-
Title:
ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံ့ဖွယ်သက်ရောက်မှုများ
-
Description:
အပြည့်အစုံ ကြည့်ရန် - https://ed.ted.com/lessons/the-surprising-effects-of-pregnancy
ကြွက်သားတွေနဲ့ အဆစ်တွေ ရွေ့သွားပြီး တွန်းတိုက်ကုန်ပါတယ်။ နှလုံးခုန်နှုန်း ပိုမြန်လာပါတယ်။သွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေအတွင်း သွေးတွေ တဝုန်းဝုန်း စီးဆင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်မှာ ခန္ဂာကိုယ်တွင်း ကလီစာတိုင်းဟာ ပြောင်းလဲသွားပါတယ်။ ဟော်မုန်းပေါင်းစုံကြောင့် ဒီပြောင်းလဲမှုတွေဟာ ကိုယ်ဝန်စရှိလာတာနဲ့ ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းက ခန္ဓာကိုယ်နဲ့ ဦးနှောက်အပေါ် သက်ရောက်မှုတွေအကြောင်း ဘာတွေ သိထားပြီး ဘာတွေ မသိသေးဘူးလဲဆိုတာ စူးစမ်းရှာဖွေလိုက်ပါ။
TED-Ed၏ သင်ခန်းစာ၊ Roxane Campoy နှင့် Charlottee Cambo ရိုက်ကူးသည်။
-
Speaker:
TED-Ed
-
ကြွက်သားတွေနဲ့ အဆစ်တွေ ရွေ့သွားပြီး
တွန်းတိုက်ကုန်ပါတယ်
-
နှလုံးခုန်ပိုမြန်တယ်၊သွေးကြောတွေကို
ဖြတ်ကာ သွေးကတဝေါဝေါ
-
ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်မှာ
ဟော်မုန်းပေါင်းစုံက လှုံ့ဆော်မှုကြောင့်
-
ကိုယ်တွင်း ကလီစာတိုင်းပြောင်းလဲသွားတယ်။
-
ဒီပြောင်းလဲမှုတွေဟာ ကိုယ်ဝန်စရှိလာတာနဲ့
ဖြစ်ပေါ်လာပါတယ်။
-
မျိုးဥအောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ
သားလောင်းဟာ သားအိမ်နံရံမှာ အမြစ်တွယ်တယ်။
¶
-
မိခင်ရဲ့ DNAနဲ့ အတိအကျ မတူညီတာကြောင့်
-
သီအိုရီအားဖြင့် ခုခံအားစနစ်က သန္ဓေသားကို
ကျူးကျော်သူအဖြစ် မှတ်ယူပြီး
-
ဘက်တီးရီးယား(သို့) ဘေးဖြစ်စေတဲ့အခြား
ပိုးမွှားတွေလို တိုက်ခိုက် ဖျက်ဆီးပါတယ်။
-
ဒါက စိန်ခေါ််မှု တစ်ခုပါပဲ။
မိခင်ရဲ့ ကိုယ်ခံအားစနစ်ဟာ
-
သူမကိုရော သန္ဓေသားကိုပါ ကာကွယ်ဖို့
လိုပေမဲ့ လုပ်နေကျအတိုင်း လုပ်လို့မဖြစ်ပါ။
-
ဒါက ကိုယ်ခံအားစနစ်ကို လျှော့ချလိုက်တာ
မျိုးလောက် မရိုးရှင်းပါဘူး။
¶
-
ဒီအစား ကျွန်မတို့ အခုမှ နားလည်စပြုလာတဲ့
ရှုပ်ထွေးတဲ့ အပြန်အလှန်သက်ရောက်မှုတစ်ခုပါ။
-
ကိုယ်ခံအားစနစ်ရဲ့ အမျိုးမျိုမျိုးသော
ဆဲလ်တွေ ပါဝင်လာပါတယ်။
-
အချို့ဟာ သန္ဓေသားကို အခြားသော ကိုယ်ခံအား
ဆဲလ်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးတယ်။
-
ခန္ဓာကိုယ်က သားအိမ်ခေါင်းမှာ အချွဲတွေနဲ့
လုပ်တဲ့ ဘက်တီးရီးယားကာကွယ်တဲ့အဆို့လုပ်တယ်
-
ဒါက မီးဖွားချိန်ထိ ပိုးမွှားများ
မဝင်အောင် တားဆီးပေးပါတယ်။
-
-
သားအိမ်ဟာ သန္ဓေသားနဲ့အတူ အပေါ်ဘက်နဲ့
ဘေးဘက်ကို ကြီးထွားလာပါတယ်။
-
နေရာဖန်တီးဖို့ progesterone နဲ့
relaxin ဟော်မုန်းတွေက
-
ကြွတ်သားတွေကို ပြေလျော့အောင်
အချက်ပေးပါတယ်။
-
အစာနဲ့ အညစ်အကြေးတွေကို အစာခြေလမ်းကြောင်း
တစ်လျှောက် တွန်းပို့တဲ့ ကြွက်သားတွေက
¶
-
ပြေလျော့ကာ ဒါက လေးကန်စေပါတယ်။
-
အစာခြေလမ်းကြောင်းတစ်လျှောက် စီးဆင်းမှု
နှေးသွားလို့ ဝမ်းချုပ်တာ ဖြစ်လာပါတယ်။
-
အစာအိမ်ထိပ်က
လျော့ရဲနေတဲ့ ကြွက်သားတွေက
-
အစာရေမြိုပြွန်နဲ့ လည်ချောင်းထဲကို
အစာခြေရည်တွေ တက်စေလာတာကြောင့်
-
ရင်ပူတာနဲ့ လေချဥ်တက်တာတွေ
ဖြစ်လာပါတယ်။
-
ဒါတွေက ကိုယ်ဝန်ရှိစ
ပျို့အန်တာကိုပိုဆိုးနိုင်တယ်
-
HCG ဟော်မုန်းကြောင့် တစ်စိတ်တစ်ပိုင်း
ဖြစ်ကာ အခြားအချိန်တွေမှာပါ ဖြစ်နိုင်တယ်
-
သားအိမ်ကြီးလာတာနဲ့ အမျှ အသက်ရှုတိုင်းမှာ
ရင်ဘက်ကို ကျုံ့လိုက်
¶
-
ဆန့်လိုက်လုပ်ပေးတဲ့ ရင်ဝမ်းခြား
ကြွက်သားကို တွန်းတင်ပါတယ်။
-
ဒါက ရင်ဝမ်းခြားကြွက်သားရဲ့
နယ်ပယ်ကို ကန့်သတ်တယ်။
-
ဒါကို ကုစားဖို့ progesterone ဟော်မုန်းက
အသက်ရှုနှုန်းမြန်လာအောင် လုပ်ပေးလို့
-
ကိုယ်ဝန်ဆောင်မိခင်ကို အသက်မြန်မြန်ှ
ရှူစေခြင်းဖြင့်မိခင်ရော ကလေးပါ
-
အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျသွားပေမဲ့
oxygen အလုံအလောက်ရအောင် လုပ်ပေးနိုင်တယ်။
-
ဒါတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်ဟာ
အသက်ရှူ မဝတာ ဖြစ်လာနိုင်ပါတယ်။
-
တစ်ချိန်ထဲမှာပဲ ကျောက်ကပ်တွေက
erythropoietin ပိုထုတ်ပါတယ်။
¶
-
ဒီဟော်မုန်းက သွေးနီဥထုတ်လုပ်မှုကို
မြှင့်တင်ပေးပါတယ်။
-
ကျောက်ကပ်တွေက ရေနဲ့ဆား အပိုတွေကို
ဆီးထဲကို မစွန့်ထုတ်ဘဲ သိမ်းထားပြီး
-
သွေးပမာဏ များလာအောင် လုပ်ပါတယ်။
-
ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ သွေးပမာဏဟာ
၅၀%ကျော် တိုးလာပါတယ်။
-
ဒါပေမယ့် သွေးက ကျဲနေပါတယ်။
-
ဘာလို့လဲဆိုတော့ သွေးနီဥတွေကတော့ ၂၅%ပဲ
တိုးလာလို့ပါ။
-
ပုံမှန်ကတော့ သွေးနီဥတွေ လုပ်ဖို့ လိုတဲ့
သံဓါတ်ကို အစားအစာကနေ ရပါတယ်။
-
ကိုယ်ဝန်ဆောင်ချိန်မှာတော့ သန္ဓေသားကလဲ
သူ့ သွေးအတွက် လိုအပ်တာတွေကို
-
အမေရဲ့ အာဟာရကနေ ရယူနေတာကြောင့်
-
မိခင်အတွက် သံဓါတ်နဲ့ အာဟာရ ရရှိမှုက
လျော့နည်းသွားပါတယ်။
-
နှလုံးက ဒီသွေးအများကြီးကို
တစ်ကိုယ်လုံးနဲ့ အချင်းထိ ရောက်အောင်
¶
-
အလုပ်တွေ အများကြီး ပိုလုပ်ရပါတယ်။
-
ကိုယ်ဝန်ဆောင်မိခင်မှာ နှလုံးခုန်နှုန်း
မြန်လာပေမဲ့
-
ကျန်းမာတဲ့ ကိုယ်ဝန်မှာ သွေးပေါင်ချိန်
ပြောင်းလဲပုံကို အသေအချာမသိသေးပါ။
-
ဒါဟာ အရေးကြီးတဲ့ သုတေသန
နယ်ပယ်တစ်ခုပါ။
-
အကြောင်းက ပြင်းထန်တဲ့
နောက်ဆက်တွဲ ဆိုးကျိုးတချို့က
-
နှလုံး၊သွေးပေါင်ချိန်တို့နဲ့
ဆက်စပ်နေလို့ပါ။
-
ကြီးလာတဲ့ သားအိမ်ဟာ သွေးပြန်ကြောတွေကို
ဖိမိလာတာကြောင့်
-
ခြေထောက်နဲ့ခြေဖဝါးတွေမှာ
အရည်တွေ စုလာစေပါတယ်။
-
ခန္ဓာကိုယ် အောက်ဘက်မှာ ရှိတဲ့
သွေးပြန်ကြောမကြီးကို ဖိမိပါက
-
နှလုံးကို ပြန်သွားတဲ့ သွေးတွေကို
အနှောင့်အယှက်ဖြစ်စေကာ
-
ကြာကြာမတ်တပ်ရပ်ပြီးရင် သွေးပေါင်ကျပြီး
မူးတာမျိုး ဖြစ်လာစေနိုင်ပါတယ်။
-
ဒီပြောင်းလဲမှုတွေထဲက တစ်ချို့က
မီးမဖွားခင်မှာတင် ပုံမှန် ပြန်ဖြစ်ပါတယ်။
¶
-
မီးဖွားလုလုအချိန်မှာ သန္ဓေသားဟာ
အောက်ကို ဆင်းလာတာကြောင့်
-
ရင်ဝမ်းခြားကြွက်သားပေါ်မှာ ရှိနေတဲ့ ဖိအား
-
လျော့ကျသွားပြီး မိခင်ဟာ
အသက်ဝဝရှူလို့ ရနိုင်ပါတယ်။
-
မီးဖွားနေစဥ်အတွင်းမှာ
-
ရေမွှာပေါက်သွားတာနဲ့ ခန္ဓာကိုယ်ထဲက
အရည်ပိုအများစုဟာ ထွက်သွားပါတယ်။
-
မီးဖွားပြီး ရက်သတ္တပတ်အတွင်းမှာပဲ
သားအိမ်ဟာ ပြန်ရှုံ့သွားပါတယ်။
-
ကိုယ်ဝန်ဆောင်ခြင်းက ခန္ဓာအပိုင်း
တွေလိုပဲ ဦးနှောက်ကိုပါ သက်ရောက်တယ်
¶
-
ဒါပေမယ့် ဒီသက်ရောက်မှုတွေအကြောင်းကို
သိပ် မသိကြရသေးပါဘူး။
-
လတ်တလော သုတေသနတွေက
ကိုယ်ဝန်ဆောင်ပြီးချိန်နဲ့
-
မိခင်ဖြစ်ခါစမှာ ဦးနှောက်ပုံရိပ်တွေ
မတူကြောင်း ပြသပြီး
-
ဒီပြောင်းလဲမှုတွေဟာ လိုက်လျောညီထွေ
ပြုပြင်နိုင်တာကို ညွှန်းတယ်။
-
ဒါတွေက ကလေးတွေကို ပျိုးထောင်ရာမှာ
အထောက်အကူပြုနိုင်ပါတယ်။
-
ဥပမာ ကလေးတွေက စကားမပြောတတ်တော့
မျက်နှာရိပ်ကို ဖတ်နိုင်စွမ်းတိုးတာတစ်ခုပါ
-
ကိုယ်ဝန်ဆောင်မှုရဲ့ ဦးနှောက်ပေါ်
သက်ရောက်မှုအကြောင်း သိပ်မသိသေးတာက
¶
-
သမိုင်းတစ်လျှောက် ကိုယ်ဝန်ဆောင်မှု
အကြောင်း သုတေသနအကုန်နီးပါးဟာ
-
မိခင်ထက် သန္ဓေသားပေါ်မှာ အာရုံစိုက်ခဲ့တဲ့
ယေဘူယျ အမှန်တရားကို မီးမောင်းထိုးပြတယ်
-
ကိုယ်ဝန်ဆောင်အတွေ့အကြုံတွေက
ကျန်းမာတဲ့ကိုယ်ဝန်ဆောင်တွေရော
-
မကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တွေမှာပါ
များစွာခြားနားတယ်။
-
သုတေသနအသစ်တွေကနေ ဒါတွေ ဘာလို့ဖြစ်တယ်
ဆိုတာကို နားလည်လာနိုင်ပြီး
-
လိုအပ်ပါက ထိရောက်တဲ့ ကုသမှုတွေ
ပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။
-
လက်ရှိအချိန်မှာတော့
ကိုယ်ဝန်ဆောင်တစ်ဦးချင်းဟာ မတူညီဘဲ
-
အသေးစိတ် မေးခွန်းတွေ ရှိလာရင်
ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။
-
ယနေ့အချိန်မှာတော့
စိတ်လှုပ်ရှားဖွယ် အချိုးအကွေ့အဖြစ်
-
ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံဖွယ် ဇီဝဖြစ်စဥ်ကို
ပိုမို အလေးထား လေ့လာနေကြပါပြီ။