Return to Video

အကျပ်အတည်းထဲတွင် လူမှုအသိုင်းအဝိုင်းနဲ့ ဆက်သွယ်ရန် လွယ်ကူထိရောက်တဲ့ နည်းပညာ

  • 0:01 - 0:04
    ကျွန်မဟာ ဗင်နီဇွဲလားနိုင်ငံမှ
    ရွှေ့ပြောင်းလာခဲ့သူပါ၊
  • 0:04 - 0:07
    အခု US မှာ နေထိုင်နေတာ ခြောက်နှစ်ရှိပြီ။
  • 0:08 - 0:11
    ရှင်တို့က နိုင်ငံခြားမှာ နေထိုင်ရတဲ့
    ကျွန်မဘဝ အကြောင်းကို မေးရင်၊
  • 0:11 - 0:13
    ကျွန်မ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။
  • 0:13 - 0:14
    ဒါပေမဲ့ ဘဝဟာ မလွယ်ကူခဲ့ပါဘူး။
  • 0:14 - 0:18
    ကျွန်မ ကြီးပြင်းလာချိန်မှာ အမိနိုင်ငံကို
    စွန့်ခဲ့ရမှာကို ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။
  • 0:18 - 0:23
    ကျွန်မဟာ ကျွန်မရဲ့ ပထမဦးဆုံး ကျောင်းသား
    ဆန္ဒပြပွဲထဲ ၂၀၀၇ ခုနှစ်မှာ ပါဝင်ခဲ့တယ်၊
  • 0:23 - 0:27
    သမ္မတက အရေးအကြီးဆုံး သတင်းကွန်ယက်
    တစ်ခုကို ပိတ်ခဲ့လို့ပါ။
  • 0:27 - 0:30
    ကျွန်မဟာ ဆက်သွယ်ရေးဆိုင်ရာ
    ဝိဇ္ဇာဘွဲ့ကို ရယူချိန်မှာ
  • 0:30 - 0:35
    ကျွန်မဆီမှာ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတာ
    ပထမအကြိမ် နားလည်မိတယ်။
  • 0:35 - 0:39
    အခြေအနေတွေ ဆိုးလာတာကို ကျွန်မတို့ မြင်ခဲ့
    ကြရပေမဲ့ ရှေ့ဆက်ဖြစ်လာမှာကို မြင်မရခဲ့ပါ-
  • 0:39 - 0:43
    စီးပွားရေးအကျပ်အတည်း၊
    အခြေခံအဆောက်အအုံတွေ ပြိုကွဲမှု၊
  • 0:43 - 0:45
    မြို့ကြီးများအလိုက်
    လျှပ်စစ်ပြတ်တောက်ခံရမှုတွေ၊
  • 0:45 - 0:49
    ပြည်သူ့ကျန်းမာရေး စနစ် ကျဆင်းလာပြီး
    ဆေးဝါးတွေ ရှားပါးလာမှု၊
  • 0:49 - 0:52
    ရောဂါတွေ ပျံ့နှံ့လာခြင်းနှင့်
    ငတ်မွတ်ခေါင်းပါးမှု။
  • 0:52 - 0:56
    ကျွန်မဟာ ကျွန်မယောက်ျားနဲ့အတူ
    ၂၀၁၃ ခုနှစ်မှာ ကနေဒါကို ပြောင်းခဲ့တယ်။
  • 0:56 - 1:00
    အကျပ်အတည်း အခြေအနေ ပိုကောင်းလာရင် ကိုယ့်
    နိုင်ငံကို ပြန်မယ်လို့ အမြဲ ထင်ခဲ့ကြတယ်။
  • 1:00 - 1:01
    ဒါပေမဲ့ ကျွန်မ ဘယ်တော့မှ မပြန်ဖြစ်ခဲ့ပါ။
  • 1:01 - 1:05
    ကျွန်မ ငယ်စဉ်က သူငယ်ချင်းအားလုံးနီးပါး
    တိုင်းပြည်ကို စွန့်ထွက်သွားကြပါပြီ။
  • 1:05 - 1:07
    ဒါပေမဲ့ ကျွန်မ မိဘတွေ
    အဲဒီမှာ ရှိနေကြတုန်းပါပဲ။
  • 1:07 - 1:09
    အမေ့ဆီကို ဖုန်းဆက်ခေါ်တဲ့ အခါတွေ ရှိပါတယ်၊
  • 1:09 - 1:13
    လမ်းပေါ်မှာ မျက်ရည်ယိုဗုံးတွေ ပေါက်ကွဲလို့
    လူတွေ အော်ဟစ်နေကြတဲ့ အသံတွေကို
  • 1:14 - 1:17
    ကျွန်တော် ကြားမိခဲ့ပါတယ်။
  • 1:17 - 1:21
    ကျွန်မ အမေကတော့၊ ကျွန်မက
    အဲဒါတွေကို ကြားမိမယ် မထင်လို့၊
  • 1:21 - 1:23
    (စပိန်လို ပြောသံ)
  • 1:23 - 1:25
    “ဒို့ဒီမှာ အဆင်ပြေတယ်၊ စိတ်မပူပါနဲ့။”
  • 1:25 - 1:27
    ဘယ်နှယ်ပြောပါလိမ့်၊ ကျွန်မ စိုးမိတာပေါ့။
  • 1:27 - 1:30
    အဲဒါ ကျွန်မမိခင်ပဲ၊ ကျွန်မက မိုင် ၄၀၀၀
    ဝေးတဲ့ နေရာမှာ။
  • 1:31 - 1:35
    ဒီနေ့တွင် ကျွန်မဟာ နိုင်ငံ့ကို
    စွန့်ထွက်သွားကြတဲ့ ဗင်နီဇွဲလား
  • 1:35 - 1:36
    နိုင်ငံသား လေးသန်းထဲက တစ်ဦးမျှပါ။
  • 1:37 - 1:40
    ကျွန်မရဲ့ မိတ်ဆွေ အများအပြားက
    ဗင်နီဇွဲလားမှ ကူးလာခဲ့သူတွေပါ၊
  • 1:40 - 1:42
    လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ၊
  • 1:42 - 1:45
    ကျွန်မတို့ ဒီလိုဝေးတဲ့ နေရာမှာ နေထိုင်
    ကြပေမဲ့ ဘယ်လိုများ တစ်ခုခုထူးလာအောင်
  • 1:45 - 1:47
    လုပ်ပေးနိုင်ကြမလဲ ဆွေးနွေးကြပါတယ်။
  • 1:47 - 1:52
    အဲဒီလိုနည်းဖြင့် Code for Venezuela
    ဆိုတာ ၂၀၁၉ ခုနှစ်မှာ ပေါ်လာခဲ့ရတာပါ။
  • 1:52 - 1:55
    ကျွန်မတို့ဟာ နည်းပညာပိုင်း ကျွမ်းကျင်လို့
    ခေါင်းချင်းဆိုင် ဆွေးနွေးမှု စခဲ့ကြပြီး
  • 1:55 - 1:59
    ကျုပ်တို့ နည်းပညာတွေကို သုံးပြီး ကျုပ်တို့
    နိုင်ငံထဲမှာ နေထိုင်သူတွေ အတွက်
  • 1:59 - 2:01
    ဖြေရှင်းနည်းတွေကို ရှာကြံကြရန်ပါ။
  • 2:01 - 2:05
    ဒါပေမဲ့ အစပိုင်းတွင် ကျွန်မတို့ကို
    လမ်းညွှန် ပေးနိုင်ကြမယ့် ဗင်နီဇွဲလားမှာ
  • 2:05 - 2:06
    ကျွမ်းကျင်သူတွေကို လိုအပ်ခဲ့ကြပါတယ်။
  • 2:06 - 2:10
    ကျွန်မတို့ဟာ ရည်မှန်းချက်ကောင်းပြီး
    မယုံနိုင်ဖွယ်ရာ နည်းပညာ အဖြေတွေ
  • 2:10 - 2:14
    နားထောင်ကြည့်ရင် အရမ်းကောင်းတယ်လို့
    ထင်ခဲ့ရတာကို များစွာမှ ကြားသိခဲ့ကြရပေမဲ့
  • 2:14 - 2:17
    သီအိုရီအရ ကြီးကျယ်ပေမဲ့ လက်တွေ့မှာ
  • 2:17 - 2:21
    အဲဒီဖြေရှင်းနည်းတွေရဲ့ ရည်ရွယ်ရင်း
    နိုင်ငံမှာ လက်တွေ့ အလုပ်မဖြစ်ခဲ့ကြပါဘူး။
  • 2:21 - 2:24
    ကျွန်မတို့ အများစုဟာ နိုင်ငံခြားမှာ
    နေကြတာ နှစ်ပေါင်း မနည်းတော့ဘူး၊
  • 2:24 - 2:27
    ဗင်နီဇွဲလားနိုင်ငံမှာ
    နေထိုင်နေကြရတဲ့ သာမန်ပြည်သူတွေရဲ့
  • 2:27 - 2:29
    နေ့စဉ်ဘဝ ပြဿနာတွေနဲ့ ဝေးနေကြတဲ့သူတွေပါ။
  • 2:29 - 2:32
    အဲဒါကြောင့် ကျွန်မတို့ဟာ ပြည်တွင်းထဲက
    ကျွမ်းကျင်သူတွေထံ ချဉ်းကပ်ကြရတယ်။
  • 2:34 - 2:36
    ဥပမာအဖြစ် ဂျူလီယိုကတ်စထရို ဆိုပါစို့၊
  • 2:36 - 2:40
    ဆရာဝန်ဖြစ်ပြီး Médicos por la Salud ရဲ့
    ခေါင်းဆောင် တစ်ဦးပါ။
  • 2:41 - 2:46
    အစိုးရက ကျန်းမာရေးဆိုင်ရာ တရားဝင်အချက်အလက်
    တွေ ထုတ်ပြန်မှုကို ၂၀၁၅ တွင် ရပ်လိုက်တော့၊
  • 2:46 - 2:50
    ဒေါက်တာ Julio ဟာ ကိုယ်တိုင်
    အချက်အလက်တွေကို စုစည်းလာခဲ့တယ်၊
  • 2:50 - 2:53
    ဆဲလ်ဖုန်းတွေကို အခြေခံထားတဲ့
    ညှိချိန်းထားတဲ့
  • 2:54 - 2:56
    အစိုးရမဟုတ်တဲ့ စနစ်ကို သုံးပါတယ်။
  • 2:56 - 3:00
    သူတို့ဟာ ရှာတွေ့နိုင်တဲ့ ဝန်ထမ်းတွေ၊
    ဆေးပစ္စည်းများ၊ သေဆုံးမှု ဒေတာ၊
  • 3:00 - 3:02
    ရောဂါဖြစ်ပွားမှုတွေ၊
  • 3:02 - 3:04
    ရသမျှကို အစီရင်ခံစာ တစ်ခုအဖြစ် ပြုစုကြတယ်၊
  • 3:04 - 3:05
    အဲဒီနောက်မှာ Twitter ပေါ် တင်ပေးတယ်။
  • 3:05 - 3:10
    သူဟာ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ ကျွန်မတို့
    အားကိုးရတဲ့ ကျန်းမာရေး ကျွမ်းကျင်သူပါ။
  • 3:10 - 3:11
    Luis Carlos Díaz ဆိုရင်၊
  • 3:11 - 3:15
    သတင်းတွေ အားလုံးကို အစိုးရမှ
    ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးထဲမှာ
  • 3:15 - 3:20
    ဆင်ဆာလုပ်မှုတွေ၊ ဗင်နီဇွဲလားပြည်သူတွေရဲ့
    လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို
  • 3:20 - 3:22
    စုစည်းပေးရင်း အဲဒီကနေပြီး
    ကူညီပေးနေခြင်းဖြင့်
  • 3:23 - 3:26
    ကျွန်မတို့ရဲ့ အရေးတော်ပုံကို
    ထောက်ကူပေးပါတယ်။
  • 3:26 - 3:29
    အဲဒီလိုလူတွေကို ကျွန်မတို့က
    မြေပေါ်က သူရဲကောင်းတွေလို့ ခေါ်ကြပါတယ်။
  • 3:29 - 3:33
    သူတို့ရဲ့ ကျွမ်းကျင်သူ အကြံပေးချက်ရတော့
    ကျွန်မတို့ ခေါင်းချင်းဆိုင် ဆွေးနွေးပွဲထဲ
  • 3:33 - 3:36
    ပါတဲ့လူတွေဟာ စိန်ခေါ်မှု တသီကြီးကို
    ရင်ဆိုင်ခဲ့ကြရတယ်။
  • 3:36 - 3:39
    ပထမ ဦးဆုံး ခေါင်းချင်းဆိုင် ဆွေးနွေးမှုထဲ
    ပါဝင်သူ ၃၀၀ ရှိခဲ့ပြီး
  • 3:39 - 3:40
    ခုနစ်နိုင်ငံက သူတွေပါ၊
  • 3:40 - 3:43
    တင်ပြခဲ့ကြတဲ့ ပရိုဂျက် ၁၆ ခု
    ပေါ်ထွက်လာခဲ့ပါတယ်။
  • 3:43 - 3:46
    ကျွန်မတို့က ဖြစ်နိုင်ခြေ အကောင်းဆုံး
    ပရိုဂျက်တွေကို ယူခဲ့ကြပြီး
  • 3:46 - 3:49
    စတင်ပြီး ဆက်လက် ဆောင်ရွက်လာခဲ့ကြပါတယ်။
  • 3:49 - 3:53
    ဒီနေ့တွင် ကျွန်မဟာ အအောင်မြင်ဆုံး
    နှစ်ခုတို့ကို မျှဝေပေးပါမယ်၊
  • 3:53 - 3:56
    ကျွန်မ အခုထိ ရရှိလာတဲ့ သက်ရောက်မှုကို
    ရှင်တို့ နားလည်နိုင်ဖို့ အတွက်ပါ။
  • 3:57 - 4:00
    MediTweet နဲ့ Blackout Tracker လို့
    ခေါ်ပါတယ်။
  • 4:00 - 4:03
    MediTweet ဟာ အသိဉာဏ်သုံး Twitter bot ပါ။
  • 4:03 - 4:06
    ဗင်နီဇွဲလားနိုင်ငံသားတွေ လိုအပ်တဲ့
    ဆေးတွေကို ရှာကူပေးပါတယ်။
  • 4:06 - 4:08
    ဒီနေ့ ဗင်နီဇွဲလားနိုင်ငံမှာ
  • 4:08 - 4:10
    ဖျားနာလို့ ဆေးရုံကိုသွားမယ် ဆိုရင်၊
  • 4:10 - 4:15
    ရှင်တို့ကို ကုသပေးဖို့ လိုအပ်တဲ့ ဆွေးတွေ
    သူတို့ဆီမှာ မရှိဖို့ အလားအလာ များပါတယ်။
  • 4:16 - 4:17
    အခြေအနေက ဘယ်လောက်တောင် ဆိုးလဲဆိုရင်
  • 4:17 - 4:21
    လူနာတွေဟာ ဆေးစာအစာ
    ဝယ်ရမယ့်
  • 4:21 - 4:23
    ဆေးစာရင်းကို ရရှိကြပါတယ်။
  • 4:24 - 4:26
    ကျွန်မကိုယ်တိုင်ကိုက
    အဲဒါကို သိပ်လိုအပ်ပါတယ်။
  • 4:26 - 4:30
    ကျွန်မ အမေ့ဆီမှာ ကင်ဆာရှိကြောင်း
    ၂၀၁၅ ခုနှစ်မှာ တွေ့ခဲ့ပါတယ်။
  • 4:30 - 4:33
    သူမကို ခါးဆစ်ကျော်ရိုးမှာ
    ဆေးထိုးအပ်နဲ့ ဖောက်ရန် လိုအပ်ခဲ့တယ်၊
  • 4:33 - 4:37
    ရောဂါရဲ့ နောက်ဆုံးအခြေအနေကို သိဖို့နဲ့
    ရောဂါကို ကုသနည်း သိဖို့အတွက်ပါ။
  • 4:37 - 4:40
    ဒါပေမဲ့ အဲဒါ့အတွက် လိုအပ်တဲ့
    ဆေးထိုးအပ် မရှိခဲ့ပါ။
  • 4:40 - 4:43
    အဲဒီအချိန်မှာ ကျွန်မ
    ဗင်နီဇွဲလားမှာ ရှိနေခဲ့တယ်၊
  • 4:43 - 4:46
    ကျွန်မ မျက်စိရှေ့မှောက်မှာကို
    အမေရဲ့ အခြေအနေ ဆိုးဆိုးလာတာ မြင်ရတယ်။
  • 4:47 - 4:51
    နေရာတိုင်းမှာ ရှာကြည့်ပြီးတဲ့ နောက်မှာ
    ဆိုက်တစ်ခုမှာ သွားတွေ့တယ်၊
  • 4:51 - 4:53
    လက်တင်အမေရိကရဲ့ eBay ဆိုက်မျိုးပါ။
  • 4:53 - 4:56
    ကျွန်ဟာ ရောင်းသူကို ဒေသခံ
    ပေါင်မု့န်ဆိုင်မှာ တွေ့ခဲ့ပြီး
  • 4:56 - 4:58
    မှောင်ခိုပစ္စည်း ဝယ်ရသလို ဝယ်ခဲ့ရတယ်။
  • 4:58 - 5:02
    အမေက အပ်ကို သူ့ဆရာဝန်ဆီ ယူသွားလို
    လိုအပ်တာကို လုပ်နိုင်ခဲ့တယ်။
  • 5:02 - 5:05
    အဲဒီအပ်မရှိခဲ့ရင် သူသေသွားနိုင်ခဲ့မှာပါ။
  • 5:05 - 5:07
    ပြဿနာ ဆေးပစ္စည်းတင် မကပါဘူး၊
  • 5:07 - 5:09
    ကျန်းမာရေး စနစ်လည်း ပြဿနာနဲ့ပါ။
  • 5:09 - 5:11
    သူ့ကို ပထမဦးဆုံးအကြိမ်
    ရောဂါရှာတွေ့လိုက်တော့၊
  • 5:11 - 5:14
    သူမအတွက် လိုအပ်တဲ့ ဆေးတွေကို
    အစိုးရ ဆေးဆိုင်မှာ ဝယ်နိုင်ခဲ့တယ်၊
  • 5:14 - 5:16
    လက်တွေ့မှာ အခမဲ့လို့ပါ။
  • 5:16 - 5:18
    နောက်ပိုင်းမှာ အစိုးရဆေးဆိုင်
    ပိတ်သွားပေမဲ့
  • 5:18 - 5:22
    ကျွန်မတို့ ရှေ့ဆက် ကုသခံယူဖို့
    ခြောက်လ လိုအပ်နေသေးတယ်။
  • 5:23 - 5:25
    ခြောက်လကြာ ကုသမှု ခံယူရဦးမယ်။
  • 5:26 - 5:30
    ကျွန်မတို့ တချို့ဆေးကို အွန်လိုင်းမှနဲ့
    ကျန်တာကို မက္ကဆီကိုမှာ ဝယ်ခဲ့ကြရတယ်။
  • 5:30 - 5:32
    အခုတော့ အမေဟာ ကုသခံနေရတာ
    သုံးနှစ်ထဲ ရောက်နေပြီ။
  • 5:32 - 5:34
    ကျွန်မက သူ့ကို ဖုန်းဆက်ခေါ်တိုင်း၊
  • 5:34 - 5:37
    သူမက "ငါနေကောင်းတယ်၊ စိတ်မပူပါနဲ့" တဲ့။
  • 5:38 - 5:40
    ဒါပေမဲ့ လူတိုင်းဟာ နိုင်ငံ့ထဲက
    ထွက်မသွားနိုင်ပါဘူး၊
  • 5:40 - 5:43
    ပြီးတော့ တချို့ကျတော့ ခရီးသွားနိုင်အောင်
    မကျန်းမာကြပါဘူး။
  • 5:43 - 5:46
    အဲဒါကြောင့် လူတွေက Twitter ကို
    အားကိုးကြရတယ်။
  • 5:46 - 5:50
    ဆေးပစ္စည်းတွေ ဝယ်ချင်ရင်၊ ရောင်းချင်ရင်
    #ServicioPublico ကို သုံးကြရတယ်၊
  • 5:50 - 5:52
    "ပြည်သူ့ ဝန်ဆောင်မှု။" အဓိပ္ပါယ်ရပါတယ်။
  • 5:52 - 5:57
    ကျွန်မတို့ရဲ့ Twitter bot က
    #ServicioPublico ကိုစကင်ဖတ်ကြည့်နေပြီး
  • 5:57 - 6:00
    ဆေးတစ်မျိုးမျိုးကို ရှာဖွေနေသူကို
  • 6:00 - 6:04
    ကိုယ့်လက်ထဲ လက်ကျန် ရှိနေသူ တစ်ဦးဦး
    ရောင်းလိုတာနဲ့ ချိတ်ဆက်ပေးပါတယ်။
  • 6:04 - 6:07
    ကျွန်မတို့ဟာ Twitter သုံးစွဲကြသူတို့ရဲ့
    တည်နေရာထိုကိုပါ ရယူပြီး
  • 6:08 - 6:10
    ဘယ်မှာ ရှိကြောင်းကို ပြသတဲ့
    ကိရိယာအဖြစ် သုံးကြတယ်။
  • 6:10 - 6:14
    ဒီလိုနည်းဖြင့် Médicos por la Salud လို
    အဖွဲ့အစည်းက
  • 6:14 - 6:17
    ဆေးပြတ်တောက်နေတဲ့
    နေရာကို ရှာတွေ့စေနိုင်တယ်။
  • 6:17 - 6:20
    ပြီးတော့ ရောဂါစုပြုံ ဖြစ်ပွားနေတဲ့
    နေရာတွေကို
  • 6:20 - 6:23
    ဖေါ်ထုတ်ပေးရန် စက်ကို
    သင်ကြားပေးနိုင်ကြပါသေးတယ်။
  • 6:23 - 6:25
    လူသားချင်းစာနာမှုအဖြစ်
    ဆေးအကူအညီ သူတို့ ရခဲ့လျှင်
  • 6:25 - 6:27
    အဲဒီဆေးတွေကို ဘယ်ဒေသများဆီ
    ဖြန့်ဝေပေးသင့်သလဲ ဆိုတာကို
  • 6:28 - 6:30
    ဆုံးဖြတ်ရာတွင် အထောက်အကူပြုနိုင်ပါတယ်။
  • 6:31 - 6:34
    ကျွန်တို့ရဲ့ ဒုတိယ ပရိုဂျက်က
    Blackout Tracker ပါ။
  • 6:35 - 6:39
    ဗင်နီဇွဲလားနိုင်ငံမှာ လောလောဆယ်တွင်
    လျှပ်စစ်ဓာတ်အား ပြဿနာ ရှိနေတယ်။
  • 6:39 - 6:43
    မနှစ်တုန်းက ဗင်နီဇွဲလားနိုင်ငံဟာ
    မိမိသမိုင်းထဲက အဆိုးဝါးဆုံး
  • 6:43 - 6:47
    လျှပ်စစ်ပြတ်တောက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။
  • 6:47 - 6:51
    ကျွန်မဟာ မိဘတွေနဲ့ ဆက်သွယ်မရခဲ့တာ
    နှစ်ရက်ကြီးတောင် ကြာခဲ့ပါတယ်။
  • 6:51 - 6:54
    တချို့မြို့ကြီးတွေဆို နေ့စဉ်လိုလို
    မီးပြတ်ကြပါတယ်။
  • 6:54 - 6:57
    အဲဒါတွေကို ကျွန်မတို့ဟာ လူမှုမီဒီယာ
    ပေါ်မှာသာ သိနိုင်ကြတယ်။
  • 6:58 - 7:01
    မီးပြတ်တောက်မှု ကိစ္စကို
    အစိုးရက ကြေညာပေးမှာ မဟုတ်ပါဘူး။
  • 7:01 - 7:03
    လျှပ်စစ်မီး ပြတ်တာနဲ့
  • 7:03 - 7:09
    ဗင်နီဇွဲလား နိုင်ငံသားတွေက အလျင်အမြန် တည်
    နေရာကို #SinLuz hashtag တွစ်ကြတယ်။
  • 7:09 - 7:11
    "လျှပ်စစ်မီးမရှိ" ဆိုတဲ့သဘောပါ။
  • 7:11 - 7:13
    သူတို့ဖုန်းတွေ အားမကုန်မီ ပို့ပေးကြတယ်။
  • 7:13 - 7:16
    နိုင်ငံ့ထဲက လူတွေက အခြေအနေတွေကို
    သိနိုင်ဖို့ အတွက်ပါ။
  • 7:17 - 7:19
    MediTweet လိုပဲ၊
  • 7:19 - 7:23
    Blackout Tracker ကလည်း Twitter မှာ
    #SinLuz ကို စကင်လုပ်ပါတယ်။
  • 7:23 - 7:27
    ခုနက သုံးစွဲသူတို့ရဲ့ တည်နေရာ ဒေတာကို
    သုံးပြီး မြေပုံကို ဆွဲပေးပါတယ်။
  • 7:27 - 7:29
    ဒီနေ့တွင် မီးပြတ်နေတာ
  • 7:29 - 7:31
    ဘယ်နေရာတွေလဲ၊ စုစုပေါင်း မီးပြတ်ခဲ့ကြတဲ့
  • 7:31 - 7:35
    နေရာတွေ ဘယ်လောက်များမှန်း ကျွန်မတို့
    ချက်ချင်း သိနိုင်တယ်။
  • 7:36 - 7:38
    ဘာတွေ ဖြစ်ပျက်နေတာကို လူတွေ သိချင်ကြတယ်၊
  • 7:38 - 7:40
    ဒါက ကျွန်မတို့ရဲ့ အဖြေပါ။
  • 7:40 - 7:43
    ပြီးတော့ တချိန်တည်းမှာဒါက အစိုးရအား
    ပိုတာဝန်စေရန်လည်း ပါပါတယ်။
  • 7:43 - 7:46
    အဲဒါနဲ့ ပတ်သက်တဲ့ တရားဝင်
    ဒေတာ မရှိဘူးဆိုတော့
  • 7:46 - 7:47
    သူတို့ဟာ ဘာမှ မသိသယောင်
  • 7:47 - 7:50
    တာဝန် မရှိသယောင် နေထိုင်နိုင်ကြတယ်လေ။
  • 7:50 - 7:54
    ပြဿနာ ဘယ်လောက် ဆိုးဝါးမှန်းကို
    Blackout Tracker ကပြပေးတယ်။
  • 7:54 - 7:58
    Silicon Valley ထဲက တချို့သူတို့က
    ကျွန်မတို့ရဲ့ ပရိုဂျက်တွေကို ကြည့်ပြီးတော့
  • 7:59 - 8:02
    ဒါများ ဘာများ ထူးဆန်းတဲ့ နည်းပညာလဲလို့
    ဆိုနိုင်ကြပါတယ်။
  • 8:02 - 8:03
    ကျွန်မတို့ အဲဒါကို သဘောတူပါတယ်။
  • 8:03 - 8:06
    ဒီပရိုဂျက်တွေဟာ အရမ်းကို
    အဆင့်မြင့် စီမံကိန်းတွေ မဟုတ်ကြပါ၊
  • 8:06 - 8:09
    ဒါပေမဲ့ ၎င်းတို့ကို ဗင်နီဇွဲလားပြည်သူတွေ
    လိုအပ်နေကြပြီး
  • 8:09 - 8:11
    သူတို့အတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှု
    ရှိကြပါတယ်။
  • 8:11 - 8:16
    ဒီပရိုဂျက်တွေထက်ကို ကျော်လွန်ပြီး
    အရေးကြီးဆုံး အချက်က
  • 8:16 - 8:18
    လှုပ်ရှားမှု တစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ၊
  • 8:18 - 8:22
    ကမ္ဘာတဝမ်းက လူတွေ အတူတကွလက်တွဲလျက်
  • 8:22 - 8:25
    ဗင်နီဇွဲလားပြည်သူတွေရဲ့ အကျိုးအတွက် သူတို့
    ကျွမ်းကျင်မှုတွေကို သုံးနေကြပါတယ်။
  • 8:25 - 8:29
    ကျွန်မတို့က ဒေသခံ ပြည်သူတွေနဲ့
    လက်တွဲ လုပ်ကိုင်နေကြတဲ့ အတွက်
  • 8:29 - 8:33
    ပြည်သူက လိုချင်ပြီး လိုအပ်နေတဲ့ ဖြေရှင်း
    နည်းတွေကို ကျုပ်တို့ တီထွင်ပေးနိုင်ကြတယ်။
  • 8:33 - 8:35
    ဒီနေရာမှာ ကျွန်မတို့ အားလုံးက
  • 8:35 - 8:37
    ကျွန်မတို့ရဲ့ ကျွမ်းကျင်ပညာတွေကို
    အသုံးချနေကြတာမို့လို့
  • 8:37 - 8:39
    လွယ်ကူပြီး သဘာဝကျတာ အားရစရာပါ။
  • 8:39 - 8:43
    ကျွန်မတို့ အနေနဲ့ နည်းနည်းလေး
    အခြေအနေပြောင်းလဲပေးဖို့ သိပ်မခဲယဉ်းပါဘူး။
  • 8:43 - 8:45
    San Francisco မှာနေသူ တစ်ဦးဦးက
  • 8:45 - 8:48
    MediTweet (သို့) Blackout Tracker လို
    ဖြေရှင်းနည်းတွေကို ဖန်တီးပေးရန်
  • 8:48 - 8:50
    ပညာရှင်တွေကို ငှားရမ်းခဲ့မယ်ဆိုရင်
  • 8:50 - 8:52
    မနည်းလှတဲ့ ဉာဏ်ပူဇော်ခကို ပေးခဲ့ရမှာပါ။
  • 8:52 - 8:55
    ကျွန်မတို့က ကျွန်မတို့ရဲ့ ဝန်ဆောင်မှုတွေ
    ပေးလှူကြခြင်းဖြင့်
  • 8:55 - 8:58
    ငွေသက်သက်ကို လှူမှုနဲ့စာရင်
    ပိုအကျိုးရှိတဲ့ သက်ရောက်မှု ရှိခဲ့တယ်။
  • 8:58 - 9:00
    ရှင်တို့အားလုံးကလည်း အလားတူ
    လုပ်ပေးနိုင်ကြပါတယ် --
  • 9:00 - 9:02
    ဗင်နီဇွဲလားထဲတွင် ဖြစ်ဖို့ မလိုပါဘူး၊
  • 9:02 - 9:05
    ရှင်တို့ရဲ့ အသိုင်းအဝိုင်း
    အတွက်လည်း ဖြစ်နိုင်ပါတယ်။
  • 9:05 - 9:07
    မကြုံစဖူး ချိတ်ဆက်မိနေတဲ့
    ဒီနေ့ ကမ္ဘာကြီးထဲတွင်၊
  • 9:07 - 9:13
    သီးခြား အသိုင်းအဝိုင်းတွေဟာ တသီးတခြား ဒါမှ
    မဟုတ် အလုံပိတ်နေကြတာကို မြင်နေကြရဆဲပါ။
  • 9:13 - 9:16
    ကူညီပေးနိုင်တဲ့ ဧရာမ နည်းလမ်းတွေ
    အများကြီး ရှိကြပါတယ်၊
  • 9:16 - 9:19
    ဒါပေမဲ့ ကျွန်မ ယုံကြည်တာက
    ကိုယ့်ကျွမ်းကျင်မှုကို သုံးပြီး
  • 9:19 - 9:23
    ကွဲပြားနေကြတဲ့ လူ့အသိုင်းအဝိုင်းတွေကို
    ချိတ်ဆက်ပေးရင်း အဲဒီလို
  • 9:23 - 9:26
    ဆက်ဆံမှုများမှ တစ်ဆင့် ထိရောက်တဲ့
    ဖြေရှင်းနည်းတွေကို ရှာကြံပေးနိုင်ကြမှာပါ။
  • 9:26 - 9:30
    အသိပညာနဲ့ ကျွမ်းကျင်မှု ရှိသူ မည်သူမဆိုဟာ
  • 9:30 - 9:34
    လူ့အသိုင်းအဝိုင်း အတွက် မျှော်လင့်ချက်ကို
    ယူဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိသူပါ။
  • 9:34 - 9:37
    Code for Venezuela ထဲက
    ကျွန်မတို့ အတွက်တော့
  • 9:37 - 9:39
    ဒါဟာ အစပဲရှိပါသေးတယ်။
  • 9:39 - 9:40
    ကျေးဇူးတင်ပါတယ်။
  • 9:40 - 9:43
    (လက်ခုပ်သံများ)
Title:
အကျပ်အတည်းထဲတွင် လူမှုအသိုင်းအဝိုင်းနဲ့ ဆက်သွယ်ရန် လွယ်ကူထိရောက်တဲ့ နည်းပညာ
Speaker:
Johanna Figueira
Description:

ကျုပ်တို့ကမ္ဘာကြီးဟာ မကြုံစဖူး ဆက်သွယ်ချိတ်ဆက်လျက် ရှိနေပေမဲ့၊ တချို့ အသိုင်းအဝိုင်းတွေဟာ လျှပ်စစ်နဲ့ ကျန်းမာရေးလို သေရေရှင်ရေး လိုအပ်တဲ့ အရာများ မရရှိနိုင်ကြပါဘူး။ ဖြေရှင်းနည်းကို ရှာပေးရန် ရည်ရွယ်ထားတဲ့ လက်ရှိ ဟောပြောချက်ထဲတွင် နည်းပညာများဆိုင်ရာ ကျွမ်းကျင်သူ Johanna Figueira က သူမ Code for Venezuela မှာ လုပ်ကိုင်ပေးနေပုံ၊ ဗင်နီဇွဲလားနိုင်ငံသားတွေ အနေနဲ့ သိပ်လိုအပ်တဲ့ အချက်အလက်များနဲ့ ဆေးဝါးပစ္စည်းများ ရရှိရေးကို ကူညီပေးနိုင်မယ့် ပလက်ဖောင်း အကြောင်းကို ပြောပြထားပြီး အခြားနိုင်ငံများထဲက အသိုင်းအဝိုင်းများကိုပါ ကူညီပေးရန် အဲဒါကို နမူနာအဖြစ် ယူသုံးလို့ ရနိုင်ကြောင်းကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:56

Burmese subtitles

Revisions