Return to Video

အနာဂတ်ဖျော်ဖြေရေးလောကအတွက် Streaming ရဲ့အခန်းကဏ္ဍ

  • 0:01 - 0:05
    ကျွန်တော်ကအားကောင်းတဲ့လူအဖွဲ့အစည်း
    တွေ ပေါ်ပေါက်လာရေးကို စိတ်ဝင်စားသူပါ။
  • 0:05 - 0:07
    ဒါကြောင့်ဘဲ Twitch ကိုစလုပ်ဖြစ်ခဲ့တာ
  • 0:07 - 0:10
    အင်တာနက်ပေါ်မှာလူတွေဂိမ်းကစားနေတာကို
    ကြည့်ရှူ့နိုင်ဖို့ဆိုတဲ့စိတ်ကူးနဲ့
  • 0:10 - 0:12
    ( ရယ်မောသံများ )
  • 0:12 - 0:14
    ဒီနေ့ဒီစကားဝိုင်းကို လာအားပေးကြတာ
    ကျေးဇူးပါဘဲ။
  • 0:14 - 0:15
    ( ရယ်မောသံများ )
  • 0:15 - 0:17
    တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့
  • 0:17 - 0:21
    video games တွေနဲ့လူ့အဖွဲ့အစည်းဆိုတာက
    အတော်လေးဆက်စပ်မှု ရှိနေတယ်ဆိုတာပါဘဲ။
  • 0:22 - 0:24
    လူသားတွေရဲ့သမိုင်းအစကတည်းက
  • 0:24 - 0:28
    လူမျိူးစုအလိုက်ကိုယ်ပိုင်ဖျော်ဖြေမှုတွေကို
    လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရတယ်။
  • 0:28 - 0:30
    မီးပုံဘေးမှာဝိုင်းထိုင်ပြီးပုံပြင်တွေ
    ပြောကြတာ
  • 0:30 - 0:33
    သီချင်းတူတူဆိုကြတာ။ တူတူကကြတာမျိူး
    တွေကို ပြုလုပ်ခဲ့ကြတယ်။
  • 0:33 - 0:37
    လူ့သမိုင်းရဲ့အစောဆုံးဖျော်ဖြေမှုတွေဟာ
    မျှဝေခြင်းနဲ့အပြန်အလှန်ပါဝင်မှုဖြစ်ခဲ့တယ်။
  • 0:38 - 0:42
    ဖျော်ဖြေမှုသမိုင်ကြောင်းဟာ မကြာသေးခင်ကအထိ
    သိပ်မခမ်းနားခဲ့ဘူး။
  • 0:42 - 0:44
    လူစုလူဝေးနဲ့အပြန်အလှန်စကားပြောတာ
    တဖြည်းဖြည်းနည်းလာပြီး
  • 0:44 - 0:47
    ဖျော်ဖြေရေးတွေကို ထုတ်လွှင့်ခြင်းတွေက
    ပိုနေရာယူလာတယ်။
  • 0:47 - 0:52
    ရေဒီယိုနဲ့အသံသွင်းစနစ်တွေက သီချင်းတွေကို
    ယာဉ်တွေနဲ့အိမ်တွေထဲထိသယ်ဆောင်လာပေးတယ်။
  • 0:52 - 0:58
    TVနဲ့ ဗီဒီယိုတိပ်ခွေတွေက အားကစားအစီအစဉ်တွေ
    ဇာတ်လမ်းတွေ ဧည့်ခန်းတွေဆီ ပို့ပေးလာကြတယ်။
  • 0:58 - 1:02
    ဖျော်ဖြေးရေးထုတ်လွှင့်မှုတွေ အလွယ်တကူ
    ကြည့်ရနိုင်မှုက သာမန်ကိစ္စမဟုတ်ပါဘူး။
  • 1:02 - 1:06
    ကမ္ဘာနဲ့ အဝှမ်းကလူတွေအတွက် အံ့ဩစရာ
    တင်ဆက်မှုတွေကိုပေးစွမ်းနိုင်ပါတယ်။
  • 1:06 - 1:09
    ထုတ်လွှင့်မှုတွေက သန်းချီ လူတွေရဲ့
    အကြားမှာ မျှဝေတဲ့ ဓလေ့ဖြစ်လာတယ်။
  • 1:12 - 1:16
    အခုအချိန်မှာ သင့်အနေနဲ့ မိုးဇတ်ရဲ့
    သံစဉ်တွေကို နားထောင်ချင်တယ်ဆိုရင်
  • 1:16 - 1:20
    သင့်အနေနဲ့ သံစုံတီးဝိုင်းအဖွဲ့ကို ရှာရန်
    ဈေးကြီးတဲ့လက်မှတ် ဝယ်ရန် မလိုတော့ပါ။
  • 1:21 - 1:22
    သင့်အနေနဲ့ သီချင်းဆိုချင်ရင်လည်း
  • 1:22 - 1:26
    (သီချင်းဆိုသံ) I can show you the world...
  • 1:26 - 1:30
    တစ်ကမ္ဘာလုံးက လူတွေနဲ့တစ်ပြိုင်တည်း
    တူတူဆိုလို့ရနေပြီဖြစ်တယ်။
  • 1:33 - 1:34
    ဒီလိုအံ့ဩစရာကောင်းတဲ့အခွင့်အလမ်းနဲ့အတူ
  • 1:34 - 1:39
    ဖန်တီးသူနဲ့ ကြည့်ရှူ့ခံစားသူဆိုပြီး
    နှစ်ပိုင်းခွဲထားပေးပါတယ်။
  • 1:40 - 1:44
    ဒီလူနှစ်စုကြားက ဆက်နွယ်မှုကို ပိုပိုပြီး
    နီးစပ်လာအောင်လည်း လုပ်ဆောင်နေပါတယ်။
  • 1:46 - 1:52
    ဖန်တီးသူတွေ လူနည်းစုဖြစ်တဲ့ကမ္ဘာကြီးမှာ
    ကျွန်တော်တို့ မကျေမနပ်ဖြစ်လေ့ရှိတယ်။
  • 1:52 - 1:56
    ဒီလိုနဲ့ဘဲကျွန်တော်တို့တွေဟာ
    ကြည့်ရှူ့ခံစားသူတွေဖြစ်လာကြတယ်။
  • 1:56 - 2:02
    ရလဒ်အနေနဲ့ကတော့တင်ဆက်မှုတွေကို
    တစ်ယောက်တည်း ကြည့်ရှူ့ဖို့ဖြစ်လာတာပါဘဲ။
  • 2:02 - 2:04
    ဒီဓလေ့ကိုအတားအဆီးဖြစ်စေတာကတော့
  • 2:04 - 2:05
    တင်ဆက်မှုရှားပါးခြင်းပါ။
  • 2:05 - 2:10
    ၁၉၀၀ပြည့်နှစ်တုန်းက Vienna ဟာ Cafe
    Culture ကြောင့်နာမည်ကျော်ခဲ့တယ်။
  • 2:10 - 2:14
    Cafe Culture ကိုနာမည်ကြီးစေခဲ့တဲ့အကြောင်း
    အရင်းတစ်ခုကတော့
  • 2:14 - 2:17
    အလွယ်တကူမရနိုင်တဲ့ဈေးကြီးတဲ့သတင်းစာ
    တွေဘဲဖြစ်ပါတယ်။
  • 2:17 - 2:19
    အဲ့ဒါကြောင့်ဘဲ
  • 2:19 - 2:22
    လူတွေကအဲ့ဒီ Cafeကို သွားကြပြီးသတင်းစာတွေ
    တူတူဖတ်ကြတယ်။
  • 2:22 - 2:24
    Cafe ထဲကိုရောက်တာနဲ့
  • 2:24 - 2:27
    တူညီတဲ့သတင်းစာတွေကိုဖတ်နေတဲ့လူတွေနဲ့
    တွေ့လို့ရတယ်။
  • 2:27 - 2:30
    အပြန်အလှန်စကားပြောရင်း
    အတွေးအခေါ်တွေဖလှယ်ကြတယ်။
  • 2:30 - 2:32
    ဒီလိုနဲ့လူအသိုင်းအဝန်း
    တစ်ခုကို ဖန်တီးကြတယ်။
  • 2:32 - 2:34
    ဒီအဖြစ်အပျက်နဲ့ဆင်တူတဲ့
    အဖြစ်အပျက်တစ်ခုကတော့
  • 2:34 - 2:37
    တီဗီနဲ့ ကြိုးဆက်ထုတ်လွှင့်မှုတွေဟာ
    ဈေးပိုပိုပြီးကြီးလာခြင်းပါ။
  • 2:37 - 2:40
    ဒါကြောင့်ဘဲ အားကစားအစီအစဉ်တွေကို
    အိမ်ကနေ ကြည့်မယ့်အစား
  • 2:40 - 2:42
    လူတွေစုဝေးကြတဲ့ လက်ဖက်ရည်ဆိုင်တို့
    ဘားတို့ဆီကိုဘဲသွားပြီး
  • 2:42 - 2:45
    သူငယ်ချင်းအပေါင်းအပါတွေနဲ့ အတူတူ
    အားပေးတာမျိူးဘဲ လုပ်ကြတော့တယ်။
  • 2:45 - 2:50
    ဒါပေမဲ့ နည်းပညာကြောင့် မီဒီယာလုပ်ငန်းရဲ့
    ဝန်ဆောင်ခနှုန်းထားတွေ ကျဆင်းလာလို့
  • 2:51 - 2:56
    လူအသိုင်းအဝိုင်းတွေကြားက မျှဝေခြင်း
    အလေ့အထက ပျောက်ကွယ်လာပါတယ်။
  • 2:57 - 3:02
    ဒီကနေ့မှာတော့ ဖျော်ဖြေရေးကဏ္ဍဟာ
    ရွေးချယ်စရာတွေများပြားလာပါတယ်။
  • 3:02 - 3:08
    ဖျော်ဖြေရေးအစီအစဉ်တွေကို တစ်ယောက်တည်း
    ကြည့်ရှူ့ခံစားနိုင်ဖို့ အရမ်းလွယ်လာပါတယ်။
  • 3:08 - 3:11
    ဒီကိစ္စက လူမှုအဖွဲ့အစည်းတွေအပေါ်ကိုလည်း
    ရိုက်ခက်မှုရှိပါတယ်။
  • 3:12 - 3:13
    ဥပမာအနေနဲ့ဆိုရင်
  • 3:13 - 3:17
    အနည်းဆုံးအရင်းနှီးဆုံး
    သူငယ်ချင်းနှစ်ယောက်ရှိတဲ့
  • 3:17 - 3:19
    လူအရေအတွက်တောင်မှ
    တစ်ဖြည်ဖြည်းနည်းလာတာမျိူးပါ။
  • 3:21 - 3:26
    ဒီလိုဖြစ်ရတဲ့ကိစ္စရဲ့
    အဓိကအကြောင်းအရင်းကတော့
  • 3:26 - 3:31
    ကျွန်တော်တို့အားလုံးကို တစ်သီးတစ်သန့်
    နေလာစေတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပါဘဲ။
  • 3:34 - 3:38
    လူမှုအဖွဲ့အစည်းကို တစ်ကွဲတစ်ပြားဖြစ်စေတဲ့
    ဒီစနစ်ကို ပြောင်းပစ်မယ့် အရွေ့လည်းရှိတယ်။
  • 3:38 - 3:41
    ခောတ်ပေါ် multiplayer games တွေပါ။
  • 3:42 - 3:46
    Games တွေဟာ ရှေးတုန်းကမျှဝေမှုတွေ
    လုပ်လေ့ရှိတဲ့ မီးပုံပွဲတွေနဲ့ဆင်တူတယ်။
  • 3:46 - 3:49
    နှစ်ခုစလုံးက အပြန်အလှန်ဆက်သွယ်မှုကို
    အခြေခံထားတယ်။
  • 3:49 - 3:52
    ဒီကနေ့ခောတ် မီးပုံပွဲတွေမှာတော့ လှပတဲ့
    animations တွေပါမယ်။
  • 3:52 - 3:55
    လူစွမ်းကောင်းဆန်ဆန် စွန့်စားရှာဖွေ
    လုပ်ဆောင်ရတာတွေပါမယ်။
  • 3:55 - 3:58
    တစ်ခါတစ်ရံ ဂိမ်းကိုအနိုင်ကစားပြီး
    Loot boxes ရအောင်ကြိုးစားတာပါမယ်။
  • 3:58 - 4:00
    ဒီနေ့ခောတ် Games တွေကအရမ်းကို
    ကွဲပြားလာပါပြီ။
  • 4:00 - 4:03
    လွန်ခဲ့တဲ့ နှစ်၂၀က လို တစ်ဦးတည်း
    ကစားရတာမျိူးမ ဟုတ်တော့ပါဘူး။
  • 4:03 - 4:05
    Games တွေက ပိုမိုနက်ရှိုင်းပြီး
    ရှုပ်ထွေးလာပါတယ်။
  • 4:06 - 4:09
    ညဏ်ရည်ပိုင်း တုံ့ပြန်လှုံ့ဆော်မှုတွေနဲ့
    အများကြီးသက်ဆိုင်လာတယ်။
  • 4:09 - 4:11
    အရေးကြီးဆုံးက games တွေဟာ အသိုင်းအဝန်းကို
    အခြေခံလာကြတာပါ။
  • 4:11 - 4:15
    ဒီအကူးအပြောင်းကို သိသာစေတဲ့
    သက်သေတစ်ခုကတော့
  • 4:15 - 4:18
    မကြာသေးမှီကမှ နာမည်ကြီးခဲ့တဲ့
    Battle Royale ပါ။
  • 4:18 - 4:23
    လူ၁၀၀က ကျွန်းပေါ်ကိုဆင်းသက်ပြီး နောက်ဆုံး
    တစ်ယောက်တည်း အသက်ရှင်ဖို့ ကစားနည်းပါ။
  • 4:23 - 4:26
    ဒီကစားနည်းကို American Idol နဲ့
    နှိုင်းယှဉ်ပြီးစဉ်းစားလို့ရပါတယ်။
  • 4:26 - 4:30
    ဒါပေမယ့် တိုက်ခိုက်ရတာတွေပိုများပြီး
    ဝေဖန်တာတွေကတော့ပိုနည်းမှာပါ။
  • 4:30 - 4:33
    Fortnite ဆိုတဲ့ game ကိုကြားဖူးကြမှာပါ။
  • 4:33 - 4:37
    Battle Royale game အမျိူးအစားထဲမှာ
    အရမ်းပေါက်ခဲ့တဲ့ game တစ်ခုပါ။
  • 4:37 - 4:41
    ကမ္ဘာတစ်ဝန်းလုံးမှာကစားသူ သန်း၂၅၀ကျော်
    ရှိတဲ့ game တစ်ခုပါ။
  • 4:41 - 4:43
    ကစားသူတွေက အိမ်ဘေးက ကလေးလေးတွေကနေအစ
  • 4:43 - 4:46
    Drake တို့၊ Ellen DeGeneres တို့လို
    နာမည်ကြီးတွေအထိပါပါတယ်။
  • 4:46 - 4:49
    ကမ္ဘာတစ်ဝန်းလုံးမှာ video games
    ကစားသူပေါင်း 2.3 billion လောက်ရှိပါတယ်။
  • 4:49 - 4:54
    အစောပိုင်း games Tertis တို့ Mario တို့ဟာ
    ပဟေဠိတွေနဲ့ မစ်ရှင်တွေအပေါ်အခြေခံပါတယ်။
  • 4:54 - 4:57
    ဒါပေမယ့် arcade games တွေ၊
    internet games တွေခေတ်စားလာတာနဲ့အမျှ
  • 4:57 - 5:02
    လူအများပါပြီး ကစားရတဲ့ ကြီးမားတဲ့
    အွန်းလိုင်းဂိမ်းတွေ ခေတ်စားလာတာနဲ့အမျှ
  • 5:02 - 5:05
    games တွေဟာ ဖျော်ဖြေရေးကဏ္ဍတစ်ခု
    အဖြစ် ထင်ရှားနေရာယူလာတယ်။
  • 5:05 - 5:09
    ဒီဖျော်ဖြေရေးကဏ္ဍမှာ အရေးအကြီးဆုံးက
    လူတွေအချင်းချင်းဆက်သွယ်မှုပါဘဲ။
  • 5:09 - 5:12
    ဒါကဘဲ ကျွန်တော်တို့ကို Streaming ခောတ်ကို
    တွန်းပို့ခဲ့တယ်။
  • 5:12 - 5:15
    ဘာကြောင့်လူတွေက ကိုယ်ကစားနေတဲ့ Game ကို
    stream ကြတာလဲ?
  • 5:15 - 5:20
    ပြီးတော့ကမ္ဘာတစ်ဝှမ်းက သန်းရာပေါင်း
    များစွာသောလူတွေကရော ဘာကြောင့်များ
  • 5:20 - 5:21
    ဒီ streaming တွေကို
    စုပြုံ ကြည့်နေကြလဲ။
  • 5:23 - 5:26
    အားလုံးကိုစက္ကန့်ပိုင်းလောက် စိတ်ကူးကြည့်
    စေချင်တယ်။
  • 5:26 - 5:28
    တစ်ခြားဂြိုလ်တစ်ခုကိုရောက်နေတယ်ဆိုပါစို,။
  • 5:28 - 5:31
    အဲ့ဒီမှာ ကြီးမားတဲ့အစိမ်းရောင် စတုဂံတစ်ခု
    ရှိနေတယ်ဆိုပါစို့။
  • 5:31 - 5:33
    အဲ့ဒီ အစိမ်းရောင်စတုဂံထဲမှာ
    ဂြိုလ်သားတွေ
  • 5:33 - 5:35
    ဝတ်စုံအပြည့်နဲ့ စုဝေးနေတယ်ဆိုပါစို့။
  • 5:35 - 5:37
    တစ်ဖက်နဲ့တစ်ဖက် ဘောလုံး
    ကစားနေကြတယ်ဆိုပါစို့။
  • 5:37 - 5:39
    ခြေထောက်ကိုဘဲ သုံးကြတယ်။
  • 5:39 - 5:40
    ပြိုင်ပွဲကလည်းအကြိတ်အနယ်ပေါ့။
  • 5:40 - 5:43
    ဘောလုံးကလည်း အရှေ့ရောက်လိုက်
    အနောက်ရောက်လိုက်ပေါ့။
  • 5:43 - 5:47
    သန်းပေါင်းများစွာသော လူတွေကလည်း အိမ်ကနေ
    စောင့်ကြည့်နေရင်း
  • 5:47 - 5:50
    အတူတူအော်ဟစ်အားပေးရင်းနဲ့
    ပျော်ရွှင်နေကြတာပေါ့။
  • 5:50 - 5:53
    ကျွန်တော်က အဖေနဲ့ အားကစားအစီအစဉ်တွေ
    ကြည့်ရင်းကြီးပြင်းလာသူပါ။
  • 5:53 - 5:57
    ဒါကြောင့် ဘောလုံးပွဲတွေ ပျော်စရာကောင်းပြီး
    ကိုယ်တိုင်ပါဝင်ချင်စရာကြီးပါ။
  • 5:57 - 6:00
    ဒါပေမဲ့ သင်ဟာ အားကစားအစီအစဉ်တွေကို
    မကြည့်ဖြစ်ခဲ့တောင်
  • 6:00 - 6:03
    "ကြယ်ပွင့်များနဲ့ကခုန်ခြင်း" အစီအစဉ်ကို
    ကြိုက်သူ ဖြစ်နိုင်တယ်။
  • 6:03 - 6:06
    ဒါမှမဟုတ် "အကောင်းဆုံစာဖိုမှူး"
    အစီအစဉ်ပေါ့။
  • 6:06 - 6:08
    တစ်ကယ်တမ်းကြတော့ သဘောတရားကတူတူပါဘဲ။
  • 6:09 - 6:11
    ကိုယ်ပျော်တဲ့ လှုပ်ရှားမှု
    တစ်မျိုးမျိုး ရှိရင်၊
  • 6:13 - 6:15
    ကိုယ်ဟာ တစ်ခြားလူတွေကိုလည်း
    အဲဒါကိုလိုက်လုပ်စေချင်မှာဘဲ။
  • 6:15 - 6:18
    ကျွမ်းကျင်စွာ စွမ်းထက်စွာပေါ့။
  • 6:18 - 6:21
    မျှဝေခြင်းဆိုတာ ဂြိုလ်သားတွေအတွက်
    နားလည်ရန် ခက်နိုင်ပေမဲ့
  • 6:21 - 6:24
    ကိုယ်ဝါသနာပါရာကို မျှဝေခြင်းက
    လူသားတွေကို ပေါင်းစည်းစေတဲ့အရာပါ။
  • 6:25 - 6:30
    ဂိမ်းကစားသူတွေက လက်တွေ့ ပါဝင်ရင်း တုံ့ပြန်
    ကစားနိုင်မယ့် ဂိမ်းတွေမျှော်လင့်ခဲ့ကြတယ်။
  • 6:30 - 6:34
    တန်ပြန်ဆက်သွယ်မှုမရှိတဲ့ ဂိမ်းတွေဟာ စိတ်
    ကျေနပ်မှု မပေးစွမ်းနိုင်သလို ခံစားရတယ်။
  • 6:34 - 6:38
    ဒါကြောင့်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုဟာ
    Video Games တွေနဲ့အတူ ပေါ်လာခဲ့ပါတယ်။
  • 6:39 - 6:44
    တိုက်ရိုက်ထုတ်လွှင့်မှုတွေဟာ အပြန်အလှန်ဆက်
    သွယ်မှုရှိတဲ့ခံစားမှုကို ပေးစွမ်းနိုင်တယ်။
  • 6:47 - 6:51
    သင့်အနေနဲ့ Twitch ပေါ်မှာ ဘာတွေဖြစ်ပျက်
    နေတယ်ဆိုတာ စဉ်းစားတဲ့အခါ
  • 6:51 - 6:58
    တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သန်ချီ
    Video Games တွေလို့မမြင်စေချင်ဘူး။
  • 6:58 - 7:04
    အဲ့ဒီအစား သန်းပေါင်းများစွာသော
    မီးပုံပွဲတွေလို့ဘဲ မြင်စေချင်တယ်။
  • 7:04 - 7:06
    တစ်ချိူ့ကတော့မီးပုံပွဲအကြီးစားတွေပေါ့
  • 7:06 - 7:10
    ထောင်ပေါင်းများစွာသော လူတွေဝန်းရံထားပြီး
    အရှိန်အဟုန်နဲ့တောက်လောက်နေတဲ့ ပွဲကြီးပေါ့။
  • 7:10 - 7:14
    တစ်ချိူ့လူးနည်းပြီး၊ ရင်းနှီးသူ
    အချင်းချင်းဘဲ စုဝေးတဲ့ မီးပုံပွဲလေးပေါ့။
  • 7:14 - 7:16
    မီးပုံထဲက လူတိုင်း
    ကိုယ့်နာမည်ကိုသိနေတာမျိူးပေါ့။
  • 7:16 - 7:20
    အဲလိုမီးပုံပွဲနဲ့ဆင်တူတဲ့ ကျွန်တော်တို့
    Twitch က မီးပုံပွဲတစ်ခုကို ကြည့်ရအောင်။
  • 7:22 - 7:24
    Cohh ရေ၊ အခြေအနေဘယ်လိုရှိလဲ။
  • 7:24 - 7:26
    Cohh: မင်း အခြေအနေဘယ်လိုလဲ၊ Emmett?
  • 7:26 - 7:30
    ES: အခုသူငယ်ချင်းတစ်ထောင်လောက်နဲ့
    ကျွန်တော် TED မှာရောက်နေတာ။
  • 7:30 - 7:34
    ခင်ဗျားရဲ့Stream ကို ဒီကသူငယ်ချင်းတွေနဲ့
    အတူ တစ်ချက် ဝင်ကြည့်မလားလို့။
  • 7:34 - 7:37
    Cohh: ကောင်းပါတယ်။ မင်းတို့ဆီက
    ဒီလိုကြားရတာ ဝမ်းသာစရာဘဲ။
  • 7:37 - 7:41
    ES: Cohh ရေ၊ မင်းအကြောင်းတစ်ချိူ့ဒီနေ့
    TED က သူငယ်ချင်းတွေကို ဝေမျှပေးနိုင်မလား
  • 7:41 - 7:44
    မင်းရဲ့Twitch ပေါ်က Stream community နဲ့
    ပက်သက်ပြီး တော့ပေါ့။
  • 7:44 - 7:46
    Cohh: အမ်။ ဘယ်လိုစပြောရမလဲဆိုတော့။
  • 7:46 - 7:49
    ကျွန်တော် ဒီလို Streaming လုပ်နေတာ
    ငါးနှစ်လောက်တော့ရှိပြီ။
  • 7:49 - 7:54
    ကျွန်တော့်ကို နေ့တိုင်း Streaming လုပ်ဖို့
    မရပ်မနား အားပေးတဲ့ အကြောင်းတစ်ခုရှိတယ်။
  • 7:54 - 7:58
    Streaming ဟာ အချင်းချင်းဆက်သွယ်မှုအတွက်
    အံဩစရာကောင်းတဲ့ အရာတစ်ခုပါ။
  • 7:58 - 8:01
    ကျွန်တော်ဘဝမှာ ဂိမ်းကစားလာတာ
    နှစ်၂၀ရှိပြီ။
  • 8:01 - 8:04
    ကျွန်တော်က online MMO ကစားသမားအဖွဲ့ကို
    ဦးဆောင်နေတာ ၁၀နှစ်ရှိပြီ။
  • 8:04 - 8:08
    အဲ့တာက ဘာနဲ့တူလဲဆိုတော့။ ဘဝမှာအရမ်းကို
    ရှားပါတဲ့
  • 8:08 - 8:11
    ကိုယ်နဲ့ဝါသနာတူရာလူတွေနဲ့ တွေ့နိုင်တဲ့
    နေရာလေး လူအဖွဲ့အစည်းလေးနဲ့တူတယ်။
  • 8:11 - 8:13
    အစောပိုင်းတုန်းက ကျွန်တော်
    နားထောင်ဖြစ်ခဲ့တယ်။
  • 8:13 - 8:17
    မီးပုံပွဲ သဘောတရားကို ကျွန်တော်သဘောကျတယ်။
    ကျွန်တော်လည်း အလားတူ တစ်ခုကို သုံးတယ်။
  • 8:17 - 8:19
    ဒါကို လူတွေ ဆိုဖာပေါ်မှာ
    ထိုင်ကြည့်သလို
  • 8:19 - 8:20
    ဒါပေမဲ့ controller က တစ်ယောက်ဆီမှာ
  • 8:20 - 8:23
    ဒီတော့ ငယ်ငယ်တုန်းက မုန့်ဝေခဲ့ကြသလိုပဲ။
  • 8:23 - 8:25
    လူ ၇၀၀ လောက် ဒီလို လုပ်နေကြတာပါ။
  • 8:25 - 8:28
    ဒါပေမဲ့ ဒီလိုလုပ်ရတာ တစ်ကယ်ကို မိုက်ပါတယ်။
  • 8:28 - 8:32
    ES: Cohh ရေ။ အခု မင်းရဲ့
    Chart မှာဘာတွေဖြစ်နေတာလဲ?
  • 8:32 - 8:33
    ဒီလူတွေကို နည်းနည်းရှင်းပြပေးနိုင်မလား?
  • 8:34 - 8:38
    ကျွန်တော့်မျက်လုံးကသိပ်မကောင်းပေမဲ့
    emoji တွေအများကြီးကို မြင်နေရတယ်။
  • 8:38 - 8:40
    Cohh: ဒါကကျွန်တော့်ရဲ့အဖွဲ့လေး
    Cohhilltion ပါ။
  • 8:40 - 8:42
    ကျွန်တော် နေ့တိုင်း Stream လုပ်ဖြစ်တယ်။
  • 8:42 - 8:44
    ဒီနေ့တော့ရက်၂၀၀၀ challenge တစ်ခုကို
    လုပ်နေတာ။
  • 8:44 - 8:48
    ဒီလိုနဲ့ အံ့ဩစရာကောင်းတဲ့
    အသိုင်းအဝိုင်းကို ဖန်တီးနိုင်ခဲ့တယ်။
  • 8:48 - 8:49
    ဒီ channel ထဲမှာဆိုရင်
  • 8:49 - 8:52
    အခု ကျွန်တော်တို့နဲ့အတူ လူ ၆၂၀၀
    လောက်ကြည့်နေကြတယ်။
  • 8:52 - 8:55
    အခုမြင်နေရတာက "Hello TED", ပျော်စရာ
    emojis message အစုအဝေးကြီးပါ။
  • 8:55 - 8:57
    love emojis တွေပါ၊
  • 8:57 - 8:58
    "ဒါကမိုက်လှပါတယ်"
  • 8:58 - 9:00
    "Hi, guys", "Hi, everyone"
  • 9:00 - 9:02
    ရိုးရိုးလေး ပြောရရင် လူစုလူဝေးကြီးပေါ့--
  • 9:02 - 9:04
    တစ်နည်း - ဂိမ်းသမားတို့စုဝေးရာပေါ့။
  • 9:04 - 9:07
    အပြုသဘော ဖြစ်ရပ်ကို အတူတူ မျှဝေ
    ခံစားနေကြသူတွေပါ။
  • 9:07 - 9:10
    ES: ဒါဆိုအားလုံဝိုင်းဆွေးနွေးနိုင်တဲ့
    မေးခွန်း မေးလို့ရမလား?
  • 9:10 - 9:12
    ကျွန်တော်မေးခွန်းတစ်ခုလောက်မေးချင်လို့ပါ။
  • 9:12 - 9:15
    ဒီစကားဝိုင်းကနေတစ်ဆင့် ကမ္ဘာကြီးနဲ့
  • 9:15 - 9:18
    အထူးသဖြင့် အခုကျွန်တော်နဲ့အတူရှိနေတဲ့
    TED ကနားဆင်သူတွေကို
  • 9:18 - 9:22
    video games ကစားတာကနေ၊
    ပြီးတော့ ဒီအသိုင်းအဝိုင်းထဲ ပါဝင်လို့
  • 9:22 - 9:23
    သူတို့ ဘာတွေများ ရရှိကြသလဲ
    ဆိုတာပါ။
  • 9:24 - 9:26
    Cohh: အံ့ဩစရာဘဲ။
  • 9:26 - 9:29
    ကျွန်တော်အဖြေတော်တော်များကို စမြင်နေရပြီ။
  • 9:30 - 9:32
    "ကောင်းမွန်တဲ့
    စိတ်ခံစားချက်တွေကို ကြိုက်တယ်"
  • 9:33 - 9:36
    "အကောင်းဆုံး အသိုင်းအဝိုင်းတွေက
    Twitch ပေါ်မှာဘဲရှိတာ"
  • 9:37 - 9:39
    (ရယ်မောသံ)
  • 9:39 - 9:42
    "ဘဝထဲ ခက်ခဲချိန်တွေမှာ သူတို့
    ဝိုင်းကူကယ်ပေးကြတယ်။‘‘
  • 9:43 - 9:46
    ဒီစာသားက ကျွန်တော်အမြဲတမ်း
    Twitch ပေါ်မှာတွေ့နေကျဘဲ
  • 9:46 - 9:47
    ဒါကအတော်လေးကောင်းတာဘဲ။
  • 9:47 - 9:49
    "အကောင်းမြင်တဲ့ လူမှုအသိုင်းအဝန်းဘဲ"
  • 9:49 - 9:52
    "အကောင်းမြင်စိတ်တွေများတယ်။"
  • 9:52 - 9:53
    ဒါကအတော်လေးကောင်းပါတယ်။
  • 9:53 - 9:57
    ES: Cohh ရေ, ကျွန်တော်ရဲ့
    TED talk ကိုပြန်မဆက်ခင်လေးမှာ
  • 9:57 - 10:00
    ကျွန်တော်လောလောဆယ်
    တစ်ကယ်လုပ်သင့်တဲ့အရာကိုပေါ့
  • 10:00 - 10:01
    (ရယ်မောသံ)
  • 10:01 - 10:05
    Cohh က ကျွန်တော်တို့အားလုံးကိုမျှဝေချင်တဲ့
    အရာတစ်ခုခုများရှိမလားမသိဘူး?
  • 10:05 - 10:06
    ဒါမှမဟုတ် တစ်ခုခုမေးချင်သလား။
  • 10:06 - 10:09
    ခင်ဗျားဟာ အမြဲတမ်းပဲ
    ပရိသတ်ရှေ့မှာ ထွက်ပြခဲ့ချင်တယ် မဟုတ်လား။
  • 10:09 - 10:11
    Cohh: အမှန်ကို ပြောရရင်၊ သိပ်မဟုတ်လှပါဘူး။
  • 10:11 - 10:14
    ခင်ဗျား အခုလုပ်နေတာကို ကျွန်တော်သိပ်ကို
    သဘောကျပါတယ်။
  • 10:14 - 10:16
    တုံ့ပြန်ဆက်သွယ်မှုရှိတဲ့ Streaming တွေဟာ
  • 10:16 - 10:19
    အနာဂတ်ဖျော်ဖြေရေးကဏ္ဍရဲ့ မဖော်ထုတ်ရသေးတဲ့
    နယ်ပယ်ကြီးပါ။
  • 10:19 - 10:22
    အခု ခင်ဗျားလုပ်နေတာတွေအတွက်တစ်ကယ်ကို
    ကျေးဇူးတင်ပါတယ်။
  • 10:22 - 10:25
    အခုခင်ဗျားလုပ်နေတာကို လူများများကြားလေလေ
  • 10:25 - 10:26
    သူတို့အတွက်ပိုကောင်းလေပါဘဲ။
  • 10:26 - 10:28
    ES: အရမ်းကောင်းတယ်။
    Cohh။ ကျေးဇူးပဲ။
  • 10:28 - 10:30
    ကျွန်တော်အခု Talk Show ကိုဆက်သွားတော့မယ်။
  • 10:30 - 10:31
    နောက်မှပြန်တွေ့ကြတာပေါ့။
  • 10:31 - 10:32
    Cohh: ကောင်းပါပြီခင်ဗျ။
  • 10:32 - 10:35
    (လက်ခုပ်တီးသံ)
  • 10:36 - 10:39
    ES: ဒီတော့ ဒါက အပြန်အလှန်
    တုံ့ပြန်နည်း တနည်းပါပဲ။
  • 10:40 - 10:43
    Stream မှာဖြစ်ပျက်နေတာကို
    ကျွန်တော်တို့ ပါဝင်လွှမ်းမိုးလို့ရပါတယ်။
  • 10:44 - 10:47
    ကျွန်တော်တို့ဟာ လက်တွဲဖန်တီးနိုင်သလို
    အတူတူမျှဝေခံစားနိုင်ကြပါတယ်။
  • 10:49 - 10:54
    ကျွန်တော်တို့ဟာ Cohhနဲ့ ချတ်လုပ်ရင်း အများ
    နဲ့ ဂိမ်းကစားရေးအတွေ့အကြုံလည်းရခဲ့တယ်။
  • 10:55 - 10:58
    Twitch မှာတော့ဒီလိုပုံစံမျိူးကို
  • 10:58 - 11:01
    လူအများပါဝင်နိုင်တဲ့ ဖျော်ဖြေရေးပုံစံ
    တစ်ခုအဖြစ် စတင်သတ်မှတ်ထားပါတယ်။
  • 11:02 - 11:09
    တစ်ယောက်တည်း video တစ်ခုကိုကြည့်နေရာကနေ
    တုံ့ပြန်နိုင်တဲ့ live stream ကြည့်ရတာ
  • 11:09 - 11:15
    တစ်ယောက်တည်းဆော့ရတဲ့ video game တစ်ခုကို
    ဆော့နေရာကနေ
  • 11:15 - 11:18
    အများနဲ့ကစားရတဲ့ game တစ်ခုကို
    ပြောင်းကစားတာနဲ့တူပါတယ်။
  • 11:19 - 11:23
    Game ကစားသူတွေဟာ နည်းပညာသစ်ကို
    စူးစမ်းရှာဖွေဖော်ထုတ်ပေးသူတွေပါ။
  • 11:26 - 11:31
    မိုက်ခရိုကွန်ပြူတာတွေကို အစပိုင်းတွင်
    video ဂိမ်းတွေအတွက် သုံးခဲ့ကြတယ်။
  • 11:31 - 11:38
    ပြီးတော့ ဈေးကွက်ထဲ အများဆုံး ရောင်းခဲ့ရတဲ့
    ဒီဂျစ်တယ်ပစ္စည်းက ဆဲလ်ဖုန်း မဟုတ်ခဲ့ပါ။
  • 11:38 - 11:40
    Gameboys လို့ခေါ်တဲ့
  • 11:40 - 11:41
    လက်ကိုင်ဂိမ်းစက်တွေပါ။
  • 11:41 - 11:44
    ဒါကြောင့်ဘဲ၊
  • 11:44 - 11:50
    အနဂတ်ဟာ ဘယ်လိုများရှိမလဲ
    အရိပ်အမြွက် သိချင်ရင်
  • 11:50 - 11:54
    ပျော်စရာကောင်းပြီး တုံ့ပြန်နိုင်ကြတဲ့
    ဂိမ်းတွေကို ကြည့်ကြည့်ပြီး
  • 11:54 - 11:56
    ကိုယ့်ကိုကိုယ်မေးကြည့်ပါ။
  • 11:56 - 11:59
    " ဒီဂိမ်းတွေ ဒီနေ့တွင်
    ဘာတွေ လုပ်ကိုင်နေကြတာလဲ။
  • 11:59 - 12:02
    အဲဒါက အနာဂတ်မှာ ဘယ်လိုများရှိမလဲ
    ဆိုတာကို အရိပ်အမြွက်ကို
  • 12:02 - 12:04
    ကျွန်တော်တို့ အားလုံးအတွက် ပေးနိုင်ပါတယ်။
  • 12:04 - 12:07
    witch ပေါ်မှာကျွန်တော်တို့မြင်ခဲ့တဲ့
    အရာတွေထဲကတစ်ခုဖြစ်တဲ့
  • 12:07 - 12:10
    လူအများပါဝင်လို့ရတဲ့ ဖျော်ဖြေရေးပုံစံက
    အားကစားထဲ ဝင်လာတော့မယ်။
  • 12:10 - 12:15
    Twitch နဲ့ NFL နဲ့ပူးပေါင်းပြီး ဘောလုံးပွဲ
    တွေကို တိုက်ရိုက်ပြပေးဖို့ ကြိုးစားကြပြီ။
  • 12:15 - 12:19
    ဒါပေမဲ့ အနောက်တိုင်းဝတ်စုံ အပြည့်အစုံနဲ့
    ပွဲစဉ်ကြေငြာသူတွေအစား
  • 12:19 - 12:20
    ကျွန်တော်တို့ရဲ့ Twitch သုံးစွဲသူတွေကို
  • 12:20 - 12:24
    သူတို့ရဲ့ ကိုယ်ပိုင် Channels တွေပေါ်မှာ
    stream ခွင့်ရအောင်လုပ်ဆောင်ပေးသွားရင်း
  • 12:24 - 12:27
    ကြည့်ရှူတဲ့ အသိုင်းအဝိုင်းကလည်း
    တုံ့ပြန်နိုင်မယ်၊
  • 12:27 - 12:30
    တစ်ကယ့်ကို အများပါဝင်ကစားနိုင်မယ့်
    အတွေ့အကြုံဖြစ်လာမှာပါ။
  • 12:30 - 12:35
    ဒါကြောင့်ကျွန်တော် ထင်တာက ခင်ဗျားတို့
    အနေနဲ့ အနာဂတ်ကိုတွေးကြည့်မယ်ဆိုရင်
  • 12:35 - 12:40
    ဒီနေ့တွင် အားကစား ကြော်ငြာသူတွေ
    ရာချီလောက်ပဲ ရှိကြတယ်၊
  • 12:41 - 12:44
    အဲဒီလို အခွင့်အရေးကို ပိုင်ဆိုင်သူတွေဟာ
    သိပ်သိပ်ကို နည်းလှပါတယ်။
  • 12:44 - 12:48
    ဒါပေမဲ့ အားကစားကျတော့
    အများပါဝင် ကစားလာဖို့ ရှိနေတော့၊
  • 12:48 - 12:51
    ဘယ်သူမဆို တစ်ကမ္ဘာလုံးမှာ ကိုယ့်အသံကို
    ကြားစေလိုပါက၊
  • 12:51 - 12:56
    အားကစားအစီအစဉ် ကြော်ငြာသူ
    အခွင့်အလမ်းကို ရယူနိင်ပါပြီ။
  • 12:56 - 12:57
    ထုတ်ပြန် ကြေညာပေးနိုင်ပါ်ပြီ။
  • 12:57 - 13:01
    အဲဒီအချက်ဟာဖြင့် ကျုပ်တို့အားလုံးအတွက်
    ရေတွက်မရနိုင်တဲ့ ပါရမီရှင်တွေကို
  • 13:01 - 13:02
    ဖော်ထုတ်ပေတော့မှာပါ။
  • 13:02 - 13:06
    ပြီးတော့ကျွန်တော်တို့တွေ မင်းအဲ့ဒီကစားပွဲ
    ကြည့်လိုက်ရလားလို့ မေးစရာ မလိုတော့ပါ။
  • 13:06 - 13:07
    အဲ့ဒီအစား
  • 13:07 - 13:10
    "မင်းဘယ်သူ့ channel မှာ ကြည့်တာလဲ" လို့
    မေးကြတော့မှာပါ။
  • 13:12 - 13:17
    ချက်ပြုတ်မှု အစီအစဉ်တွေ၊ သီချင်းဆို
    အစီအစဉ်တွေမှာ တွေ့နေကြရပါပြီ--
  • 13:17 - 13:19
    ဂဟေဆော်တာကို stream တဲ့ လူတွေတောင်
    ရှိနေပါပြီ။
  • 13:20 - 13:25
    ဒီလိုကိစ္စတွေအားလုံးနီးပါးဟာ
    မီးပုံပွဲဥပမာလိုဘဲ မကြာခင်ဖြစ်လာတော့မှာပါ။
  • 13:25 - 13:28
    ဒီလိုမီးပုံပွဲမျိူးတွေ သန်းနဲ့ချီပြီး
    တောက်လောင်လာတော့မှာပါ။
  • 13:28 - 13:30
    လာမယ့်နှစ်တွေအတွင်းမှာပေါ့
  • 13:30 - 13:33
    ဘယ်အကြောင်းအရာမျိူးမှာမဆို
  • 13:33 - 13:36
    သင့်အတွက် မီးပုံပွဲစကားဝိုင်းလေးကို
    ရှာတွေ့မှာပါ။
  • 13:36 - 13:39
    ကမ္ဘာနဲ့အဝှမ်းက သင့်နဲ့ဝါသနာတူရာ လူတွေနဲ့
    တွေ့ဆုံလို့ရတဲ့နေရာလေးပေါ့။
  • 13:39 - 13:41
    လူသားသမိုင်းတစ်လျှောက်မှာ
  • 13:41 - 13:44
    ဖျော်ဖြေရေးကဏ္ဍတွေဟာ ရိုးရှင်းပြီး
    လူအများစု ပါဝင်လို့ရခဲ့တယ်။
  • 13:44 - 13:46
    ကျွန်တော်တို့စုဝေးပြီး
    သီချင်းတွေဆိုခဲ့ကြတယ်။
  • 13:46 - 13:50
    မြို့လယ်ခေါင်မှာစုပြီး သတင်းအချက်အလက်တွေ
    လူကိုယ်တိုင်မျှဝေခဲ့ကြတယ်။
  • 13:50 - 13:53
    ဒီလိုသွားနေရင်းနဲ့ဘဲ
  • 13:53 - 13:57
    နှစ်ဦးနှစ်ဘက် စကားဝိုင်းဟာ တစ်ဘက်သားရဲ့
    ထုတ်လွင့်မှုသို့ ပြောင်းသွားခဲ့တယ်။
  • 13:57 - 14:00
    လူအသိုင်းအဝိုင်းကို အလေးထားသူ အနေနဲ့
  • 14:00 - 14:03
    ကျုပ်တို့ရဲ့ ဖျေဖြော်မှုတွေက ကျုပ်တို့ကို
    ခွဲခြားပစ်ကြမယ့်အစား၊
  • 14:03 - 14:08
    ကျုပ်တို့ကို ဆက်သွယ်ပေါင်းစည်းပေးလာမယ့်
    အနာဂတ်ကမ္ဘာဆီကို မျှော်မှန်းနေပါတယ်။
  • 14:10 - 14:15
    မျှဝေခံစားကြတဲ့ စိတ်ဝင်စားမှုများကြောင့်
    အနှောင်းအဖွဲ့တွေ တိုးပွားလာပြီး
  • 14:15 - 14:18
    စစ်မှန်အားကောင်းတဲ့ လူ့အဖွဲ့အစည်းတွေကို
    ဖန်တီးနိုင်ကြမှာပါ။
  • 14:18 - 14:22
    Games တွေ၊ Streams တွေနဲ့ သူတို့အားပေး
    ကြတဲ့ အပြန်အလှန်ထိတွေမှုတွေက
  • 14:22 - 14:26
    ကမ္ဘာကြီးရဲ့ သံသရာစက်ကွင်းကို
    အပြန်အလှန်ထိတွေမှု၊ အသိုင်းအဝိုင်းတွေ
  • 14:26 - 14:30
    ကြွယ်၀ခဲ့ပြီး အများကပါဝင်ခဲ့ကြတဲ့
    အတိတ်ဆီကို ပြန်ပို့နိုင်ပါမယ်။
  • 14:30 - 14:34
    ဒီလိုအတွေ့အကြုံတွေကို ဝေမျှခွင့်ရတဲ့အတွက်
    အားလုံးကို ကျေးဇူးတင်ပါတယ်။
  • 14:34 - 14:38
    ခင်ဗျားတို့လည်း ကိုယ့်အတွက် အကောင်းဆုံး
    မီးပုံပွဲလေးတွေ ရှာတွေ့နိုင်ကြပါစေ။
  • 14:38 - 14:39
    ( လက်ခုပ်တီးသံ )
Title:
အနာဂတ်ဖျော်ဖြေရေးလောကအတွက် Streaming ရဲ့အခန်းကဏ္ဍ
Speaker:
Emmett Shear
Description:

ဒီစကားဝိုင်းလေးမှာတော့ Twitch ရဲ့ တွဲဖက်တည်ထောင်သူ တစ်ယောက်ဖြစ်တဲ့ Emmett Shear က အနာဂတ်မှာ ကြည့်ရှူ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လို့ရမယ့် ဖျော်ဖြေရေးအစီအစဉ်တွေ ပေါ်ပေါက်လာမှာနဲ့ပက်သက်ပြီး သူ့အမြင်ကို ပြောပြပေးမှာဘဲဖြစ်တယ်။ ပြီးတော့အွန်လိုင်းလူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရာမှ ာဗီဒီယိုဂိမ်း Streaming တွေက ဘယ်လိုကူညီနေကြောင်းကိုပါ ဆွေးနွေးမှာဖြစ်ပါတယ်။ "ကျွန်တော့်အနေနဲ့ ဖျော်ဖြေရေးတွေက ကျွန်တော်တို့ကို ဝေးကွာသွားစေမယ့်အစား ပိုပြီးနီးစပ်လာအောင် လုပ်ဆောင်ပေးနိုင်မယ့်ကမ္ဘာကြီးအတွက် စိတ်လှုပ်ရှားမိပါတယ်။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးစပ်လာပြီး ကိုယ်ပိုင်စိတ်ကူးတွေကို မျှဝေရင်း အားကေင်းပြီး စစ်မှန်တဲ့လူအဖွဲ့အစည်းဖြစ်ပေါ်လာနိုင်မယ်။"

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:55

Burmese subtitles

Revisions