အရံသင့်ရှိအောင် လုပ်တာအထိအထိ 17 00:01:07,350 --> 00:01:10,688 ကြိုးပမ်းမှုတွေမှာ ထောက်ပံ့ ဦးဆောင်ခဲ့တယ်။ 18 00:01:10,688 --> 00:01:14,294 ကျွန်မက နိုင်ငံတကာ ကျန်းမာရေး မဟာဘွဲ့တစ်ခု ရထားတယ်။ 19 00:01:14,294 --> 00:01:16,482 ကျွန်မဟာ သမားတော်မဟုတ်ဘူး၊ သူနာပြုမဟုတ်ဘူး။ 20 00:01:16,482 --> 00:01:20,672 ကျွန်မရဲ့ အထူးပြုမှုက လူနာ စောင်ရှောက်မှု (သို့) တစ်ဦးချင်စောင့်ရှောက်တာမဟုတ်ဘူး။ 21 00:01:20,672 --> 00:01:24,360 ကျွန်မရဲ့ အထူးပြုက လူတွေနဲ့ ကျန်းမာရေး စနစ်တွေကို ကြည့်ရှုတာပါ။ 22 00:01:24,360 --> 00:01:27,758 ရောဂါတွေ ကြီးမားတဲ့ အဆင့်တွေ ရွေ့သွားရင် ဖြစ်ပျက်တာကိုပါ။ 23 00:01:28,468 --> 00:01:32,341 ကမ္ဘာ့ ကျန်းမာရေး ကျွမ်းကျင်မှုရဲ့ ရင်းမြစ်တွေကို ၁ ကနေ ၁၀ အထိ 24 00:01:32,341 --> 00:01:34,862 အမှတ်ပေးကြမယ်ဆိုရင် 25 00:01:34,862 --> 00:01:38,340 ၁ က ကျပန်းလူတစ်ယောက် Facebook မှာ အာဘောင်အာရင်းသန်သန် ပြောနေတာဖြစ်ပြီး 26 00:01:38,340 --> 00:01:42,407 ၁၀ ကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းပါ။ 27 00:01:42,407 --> 00:01:46,214 ကျွန်မကို ၇ (သို့) ၈ နေရာမှာ သင်တို့ ထားနိုင်လာက်တယ်လို့ ပြောပါရစေ။ 28 00:01:46,214 --> 00:01:48,869 ဒီတော့ ကျွန်မ ပြောနေစဉ် ဒါကို စိတ်မှာစွဲထားပါ။ 29 00:01:50,269 --> 00:01:51,838 ဒီမှာတော့ အခြေခံနဲ့ စပါမယ်။ 30 00:01:51,838 --> 00:01:53,526 အကြောင်းက ဒါဟာ COVID-19 ဝန်းကျင်က 31 00:01:53,526 --> 00:01:56,925 မီဒီယာ ဆူညံမှုထဲမှာ ပျောက်ဆုံးသွားပြီလို့ ထင်တာကြောင့်ပါ။ 32 00:01:57,465 --> 00:02:01,688 ဒါကြောင့် COVID-19 ဟာ ကိုရိုနာဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး 33 00:02:01,688 --> 00:02:05,544 ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်ရဲ့ သီးခြား အပိုင်းခွဲတစ်ခုပါ။ 34 00:02:05,544 --> 00:02:08,967 ဗိုင်းရပ်စ်တွေလိုပဲ ထူးခြားတဲ့ စရိုက်လက္ခဏာ တချို့ရှိပါတယ်။ 35 00:02:08,967 --> 00:02:12,690 သူတို့ဟာ မျိုးရိုးဗီဇ ပစ္စည်းအနေနဲ့ DNA အစား RNA ကို သုံးပြီး 36 00:02:12,690 --> 00:02:15,979 ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ ဆူးချွန်တွေထဲမှာ ဖုံးသွားတယ်။ 37 00:02:15,979 --> 00:02:18,750 ဒီဆူးချွန်တွေ ဆဲလ်တွေကို ထိုးဖောက်ဖို့ အသုံးပ​ြုကြတယ်။ 38 00:02:18,750 --> 00:02:22,347 ဒီဆူးချွန်တွေဟာ ကိုရိုနာဗိုင်းရပ်အတွင်းက ကိုရိုနာပါ။ 39 00:02:23,747 --> 00:02:27,478 COVID-19 ကို ဆန်းသစ်တဲ့ ကိုရိုနာ ဗိုင်းရပ်အဖြစ် လူသိများတာက 40 00:02:27,478 --> 00:02:31,485 ဒီဇင်ဘာမတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ် ခြောက်ခုသာ ကြားခဲ့ရလိုပါ။ 41 00:02:31,485 --> 00:02:33,541 COVID-19 ဟာ ခုနှစ်ခုမြောက်ပါ။ 42 00:02:33,541 --> 00:02:34,829 ကျွန်မတို့အတွက် အသစ်ပါ၊ 43 00:02:34,829 --> 00:02:37,448 ၎င်းဟာ ၎င်းရဲ့ ဗီဇ အစဉ်ချကာစ၊ ၎င်းရဲ့ အမည်ရလာကာစပါ။ 44 00:02:37,448 --> 00:02:38,970 ဒါကြောင့် ဆန်းသစ်တာပါ။ 45 00:02:39,520 --> 00:02:43,791 ဆိုးဝါးပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်း ရောလက္ခဏာစု SARS ကို မှတ်မိရင် 46 00:02:43,791 --> 00:02:46,878 (သို့) အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်း ရောလက္ခဏာစု MERS ပေါ့၊ 47 00:02:46,878 --> 00:02:48,931 ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေပါ။ 48 00:02:48,931 --> 00:02:52,170 နှစ်ခုစလုံးကို အသက်ရှုလမ်းကြောင်း ရောလက္ခဏာစုလို့ ခေါ်တဲ့အကြောင်းက 49 00:02:52,170 --> 00:02:55,042 ဒါကိုရိနာဗိုင်းရပ်က လုပ်တာဖြစ်လို့ပါ။ 50 00:02:55,042 --> 00:02:56,807 ၎င်းတို့ဟာ သင့်အဆုတ်တွေကို ရွေးတယ်။ 51 00:02:56,807 --> 00:02:57,833 အန်မထုတ်စေဘူး၊ 52 00:02:57,833 --> 00:02:59,878 မျက်ဆန်တွေကနေ သွေးမထွက်စေဘူး။ 53 00:02:59,878 --> 00:03:02,643 သင့်ကို သွေးမလွန်စေဘူး။ သင့်အဆုတ်တွေဆီ သွားတယ်။ 54 00:03:03,793 --> 00:03:06,493 COVID-19 က ကွာခြားမှုမရှိပါ။ 55 00:03:06,493 --> 00:03:09,869 ချောင်းခြောက် (သို့) အဖျားတစ်ခုလို အရာကနေ 56 00:03:09,869 --> 00:03:13,071 သေလောက်တဲ့ အဓိက အဆုတ်ရောင်ရောဂါ အထိ တောက်လျှောက်သွားတဲ့ 57 00:03:13,071 --> 00:03:16,659 အသက်ရှုဆိုင်ရာ ရောဂါလက္ခဏာ အစဉ်တစ်ခုဖြစ်ပေါ်စေပါတယ်။ 58 00:03:16,659 --> 00:03:19,966 လက္ခဏာ အစဉ်က ဒီရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ 59 00:03:19,966 --> 00:03:23,387 ခက်ခဲလွန်းစေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ 60 00:03:23,387 --> 00:03:26,443 COVID-19 ရတဲ့ လူတွေ အများကြီးဆိုပေမဲ့ 61 00:03:26,443 --> 00:03:29,815 သိပ် ညင်သာပါတယ်၊ ရောဂါလက္ခဏာတွေက 62 00:03:29,815 --> 00:03:32,585 ကျန်းမာရေး စောင့်ရှောက်မှုပေးသူဆီ သွားဖို့လောက် မပြင်းဘူး။ 63 00:03:32,585 --> 00:03:34,439 ဒီစနစ်ထဲမှာ စာရင်းမပြဘူး။ 64 00:03:34,439 --> 00:03:38,246 အထူးသဖြင့် ကလေးတွေမှာ COVID-19 နဲ့ပတ်သက်ပြီး သိရှိဖို့ကအလွန်လွယ်ကူပါတယ်။ 65 00:03:38,246 --> 00:03:40,593 ဒါက ကျွန်မတို့အားလုံး ကျေးဇူးတင်သင့်တဲ့ အရာပါ။ 66 00:03:42,953 --> 00:03:45,307 ကိုရိုနာဗိုင်းရပ်တွေဟာ တိရစ္ဆာန်မှ ကူးတဲ့ရောဂါပါ။ 67 00:03:45,307 --> 00:03:48,579 ဆိုလိုတာက တိရစ္ဆာန်တွေကနေ လူတွေကို ကူးစက်တာပါ။ 68 00:03:48,579 --> 00:03:53,468 တချို့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ COVID-19 လိုပဲ လူအချင်းချင်းကိုပါ ကူးစက်တယ်။ 69 00:03:53,870 --> 00:03:57,360 လူအချင်းချင်း ကူးစက်တာတွေက ပိုမြန်မြန်၊ ပိုဝေးဝေးရောက်ရှိတယ်၊ 70 00:03:57,360 --> 00:03:59,447 COVID-19 လိုပါပဲ။ 71 00:03:59,447 --> 00:04:02,802 တိရစ္ဆာန်မှ ကူးစက်တဲ့ရောဂါတွေကို ရှင်းပစ်ဖို့ ခက်ခဲတဲ့အကြောင်းက 72 00:04:02,802 --> 00:04:05,490 ၎င်းတို့မှာ တိရစ္ဆာန် သိုမှီးရာတစ်ခုရှိလို့ပါ။ 73 00:04:05,490 --> 00:04:08,612 ဥပမာတစ်ခုက ကြက်ငှက်တုပ်ကွေးရောဂါပါ။ 74 00:04:08,612 --> 00:04:11,901 အဲဒီမှာ ကြက်ဆင်တွေ၊ ဘဲတွေဖြစ်တဲ့ မွေမြူးရေး တိရစ္ဆာန်တွေမှာရှိတဲ့ 75 00:04:11,901 --> 00:04:13,718 ဒီရောဂါကို ရှင်းလင်းလို့ရပေမဲ့ 76 00:04:13,718 --> 00:04:17,934 နှစ်စဉ် ပြန်ပြန်လာနေတာက ကျွန်မတို့ဆီကို ငှက်ရိုင်းတွေက ယူဆောင်လာတာကြောင့်ပါ။ 77 00:04:17,934 --> 00:04:19,313 ဒီအကြောင်း သိပ်မကြားဖူးကြတာက 78 00:04:19,313 --> 00:04:22,151 ကြက်ငှက်တုပ်ကွေးဟာ လူအချင်းချင်း မကူးစက်ပေမဲ့ 79 00:04:22,151 --> 00:04:26,854 ကမ္ဘာတစ်လွှားက ကြက်ဘဲမွေးမြူရေးခြံတွေမှာ နှစ်စဉ်ဖြစ်ပွားတာတွေတော့ ရှိတယ်။ 80 00:04:27,874 --> 00:04:32,050 COVID-19 က တိရစ္ဆာန်တွေဆီကနေ တရုတ်နိုင်ငံ၊ ဝူဟန်က တောရိုင်းတိရစ္ဆာန် စျေးက 81 00:04:32,050 --> 00:04:34,987 လူတွေဆီကို ခုန်ကူးသွားတာက ဖြစ်နိုင်ခြေအရှိဆုံးပါ။ 82 00:04:36,357 --> 00:04:38,714 အခုတော့ ပိုနည်းတဲ့ အခြေခံ အပိုင်းတွေပါ။ 83 00:04:39,294 --> 00:04:43,468 ဒါက ကျွန်မတို့ မြင်ကြရဦးမယ့် နောက်ဆုံး ဖြစ်ပွားမှုကြီးတော့ မဟုတ်ဘူး။ 84 00:04:43,468 --> 00:04:47,692 ဖြစ်ပွားမှုတွေ ထပ်ရှိနေမှာဖြစ်ပြီး ပိုများတဲ့ ကူးစက်ရောဂါတွေ ရှိနေဦးမှာပါ။ 85 00:04:47,692 --> 00:04:50,898 ဒါက ဖြစ်နိုင်ခြေတစ်ခုမဟုတ်ဘူး၊ ပြဌာန်းချက်တစ်ခုပါ။ 86 00:04:50,898 --> 00:04:54,234 ဒါက လူသားတွေအဖြစ်နဲ့ ကျွန်မတို့ဂြိုဟ်နဲ့ တုံပြန်ဆက်သွယ်ပုံရဲ့ 87 00:04:54,234 --> 00:04:56,507 အကျိုးဆက်တစ်ခုပါ။ 88 00:04:56,507 --> 00:04:59,629 လူသားရွေးချယ်မှုတွေဟာ ပိုများတဲ့ ရောဂါဖြစ်ပွားမှုတွေကို 89 00:04:59,629 --> 00:05:02,214 မြင်တွေ့ရတော့မယ့် နေရာဆီ ကျွန်မတို့ကို မောင်းပို့နေတယ်။ 90 00:05:02,784 --> 00:05:05,873 တစ်ပိုင်းက ဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကို ဗိုင်းရပ်၊ဘက်တီးရီးယားတွေ 91 00:05:05,873 --> 00:05:09,528 ပိုနေပျော်အောင်လုပ်တဲ့ ပူနွေးလာတဲ့ ရာသီဥတုတစ်ခု ဖြစ်ပုံနဲ့ပတ်သက်ပါတယ်။ 92 00:05:09,528 --> 00:05:15,715 ဒါပေမဲ့ ဂြိုဟ်ပေါ်ကို နောက်ဆုံး မျိုးစိတ် ရိုင်းတွေကို တွန်းပို့နေပုံနဲ့ပါ ဆိုင်တယ်။ 93 00:05:16,255 --> 00:05:19,226 မွေးမြူရေးလုပ်ငန်းအတွက် စျေးပေါတဲ့ မြေကွက်ရနိုင်ဖို့ 94 00:05:19,226 --> 00:05:21,798 အမေဇုံ မိုးသစ်တောကို မီးရှို့၊ ထွန်ယက်တဲ့အခါ၊ 95 00:05:21,798 --> 00:05:25,721 နောက်ဆုံးသော အာဖရိကန် ချုံပုတ်ကို လယ်ယာမြေတွေအဖြစ် ပြောင်းလိုက်တဲ့အခါ 96 00:05:25,721 --> 00:05:30,646 တရုတ်ပြည်က တောရိုင်း တိရစ္ဆာန်တွေဟာ မျိုးသုဉ်းတဲ့အထိ အမဲလိုက်ခံရတဲ့အခါ 97 00:05:30,646 --> 00:05:33,868 လူသားတွေဟာ အရင်က လုံးဝ ထိတွေ့မှု မရှိဖူးတဲ့ တောရိုင်း အုပ်စုတွေနဲ့ 98 00:05:33,868 --> 00:05:36,587 ထိတွေ့မှု ရှိလာခံ့ပြီး ဒီအုပ်စုတွေမှာ 99 00:05:36,587 --> 00:05:39,611 ရောဂါ အမျိုးအစား အသစ်တွေပါလာတယ်။ 100 00:05:39,611 --> 00:05:43,175 ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကျွန်မတို့ အသင့်မဖြစ်သေးတာတွေပေါ့။ 101 00:05:43,885 --> 00:05:47,439 အထူးသဖြင့် လင်းနို့တွေမှာ လူသားတွေကို ကူးစက်နိုင်တဲ့ ရောဂါတွေကို 102 00:05:47,439 --> 00:05:48,725 လက်ခံတဲ့ ဉာဉ်တစ်ခုရှိတယ်။ 103 00:05:48,725 --> 00:05:51,033 ဒါပေမဲ့ ဒါလုပ်တဲ့ တိရစ္ဆာန်တွေက သူတိုပဲ မဟုတ်ဘူး။ 104 00:05:51,963 --> 00:05:56,587 ဒီတော့ ဝေးလံခေါင်ပါးတဲ့ နေရာရာတွေကို ဝေးလံမှု ပိုနည်းအောင် လုပ်နေသရွေ့တော့ 105 00:05:56,587 --> 00:05:58,664 ရောဂါဖြစ်ပွားမှုတွေဟာ ဆက်လာနေဦးမှာပါ။ 106 00:06:00,404 --> 00:06:05,084 ​ရောဂါခြေချုပ်ထားတာ၊ ခရီးသွားကန့်သတ်တာ တွေနဲ ရောဂါဖြစ်ပွားမှုကို မတားဆီးနိုင်ဘူး။ 107 00:06:05,084 --> 00:06:07,025 ဒါက လူတိုင်းရဲ့ ပထမဆုံး စေ့ဆော်မှုပါ။ 108 00:06:07,025 --> 00:06:10,861 လူတွေ ရွှေ့ပြောင်းတာ တားဆီးကြစို့။ ရောဂါဖြစ်ပွားတာကို တားဆီးကြစို့။ 109 00:06:10,861 --> 00:06:16,419 ဒါပေမဲ့ ကောင်းမွန်တဲ့ ရောဂါခြေချုပ်ထားမှု နေရာကျဖို့က တကယ့် ခက်တယ်ဆိုတဲ့အချက်ပါ။ 110 00:06:16,419 --> 00:06:19,508 ခရီးသွား ကန့်သတ်ချက်တွေ ချမှတ်ဖို့က တကယ်ခက်ခဲပါတယ်။ 111 00:06:19,508 --> 00:06:23,114 အမေရိကား၊ တောင်ကိုရီးယားလို ပြည်သူ့ ကျန်းမာရေးမှာ အရေးတယူ မြှုပ်နှံမှုတွေ 112 00:06:23,114 --> 00:06:24,834 လုပ်ထားတဲ့ တိုင်းပြည်တွေမှာတောင် 113 00:06:24,834 --> 00:06:27,687 ရောဂါဖြစ်ပွားမှု အမှန်တကယ် တားဆီးဖို့ ဒီကန့်သတ်ချက်မျိုးကို 114 00:06:27,687 --> 00:06:30,460 အတန်အသင့် မြန်မြန် နေရာကျအောင် မလုပ်နိုင်ဘူး။ 115 00:06:30,460 --> 00:06:33,965 ဒါအတွက် ဆီလျော်တဲ့ အကြောင်းရင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေရှိတယ် 116 00:06:33,965 --> 00:06:36,052 COVID-19 ကို ကြည့်မယ်ဆိုရင် 117 00:06:36,052 --> 00:06:38,368 လောလောဆယ် သင်ဟာ ရောဂါစွဲကပ်ပြီး လက္ခဏာတွေ မပြတဲ့ 118 00:06:38,368 --> 00:06:40,944 ကာလတစ်ခု ရှိနိုင်တယ်လို့ ထင်ရတာပါ။ 119 00:06:40,944 --> 00:06:43,291 ဒါက ၂၄ ရက်လောက်ထိ ကြာနိုင်ပါတယ်။ 120 00:06:43,831 --> 00:06:46,185 ဒီတော့ လူတွေဟာ ဒီဗိုင်းရပ်စ်နဲ့ လှည့်လည်သွားနေတယ်၊ 121 00:06:46,185 --> 00:06:47,631 လက္ခဏာတွေ မပြသဘူး။ 122 00:06:47,631 --> 00:06:49,397 သူတို့ဟာ ခြေချုပ် ခံရမှာမဟုတ်ဘူး။ 123 00:06:49,397 --> 00:06:51,765 သူတို့တွေ ခြေချုပ် လုပ်ဖို့လိုတာ ဘယ်သူမှ မသိဘူး။ 124 00:06:54,415 --> 00:06:58,645 ရောဂါခြေချုပ်လုပ်ဖို့နဲ့ ခရီး ကန့်သတ်ချက် တွေအတွက် တကယ့် ကုန်ကျစရိတ်တွေရှိတယ်။ 125 00:06:59,205 --> 00:07:01,106 လူသားတွေဟာ လူမှုရေး သတ္တဝါတွေဖြစ်ပြီး 126 00:07:01,106 --> 00:07:03,864 နေရာထဲမှာ သူတို့ကို ထိန်းဖို့ ကြိုးစားတဲ့ အခါနဲ့ သူတို့ကို 127 00:07:03,864 --> 00:07:06,118 ခွဲဖို့ ကြိုးစားတဲ့အခါ ဆန့်ကျင်တတ်ကြတယ်။ 128 00:07:06,118 --> 00:07:09,139 အီဘိုလာ ဖြစ်ပွားမှုမှာ မြင်ခဲ့တာက 129 00:07:09,139 --> 00:07:11,994 နေရာမှာ ရောဂါခြေချုပ်ထားဖို့ လုပ်တာနဲ့ လူတွေဟာ 130 00:07:11,994 --> 00:07:14,448 ဒါကို ရှောင်ရှားဖို့ စကြိုးစားတော့တာပဲ။ 131 00:07:14,448 --> 00:07:18,608 တစ်ဦးချင်း လူနာတွေဟာ တင်းကျပ်တဲ့ ခြေချုပ် ကျင့်ဝတ်တစ်ခု ရှိတယ်လို့ သိတဲ့အခါ 132 00:07:18,608 --> 00:07:20,708 ကျန်းမားရေး စောင့်ရှောက်မှုဆီ မသွားလောက်ဘူး။ 133 00:07:20,708 --> 00:07:22,805 အကြောင်းက ဒီဆေးဘက်ဆိုင်ရာ စနစ်ကို ကြောက်လို့ 134 00:07:22,805 --> 00:07:24,079 (သို့)စရိတ် မတတ်နိုင်လို့၊ 135 00:07:24,079 --> 00:07:27,402 ပြီးတော့ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ အခွဲမခံချင်လို့ပါ။ 136 00:07:27,402 --> 00:07:29,371 နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေကတော့ 137 00:07:29,371 --> 00:07:31,606 ရောဂါခြေချုပ်ခံရတော့မယ်လို့ သိတဲ့အခါ 138 00:07:31,606 --> 00:07:33,838 ဖြစ်ပွားမှုတွေ၊ ရောဂါတွေအကြောင်း ပြောတယ်ဆိုရင် 139 00:07:33,838 --> 00:07:35,732 ရောဂါခြေချုပ်ထားမှု ကျင့်ဝတ်တစ်ခုကို 140 00:07:35,732 --> 00:07:38,276 အစပျိုးပေးမှာ ကြောက်လို့ သတင်းမှန်ကို ဖုံးနိုင်တယ်။ 141 00:07:38,836 --> 00:07:42,577 တကယ်တမ်းကျတော့ ဒီရှောင်ရှားမှုတွေနဲ့ မရိုသားမှုမျိုးတွေဟာ 142 00:07:42,577 --> 00:07:46,397 ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ တကယ့်ကို ခက်ခဲအောင်လုပ်တာဆိုတာ အတိအကျပါ။ 143 00:07:48,437 --> 00:07:51,141 ခြေချုပ်ထားမှုနဲ့ ခရီး ကန့်သတ်ချက်တွေမှာ ပိုတော်နိုင်ပြီး 144 00:07:51,141 --> 00:07:52,510 ကျွန်မတို့ ပိုတော်သင့်တယ်လေ။ 145 00:07:52,510 --> 00:07:54,031 ဒါပေမဲ့ ရွေးစရာက ဒါတွေပဲမဟုတ်ဘူး 146 00:07:54,031 --> 00:07:57,792 ဒါတွေက ဒီအခြေအနေတွေကို ကိုင်တွယ်ရာမှာ အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး။ 147 00:07:58,652 --> 00:08:03,061 ဖြစ်ပွားမှုတွေကို စိုးရိမ်မှုနည်းအောင်လုပ် ဖို့ ရေရှည်လုပ်ရမယ့် နည်းလမ်းအစစ်က 148 00:08:03,061 --> 00:08:06,016 နိင်ငံအားလုံးဟာ ဆင်းရဲတဲ့နိုင်ငံတွေတောင် 149 00:08:06,016 --> 00:08:11,124 ကူးစက်ရောဂါ အသစ်တွေ စပေါ်လာတဲ့ အလျင်အမြန် ရှာဖွေ၊ ကုသနိုင်အောင် 150 00:08:11,124 --> 00:08:13,628 ကမ္ဘာ့နိုင်ငံတိုင်းက အဓိက ကျန်းမာရေး 151 00:08:13,628 --> 00:08:18,557 စောင့်ရှောက်မှု လုပ်ငန်းတွေကို ပံ့ပိုးဖို့ ကမ္ဘာ့ ကျန်းမာရေးစနစ်တည်ဆောက်ဖို့ပါ။ 152 00:08:19,637 --> 00:08:24,362 COVID-19 ကို တုံပြန်တာအတွက် တရုတ်ပြည်ဟာ ဝေဖန်များစွာ ခံခဲ့ရတယ်။ 153 00:08:24,362 --> 00:08:28,852 ဒါပေမဲ့ တကယ့်အချက်က COVID-19 ဟာ Chad မှာ ပေါ်ခဲ့ရင်ရော။ 154 00:08:28,852 --> 00:08:32,713 အဲဒီမှာက လူ ၁၀၀၀၀၀ အတွက် ဆရာဝန် ၃.၅ ယောက်ပဲရှိတာလေ။ 155 00:08:33,333 --> 00:08:36,131 ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ပေါ်ခဲ့တယ်ဆိုရင်ရော။ 156 00:08:36,131 --> 00:08:40,471 ဒီနိုင်ငံရဲ့ နောက်ဆုံး အီဘိုလာ လူနာက ကုသမှုကနေ လွတ်မြောက်ကာစပဲရှိသေးတာလေ။ 157 00:08:40,471 --> 00:08:43,491 အမှန်က ဒီလိုနိုင်ငံတွေမှာ ကူးစက်ရောဂါ တစ်ခုကို 158 00:08:43,491 --> 00:08:45,663 တုံ့ပြန်ဖို့၊ လူတွေကို ကုသဖို့၊ 159 00:08:45,663 --> 00:08:46,907 ကျန်တဲ့ ကမ္ဘာကို ကူညီဖို့ 160 00:08:46,907 --> 00:08:50,300 ဒီအကြောင်းကိုအတော်အသင့် မြန်မြန် သတင်းပို့ဖို့ ရင်းမြစ်တွေ မရှိဘူး။ 161 00:08:52,140 --> 00:08:57,114 ကျွန်မက Sierra Leone က အီဘိုလာ ကုသရေး ဗဟိုဌာနတွေရဲ့ အကဲဖြတ်မှုကို ဦးဆောင်ခဲ့တယ်။ 162 00:08:57,114 --> 00:08:58,568 တကယ့်အချက်က 163 00:08:58,568 --> 00:09:03,125 Sierra Leone က ဒေသတွင်း ဆရာဝန်တွေဟာ အီဘိုလာ ကပ်ဆိုက်မှုကို အမြန် ရှာတွေ့တယ်။ 164 00:09:03,125 --> 00:09:06,313 ပထမ အန္တရာယ်ရှိတဲ့၊ ကူးစက်တတ်တဲ့၊ သွေးလွန်တတ်တဲ့ ဗိုင်းရပ်စ်တစ်ခု၊ 165 00:09:06,313 --> 00:09:08,700 နောက်တော့ အီဘိုလာအဖြစ်နဲ့ပါ။ 166 00:09:08,700 --> 00:09:12,873 ဒါပေမဲ့ တွေ့ရှိပြီးဖြစ်ပေမဲ့ သူတို့မှာ တုံ့ပြန်ဖို့ ရင်းမြစ်တွေ မရှိခဲ့ဘူး။ 167 00:09:12,873 --> 00:09:15,672 ဆရာဝန်တွေ၊ ဆေးရုံခုတင်တွေ အလုံအလောက် မရှိခဲ့ဘူး။ 168 00:09:15,672 --> 00:09:18,800 အီဘိုလာ ကုသပုံနဲ့ ကူးစက်မှု ထိန်းချုပ်တာ အကောင်အထည်ဖော်ဖို့ 169 00:09:18,800 --> 00:09:21,242 လုံလောက်တဲ့ သတင်းအချက်အလက် မရှိခဲ့ဘူး။ 170 00:09:22,372 --> 00:09:27,180 Sierra Leone မှာ အီဘိုလာနဲ့ ဆရာဝန် ၁၁ ယောက် သေဆုံးခဲ့တယ်။ 171 00:09:27,180 --> 00:09:31,135 ကပ်ဆိုက်မှု စစဉ်က တိုင်းပြည်မှာ အယောက် ၁၂၀ ပဲရှိတာပါ။ 172 00:09:31,135 --> 00:09:32,705 ဆန့်ကျင်ဘက်အနေနဲ့ 173 00:09:32,705 --> 00:09:36,954 Dallas Baylor Medical Center မှာ သမားတော် ၁၀၀၀ ကျော် ခန့်ထားပါတယ်။ 174 00:09:37,864 --> 00:09:40,635 ဒါတွေက လူတွေကို သေစေတဲ့ မညီမျှမှုမျိုးတွေပါ။ 175 00:09:40,635 --> 00:09:43,607 ပထမ ရောဂါဖြစ်ပွားမှုတွေ စတဲ့အခါ ဒါတွေက ဆင်းရဲသားတွေကို သေစေပြီး 176 00:09:43,607 --> 00:09:45,977 နောက်တော့ ရောဂါဖြစ်ပွားမှု ပျံ့သွားတဲ့အခါ 177 00:09:45,977 --> 00:09:48,298 ကမ္ဘာတစ်လွှားက လူတွေကို သေစေတယ်။ 178 00:09:48,298 --> 00:09:50,603 ဖြစ်ပွားမှုတွေ နှေးစေပြီး ဒါတွေရဲ့ သက်ရောက်မှုကို 179 00:09:50,603 --> 00:09:52,152 အနည်းဆုံးဖြစ်အောင် လုပ်ချင်ရင် 180 00:09:52,152 --> 00:09:55,426 ကမ္ဘာ့နိုင်ငံတိုင်းမှာ ရောဂါသစ်တွေ ရှာဖွေ၊ ကုသပြီး 181 00:09:55,426 --> 00:09:59,417 သတင်းအချက်အလက် မျှဝေနိုင်အောင် 182 00:09:59,417 --> 00:10:02,196 ဒါတွေအကြောင်း သတင်းပို့ နိုင်စွမ်းရှိတာ သေချာစေဖို့လိုတယ်။ 183 00:10:03,656 --> 00:10:07,579 COVID-19 ဟာ ကျန်မာရေး စနစ်မှာ ဧရာမ ဝန်ထုတ်တစ်ခု ဖြစ်တော့မှာပါ။ 184 00:10:07,579 --> 00:10:10,484 ဒီဟောပြောချက်မှာ သေဆုံးမှုနှုန်း အကြောင်း ပြောမှာမဟုတ်ဘူး။ 185 00:10:10,484 --> 00:10:14,792 ပြောရရင် လက်ရှိ COVID-19 သေဆုံးမှုနှုန်း အပေါ် ဘယ်သူမှ သဘောတူနိုင်မှာ မဟုတ်လို့ပါ။ 186 00:10:14,792 --> 00:10:16,795 ဒါပေမဲ့ ကျွန်မတို့သဘောတူနိုင်တဲ့ ကိန်းတစ်ခု 187 00:10:16,795 --> 00:10:20,534 COVID-19 ကူးစက်ခံရသူ ၂၀ % ခန့်ဟာ 188 00:10:20,534 --> 00:10:22,986 ဆေးရုံတက်ဖို့ လိုမယ်ဆိုတာပါ။ 189 00:10:22,986 --> 00:10:27,562 ကျွန်မတို့ရဲ့ US ဆေးဘက်ဆိုင်ရာ စနစ်က ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ရုံလေးပါ။ 190 00:10:27,562 --> 00:10:29,905 ဒါပေမဲ့ မက္ကစီကိုမှာ ဘာဖြစ်သွားမလဲ။ 191 00:10:31,085 --> 00:10:34,456 COVID-19 က ကျွန်မတို့ ကမ္ဘာ ကျန်းမာရေး ထောက်ပံ့မှု ကွင်းဆက်တွေမှာရှိတဲ့ 192 00:10:34,456 --> 00:10:37,011 တကယ့် အားနည်းချက်ကိုလည်း ထုတ်ဖော်ပြထားတယ်။ 193 00:10:37,011 --> 00:10:41,768 အခြေအနေတွေ ကောင်းနေစဉ်မှာ LEAN စနစ်တွေကို အချိန်မီ မှာတာက ကောင်းပေမဲ့ 194 00:10:41,768 --> 00:10:45,839 အကျပ်အတည်းကာလမှာတော့ ဆိုလိုတာက ကျွန်မတို့မှာ အရန်ထားတာတွေ မရှိတာပါ။ 195 00:10:45,839 --> 00:10:50,349 ဆေးရုံတစ်ရုံ (သို့) နိုင်ငံတစ်နိုင်ငံဟာ မျက်နှာစည်းတွေ (သို့) တစ်ကိုယ်ရေသုံး 196 00:10:50,349 --> 00:10:52,170 ကာကွယ်ရေး ပစ္စည်း ပြတ်လပ်သွားရင် 197 00:10:52,170 --> 00:10:55,892 ကျွန်မတို့ ထပ်ပြီးသွားယူနိုင်တဲ့ ဘူးတွေနဲ့ ပြည့်နေတဲ့ ကုန်လှောင်ရုံမရှိဘူး။ 198 00:10:55,892 --> 00:10:59,415 ပေးသွင်းသူဆီကနေ ထပ်မှာပြီး ဒါကို သူတို့ ထုတ်လုပ်ဖို့ စောင့်ရတယ်။ 199 00:10:59,415 --> 00:11:02,970 ဒါကို ပို့ပေးဖို့ စောင့်ဖို့လိုတယ်။ ယေဘုယျကတော့ တရုတ်ပြည်ကပါ။ 200 00:11:02,970 --> 00:11:07,269 အလျင်အမြန် ရွေ့ဖို့က အရေးကြီးဆုံးဖြစ် တဲ့အခါ တစ်ကြိမ်မှာ ကြားချိန်တစ်ခုရှိတယ်။ 201 00:11:08,029 --> 00:11:12,019 COVID-19 အတွက် ပြည့်ပြည်စုံစုံ ပြင်ဆင်ထားခဲ့တယ်ဆိုရင် 202 00:11:12,019 --> 00:11:15,071 တရုတ်ဟာ ဖြစ်ပွားမှုကို ပိုမြန်မြန် ရှာတွေခဲ့မှာပေါ့။ 203 00:11:15,541 --> 00:11:19,197 အဆောက်အအုံသစ်တွ တည်ဆောက်စရာ မလိုဘဲ ကူးစက်ခံရသူတွေအတွက် 204 00:11:19,197 --> 00:11:21,784 စောင့်ရှောက်မှု ပေးဖို့ အသင့်ဖြစ်ခဲ့မှာပေါ့။ 205 00:11:21,784 --> 00:11:25,137 တရုတ်ပြည်က လူမှု မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ပေါက်ကရ ကောလာဟလတွေကို 206 00:11:25,137 --> 00:11:29,330 ကျွန်မတို့ မမြင်အောင် နိုင်ငံသားတွေနဲ့ ရိုးသားတဲ့ သတင်းကို မျှဝေပေးခဲ့မှာပေါ့။ 207 00:11:29,330 --> 00:11:32,788 အမျိုးသား ကျန်းမာရေး စနစ်တွေဆီ စတင် သတင်းပို့ပြီး ဗိုင်းရပ်စ် ပျံ့တဲ့အခါ 208 00:11:32,788 --> 00:11:35,643 အသင့်ဖြစ်နေဖို့ ကမ္ဘာ့ ကျန်းမာရေး 209 00:11:35,643 --> 00:11:37,858 အာဏာပိုင်တွေနဲ့ သတင်းအချက်အလက် မျှဝေခဲ့မှာပေါ့။ 210 00:11:38,528 --> 00:11:40,932 အမျိုးသား ကျန်းမာရေး စနစ်တွေဟာ လိုအပ်တဲ့ ကာကွယ်ရေး 211 00:11:40,932 --> 00:11:43,587 ပစ္စည်းတွေ သိုမှီးပြီး ကုသမှု၊ ကူးစက်မှု ထိန်းချုပ်ရာမှာ 212 00:11:43,587 --> 00:11:47,492 ကျန်းမာရေး စောင့်ရှာက်မှု ပေးသူတွေကို လေ့ကျင့်ပေးခဲ့ကြမှာပေါ့။ 213 00:11:47,842 --> 00:11:51,800 ဖြစ်တဲ့အခါ လုပ်ဖို့လိုတာအတွက် ကျွန်မ တို့မှာ သိပ္ပံအခြေပြု ကျင့်ဝတ်တွေရှိတယ်။ 214 00:11:51,800 --> 00:11:54,607 ဥပမာ ကူးစက် လူနာတွေပါတဲ့ အပျော်စီး သင်္ဘောတွေပေါ့။ 215 00:11:54,607 --> 00:11:59,036 နေရာတိုင်းက လူတွေဆီရောက်တဲ့ သတင်းအချက်အလက်မှန်ရှိမှာဆိုတော့ 216 00:11:59,036 --> 00:12:03,001 သူစိမ်းကြောက်ရောဂါလို ကသိကအောက်၊ အရှက်ရစရာ အဖြစ်တွေရှိမှာ မဟုတ်ဘူး။ 217 00:12:03,001 --> 00:12:07,513 ဥပမာ၊ အာရှပုံပေါက်တဲ့ လူတွေ Philadelphia က လမ်းတွေပေါ်မှာ တိုက်ခိုက်ခံရတာမျိုး။ 218 00:12:08,093 --> 00:12:12,499 ဒါပေမဲ့ ဒါအားလုံး နေရာကျတယ်ဆိုတာတောင် ရောဂါဖြစ်ပွားမှုတွေ ရှိနေဦးမှာပါ။ 219 00:12:13,469 --> 00:12:16,090 ဒီဂြိုဟ်ကို ယူထားပုံနဲ့ဆိုင်တဲ့ လုပ်နေတဲ့ရွေးချယ်မှုတွေက 220 00:12:16,090 --> 00:12:17,739 မရှောင်နိုင်တာကို ဖြစ်စေတာပါ။ 221 00:12:18,599 --> 00:12:23,684 COVID-19 အပေါ် ကျွမ်းကျင်တဲ့ အများသဘောတစ်ခုရှိသမျှက ဒါပါပဲ။ 222 00:12:23,684 --> 00:12:25,921 ဒီ အမေရိကနဲ့ တစ်ကမ္ဘာလုံးပါ၊ 223 00:12:25,921 --> 00:12:28,577 ပိုကောင်းမလာခင်တော့ ပိုဆိုးလာတော့မှာပါ။ 224 00:12:29,077 --> 00:12:31,631 ခရီးကနေ ပြန်လာတာမဟုတ်တဲ့ လူလူချင်းကူးစက်မှုရဲ့ 225 00:12:31,631 --> 00:12:33,568 ရောဂါတွေ တွေ့နေပါတယ်။ 226 00:12:33,568 --> 00:12:35,654 ဒါတွေက လူစုထဲမှာ စဖြစ်နေတာပါ။ 227 00:12:35,654 --> 00:12:38,042 ကူးစက်မှုက ဘယ်ကနေ လာတာကိုတောင် မသိခင် 228 00:12:38,042 --> 00:12:41,112 COVID-19 ကူးစက်ခံရတဲ့သူတွေ တွေ့နေပါတယ်။ 229 00:12:41,112 --> 00:12:43,867 ပိုဆိုးလာနေတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုရဲ့ လက္ခဏာတွေ ရှိတယ်။ 230 00:12:43,867 --> 00:12:46,365 ထိန်းချုပ်မှုအောက်မှရှိတဲ့ ဖြစ်ပွားမှုတစ်ခု မဟုတ်ဘူး။ 231 00:12:48,825 --> 00:12:52,330 ဒါက စိတ်ပျက်စရာဆိုပေမဲ့ အံ့ဩစရာတော့ မဟုတ်ဘူး။ 232 00:12:52,910 --> 00:12:57,039 ကမ္ဘာ့ကျန်မာရေး ပညာရှင်တွေ ဗိုင်းရပ်သစ်ရဲ့ စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပြောတဲ့အခါ 233 00:12:57,039 --> 00:12:59,593 ဒါက ကျွန်မတို့ ကြည့်တဲ့ စိတ်မှန်းဖြစ်နိုင်ခြေတစ်ခုပါ။ 234 00:12:59,593 --> 00:13:02,114 ကျွန်မတို့ အလွယ် လွတ်သွားဖို့ အားလုံး မျှော်လင့်တယ်။ 235 00:13:02,114 --> 00:13:05,519 ဒါပေမဲ့ ပညာရှင်တွေ ဗိုင်းရပ်စပ်ပိုင်း အစီအစဉ်ကို ပြောကြတဲ့အခါ 236 00:13:05,519 --> 00:13:09,665 ဒီလို အခြေအနေတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ် ရွေ့သွားဖို့ သူတို့ မျှော်လင့်ကြပုံပါ။ 237 00:13:11,345 --> 00:13:14,305 ကိုယ်ပိုင် အကြံပေးချက်နဲ့ ဒီမှာ နိဂုံးချုပ်ချင်ပါတယ်။ 238 00:13:15,085 --> 00:13:16,460 သင့်လက်တွေကို ဆေးပါ။ 239 00:13:17,120 --> 00:13:19,391 လက်တွေ များများဆေးပါ။ 240 00:13:19,391 --> 00:13:22,746 သင်တို့ဟာ ရွံစရာမဟုတ်တာကြောင့် လက်များများ ဆေးတယ်ဆိုတာ သိပြီးသားပါ။ 241 00:13:22,746 --> 00:13:25,067 ဒါပေမဲ့ လက်တွေကို ပိုပြီးတောင် ဆေးလိုက်ပါဦး။ 242 00:13:25,067 --> 00:13:29,023 လက်တွေ ဆေးဖြစ်စေဖို့ သင့်ဘဝထဲမှာ အချက်ပြမှုတွေ၊ အကျင့်တွေ သတ်မှတ်ပါ။ 243 00:13:29,023 --> 00:13:32,013 အဆောက်အဦတစ်ခုကို ဝင်တိုင်း၊ ထွက်တိုင်း လက်တွေကို ဆေးပါ။ 244 00:13:32,013 --> 00:13:35,451 အစည်းအဝေးတစ်ခု ဝင်တဲ့၊ ထွက်တဲ့အခါ လက်တွေကို ဆေးပါ။ 245 00:13:35,451 --> 00:13:38,372 လက်ဆေးခြင်းတစ်ခွင်မှာ အခြေခံတဲ့ အကျင့်ဖြစ်ပါစေ။ 246 00:13:38,722 --> 00:13:40,693 သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။ 247 00:13:40,693 --> 00:13:44,365 သင်ဟာ သင့်ရဲ့ ညစ်ပတ်ပြီး ဆေးကြောမထားတဲ့ လက်တွနဲ့ တစ်ချိန်လုံး ထိတွေနေတာပါ။ 248 00:13:44,365 --> 00:13:46,568 ဒါကို သန့်စင်ခန်းထဲကို ယူသွားတာ သိတယ်နော်။ 249 00:13:46,568 --> 00:13:48,407 (ရယ်သံများ) 250 00:13:49,977 --> 00:13:51,810 ဒီတော့ ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။ 251 00:13:51,810 --> 00:13:54,965 လူကြားထဲမှာ မကြာခဏ မသုံးမိဖို့ ထည့်သွင်းစဉ်းစားပါ။ 252 00:13:54,965 --> 00:13:58,333 TikTok နဲ့ Instagram က အိမ်မှာပဲ လုပ်တာတွေ ဖြစ်လောက်တယ်မို့လား။ 253 00:13:59,123 --> 00:14:00,690 သင့်မျက်နှာကို မထိပါနဲ့။ 254 00:14:01,504 --> 00:14:03,145 မျက်လုံးတွေကို မပွတ်ပါနဲ့။ 255 00:14:03,145 --> 00:14:04,699 လက်သည်းတွေ မကိုက်ပါနဲ့။ 256 00:14:04,699 --> 00:14:06,849 နှာခေါင်းကို လက်ဖမိုးနဲ့ မသုတ်ပါနဲ့။ 257 00:14:06,849 --> 00:14:09,087 ဆိုလိုတာက ဒါကို လုံးဝ မလုပ်ပါနဲ့။ရုပ်ပေါက်တယ်လေ။ 258 00:14:09,087 --> 00:14:10,692 (ရယ်သံများ) 259 00:14:10,692 --> 00:14:12,645 နှာခေါင်းစည်း မဝတ်ပါနဲ့။ 260 00:14:12,645 --> 00:14:16,100 နှာခေါင်းစည်း တွေဟာ ဖျားနာသူတွေနဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေအတွက်ပါ။ 261 00:14:16,100 --> 00:14:20,073 သင် နေမကောင်းရင် နှာခေါင်းစည်းက ချောင်းဆိုးတာ၊ နှာချေတာကို ထိန်းပေးပြီး 262 00:14:20,073 --> 00:14:22,243 သင့်ဝန်းကျင်က လူတွေကို ကာကွယ်ပေးတယ်။ 263 00:14:22,243 --> 00:14:24,017 သင်ဟာ ကျန်းမာရေး စောင့်ရှောက်သူဆိုရင် 264 00:14:24,017 --> 00:14:25,741 နှာခေါင်းစည်းးက တစ်ကိုယ်ရေ ကာကွယ်မှု 265 00:14:25,741 --> 00:14:28,537 ပစ္စည်းလို့ခေါ်တဲ့ ကိရိယာအစုထဲက ကိရိယာတစ်ခုပါ။ 266 00:14:28,537 --> 00:14:31,339 လူနာကို စောင့်ရှောက်ပြီး သင့်ကိုယ်သင် ကာကွယ်နိုင်အောင် 267 00:14:31,339 --> 00:14:33,111 သုံးဖို့ သင့်ကို သင်ကြားပေးထာတာလေ။ 268 00:14:33,111 --> 00:14:36,049 သင်ဟာ ပုံမှန် ကျန်းမာသူတစ်ဦးဆိုရင် နှာခေါင်းစည်း ဝတ်တာက 269 00:14:36,049 --> 00:14:38,577 သင့်မျက်နှာကို ချွေးထွက်အောင် လုပ်နေတာ သက်သက်ပဲ။ 270 00:14:38,577 --> 00:14:39,812 (ရယ်သံများ) 271 00:14:39,812 --> 00:14:41,959 ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ 272 00:14:41,959 --> 00:14:44,866 ဖျားနာသူတွေအတွက် စတိုးဆိုင်တွေမှာ နှာခေါင်းစည်းတွေ ထားခဲ့ပါ။ 273 00:14:45,816 --> 00:14:48,403 သင့်မှာ COVID-19 ရောဂါ လက္ခဏာတွေ ရှိတယ်ထင်ရင် 274 00:14:48,403 --> 00:14:50,915 အိမ်မှာနေပါ၊ အကြံဉာဏ်အတွက် ဆရာဝန်ခေါ်ပါ။ 275 00:14:51,675 --> 00:14:54,028 သင့်မှာ COVID-19 တွေ့ရှိတယ်ဆိုရင် 276 00:14:54,028 --> 00:14:56,684 ယေဘုယျအနေနဲ့ ဒါဟာ သိပ်မပြင်းထန် ဘူးဆိုတာ သတိရပါ။ 277 00:14:57,134 --> 00:14:58,820 သင်ဟာ ဆေးလိပ်သောက်သူဆိုရင် 278 00:14:58,820 --> 00:15:01,736 အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ အချိန်ပါ။ 279 00:15:01,756 --> 00:15:03,554 ဆိုလိုတာက သင်ဟာ ဆေးလိပ်သောက်သူဆိုရင် 280 00:15:03,554 --> 00:15:06,983 အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး ဖြစ်နိုင်ရှိတဲ့ အချိန်ဆိုတာက အမြဲပါ။ 281 00:15:06,983 --> 00:15:10,005 ဒါပေမဲ့ သင်ဟာ ဆေးလိပ်သောက်ပြီး COVID-19 ကို ပူပန်နေတယ်ဆိုရင် 282 00:15:10,005 --> 00:15:13,811 ဖြတ်ပစ်ခြင်းက COVID-19 ရဲ့ အဆိုးဆုံး သက်ရောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်ဖို့ 283 00:15:13,811 --> 00:15:17,689 သင်လုပ်နိုင်တဲ့ အကောင်းဆုံးဟာ အသေအချာပါလို့ ကျွန်မ အာမခံတယ်။ 284 00:15:19,419 --> 00:15:21,941 ကျွန်မတို့ သတင်းအတော်များများဟာ 285 00:15:21,941 --> 00:15:26,312 ထိတ်လန့်စရာ လိုမျိုးဖြစ်တဲ့အခါ COVID-19 ဟာ ထိတ်လန့်စရာပါ။ 286 00:15:26,682 --> 00:15:31,741 ဒါကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အတော် ဆိုးပေမဲ့ နှစ်သက်ဖွယ် ရွေးစရာတွေရှိတယ်။ 287 00:15:31,741 --> 00:15:37,033 ထိတ်လန့်မှု၊သူစိမ်းကြောက်မှု၊ ဟင်းလင်းပြင် ကြောက်လန့်မှု၊ အာဏာရှင်ဆန်မှု၊ 288 00:15:37,033 --> 00:15:40,013 အမုန်း၊ဒေါသနဲ့ အထီးကျန်မှုဟာ ရောဂါဖြစ်မှုတွေအတွက် 289 00:15:40,013 --> 00:15:44,060 အဖြေလို့ ကျွန်မတို့ကို တွေးမိအောင်လုပ်တဲ့ ပေါ့ပြက်ပြက်ထားတဲ့ လိမ်ညာမှုတွေပါ။ 290 00:15:44,060 --> 00:15:47,442 ဒါပေမဲ့ ဒါတွေ မဟုတ်ပါဘူး၊ ဒါတွေက ကျွန်မတို့ကို ပြင်ဆင်မှု ပိုနည်းစေတယ်။ 291 00:15:47,982 --> 00:15:52,189 ငြီးငွေ့စရာကောင်းပေမဲ့ အသုံးကျတဲ့ ဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ 292 00:15:52,189 --> 00:15:54,894 အသုံးပြုနိုင်တဲ့ ရွေးချယ်စရာ တစ်စုံရှိတယ်။ 293 00:15:54,894 --> 00:15:58,300 ဒီမှာနဲ့နေရာတိုင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်အောင်လုပ်တာတွေ 294 00:15:58,300 --> 00:16:01,723 ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံနဲ့ ရောဂါသစ်လာချိန်ကို သိနိုင်ဖို့ 295 00:16:01,723 --> 00:16:04,030 ရောဂါ စောင့်ကြပ်ရေးမှာ ရင်းနှီးမြှုပ်နှံပါ။ 296 00:16:04,030 --> 00:16:06,881 ကမ္ဘာတစ်လွှားမှာ ကျန်းမာရေး စနစ်တွေ တည်ဆောက်ခြင်းပါ။ 297 00:16:06,881 --> 00:16:09,150 အရေးပေါ်အခြေအနေတွေအတွက် အသင့်ဖြစ်ဖို့ 298 00:16:09,150 --> 00:16:11,419 ထောက်ပံ့ရေး အစဉ်တန်းတွေ အားဖြည့်တာကို ကြည့်တာပါ။ 299 00:16:11,419 --> 00:16:16,496 ပြီးတော့ ရောဂါ ဖြစ်ပွားမှုတွေနဲ့ မျက်ကန်း ထိတ်လန့်မှုမပါတဲ့ 300 00:16:16,496 --> 00:16:18,182 စွန့်စားမှု သင်္ချာအကြောင်း 301 00:16:18,182 --> 00:16:20,649 ပြောနိုင်စွမ်းရှိတဲ့ ပိုကောင်းတဲ့ပညာရေးပါ။ 302 00:16:21,419 --> 00:16:23,540 လူမှုစာနာမှုကနေ လမ်းပြဖို့ လိုအပ်ပါတယ်၊ 303 00:16:23,540 --> 00:16:25,844 အကြောင်းကတော့ ဒီအခြေအနေမှာ အခြားများစွာလိုပဲ 304 00:16:25,844 --> 00:16:29,239 စာနာမှုဟာတကယ့်ကို ကျွန်မတို့ရဲ့ ကိုယ်ကျိုးကြည့်မှုထဲမှာ ရှိနေလို့ပါ။ 305 00:16:30,319 --> 00:16:32,990 ဒီတော့ ဒီနေ့ နားထောင် ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ 306 00:16:32,990 --> 00:16:34,960 ပြီးတော့ "ရုံထဲက ထွက်တဲ့အခါ လက်တွေ 307 00:16:34,960 --> 00:16:37,337 ဆေးကြပါ" လို့ ပထမဆုံးပြောသူ ဖြစ်ခွင့်ရလို့ပါ။ 308 00:16:37,337 --> 00:16:39,457 (လက်ခုပ်သံများ)