Return to Video

ငွေကြေးအရ အမှီအခိုကင်းမှုရဲ့ တန်ဖိုးအမှန်

  • 0:01 - 0:04
    ကျွန်မရဲ့ မိသားစုထဲတွင် ငွေရေးကြေးရေး
    အားလုံးကို ဖခင်မှ စီမံခန့်ခွဲခဲ့တယ်။
  • 0:04 - 0:07
    ဒါပေမဲ့ ကျွန်မ ရှစ်နှစ်၊ ကိုးနှစ်အရွယ်မှာ၊
    ဘာကြောင့်လဲ မသိ၊
  • 0:07 - 0:10
    ဖခင်ဟာ ငွေရေးကြေးရေး ကိစ္စတွေ
    ကျွန်မကို စပြပေးလာခဲ့တယ်။
  • 0:10 - 0:13
    ကျွန်မတို့ မီးဖိုချောင်စားပွဲမှာ ထိုင်ပြီး
    သူဟာ ဘဏ်စာအုပ်အားလုံးကို ပြပေးခဲ့တယ်။
  • 0:13 - 0:16
    အင်တာနက် မရှိခဲ့တဲ့ ကာလတုန်းက ဖြစ်ခဲ့လို့၊
  • 0:16 - 0:19
    စာအုပ်လေးတွေထဲမှာ လိုအပ်တဲ့ အချက်အလက်
    တွေကို ကျွန်မတို့ သိမ်းဆည်းခဲ့ကြရတယ်။
  • 0:19 - 0:22
    သူဟာ ငွေစုတဲ့ ငွေစာရင်းတွေကို ပြပေးပြီး
  • 0:22 - 0:24
    ငွေတောင်းခံလွှာတွေကို ပေးချေတဲ့
    ငွေစာရင်းကို ပြခဲ့တယ်။
  • 0:24 - 0:27
    အဲဒီလို ငွေကြေးကိစ္စကို သူက
    ပြသပေးတဲ့ အခါတိုင်းမှာ၊
  • 0:27 - 0:30
    သူဟာ "ဒါတွေကို နင့်အမေကိုမပြောနဲ့"
    ဆိုပြီး သတိပေး အဆုံးသတ်လေ့ ရှိခဲ့တယ်။
  • 0:30 - 0:32
    (ရယ်သံများ)
  • 0:32 - 0:35
    သူဘာဖြစ်လို့ အဲဒီလို ပြောခဲ့တာကို
    ကျွန်မ ခုထက်ထိ နားမလည်ပေမဲ့
  • 0:35 - 0:37
    ကျွန်မ နားလည်လိုက်တဲ့ တချက်က
  • 0:37 - 0:40
    မီးဖိုချောင်စားပွဲမှာ ထိုင်ခွင့်ရခဲ့တဲ့
    ရှစ်နှစ်အရွယ် ကလေးမလေးဟာ
  • 0:40 - 0:44
    "အဲဒီအကြောင်း စကားလုံးတစ်လုံးကိုမှ
    မပြောရဘူး" ဆိုတာပါ။
  • 0:44 - 0:46
    နှစ်အတော်ကြာသွားလို့
    ကျွန်မ ပထမဦးဆုံး အလုပ်ကိုရတော့၊
  • 0:46 - 0:50
    အဖေက "နင့်ချက်လက်မှတ်ကို ငါ့ကိုပေး၊ နင့်
    အတွက် ဘဏ်ထဲမှာ ငါထည့်ပေးမယ်" ပြောလာတယ်။
  • 0:50 - 0:53
    ဒါပေမဲ့ ကျွန်မကို သူသင်ပေးထားလို့ ကျွန်မက
  • 0:53 - 0:56
    "ကျွန်မရဲ့ ဘဏ်စာအုပ်ကို ကျွန်မပဲ
    ကိုင်ချင်တယ်"လို့ ဖြေလိုက်တယ်။
  • 0:56 - 0:59
    သူဟာ လိုက်လျောပေးခဲ့တာကို
    ကျွန်မ အံ့ဩခဲ့ရတယ်။
  • 0:59 - 1:01
    ကျွန်မ ၁၆ နှစ်အရွယ်၊ အဲဒီအချိန်ကစပြီး
  • 1:01 - 1:03
    ကျွန်မဟာ ကိုယ့်ငွေကို
    စပြီး စီမံခန့်ခွဲလာခဲ့တယ်။
  • 1:03 - 1:08
    ကျွန်မ ကောလိပ်ကို တက်ပြီးခဲ့လို့
    CPA အဖြစ် စအလုပ်လုပ်ဖို့၊
  • 1:08 - 1:13
    ကျောင်းသားတွေ ချေးငွေရယူပြီး တိုက်ခန်းနဲ့
    အလုပ်ကိုတဲ့ ခေတ်မျိုး မဟုတ်ခဲ့တော့၊
  • 1:13 - 1:16
    ကျွန်မဟာ အကြွေးတွေ
    တင်လာလိုက်၊ ပြန်ဆပ်ပေးလိုက်၊
  • 1:16 - 1:18
    ပြန်ပြီး အကြွေးတွေ ပိုပိုတက်လာခဲ့ရတယ်။
  • 1:18 - 1:22
    အိမ်ထောင်ကျခဲ့ပြီးတဲ့နောက်
    နှစ်အတော်ကြာတွင် ကျွန်မဟာ မမျှော်လင့်ဘဲ
  • 1:22 - 1:25
    ကွာရှင်းလိုက်ရလို့ ငွေမတတ်နိုင်တဲ့
    အိမ်တစ်လုံးနဲ့ ကျန်ရစ်ခဲ့ပြီး
  • 1:25 - 1:27
    ငွေတောင်းခံလွှာတွေကို မပေးဆပ်နိုင်ခဲ့ဘူး။
  • 1:27 - 1:29
    ‘‘သူများရဲ့ ငွေတွေကို စီမံခန့်ခွဲပေးဖို့
  • 1:29 - 1:31
    ပညာသင်ခဲ့ပြီး ကျွမ်းကျင်ရမယ့်သူက
  • 1:31 - 1:34
    ဘယ်လိုလုပ်ပြီး အဲဒီလို အဖြစ်မျိုးကြုံ
    ရတာလဲ’’လို့ ရှင်တို့ မေးနိုင်ကြပါတယ်။
  • 1:34 - 1:37
    ကျွန်မဟာ ကျွန်မကြီးပြင်းလာခဲ့စဉ်တုန်းက
    အတွေ့အကြုံဖြစ်ခဲ့တဲ့၊
  • 1:37 - 1:40
    ပိုက်ဆံအားလုံး လူတစ်ယောက်တည်းမှ
    စီမံခဲ့မှုဆီကို ပြန်သွားခဲ့လို့ပါ။
  • 1:40 - 1:43
    ကျွန်မရဲ့ ငွေရေးကြေးရေး
    လုပ်ပိုင်ခွင့်ကို လွှဲပေးလိုက်လို့
  • 1:43 - 1:46
    ကျွန်မဟာ ငွေရေးကြေးရေးအရ
    မှီခိုသူ ဖြစ်လာခဲ့တယ်။
  • 1:46 - 1:49
    ငွေရေးကြေးရေးအရ မှီခိုရမှုဆိုတာက
    ငွေအတွက် အလုပ် ဒါမှမဟုတ်
  • 1:49 - 1:51
    အခြေအနေ တစ်ခုခုအပေါ်
    မှီခိုရသူကို ဆိုလိုတာပါ။
  • 1:51 - 1:54
    အဲဒီလို သူတို့ဟာ ထောင်ချောက်ထဲ
    ပိတ်မိနေသလို ခံစားရတယ်။
  • 1:54 - 1:56
    လူတွေကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်တယ်-
  • 1:56 - 1:59
    ရွေးချယ်ခွင့် ရှိလျက်နဲ့ မှီခိုရသူနဲ့
    ရွေးချယ်ခွင့်မရှိလို့ မှီခိုရသူပါ။
  • 1:59 - 2:03
    ကိုယ့်ဆီမှာ ရွေးချယ်ခွင့် ရှိခဲ့ပေမဲ့
    ကိုယ့် ငွေရေးကြေးရေး လုပ်ပိုင်ခွင့်ကို
  • 2:03 - 2:05
    ပါဝင်မှုကို လွှဲပေးလိုက်လို့
    မှီခိုသူ ဖြစ်လာရတယ်။
  • 2:05 - 2:08
    ဒါမျိုးက ကိုယ်ရေး ဒါမှမဟုတ်
    လုပ်ငန်းဆိုင်ရာ ဆက်ဆံမှုထဲမှာ
  • 2:08 - 2:11
    တစ်ဦးဦးက ငွေနဲ့ မပတ်သက်စေချင်လို့၊
  • 2:11 - 2:15
    အဲဒီတာဝန်ကို ခင်ပွန်း၊
    လုပ်ဖေါ် ဒါမှမဟုတ် စာရင်းကိုင်
  • 2:15 - 2:17
    ဒါမှမဟုတ် မန်နေဂျာအား
    လွှဲပြောင်းပေးတတ်တာမျိုးပါ။
  • 2:17 - 2:19
    ကျွန်မရဲ့ အ​ခြေအနေက အဲဒါမျိုးဖြစ်ခဲ့တယ်။
  • 2:19 - 2:23
    ကျွန်မဟာ တစ်နေ့လုံး သူများငွေတွေကို
    စီမံခန့်ခွဲရင်း အချိန်ကုန် ပင်ပန်းခဲ့လို့
  • 2:23 - 2:24
    ကျွန်မယောက်ျားက ကျွန်မတို့ရဲ့ ငွေကို
  • 2:24 - 2:27
    စီမံခန့်ခွဲရေးကို လုပ်ကိုင်ချင်ခဲ့တော့
    လွယ်ကူစွာ သဘောတူလိုက်တယ်။
  • 2:27 - 2:29
    ကျွန်မ အဲဒီတာဝန်တွေမှ လွတ်လပ်မှုရခဲ့တယ်။
  • 2:29 - 2:32
    ကျွန်မ ၁၆ အရွယ်မှာ ပထမအလုပ်
    လုပ်ကိုင်လာခဲ့တဲ့ နောက်မှာ
  • 2:32 - 2:35
    ကျွန်မ ကျွန်မငွေတွေ စီမံခန့်ခွဲရေး
    တာဝန်ကို ယူဖို့ မလိုခဲ့ပါ။
  • 2:35 - 2:38
    ဒါပေမဲ့ ကျွန်မ နားမလည်မိတာက လွတ်လပ်မှုလို့
    ကျွန်မ ယူဆခဲ့တဲ့အရာဟာ
  • 2:38 - 2:41
    လက်တွေ့မှာ မှီခိုမှု ဖြစ်လာတာကိုပါ။
  • 2:41 - 2:43
    ကျွန်မတို့ ငွေတွေ ဘယ်လို
    ဖြစ်ပျက်နေကြလဲ ဆိုတဲ့ထဲမှာ
  • 2:43 - 2:47
    ကျွန်မ မပါခဲ့တာ
    ဒါမှမဟုတ် မသိခဲ့တာ ကျွန်မ အမှားပါ။
  • 2:47 - 2:49
    ရှင်တို့ ကိုယ်တိုင်
    အဲဒါမျိုး ကြုံခဲ့ချင် ကြုံခဲ့ကြမှာပါ၊
  • 2:49 - 2:53
    ဒါမှမဟုတ် နာမည်ကြီး ပုဂ္ဂိုလ်တွေ ဒါမှမဟုတ်
    ပရော်ဖက်ရှင်နယ် အားကစားသမားတွေ အကြောင်း
  • 2:53 - 2:57
    သူတို့ငွေတွေကို သူတို့ မိသားစု၊ သူငယ်ချင်း
    တွေနဲ့ အခြားသူတွေကို စီမံဖို့ အပ်ခဲ့ကြလို့
  • 2:57 - 3:00
    ဒေဝါလီခံလိုက်ရတဲ့၊
    သစ္စာဖောက်ခံရလိုက်ရတဲ့ အဖြစ်မျိုး
  • 3:00 - 3:04
    ကြုံခဲ့ရတာ သူတို့ဟာ သူတို့ငွေရေးကြေးရေး
    လုပ်ပိုင်ခွင့် သူများကို လွှဲပေးခဲ့လို့ပါ။
  • 3:04 - 3:08
    ရွေးချယ်ခွင့် မရှိဘဲ မှီခိုရသူတို့ဟာ
    သူတို့ရဲ့ ငွေရေးကြေးရေး အခြေအနေကြောင့်
  • 3:08 - 3:11
    ထောင်ချောက်ထဲ ပိတ်မိသလို ခံစားကြရတယ်။
  • 3:11 - 3:15
    ကိုယ့်လုပ်ငန်းခွင်မှာ စိတ်မပျော်သူ
    ဒါမှမဟုတ် နှောင့်ယှဉ်ခံနေရပေမဲ့
  • 3:15 - 3:18
    မထွက်ရဲကြတာမျိုး ဖြစ်နိုင်ပါတယ်။
  • 3:18 - 3:21
    ဒါမှမဟုတ် တစ်ယောက်ယောက် မနာမကျန်း
    ဖြစ်လာလို့ မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့
  • 3:21 - 3:23
    နေရာပြောင်းဖို့ လိုအပ်နေတဲ့သူ၊
  • 3:23 - 3:26
    ဒါမှမဟုတ် အိမ်ထောင်ကွဲသွားလို့၊
    ဝမ်းနည်းစရာ တစ်ခုခု ရင်ဆိုင်နေရပြီး
  • 3:26 - 3:29
    ငွေရေးကြေးရေးအရ သူများတွေကို
    မှီခိုနေရသူ ဖြစ်နိုင်ပါတယ်။
  • 3:29 - 3:33
    ပြီးတော့ တစ်ဦးဦးဆီမှာ အသက်ကြီးရင့်လာလို့
    ကိုယ့်ကိုကိုယ်
  • 3:33 - 3:36
    စောင့်ရှောက်နိုင်စွမ်း
    မရှိတဲ့ ဆွေမျိုး ရှိလာလို့၊
  • 3:36 - 3:38
    အဲဒီသူတွေဟာ သူများကို အားကိုးလာကြရပြီး
  • 3:38 - 3:43
    မကြာခဏ သူတို့ နေအိမ်တွေ၊ ငွေတွေနဲ့ ပိုင်
    ဆိုင်မှုတွေ လွှဲပေးလိုက်ရတာမျိုးလေ။
  • 3:43 - 3:47
    ရွေးချယ်ခွင့်မရှိတဲ့နောက် မှီခိုရမှုပုံစံက
    ငွေ​ေရေးကြေးရေးအရ အလွဲသုံးစားခံရမှုပါ။
  • 3:47 - 3:50
    ငွေ​ေရေးကြေးရေးအရ အလွဲသုံးစားခံရမှုဟာ
  • 3:51 - 3:55
    လုပ်ဖေါ်အား ထိန်းချုပ်ဖို့နဲ့ ခြိမ်းခြောက်
    ဖို့ သုံးတဲ့ အလွှဲသုံးစားမှု ပုံစံတစ်ခုပါ။
  • 3:56 - 4:01
    နစ်နာခံရသူဟာ ဆက်ဆံမှုရှိနေပေမဲ့ ငွေကို
    သုံးခွင့်မရှိလို့၊ အချက်အလက်တွေ မသိလို့၊
  • 4:01 - 4:04
    သူတို့ ထွက်သွားဖို့ လိုတဲ့
    ရင်းမြစ်တွေ၊ ပံ့ပိုးမှု မရှိလို့
  • 4:04 - 4:09
    တစ်ဘက်သားဟာ သူတို့အပေါ်မှာ
    ဩဇာအာဏာ ရှိနေကြတာပါ။
  • 4:09 - 4:13
    Allstate Foundation ထံတွင်
    Purple Purse လို့ခေါ်တဲ့ အစီအစဉ်ရှိပြီး
  • 4:13 - 4:16
    အိမ်တွင်း အကြမ်းဖက်ခံရသူတွေကို
    ငွေရေးကြေးရေးအရ
  • 4:16 - 4:19
    ပံ့ပိုးပေးပြီး ကူညီပေးနိုင်ပါတယ်။
  • 4:19 - 4:22
    ငွေရေးကြေးရေးအရ အလွဲသုံးစားခံရသူ
    ၉၉ ရာခိုင်နှုန်းတို့ဟာ-
  • 4:22 - 4:26
    အိမ်တွင်းအကြမ်းဖက်မှုကိစ္စ
    တစ်ရာမှာ ၉၉ ခုထဲတွင်-
  • 4:26 - 4:31
    ငွေရေးကြေးရေး အလွဲသုံးစားခံရမှုကြောင့်
    ချောင်ပိတ်မိသလို ခံစားကြရပါတယ်။
  • 4:31 - 4:35
    Purple Purse က ငွေရေးကြေးရေးအရ အလွဲသုံးစား
    မှုကို ‘‘မမြင်ရတဲ့ လက်နက်’’လို့ ခေါ်ပါတယ်၊
  • 4:36 - 4:39
    မြင်ရနိုင်တဲ့ စော်ကားမှုက
    ပွန်းပဲ့မှု ဒဏ်ရာတွေကို ချန်ထားခဲ့ပေမဲ့
  • 4:39 - 4:41
    ငွေရေးအရ အလွဲသုံးစားခံရမှုကျတော့
    ဘာမှ မကျန်ရစ်ခဲ့လို့ပါ။
  • 4:42 - 4:47
    ငွေကြေးအရ အလွဲသုံးစားခံရမှုနဲ့မှီခိုရမှုက
    စိတ်ထဲမှာ အနာရွတ်တွေ ချန်ထားခဲ့တယ်။
  • 4:47 - 4:51
    မျှော်လင့်ချက် ကင်းမဲ့ခြင်း၊
    အပြစ်ရှိခြင်း၊ ရှက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊
  • 4:51 - 4:55
    ယုံကြည်မှုကင်းမဲ့ခြင်းနဲ့ ကိုယ့်ကိုယ်ကို
    အထင်သေးခြင်းတို့ ခံစားရပါတယ်။
  • 4:55 - 4:59
    ဘယ်သူကမှ အဲဒီအကြောင်း မပြောဆိုကြလို့လည်း
    ငွေရေးအရ မှီခိုရမှုကို မြင်မရနိုင်ပါ။
  • 4:59 - 5:00
    ဘာ​ကြောင့်များလဲ။
  • 5:00 - 5:03
    ဘယ်သူကမှ ကိုယ့်စိတ်ထဲက
    အနာရွတ်တွေကို မပြချင်ကြဘူး၊
  • 5:04 - 5:08
    ပြီးတော့ ကျွန်မတို့ အိမ်တွေမှာ၊ လုပ်ငန်း
    ခွင်မှာ၊ ကျွန်မတို့ အသိုင်းအဝိုင်းထဲမှာ
  • 5:08 - 5:10
    ငွေအကြောင်း
    မပြောအပ်ဘူးလို့ ဆုံးမခဲ့ကြလို့ပါ။
  • 5:10 - 5:13
    ဒီပြဿနာကို ကျွန်မ ဆွေးနွေးခဲ့တဲ
    လူတွေ အတော်လေး များပါတယ်၊
  • 5:13 - 5:16
    သူတို့အသီးသီးမှာ ပြန်ပြောနိုင်ကြတဲ့
    ဖြစ်ရပ်တွေ ရှိပေမဲ့
  • 5:16 - 5:19
    သူတို့ဟာ အဲဒါတွေကို
    ဘယ်သူကိုမှ ပြောမပြကြပါဘူး။
  • 5:19 - 5:22
    ကျွန်မကို မီးဖိုချောင်စားပွဲမှာ
    "မင်းမပြောနဲ့နော်" လို့ မှာခဲ့လို့
  • 5:22 - 5:25
    ကျွန်မ ဘယ်သူကိုမှ ဘယ်တုန်းကမှ မပြောခဲ့ဘူး။
  • 5:25 - 5:30
    နှစ်များစွာ လိုက်နာလာခဲ့တဲ့ အဲဒီ စည်းကမ်း
    အခုတောင် ချိုးဖောက်ဖို့ ခဲယဉ်းနေပါတယ်။
  • 5:30 - 5:33
    ဒီတော့ ကျွန်မ ဘာလုပ်နိုင်မလဲ။
    ရှင်တို့ကော ဘာလုပ်ပေးနိုင်ကြမလဲ။
  • 5:33 - 5:37
    မြင်မရတဲ့ ဒီလက်နက်ကို ချေဖျက်ဖို့
    ကျွန်မတို့အားလုံး ဘာများ လုပ်နိုင်ကြမလဲ။
  • 5:37 - 5:39
    ကျွန်မတို့ဟာ ပြဿနာ သုံးခုကို
    ဖြေရှင်းပေးနိုင်ကြတယ်။
  • 5:39 - 5:41
    ပထမပြဿနာက အသိပညာ နည်းပါးခြင်းပါ၊
  • 5:41 - 5:44
    ငွေအကြောင်းကို
    သိရှိခြင်းနဲ့ ငွေရှိခြင်းက
  • 5:44 - 5:46
    အမြဲတမ်း ဖြေရှင်းမပေးနိုင်ကြလို့ပါ။
  • 5:46 - 5:50
    ကျွန်မ အဖြစ်က၊ ငွေကို စီမံကိုင်တွယ်ရာတွင်
    ပညာတတ် ကျွမ်းကျင်သူ ဖြစ်ပေမဲ့
  • 5:50 - 5:53
    အဲဒါက ကျွန်မအား ငွေရေးအရ မှီခိုသူ
    ဖြစ်မလာအောင် တားဆီးမပေးခဲ့ဘူး။
  • 5:53 - 5:55
    ဘာ​ကြောင့်များလဲ။
  • 5:55 - 5:58
    ကျွန်မ ကြီးပြင်းလာစဉ်က ယုံကြည်ချက်နဲ့
    အတွေ့အကြုံတွေ ကြောင့်ပါ-
  • 5:58 - 6:00
    လူတစ်ယောက်တည်းက
    ငွေအားလုံးကို စီမံခန့်ခွဲခဲ့လို့ပါ။
  • 6:01 - 6:05
    အိမ်ထောင် ကွာရှင်းမှုနောက် ငွေကြေးအရ
    ဘဝသစ် တည်ဆောက်ဖို့ လိုအပ်ခဲ့တယ်။
  • 6:05 - 6:08
    အဲဒါနဲ့ ကျွန်မဟာ မိမိကိုမိမိ ဖွံ့ဖြိုး
    တိုးတက်ရေး သင်တန်းတွေ တက်ခဲ့တယ်၊
  • 6:09 - 6:11
    မိမိကိုမိမိ ကူညီရေး စာအုပ်တွေကို
    ရှာကြံဖတ်ခဲ့တယ်။
  • 6:11 - 6:16
    အဲဒီကျမှ ကျွန်မ ကြီးပြင်းလာခဲ့စဉ်
    မိသားစုထဲက ဖြစ်စဉ်တွေကို နားလည်လာခဲ့ပြီး
  • 6:17 - 6:21
    အဲဒါ ကျွန်မရဲ့ ငွေကြေးလုပ်ပိုင်ခွင့်
    လွှဲပေးရန် စေ့ဆော်ခဲ့ပုံကို သိနားလည်လာတယ်။
  • 6:21 - 6:25
    ကိုယ်ဟာ ကိုယ့်စိတ်ထဲက ပွန်းပဲ့မှု
    ဒဏ်ရာတွေကို သိမြင်လာပြီ ဆိုရင်
  • 6:25 - 6:29
    ကိုယ်ဟာ ငွေကြေးမှီခိုရမှုမှ
    လွတ်ကျွတ်မှုကို စလုပ်နိုင်ပါပြီ။
  • 6:29 - 6:34
    နောက်ပြဿနာ တစ်ခုက
    ငွေရေးကြေးရေး အသုံးလုံး မကျေမှုပါ။
  • 6:34 - 6:37
    ငွေရေးကြေးရေးဆိုင်ရာ အသုံးလုံး
    ကျေမှုဆိုတာက ကိုယ့်ငွေဆိုင်ရာ
  • 6:37 - 6:40
    ဆုံးဖြတ်ချက်တွေ သိရှိနားလည်စွာ ချမှတ်
    နိုင်တဲ့ ကျွမ်းကျင်မှု ရှိခြင်းပါပဲ။
  • 6:40 - 6:44
    အဲဒါ ငွေစုဆောင်းခြင်းနဲ့ ရင်းနှီးမြှုပ်
    နှံခြင်း၊ ဘတ်ဂျက်ကို ရေးဆွဲခြင်းနဲ့
  • 6:44 - 6:46
    အကြွေးကို စံမံခြင်းတို့ ပါဝင်ကြတယ်။
  • 6:46 - 6:50
    ၂၀၁၈ ခုနှစ်ထဲတွင် ပြည်နယ် ၁၇ ခုတို့မှာသာ
    ငွေရေးကြေးရေး ပညာရပ်ကို
  • 6:50 - 6:52
    အထက်တန်းကျောင်းတွေမှာ
    သင်ပေးရန် တောင်းဆိုခဲ့ကြတယ်။
  • 6:52 - 6:57
    မကြာမီက လေ့လာမှုများအရ အမေရိကန်
    လူမျိုး ၆၆ ရာခိုင်နှုန်းတို့ဟာ
  • 6:57 - 7:01
    ငွေရေးကြေးရေး အသုံးလုံး မကျေဘူးလို့
    ထောက်ပြခဲ့တာ အဲဒါကြောင့်ပါ။
  • 7:01 - 7:04
    ကိုယ်ဟာ ငွေရေးကြေးရေးအရ
    မှီခိုနေရသူဖြစ်ရင်၊
  • 7:04 - 7:10
    ကိုယ့် ငွေရေးကြေးရေးကိစ္စတွေကို
    လေ့လာမှုမှ စတင်ရမယ်၊
  • 7:10 - 7:14
    ငွေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပါ၊
    ဆုံးဖြတ်မှုထဲ ပါဝင်ပါ။
  • 7:14 - 7:17
    ကိုယ်ဟာ ငွေရေးကြေးရေးအရ
    အလွဲသုံးစားခံရသူ ဖြစ်ရင်၊
  • 7:17 - 7:20
    ကိုယ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ရယူပါ။
  • 7:20 - 7:24
    ဘဏ်ခရက်ဒစ်ကဒ် ရှင်းတမ်း၊
    လူမှုလုံခြုံရေး အချက်အလက်တွေနဲ့
  • 7:24 - 7:27
    ငွေစာရင်းစာအုပ် ကုဒ်တွေလို ငွေရေးကြေးရေး
    စာတမ်းတွေကို လေ့လာကြည့်ပါ။
  • 7:27 - 7:32
    နောက်ဆုံးပြဿနာက ပံ့ပိုးမှု ပေးမယ့်သူ
    မရှိခြင်း ရယူဖို့ မလွယ်ခြင်းပါ။
  • 7:32 - 7:34
    ငွေနဲ့ သက်ဆိုင်တဲ့ အလေ့အထကောင်းများကို
    လေ့ကျင့်ပေးကြတဲ့
  • 7:34 - 7:37
    အွန်လိုင်းနဲ့ ကိုယ့်အသိုင်းအဝိုင်းထဲမှာ
    အခမဲ့ ရင်းမြစ်တွေ
  • 7:37 - 7:41
    ရှိတာကို လူတော်တော်များများ မသိကြပါဘူး။
  • 7:41 - 7:45
    ပြီးတော့ ငွေရေးကြေးရေးအရ
    အလွဲသုံးစားခံခဲ့ရသူတို့အတွက်
  • 7:45 - 7:47
    Purple Purse လို အခမဲ့
    ရင်းမြစ်တွေ ရှိကြတယ်။
  • 7:47 - 7:52
    ငွေရေးကြေးရေးအရ အမှီအခိုကင်းသူတွေကို
    နားထောင်ခြင်းဟာလည်း
  • 7:52 - 7:55
    ပံ့ပိုးမှုကောင်း ဖြစ်နိုင်ပါတယ်။
  • 7:55 - 7:57
    ကိုယ့်အဖြစ်အပျက်ကို
    မျှဝေပေးဖို့လည်း လိုပါတယ်၊
  • 7:57 - 8:01
    ကိုယ့်ဖြစ်ရပ်ကို အခြားသူတို့အား မျှ
    ဝေပေးခြင်းက သူတို့ကို အားပေးမှု ဖြစ်သလို၊
  • 8:01 - 8:03
    သူတို့ရဲ့ ဖြစ်ရပ်ကို
    ပြန်ပြီး စဉ်းစားပြင်ဆင်ဖို့
  • 8:03 - 8:05
    ခွင့်ပေးမှုလည်း ဖြစ်ပါတယ်။
  • 8:05 - 8:07
    ကျွန်မက ကျွန်မအဖြစ်ကို မျှဝေပေးလိုက်လို့၊
  • 8:07 - 8:10
    လူတွေကို ငွေရေးကြေးရေးအရ
    အမှီအခိုကင်းရေးကို လေ့လာလာစေပြီး
  • 8:10 - 8:12
    သူတို့ရဲ့ အဖြစ်တွေကို မျှဝေပေးကြရင်း
  • 8:12 - 8:16
    အခြားသူတွေနဲ့ ဆက်သွယ်ပြီး မြင်မရတဲ့
    ဒီပြဿနာကို မီးမောင်းထိုးပြကြမယ်၊
  • 8:16 - 8:19
    ကျွန်မတို့ အားလုံး ငွေရေးကြေးရေးအရ လွတ်လပ်
    သူတွေ ဖြစ်လာကြမယ်လို့ မျှော်လင့်ပါတယ်။
  • 8:20 - 8:23
    (လက်ခုပ်သံများ)
Title:
ငွေကြေးအရ အမှီအခိုကင်းမှုရဲ့ တန်ဖိုးအမှန်
Speaker:
Estelle Gibson
Description:

ကိုယ့်ငွေကြေးတွေ ထိန်းချုပ်မှုကို၊ ကိုယ့်ဆန္ဒရ ဖြစ်စေ ဒါမှမဟုတ် အခြားအကြောင်းကြောင့် ဖြစ်စေ၊ သူများကို လွှဲပေးလိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် လုပ်ပိုင်ခွင့်မဲ့သွားစေပြီး တချို့ကိစ္တွေမှာ အလွဲသုံးစားခံရမယ့် ဂယက်ထဲသို့ တွန်းပို့ခံရနိုင်ပါတယ်။ ကိုယ်ရေးဆိုင်ရာ နက်ရှိုင်းတဲ့ ဒီဟောကြားချက်ထဲတွင်၊ စာရင်းကိုင်ဖြစ်တဲ့ Gibson ကနေပြီး ငွေကြေးအရ မှီခိုနေခဲ့ရမှုမှ ပြန်ပြီး အခြေချရပ်တည်ဖို့ အားထုတ်ခဲ့ရပုံကို မျှဝေတင်ပြပေးလျက် ကိုယ့်ငွေကြေးကိစ္စတွေကို ကိုယ့်ဘာသာကိုယ် တာဝန်ယူလိုက်ခြင်းနဲ့အတူ လွတ်လပ်မှုကို ရယူလိုကြတဲ့ အခြားသူတွေကို အားပေးနိုင်တဲ့ လုပ်ဆောင်စရာတွေကို ရှင်းလင်း ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
08:36

Burmese subtitles

Revisions