ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ | Guy Winch | TEDxLinnaeusUniversity
-
0:09 - 0:12ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက်
အရမ်းချစ်ကြတဲ့ -
0:12 - 0:15အမြွာညီအစ်ကိုတစ်ယောက်နဲ့
အတူတူကြီးပြင်းခဲ့ပါတယ်။ -
0:15 - 0:20အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ
အခုဆိုရင် ဘက်လိုက်ခြင်းကိုရှာဖွေတဲ့နေရာမှာ -
0:20 - 0:22ဆရာတစ်ဆူဖြစ်နေပါပြီ။
-
0:23 - 0:28သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက်နည်းနည်းလေး
ပိုကြီးနေခဲ့ရင် ကျွန်တော်မှာမေးခွန်းမေးစရာ -
0:29 - 0:31တွေများကြီးရှိနေတယ်
ဒါပေမယ့်ဆာနေလို့တော့မဟုတ်ပါဘူး -
0:33 - 0:35(ရယ်သံများ)
-
0:35 - 0:37ကျွန်တော်စိတ်ပညာရှင်တစ်ယောက်
ဖြစ်လာတော့ -
0:37 - 0:40သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို
စတင်သတိထားမိလာတယ် -
0:41 - 0:46ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက်
ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။ -
0:46 - 0:51ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက်
တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။ -
0:52 - 0:57လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး
-
0:57 - 1:00အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ
လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး -
1:03 - 1:05တကယ်တော့ ကျွန်တော့်လိပ်စာကဒ်ကို
ဒီလိုရေးထားသင့်တာ -
1:06 - 1:08(ရယ်သံများ)
-
1:09 - 1:14ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက်
ဘက်လိုက်အသားပေးနေတာကို -
1:14 - 1:15ကျွန်တော်နေရာတိုင်းမှာတွေ့ပါတယ်
-
1:16 - 1:18ဟိုတလောတုန်းက
သူငယ်ချင်းတစ်ယောက်အိမ်ကိုရောက်တော့ -
1:18 - 1:21သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက
အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ် -
1:21 - 1:24ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ ခုံပေါ်
မတ်တပ်ရပ်သွားတိုက်နေတုန်း -
1:24 - 1:28ခုံပေါ်ကချော်ကျပြီး
သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ် -
1:28 - 1:31ကလေးက ခဏလောက်ငိုသွားပါတယ်
နောက် ပြန်ထလာတယ်။ -
1:31 - 1:35ခုံပေါ်ပြန်တက်ပြီး
အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ် -
1:35 - 1:37အနာကပ်ပလာစတာတစ်ခုယူပြီး
သူ့အနာပေါ်ကပ်လိုက်တယ် -
1:38 - 1:41ကောင်းလေးက ဖိနပ်ကြိုးကို
ချည်ချင်မှ ချည်တတ်လိမ့်မယ် -
1:41 - 1:46ဒါပေမယ့် သူကအနာကိုအုပ်ထားရမယ်ဆိုတာ သိပါတယ်
ဒါမှ အနာပိုးမဝင်မှာလေ -
1:46 - 1:49နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့
တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် -
1:49 - 1:53ကျွန်တော်တို့ဟာကိုယ်ခန္ဓာကျန်းမာရေးကို
ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ် -
1:53 - 1:56သွားကျန်းမာရေးအတွက်ဘယ်လိုပြုမူရမယ်ဆိုတာ
သိကြပါတယ် ဟုတ်တယ်ဟုတ်? -
1:56 - 1:59ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက
ဒါတွေကိုသိခဲ့ကြတယ် -
1:59 - 2:04ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို
ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။ -
2:04 - 2:06အဖြေကတော့ ရှင်းပါတယ်။
မသိခဲ့ပါဘူး။ -
2:06 - 2:10ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက်
ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။ -
2:11 - 2:12ဘာမှမသင်ကြားပေးပါဘူး။
-
2:13 - 2:16စိတ်ကိုဂရုစိုက်တာထက်
သွားကိုဂရုစိုက်တဲ့အချိန်တွေ -
2:16 - 2:19ပိုများနေတော့ဘာဖြစ်လဲ။
-
2:20 - 2:25စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက်
ကိုယ်ခန္ဓာကျန်းမာရေးက -
2:25 - 2:28ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။
-
2:28 - 2:31ကျွန်တော်တို့ဟာ
ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေထက် -
2:31 - 2:33စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ်
-
2:33 - 2:37စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု
အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ် -
2:37 - 2:40အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို
သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ် -
2:40 - 2:43ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ
သိသိသာသာထိခိုက်နိုင်ပါတယ် -
2:43 - 2:48အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့
အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော -
2:48 - 2:53နည်းလမ်းတွေရှိတာတောင်မှ
ကျွန်တော်တို့အသုံးပြုဖို့ဝန်လေးနေကြပါတယ်။ -
2:53 - 2:57ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း
ဖြစ်မလာတတ်ပါဘူး။ -
2:57 - 3:02"အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ
ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ" -
3:02 - 3:05ခြေကျိုးနေတဲ့သူတစ်ယောက်ကို
သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။ -
3:05 - 3:08"လမ်းလျှောက်လိုက်စမ်းပါ၊
ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ" လို့ -
3:08 - 3:10(ရယ်သံများ)
-
3:10 - 3:15ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့
ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။ -
3:15 - 3:18ကိုယ်ခန္ဓာ နဲ့ စိတ်ကျန်းမာရေးကို
တန်းတူထားဖို့အချိန်ကျပါပြီ။ -
3:18 - 3:21အမြွာတွေလိုပေါ့
-
3:21 - 3:25ပြောရင်းနဲ့မှ ကျွန်တော့်
အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ -
3:25 - 3:28ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့
-
3:28 - 3:30(ရယ်သံများ)
-
3:30 - 3:32ကျွန်တော်တို့က
တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး -
3:32 - 3:36ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက
-
3:36 - 3:39စိတ်ပညာပါရဂူဘွဲ့အတွက်
အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး -
3:39 - 3:42နယူးယောက်မြို့ကိုသွားရတာပါပဲ
-
3:42 - 3:45ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ်
ခွဲခွာရခြင်းဖြစ်ခဲ့တယ် -
3:45 - 3:48အဲ့လိုခွဲခွာရခြင်းဟာ ကျွန်တော်တို့
နှစ်ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ် -
3:48 - 3:52ဒါပေမယ့် သူကတော့ မိသားစုတွေ
သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ် -
3:52 - 3:54ကျွန်တော်တော့တခြားနိုင်ငံမှာ တစ်ယောက်တည်း
ဖြစ်လို့ -
3:54 - 3:56ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး
အရမ်းလွမ်းကြပါတယ် -
3:56 - 3:59သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက
စျေးကြီးတော့ -
3:59 - 4:04ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို
၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ် -
4:05 - 4:06ကျွန်တော်တို့မွေးနေ့ရောက်လာတော့
-
4:06 - 4:09ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့
-
4:09 - 4:10ဒါကြောင့် ပုံအောပြီးဖုန်းကို
-
4:10 - 4:14ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ်
ဆုံးဖြတ်ကြတယ် -
4:14 - 4:16မနက်ခင်းကျတော့ အခန်းထဲမှာ
ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း -
4:16 - 4:18သူဖုန်းခေါ်လာမှာကိုစောင့်နေတယ်
-
4:18 - 4:20စောင့်နေတယ်...
-
4:20 - 4:22စောင့်နေတယ်...
-
4:22 - 4:24ဒါပေမယ့်ဖုန်းမလာခဲ့ပါဘူး
-
4:24 - 4:26စံတော်ချိန်ကွာနေလို့
ကျွန်တော်ဒီလိုယူဆလိုက်တယ် -
4:26 - 4:29"အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ
နေမှာ ပြီးရင်သူဆက်မှာပေါ့" -
4:29 - 4:31ဖုန်းမရှိသေးလို့နေမှာပါ လို့
-
4:31 - 4:33ဒါပေမယ့် သူ့ဆီကဖုန်းမလာပါဘူး။
-
4:33 - 4:38ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး
ကျွန်တော်စတင်သတိထားမိတာလာက -
4:38 - 4:41ကျွန်တော်လွမ်းနေသလောက်
သူမလွမ်းဘူးဆိုတာပဲ -
4:42 - 4:45မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမယ့်
-
4:45 - 4:50အဲ့ညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့
အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ် -
4:51 - 4:53နောက်နေ့မနက်အိပ်ရာနိုးလာပြီး
-
4:53 - 4:55ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့
-
4:55 - 4:58မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း
ဖုန်းကြိုးကိုတိုက်မိသွားတာ -
4:58 - 5:00တွေ့လိုက်တယ်
-
5:01 - 5:03အိပ်ရာကနေချက်ချင်းထ
-
5:03 - 5:04ဖုန်းကြိုးကိုပြန်တပ်ပြီးမကြာပါဘူး
-
5:04 - 5:06၁စက္ကန့်ကြာတော့
ဖုန်းမြည်လာတယ် -
5:06 - 5:09ကျွန်တော့်ညီဆီကဖုန်းပေါ့
ဟုတ်တယ် ဒီကောင်မူးများမူးနေလားမသိဘူး -
5:09 - 5:12(ရယ်သံများ)
-
5:12 - 5:15သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့
အကြာဆုံးသောညဖြစ်ခဲ့တာပဲ။ -
5:15 - 5:18ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့
ကြိုးစားနေတုန်းသူက -
5:18 - 5:21"ငါဖုန်းမခေါ်မှန်းသိရင် မင်းကဘာလို့
ငါ့ဆီကိုဖုန်းမဆက်လာတာလဲ -
5:21 - 5:25ငါနားမလည်ဘူး"
လို့ပြောတယ် -
5:25 - 5:27သူမှန်တယ်လေ
-
5:27 - 5:29ကျွန်တော်ဘာလို့သူဆီ
ဖုန်းမဆက်ခဲ့မိပါလိမ့်? -
5:29 - 5:35ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။သို့သော်
ဒီနေ့တော့ဖြေနိုင်ပါပြီ၊ ရိုးရိုးလေးပါပဲ။ -
5:35 - 5:37အထီးကျန်ဆန်မှု
-
5:38 - 5:42အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့
စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ် -
5:42 - 5:44အဲ့ဒဏ်ရာက အသိအမြင်တွေဝေ၀ါးစေတယ်
-
5:44 - 5:47အတွေးအခေါ်တွေ ရောထွေးစေတယ်
-
5:47 - 5:48အထီးကျန်ဆန်တာဟာ
ပတ်ဝန်းကျင်က -
5:48 - 5:52တကယ်ဂရုစိုက်ပေမယ့်ငါတို့ကိုဂရုမစိုက်ဘူး
လို့ငါတို့စိတ်ကိုအယုံသွင်းပါတယ် -
5:52 - 5:54အထီးကျန်ဆန်တာက
သင့်နှလုံးသားကိုခံနိုင်တာထက်ပိုပြီး -
5:54 - 5:59နာကျင်လာရတဲ့အခါ ငြင်းဆန်မှုတွေ
စိတ်နှလုံးပူဆွေးမှုတွေက -
5:59 - 6:02သင့်ကိုလွမ်းခြုံလိုက်တော့
လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ် -
6:02 - 6:06ကျွန်တော်ဟာတကယ်ကို
အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့် -
6:06 - 6:08အချိန်တိုင်းလူတွေက
ကျွန်တော့်အနားမှာရှိပေးနေကြတယ် -
6:08 - 6:10ဒါကြောင့်
လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူးပေါ့ -
6:10 - 6:14သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ်
အဓိပ္ပာယ်ဖွင့်ကြည့်တော့ -
6:15 - 6:18အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို
-
6:18 - 6:21ခံစားချက်အရ သို့ လူမှုရေးအရ
အဆက်အသွယ်ဖြတ်တောက်တာပါပဲ -
6:21 - 6:23ကျွန်တော်လည်းလုပ်ခဲ့တယ်
-
6:24 - 6:26အထီးကျန်ဆန်မှုအတွက်
သုတေသနစာတမ်းတွေအများကြီးရှိပါတယ် -
6:26 - 6:29နောက်ပြီးအားလုံးက ကြောက်စရာကောင်းနေတယ်
-
6:30 - 6:34အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော်
သင့်အသက်ကိုပါနုတ်သွားနိုင်တယ် -
6:34 - 6:35ကျွန်တော် စနေတာမဟုတ်ဘူးနော်
-
6:35 - 6:39နာတာရှည်အထီးကျန်ဆန်နေသူက
စောစောသေဖို့ -
6:39 - 6:41၁၄ရာနှုန်းပိုများပါတယ်
-
6:41 - 6:43တစ်ဆယ့်လေးရာခိုင်နှုန်းပါ
-
6:43 - 6:47အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ်
သွေးတွင်းအဆီဓာတ်တွေများစေပါတယ် -
6:47 - 6:51ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင်
ဖိနှိပ်ကာ -
6:51 - 6:55ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ်
-
6:55 - 6:58တကယ်တော့
အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင် -
6:58 - 7:02နာတာရှည်အထီးကျန်ဆန်နေသူဟာ
သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော -
7:02 - 7:06အသက်ရှည်ဖို့အတွက်ပါ
စီးကရက်သောက်တာလောက်နီးနီးအန္တရာယ်များပါတယ် -
7:07 - 7:11အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ်
လို့သတိပေးစာတွေကပ်ထားပါတယ် -
7:11 - 7:13ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး
-
7:13 - 7:15ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ
-
7:15 - 7:19ကျန်းမာရေးကို
ဦးစားပေးဖို့အရေးကြီးတာပေါ့ -
7:19 - 7:21စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့
ကျွန်တော်တို့လေ့ကျင့်ရပါတယ် -
7:22 - 7:25ဘာကြောင့်လဲဆိုတော့
စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ -
7:25 - 7:27အကယ်၍သင်စိတ်ဒဏ်ရာရတာ
သင်လုံးဝမသိခဲ့ဘူးဆိုရင် -
7:27 - 7:29ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကို
သတိရပါ -
7:29 - 7:31အထီးကျန်ဆန်မှုဟာ
ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို -
7:31 - 7:34ကောက်ကွေးစေရုံတင်မကဘူး
ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ် -
7:34 - 7:36(ရှုံးနိမ့်မှု)
-
7:36 - 7:38ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။
-
7:38 - 7:42ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို
သွားလည်တော့ကလေးသုံးယောက်ဟာ -
7:42 - 7:45တူညီတဲ့ပလပ်စတစ်ရုပ်လေးတွေနဲ့
ကစားနေတာတွေ့ခဲ့တယ် -
7:45 - 7:49အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင်
ချစ်စရာခွေးရုပ်လေးထွက်လာတယ် -
7:50 - 7:55မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို
ဆွဲလိုက်တွန်းလိုက်လုပ်နေတယ် -
7:55 - 7:57ပြီးတော့ထိုင်ချလိုက်ပြီး
အောက်နှုတ်ခမ်းတုန်တုန်နဲ့ -
7:57 - 7:59အရုပ်ကိုကြည့်နေတယ်
-
7:59 - 8:02သူ့ဘေးနားကကောင်လေးကတော့
သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး -
8:02 - 8:05သူ့အရုပ်ပေါ်က
ခလုပ်တွေကိုနှိပ်ကြည့်မနေတော့ဘဲ -
8:05 - 8:07မျက်ရည်ပေါက်ပေါက် ကျအောင် ငိုပါတော့တယ်
-
8:07 - 8:11အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က
အနီရောင်ခလုပ်ကို တွန်းမမိမချင်း -
8:11 - 8:13သူနားလည်သမျှကြိုးစားနေပါတယ်
-
8:13 - 8:17ချစ်စရာခွေးရုပ်လေးထွက်လာတော့
ပျော်ရွှင်စွာအော်ဟစ်ပါလေရော -
8:17 - 8:21ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့
ကလေး၃ယောက်ဟာ -
8:21 - 8:24ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ်
-
8:24 - 8:28ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို
အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ် -
8:29 - 8:32ဒီလိုအောင်မြင်မှုမရအောင်
တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့ -
8:32 - 8:36အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့
သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ -
8:36 - 8:41လူကြီးတွေလည်းဒီလိုပါပဲ
အချိန်တိုင်းလှည့်စားခံနေရပါတယ် -
8:41 - 8:45တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက်
ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း -
8:46 - 8:50ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့
ယုံကြည်မှုတွေရှိနေပါတယ် -
8:50 - 8:53သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ
သတိထားမိပါသလား။ -
8:53 - 8:55သတိထားမိသင့်ပါတယ်။
-
8:55 - 8:57ဘာလို့လဲဆိုတော့
သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့ -
8:57 - 8:59သင့်စိတ်ကိုအယုံသွင်းရင်
-
8:59 - 9:01သင်ယုံမိမှာမလို့ပဲ။
-
9:01 - 9:04ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ
သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ် -
9:04 - 9:08နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ်
(သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ် -
9:08 - 9:12ဒါဆို သင်ဟာမအောင်မြင်နိုင်တော့ပါဘူးလို့
သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ် -
9:12 - 9:13ဒါကြောင့် လူတွေဟာ
သူတို့တကယ်ရှိရမယ့် -
9:13 - 9:16စွမ်းရည်ထက်နိမ့်ပြီး
လုပ်ဆောင်နေကြတာပါ -
9:16 - 9:19ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ
တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ -
9:19 - 9:22သူတို့ကိုမအောင်မြင်နိုင်ဘူးလို့
သူတို့ကိုအယုံသွင်းတယ် -
9:22 - 9:23နောက်ပြီး သူတို့က ယုံလိုက်ကြတယ်
-
9:23 - 9:26ကျွန်တော်တို့ဟာတစုံတခုကို
လက်ခံယုံကြည်လိုက်ပြီဆိုရင် -
9:26 - 9:29ကျွန်တော်တို့စိတ်ကို
ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ -
9:29 - 9:31ကျွန်တော်ဒီသင်ခန်းစာကို
ခက်ခဲစွာသင်ယူခဲ့ရတာ -
9:31 - 9:33ကျွန်တော်နဲ့ကျွန်တော့်ညီ
ဆယ်ကျော်သက်အရွယ်တုန်းက -
9:33 - 9:37ကျွန်တော်တို့သူငယ်ချင်းတွေနဲ့
ညအမှောင်ထဲကားမောင်းကြတော့ -
9:37 - 9:38ရဲကားကကျွန်တော်တို့ကားကိုတားတယ်
-
9:38 - 9:42ဒီနယ်မြေမှာ
လုယက်မှုတွေရှိတော့ သံသယဖြစ်ဖွယ်တွေရှာပါတယ် -
9:42 - 9:43ရဲအရာရှိက ကားအနားကပ်လာပြီး
-
9:43 - 9:46သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ်
-
9:46 - 9:49ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ်
နောက်မှာကျွန်တော်ပေါ့ -
9:49 - 9:52ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး
ဒီလိုပြောလိုက်တယ် -
9:52 - 9:54မင်းမျက်နှာကိုငါအရင်က
ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်? -
9:54 - 9:56(ရယ်သံများ)
-
9:56 - 10:00ကျွန်တော်က
ရှေ့ခုံမှာလေ လို့ပြောလိုက်တယ် -
10:00 - 10:03(ရယ်သံများ)
-
10:03 - 10:06ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့
အဓိပ္ပါယ်မရှိစေဘဲ -
10:06 - 10:08ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့
သူထင်သွားတယ် -
10:08 - 10:09(ရယ်သံများ)
-
10:09 - 10:11ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး
ရှာဖွေပါတော့တယ် -
10:11 - 10:14ရဲကားနားခေါ်သွားပြီး
-
10:14 - 10:17ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း
အတည်ပြုပြီးမှ -
10:17 - 10:21ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ
သူ့ကိုပြလိုက်တယ် -
10:21 - 10:25ကျွန်တော်တို့ကားမောင်းထွက်သွား
ပြီးတာတောင်မှ သူ့မျက်နှာကိုကြည့်လိုက်ရင် -
10:25 - 10:28ကျွန်တော်တစ်ခုခုခိုးပြီး
ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ -
10:30 - 10:34ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင်
ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ် -
10:34 - 10:39ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ
လက်လျှော့လိုက်တာတွေဟာ သဘာဝကျလွန်းပါတယ် -
10:39 - 10:42ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့
အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ် -
10:43 - 10:46အားကိုးရာမဲ့နေတဲ့ခံစားချက်ကို
သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ် -
10:46 - 10:49အခြေအနေပေါ်မူတည်ပြီး
ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ် -
10:49 - 10:53အဲ့လိုဆန့်ကျင်ဖက်သဘောဆောင်တဲ့စက်ဝန်းတွေကို
မဖြစ်တည်ပင်ကကျွန်တော်တို့ဖြတ်ထားဖို့လိုတယ် -
10:53 - 10:55(စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု
ရပ်တန့်ပစ်ပါ) -
10:55 - 10:57ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ
-
10:57 - 11:01ကျွန်တော်တို့ထင်သလို့
ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး -
11:01 - 11:04သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့
တူတယ် -
11:04 - 11:09တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့်
နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ် -
11:09 - 11:11ကျွန်တော်ဟာ
အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့ -
11:11 - 11:15ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး
တစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ် -
11:15 - 11:17သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့
အမျိုးသားတစ်ယောက်နဲ့ -
11:17 - 11:22ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ
သူဟာအောင်မြင်ပြီးကြည့်ကောင်းတဲ့သူတစ်ယောက် -
11:22 - 11:25အရေးအကြီးဆုံးက
သူမအတွက်အမှန်အကန်လို့ထင်ခဲ့တယ် -
11:25 - 11:28ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ်
အ၀တ်အစားတစ်စုံတောင်အသစ်ဝယ်လိုက်တယ် -
11:28 - 11:32သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က
ဘားတစ်ခုမှာဆုံကြရင် အဖျော်ယမကာသောက်ကြတယ် -
11:32 - 11:36ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့
အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ -
11:36 - 11:39ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး
လို့ပြောပြီးထွက်သွားတယ် -
11:39 - 11:41(ငြင်းပယ်ခြင်း)
-
11:41 - 11:44ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ်
-
11:44 - 11:46ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင်
နာကျင်ခဲ့ရပါတယ် -
11:46 - 11:49သူလုပ်နိုင်ခဲ့တာက
သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ -
11:49 - 11:53အဲ့မှာ သူငယ်ချင်းကပြောတယ်
"ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ -
11:53 - 11:57မင်းမှာတင်ပါးကြီးကြီးရှိတယ်
မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး -
11:57 - 12:00ဘာလို့ချောမောခန့်ညားတဲ့
အမျိုးသားတစ်ယောက်က -
12:00 - 12:02နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့
ချိန်းရတာလဲ -
12:04 - 12:07သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး
အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။ -
12:07 - 12:10သို့သော် အကယ်၍ အဲ့လိုပြောတာတွေက
သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင် -
12:10 - 12:13ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက်
နေတော့မှာမဟုတ်ဘူး -
12:13 - 12:16အဲ့အမျိုးသမီးကကိုယ်ဘာသာပြန်ပြောတာမျိုးပေါ့
-
12:16 - 12:18အဲ့လိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို
လုပ်လိုက်ကြတယ် -
12:18 - 12:20အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့
-
12:20 - 12:24ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ
ချို့ယွင်းချက်တွေ -
12:24 - 12:26ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ
ကို စတွေးတယ်၊ -
12:26 - 12:27ကိုယ့်အမည်နာမတွေရေရွတ်တော့တယ်
-
12:27 - 12:30ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင်
အဲ့လိုလုပ်ကြတယ် -
12:30 - 12:34ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ
ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ -
12:35 - 12:38ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး
ဖျက်ဆီးချင်ရတာလဲ။ -
12:38 - 12:41ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို
ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊ -
12:41 - 12:44ဓားတစ်ချောင်းယူပြီး ဘယ်လောက်
နက်အောင် လုပ်လို့ရမလဲ -
12:44 - 12:47ဆိုပြီး ကိုယ့်လက်မောင်းကို
လှီးဖြတ်မှာ မဟုတ်ပါဘူး -
12:47 - 12:51စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း
ကျွန်တော်တို့ အဲ့လိုပြုမူကြတယ် -
12:51 - 12:54ဘာလို့လဲ။ ဘာလို့လဲဆို
စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ -
12:54 - 12:58ဘာလို့လဲဆို ကျွန်တော်တို့ဟာ
စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ -
12:58 - 12:59လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက
-
12:59 - 13:01ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ
-
13:01 - 13:04စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ်
-
13:04 - 13:08အဲ့ဒါကြောင့်ကျဆုံးမှုတွေ
ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ် -
13:08 - 13:10နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး
ကြာပါလိမ့်မယ် -
13:10 - 13:13ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင်
ပထမဆုံးလုပ်သင့်တာကတော့ -
13:13 - 13:16ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ
-
13:16 - 13:19ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ
အားပျော့သွားအောင်လုပ်လိုက်ပါ -
13:20 - 13:22သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ
-
13:22 - 13:25သူငယ်ချင်းကောင်းတစ်ယောက်ဆီက
သင်မျှော်လင့်နေတဲ့ -
13:25 - 13:28မေတ္တာအကြင်နာအတိုင်း သင့်ကိုသင်
ပေးလိုက်ပါ -
13:28 - 13:30(သင့်တန်ဖိုးသင်ကာကွယ်ပါ)
-
13:30 - 13:34ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ
အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ -
13:34 - 13:38အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော
အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ -
13:39 - 13:41စားမြုံပြန်တယ်ဆိုတာ
အေးဆေးစဉ်းစားတွေးတောတာပေါ့ -
13:41 - 13:44သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ
-
13:44 - 13:47(သို့)သင့်ဆရာကသင့်ကိုအခန်းထဲ
အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ -
13:47 - 13:49(သို့)သင့်သူငယ်ချင်းနဲ့
အကြီးအကျယ်ရန်ဖြစ်တဲ့အခါ -
13:49 - 13:53အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ
ကိုရပ်တန့်ဖို့ -
13:53 - 13:55ရက်အတော်ကြာ
တခါတလေ ရက်သတ္တပတ်တွေထိကြာတတ်ပါတယ် -
13:55 - 13:58အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို
စားမြုံပြန်နေတာဟာ -
13:58 - 14:02အလွယ်တကူအကျင့်တစ်ခုဖြစ်လာနိုင်ပါတယ်
နောက်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ် -
14:02 - 14:04ဘာလို့လဲဆိုတော့ သင့်အချိန်တွေအများကြီးကို
-
14:04 - 14:07စိတ်ပျက်စရာကောင်းတဲ့မကောင်းတဲ့
အတွေးတွေပေါ်အာရုံထားလို့ပဲ -
14:07 - 14:11အဲ့တော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ
ဖြစ်လာပါတယ် -
14:11 - 14:14စိတ်ဓာတ်ကျစေတာတွေ
အရက်သမားဖြစ်လာတာတွေ -
14:14 - 14:17အစားအသောက်ပျက်လာတာ
နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ် -
14:17 - 14:20ပြဿနာက စားမြုံပြန်ဖို့ဆော်သြတာဟာ
-
14:20 - 14:24သိပ်ပြင်းထန်ပြီး သိပ်အရေးကြီးတဲ့
အကျင်းဆိုးမို့ ဟန့်တားဖို့ခက်ခဲပါတယ် -
14:25 - 14:27ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့
သိခဲ့ပါတယ် -
14:27 - 14:31တစ်နှစ်စွန်းစွန်းလောက်တုန်းက
ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ် -
14:31 - 14:34ကျွန်တော့်အမြွာညီမှာ
-
14:34 - 14:37အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ်
-
14:37 - 14:40ကင်ဆာကအတော်အပျံ့မြန်တာပဲ
-
14:40 - 14:43ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော
-
14:44 - 14:47နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ်
-
14:48 - 14:53သူအဲ့လိုဖြစ်နေတာကို
ကျွန်တော်မတွေးဘဲမနေနိုင်ဘူး -
14:53 - 14:56သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ
သူဘယ်လောက်ခံစားနေရမလဲလို့လည်း -
14:57 - 15:01ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး
-
15:01 - 15:04သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့
သဘောထားကောင်းရှိနေခဲ့တယ် -
15:04 - 15:07သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက
သြချရလောက်တယ် -
15:07 - 15:11ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့်
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး -
15:12 - 15:14ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ
သိပါတယ် -
15:14 - 15:17လေ့လာမှုတွေအရ
၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ -
15:17 - 15:21ဒီအချိန်တွေမှာစားမြုံပြန်တာကို
ချေဖျက်ဖို့လုံလောက်ပါတယ် -
15:21 - 15:24ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန်
သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင် -
15:24 - 15:29အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ်
အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့ -
15:29 - 15:33တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ
ပြောင်းသွားခဲ့တယ် -
15:33 - 15:36နောက်ပြီးအကောင်းမြင်တတ်လာပြီး
မျှော်လင့်ချက်ထားတတ်လာတယ် -
15:37 - 15:39(အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ)
-
15:39 - 15:43ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့
ကွန်ပြူတာဓာတ်မှန်ရိုက်တယ် -
15:43 - 15:46သူ့အဖြေတွေရလာတော့
ကျွန်တော်သူ့ဘေးမှာရှိနေတယ် -
15:46 - 15:48အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ
-
15:48 - 15:52သူနောက်ထပ်
ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့် -
15:52 - 15:54သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ်
-
15:54 - 15:58ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့
၂ပတ်ကရိုက်ထားတာပါ -
16:01 - 16:04သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ
-
16:04 - 16:07ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ
အမျိုးမျိုးပြောင်းလိုက်တာ -
16:07 - 16:09သင့်တန်ဖိုးကို သင်ကာကွယ်တာ
-
16:09 - 16:12အတွေးဆိုးအတွေးညစ်တွေကို
တိုက်ထုတ်ပစ်တာတွေဟာ -
16:12 - 16:15သင့်ရဲ့စိတ်ဒဏ်ရာတွေကို
မပျောက်ကင်းစေနိုင်ပါဘူး -
16:15 - 16:18စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ
မွေးမြူပါ -
16:20 - 16:24လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ
တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ် -
16:24 - 16:28လူ့သက်တမ်းရှည်နှုန်းလည်း
ဆယ်စုနှစ်အတွင်း -
16:28 - 16:31၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ်
-
16:31 - 16:34အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ
ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင် -
16:34 - 16:38ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း
တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ် -
16:39 - 16:42အကယ်၍သာလူတိုင်း
စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင် -
16:42 - 16:44ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့
စိတ်ကူးကြည့်ဖူးလား။ -
16:44 - 16:48အထီးကျန်ဆန်မှုတွေနည်းလာရင်
စိတ်ဓာတ်ကျတာတွေနည်းလာရင် -
16:48 - 16:51လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ်
ဆိုတာသိလာကြရင် -
16:51 - 16:54သူတို့ဘဝကို သူတို့ကျေနပ်ပြီး
ပိုအားပေးလာကြရင် -
16:54 - 16:58သူတို့ဘဝတွေဟာပိုပျော်လာပြီး
ပြီးပြည့်စုံလာရင် -
16:58 - 17:01အဲ့လိုကမ္ဘာမျိုးက
ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ -
17:02 - 17:06ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ
နေချင်မှာပါပဲ -
17:06 - 17:11သင်ဗဟုသုတတွေရပြီး
ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင် -
17:11 - 17:14ကျွန်တော်တို့အားလုံး
နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ -
17:15 - 17:17အားလုံးကိုကျေးဇူးတင်ပါတယ်
-
17:17 - 17:20(လက်ခုပ်သံများ)
- Title:
- ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ | Guy Winch | TEDxLinnaeusUniversity
- Description:
-
ဒီဆွေးနွေးချက်ဟာဒေသဆိုင်ရာTEDxပွဲတစ်ခုမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဖျားနာရင် နေမကောင်းဖြစ်ရင် ဆရာဝန်ဆီသွားပြကြပါတယ်။ ဒါပေမယ့် အပြစ်တွေ ဆုံးရှုံးမှုတွေ အထီးကျန်ဆန်မှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကျ ကျန်းမာရေးပညာရှင်တွေနဲ့မပြသတာလဲ။ ကျွန်တော်တို့အများစုဟာ တစ်ဦးတစ်ယောက်ချင်းရဲ့စိတ်ကျန်းမာရေးတွေနဲ့ဆက်စပ်နေတယ်လို့ Guy Winch ကဆိုပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့တော့မတွေးမိဘူး။ ဒါကြောင့် သူက ကျွန်တော်တို့ကိုယ်ခန္ဓာကြီးကိုဂရုစိုက်သလို စိတ် ခံစားချက်တွေကိုလည်း ဂရုစိုက်တတ်ဖို့ စိတ်ကျန်းမာသန်စွမ်းအောင်ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာသက်သေသာဓကတွေနဲ့ပြောပြသွားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDxTalks
- Duration:
- 17:23
sann tint approved Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity | ||
sann tint edited Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity | ||
Nyein Chan Ko Ko accepted Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity | ||
Nyein Chan Ko Ko edited Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity | ||
Thura Soe edited Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity | ||
Thura Soe edited Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity | ||
Thura Soe edited Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity | ||
Thura Soe edited Burmese subtitles for How to practice emotional hygiene | Guy Winch | TEDxLinnaeusUniversity |