ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံ့ဖွယ်သက်ရောက်မှုများ
-
0:08 - 0:11ကြွက်သားတွေနဲ့ အဆစ်တွေ ရွေ့သွားပြီး
တွန်းတိုက်ကုန်ပါတယ် -
0:11 - 0:17နှလုံးခုန်ပိုမြန်တယ်၊သွေးကြောတွေကို
ဖြတ်ကာ သွေးကတဝေါဝေါ -
0:17 - 0:21ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်မှာ
ဟော်မုန်းပေါင်းစုံက လှုံ့ဆော်မှုကြောင့် -
0:21 - 0:24ကိုယ်တွင်း ကလီစာတိုင်းပြောင်းလဲသွားတယ်။
-
0:24 - 0:27ဒီပြောင်းလဲမှုတွေဟာ ကိုယ်ဝန်စရှိလာတာနဲ့
ဖြစ်ပေါ်လာပါတယ်။ -
0:30 - 0:36မျိုးဥအောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ
သားလောင်းဟာ သားအိမ်နံရံမှာ အမြစ်တွယ်တယ်။ -
0:36 - 0:40မိခင်ရဲ့ DNAနဲ့ အတိအကျ မတူညီတာကြောင့်
-
0:40 - 0:44သီအိုရီအားဖြင့် ခုခံအားစနစ်က သန္ဓေသားကို
ကျူးကျော်သူအဖြစ် မှတ်ယူပြီး -
0:44 - 0:48ဘက်တီးရီးယား(သို့) ဘေးဖြစ်စေတဲ့အခြား
ပိုးမွှားတွေလို တိုက်ခိုက် ဖျက်ဆီးပါတယ်။ -
0:48 - 0:52ဒါက စိန်ခေါ််မှု တစ်ခုပါပဲ။
မိခင်ရဲ့ ကိုယ်ခံအားစနစ်ဟာ -
0:52 - 0:57သူမကိုရော သန္ဓေသားကိုပါ ကာကွယ်ဖို့
လိုပေမဲ့ လုပ်နေကျအတိုင်း လုပ်လို့မဖြစ်ပါ။ -
0:57 - 1:01ဒါက ကိုယ်ခံအားစနစ်ကို လျှော့ချလိုက်တာ
မျိုးလောက် မရိုးရှင်းပါဘူး။ -
1:01 - 1:06ဒီအစား ကျွန်မတို့ အခုမှ နားလည်စပြုလာတဲ့
ရှုပ်ထွေးတဲ့ အပြန်အလှန်သက်ရောက်မှုတစ်ခုပါ။ -
1:06 - 1:09ကိုယ်ခံအားစနစ်ရဲ့ အမျိုးမျိုမျိုးသော
ဆဲလ်တွေ ပါဝင်လာပါတယ်။ -
1:09 - 1:14အချို့ဟာ သန္ဓေသားကို အခြားသော ကိုယ်ခံအား
ဆဲလ်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးတယ်။ -
1:16 - 1:21ခန္ဓာကိုယ်က သားအိမ်ခေါင်းမှာ အချွဲတွေနဲ့
လုပ်တဲ့ ဘက်တီးရီးယားကာကွယ်တဲ့အဆို့လုပ်တယ် -
1:21 - 1:25ဒါက မီးဖွားချိန်ထိ ပိုးမွှားများ
မဝင်အောင် တားဆီးပေးပါတယ်။ -
1:25 - 1:26ကိုယ်ဝန်ရင့်လာနဲ့ အမျှ
-
1:26 - 1:30သားအိမ်ဟာ သန္ဓေသားနဲ့အတူ အပေါ်ဘက်နဲ့
ဘေးဘက်ကို ကြီးထွားလာပါတယ်။ -
1:30 - 1:34နေရာဖန်တီးဖို့ progesterone နဲ့
relaxin ဟော်မုန်းတွေက -
1:34 - 1:36ကြွတ်သားတွေကို ပြေလျော့အောင်
အချက်ပေးပါတယ်။ -
1:36 - 1:41အစာနဲ့ အညစ်အကြေးတွေကို အစာခြေလမ်းကြောင်း
တစ်လျှောက် တွန်းပို့တဲ့ ကြွက်သားတွေက -
1:41 - 1:43ပြေလျော့ကာ ဒါက လေးကန်စေပါတယ်။
-
1:43 - 1:47အစာခြေလမ်းကြောင်းတစ်လျှောက် စီးဆင်းမှု
နှေးသွားလို့ ဝမ်းချုပ်တာ ဖြစ်လာပါတယ်။ -
1:47 - 1:49အစာအိမ်ထိပ်က
လျော့ရဲနေတဲ့ ကြွက်သားတွေက -
1:49 - 1:52အစာရေမြိုပြွန်နဲ့ လည်ချောင်းထဲကို
အစာခြေရည်တွေ တက်စေလာတာကြောင့် -
1:52 - 1:54ရင်ပူတာနဲ့ လေချဥ်တက်တာတွေ
ဖြစ်လာပါတယ်။ -
1:54 - 1:57ဒါတွေက ကိုယ်ဝန်ရှိစ
ပျို့အန်တာကိုပိုဆိုးနိုင်တယ် -
1:57 - 2:03HCG ဟော်မုန်းကြောင့် တစ်စိတ်တစ်ပိုင်း
ဖြစ်ကာ အခြားအချိန်တွေမှာပါ ဖြစ်နိုင်တယ် -
2:03 - 2:06သားအိမ်ကြီးလာတာနဲ့ အမျှ အသက်ရှုတိုင်းမှာ
ရင်ဘက်ကို ကျုံ့လိုက် -
2:06 - 2:10ဆန့်လိုက်လုပ်ပေးတဲ့ ရင်ဝမ်းခြား
ကြွက်သားကို တွန်းတင်ပါတယ်။ -
2:10 - 2:13ဒါက ရင်ဝမ်းခြားကြွက်သားရဲ့
နယ်ပယ်ကို ကန့်သတ်တယ်။ -
2:13 - 2:18ဒါကို ကုစားဖို့ progesterone ဟော်မုန်းက
အသက်ရှုနှုန်းမြန်လာအောင် လုပ်ပေးလို့ -
2:18 - 2:21ကိုယ်ဝန်ဆောင်မိခင်ကို အသက်မြန်မြန်ှ
ရှူစေခြင်းဖြင့်မိခင်ရော ကလေးပါ -
2:21 - 2:25အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျသွားပေမဲ့
oxygen အလုံအလောက်ရအောင် လုပ်ပေးနိုင်တယ်။ -
2:25 - 2:29ဒါတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်ဟာ
အသက်ရှူ မဝတာ ဖြစ်လာနိုင်ပါတယ်။ -
2:29 - 2:33တစ်ချိန်ထဲမှာပဲ ကျောက်ကပ်တွေက
erythropoietin ပိုထုတ်ပါတယ်။ -
2:33 - 2:36ဒီဟော်မုန်းက သွေးနီဥထုတ်လုပ်မှုကို
မြှင့်တင်ပေးပါတယ်။ -
2:39 - 2:44ကျောက်ကပ်တွေက ရေနဲ့ဆား အပိုတွေကို
ဆီးထဲကို မစွန့်ထုတ်ဘဲ သိမ်းထားပြီး -
2:44 - 2:46သွေးပမာဏ များလာအောင် လုပ်ပါတယ်။
-
2:46 - 2:51ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ သွေးပမာဏဟာ
၅၀%ကျော် တိုးလာပါတယ်။ -
2:51 - 2:52ဒါပေမယ့် သွေးက ကျဲနေပါတယ်။
-
2:52 - 2:56ဘာလို့လဲဆိုတော့ သွေးနီဥတွေကတော့ ၂၅%ပဲ
တိုးလာလို့ပါ။ -
2:56 - 3:00ပုံမှန်ကတော့ သွေးနီဥတွေ လုပ်ဖို့ လိုတဲ့
သံဓါတ်ကို အစားအစာကနေ ရပါတယ်။ -
3:00 - 3:04ကိုယ်ဝန်ဆောင်ချိန်မှာတော့ သန္ဓေသားကလဲ
သူ့ သွေးအတွက် လိုအပ်တာတွေကို -
3:04 - 3:06အမေရဲ့ အာဟာရကနေ ရယူနေတာကြောင့်
-
3:06 - 3:09မိခင်အတွက် သံဓါတ်နဲ့ အာဟာရ ရရှိမှုက
လျော့နည်းသွားပါတယ်။ -
3:09 - 3:12နှလုံးက ဒီသွေးအများကြီးကို
တစ်ကိုယ်လုံးနဲ့ အချင်းထိ ရောက်အောင် -
3:12 - 3:14အလုပ်တွေ အများကြီး ပိုလုပ်ရပါတယ်။
-
3:14 - 3:17ကိုယ်ဝန်ဆောင်မိခင်မှာ နှလုံးခုန်နှုန်း
မြန်လာပေမဲ့ -
3:17 - 3:21ကျန်းမာတဲ့ ကိုယ်ဝန်မှာ သွေးပေါင်ချိန်
ပြောင်းလဲပုံကို အသေအချာမသိသေးပါ။ -
3:21 - 3:23ဒါဟာ အရေးကြီးတဲ့ သုတေသန
နယ်ပယ်တစ်ခုပါ။ -
3:23 - 3:26အကြောင်းက ပြင်းထန်တဲ့
နောက်ဆက်တွဲ ဆိုးကျိုးတချို့က -
3:26 - 3:29နှလုံး၊သွေးပေါင်ချိန်တို့နဲ့
ဆက်စပ်နေလို့ပါ။ -
3:29 - 3:32ကြီးလာတဲ့ သားအိမ်ဟာ သွေးပြန်ကြောတွေကို
ဖိမိလာတာကြောင့် -
3:32 - 3:35ခြေထောက်နဲ့ခြေဖဝါးတွေမှာ
အရည်တွေ စုလာစေပါတယ်။ -
3:35 - 3:39ခန္ဓာကိုယ် အောက်ဘက်မှာ ရှိတဲ့
သွေးပြန်ကြောမကြီးကို ဖိမိပါက -
3:39 - 3:42နှလုံးကို ပြန်သွားတဲ့ သွေးတွေကို
အနှောင့်အယှက်ဖြစ်စေကာ -
3:42 - 3:47ကြာကြာမတ်တပ်ရပ်ပြီးရင် သွေးပေါင်ကျပြီး
မူးတာမျိုး ဖြစ်လာစေနိုင်ပါတယ်။ -
3:47 - 3:51ဒီပြောင်းလဲမှုတွေထဲက တစ်ချို့က
မီးမဖွားခင်မှာတင် ပုံမှန် ပြန်ဖြစ်ပါတယ်။ -
3:51 - 3:55မီးဖွားလုလုအချိန်မှာ သန္ဓေသားဟာ
အောက်ကို ဆင်းလာတာကြောင့် -
3:55 - 3:57ရင်ဝမ်းခြားကြွက်သားပေါ်မှာ ရှိနေတဲ့ ဖိအား
-
3:57 - 4:01လျော့ကျသွားပြီး မိခင်ဟာ
အသက်ဝဝရှူလို့ ရနိုင်ပါတယ်။ -
4:01 - 4:02မီးဖွားနေစဥ်အတွင်းမှာ
-
4:02 - 4:06ရေမွှာပေါက်သွားတာနဲ့ ခန္ဓာကိုယ်ထဲက
အရည်ပိုအများစုဟာ ထွက်သွားပါတယ်။ -
4:09 - 4:13မီးဖွားပြီး ရက်သတ္တပတ်အတွင်းမှာပဲ
သားအိမ်ဟာ ပြန်ရှုံ့သွားပါတယ်။ -
4:13 - 4:17ကိုယ်ဝန်ဆောင်ခြင်းက ခန္ဓာအပိုင်း
တွေလိုပဲ ဦးနှောက်ကိုပါ သက်ရောက်တယ် -
4:17 - 4:20ဒါပေမယ့် ဒီသက်ရောက်မှုတွေအကြောင်းကို
သိပ် မသိကြရသေးပါဘူး။ -
4:20 - 4:23လတ်တလော သုတေသနတွေက
ကိုယ်ဝန်ဆောင်ပြီးချိန်နဲ့ -
4:23 - 4:26မိခင်ဖြစ်ခါစမှာ ဦးနှောက်ပုံရိပ်တွေ
မတူကြောင်း ပြသပြီး -
4:26 - 4:29ဒီပြောင်းလဲမှုတွေဟာ လိုက်လျောညီထွေ
ပြုပြင်နိုင်တာကို ညွှန်းတယ်။ -
4:29 - 4:32ဒါတွေက ကလေးတွေကို ပျိုးထောင်ရာမှာ
အထောက်အကူပြုနိုင်ပါတယ်။ -
4:32 - 4:38ဥပမာ ကလေးတွေက စကားမပြောတတ်တော့
မျက်နှာရိပ်ကို ဖတ်နိုင်စွမ်းတိုးတာတစ်ခုပါ -
4:38 - 4:41ကိုယ်ဝန်ဆောင်မှုရဲ့ ဦးနှောက်ပေါ်
သက်ရောက်မှုအကြောင်း သိပ်မသိသေးတာက -
4:41 - 4:47သမိုင်းတစ်လျှောက် ကိုယ်ဝန်ဆောင်မှု
အကြောင်း သုတေသနအကုန်နီးပါးဟာ -
4:47 - 4:51မိခင်ထက် သန္ဓေသားပေါ်မှာ အာရုံစိုက်ခဲ့တဲ့
ယေဘူယျ အမှန်တရားကို မီးမောင်းထိုးပြတယ် -
4:51 - 4:54ကိုယ်ဝန်ဆောင်အတွေ့အကြုံတွေက
ကျန်းမာတဲ့ကိုယ်ဝန်ဆောင်တွေရော -
4:54 - 4:56မကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တွေမှာပါ
များစွာခြားနားတယ်။ -
4:56 - 5:02သုတေသနအသစ်တွေကနေ ဒါတွေ ဘာလို့ဖြစ်တယ်
ဆိုတာကို နားလည်လာနိုင်ပြီး -
5:02 - 5:05လိုအပ်ပါက ထိရောက်တဲ့ ကုသမှုတွေ
ပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။ -
5:05 - 5:09လက်ရှိအချိန်မှာတော့
ကိုယ်ဝန်ဆောင်တစ်ဦးချင်းဟာ မတူညီဘဲ -
5:09 - 5:12အသေးစိတ် မေးခွန်းတွေ ရှိလာရင်
ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ -
5:13 - 5:17ယနေ့အချိန်မှာတော့
စိတ်လှုပ်ရှားဖွယ် အချိုးအကွေ့အဖြစ် -
5:17 - 5:22ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံဖွယ် ဇီဝဖြစ်စဥ်ကို
ပိုမို အလေးထား လေ့လာနေကြပါပြီ။
- Title:
- ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံ့ဖွယ်သက်ရောက်မှုများ
- Speaker:
- TED-Ed
- Description:
-
အပြည့်အစုံ ကြည့်ရန် - https://ed.ted.com/lessons/the-surprising-effects-of-pregnancy
ကြွက်သားတွေနဲ့ အဆစ်တွေ ရွေ့သွားပြီး တွန်းတိုက်ကုန်ပါတယ်။ နှလုံးခုန်နှုန်း ပိုမြန်လာပါတယ်။သွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေအတွင်း သွေးတွေ တဝုန်းဝုန်း စီးဆင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်မှာ ခန္ဂာကိုယ်တွင်း ကလီစာတိုင်းဟာ ပြောင်းလဲသွားပါတယ်။ ဟော်မုန်းပေါင်းစုံကြောင့် ဒီပြောင်းလဲမှုတွေဟာ ကိုယ်ဝန်စရှိလာတာနဲ့ ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းက ခန္ဓာကိုယ်နဲ့ ဦးနှောက်အပေါ် သက်ရောက်မှုတွေအကြောင်း ဘာတွေ သိထားပြီး ဘာတွေ မသိသေးဘူးလဲဆိုတာ စူးစမ်းရှာဖွေလိုက်ပါ။
TED-Ed၏ သင်ခန်းစာ၊ Roxane Campoy နှင့် Charlottee Cambo ရိုက်ကူးသည်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:25
sann tint approved Burmese subtitles for The surprising effects of pregnancy | ||
sann tint edited Burmese subtitles for The surprising effects of pregnancy | ||
sann tint accepted Burmese subtitles for The surprising effects of pregnancy | ||
sann tint edited Burmese subtitles for The surprising effects of pregnancy | ||
sann tint edited Burmese subtitles for The surprising effects of pregnancy | ||
sann tint edited Burmese subtitles for The surprising effects of pregnancy | ||
sann tint edited Burmese subtitles for The surprising effects of pregnancy | ||
sann tint edited Burmese subtitles for The surprising effects of pregnancy |