-
Title:
မျောက်မင်းက မြေအောက်ကမ္ဘာမှ ဘယ်လိုလွတ်မြောက်လာခဲ့သလဲ - Shunan Teng
-
Description:
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/how-the-monkey-king-escaped-the-underworld-shunan-teng တွင် ကြည့်ရှုပါ။
ကျောက်တုံးကနေပေါက်ဖွားလာပြီး နတ်မှော်ပညာကျောင်းတော်မှာ တက်ရောက်ခဲ့တဲ့ ဒဏ္ဍာရီလာ ပြဿနာရှာသူ မျောက်မင်းဟာ နဂါးဘုရင်ရဲ့ တန်ဖိုးအထားရဆုံး ရတနာဖြစ်တဲ့ မှော်တောင်ဝှေးကို ခိုးသွားပါတယ်။သူ့တိုင်းပြည်ကိုပြန်လာပြီး ရတနာကို မျောက်အမျိုးအနွယ်တွေကို ပြပြီးတဲ့အခါ သူ့ကို သေမင်းတမန်နှစ်ပါးက ဆွဲခေါ်သွားပါတယ်။ Shunan Tengက မျောက်မင်းရဲ့ မြေအောက်ကမ္ဘာခရီးအကြောင်းအသေးစိတ်ဖော်ပြထားပါတယ်။
သင်ခန်းစာကို Shunan Teng, က ပြုစုပြီး Yijia Cao & Mohammad Babakoohi က ရိုက်ကူးထားပါတယ်။
-
Speaker:
Shunan Teng
-
နက်ရိှုင်းလှတဲ့ ရေအောက်တိုင်းပြည်ကြီးမှာ
-
အင်အားကြီးမားလှတဲ့ နဂါးဘုရင်ကြီးတွေ
ကြောက်ဒူးတုန်ခဲ့ကြဖူးတယ်။
-
သူတို ့ရှေ ့က မျောက်မင်း စွန်းဝူခုန်း
ခုန်ဆွခုန်ဆွနဲ ့့ ဖြတ်သွားခဲ့ရင်ပေါ့။
-
ဒဏ္ဍာရီလာပြဿနာသမားဟာ
ကျောက်တုံးထဲက ပေါက်ဖွားလာပြီး
-
နတ်မှော်ပညာကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
-
မျောက်မင်းဟာ အဲဒီအချိန်က နဂါးဘုရင်ရဲ့
တန်ဖိုးအထားရဆုံး လက်နက်တဝင့်ဝင့်နဲ ့ပေါ့့။
-
-
ရေကြီးနေချိန်မှာတောင် ရေအနက်ကို
တိုင်းလို ့ရလောက်အောင် ရှည်လျားပြီး
-
ယခုအခါမှာတော့ မျောက်မင်း အမိန် ့ကိုနာခံကာ
သူထိလိုက်တာနဲ ့ ကျုံ ့ဝင်သွားပါတယ်။
-
ဒီစိတ်ရှုပ်ထွေးစရာကောင်းတဲ့
စွမ်းအားကို ကြောက်တာကြောင့်
-
နဂါးတွေက လိုလိုလားလားပဲ
စွန်းဝူခုန်းဆီမှာ တောင်ဝှေးသိမ်းထားစေတယ်။
-
မျောက်မင်းက
အဲဒီလက်နက်ကို ယူသွားပြီးတော့
-
သူ ့တိုင်းပြည်ကို ရွှင်မြူးစွာ ပြန်လာကာ
-
ဒီရတနာကို သူ ့အမျိုးအနွယ်
မျောက်တွေကိုပြခဲ့တယ်။
-
အထိန်းအကွပ်မဲ့ အောင်ပွဲခံအပြီးမှာ
¶
-
စွန်းဝူခုန်းဟာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။
-
ဒါပေမဲ့ သူအိပ်မက်မက်တဲ့အခါမှာ
-
အရာနှစ်ခုကို အမြန်ပဲ သတိထားမိခဲ့တယ်။
-
ပထမတစ်ခုကတော့ ဒါဟာ သာမန်အတိုင်း
အိပ်ပျော်သွားတာ မဟုတ်ဘူးဆိုတာဖြစ်ပြီး
-
ဒုတိယကတော့ သူတစ်ယောက်တည်းရှိနေတာ
မဟုတ်ဘူးဆိုတာပဲ ဖြစ်တယ်။
-
ချက်ချင်းပဲ ထိတ်လန် ့ဖွယ်ပုဂ္ဂိုလ်နှစ်ဦးက
သူ ့ကို ဖမ်းကိုင်ထားတာ သိလိုက်ရတယ်။
-
ပထမတော့ စွန်းဝူခုန်းဟာ သူ့ကိုဖမ်းတဲ့သူတွေက
ဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။
-
မျောက်မင်းကို သူတို ့မြို ့အဝင် ဂိတ်ဝကို
ဆွဲခေါ်သွားတဲ့ အခါမှသာ
-
စွန်းဝူခုန်းဟာ အသက်အန္တရာယ်ရှိတဲ့ ပြဿနာကို
ရင်ဆိုင်နေရပြီလို ့ သဘောပေါက်သွားပါတယ်။
-
သူတို ့ တွေဟာ သေသူတွေကို
သေခြင်းတိုင်းပြည်ကို ပို ့ဆောင်ပေးတဲ့
-
သေမင်းတမန်တွေဖြစ်ပါတယ်။
-
သေခြင်းတိုင်းပြည်ကို ယမမင်းတွေ
အုပ်စိုးတာဖြစ်ပြီး
-
သူတို ့တွေက ဝိညာဉ်တွေကို ညှာတာမှုမရှိစွာ
ထိတ်လန် ့ဖွယ်ကောင်းတဲ့ ပြစ်ဒဏ်တွေပေးပါတယ်။
-
အခုဆိုရင် မျောက်မင်းဟာ
သေခြင်းတိုင်းပြည်ရဲ ့ ရှေ ့ကိုရောက်နေပြီ။
¶
-
သူဟာ ယမမင်းရဲ ့ နန်းတော်နဲ ့
-
နိုင်ဟေးမြစ်ပေါ်က ဒဏ္ဍာရီလာတံတားကို
တွေ ့နေရပါပြီ။
-
အမယ်အိုတစ်ယောက်က
တံတားကိုတာဝန်ယူပြီး
-
ထိုက်တန်တဲ့ ဝိညာဉ်တွေကို
စွပ်ပြုတ်တစ်ခွက်တိုက်ပါတယ်။
-
စွပ်ပြုတ်ကိုသောက်ပြီးတဲ့အခါမှာ
ဝိညာဉ်တွေဟာ သူတို ့အတိတ်ဘဝကိုမေ့သွားပြီး
-
နောက်ဘဝပုံစံအသစ်တစ်ခုအနေနဲ ့
ကမ္ဘာကြီးဆီ ပြန်လည်ပို ့ဆောင်ခံရပါတယ်။
-
အောက်ဘက်မှာကတော့ ပြန်လည်ရှင်သန်ဖို ့
မထိုက်တန်တဲ့ ဝိညာဉ်တွေရှိပါတယ်။
-
အခန်းတွေနဲ ့ ရှပ်ထွေးလှတဲ့
ဝင်္ကပါကြီးမှာ
-
ကံဆိုးတဲ့ ဝိညာဉ်တွေက အဆုံးမရှိတဲ့
ငရဲခန်းထဲမှာ အပြစ်ဒဏ်ခံကြရတယ်။
-
ချွန်ထက်တဲ့ဓားတွေ ထွက်နေတဲ့ တောင်တွေ၊
သွေးကန်တွေ နဲ ့ ဆီပူအိုးတွေလိုပေါ့။
-
ဒါပေမယ့် စွန်းဝူခုန်းက ညှင်းပန်းခံရမှာရော
နောက်ဘဝရောက်မှာကိုရော လက်မခံဘူး။
¶
-
သေမင်းတမန်တွေက သူ ့ကို
တံခါးဝဆီ ဆွဲသွားစဉ်မှာပဲ
-
မျောက်မင်းက တောင်ဝှေးကို ဆတ်ကနဲယူလိုက်ပြီး
ဖမ်းကိုင်ထားတဲ့ကြားက လွှဲယမ်းထွက်သွားတယ်။
-
သူ ့ရဲ ့တိုက်ပွဲခေါ်သံနဲ ့
လက်နက်ရိုက်ခတ်သံဟာ
-
မြေအောက်ကမ္ဘာတစ်ခုလုံးကို
ပဲ့တင်ဟိန်းသွားပါတယ်။
-
အနှောင့်အယှက်ကို အာရုံခံမိတဲ့
ယမမင်းဆယ်ပါးက သူ ့ကို ဆင်းတိုက်ကြတယ်။
-
ဒါပေမဲ့ ဝိညာဉ်တစ်ခုဆီက
ဒီလိုခုခံမှုမျိုး တစ်ခါမှ မကြုံဖူးကြဘူး။
-
ဒီပုံမှန်မဟုတ်တဲ့ သတ္တဝါက ဘာများလဲ။
-
သူက သေမျိုးလား၊ နတ်တစ်ပါးလား၊
ဒါမှမဟုတ် တခြားတစ်ခုခုလား။
-
သေဆုံးခြင်း နှင့် ရှင်သန်ခြင်းကျမ်းကို
ယမမင်းတွေ ကြည့်ခဲ့တယ်။
¶
-
သတ္တဝါတွေသေမယ့် အချိန်ကိုပြတဲ့
စာအုပ်ထူကြီးပေါ့။
-
ဒီထူးဆန်းတဲ့အရာဟာ
ဘယ်အမျိုးအစားမှာ ပါဝင်လဲဆိုတာမသိတဲ့အခါမှာ
-
စွန်းဝူခုန်းအကြောင်းကို ရှာဖွေရာမှာ
နတ်မင်းတွေ အကျပ်ရိုက်ခဲ့ကြတယ်။
-
ဒါပေမဲ့ မျောက်မင်းက
ဘယ်မှာကြည့်ရမလဲဆိုတာ သိပါတယ်။
-
ကံမကောင်းချင်တော့ ဒီမှတ်တမ်းတွေက
ယမမင်းရဲ ့ယူဆချက်နဲ ့ ကိုက်ညီနေတယ်။
-
အချိန်ဇယားထဲမှာ စွန်းဝူခုန်းက
အဲဒီညမှာပဲ သေရတော့မှာဖြစ်တယ်။
-
ဒါပေမဲ့ မျောက်မင်းက မစိုးရိမ်ပါဘူး။
-
သူဟာ ကံကြမ္မာကို လွှဲရှောင်လာတာ
တစ်ကြိမ်မကတော့ပါ။
-
ဉာဏ်ပညာ နဲ ့ စွမ်းအားကို
ရှာဖွေခဲ့ကတည်းကပေါ့။
-
သူ ့အတိတ်က တော်လှန်ပုန်ကန်မှုတွေကနေ
ပုံသဏ္ဍာန်မျိုးစုံပြောင်းနိုင်စွမ်း၊
-
အရှိန်နဲ ့ တိမ်စီးနိုင်စွမ်းတွေ
ရရှိခဲ့ပြီး
-
မှော်ပညာနဲ ့ သိုင်းပညာကိုအသုံးချကာ
သူ ့ရဲ ့မျိုးနွယ်စုကို အုပ်စိုးခဲ့တယ်။
-
အခုအကြပ်အတည်းမှု
သူအခွင့်အလမ်းတစ်ခုကိုထပ်တွေ ့ခဲ့တယ်။
-
သူ ့ရဲ ့လျင်မြန်လှတဲ့ လက်ချောင်းတွေနဲ ့
¶
-
ကျမ်းစာအုပ်ထဲကနေ သူ ့နာမည်ကိုဖျက်လိုက်တယ်။
-
ယမမင်းတွေ မတုန် ့ပြန်နိုင်သေးခင်မှာပဲ
-
သူ ့အမျိုးအနွယ်ဝင် မျောက်တွေရဲ ့
နာမည်တွေကိုလည်း ဖျက်ပစ်လိုက်တယ်။
-
သေခြင်းကနေ လွတ်မြောက်လာပြီးနောက်
-
စွန်းဝူခုန်းဟာ မြေအောက်ကမ္ဘာမှ
ထွက်ခွာရာ လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့တယ်။
-
ဒေါသထွက်နေတဲ့ နတ်တွေအုပ်လိုက်ကို
သူဟာ ကျင်လည်စွာ အနိုင်ယူနိုင်ခဲ့တယ်။
-
သေခြင်းတိုင်းပြည်ကနေ မထွက်ရသေးခင်
လမ်းမှာပေါ့။
-
သူမြေပြင်ကို ထိလုနီးပါးမှာပဲ
စွန်းဝူခုန်းဟာ အိပ်ရာမှ ရုတ်တရက်နိုးလာတယ်။
¶
-
အစကတော့ သူဟာ
ဒီခရီးကို အိပ်မက်မက်နေတယ်ပဲ ထင်ခဲ့တယ်။
-
ဒါပေမယ့် မျောက်မင်းဟာ
ထာဝရအသက်ရှင်နိုင်စွမ်းက
-
ခေါင်းဖျားကနေ အမြီးဖျားထိ
တလိမ့်လိမ့်ဆင်းနေတာ ခံစားမိနေတယ်။
-
သူဟာ ကြွေးကြော်၍ စစ်သည်တွေကို
နှိုးပြီး စွန် ့စားမှုအကြောင်း ပြောခဲ့တယ်။
-
ပြီးတော့့ နောက်ထပ်တစ်ခါ
အောင်ပွဲခံခဲ့ကြပါတယ်။