Return to Video

ကမ္ဘာ့ကူးစက်မြန်ရောဂါအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းကို လိုအပ်နေခြင်း

  • 0:00 - 0:02
    Helen Walters- ပထမဦးဆုံး
    ပါဝင်မှာက ဘယ်သူလဲ။
  • 0:03 - 0:06
    Chris Anderson - ဟုတ်ကဲ့၊ ကမ္ဘာ့ကူးစက်မြန်
    ရောဂါကပ်ဘေးကို တစ်သက်လုံး
  • 0:06 - 0:08
    အတော်လေး စိုးရိမ်နေခဲ့သူ တစ်ဦးပါ။
  • 0:08 - 0:12
    သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်တုန်းက
    အရေးကြီးဆုံး အခန်းမှ ပါဝင်ခဲ့ပြီး
  • 0:12 - 0:15
    ကျောက်ရောဂါရဲ့ ပြဿနာကို
    ဖြေရှင်းဖို့ ကမ္ဘာကြီးအား ကူညီပေးခဲ့သူပါ။
  • 0:16 - 0:17
    အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ၊
  • 0:17 - 0:21
    သူဟာ TED ဆီကို လာခဲ့ပြီး တစ်ကမ္ဘာလုံးအား
  • 0:21 - 0:25
    ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါရဲ့
    အန္တရာယ်ကြီးကို သတိပေးခဲ့ပြီး
  • 0:25 - 0:27
    ကျုပ်တို့ ဘာလုပ်သင့်ကြောင်း
    ရှင်းပြခဲ့ပါတယ်။
  • 0:27 - 0:29
    ဒီတော့ Dr. Larry Brilliant ကို
    ကြိုဆိုပေးကြပါ။
  • 0:29 - 0:31
    Larry ရေ၊ ခင်ဗျားတကို တွေ့ရတာ ကောင်းပါတယ်။
  • 0:31 - 0:35
    Larry Brilliant- ကျေးဇူးတင်ပါတယ်၊
    ကျနော်လည်း ခင်ဗျားကိုတွေ့ရတာ ဝမ်းသာပါတယ်။
  • 0:35 - 0:37
    CA - ခင်ဗျားရဲ့ ဟောပြောခန်းထဲမှာ
  • 0:37 - 0:40
    ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါဟာ
    ဘယ်လိုပုံစံမျိုး ဖြစ်နိုင်တာကို
  • 0:40 - 0:43
    ဗီဒီယိုအခွေကို ရိုက်ကူး ပြသခဲ့ဘူးတာ
    မှတ်မိတယ်။
  • 0:43 - 0:46
    ကျနော်အဲဒါကို ဖွင့်ပြပါရစေ၊
    တကယ့်ကို ကျောချမ်းစရာကြီးပါ။
  • 0:46 - 0:50
    Larry Brilliant (TED2006) - ကျုပ်တို့
    ကမ္ဘာကူးစက်မြန်ရောဂါဆိုတာကို
  • 0:50 - 0:52
    စိတ်ကူးရိုက်ထားတဲ့ ဗီဒီယိုကို ပြပေးပါရစေ။
  • 0:53 - 0:55
    ကျုပ်တို့ ပြောတဲ့ အကြောင်း
    ပိုပြီး နားလည်ဖို့ အတွက်ပါ။
  • 0:55 - 0:59
    ပထမဦးဆုံး ရောဂါဖြစ်မှုဟာ
    အာရှတောင်ပိုင်းမှာ ဖြစ်တယ် ဆိုပါစို့။
  • 1:00 - 1:03
    အစပိုင်းမှာ ၎င်းဟာ
    နှေးကွေးစွာ ပျံ့နှံ့လျက်
  • 1:03 - 1:05
    သီးခြားစီရှိကြတဲ့
    နေရာ ၂ -၃ ခုမှာ ဖြစ်နိုင်တယ်။
  • 1:07 - 1:09
    အဲဒီနောက်မှာ ဒုတိယအဆင့်
    ပျံ့နှံ့မှု ရှိလာမယ်။
  • 1:10 - 1:13
    ပြီးတော့ ရောဂါဟာ တစ်နိုင်ငံမှ
    တစ်နိုင်ငံသို့ ကူးစက်တာ မြန်လွန်းလို့
  • 1:13 - 1:16
    ကိုယ်က ကူးစက်မိတာကို သိမှာ မဟုတ်ပါဘူး။
  • 1:16 - 1:19
    သုံးပတ်အတွင်းမှာ ရောဂါဟာ
    ကမ္ဘာ့နေရာတိုင်းမှာ ဖြစ်ပွားလာပါမယ်။
  • 1:19 - 1:23
    ကျုပ်တို့ဆီမှာ အဲဒါတွေကို ဖျက်သိမ်းပြီး
    နောက်ကြောင်း ပြန်နိုင်မယ့် ခလုတ်သာ ရှိရင်၊
  • 1:23 - 1:25
    ကျုပ်တို့ အတိတ်ဆီ ပြန်သွားနိုင်ကြရင်၊
  • 1:25 - 1:28
    ရောဂါ စဖြစ်တဲ့ နေရာမှာ
    ထိန်းချုပ်ပြီး ခွဲထားနိုင်ခဲ့ကြရင်၊
  • 1:28 - 1:30
    ကျုပ်တို့ဆီမှာ စောစီးစွာ
    တွေ့ရှိ ဖေါ်ထုတ်နိုင်ခဲ့ကြပြီး
  • 1:31 - 1:32
    စောစောစီးစီး အရေးယူတုံ့ပြန်တဲ့ အနေနဲ့
  • 1:32 - 1:35
    အဲဒီဗိုင်းရပ်စ်ပိုးတွေ
    တစ်ခုချင်းစီကို ချုပ်ထိန်းနိုင်မှုကသာ
  • 1:35 - 1:40
    ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါအတွက်
    တစ်ခုတည်းသော ကိုင်တွယ်နည်းပါ။
  • 1:41 - 1:43
    CA: Larry ခင်ဗျာ၊ အဲဒီမှာ
    ခင်ဗျားသုံးနှုန်းသွားတဲ့
  • 1:43 - 1:46
    "စောစီးစွာဖေါ်ထုတ်မှု"၊
    "စောစီးစွာ တုံ့ပြန်မှု၊"
  • 1:46 - 1:48
    အဲဒီဟောပြောချက်ရဲ့
    အဓိကအချက်တွေ ဖြစ်ခဲ့ပြီး၊
  • 1:48 - 1:52
    ခင်ဗျားက ကျုပ်တို့အားလုံးကို
    အကြိမ်ကြိမ် ဆိုခိုင်းခဲ့တယ်။
  • 1:52 - 1:55
    ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကို ကာကွယ်ဖို့
    အဲဒီအချက်ဟာ အခုလည်း အရေးကြီးဆုံးပဲလား။
  • 1:56 - 1:58
    LB: အို၊ သေချာပါတယ်။
  • 1:58 - 2:00
    ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ရှိလာပြီဆိုရင်၊
  • 2:00 - 2:04
    ထပ်ကိန်းအရှိန်နဲ့
    ပျံ့နှံ့လာနေချိန်မျိုးမှာ၊
  • 2:04 - 2:08
    ကျုပ်တို့က ပထမနှစ်ပတ်ကို လွတ်သွားရင်၊
    ကျုပ်တို့က ပထမနှစ်ပတ်မှာ နောက်ကျသားရင်၊
  • 2:08 - 2:11
    ပထမနှစ်ပတ်ကြောင့် သေဆုံးရမှုတွေ၊ ဖျားနာမှု
    တွေ တိုးလာမှာကို ပြောနေတာ မဟုတ်ဘူး၊
  • 2:11 - 2:14
    အများဆုံးဖျားနာကြမဲ့ ထိပ်ဆုံးနေရာက
    နှစ်ပတ်ကို ဆိုလိုတာပါ။
  • 2:14 - 2:18
    စောစီးစွာ ဆောင်ရွက်နိုင်ခဲ့ရင်
    အဲဒါတွေကို ဟန့်တားနိုင်မှာပါ။
  • 2:18 - 2:20
    စောစီးစွာ တုံ့ပြန်ရေးဟာ သော့ချက်ပါ၊
  • 2:20 - 2:23
    စောစီးစွာ ဖေါ်ထုတ်နိုင်ရေးဟာ
    ကြိုတင် လိုအပ်ချက်ပါ။
  • 2:23 - 2:26
    CA: ကိုဗစ်-၁၉ ကို ကမ္ဘာကြီးမှ
    စောစီးစွာ ဖေါ်ထုတ်နိုင်ခဲ့ပုံနဲ့
  • 2:26 - 2:30
    တုံ့ပြန်ခဲ့ပုံ အဆင့်အတန်းကို
    ခင်ဗျား ဘယ်လို သတ်မှတ်ပေးမလဲ။
  • 2:30 - 2:32
    LB: အဲဒီမေးခွန်းကို ခင်ဗျားက
    အစောကတည်းက မေးခဲ့လို့
  • 2:32 - 2:34
    အဲဒီအကြောင်းကို အတော်လ​ေး စဉ်းစားခဲ့ရတယ်။
  • 2:34 - 2:36
    ကျနော်ဟာ နိုင်ငံတွေအလိုက် ပြောပြချင်ပါတယ်၊
  • 2:36 - 2:38
    တကယ်တော့ စာရင်းတစ်ခုကိုတောင်
    ပြုလုပ်ခဲ့တယ်။
  • 2:39 - 2:45
    ကျွန်းနိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်ဝမ်၊
    အိုက်စလန်နဲ့ နယူးဇီလန်တို့ကို
  • 2:45 - 2:46
    အဆင့် A ပေးရပါမယ်။
  • 2:46 - 2:49
    ကျွန်းနိုင်ငံဖြစ်တဲ့ ယူကေ၊ ကျွန်းမဟုတ်တဲ့
    အမေရိကန် ပြည်ထောင်စုတို့
  • 2:49 - 2:53
    ကျုပ်တို့က ကိုယ့်ကိုကိုယ် ဘယ်လိုပဲ ယူဆယူဆ၊
  • 2:53 - 2:55
    စမ်းသပ်မှုမှာ ကျရှုံးခဲ့တဲ့ အဆင့်မျိုးပါ။
  • 2:55 - 3:00
    ပြီးတော့ တောင်ကိုရီးယားနဲ့ ဂျာမနီနိုင်ငံ
    တွေကို B အဆင့်ကို ပေးချင်ပါတယ်။
  • 3:00 - 3:01
    အဲဒီ အုပ်စုတွေ အကြားမှာ ...
  • 3:01 - 3:05
    တုံ့ပြန်ခဲ့ကြပုံ ရောနှောလျက်
    မျိုးစုံပဲ ထင်မိပါတယ်။
  • 3:05 - 3:08
    ကမ္ဘာကြီးတစ်ခုလုံးကို ခြုံပြောရရင်
    အထစ်အငေါ့တွေနဲ့ ပြည့်နေတယ်။
  • 3:08 - 3:12
    လက်ရှိ ဖြစ်ပျက်နေတာကို
    ကျုပ်တို့ ဘယ်လိုမှ ဂုဏ်ယူမရနိုင်ပါဘူး။
  • 3:12 - 3:16
    CA: ကျနော့်အထင် ရောဂါကို
    အတော်လေး စောပြီး ဖေါ်ထုတ်နိုင်ခဲ့တယ်၊
  • 3:16 - 3:20
    အနည်းဆုံးအားဖြင့် တရုတ်ဆရာဝန်တချို့က
    စောစီးစွာ ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။
  • 3:20 - 3:24
    LB: ခြောက်လ အချိန်ကြာခဲ့တဲ့
    ၂၀၀၂ ခုနှစ် SARS နဲ့စာရင် စောခဲ့ပါတယ်။
  • 3:24 - 3:26
    အခုဟာက ခြောက်ပတ်လောက်ကြာခဲ့တယ်။
  • 3:26 - 3:29
    ဖေါ်ထုတ်မှု ဆိုတဲ့ထဲမှာ တွေ့ရှိမှုသာမက
  • 3:29 - 3:31
    အဲဒါဘာလဲ ဆိုတာကို သိမှုလည်း
    အကျုံးဝင်ပါတယ်။
  • 3:31 - 3:34
    ကျနော် အဲဒီအချက်တွေကို
    အမှတ်တွေနဲ့ အသေးစိတ် ပြောပြပါမယ်။
  • 3:34 - 3:38
    ပွင့်လင်းမြင်သာမှု၊ ဆက်သွယ်ပြောပြမှုကလည်း
    ထည့်တွက်ရမယ့် အချက်တွေပါ။
  • 3:40 - 3:43
    CA: ဒီလိုဆိုရင် ရှုံးသူတွေလို့ ခင်ဗျားက
  • 3:43 - 3:46
    အမှတ်ပေးလိုက်တဲ့ နိုင်ငံတွေရဲ့
    အရေးကြီးဆုံး အမှားက ဘာလဲလို့ ယူဆပါသလဲ။
  • 3:47 - 3:49
    LB: ကျနော်စိတ်ထင် ကြောက်ရွံ့မှု၊
  • 3:49 - 3:53
    နိုင်ငံရေး အရည်အချင်းမပြည့်မှု၊
    စွက်ဖက်ခဲ့မှုဟာ
  • 3:53 - 3:55
    အဲဒါကို လေးလေးနက်နက် ထည့်မတွက်ခဲ့မှုပါ၊
  • 3:55 - 3:57
    အဲဒါဟာ လူသားရဲ့ သဘာဝပဲလေ။
  • 3:57 - 3:59
    သမိုင်းတစ်လျှောက် လေ့လာကြည့်ရင်၊
  • 3:59 - 4:03
    ကမ္ဘာ့ကူးစက်မြန်ရောဂါ ဖြစ်တိုင်း အစတွင်
    ငြင်းကွယ်ခဲ့ကြပြီး သံသယ ဖြစ်ခဲ့ကြတယ်။
  • 4:03 - 4:05
    ဒါပေမဲ့ လျင်မြန်စွာ
    လုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံတွေ၊
  • 4:06 - 4:08
    ပြီးတော့ တောင်ကိုရီးယားလို
    အစနှေးခဲ့ကြတဲ့ နိုင်ငံတွေတောင်
  • 4:08 - 4:12
    အဲဒါကို ထိန်းချုပ်နိုင်ခဲ့ကြပြီး
    တကယ့်ကို တော်ခဲ့ကြပါတယ်။
  • 4:12 - 4:15
    ကျုပ်တို့ဟာ နှစ်လကာကို
    ဆုံးရှုံးခဲ့ကြပါတယ်။
  • 4:15 - 4:19
    ကျုပ်တို့ဆီမှာ ဆင့်ကဲဆင့်ကဲ
    ကူးစက်မြန်တဲ့ ဗိုင်းရပ်စ် ရှိနေပြီး
  • 4:19 - 4:21
    စတင်တိုက်ပွဲဝင်တာက နှစ်လကြာမှဖြစ်ခဲ့တယ်။
  • 4:21 - 4:23
    အဲဒါ ကောင်းတဲ့ စိတ်ကူး မဟုတ်ဘူး၊ Chris။
  • 4:23 - 4:25
    CA - ဟုတ်ပါတယ်၊ မကောင်းပါဘူး။
  • 4:25 - 4:28
    ပြီးတော့ အခုထက်ထိကို ဒီဗိုင်းရပ်စ်နဲ့
    ပတ်သက်ပြီး မရှင်းလင်း ရှုပ်ထွေးနေတာတွေ
  • 4:28 - 4:30
    အများကြီး ရှိနေတုန်းပါ။
  • 4:30 - 4:33
    သိပ္ပံပညာရှင်တွေဟာ
    အရေးကြီးဆုံး ကိန်းဂဏန်း နှစ်ခုဖြစ်တဲ့
  • 4:33 - 4:36
    ကူးစက်နှိုင်စွမ်းနဲ့
    သေဆုံးမှုနှုန်းနဲ့ ပတ်သက်ပြီး
  • 4:36 - 4:40
    ဘယ်လိုများ ကောက်ချက်ချမယ် ထင်ပါသလဲ။
  • 4:41 - 4:44
    LB: ကျုပ်တို့ ဦးနှောက်ထဲမှာ
    ညီမျှခြင်း တစ်ခုလို စဉ်းစားရာတွင်
  • 4:44 - 4:48
    ဗိုင်းရပ်စ်ဟာ အဓိကအကြောင်းရင်း သုံးခုကို
    လိုက်ပြီး လှုပ်ရှားတာကို ထည့်တွက်ရမယ်။
  • 4:48 - 4:50
    တစ်ခုက R0 ပါ၊
  • 4:50 - 4:55
    ဗိုင်းရပ်စ်ပိုး စပေါ်လာချိန်မှာ
    တဆင့်ကူးလိုက်တဲ့ ပထမဦးဆုံး အရေအတွက်ပါ။
  • 4:55 - 4:57
    ဒီကိစ္စထဲမှာ၊
  • 4:57 - 5:00
    လုတွေဟာ ၂.၂၊ ၂.၄ ကို ထောက်ပြနေကြတယ်။
  • 5:00 - 5:03
    ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးပတ်တုန်းက
    တကယ့်ကို အရေးပါတဲ့ စာတမ်းတစ်ခု
  • 5:03 - 5:07
    "Emerging Infectious Diseases"
    ဂျာနယ်မှာ ဖေါ်ပြခဲ့ရာ
  • 5:07 - 5:09
    Wuhan ဒေတာကို ပြန်ဆန်းစစ်ကြည့်လိုက်တော့
  • 5:09 - 5:11
    လက်တွေ့မှာ ၅.၇ ရှိကြောင်း ရေးထားတယ်။
  • 5:11 - 5:12
    ဒီတော့ သိပ်ငြင်းခုံမနေကြဘဲ၊
  • 5:13 - 5:16
    ဗိုင်းရပ်စ်ဟာ ၂.၂ နဲ့ ၅.၇ အကြားရှိ
    ထပ်ကိန်းနှုန်းနဲ့
  • 5:16 - 5:20
    ကူးစက်ပျံ့နှံ့နေတယ်လို့ လက်ခံကြပါစို့။
  • 5:21 - 5:22
    နောက် အရေးပါတဲ့ အချက်နှစ်ချက်တို့က
  • 5:22 - 5:25
    ရောဂါပျိုးချိန် ဒါမှမဟုတ်
    မျိုးဆက်ပေါက်ဖွားမှုကာလပါ။
  • 5:25 - 5:26
    အဲဒီအချိန်ဟာ ကြာလေလေ
  • 5:26 - 5:29
    ကျုပ်တို့အကြားမှာ ကူးစက်မြန်ကပ်ရောဂါ
    ပျံ့နှံ့မှု နှေးလေလေပါ။
  • 5:29 - 5:33
    အဲဒီကာလဟာ သိပ်တိုရင်၊ ဥပမာ ခြောက်ရက်
    ဆိုရင်၊ လျှပ်တပြက်အတွင်း ပျံ့နှံ့လာမှာပါ။
  • 5:33 - 5:35
    ပြီးတော့ နောက်ဆုံးနဲ့အရေးကြီးဆုံး အချက်က-
  • 5:35 - 5:37
    မကြာခဏဆိုသလို မျက်စိလျှံမိကြတာက-
  • 5:37 - 5:39
    ကူးစက်လွယ်သူတို့ရဲ့ ထူထပ်စွာ နေထိုင်မှုပါ။
  • 5:39 - 5:40
    ဒီဗိုင်းရပ်စ်ဟာ အသစ်တစ်ခုပါ၊
  • 5:40 - 5:44
    ဒီတော့ ဘယ်လောက်များတဲ့ လူတွေ အဲဒါ
    ကူးနိုင်ခြေရှိတာ ကျုပ်တို့ သိချင်ကြတယ်။
  • 5:44 - 5:47
    ပိုးသစ်ဆိုတော့ ကျုပ်တို့ ရှစ်ဘီလီယံစလုံး
    အကျုံးဝင်ကြပါတယ်။
  • 5:47 - 5:49
    ကမ္ဘာကြီးမှာ အခုပေါ်လာတဲ့ ဗိုင်းရပ်စ်ဟာ
  • 5:49 - 5:52
    ကျုပ်တို့ အားလုံးကို
    ကူးစက်လွယ်သူအဖြစ် ခံယူပါတယ်။
  • 5:52 - 5:54
    ကျုပ်တို့ရဲ့ အသားအရောင်၊
    ကျုပ်တို့ရဲ့ လူမျိုး၊
  • 5:54 - 5:57
    ကျုပ်တို့ရဲ့ ချမ်းသာကြွယ်ဝမှု၊
    ဘာမှ အရေးမပါပါဘူး။
  • 5:57 - 6:00
    CA- ခင်ဗျား အခုအထိ ပြောပြခဲ့တဲ့
    ကိန်းဂဏန်း တစ်ခုမှာမှ
  • 6:00 - 6:05
    ကြည့်ကြည့်ရင် မကြာသေးတဲ့ နှစ်များတုန်းက
    အခြားကူးစက်မှုတွေနဲ့ သိပ်မခြားနားကြပါဘူး။
  • 6:05 - 6:08
    ဒါပေမဲ့ ဒီကူးစက်ရောဂါကို ဒီလို ကြောက်စရာ
    ဖြစ်လာစေခဲ့တဲ့ အကြောင်းတွေက ဘာတွေများလဲ။
  • 6:08 - 6:11
    LB- ဟုတ်ကဲ့၊ အခုကိစ္စထဲမှာ ပေါင်းစပ်မိတာက
  • 6:11 - 6:15
    ရောဂါပျိုးချိန် တိုခြင်းနဲ့
    ကူးစက်နှုန်း မြင့်မားလှမှုပါ။
  • 6:16 - 6:21
    ဒီအခမ်းအနားကို တက်လာတဲ့ လူတိုင်းဟာ
    ဒီရောဂါ ဖြစ်နေသူ တစ်ဦးဦးကို သိရှိကြပါတယ်။
  • 6:21 - 6:25
    တော်တော်များများတို့ဟာ ကိုယ့်ချစ်ခင်သူကို
    ဆုံးရှုံးခဲ့ရတာ ဝမ်းနည်းစရာပါ။
  • 6:25 - 6:29
    ဒီရောဂါဟာ ပြင်းထန်ရင် ကြောက်မက်စရာကြီးပါ။
  • 6:29 - 6:32
    အရေးပေါ် ဆေးခန်းများမှ
    ပြီးတော့ တစ်ကမ္ဘာလုံးရှိ
  • 6:32 - 6:36
    ICU ယူနစ်များတွင် ကုသပေးနေကြရတဲ့
    ဆရာဝန်များထံမှ
  • 6:36 - 6:37
    ကျနော့ကို ဖုန်းခေါ်ပြီး-
  • 6:37 - 6:41
    "ကျနော် ဘယ်သူကို အသက်ကယ်တင်ရမလဲ၊
    ဘယ်သူ့ကို သေစေရမှာလဲ၊
  • 6:41 - 6:45
    ကုသဖို့ ကျနော့ဆီမှာ ရှိတဲ့ ကိရိယာတွေ
    သိပ်ကို နည်းလှပါတယ်" လို့ မေးကြတယ်။
  • 6:45 - 6:47
    တကယ့်ကို ကြောက်လန့်စရာ ရောဂါပါ၊
  • 6:47 - 6:50
    လေမှုတ်စက် အဆုတ်ထဲ တပ်ထားရင်း သေဆုံးရတယ်၊
  • 6:50 - 6:53
    ပြီးတော့ ဒီရောဂါဟာ ခန္ဓာကိုယ်
    အစိတ်အပိုင်းအားလုံးကို ထိခိုက်စေနိုင်တယ်။
  • 6:53 - 6:55
    အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလို့
  • 6:55 - 6:57
    ယူဆမှုဟာ အထင်လွဲမှားစေနိုင်တယ်။
  • 6:57 - 6:58
    တုပ်ကွေးပါလို့ ထင်စရာ ရှိပါတယ်။
  • 6:58 - 7:01
    ဒီကြားထဲ ကျောက်ကပ် ရောဂါရှိလို့
    ဆီးထဲတွင် သွေးပါသူတွေ၊
  • 7:01 - 7:02
    အူရောင်ရမ်းနာရောဂါ ရှိသူတွေ၊
  • 7:02 - 7:04
    မကြာခဏ နှလုံး ပြဿနာရှိခဲ့သူတွေလည်း
  • 7:04 - 7:07
    အများအပြား ရှိနေကြပြီး၊
  • 7:07 - 7:11
    အဲဒီရောဂါဟာ အရသာနဲ့ အနံ့ခံမှုကို၊
    ဂန္ဓာရုံ အာရု့ကြောတွေကို ထိခိုက်စေတာကို
  • 7:11 - 7:13
    အဆုတ်ကို ဒုက္ခပေးတာ ကျုပ်တို့ သိကြတယ်။
  • 7:13 - 7:15
    ကျနော် မေးမိတဲ့မေးခွန်းက-
  • 7:15 - 7:18
    ထိခိုက်မခံရတဲ့
    အင်္ဂါအစိတ်အပိုင်း ရှိသေးလား။
  • 7:18 - 7:19
    ဒါတွေကို ထည့်စဉ်းစားလိုက်တော့
  • 7:19 - 7:22
    ကျနော်ဟာ ကျောက်ရောဂါကို
    သိပ်ကို သတိရမိပါတယ်။
  • 7:22 - 7:25
    CA- ဒီတော့ ကျုပ်တို့ဟာ
    ဘာလုပ်ရမှန်း မသိဖြစ်နေတယ်။
  • 7:26 - 7:29
    ဒီလို အခြေအနေထဲကနေပြီး
    ရှေ့ဆက်ဖို့ လမ်းက ဘာလဲ။
  • 7:30 - 7:32
    LB: ရှေ့ဆက်ရမယ့် လမ်းက အရင်အတိုင်းပါပဲ။
  • 7:32 - 7:33
    အလျင်အမြန် ဖေါ်ထုတ်ဖို့၊
  • 7:33 - 7:35
    အလျင်အမြန် တုံ့ပြန်ဖို့ပါ။
  • 7:35 - 7:36
    ရောဂါဖြစ်မှုတိုင်းကို ရှာပြီး
  • 7:36 - 7:39
    ထိတွေ့ခဲ့မှုအားလုံးကို
    ဖေါ်ထုတ်ဖို့ လိုတယ်။
  • 7:39 - 7:42
    ထိတွေ့ခဲ့သူတွေကို ခြေရာခံပေးတဲ့
    အံ့ဖွယ် နည်းပညာတွေ ကျုပ်တို့မှာ ရှိတယ်၊
  • 7:42 - 7:45
    စမ်းသပ်ရေး ပစ္စည်းအစုံ၊
    ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေးတွေ၊
  • 7:45 - 7:49
    ကာကွယ်ဆေးတွေ ရှာကြံတီထွင်ဖို့ မြန်ဆန်စွာ
    အားထုတ်နေကြတဲ့ သိပ္ပံပညာရှင် ရှိကြတယ်။
  • 7:49 - 7:52
    ကျုပ်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ပြောဆိုကြသလို
  • 7:52 - 7:54
    အချိန်ကို နှေးလာစေဖို့ ကြိုးပမ်းကြရပါမယ်၊
  • 7:54 - 7:58
    အဲဒါမှ ဒီကိစ္စမှာ ကျုပ်တို့က ကျုပ်တို့ရဲ့
    အသည်းနှလုံးကိုနှစ်မြှုပ်ပေးနိုင်ကြမှာပါ။
  • 7:58 - 8:01
    ကျုပ်တို့ဟာ ဗိုင်းရပ်စ်ရဲ့ အရှိန်အဟုန်ကို
    လျှော့ချပစ်ရန် လိုပါတယ်၊
  • 8:01 - 8:04
    ကျုပ်တို့က လူမှုအလှမ်းခွာမှုကို
    လုပ်လာရတာ အဲဒါကြောင့်ပါ။
  • 8:04 - 8:05
    အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်ဖို့
  • 8:05 - 8:08
    မျဉ်းကွေးပြေလျော့မှု၊
    လူမှုအလှမ်းခွာမှုတို့က
  • 8:08 - 8:11
    ရောဂါဖြစ်ပွားမှုရဲ့ ပကတိအရေအတွက်ကို
    မပြောင်းလဲစေနိုင်ပါဘူး၊
  • 8:11 - 8:15
    ဒါပေမဲ့ အဲဒါတွေက ထိပ်ဟာ တစ်ခဏအတွင်းမှာ
    Mount Fuji လို
  • 8:15 - 8:16
    ထိုးထက်မသွားဖို့ အတွက်ပါ၊
  • 8:16 - 8:21
    ပြီးတော့ ဆေးရုံခုတင်နေရာကို လူတွေ အလုအယက်
    ရှာကြရမှာကို ကျုပ်တို့ ရှောင်ချင်ကြတယ်၊
  • 8:21 - 8:25
    နှလုံးရောဂါရှိသူတွေ၊ ဓာတုကုထုံး လိုအပ်သူ၊
    ကလေးမွေးရာမှာ အခက်အခဲရှိသူတွေ၊
  • 8:25 - 8:26
    ဆေးရုံတက် ကုသခွင့် ရှိစေလိုကြတယ်၊
  • 8:26 - 8:30
    အဲဒါတွေအတွက် ကျုပ်တို့ဟာ ရှိစုမဲ့စု
    ရင်းမြစ်တွေကို သုံးဖို့ လိုပါတယ်၊
  • 8:30 - 8:32
    အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ
    ကုသပေးဖို့
  • 8:32 - 8:33
    အခက်အခဲတွေ အများကြီး ရှိပါတယ်။
  • 8:33 - 8:35
    ဒီတော့ အရှိန်အဟုန်ကို လျှော့ချကြပါစို့၊
  • 8:35 - 8:37
    ကူးစက်ရောဂါရဲ့
    အရှိန်ကို နှိမ့်ချပစ်ကြပါစို့၊
  • 8:37 - 8:41
    ပြီးရင် ဆူးငြောင့်တွေကို ကျော်လွှားရင်း၊
    လှိုင်းတွေအကြားမှာ၊
  • 8:41 - 8:43
    အားအင်နှစ်ဆနှစ်ပြန်ဖြင့်
    ခုန်အုပ် ထိန်းချုပ်လိုက်ပြီး
  • 8:43 - 8:45
    ကိစ္စတစ်ခုချင်းစီကို လိုက်ရှာပါ၊
  • 8:45 - 8:47
    ထိတွေ့မှု တစ်ခုချင်းစီကို ခြေရာခံပါ၊
  • 8:47 - 8:48
    ကိစ္စတိုင်းကို စစ်ဆေးပါ၊
  • 8:48 - 8:52
    အဲဒီနောက်မှာ ခွဲခြားကန့်သတ်ထားဖို့
    လိုအပ်သူကိုသာ ခွဲခြားကန့်သတ်ပါ၊
  • 8:52 - 8:55
    ကျုပ်တို့ဆီမှာ ကာကွယ်ဆေး ပေါ်မလာတဲ့အထိ
    အဲဒီလို လုပ်သွားဖို့ လိုပါတယ်။
  • 8:55 - 8:59
    CA: ဒီအတိုင်းဆိုရင်၊ ကပ်ဘေး လျှော့ချရေး
    အဆင့်ကို ကျုပ်တို့ ကျော်လွှားဖို့ လိုတယ်၊
  • 9:00 - 9:03
    အဲဒီအဆင့်မှာ ကျုပ်တို့ဟာ အားလုံးကို
    လော့ဒေါင်း လုပ်ဖို့ လိုတယ်၊
  • 9:03 - 9:07
    ကိစ္စတစ်ခုချင်းစီကို ကျုပ်တို့ စပြီး
    ကိုင်တွယ်နိုင်မယ့် အဆင့်ကို ရောက်တာနဲ့
  • 9:07 - 9:09
    ၎င်းတို့အတွက် ထိတွေ့မှုတွေကို ခြေရာခံပြီး
  • 9:09 - 9:11
    တွေ့သူတွေကို သီးခြားစီ ကုသပေးကြရမယ်ပေါ့။
  • 9:11 - 9:12
    ဒါပေမဲ့ အဲဒီလို လုပ်နိုင်ဖို့
  • 9:12 - 9:16
    ကျုပ်တို့ဟာ ညှိနှိုင်းဆောင်ရွက်ဖို့၊
    အစီအစဉ်တွေ ချမှှတ်ဖို့၊
  • 9:16 - 9:19
    စည်းရုံးနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့
    လိုအပ်မယ် ထင်ပါတယ်၊
  • 9:19 - 9:23
    ဒါပေမဲ့ အဲဒီလို လက္ခဏာတွေကို တချို့နိုင်ငံ
    တွေမှာ ကျုပ်တို့ မမြင်ရသေးပါဘူး။
  • 9:23 - 9:26
    ကျုပ်တို့ အဲဒါကို လုပ်နိုင်ပါ့မလား၊
    ဘယ်လိုများ လုပ်နိုင်ကြမလဲ။
  • 9:26 - 9:28
    LB: အို၊ ကျုပ်တို့ လုပ်နိုင်ကြပါတယ်ဗျာ။
  • 9:28 - 9:31
    ထိုင်ဝမ်ဆိုရင် လုပ်နိုင်ခဲ့တာ
    အားကျစရာကြီးပါ၊
  • 9:31 - 9:33
    အိုက်စလန်လည်း သိပ်တော်ခဲ့တယ်၊
  • 9:33 - 9:35
    ဂျာမနီ စသဖြင့် မတူတဲ့
    မဟာဗျူဟာတွေ ကိုယ်စီနဲ့
  • 9:35 - 9:36
    တောင်ကိုရီးယား အပါအဝင်ပေါ့လေ။
  • 9:36 - 9:40
    အဲဒီလို အားထုတ်ရာတွင်၊
    အရည်အချင်းရှိတဲ့ စီမံအုပ်ချုပ်မှု၊
  • 9:40 - 9:42
    လေးလေးနက်ကန် ချဉ်းကပ်မှု၊
  • 9:42 - 9:46
    ဗိုင်းရပ်စ်အကြောင်း နားထောင်ရမှာက နိုင်ငံ
    ရေးသမားတွေ မဟုတ်ဘဲ သိပ္ပံပညာရှင်တွေပါ။
  • 9:46 - 9:48
    ကျုပ်တို့ ဒါကို လုပ်နိုင်ကြတာ သေချာပါတယ်။
  • 9:48 - 9:50
    လူတိုင်းကို ကျနော် သတိပေးချင်တာက-
  • 9:50 - 9:53
    ဒါဟာ မကောင်းဆိုးဝါးတွေကြောင့်
    ကမ္ဘာ့ပျက်ကိန်းမျိုး မဟုတ်ပါဘူး၊
  • 9:53 - 9:56
    လူတွေ အစုလိုက်အပြုံလိုက်
    သေကြေရမယ့် အဖြစ်လည်း မဟုတ်ပါဘူး။
  • 9:56 - 10:00
    ကျုပ်တို့ထဲက ၉၈ - ၉၉ ရာခိုင်နှုန်းဟာ
    အသက်ရှင် ကျန်ရစ်ခဲ့ကြမှာပါ။
  • 10:00 - 10:03
    ကျုပ်တို့ဟာ ကျုပ်တို့ သိရှိထားသလို
    ကိုင်တွယ် လုပ်ကိုင်ဖို့ လိုအပ်ပါတယ်၊
  • 10:03 - 10:07
    ဒီလို လုပ်ဆောင်ရာတွင် ကျုပ်တို့ အကောင်း
    ဆုံးပုံစံနဲ့ ကြိုးပမ်းဖို့ လိုပါတယ်။
  • 10:07 - 10:09
    အိမ်မှာ ထိုင်နေဖို့ လိုအပ်သလို၊
  • 10:09 - 10:13
    သိပ္ပံပညာရဲ့ ပါဝင်မှုနဲ့ ခေါင်းဆောင်ပိုင်း
    တို့လည်း ပါဝင်ဖို့ လိုအပ်တယ်။
  • 10:13 - 10:16
    CA- အနာဂတ်မှာ ဒီ့ထက်
    ပိုပြီး ကြောက်မက်စရာ ကောင်းမယ့်
  • 10:16 - 10:17
    ရောဂါပိုးတွေ ပေါ်လာနိုင်ကြသေလား။
  • 10:17 - 10:20
    ခင်ဗျားပြောပြခဲ့တဲ့ ကိန်းဂဏန်းတွေရဲ့
    ပေါင်းစပ် သက်ရောက်မှုက
  • 10:20 - 10:23
    ပိုလို့ကို ဆိုးဝါးတဲ့
    ပုံစံမျိုး ဖြစ်လာနိုင်လို့
  • 10:23 - 10:26
    ကျုပ်တို့အနေနဲ့ အခုကို
    ပြင်ဆင်ထားဖို့ လိုအပ်ပါသလား။
  • 10:27 - 10:31
    LB: ဟုတ်ကဲ့၊ ကျောက်ရောဂါတုန်းက
    R0 ဟာ ၃.၅ မှ ၄.၅ အထိ ရှိခဲ့တယ်၊
  • 10:31 - 10:35
    အဲဒါဟာ လက်ရှိ COVID ရဲ့
    ဖြစ်နိုင်ခြေပုံမျိုးလို့ ထင်ပါတယ်။
  • 10:35 - 10:38
    ဒါပေမဲ့ ကျောက်ရောဂါဟာ
    လူဦးရေ သုံးပုံတစ်ပုံကို သေစေခဲ့တယ်။
  • 10:38 - 10:39
    ကျုပ်တို့ဆီမှာ ကာကွယ်ဆေး ရှိနေပြီ။
  • 10:39 - 10:43
    ဒီတော့ ကျုပ်တို့ တွေ့မြင်နိုင်တဲ့
    ပုံစံတွေက အမျိုးမျိုး ရှိနိုင်ပါတယ်။
  • 10:43 - 10:45
    တကယ်တမ်း ကျနော် အစိုးရိမ်ဆုံး အချက်နဲ့
  • 10:45 - 10:48
    "Contagion" ရုပ်ရှင်ကို ကျုပ်တို့
    ရိုက်ကူးခဲ့တာ အကြောင်းရင်းက
  • 10:48 - 10:50
    စိတ်ကူးယဉ်ဗိုင်းရပ်စ် ရုပ်ရှင်
    ရိုက်ခဲ့တာက --
  • 10:50 - 10:52
    အဲဒါကို ကြည့်ခဲ့သူတို့ကို ထပ်ပြောချင်တာက၊
  • 10:52 - 10:53
    အဲဒါဟာ စိတ်ကူးယဉ်ဇာတ်လမ်းပါ။
  • 10:53 - 10:57
    လက်ရှိ ဗိုင်းရပ်စ်ထက် များစွာပိုသေစေတဲ့
    ဗိုင်းရပ်စ်ကို ကျုပ်တို့ ဖန်တီးခဲ့တယ်။
  • 10:57 - 10:59
    CA: အခုပြောနေတာက Netflix ပြပေးနေတဲ့
  • 10:59 - 11:01
    "Contagion" ရုပ်ရှင် အကြောင်းပါ။
  • 11:01 - 11:03
    အဲဒီမှာ ခင်ဗျားက အကြံပေး တစ်ဦးနော်။
  • 11:03 - 11:04
    LB: ဟုတ်ကဲ့၊ မှန်ပါတယ်။
  • 11:04 - 11:06
    ဒါပေမဲ့ ကျုပ်တို့ဟာ တကယ့်
    ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ဆိုတာ
  • 11:06 - 11:09
    ဘယ်လို ပုံစံလဲဆိုတာ ပြပေးချင်လို့
  • 11:09 - 11:12
    တော်တော့ကို ကြောက်မက်စရာ
    ဗိုင်းရပ်စ်ကို တမင်ကို ရွေးခဲ့ကြတာပါ။
  • 11:12 - 11:14
    အဲဒီရုပ်ရှင်ထဲ ကျုပ်တို့က
    အဲဒီလို ပြသခဲ့ကြတဲ့ အကြောင်းရင်းက၊
  • 11:14 - 11:17
    လင်းနို့ကနေ ပန်းသီးဆီ၊
  • 11:17 - 11:19
    ဝက်ဆီ၊ ထမင်းချက် Gwyneth Paltrow ဆီကို
  • 11:20 - 11:24
    ကူးစက်ပြသခဲ့တာက ကျုပ်တို့ရဲ့
    သဘာဝထဲမှာ ကြုံတွေ့ရတဲ့ ခုန်ကူးမှုကို၊
  • 11:24 - 11:26
    တိရိစ္ဆာန်ထံမှ ရတဲ့ ရောဂါတွေ၊
  • 11:26 - 11:29
    တိရိစ္ဆာန်တွေရဲ့ ရောဂါတွေ လူတွေဆီကို
    ခုန်ကူးမှုကို ပြချင်လို့ပါ။
  • 11:29 - 11:32
    ကျနော်ဟာ ဆယ်စုနှစ် သုံးစု
    နောက်ကို ပြန်ကြည့်ရင်၊
  • 11:32 - 11:34
    ဒါမှမဟုတ် ဆယ်စုနှစ်သုံးစု
    အနာဂတ်ဆီ ကြည့်ရင်၊
  • 11:34 - 11:38
    လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကို
    ကြည့်ကြည့်ရင် Ebola၊ SARS၊ Zika၊
  • 11:38 - 11:39
    ဝက်တုပ်ကွေး၊ ငှက်တုပ်ကွေး၊ West Nile၊
  • 11:39 - 11:42
    စသဖြင့် ကျုပ်တို့ စာရင်းရှည်ကြီးကို
    ပြုစုနိုင်မှာ ဖြစ်ပြီး
  • 11:42 - 11:46
    အသံမျိုးစုံနဲ့ နာမည်တွေကို
    ကြားနိုင်ကြမှာပါ။
  • 11:46 - 11:50
    ဒါပေမဲ့၊ လူသားတွေဆီ ခုန်ကူးစက်နိုင်ခဲ့တဲ့
    ဗိုင်းရပ်စ် အသစ်တွေ ၃၀ မှ ၅၀ အထိရှိခဲ့တယ်။
  • 11:50 - 11:53
    အနာဂတ်ဆီကို မျှော်ကြည့်မယ်ဆိုရင်၊
    ကျနော် စိုးရိမ်မိတာက
  • 11:53 - 11:56
    ကျုပ်တို့ဟာ ကူးစက်မြန်ကပ်ရောဂါတွေရဲ့
    ခေတ်ထဲမှာ နေထိုင်နေကြရတယ်၊
  • 11:56 - 11:58
    အဲဒါနဲ့ ကိုက်ညီအောင်
    ကျုပ်တို့ ပြုမူဖို့ လိုအပ်တယ်၊
  • 11:58 - 12:01
    တစ်ခုတည်းသော ကျန်းမာရေးကို
    ကျင့်ကြံဖို့ လိုပါတယ်၊
  • 12:01 - 12:03
    ကျုပ်တို့ လူသားတွေဟာ
    တစ်ခုတည်းသော ကမ္ဘာကြီးပေါ်တွင်
  • 12:03 - 12:06
    သတ္တဝါတွေအဖြစ် ဘုံပတ်ဝန်းကျင်ထဲမှာ
    နေထိုင်နေကြရတာကို သိနားလည်ရန်၊
  • 12:06 - 12:10
    ကျုပ်တို့ဟာ အထူးမျိုးစိတ်တွေပါ ဆိုတဲ့
    စိတ်ကူးတွေကို စွန့်လွှတ်ပစ်အပ်ပါတယ်။
  • 12:10 - 12:13
    ဗိုင်းရပ်စ်အတွက် ကျုပ်တို့ဟာ
    ဘယ်လိုမှ မထူးကြပါဘူး။
  • 12:13 - 12:14
    CA: အင်း။
  • 12:14 - 12:16
    ခင်ဗျား ပြောတဲ့ထဲမှာ
    ကာကွယ်ဆေး ပါခဲ့တယ်နော်။
  • 12:16 - 12:20
    ကာကွယ်ဆေး ဖေါ်ထုတ်ဖို့ အရှိန်မြှင့်
    လုပ်ကိုင်နေတာ ခင်ဗျား သတိထားမိသလား။
  • 12:20 - 12:21
    LB: ဟုတ်ကဲ့၊ ရှိပါတယ်။
  • 12:21 - 12:24
    ကျနော် တကယ့်ကို
    စိတ်လှုပ်စားစရာ အချက်တချို့က
  • 12:24 - 12:27
    ကွန်ပျူတာသိပ္ပံပညာထဲမှာသာ
    စဉ်းစားလို့ ရနိုင်ခဲ့တာတွေပါ၊
  • 12:27 - 12:30
    အဲဒီနည်းဖြင့် ကျုပ်တို့ အမြဲတမ်း
    လုပ်ကိုင်ခဲ့ကြတာကို ပြောင်းလဲနေကြတယ်၊
  • 12:30 - 12:32
    အမြဲတမ်းဆိုသလို ကာကွယ်ဆေး တီထွင်ရာတွင်
  • 12:32 - 12:35
    ဆင့်ကဲဆင့်ကဲ လုပ်ခဲ့ရတာတွေ အများကြီးပါပဲ။
  • 12:35 - 12:39
    ဘေးကင်းမှုဆိုင်ရာ စမ်းသပ်ခဲ့ရတယ်၊
    ပြီးရင် ထိရောက်မှုကို စမ်းသပ်ခဲ့ရတယ်၊
  • 12:39 - 12:41
    အဲဒီနောက် စွမ်းထက်မှုကို စမ်းသပ်ခဲ့ရတယ်။
  • 12:41 - 12:43
    အဲဒါတွေပြီးမှ ထုတ်လုပ်နိုင်ခဲ့တယ်။
  • 12:43 - 12:45
    အခုတော့ ခုနက အဆင့်တွေ သုံးလေးခုစလုံးကို
  • 12:45 - 12:48
    တစ်ဆင့်ပြီး တစ်ဆင့် လုပ်မယ့်အစား
    တပြိုင်နက်တည်း လုပ်နေကြတယ်။
  • 12:48 - 12:51
    Bill Gate ပြောပြခဲ့တာက နောက်ဆုံး ထုတ်လုပ်
    ဖြစ်မယ့် ကာကွယ်ဆေးကို အခုမသိရသေးပေမဲ့
  • 12:51 - 12:54
    ကာကွယ်ဆေးပေါ်လာတာနဲ့ စတင် ထုတ်လုပ်ဖို့
    အမေရိကန် ပြည်ထောင်စုတွင်
  • 12:54 - 12:57
    ကာကွယ်ဆေးကို ပြင်ဆင်
    ထုတ်လုပ်ကြမယ့် စက်ရုံလိုင်း
  • 12:57 - 13:00
    ခုနစ်ခုကို အသင့်စီစဉ်ထားပြီးပါပြီ။
  • 13:00 - 13:04
    တပြိုင်နက်တည်း ဘေးကင်းမှု စမ်းသပ်မှုကိုရော
    စွမ်းထက်မှု စမ်းသပ်မှုကိုပါ လုပ်နေကြပါပြီ။
  • 13:04 - 13:06
    NIH လည်း ထကူညီလာနေပြီလို့ ထင်ပါတယ်။
  • 13:06 - 13:09
    ဒါတွေကို မြင်ရတော့
    ကျနော် သိပ်ကို ဝမ်းသာကျေနပ်မိပါတယ်။
  • 13:09 - 13:13
    CA- ခင်ဗျား ပြောပြတာတွေရဲ့ အချိန်ကာလ
    ဘောင်တွေ ဘယ်လိုများ ရှိမယ် ထင်ပါသလဲ။
  • 13:13 - 13:16
    တစ်နှစ်၊ ၁၈ လ အတွင်း ဖြစ်နိုင်ခြေရှိလား။
  • 13:16 - 13:19
    LB: ခင်ဗျားသိတဲ့ အတိုင်း၊ ဒီကိစ္စထဲမှာ
    Tony Fauci ဟာ ထိပ်ဆုံး ပါရဂူပါ။
  • 13:19 - 13:21
    သူအဆိုအရ ၁၂ လမှ ၁၈ လ အတွင်းမှာပါ။
  • 13:21 - 13:25
    တကယ်တမ်းကျတော့ ကနဦးပေါ်လာမယ့်
    ကာကွယ်ဆေးဟာ အဲဒီထက် စောမယ် ထင်တယ်။
  • 13:25 - 13:28
    ဒါပေမဲ့ ဒီဗိုင်းရပ်စ်ဟာ ကျုပ်တို့အား
  • 13:28 - 13:31
    ကျောက်ရောဂါအတွက် ရရှိနိုင်ခဲ့သလို
    ရေရှည် ကိုယ်ခံစွမ်းအား ရရှိခွင့်ကို
  • 13:31 - 13:33
    ပေးမှာမဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။
  • 13:33 - 13:37
    အဲဒါကြောင့်မို့လို့ ကာကွယ်ဆေးကို တီထွင်စဉ်
    ဖြည့်စွက်ပစ္စည်း တချို့ကို ထည့်ပေးလျက်
  • 13:37 - 13:41
    ကာကွယ်ဆေးအနေနဲ့
    ရောဂါကိုယ်၌ထက် ပိုကောင်းတဲ့
  • 13:41 - 13:44
    ကိုယ်ခံစွမ်းအားကို ဖန်တီးပေးနိုင်မှာမို့၊
  • 13:44 - 13:47
    နှစ်ပေါင်းများစွာကြာ ခံနိုင်မယ့်
    ကိုယ်ခံစွမ်းအားကို ပေးနိုင်ကြမယ်။
  • 13:47 - 13:49
    အဲဒါဟာ နည်းနည်းလေး အချိန်ပိုကြာပါမယ်။
  • 13:49 - 13:51
    CA: နောက်ဆုံး မေးခွန်းပါရစေ၊ Larry။
  • 13:51 - 13:54
    ၂၀၀၆ ခုနှစ်တုန်းက TED ဆုကို
    ရရှိခဲ့သူ တစ်ဦးအနေဲ့
  • 13:54 - 13:57
    လိုချင်တာတစ်ခုကို ဆုတောင်းခွင့် ရရှိခဲ့ရာ၊
  • 13:57 - 14:00
    ခင်ဗျားက အခုဖြစ်ပျက်နေတဲ့ ကူးစက်မြန်
    ရောဂါမျိုးကို ဟန့်တားနိုင်မယ့်
  • 14:00 - 14:03
    အသင့်ဖြစ်ရေး စနစ်ကို ကမ္ဘာကြီး ဖန်တီး
    နိုင်ပါစေလို့ ခင်ဗျား ဆုတောင်းခဲ့တယ်။
  • 14:03 - 14:06
    ကမ္ဘာကြီးဟာ ဆုတောင်းခဲ့သလို
    မလုပ်ဆောင်နိုင်ခဲ့ဘူး ထင်ပါတယ်။
  • 14:06 - 14:09
    ဒီနေ့တွင် ထပ်ပြီး ဆုတောင်းလို့ ရမယ်ဆိုရင်
  • 14:09 - 14:10
    ဘာကိုများ ဆုတောင်းမလဲ။
  • 14:10 - 14:13
    LB: ဖေါ်ထုတ်မှု နှုန်းအရ ကျုပ်တို့
    ကျရှုံးခဲ့တယ်လို့ ကျနော် မထင်ပါဘူး။
  • 14:13 - 14:15
    တကယ်တော့ ကျနော်ဟာ အတော်လေး ကျေနပ်မိပါတယ်။
  • 14:15 - 14:18
    ကျုပ်ုတိ့ ၂၀၀၆ ခုနှစ်မှာ
    တွေ့ဆုံခဲ့စဉ်တုန်းက၊
  • 14:18 - 14:21
    တိရစ္ဆာန်မှ လူဆီကို ခုန်ကူးကြတဲ့
    ဗိုင်းရပ်စ်တွေကို ဖေါ်ထုတ်ဖို့
  • 14:21 - 14:23
    ပျမ်းမျှအားဖြင့် အချိန်
    ခြောက်လ ကြာခဲ့တယ် --
  • 14:23 - 14:25
    Ebola ရဲ့ သာဓကထဲမှာ ဆိုပါစို့။
  • 14:25 - 14:28
    အခုကျတော့ ကျုပ်တို့ဟာ ပထမဦးဆုံး ဖြစ်မှုကို
    နှစ်ပတ်အတွင်း ရှာတွေ့ခဲ့ကြတယ်။
  • 14:29 - 14:30
    ဒါဟာ သိပ်ကျေနပ်စရာ မကောင်းပါဘူး၊
  • 14:30 - 14:34
    ဖြစ်နိုင်ရင် အဲဒါကို ကျနော်ဟာ
    ရောဂါပျိုးချိန်အထိ​​​ လျှော့ချချင်တယ်။
  • 14:34 - 14:36
    တကယ်တော့ ဒါဟာ
    ပိုလို့ကို ကြီးကျယ်တဲ့ ပြဿနာပါ။
  • 14:36 - 14:39
    ကျောက်ရောဂါတိုက်ဖျက်ရေးအစီအစဉ်ထဲမှာ
    ကျနော် သတိထားမိတာက
  • 14:39 - 14:42
    အသားအရောင်မျိုးစုံ၊
    ဘာသာအားလုံး၊ လူမျိုးအားလုံး၊
  • 14:42 - 14:44
    နိုင်ငံပေါင်းများစွာမှ
  • 14:44 - 14:45
    လက်တွဲပါဝင်ခဲ့ကြတယ်။
  • 14:45 - 14:48
    အဲဒါဟာ ကမ္ဘာလုံးဆိုင်ရာ
    ကူးစက်မြန်ကပ်ရောဂါကို
  • 14:48 - 14:51
    ကမ္ဘာ့အသိုင်းအဝိုင်းတွေ အားလုံး ပါဝင်ပြီး
    ဖြေရှင်းလိုက်ကြတာပါ။
  • 14:51 - 14:57
    ဒီနေ့တွင် ကျုပ်တို့ဟာ ဗဟိုခွာအင်အားတွေရဲ့
    သားကောင်တွေဖြစ်လာတယ်လို့ ခံစားမိတယ်။
  • 14:57 - 15:02
    ကျုပ်တို့ဟာ ကိုယ့်နိုင်ငံအလိုက်
    ဘောင်တွေ ခတ်လာကြပါတယ်။
  • 15:02 - 15:04
    ကျုပ်တို့အားလုံး လက်တွဲပါဝင်သင့်တာကို
    မခံယူသရွေ့
  • 15:04 - 15:08
    ကျုပ်တို့ဟာ ကူးစက်မြန်ကပ်ရောဂါကို
    အောင်ပွဲခံ မရနိုင်ဘူးလို့ ယုံကြည်တယ်။
  • 15:08 - 15:12
    ကုံရာသီခေတ်မို့လို့ ဒါမှမဟုတ် Kumbaya
    ကြေညာစာတမ်းမို့လို့ မဟုတ်ပါဘူး၊
  • 15:12 - 15:15
    ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါကြောင့်
    ကျုပ်တို့ နားလည်ကြရမယ့် အချက်ပါ။
  • 15:15 - 15:17
    ကျုပ်တို့ အားလုံးဟာ
    အဲဒီထဲမှာ ပါဝင်နေကြရတယ်၊
  • 15:17 - 15:20
    ကမ္ဘာလုံးဆိုင်ရာ ပြဿနာအတွက်
    ကမ္ဘာလုံးဆိုင်ရာ အဖြေလိုအပ်ပါတယ်။
  • 15:20 - 15:23
    အဲဒီလို မဟုတ်တဲ့ ဘယ်အရာကိုမှ
    ကျုပ်တို့ မစဉ်းစားအပ်ပါဘူး။
  • 15:24 - 15:26
    CA: Larry Brilliant ကို ကျေးဇူးတင်ပါတယ်။
  • 15:26 - 15:29
    LB: ခင်ဗျားကိုလည်း
    ကျေးဇူးတင်ပါတယ်၊ Chris ။
Title:
ကမ္ဘာ့ကူးစက်မြန်ရောဂါအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းကို လိုအပ်နေခြင်း
Speaker:
Larry Brilliant
Description:

ကပ်ရောဂါပါရဂူဖြစ်တဲ့ Larry Brilliant က TED မှ Chris Andersonနဲ့ သိပ်ကို အရေးပါတဲ့ တွေဆုံမေးမြန်းခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့နှံ့မှု အချက်အလက်များနဲ့ ကိန်းဂဏန်းတွေကို ဆန်းစစ် ဆွေးနွေးထားပါတယ်။ Brilliant က ကမ္ဘာ့ကူးစက်မြန်ရောဂါကို အဆုံးသတ်ရေး ပြတ်သားတဲ့ အစီအစဉ်ကို ချမှတ်ပေးလျက် အဲဒါကို လက်လှမ်းမီ အောင်မြင်ဖို့အတွက် ပထဝီအရ၊ နိုင်ငံရေးအရ ကွဲပြားနေကြတဲ့ အင်အားတွေ အားလုံးတို့က လက်တွဲ လုပ်ကိုင်ကြဖို့ လိုအပ်တာကို ထောက်ပြထားပါတယ်။ "ဒါဟာ မကောင်းဆိုးဝါးတွေကြောင့် ကမ္ဘာ့ပျက်ကိန်းမျိုး မဟုတ်ပါဘူး၊" "ကျုပ်တို့ဟာ အကောင်းဆုံးပုံစံနဲ့ ကြိုးပမ်းဖို့ လိုပါတယ်။" သူက လှုံ့ဆော်ထားပါတယ်။ (၂၀၂၀ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ရိုက်ကူးခဲ့တယ်)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
15:41

Burmese subtitles

Revisions