1 00:00:14,026 --> 00:00:16,496 'ကျုပ်ဟာ ကိုယ်ပျောက် လူသားပါ။' 2 00:00:16,496 --> 00:00:20,728 Mrs. Dalloway က သူကိုယ်တိုင်အတွက် ပန်းတွေ ဝယ်မယ်လို့ ပြောတယ်။' 3 00:00:20,728 --> 00:00:24,777 'ခင်ဗျားက Italo Calvino ရဲ့ ဝတ္ထုသစ်ကို စဖတ်တော့မယ်ပေါ့။' 4 00:00:26,370 --> 00:00:30,742 ဒီအဖွင့် စာကြောင်းသုံးကြောင်းတွေဟာ Ralph Ellisonရဲ့ "Invisible Man" 5 00:00:30,742 --> 00:00:32,762 Virginia Woolf ရဲ့ "Mrs. Dalloway" 6 00:00:32,762 --> 00:00:36,562 Italo Calvino ရဲ့ 'If on a winter’s night a traveler' ထဲကပါ။ 7 00:00:36,562 --> 00:00:39,682 တစ်ကြောင်းစီဟာ မတူတဲ့ ရှုထောင့်တစ်ခုကို သက်သေပြနေတယ်။ 8 00:00:39,682 --> 00:00:42,892 ဇာတ်လမ်းတစ်ပုဒ်ကို ဘယ်သူပြောနေလဲ၊ ဘယ်အမြင်ကနေ ပြောနေလဲဆိုတာတွေက 9 00:00:42,892 --> 00:00:46,412 စာရေးဆရာတစ်ယောက်က ပြုလုပ်တဲ့ အရေးပါတဲ့ ရွေးချယ်မှုတွေပါ။ 10 00:00:46,412 --> 00:00:50,544 ဇာတ်လမ်း တစ်ပုဒ်ကို မတူတဲ့ ရှုထောင့်တစ်ခု ကနေ ပြောပြရင် လုံးဝ ပြောင်းလဲသွားနိုင်တယ်။ 11 00:00:52,504 --> 00:00:54,360 ဒီပုံပြင်ကို ကြည့်ပါ။ 12 00:00:54,360 --> 00:00:59,820 "Rapunzel ရေ Rapunzel ရေ၊ မင်းရဲ့ ဆံပင်ကို ဖြန့်ချလိုက်ပါ" လို့ မင်သားက ပြောတယ်။ 13 00:00:59,820 --> 00:01:03,350 Rapunzel က သူ့ဆံပင်ကို ဖြေချလိုက်ပြီး ပြတင်းပေါက်ကနေ လွှဲချပေးလိုက်တယ်။ 14 00:01:03,350 --> 00:01:06,420 မင်းသားက ဆံနွယ်တွေကနေ မျှော်စင်ထဲကို တွယ်တက်သွားတယ်။ 15 00:01:06,420 --> 00:01:11,064 ဇာတ်ကြောင်းပြောသူက ဇာတ်လမ်း အပြင်ကနေ Rapunzel ကို ထုံးစံအတိုင်း ဒီလို ပြောတယ်၊ 16 00:01:11,064 --> 00:01:14,164 ဒီရှုထောင့်ကို အပြောခံ နာမ်စားလို့ ခေါ်တယ်။ 17 00:01:14,164 --> 00:01:18,044 ဒါပေမဲ့ Rapunzel ကို ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ပါလို့ ပြောလို့ရတယ်။ 18 00:01:18,044 --> 00:01:19,854 ပြောသူ နာမ်စား ဇာတ်ကောင်ပါ။ 19 00:01:19,854 --> 00:01:23,284 Rapunzel ရဲ့ ဆံခွေတွေရဲ့ နောက်မြီးက ကျွပ် ခြေထောက်မှာ ပလုံခနဲကျလာတယ်။ 20 00:01:23,284 --> 00:01:26,614 ကျုပ် ဆွဲယူလိုက်ပြီး စတင်တွယ်တက်တယ်၊ အား။ 21 00:01:26,614 --> 00:01:28,694 ကိုယ့်ဘာသာ ရှုပ်နေတာ ရှင်းမရခဲ့ဘူး။ 22 00:01:28,694 --> 00:01:32,404 ဆံခြည်မျှင်တွေ ကျုပ် တစ်ကိုယ်လုံးအပေါ် ပြုတ်ထွက်လာတယ်၊ ချွေးမှာ ငြိနေတယ်။ 23 00:01:32,404 --> 00:01:36,460 ပြောသူ နာမ်စား ဇာတ်ကြောင်းမှာ ဇာတ်လမ်းဟာ ဘယ်ဇာတ်ကောင်က 24 00:01:36,460 --> 00:01:40,636 ဇာတ်ကြောင်းပြောသူဆိုတာကို မူတည်ပြီး သိသိသာသာ ပြောင်းလဲသွားနိုင်တယ်။ 25 00:01:40,636 --> 00:01:44,366 Rapunzel က မင်းသားအစား ဇာတ်ကြောင်းပြောတယ် ဆိုပါစို့။ 26 00:01:44,366 --> 00:01:51,255 တွေးမိတာက ၂၅ ပေ ဆံပင်ကို ဖြေဖို့ ဘယ်လောက် ကြာတာကို သူနှစ်သက်တယ်လို့မျှော်လင့်တယ်။ 27 00:01:51,255 --> 00:01:56,212 ဟပ်ချိုး၊ ကျွန်မ အမှန် ပြောမယ်၊ ဦးရေဟာ ဦးခွံကနေ ဆန့်ထွက်လာမယ်လို့ ကျွန်မထင်တယ်။ 28 00:01:56,212 --> 00:02:00,212 "နည်းနည်း မြန်မြန် တွယ်တက်လို့ ရလား" လို့ ကျွန်မ အော်လိုက်တယ်။ 29 00:02:00,212 --> 00:02:04,801 နာသူ နမ်စားမှာ ဇာတ်ကြောင်းပြောသူက ဇာတ်လမ်းကို စာဖတ်သူကို ဦးတည်တယ်။ 30 00:02:04,801 --> 00:02:09,892 သူက သင့်နာမည်ကို ခေါ်တယ်။ သင့်ဆံပင်ကို ဖြန့်ချစေချင်တယ်။ 31 00:02:09,892 --> 00:02:14,350 သင်ဟာ ဆံပင်ကို ဖြေချပြီးပေမဲ့ သင့်မှာ လာကြည့်သူ သိပ်မများဘူး။ 32 00:02:14,350 --> 00:02:18,230 အပြောခံ နာမ်စား၊ ပြောသူ နာမ်စားနဲ့ နာသူ နမ်စား အမြင်တွေမှာ 33 00:02:18,230 --> 00:02:21,740 တစ်ခုစီမှာ ထူးခြားတဲ့ ဖြစ်နိုင်ခြေတွေနဲ့ အကန့်အသတ်တွေ ရှိပါတယ်။ 34 00:02:21,740 --> 00:02:25,740 ဒီတော့ သင့်ဇာတ်လမ်းအတွက် ရှုထောင့် တစ်ခုကို သင် ဘယ်လို ရွေးချယ်နိုင်လဲ။ 35 00:02:25,740 --> 00:02:28,400 ကန့်သတ်မှုတွေဟာ သေချာပေါက် မကောင်းတဲ့ အရာတော့ မဟုတ်ဘူး။ 36 00:02:28,400 --> 00:02:32,946 ဒါတွေက ဇာတ်လမ်းကိုစူးစိုက်ဖို့(သို့)တချို့ အပိုင်းတွေကို အသားပေးဖို့ ကူညီနိုင်တယ်။ 37 00:02:32,946 --> 00:02:34,106 ဥပမာ 38 00:02:34,106 --> 00:02:39,024 အပြောခံ နာမ်စား ဇာတ်ကြောင်းပြောသူဟာ ဇာတ်ကောင်တွေကနေ နည်းနည်း ခွာထားရတယ်။ 39 00:02:39,024 --> 00:02:43,156 ဒါပေမဲ့ ဝေးကွာမှု ခံစားချက်တစ်ခုက အရေး ပါတဲ့ ဇာတ်လမ်းတွေအတွက် ကောင်းနိုင်တယ်။ 40 00:02:43,156 --> 00:02:46,636 အပြောခံ နာမ်စား ဇာတ်ကြောင်းပြောသူကို ကန့်သတ်ထားလို့လည်းရတယ်။ 41 00:02:46,636 --> 00:02:50,516 ဆိုလိုတာက ဇာတ်ကောင်တစ်ကောင်ရဲ့အတွေး တွေနဲ့ ခံစားချက်တွေနဲ​့ နီးနီး ကပ်ထားတာပါ။ 42 00:02:50,516 --> 00:02:54,446 (သို့) သူတို့ဟာ နေ့ရာအနှံ့ရှိနိုင်ပြီး ဇာတ်ကောင်တွေရဲ့ စိတ်တွေ လူးလာခတ်ပြီး 43 00:02:54,446 --> 00:02:57,295 စာဖတ်သူကို သတင်းအချက်အလက် ပိုပြီးပေးနိုင်တယ်။ 44 00:02:57,295 --> 00:03:02,170 ပြောသူ နာမ်စား ဇာတ်လမ်းတစ်ပုဒ်က စာဖတ်သူနဲ့ စာရေးသူကြားမှာ နီးကပ်မှုကို ဖန်တီးတယ်။ 45 00:03:02,170 --> 00:03:05,480 ဒါက ဇာတ်ကြောင်းပြောသူရဲ့ အသိသုတကိုပါ ကန့်သတ်တယ်။ 46 00:03:05,480 --> 00:03:07,010 စာဖတ်သူက ဇာတ်ကောင်နဲ့အတူ 47 00:03:07,010 --> 00:03:10,920 သတင်းအချက်အလက်ကို ရှာဖွေစဉ်မှာ စိတ်ထင့်မှုကို ဖန်တီးနိုင်တယ်။ 48 00:03:10,920 --> 00:03:13,180 ပြောသူ နာမ်စား ဇာတ်ကြောင်းပြောသူဟာ 49 00:03:13,180 --> 00:03:16,340 ဇာတ်ကောင် အတွေ့အကြုံကိ အတိအကျ ကိုယ်စားပြုဖို့ သေချာပေါက် မလိုဘူး။ 50 00:03:16,340 --> 00:03:19,360 သူတို့ဟာ လှည့်စားတာ (သို့) မရိုးမသားတာဖြစ်နိုင်တယ်။ 51 00:03:19,360 --> 00:03:22,744 Kazuo Ishiguro ရဲ့ ဝတ္ထု "The Remains of the Day" မှာ 52 00:03:22,744 --> 00:03:29,292 ၁၉၅၆ က ဇရာအို ဗြိတိသျှ ဘဏ္ဍာစိုး Stevens ဟာ နှစ်များစွာ အမှုထမ်းခဲ့ပေမဲ့ 53 00:03:29,292 --> 00:03:33,292 သူ အလုပ်လုပ်ပေးသူရဲ့ ချို့ယွင်းချက်တွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်တာကို ပြောပြတယ်။ 54 00:03:33,292 --> 00:03:37,042 သူ့ဇာတ်လမ်းတွေထဲက ဆို့နင့်အက်ကွဲသံတွေဟာ နောက်ဆုံးတော့ သူနေထိုင်တဲယဉ်ကျေးမှုနဲ့ 55 00:03:37,042 --> 00:03:41,025 လူတန်းစားစနစ်ရဲ့အသိအမှတ်ပြုဖို့လိုတဲ့ အားနည်းချက်တွေဆီ 56 00:03:41,025 --> 00:03:42,625 စာဖတ်သူကို ဆွဲခေါ်သွားတယ်။ 57 00:03:42,625 --> 00:03:45,595 Justin Torres ရဲ့ ဝတ္ထုရှည် "We the Animals" ဟာ 58 00:03:45,595 --> 00:03:48,895 ဗဟုဝုစ် ပြောသူ နာမ်စား တစ်ခုနဲ့ စတင်တယ်။ 59 00:03:48,895 --> 00:03:52,705 'ငါတို့ဟာ လှမ်းဆွဲတဲ့ လက် ခြောက်ဖက်၊ ဆောင့်နင်းတဲ့ ခြေခြောက်ဖက် ဖြစ်ခဲ့တယ်။ 60 00:03:52,705 --> 00:03:58,542 'ငါတို့ဟာ ရန်စတစ်ခုထဲမှာ ပိတ်လှောင်ခံရတဲ့ ညီနောင်တွေ၊ ကောင်လေးတွေ၊ ဘုရင်ငယ်သုံးပါး။" 61 00:03:58,542 --> 00:04:01,587 ဇာတ်လမ်း တစ်စိတ်တစ်ဒေသမှာ ကောင်လေးတွေ အရွယ်ရောက်လာပြီး 62 00:04:01,587 --> 00:04:06,577 အခြားသူတွေကနေ ကင်းကွာလာတယ်လို့ ခံစားမိတဲ့အခါ ရှုထောင့်က 63 00:04:06,577 --> 00:04:10,677 ပြောသူ နာမ်စား ဧကဝုစ်ကို ပြောင်း သွားတယ်။ 'ငါတို့' ကနေ 'ငါ' ကိုပါ။ 64 00:04:10,677 --> 00:04:13,697 နာသူ နာမ်စားဟာ အတွေ့ရ ပိုနည်းတဲ့ ရွေးချယ်မှုတစ်ခုပါ။ 65 00:04:13,697 --> 00:04:18,511 နောက်ထပ် 'သင်' ဖြစ်လာဖို့ ရေးသူက ဖတ်သူကို မယုံမကြည် မြောနေအောင် လုပ်ဖို့လိုတယ်။ 66 00:04:18,511 --> 00:04:21,201 စာဖတ်သူကို ဇာတ်ကောင်တစ်ကောင်ရဲ့ ရှုထောင့်မှာ ထားခြင်းက 67 00:04:21,201 --> 00:04:23,621 အလျင်လိုမှုနဲ့ စိတ်ထင့်မှုကို တည်ဆောက်နိုင်တယ်။ 68 00:04:23,621 --> 00:04:24,791 ဒါပေမဲ့ တစ်ခါတစ်ရံကျတော့ 69 00:04:24,791 --> 00:04:28,937 နာသူ နမ်စားကို ရည်ရွယ်တာက စာဖတ်သူကို ဇာတ်လမ်းနဲ့ ပိုနီးအောင် ဆွဲယူဖို့ထက် 70 00:04:28,937 --> 00:04:31,677 ဇာတ်ကြောင်းပြောသူကို ကိုယ်ပိုင် ဇာတ်လမ်းမှ ခွာနေစေဖို့ပါ။ 71 00:04:31,677 --> 00:04:32,807 ဒီဖြစ်ရပ်တွေမှာ 72 00:04:32,807 --> 00:04:37,881 နာသူ နာမ်စား ဇာတ်ကြောင်းပြောသူတွေဟာ 'ငါ' ဆိုတာထက် 'သင်'လို့ ကိုယ်တိုင်ရည်ညွှန်းတယ်။ 73 00:04:37,881 --> 00:04:43,082 စာရေးသူတွေဟာ ရှုထောင့်အပေါ် မူကွဲ အသစ်တွေနဲ့ အမြဲမပြတ် စမ်းသပ်နေလေ့ရှိတယ်။ 74 00:04:43,082 --> 00:04:46,150 အသစ်အသစ်သော ပကတိနီးပါးနဲ့ ပကတိကို ဆပွားထားတဲ့ နည်းပညာတွေဟာ 75 00:04:46,150 --> 00:04:49,730 ဒီစမ်းသပ်မှုအတွက် ဖြစ်နိုင်ခြေတွေကို တိုးချဲ့ပေးနိုင်လောက်တယ်။ 76 00:04:49,730 --> 00:04:53,730 ပကတိနီးပါး နေရာထဲက ထူးခြားတဲ့ရှုထောင့် တစ်ခုမှာ လူတွေကို နေရာချ​ေ​ေပေးခြင်းဖြင့် 77 00:04:53,730 --> 00:04:57,590 ဇာတ်လမ်းတွေကို ကျွန်ုပ်တို့ ပြောပြပုံ၊ တွေ့ကြုံပုံကို ဘယ်လို ပြောင်းလဲပစ်နိုင်လဲ။