အမေရိကန်တွေဟာ တစ်နှစ်ကို ၅၇၁ သန်း၂ သိန်း ၃ သောင်း ပေါင်ရှိတဲ့ စက္ကူလက်သုတ်ပုဝါတွေကို အသုံးပြုကြပါတယ်။ မှားနေတဲ့ကိန်းဂဏန်းကို ပြင်လိုက်မယ်ဆိုရင် တစ်နှစ် ၁၃ဘီလီယံ သုံးနေတာပါ။ စက္ကူလက်သုတ်ပုဝါအသုံးကို လျှော့ချလို့ရမယ်ဆိုရင်၊ လူတစ်ယောက် တစ်ရက်ကို တစ်ခုနှုန်းနဲ့ပေါ့၊ စက္ကူအလေးချိန်ပေါင် ၅၇၁,၂၃၀,၀၀၀ မသုံးတော့ဘူးပေါ့။ ကျွန်တော်တို့ လုပ်နိူင်ပါတယ်။ အခု စက္ကူလက်သုတ်ပဝါထုတ်တဲ့ စက်မျိုးစုံရှိပါတယ်။ ဟောဒီမှာသုံးခေါက်ခေါက်ထားတာပါ။ ထုံးစံအရ လူတွေက ၂ခု၊၃ခုတော့ယူကြပါတယ်။ ဟောဒီမှာဖြတ်ထားတဲ့အပိုင်းပါတဲ့ဟာ၊ ဆုတ်ဖြဲလိုက်ဖို့တော့လိုတာပေါ့။ လူတွေက ၁၊ ၂၊ ၃၊ ၄ပိုင်း ဖြဲလိုက်ကြတယ်။ များတာပေါ့နော်။ ဟောဒီမှာတော့သူဘာသာဖြတ်ထားတဲ့အပိုင်းပါ။ လူတွေက ၁ပိုင်း၊၂ပိုင်း၃၊၄ပိုင်းလုပ်ကြတယ်။ ဒါမှမဟုတ် ဟောဒီမှာ အတူတူဆိုပေမဲ့ ပြန်သုံးထားတဲ့ စက္ကူပါ၊ ဒီအထဲက ၅ ခုတော့ယူဖို့လိုတာပေါ့၊ ဘာလို့ဆို ဒါတွေဟာ တကယ် အရည်စုပ်တာတွေ မဟုတ်လို့ပါ။ (ရယ်သံများ) အမှန်တော့ ဒါတွေအားလုံးကို ပဝါတစ်ထည်နဲ့ လုပ်နိူင်ပါတယ်။ သော့ချက်က စကားလုံး၂လုံးပါ။ အခန်းရဲ့ ဒီတစ်ဝက်အတွက် ခင်ဗျားတို့ရဲ့စကားလုံးက "လှုပ်"ပါ။ နားဆင်ကြည့်ရအောင်။ လှုပ်။ ပရိတ်သတ်။ "ခါလိုက်။ ကျယ်ကျယ်လေးဗျာ။ ပရိတ်သတ်။ "ခါလိုက်။ Joe Smith: ခင်ဗျားတို့က "ခေါက်လိုက်။" ပရိတ်သတ်။ "ခေါက်လိုက်။" JS: နောက်တစ်ခေါက်လောက်။ ပရိတ်သတ်။ "ခေါက်လိုက်။" JS:ကျယ်ကျယ်လေးဗျာ။ ပရိတ်သတ်။ ခါလိုက်။ ခေါက်လိုက်။ JS: အိုကေ။ လက်အစိုတွေ၊ ခါလိုက်၊ ၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀၊၁၁၊၁၂ လား။ ဘာလို့ ၁၂ ဖြစ်တာတုန်း။ တမန်တော် ၁၂ ပါး၊ လူမျိုး ၁၂ မျိုး၊ ဆယ့်နှစ်ရာသီခွင်၊ ၁၂လ။ ကျွန်တော်အကြိုက်ဆုံးက၊ တစ်သံတည်းထွက်တဲ့ အကြီးဆုံးနံပါတ်။ (ရယ်သံများ) သုံးထပ်ခေါက်။ (လက်ခုပ်သံများ) ခေါက်လိုက်။ ခြောက်သွားပြီ။ (လက်ခုပ်သံများ) ပရိတ်သတ်၊ ခါလိုက်။ ပရိတ်သတ်၊ ခေါက်လိုက်။ သူ့ဘာသာဖြတ်။ ခေါက်။ ခေါက်တာက အရေးကြီးတယ်၊ဘာလို့လဲဆိုတော့ ဒါက ကြားမှာဆိုင်းထာတာကို ဖြစ်ခွင့်ပေးလို့ပါ။ ဒီအပိုင်းကို သတိရဖို့မလိုပေမဲ့ ကျွန်တော့ကိုတော့ယုံပါ။ (ရယ်သံများ) ပရိတ်သတ်။ "ခါလိုက်" ပရိတ်သတ်။ "ခေါက်လိုက်" သူ့ဘာသာဖြတ်။ ရယ်စရာကောင်းတာက။ ၃၊ ၄ ခု သုံးသူတွေထက် ကျွန်တော့လက်တွေက ပိုခြောက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က လက်ကြားတွေထဲမှ မရောက်တာ ဒါဟာမကောင်းဘူးလို့ ခင်ဗျားတို့ထင်ရင်တော့...... ပရိတ်သတ်။ "ခါလိုက်" ပရိတ်သတ်။ "ခေါက်လိုက်" JS: ကဲ အခု ဟောဒီမှာ တကယ့်ကို ဆန်းပြားတဲ့ တီထွင်မှုလေးတစ်ခုပါ။ ခင်ဗျားတို့ လက်ဝှေ့ရမ်းလိုက်ရာမှာ ဒါက အရှိန်နဲ့လွင့်သွားတယ်။ အရမ်းကြီးလွန်းတဲ့ ပဝါတစ်ထည်လိုမျိုးပါ။ လျှို့ဝက်ချက်ကို ပြောပါရစေ။ ခင်ဗျားတို့ အရမ်းမြန်ရင်၊ အရမ်းကိုမြန်ရင်ပေါ့...ကျွန်တော် သက်သေပြနိူင်ပါတယ်။ ဒါက ဒီအဆောက်အဦမှာရှိတဲ့ စက်ထဲကထုတ်လာတဲ့ ပဝါရဲ့တစ်ဝက်ပါ။ ဘယ်လိုဖြစ်တာတုန်း။ စတာနဲ့ ဖြဲဆုတ်လိုက်တယ်။ ရပ်သွားလို့ရအောင်ကို တော်တာပါ။ ပဝါတစ်ဝက်ရတာပေါ့။ (ရယ်သံများ) ပရိတ်သတ်။ ခါလိုက် ပရိတ်သတ်။ ခေါက်လိုက်။ JS: ကဲ အားလုံးတူတူဆိုရအောင်။ ၊ အားလုံး။ ခါလိုက်။ အားလုံး။ ခေါက်လိုက် ။ ကျန်တဲ့ ခင်ဗျားတို့တစ်သက်လုံး စက္ကူပဝါတစ်ထည်ယူတိုင်း ဒီစကားလုံးတွေကို သတိရနေပါလိမ့်မယ်။ နောက်ပြီး တစ်ယောက်ပဝါတစ်ထည်နဲ့ တစ်နှစ်ဆိုတာကို သတိရလိုက်ပါ။ စက္ကူအလေးချိန်ပေါင် ၅၇၁,၂၃၀,၀၀၀။ သေးသေးဖွဲဖွဲမဟုတ်ဘူးနော်။ ပြီးနောက်နှစ်မှာ အိမ်သာသုံး စက္ကူလိပ်။ (ရယ်သံများ)