မကြာခင်က အခြေချတဲ့ အင်္ဂါဂြိုဟ်
အခြေစိုက်စခန်း လေးခုထဲက
တစ်ခုမှာ အာကာသ ဆိပ်ကမ်းသစ်တစ်ခု
ဆောက်ချင်ပြီး ၎င်းရဲ့ တည်နေရာကို
မဲပေးပြီး အတည်ပြချင်တယ်လို့
စိတ်ကူးကြည့်လိုက်ပါ။
အင်္ဂါဂြိုဟ်ပေါ်က အခြေချသူ ၁၀၀ အနက်
၄၂ ဦးဟာ West Base ၂၆ ဦးက North Base
၁၅ ဦးက South Base ၁၇ ဦးက
East Base းမှာ နေကြတယ်။
ရည်ရွယ်ချက်တွေအတွက်
လူတိုင်းဟ၊ ဆိပ်ကမ်းကို သူတို့အိမ်နဲ့
အနီးဆုံးမှာရှိစေချင်တယ်လို့ ဆိုပါစို့။
မဲပေးဖို့ အမျှတဆုံးနည်းလမ်းက ဘာလဲ။
အဖြောင့်မတ်ဆုံး ဖြေရှင်းနည်းကတော့
တစ်ဦးချင်းစီကို လျှို့ဝှက်မဲပေးစေပြီး
မဲအများဆုံးရတဲ့ တည်နေရာကို ရွေးချယ်တာပါ။
ဒါကို အများ မဲပေးခြင်း"
(သို့) "မဲများသူ အနိုင်" လို့ သိကြတယ်။
ဒီဖြစ်ရပ်မှာ West Base က
အလွယ်တကူ နိုင်သွားတယ်။
၎င်းက အခြားနေရာတိုင်းထက်
နေထိုင်သူ ပိုများတာကြောင့်ပါ။
ဒါပေမဲ့ အခြေချနေထိုင်သူ အများစုက
အခြားလူတိုင်းနဲ့ ဝေးကွာနေတာကြောင့်
ဒါဟာ အဆိုးဆုံးရလဒ်လို့ တွေးမိကြမယ်။
ဒီတော့ အများ မဲပေးခြင်းက
အမျှတဆုံး စနစ်ဆိုတာ တကယ်လား။
ချက်ချင်း မဲအရေအတွက် တူတာလို
စနစ်စတစ်ခုကို စမ်းကြည့်ရင်ရော။
ဒါက လူတွေရဲ့ ထိပ်ဆုံး ရွေးချယ်မှုထက်
သူတို့ရဲ့ ပိုနှစ်သက်မှုတွေရဲ့
ပြည့်ဝတဲ့ အပိုင်းအခြားကို ထည့်တွက်တာပါ။
အလုပ်လုပ်မယ့်ပုံက ဒီလိုပါ။
ပထမ မဲပေးသူတွေက ၁ မှ ၄ အထိ
ရွေးပိုင်ခွင့်တစ်ခုစီကို စဉ်လိုက်ပြီး
သူတို့ရဲ့ ထိပ်တန်း ရွေးတာတွေကို
ယှဉ်ကြည့်တယ်။
South က ပထမအကြိမ်မှာ အနည်းဆုံး
မဲရတော့ ၎င်းကို ဖယ်လိုက်တယ်။
၎င်းရဲ့ ၁၅ မဲက မဲပေးသူတွေရဲ့ ဒုတိယ
ရွေးချယ်မှု East Base ဆီ ခွဲဝေပေးလိုက်တယ်။
စုစုပေါင်း ၃၂ မဲကို ပေးလိုက်တာပါ။
ဒီနောက် ထိပ်တန်း ပိုနှစ်သက်တာတွေကို ယှဉ်ကာ
နောက်ဆုံး ရွေးချယ်မှုကို ထပိ ဖြတ်ပစ်တယ်။
ဒီတစ်ကြိမ် North Base ကို ပယ်လိုက်တယ်။
၎င်းမှာ နေထိုင်သူတွေရဲ့ ဒုတိယ ရွေးချယ်မှုက
South Base ဖြစ်လိမ့်မယ်ဆိုပေမဲ့
ဒါက မရှိတော့ဘူးဆိုတော့ မဲတွေက
တတိယ ရွေးချယ်မှုဆီ ရောက်သွားမယ်။
ဒါက West ရဲ့ ၄၂ မဲ အပေါ်မှာ East ကို
၅၈ မဲပေးပြီး ၎င်းကို အနိင်ရသူဖြစ်စေတယ်။
ဒါပေမဲ့ ဒါကလည်း မျှတမှု ရှိပုံမရဘူး။
East ဟာ နောက်ဆုံး ဒုတိယနေရာမှာ
စခဲ့တာတင်မက
အများစုက အနည်းဆုံး ပိုကြိုက်တဲ့
ရွေးချယ်မှုထဲမှာ အဆင့်ပေးခဲ့တာပါ။
အဆင့်သတ်မှတ်ချက်တွေ သုံးတာအစား
အဆင့်စုံမှာ မဲပေးတာကို စမ်းကြည့်နိုင်တယ်။
ထိပ်ဆုံး အနိုင်ရတဲ့ နှစ်ခုကို သီးခြား
အမှတ်တူ ပြိုင်ပွဲတစ်ခုဆီ လုပ်ဆောင်ရင်းပါ။
ပုံမှန်အားဖြင့် ဒါက ပထမ အဆင့်မှာ
West နဲ့ North က အနိုင်ရမှာဖြစ်ပြီး
ဒုတိယအဆင့်မှာ North ရ အနိုင်ရမှာပါ။
ဒါပေမဲ့ East Base ရဲ့ နေထိုင်သူတွေ
သဘောပေါက်တာက
အနိုင်ရဖို့ မဲတွေ သူတို့ မရပေမဲ့
သူတို့ကြိုက်တဲ့ဘက်မှာ ရလဒ်တွေကို
မဲတင်းပေးနိုင် သေးတယ်ဆိုတာပါ။
ပထမအဆင့်မှာ သူ့တို့ကိုယ်ပိုင် အစား
South Base ကို မဲပေးတယ်။
North ကို အဆင့်တက်ခြင်းကနေ
အောင်မြင်စွာ တားဆီးတာပါ။
East Base နေထိုင်သူတွေရဲ့
ဒီ"ဗျူဟာကျတဲ့ မဲပေးခြင်း" ကြောင့်
South ဟာ လူအနည်းဆုံးဖြစ်ပေမဲ့
ဒုတိယ အဆင့်မှာ အလွယ်တကူ နိုင်သွားတယ်။
သင့်ရဲ့ ပိုနှစ်သက်မှုတွေနဲ့ ပတ်သက်ပြီး
လိမ်ညာတာကို မက်လုံးပေးတယ်ဆိုရင်
ဒီစနစ်ဟာ မျှတ၊ကောင်းမွန်တယ် ဆိုနိုင်လား။
ဖြစ်နိုင်ခြေက ကျွန်ုပ်တို့ လုပ်ဖို့လိုတာက
မဲပေးသူတွေကို ဖြစ်နိုင်တဲ့
ထိပ်တိုက် ယှဉ်ပြိုင်ပွဲတိုင်းမှာ
ပိုနှစ်သက်မှုတစ်ခု ဖော်ပြစေတာပါ။
ဒါကို Condorcet နည်းလို့ သိကြပါတယ်။
West နဲ့ North ယှဉ်ပြိုင်ပွဲ
တစ်ခုကို စဉ်းစားကြည့်ပါ။
အခြေချသူ ၁၀၀ လုံးဟာ နှစ်ခုကြားက
သူတို့ ပိုနှစ်သက်တာကို မဲပေးတယ်။
ဒီတော့ West က ၄၂ မဲ၊ North မှ ၅၈ မဲ၊
South နဲ့ East အားလုံးက North ကို
ပိုကြိုက်ကြမယ့်သူတွေပေါ့။
ကဲ အခြားပြိုင်ပွဲ ငါးပွဲအတွက်
အလားတူ ပြုလုပ်ပါ။
မဲပေးသူဟာ ဘယ်အခြေစိုက်စခန်းက
ဖြစ်ဖြစ် အကြိမ်အများစု နိုင်မှာပါ။
ဒီမှာတော့ North က သုံးပွဲနိုင်
South က နှစ်ပွဲနိုင်တယ်။
တကယ်တော့ ဒါတွေက
ဗဟိုအကျဆုံး နေရာနှစ်ခုဖြစ်ပြီး
North ဟာ လူတိုင်းပိုနှစ်သက်တဲ့ ရွေးချယ်မှု
အနည်းဆုံး ဖြစ်မနေတဲ့ အသာစီးရမှုရှိတယ်။
ဒီတော့ ယေဘုယျအနေနဲ့ Condorcet နည်းက
စံပြ မဲပေးစနစ်တစ်ခုလား။
သေချာပေါက်တော့ မဟုတ်ပါ။
ကိုယ်စားလှယ်လောင်း သုံးဦးပါတဲ့
ရွေးကောက်ပွဲကို တွေးပါ။။
သင်ဟာ B ထက် A ကို၊ C ထက်
B ကို၊ A ထက် C ကို ပိုကြိုက်ရင်
ဒီနည်းက နိုင်သူကို ရွေးဖို့ ပျက်ကွက်စေတယ်။
ဆယ်စုနှစ်တွေချီက သုတေသီတွေနဲ့
စာရင်းအင်း ပညာရှင်တွေ ရလာတာက
မဲတွေကို စီမံ၊ ရေတွက်ခြင်းရဲ့ ဒါဇင်ချီတဲ့
ရှုပ်ထွေးတဲ့ နည်းလမ်းတွေဖြစ်ပြီး
တချို့ကို လက်တွေ့တောင်
အသုံးပြုကြပါတယ်။
ဒါပေမဲ့ ဘယ်ဟာကို သင်ရွေးရွေး
မမျှတတဲ့ ရလဒ်တစ်ခု ပို့ပေးနေတာကို
စိတ်ကူးကြည့်ဖို့ ဖြစ်နိုင်ပါတယ်။
ဖြစ်သွားတာက မျှတမှုရဲ့ ဗီဇသိ အယူအဆဟာ
တကယ်ကျတော့ အချင်းချင်း ဝိရောဓိဖြစ်တဲ့
ယူဆချက် အမြောက်အမြား ပါဝင်နိုင်တယ်။
အခြားသူတွေထက် ပိုဩဇာရှိတဲ့
မဲပေးသူတွေအတွက် မျှတပုံမရတာပါ။
ဒါပေမဲ့ လူနည်းစု ပိုနှစ်သက်တာတွေကို
မသိကျိုးကျွန်ပြုရုံက မျှတပုံမရသလို
လူတွေကို ဒီစနစ်ကို ကစားဖို့ အားမပေးဘူး။
တကယ်ကျတော့ သင်္ချာဆိုင်ရာ သက်သေတွေက
ပြသတာက ရွေးချယ်မှု နှစ်ခုထက်ပိုတဲ့
ရွေးကောက်ပွဲတိုင်းအတွက်
ချိုးဖောက်မှုမရှိတဲ့ မဲပေးစနစ်ကို
ပုံစံထုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါ။
အနည်းဆုံး သဘောတရားအရ
လိုလားအပ်တဲ့ မှတ်ကျောက်တစ်ခုပါ။
ဒီတော့ ဒီမိုကရေစီကို မဲရေတွက်တဲ့ ရိုးစင်း
တဲ့ ကိစ္စတစ်ခုအဖြစ် မကြာခဏ တွေးတတ်ပေမဲ့
မဲတွေကို မတူတဲ့နည်းတွေနဲ့ ရေတွက်ခြင်းမှ
အကျိုးရှိသူတွေကိုလည်း စဉ်းစားထိုက်ပါတယ်။