Return to Video

သဏ္ဍာန် ပြောင်းလဲခြင်း နည်းပညာက ကျွနုပ်တို့သိတဲ့ အလုပ်ကို ပြောင်းလဲပစ်ပါလိမ့်မယ်။

  • 0:01 - 0:04
    လူတွေက ကိရိယာတွေနဲ့၊ ကိရိယာတွေက
    လူတွေနဲ့ အတူ ဆင့်ကဲပြောင်းလဲလာခဲ့ကြတယ်။
  • 0:04 - 0:09
    ဘိုးဘေးတွေက ဒီလက်ပုဆိန်တွေကို
    လွန်ခဲ့တဲ့ နှစ် ၁သန်းခွဲက ဖန်တီးခဲ့တယ်။
  • 0:09 - 0:12
    ဒါတွေကို လုပ်ကိုင်ရာတွင်
    လက်ထဲ အံကျဖို့ ပုံသွင်းရုံတင်မက
  • 0:12 - 0:14
    လက်တွေကိုရော ပုံသွင်းခဲ့ပါတယ်။
  • 0:15 - 0:16
    ဒါပေမဲ့ နှစ်တွေကြာလာတဲ့အခါ
  • 0:16 - 0:19
    ကိရိယာတွေဟာ ပိုပိုပြီး ထူးခြားလာကြတယ်။
  • 0:19 - 0:23
    ဒီထွင်းတဲ့ ကိရိယာတွေဟာ ၎င်းတို့ရဲ့
    အသုံးကနေ ပြောင်းလဲလာပြီး
  • 0:23 - 0:27
    တစ်ခုချင်းစီဟာ ၎င်းရဲ့ အသုံးဝင်မှုနဲ့
    လိုက်ဖက်တဲ့ မတူတဲ့ ပုံတစ်ခုစီရှိတယ်။
  • 0:27 - 0:29
    အရမ်းပိုတိကျတဲ့ အရာတွေကို
    ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့
  • 0:29 - 0:33
    ကျွန်တော်တို့ လက်တွေရဲ့ ကျွမ်းကျင်မှုကို
    အများဆုံး သုံးတယ်။
  • 0:33 - 0:36
    ဒါပေမဲ့ ကိရိယာတွေဟာ ပိုပိုရှုပ်ထွေးလာတော့
  • 0:36 - 0:40
    ဒါတွေကို ထိန်းချုပ်ဖို့ ပိုရှုပ်ထွေးတဲ့
    အထိန်းတွေ ပိုလိုလာတယ်။
  • 0:41 - 0:45
    ဒါနဲ့ ဒီဇိုင်နာတွေဟာ အခြားအရာတွေကို
    အာရုံစိုက်နေရင်း ကန့်သတ်ဘောင်တွေကို
  • 0:45 - 0:49
    ကိုင်တွယ်ခွင့်ပေးတဲ့ ကြားခံပစ္စည်းတွေ
    ဖန်တီးတာမှာ ကျွမ်းကျင်လာပါတယ်။
  • 0:49 - 0:52
    ဥပမာ၊ ဓါတ်ပုံရိုက်ခြင်း၊
    ဆုံမှတ် ဒါမှမဟုတ်
  • 0:52 - 0:53
    အလင်းပေါက်ပြောင်းခြင်းပေါ့။
  • 0:54 - 0:58
    ဒါပေမဲ့ ကွန်ပြူတာက ကိရိယာတွေနဲ့ပတ်သက်ပြီး
    တွေးပုံကို အခြေခံကျကျ ပြောင်းလိုက်တယ်
  • 0:58 - 1:00
    ကွန်ပြူတာက ပြောင်းလဲနိုင်စွမ်းရှိတာကိုး။
  • 1:01 - 1:03
    ဒီတော့ ဒါက မတူတဲ့အရာ တစ်သန်းလုပ်နိုင်ပြီး
  • 1:03 - 1:05
    မတူညီတဲ့ လုပ်ဆောင်ချက်
    တစ်သန်းကို သုံးနိုင်တယ်လေ။
  • 1:05 - 1:09
    ဒါပေမဲ့ ကွန်ပြူတာတွေမှာ ဒီမတူညီတဲ့
    လုပ်ဆောင်ချက်တွေအတွက် တူညီတဲ့
  • 1:09 - 1:11
    တည်ငြိမ်တဲ့ သက်မဲ့ ပုံစံရှိကြပြီး
  • 1:11 - 1:14
    အလားတူ တည်ငြိမ်တဲ့ ကြားခံ
    အခြေခံသဘောတွေလည်း ရှိကြတယ်။
  • 1:14 - 1:16
    အခြေခံအားဖြင့်တော့ ဒါက
    ပြဿနာတစ်ရပ်လို့ ထင်မိတယ်။
  • 1:16 - 1:19
    အကြောင်းက ဒါက ကျွန်တော်တို့
    လက်တွေနဲ့ တုန့်ပြန်ဆက်သွယ်တာနဲ့
  • 1:19 - 1:23
    ကျွန်တော်တို့ကိုယ်ထဲ ရှိနေကြတဲ့
    ကြွယ်ဝတဲ့ ကျွမ်းကျင်မှုကို သုံးလာစေပါတယ်။
  • 1:24 - 1:29
    ကျွန်တော့ ယုံကြည်ချက်က ကိုယ့်မှာရှိတဲ့
    ဒီကြွယ်ဝတဲ့ လက်မှုကျွမ်းကျင်မှုတွေကို
  • 1:29 - 1:32
    သိမ်းထားနိုင်တဲ့ ကြားခံစနစ်အသစ်တွေ
    မုချလိုအပ်တယ်၊ ပြီးတော့ ရုပ်ပိုင်းအရ
  • 1:32 - 1:35
    ကျွန်တော်တို့ကို လိုက်ဖက်အောင်
    ပြင်ပေးနိုင်ပြီး
  • 1:35 - 1:37
    နည်းသစ်တွေနဲ့ တုံ့ပြန်ဆက်သွယ်
    နိုင်တာတွေပါ။
  • 1:37 - 1:40
    ဒီလိုနဲ့ ဒါက MIT Media Lab မှာ
    လုပ်နေခဲ့တာဖြစ်ပြီး
  • 1:40 - 1:41
    အခုတော့ Stamford မှာပေါ့။
  • 1:42 - 1:46
    ဒီတော့ လုပ်ဖော်ကိုင်ဖက် Daniel
    Leithinger နဲ့ Hiroshi Ishii တို့နဲ့
  • 1:46 - 1:47
    inFORM ကို ဖန်တီးခဲ့တယ်။
  • 1:47 - 1:49
    အဲဒီမှာ ကြားခံစနစ်က
    စခရင်ကနေ ကြွလာနိုင်ပြီး
  • 1:49 - 1:52
    ဒါကို ကိုယ်တိုင် ကိုင်တွယ်လို့ရတာပါ။
  • 1:52 - 1:55
    (သို့) ရုပ်ပိုင်းဆိုင်ရာ 3D
    အချက်အလက်ကို မြင်နိုင်ပြီး
  • 1:55 - 1:58
    နည်းသစ်တွေနဲ့ ထိနိုင်၊ ခံစားနိုင်၊
    နားလည်နိုင်ပါတယ်။
  • 2:04 - 2:08
    (သို့) ဒစ်ဂျစ်တယ် မြေသားကို ထုဆစ်ဖို့
    လက်ဟန်ဖြင့် ပုံစံပြောင်လဲမှုတွေကို
  • 2:08 - 2:10
    ညွှန်ကြား တုံ့ပြန်ဆက်သွယ်နိုင်ပါတယ်။
  • 2:14 - 2:18
    (သို့) ကြားခံဒြပ်တွေဟာ စခရင်ကနေ ပေါ်လာကာ
  • 2:18 - 2:19
    လိုရာကို ပြောင်းနိင်တယ်။
  • 2:19 - 2:21
    သဘောက လုပ်ဆောင်ချက်တစ်ခုချင်းအတွက်
  • 2:22 - 2:25
    ရုပ်ပိုင်းပုံစံဟာ ဒီလုပ်ဆောင်ချက်နဲ့
    တွဲဖက်နိုင်တာပါ။
  • 2:25 - 2:27
    ဒါဟာ အချက်အလက်ကို
    ရုပ်ပိုင်းအဖြစ် ဖန်တီးရင်း
  • 2:27 - 2:29
    ၎င်းနဲ့ တုံ့ပြန်ဆက်သွယ်ရေး နည်းသစ်ကို
  • 2:29 - 2:31
    ကိုယ်စားပြုတာလို့ ထင်တယ်။
  • 2:31 - 2:33
    ဒီတော့ မေးခွန်းက ဒါကို ဘယ်လိုသုံးနိုင်လဲ။
  • 2:34 - 2:38
    ထုံးစံအရ မြို့ပြစီမံချက်ဆွဲသူတွေ၊ ဗိသုကာ
    တွေဟာ မြို့တွေနဲ့ အဆောက်အဦတွေ
  • 2:38 - 2:40
    ကို ပိုနားလည်ဖို့ ရုပ်ပိုင်း
    ပုံစံငယ်တွေ ဆောက်တယ်။
  • 2:40 - 2:45
    ဒါနဲ့ Media Lab က Tony Tang နဲ့အတူ မြို့ပြ
    စီမံချက်ဆွဲသူတွေ တစ်မြို့လုံး ပုံစံထုတ်၊
  • 2:45 - 2:50
    ကြည့်ခွင့်ရအောင် inFORM မှာ ကြားခံစနစ်
    တစ်ခု တည်ဆောက် ဖန်တီးလိုက်တယ်။
  • 2:50 - 2:54
    ဒီတစ်ဝိုက်မှာ လမ်းလျှောက်လို့ရပေမဲ့
    ဒါက ပြောင်းလဲနိုင်တယ်၊ ရုပ်ပိုင်းဆိုင်ရာပါ
  • 2:54 - 2:56
    တိုက်ရိုက် တုံ့ပြန်ဆက်သွယ်နိုင်တယ်၊
  • 2:56 - 2:57
    (သို့) ထောင့်အစုံက ကြည့်လို့ရပါတယ်၊
  • 2:57 - 3:00
    ဥပမာ လူဦးရေ (သို့) ယာဉ် အချက်အလက်ပေါ့။
  • 3:00 - 3:02
    ဒါက ရုပ်ပိုင်းပဲ လုပ်ထားတာပါ။
  • 3:03 - 3:07
    ယုံကြည်သေးတာက ဒီပြောင်းလဲနိုင်တဲ့
    သဏ္ဍာန်ဟာ အဝေးကနေ လူတွေနဲ့ ပူးပေါင်း
  • 3:07 - 3:10
    လုပ်ဆောင်ပုံတွေကို ပြောင်းလဲနိုင်တယ်
    ဆိုတာ ပြတယ်ဆိုတာပါ။
  • 3:10 - 3:12
    ဒီတော့ လူကိုယ်တိုင် အတူတူ လုပ်ကြတဲ့အခါ
  • 3:12 - 3:14
    ခင်ဗျားမျက်နှာကို ကြည့်နေတာသာမက
  • 3:14 - 3:17
    ဟန်အမူအရာပါပြနေပြီး ဝတ္ထုတွေကို
    ကိုင်တွယ်နေတယ်၊
  • 3:17 - 3:21
    Skype လိုမျိုး ကိရိယာကို သုံးနေရင်
    လုပ်ဖို့ အတော်ခက်ပါတယ်။
  • 3:22 - 3:25
    ဒီလို inFORM ကိုသုံးခြင်းအားဖြင့်
    စခရင်ကနေ လှမ်းပြီး
  • 3:25 - 3:27
    အဝေးက အရာတွေကို ကိုင်တွယ်နိုင်တာပေါ့။
  • 3:27 - 3:30
    ဒါနဲ့ လူတွေရဲ့လက်တွေကို ကိုယ်စားပြုဖို့
    ပြကွက်ပင်တွေကို သုံးကာ
  • 3:30 - 3:35
    သူတို့ကို အဝေးက ဝတ္ထုတွေနဲ့
    ထိခွင့်၊ ကိုင်တွယ်ခွင့်ပေးပါတယ်။
  • 3:39 - 3:43
    3D ဒေတာအစုတွေပေါ်မှာလည်း
    ကိုင်တွယ် ပူးပေါင်းနိုင်ပါသေးတယ်။
  • 3:43 - 3:46
    ၎င်းတို့ကို ကိုင်တွယ်နိုင်သလို ၎င်းတို့
    တစ်ဝိုက်မှာ အမူအရာပြနိုင်ပါတယ်။
  • 3:47 - 3:51
    ဒါက အစဉ်အလာ ကိရိယာတွေနဲ့ ဖြစ်နိုင်ခြေ
    ရှိလောက်တာတွေထက် ပိုကြွယ်ဝတဲ့ နည်းမှာ
  • 3:51 - 3:55
    လူတွေကို 3D အချက်အလက်ရဲ့ ပုံစံသစ်
    တွေပေါ်မှာ ပူးပေါင်းခွင့်ပေးပါတယ်။
  • 3:56 - 3:59
    ဒီလိုနဲ့ ရှိနေတဲ့ ဝတ္ထုတွေထဲ
    သင်လည်း ပါဝင်ပတ်သက်လာပြီး
  • 3:59 - 4:02
    ဒါတွေကို တစ်ဘက်မှာသိမ်းကာ တခြား
    ဘက်ကို ထုတ်လွှင့်တယ်၊ ဒါမှမဟုတ်
  • 4:02 - 4:05
    သင့်မှာ နေရာနှစ်ခုကြားကို ဆက်ထားတဲ့
    ဝတ္ထုတစ်ခုရှိနိုင်တယ်၊
  • 4:05 - 4:07
    ဒီတော့ ဘောလုံးကို တစ်ဘက်ကို ရွှေ့လိုက်ရင်
  • 4:07 - 4:09
    ဘောလုံးက အခြားဘက်ကိုရော ရွှေ့တယ်။
  • 4:10 - 4:13
    ဒီလိုနဲ့ Microsoft Kinect လို
    အာရုံခံ နက်ရှိုင်းတဲ့
  • 4:13 - 4:16
    ကင်မရာကို အဝေးမှ သုံးသူဖြင့်
    ရိုက်ယူပြီး ဒါကို ပြုလုပ်တယ်။
  • 4:17 - 4:20
    အခု ဒါအားလုံး ဘယ်လိုအလုပ်လုပ်တယ်
    ဆိုတာကို အံ့ဩမိနေကြလိမ့်မယ်၊
  • 4:20 - 4:23
    အခြေခံကတော့ ဒါက အတန်းလိုက်
    ရွေ့လျားကိရိယာ ၉၀၀ ပါ၊
  • 4:23 - 4:26
    ဒါတွေကို ဟောဒီအောက်က
    ရွေ့လျားမှုကို အပေါ်က
  • 4:26 - 4:30
    ပင်တွေထဲမှာ ဖြန့်ဖို့ လမ်းဖွင့်ပေးတဲ့
    ဒီကွင်းဆက်တွေနဲ့ ဆက်ထားတယ်။
  • 4:30 - 4:33
    ဒီတော့ ဒါက CERN မှာ ဖြစ်နေတာနဲ့စာရင်
    ဒီလောက် မရှုပ်ထွေးပါဘူး၊
  • 4:33 - 4:35
    ဒါပေမဲ့ ဒါဆောက်ဖို့တော့
    အချိန်အတော်ယူခဲ့ရတယ်။
  • 4:35 - 4:38
    ဒါနဲ့ မော်တာတစ်လုံး၊ ရွေ့ရှားကိရိယာ
  • 4:38 - 4:39
    တစ်ခုတည်းနဲ့ စခဲ့ပြီး
  • 4:40 - 4:43
    ဒါတွေကို ထိန်းဖို့ အထူး ဆားကစ်ပြား
    တစ်ချပ် ပုံစံထုတ်ဖို့လိုခဲ့တယ်။
  • 4:43 - 4:45
    ဒီနောက် ဒါတွေ အများကြီး
    လုပ်ဖို့လိုခဲ့တယ်။
  • 4:45 - 4:49
    ဒီတော့ ၉၀၀ ဆိုတဲ့ဟာနဲ့ ရှိနေတဲ့ ပြဿနာက
  • 4:49 - 4:52
    အဆင့်တိုင်းကို အကြိမ် ၉၀၀ လုပ်ဖို့လိုတာပါ။
  • 4:52 - 4:54
    ဆိုလိုတာက အလုပ်အများကြီး
    လုပ်ဖို့လိုတယ်ပေါ့။
  • 4:54 - 4:58
    ဒါနဲ့ Media Lab ထဲမှာ ပင်ပန်လွန်းတဲ့
    အလုပ်ရုံကလေး တည်လိုက်သလိုဖြစ်ပြီး
  • 4:58 - 5:02
    ကျောင်းမပြီးသေးတဲ့သူတွေခေါ်ပြီး
    သုသေသနလုပ်ဖို့ နားချခဲ့တယ်၊
  • 5:02 - 5:03
    (ရယ်သံများ)
  • 5:03 - 5:06
    ညဉ့်နက်ခံပြီး ရုပ်ရှင်တွေကြည့်၊ ပီဇာစား၊
  • 5:06 - 5:08
    ထောင်ချီတဲ့ ဝက်အူတွေစုပ်ရင်းပေါ့။
  • 5:08 - 5:09
    သိတယ်နော်၊ သုသေသနလေ။
  • 5:09 - 5:10
    (ရယ်သံများ)
  • 5:10 - 5:14
    ဒါပေမဲ့၊ inFORM က ကျွန်တော်တို့ကို
    လုပ်ခွင့် ပေးလိုက်တာတွေကနေ
  • 5:14 - 5:15
    တကယ် စိတ်လှုပ်ရှားမိတယ် ထင်ပါတယ်။
  • 5:16 - 5:20
    တိုးပြီးတော့ မိုဘိုင်းကိရိယာတွေသုံးပြီး
    အဆက်မပြတ် တုံ့ပြန်ဆက်သွယ်တယ်။
  • 5:20 - 5:22
    ဒါပေမဲ့ မိုဘိုင်းကိရိယာတွေမှာ
    ကွန်ပြူတာတွေလိုပဲ
  • 5:22 - 5:25
    လုပ်ဆောင်ချက် အများကြီးသုံးပါတယ်။
  • 5:25 - 5:27
    ဒါတွေကို ဖုန်းပြောဖို့၊ ဝက်ဘ်ကြည့်ဖို့၊
  • 5:27 - 5:30
    ဂိမ်းကစားဖို့ ဓါတ်ပုံရိုက်ဖို့ ဒါမှမဟုတ်
  • 5:30 - 5:32
    သန်းချီတဲ့အရာတွေအတွက် သုံးပါတယ်။
  • 5:32 - 5:35
    ဒါပေမဲ့ သူတို့မှာလည်း လုပ်ဆောင်ချက်
    တစ်ခုစီအတွက် အလားတူ
  • 5:35 - 5:37
    တည်ငြိမ်တဲ့ သက်မဲ့ ပုံစံရှိပြန်တယ်။
  • 5:37 - 5:40
    ဒါနဲ့ inFORM အတွက် ဖန်တီးခဲ့တဲ့
    အလားတူ တုံ့ပြန်ဆက်သွယ်မှုတစ်ချို့ယူ
  • 5:40 - 5:42
    ဒါတွေကို မိုဘိုင်းကိရိယာတွေဆီ
  • 5:42 - 5:44
    ဘယ်လိုပို့မလဲဆိုတာ သိချင်ခဲ့မိတယ်။
  • 5:44 - 5:48
    ဒါနဲ့ Stanford မှာ ထိတွေ့မှု အစွန်း
    မျက်နှာပြင် ဖန်တီးခဲ့တယ်၊
  • 5:48 - 5:51
    ဒါက ပုံစံပြောင်းနိုင်တဲ့ အတန်းလိုက်
    ရွေ့ရှားကိရိယာတွေပါတဲ့
  • 5:51 - 5:53
    မိုဘိုင်းကိရိယာပါ။
  • 5:53 - 5:57
    ဒီတော့ စာအုပ်ဖတ်နေစဉ် ဘယ်မှာ
    ရှိတာကို လက်ထဲမှာ ခံစားနိုင်တယ်။
  • 5:57 - 6:01
    (သို့) တုန်ခါခြင်းထက် ပိုကြွယ်ဝတဲ့
    ထိတွေ့မှုတွေရဲ့ ပုံစံသစ်တွေကို
  • 6:01 - 6:03
    အိပ်ကပ်ထဲမှာ ခံစားနိုင်ပါတယ်။
  • 6:03 - 6:06
    (သို့) ကိုယ်ရောက်ချင်တဲ့ နေရာကို
    တုံ့ပြန်ဆက်သွယ်နိုင်တဲ့ ခလုတ်တွေ
  • 6:06 - 6:08
    ဘေးကနေပေါ်လာနိုင်တယ်၊
  • 6:09 - 6:13
    (သို့) ဂိမ်းတွေကစားနိုင်ပြီး
    တကယ့် ခလုတ်တွေ ပါပါတယ်။
  • 6:14 - 6:15
    ဒါနဲ့ပဲ ကိရိယာထဲမှာ အသေးစား
  • 6:15 - 6:20
    အတန်းလိုက်ရွေ့ရှားကိရိယာတွေ ၄၀
    မြှုပ်ခြင်းနဲ့ ဒါကို ပြုလုပ်နိုင်ခဲ့ပြီး
  • 6:20 - 6:22
    ဒါတွေကို ထိတွေ့ခွင့်ရတာတင်မက
  • 6:22 - 6:24
    နောက်ပြန် တွန်းလို့လည်း ရပါတယ်။
  • 6:25 - 6:29
    ဒါပေမဲ့ ပိုရှုပ်ထွေးတဲ့ ပုံစံအပြောင်းအလဲ
    ဖန်တီးဖို့ အခြားနည်းတွေကိုလည်း ကြည့်ပါတယ်။
  • 6:29 - 6:33
    ဒီတော့ ဖုန်းတစ်လုံးနဲ့ အရမ်းတူတဲ့
    တစ်ခုခုကနေ လက်ကောက်ဝတ် ပတ်ကြိုးကို
  • 6:33 - 6:36
    အဆက်မပြတ်သွားနိုင်တဲ့ ညက်ညောတဲ့
    ကိရိယာတစ်ခုကို ဖန်တီးဖို့
  • 6:36 - 6:39
    လေထိုးရွေ့ရှားခြင်းကို သုံးထားတယ်။
  • 6:40 - 6:43
    ဒါနဲ့ Media Lab က Ken Nakagaki နဲ့တွဲပြီး
  • 6:43 - 6:45
    ပုံရိပ်ပြတ်သားမှုမြင့်တဲ့ အသွင်သစ်
    ဖန်တီးလိုက်တယ်၊
  • 6:45 - 6:51
    ဒါက တုံ့ပြန်ဆက်သွယ်တဲ့ လက်ကောက်ဝတ်
    ပတ်ကြိုးကနေ ထိတွေ့မှု ဖြည့်သွင်း ကိရိယာ၊
  • 6:51 - 6:54
    ဖုန်းဆီကို ပြောင်းပေးတဲ့ ဆာဗိုမော်တာ
  • 6:54 - 6:56
    အတန်းကိုသုံးပါတယ်။
  • 6:56 - 6:57
    (ရယ်သံများ)
  • 6:58 - 7:00
    အသုံးပြုသူတွေဟာ သူတို့ အသုံးပြုချင်တဲ့
  • 7:00 - 7:03
    ကိရိယာတွေထဲကို ပုံဖော်ဖို့
    ကြားခံစနစ်တွေကို
  • 7:03 - 7:06
    ပုံသွင်းနိုင်တဲ့ နည်းလမ်းတွေ
    ကြည့်ဖို့လည်း စိတ်ဝင်စားပါတယ်။
  • 7:06 - 7:08
    ဒီတော ဂိမ်း အထိန်းလို
    တစ်ခုခု ဖန်တီးနိုင်ပြီး
  • 7:08 - 7:11
    ဘယ်ပုံစံဝင်လာတာကို စနစ်က နားလည်ကာ
  • 7:11 - 7:13
    အဲဒီအသွင်ကို ပြောင်းလိုက်မှာပါ။
  • 7:14 - 7:16
    ဒါက ဘယ်ကို ညွှန်းတာလဲ။
  • 7:16 - 7:18
    ဒီကနေ ရှေ့ကို ဘယ်လိုရွှေ့လဲ။
  • 7:18 - 7:20
    ကျွန်တော့အထင် တကယ်က ဒီနေ့ ကျွန်တော်တို့ဟာ
  • 7:20 - 7:23
    အရာဝတ္ထုတွေရဲ့ ကွန်ရက်ဆက်သွယ်မှု
    ရွှေခေတ်မှာပါ။
  • 7:23 - 7:25
    ကွန်ပြူတာတွေက နေရာတိုင်းမှာ..
  • 7:25 - 7:27
    အိတ်ကပ်တွေထဲမှာ၊ နံရံတွေထဲမှာ
  • 7:27 - 7:31
    နောင် ငါးနှစ်အတွင်း ဝယ်ကြမယ့်
    ကိရိယာ အားလုံးနီးပါးမှာပါ။
  • 7:31 - 7:33
    ဒါပေမဲ့ ကိရိယာတွေအကြောင်း
    တွေးတာရပ်လိုက်ပြီး
  • 7:33 - 7:36
    ဒီအစား သဘာဝဝန်းကျင် အရေးကို
    တွေးမယ် ဆိုရင်ရော။
  • 7:36 - 7:38
    ကျွန်တော်တို့ကို ရုပ်ပိုင်းအရ
    ပြုပြင်ပေးနိုင်ပြီး
  • 7:38 - 7:42
    လူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာနဲ့
  • 7:42 - 7:45
    လုပ်ဆောင်မှု အသစ်တွေလုပ်တာကို
    နည်းသစ်တွေဖွင့်ပေးတဲ့
  • 7:45 - 7:49
    သားနားတဲ့ ပရိဘောဂတွေ၊ သားနားတဲ့
    အခန်းတွေ၊ သားနားတဲ့ ဝန်းကျင်တွေ၊
  • 7:49 - 7:51
    မြို့တွေ ဘယ်လိုရနိုင်မလဲ။
  • 7:51 - 7:55
    ဒါနဲ့ Milan Design Week အတွက် TRANSFORM
    ကို ဖန်တီးခဲ့တယ်၊
  • 7:55 - 7:59
    ဒါက ဒီပုံပြသချက်တွေရဲ့ တုံ့ပြန်
    ဆက်သွယ်နိုင်တဲ့ စားပွဲ ပမာဏအသွင်ပါ၊
  • 7:59 - 8:02
    မျက်နှာပြင်ပေါ်မှာ ရုပ်ဝတ္ထုတွေကို
    ရွှေ့နိုင်ပါတယ်၊ ဥပမာ၊
  • 8:02 - 8:04
    သင့်ကို သော့တွေယူဖို့ သတိပေးတာပေါ့။
  • 8:04 - 8:09
    ဒါပေမဲ့ တုံ့ပြန်ဆက်သွယ်ခြင်းရဲ့ နည်းလမ်း
    စုံကို အံကိုက်အောင် ပြောင်းနိုင်ပါသေးတယ်။
  • 8:09 - 8:10
    ဒီတော့ အလုပ်လုပ်ချင်ရင်
  • 8:10 - 8:13
    အလုပ်စနစ် ဆင်ပေးတာမျိုး ပြောင်းနိုင်ပါတယ်။
  • 8:13 - 8:15
    ဒီလိုနဲ့ ကိရိယာတစ်ခုကို လှမ်းယူစဉ်မှာ
  • 8:15 - 8:18
    သင်လိုအပ်တဲ့ တတ်နိုင်မှုအားလုံးကို
    ဖန်တီးပေးပြီး
  • 8:18 - 8:23
    ဒီရည်မှန်းချက်တွေ ပြီးမြောက်ဖို့ သင့်ကို
    ကူညီတဲ့ အခြားဝတ္ထုတွေကို ယူပေးပါတယ်။
  • 8:25 - 8:27
    ဒီတော့ နိဂုံးချုပ်အနေနဲ့
  • 8:27 - 8:31
    ကွန်ပြူတာတွေနဲ့ တုံ့ပြန်ဆက်သွယ်ရန်
    အခြေခံအားဖြင့် မတူညီတဲ့ နည်းသစ်တစ်ခု
  • 8:31 - 8:33
    အကြောင်းကို စဉ်းစားဖို့လိုတယ်လို့
    ထင်ပါတယ်။
  • 8:34 - 8:37
    ကျွန်တော်တို့အတွက် ရုပ်ပိုင်းအရနဲ့
    ကျွန်တော်တို့ သုံးချင်တဲ့
  • 8:37 - 8:39
    ပုံစံတွေအတွက် ပြင်ဆင်ပေးနိုင်ကာ
    ကျွန်တော်တို့ လက်တွေရဲ့
  • 8:39 - 8:44
    ကျွမ်းကျင်မှုများနဲ့ အချက်အလက်များကို
    ရုပ်ပိုင်းဖြစ်လာစေပြီး ဝန်းကျင်အလိုက်
  • 8:44 - 8:48
    တွေးနိုင်စွမ်းကို ထိန်းချုပ်အသုံးချ
    နိုင်တဲ့ ကွန်ပြူတာတွေ လိုတယ်။
  • 8:49 - 8:53
    ဒါပေမဲ့ မျှော်လင့်ရင်းနဲ့ ဒါရဲ့အလွန်၊
    ကိရိယာတွေရဲ့အလွန်ကို သွားဖို့နဲ့
  • 8:53 - 8:56
    လူတွေကို အတူစုစည်းလာပြီး အချက်
    အလက်တွေ ကမ္ဘာထဲကို ဆောင်ကြဉ်းဖို့
  • 8:56 - 8:59
    နည်းသစ်တွေကို တွေးဖို့၊
    ကျွန်တော်တို့ကို ရုပ်ပိုင်းအရ
  • 8:59 - 9:03
    ပြင်ဆင်ပေးနိုင်တဲ့ သားနားတဲ့ဝန်းကျင်တွေ
    အကြောင်း တွေးဖို့လို့ ထင်ပါတယ်။
  • 9:03 - 9:05
    ဒီတော့ ဒါနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။
  • 9:05 - 9:06
    ကျေးဇူးအများကြီးတင်ပါတယ်
  • 9:06 - 9:09
    (လက်ခုပ်သံများ)
Title:
သဏ္ဍာန် ပြောင်းလဲခြင်း နည်းပညာက ကျွနုပ်တို့သိတဲ့ အလုပ်ကို ပြောင်းလဲပစ်ပါလိမ့်မယ်။
Speaker:
Sean Follmer
Description:

ကျွန်တော်တို့တွေဟာ ကီးဘုတ်နဲ့ မောက်စ်တွေကို ကျော်လွန်ပြီ သွားကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်ပုံများပေါက်သွားမလဲ။ တုံ့ပြန်ဆက်သွယ်မှု ဒီဇိုင်နာ Sean Follmer ဟာ သင်အလုပ်လုပ်နေစဉ် သင့်ရဲ့ လက်ချောင်းတွေအောက်မှာ သတင်းအချက်အလက်တွေကို အသက်ဝင်လာစေတဲ့ စက်ယန္တရားတွေနဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နေပါတယ်။
ဒီဟောပြောချက်မှာ 3D သဏ္ဍာန်ပြောင်းလဲခြင်း စားပွဲခုံ၊ လက်ကောက်ဝတ်ပတ်ကြိုး အဖြစ်ပြောင်းသွားတဲ့ ဖုန်းတစ်လုံး၊ ပုံဖျက်လို့ရတဲ့ ဂီမ်း ထိန်းချုပ်ရေး ကိရိယာနဲ့ ကျွန်တော်တို့ နေထိုင်ပုံနဲ့ အလုပ်လုပ်ပုံတွေကို ပြောင်းလဲနိုင်လောက်တဲ့ နောက်ထပ်အရာတွေရဲ့ ရှေ့ပြေးပုံစံတွေကို စစ်ဆေးကြည့်လိုက်ပါဦး။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:22

Burmese subtitles

Revisions