Return to Video

တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်

  • 0:00 - 0:02
    ကျွန်မက ပုံပြင်ပြောသူ တစ်ယောက်ပါ။
  • 0:02 - 0:06
    အခု ရှင်တို့ကို "တစ်ပုဒ်တည်းသော ပုံပြင်၏
    အန္တရာယ်"လို့ခေါ်တဲ့
  • 0:06 - 0:10
    ကိုယ်ရေး ပုံပြင်တွေကို
    ကျွန်မ ပြောပြချင်ပါတယ်။
  • 0:11 - 0:14
    ကျွန်မက အရှေ့ Nigeria ရဲ့
    တက္ကသိုလ်မှာ ကြီးပြင်းတာပါ။
  • 0:14 - 0:17
    ကျွန်မ အမေကတော့ ကျွန်မက
    အသက် ၂ နှစ်မှာ စာစဖတ်တယ်လို့ပြောတယ်။
  • 0:17 - 0:21
    ဒါပေမဲ့ ၄ နှစ်က ပိုမှန်မယ်လို့
    ကျွန်မ ထင်ပါတယ်။
  • 0:22 - 0:24
    ကျွန်မက စာကို စောပြီး ဖတ်တတ်လာသူပါ။
  • 0:24 - 0:27
    ကျွန်မ ဖတ်တာတွေကတော့ ဗြိတိန်နဲ့
    အမေရိကန် ကလေးစာအုပ်တွေ ဖြစ်ပါတယ်။
  • 0:28 - 0:30
    ကျွန်မက စာကို စောပြီး
    ရေးတတ်သူလည်း ဖြစ်ပါတယ်။
  • 0:30 - 0:32
    ၇ နှစ်လောက်မှာ ကျွန်မ ခဲတံရယ်
  • 0:32 - 0:34
    ရောင်စုံတွေနဲ့ ခြယ်သထားပြီး
  • 0:34 - 0:37
    ကျွန်မ သနားစရာ အမေကို ဖတ်ခိုင်းတဲ့
  • 0:37 - 0:40
    ပုံပြင်တွေ စရေးတော့
  • 0:40 - 0:43
    ကျွန်မ ဖတ်နေခဲ့တဲ့ ပုံပြင်တွေကိုဘဲ
    အတိအကျ ပြန်ရေးတာပါ။
  • 0:43 - 0:48
    ဇာတ်ကောင်တွေ အားလုံးက
    အသားဖြူဖြူ မျက်လုံးပြာပြာနဲ့။
  • 0:48 - 0:50
    သူတို့က နှင်းထဲမှာ ကစားတယ်။
  • 0:50 - 0:52
    သူတို့ ပန်းသီးတွေ စားတယ်။
  • 0:52 - 0:54
    (ရယ်သံများ)
  • 0:54 - 0:56
    ပြီးရင် သူတို့က ရာသီအကြောင်း
    မကြာမကြာပြောတယ်။
  • 0:56 - 0:58
    နေထွက်လာတာ ဘယ်လောက်တောင်
    သာယာလဲဆိုတာပေါ့။
  • 0:58 - 1:00
    (ရယ်သံများ)
  • 1:00 - 1:04
    ကျွန်မ Nigeria မှာနေတယ် ဆိုပေမဲ့ လည်း
  • 1:04 - 1:06
    အရင်တုန်းက Nigeria
    အပြင်ကို မရောက်ခဲ့ဖူးပါဘူး။
  • 1:07 - 1:10
    ကျွန်မတို့ဆီမှာ နှင်းမကျဘူး။
    ကျွန်မတို့ သရက်သီးစားတယ်။
  • 1:10 - 1:12
    ပြီးရင် ကျွန်မတို့ ဘယ်တော့မှ
    ရာသီအကြောင်း မပြောကြဘူး။
  • 1:12 - 1:14
    အကြောင်းက ပြောစရာမလိုလို့လေ။
  • 1:14 - 1:17
    ကျွန်မ ဇာတ်ကောင်တွေက
    ချင်းဘီယာတွေ သောက်ပါတယ်။
  • 1:17 - 1:20
    ဘာလို့လဲဆိုတော့ ဗြိတိန် စာအုပ်ထဲက
    ဇာတ်ကောင်တွေလည်း
  • 1:20 - 1:21
    သောက်လို့လေ။
  • 1:21 - 1:24
    ချင်းဘီယာ ဘာလဲဆိုတာ ကျွန်မ
    မသိခဲ့တာကို ထားလိုက်ပါတော့။
  • 1:24 - 1:26
    (ရယ်သံများ)
  • 1:26 - 1:27
    နှစ်ပေါင်းများစွာ ကြာပြီးနောက်
  • 1:27 - 1:30
    ကျွန်မ ဂျင်းဘီယာ အရသာကို
    အင်မတန်ဘဲ မြည်းကြည့်ချင်ပါတယ်။
  • 1:30 - 1:32
    ဒါပေမဲ့ ဒါက နောက်အကြောင်းအရာ
    တစ်ခုပါ။
  • 1:32 - 1:34
    ကျွန်မထင်တာက ဒါက
  • 1:34 - 1:37
    ကျွန်မတို့တွေ ပုံပြင်နဲ့ပတ်သတ်လာရင်
    ဘယ်လောက်တောင်
  • 1:37 - 1:39
    ယုံကြည်လွယ်တာကို ပြသလိုက်ပါတယ်။
  • 1:39 - 1:40
    အထူးသဖြင့် ကလေးဘဝမှာပေါ့။
  • 1:42 - 1:45
    ဘာလို့လဲဆို ဖတ်သမျှ ပုံပြင်တွေထဲက
    ဇာတ်ကောင်တွေကနိုင်ငံခြားကလေ။
  • 1:45 - 1:48
    စာအုပ်တွေဟာ သူတို့ သဘောသဘာဝအရ
  • 1:48 - 1:51
    နိုင်ငံခြားသားတွေပါရမယ် ကျွန်မ ကိုယ်တိုင်
  • 1:51 - 1:54
    မခွဲခြားနိုင်တဲ့အရာတွေ ပါရမယ်ဆိုပြီး
    ကျွန်မယုံကြည်လာပါတယ်။
  • 1:56 - 1:59
    အာဖရိက စာအုပ်တွေ ကျွန်မ ဖတ်ပြီးနောက်
    အရာရာက ပြောင်းလဲသွားပါတယ်။
  • 1:59 - 2:01
    အဲစာအုပ်တွေက သိပ်လဲမရှိသလို
  • 2:01 - 2:04
    နိုင်ငံခြားစာအုပ်လို အရာ ရှာဖို့မလွယ်ဘူးလေ။
  • 2:04 - 2:07
    ဒါပေမဲ့ Chinua Achebe နဲ့
    Camara Laye စာရေးဆရာတွေကြောင့်
  • 2:07 - 2:11
    ကျွန်မရဲ့ စာပေနဲ့ ပတ်သတ်တဲ့
    အမြင်တွေလည်း ပြောင်းလဲလာခဲ့ပါတယ်။
  • 2:11 - 2:13
    ကျွန်မ သိလိုက်တာက ကျွန်မလို လူတွေ
  • 2:13 - 2:15
    ချောကလက်ရောင် အသားရေ
  • 2:15 - 2:19
    စည်းလို့မရအောင် လိမ်ကောက်နေတဲ့ ဆံပင်နဲ့
    ကောင်မလေးတွေလည်း
  • 2:19 - 2:20
    စာပေထဲမှာ တည်ရှိနိုင်တယ်ဆိုတာကိုပေါ့။
  • 2:21 - 2:24
    ဒါကြောင့် ကျွန်မ မှတ်မိတဲ့
    အကြောင်းအရာတွေကို စရေးခဲ့ပါတယ်။
  • 2:25 - 2:28
    ကျွန်မ အမေရိကန် နဲ့
    ဗြိတိန်စာအုပ်တွေကိုလည်း ကြိုက်ပါတယ်။
  • 2:28 - 2:30
    ဒါတွေက ကျွန်မရဲ့စိတ်ကူးကို
    နှိုးဆွပေးသလို
  • 2:30 - 2:32
    ကျွန်မကို ကမ္ဘာအသစ်ဆီ
    ခေါ်ဆောင်ပေးတယ်လေ။
  • 2:32 - 2:34
    ဒါပေမဲ့ မရည်ရွယ်ထားတဲ့ နောက်ဆက်တွဲကတော့
  • 2:34 - 2:36
    ကျွန်မလို လူတွေ စာပေထဲမှာ
    တည်ရှိနိုင်တယ်ဆိုတာကို
  • 2:36 - 2:38
    မသိရှိခြင်း ဖြစ်ပါတယ်။
  • 2:38 - 2:42
    ဒါကြောင့် အာဖရိက စာရေးဆရာတွေကို
    ရှာဖွေတွေ့ရှိခြင်းဟာ
  • 2:42 - 2:46
    ကျွန်မကို တစ်ပုဒ်တည်းသော ပုံပြင်ကိုသာ
    သိရှိခြင်းကနေ ကယ်တင်ခဲ့ပါတယ်။
  • 2:47 - 2:50
    ကျွန်မက သာမန် အလယ်တန်းစား
    Nigeria မိသားစုကနေလာတာပါ။
  • 2:50 - 2:52
    ကျွန်မ အဖေကတော့ ပါမောက္ခ။
  • 2:52 - 2:54
    ကျွန်မ အမေကတော့ အုပ်ချုပ်ရေးမှူးပါ။
  • 2:55 - 2:58
    အစဉ်အလာအတိုင်းပေါ့
  • 2:58 - 3:03
    ကျွန်မတို့ မှာ အနီးအနားရွာက လာနေတဲ့
    အိမ်တွင်း အစေခံ တစ်ယောက်ရှိပါတယ်။
  • 3:03 - 3:07
    ကျွန်မ အသက် ၈ နှစ်ပြည့်တော့ ကောင်လေး
    အသစ်တစ်ယောက် ရောက်လာပါတယ်။
  • 3:07 - 3:08
    သူကတော့ Fide ပါ။
  • 3:10 - 3:12
    သူမိသားစုနဲ့ ပတ်သတ်ပြီး
    ကျွန်မ အမေပြောခဲ့တဲ့
  • 3:12 - 3:15
    အရာတစ်ခုက သူတို့က
    အရမ်းဆင်းရဲတယ်ဆိုတာ ဖြစ်ပါတယ်။
  • 3:15 - 3:20
    အမေက သူတို့မိသားစုကိုမျောက်ဥ၊
    ဆန်၊ အင်္ကျီဟောင်းတွေ ပေးလေ့ရှိပါတယ်။
  • 3:20 - 3:23
    တကယ်လို့ ကျွန်မက ညနေစာကို
    မကုန်ဘူးဆိုရင် ကျွန်မ အမေက
  • 3:23 - 3:24
    "ကုန်အောင်စား၊ မင်းမသိဘူးလား။
  • 3:24 - 3:27
    Fide တို့လိုမိသားစုကဘာမှ
    မရှိဘူးဆိုတာ။" လို့ပြောတတ်ပါတယ်။
  • 3:27 - 3:31
    ဒါကြောင့် ကျွန်မ Fide မိသားစု အပေါ်
    အင်မတန်ဘဲ သနားမိပါတယ်။
  • 3:32 - 3:34
    စနေနေ့တစ်နေ့မှာတော့ ကျွန်မတို့
    သူ့ရွာကို အလည်သွားတော့
  • 3:34 - 3:38
    သူ့အမေက ကျွန်မတို့ကို
    ဆေးဆိုးထားတဲ့ ထန်းရွက်နဲ့
  • 3:38 - 3:41
    သူ့အစ်ကို ရက်လုပ်ထားတဲ့
    ခြင်းတောင်းလှလှလေးကို ပြခဲ့ပါတယ်။
  • 3:41 - 3:43
    ကျွန်မ အလွန်ပဲ အံအားသင့်ခဲ့ပါတယ်။
  • 3:43 - 3:46
    သူ့မိသားစုထဲက တစ်ယောက်ယောက်က
    ဒါမျိုးလုပ်နိုင်မယ်လို့
  • 3:46 - 3:49
    ကျွန်မ မသိထားခဲ့ဘူးလေ။
  • 3:49 - 3:52
    ကျွန်မ ကြားသိရသမျှကတော့
    သူတို့ ဘယ်လောက်ဆင်းရဲလဲဆိုတာပါ။
  • 3:52 - 3:55
    ဒါကြောင့် ကျွန်မအတွက်
    သူတို့ကို ဆင်းရဲတာကလွဲရင်
  • 3:55 - 3:57
    တခြားအရာအဖြစ် မြင်ဖို့ဆိုတာ
    မဖြစ်နိုင်တော့ပါဘူး။
  • 3:57 - 4:00
    သူတို့ရဲ့ဆင်းရဲမှုဟာ ကျွန်မအတွက်
    သူတို့ရဲ့တစ်ပုဒ်တည်းသောပုံပြင်ပါ။
  • 4:01 - 4:04
    နှစ်အနည်းငယ်ပြီးနောက်
    အမေရိကန် မှာ တက္ကသိုလ်တက်ဖို့
  • 4:04 - 4:06
    Nigeria ကိုထွက်ခွာတော့
    ဒီအကြောင်းကို စဉ်းစားမိပါတယ်။
  • 4:06 - 4:08
    အဲတုန်းက ကျွန်မက ၁၉နှစ်ပါ။
  • 4:08 - 4:12
    ကျွန်မရဲ့ အမေရိကန် အခန်းဖော်က
    ကျွန်မကြောင့် အံအားသင့်ခဲ့ပါတယ်။
  • 4:12 - 4:16
    ကျွန်မ အင်္ဂလိပ်စာ ဒီလောက်ပြောတတ်အောင်
    ဘယ်ကနေသင်ခဲ့သလဲ ဆိုပြီး သူမ မေးပါတယ်။
  • 4:16 - 4:18
    ကျွန်မက Nigeria မှာ အင်္ဂလိပ်စာက
  • 4:18 - 4:21
    ရုံးသုံးစကား ဖြစ်တယ်လို့ပြောတော့ သူမ
    မယုံနိုင် ဖြစ်သွားပါတယ်။
  • 4:22 - 4:26
    ကျွန်မရဲ့ တိုင်းရင်း သီချင်းကို
    ဖွင့်ပြဖို့ သူမတောင်းဆိုပါတယ်။
  • 4:26 - 4:28
    ဒါပေမဲ့ ကျွန်မ Mariah
    Carey တိတ်ခွေဖွင့်ပြတော့
  • 4:28 - 4:30
    သူမ တော်တော်စိတ်ပျက်သွားပါတယ်။
  • 4:30 - 4:33
    (ရယ်သံများ)
  • 4:33 - 4:37
    သူမက ကျွန်မ ဟာ မီးဖို
    မသုံးတတ်ဘူးလို့လည်း ယူဆထားပါတယ်။
  • 4:38 - 4:39
    ကျွန်မ ပိုအံအားသင့်ခဲ့တာက
  • 4:39 - 4:42
    သူမက ကျွန်မကို မမြင်ခင်ကတည်းက
    ကျွန်မကို သနားနေတာပါ။
  • 4:43 - 4:46
    သူမ ကျွန်မအပေါ် အာဖရိကလူ
    တစ်ယောက်အနေနဲ့ ပင်ကို ရှိတဲ့ စိတ်ထားက
  • 4:46 - 4:49
    နှိမ်ချတဲ့ အဓိပ္ပါယ်ရှိတဲ့
    သနားမှုမျိုးပါ။
  • 4:50 - 4:53
    ကျွန်မ အခန်းဖော်က အာဖရိက
    ပုံပြင်တစ်ပုဒ်တည်းသာ ကြားဖူးတာပါ။
  • 4:54 - 4:56
    ကံဆိုးမိုးမှောင်ကျတဲ့ ပုံပြင်လေးပေါ့။
  • 4:56 - 4:58
    ဒီပုံပြင်လေးထဲမှာ
  • 4:58 - 5:02
    အာဖရိကလူတွေ သူမနဲ့
    တူနိုင်စရာ မရှိပါဘူး။
  • 5:02 - 5:05
    သနားစရာကလွဲ၍
    တခြားခံစားမှုတွေ မရှိပါဘူး။
  • 5:05 - 5:09
    အခွင့်အရေးညီမျှတဲ့ လူသားအဖြစ်
    ဆက်နွယ်မှုဆိုတာ မဖြစ်နိုင်ပါဘူး။
  • 5:09 - 5:11
    ကျွန်မ ဝန်ခံရမယ် အမေရိကန်ကို မရောက်ခင်က
  • 5:11 - 5:13
    ကျွန်မကိုယ့်ကို အာဖရိကလူအဖြစ် မခံယူပါဘူး။
  • 5:14 - 5:17
    ဒါပေမဲ့ အာဖရိက အကြောင်းပေါ်လာတိုင်း
    လူတွေက ကျွန်မကို လှည့်ကြည့်တယ်။
  • 5:17 - 5:20
    Namibia လို နေရာအကြောင်း
    ဘာမှမသိတာတော့ ထားလိုက်ပါတော့။
  • 5:21 - 5:23
    ဒါပေမဲ့ ကျွန်မဒီသတ်မှတ်ချက်
    အသစ်ကိုလက်ခံလာတယ်
  • 5:23 - 5:26
    ကျွန်မကိုယ့်ကိုအာဖရိကသူ
    အဖြစ် မှတ်ယူပါတယ်။
  • 5:26 - 5:30
    ဒါပေမဲ့လည်း အာဖရိကကို နိုင်ငံအဖြစ်
    ရည်ညွန်းတဲ့အခါ ကျွန်မ ဒေါသထွက်ပါတယ်။
  • 5:30 - 5:34
    မကြာခင်လေး လွန်ခဲ့တဲ့
    နှစ်ရက်လောက်က ကျွန်မ Lagos မှ
  • 5:34 - 5:35
    အပြန်လေကြောင်းခရီးလေး
  • 5:35 - 5:38
    Virgin လေကြောင်းလိုင်းမှာ
    "အိန္ဒိယ၊ အာဖရိကနှင့်
  • 5:38 - 5:43
    အခြားသောနိုင်ငံများ"မှ
    ရန်ပုံငွေအဖွဲ့အကြောင်း ကြေငြာတာပါ။
  • 5:43 - 5:44
    (ရယ်သံများ)
  • 5:44 - 5:48
    အမေရိကန်မှာ အာဖရိကသူ
    တစ်ယောက်အနေနဲ့ နှစ်အချို့နေပြီးနောက်
  • 5:48 - 5:51
    ကျွန်မ အခန်းဖော်ရဲ့ ကျွန်မအပေါ်
    တုန့်ပြန်မှုကို စတင် နားလည်လာပါတယ်။
  • 5:52 - 5:54
    ကျွန်မသာ Nigeria မှာ ကြီးပြင်းတာမဟုတ်ဘူး
  • 5:54 - 5:57
    ကျွန်မသာ အာဖရိကကို ကျော်ကြားတဲ့
    ရုပ်ပုံတွေကနေသာ သိခဲ့မယ်ဆိုရင်
  • 5:57 - 6:02
    ကျွန်မလည်း အာဖရိကက လှပတဲ့ ရှုခင်း၊
    လှပတဲ့ တိရစ္ဆာန်တွေ၊
  • 6:02 - 6:04
    နားမလည်နိုင်တဲ့၊
  • 6:04 - 6:06
    အဓိပ္ပါယ်မဲ့ စစ်ပွဲတွေတိုက်နေတဲ့၊
  • 6:06 - 6:10
    ဆင်းရဲမွေတေမှု AIDS ကြောင့်သေနေတဲ့
  • 6:10 - 6:12
    ကိုယ့်ကိုအတွက် စကားမပြောနိုင်ဘဲ
    ကြင်နာတဲ့ လူဖြူ
  • 6:12 - 6:14
    နိုင်ငံခြားတစ်ယောက်လာ
    ရောက်ကယ်ဆယ်ဖို့ကို
  • 6:14 - 6:17
    စောင့်မျှော်နေတဲ့ လူတွေ ရှိနေတဲ့
    နေရာတစ်ခုအဖြစ် မြင်မိမှာပါ။
  • 6:17 - 6:19
    ကျွန်မ အာဖရိကသားတွေကို ငယ်ငယ်တုန်းက
  • 6:19 - 6:22
    Fide မိသားစုကို
    မြင်မိသလို ရှုမြင်မိမှာပါ။
  • 6:23 - 6:27
    ဒီရဲ့ တစ်ပုဒ်တည်း ပုံပြင်က အနောက်တိုင်း
    စာပေက လာတယ်လို့ ထင်ပါတယ်။
  • 6:27 - 6:29
    ဒါကတော့ အနောက်အာဖရိကကို ၁၅၆၁ တုန်းက
  • 6:29 - 6:32
    ရွက်လွင့်သွားခဲ့ပြီး
    ရေကြောင်းခရီးရှည်သွားခဲ့တာကို
  • 6:32 - 6:35
    မှတ်တမ်းတင်ထားတဲ့ လန်ဒန်
    ကုန်သည် John Locke
  • 6:35 - 6:39
    ရေးထားတဲ့ စာတစ်ကြောင်းဖြစ်ပါတယ်။
  • 6:40 - 6:44
    လူမည်း အာဖရိကသားတွေကို "အိုးမဲ့ အိမ်မဲ့
    တိရစ္ဆာန်"အဖြစ်ရည်ညွန်းပြီးနောက်
  • 6:44 - 6:48
    သူက ဆက်ရေးပါတယ်။ "သူတို့တွေက
    ခေါင်းမရှိတဲ့ လူတွေပါ။
  • 6:48 - 6:52
    သူတို့ရဲ့ ပါးစပ်နဲ့ မျက်လုံးတွေက
    သူတို့ရဲ့ ရင်သားမှာ ရှိတာပါ။"
  • 6:53 - 6:55
    ကျွန်မ ဒီစာကို ဖတ်မိတိုင်း ရယ်ပါတယ်။
  • 6:55 - 6:58
    John Locke ရဲ့ စိတ်ကူး
    စိတ်သန်ကို ချီးကျူးရပါမယ်။
  • 6:59 - 7:01
    ဒါပေမဲ့ သူ့အရေးနဲ့ ပတ်သတ်ပြီး
  • 7:01 - 7:03
    အရေးကြီးတာက
    အနောက်တိုင်းမှာ အာဖရိက
  • 7:03 - 7:06
    ပုံပြင်ပြောတဲ့ ဓလေ့အစကို
    ကိုယ်စားပြုလိုက်တာပါ။
  • 7:06 - 7:09
    မကောင်းမှုတွေ၊ ခြားနားမှု၊ အမှောင်ထု၊
    ကဗျာဆရာ Rudyard Kipling စကားအရ
  • 7:09 - 7:12
    မကောင်းဆိုးဝါးတစ်ပိုင်း
  • 7:12 - 7:17
    ကလေးတစ်ပိုင်း ဖြစ်နေတဲ့ လူတွေရှိနေတဲ့
  • 7:17 - 7:19
    Sub-Saharan နေရာလေးရဲ့ ဓလေ့လေးပေါ့။
  • 7:20 - 7:23
    ဒါကြောင့် ကျွန်မ သိလိုက်တာက
    ကျွန်မရဲ့ အခန်းဖော်က
  • 7:23 - 7:25
    သူမ ဘဝတစ်လျှောက်
  • 7:25 - 7:29
    မျိုးစုံသော တစ်ပုဒ်တည်း
    ပုံပြင်ကို ကြားဖူးမြင်ခဲ့ဖူးမှာပါ။
  • 7:29 - 7:31
    ကျွန်မ ဝတ္ထုကို "အာဖရိက
  • 7:31 - 7:35
    မစစ်မှန်ဘူး"လို့ ပြောခဲ့တဲ့
    ပါမောက္ခတစ်ယောက်လိုပေါ့။
  • 7:36 - 7:38
    အခု ကျွန်မရဲ့ ဝတ္ထုနဲ့ ပတ်သတ်ပြီး
  • 7:38 - 7:41
    တစ်ခုခုမှားနေတယ်
    နေရာတစ်ချို့မှာ လွဲနေတယ်ဆိုတာ
  • 7:41 - 7:44
    ကျွန်မ ဝန်ခံ ပြောဖို့ အသင့်ပါဘဲ။
  • 7:44 - 7:47
    ဒါပေမဲ့ အာဖရိက
    စစ်မှန်မှု မရှိဘူးဆိုတာတော့
  • 7:47 - 7:49
    ကျွန်မ မစဉ်းစားမိခဲ့ပါဘူး။
  • 7:49 - 7:53
    တကယ်တော့ အာဖရိက စစ်မှန်မှု ဆိုတာ
    ဘာလဲ ကျွန်မ မသိခဲ့ပါဘူး။
  • 7:54 - 7:58
    ပါမောက္ခက ကျွန်မရဲ့ဇာတ်ဆောင်တွေက
    သူနဲ့တော်တော်တူတယ်လို့ပြောပါတယ်။
  • 7:58 - 8:00
    ပညာတတ် အလယ်တန်းစား လူတစ်ယောက်ပေါ့။
  • 8:00 - 8:03
    ကျွန်မ ဇာတ်ဆောင်တွေက ကားမောင်းတယ်။
  • 8:03 - 8:05
    ငတ်မွတ် ခေါင်းပါးနေတာလည်း မဟုတ်ဘူးလေ။
  • 8:05 - 8:08
    ဒါကြောင့် သူတို့က အာဖရိက မစစ်မှန်ဘူးပေါ့။
  • 8:09 - 8:12
    ဒါပေမဲ့ ကျွန်မ ဒီ တစ်ပုဒ်တည်းသော
    ပုံပြင် နဲ့ ပတ်သတ်ပြီး
  • 8:12 - 8:14
    အပြစ်မကင်းတာကိုလည်း ဝန်ခံရပါမယ်။
  • 8:15 - 8:18
    အရင်နှစ်အနည်းငယ်တုန်းက ကျွန်မ
    မက္ကဆီကို ကို အလည်သွားခဲ့ပါတယ်။
  • 8:19 - 8:22
    အဲတုန်းက အမေရိကန်က
    နိုင်ငံရေးတွေက မတည်ငြိမ်ပါဘူး
  • 8:22 - 8:25
    နိုင်ငံကူးပြောင်းတာနဲ့ ပတ်သတ်ပြီး
    အငြင်းပွားတာတွေလည်း ရှိခဲ့ပါတယ်။
  • 8:25 - 8:27
    အမေရိကန်မှာ ဖြစ်ပျက်နေသလိုပါဘဲ
  • 8:27 - 8:29
    မက္ကဆီကို လူတွေနဲ့
    နိုင်ငံကူးပြောင်းတာတွေဟာ
  • 8:29 - 8:31
    တစ်ထပ်တည်း ဖြစ်လာပါတယ်။
  • 8:31 - 8:33
    မက္ကဆီကိုလူတွေ ကျန်းမာရေးဝန်ဆောင်မှုကနေ
  • 8:33 - 8:36
    အမြတ်ထုတ်တာတွေ နယ်နိမိတ်ကို ခိုးဖြတ်တာတွေ
  • 8:36 - 8:38
    နယ်နိမိတ်မှာ ဖမ်းခံရတာတွေ စတဲ့
  • 8:38 - 8:40
    ပုံပြင်တွေအများကြီးရှိပါတယ်။
  • 8:42 - 8:46
    Guadalajara မှာ ပထမတစ်ရက် လမ်းပတ်
    လျှောက်ရင်း လူတွေအလုပ်သွားတာတွေ
  • 8:46 - 8:48
    tortilla မုန့်လုပ်တာတွေ
    ဆေးလိပ်သောက်တာတွေ
  • 8:48 - 8:50
    ရယ်မောနေတာတွေ
  • 8:50 - 8:52
    ကြည့်တာကို ပြန်သတိရပါတယ်။
  • 8:53 - 8:56
    ကျွန်မ ပထမအကြိမ်
    အံအားသင့်မှုကို မှတ်မိပါတယ်။
  • 8:56 - 8:59
    ပြီးရင် ကျွန်မ အင်မတန်ရှက်မိပါတယ်။
  • 8:59 - 9:02
    ကျွန်မ ဟာ မက္ကဆီကို နဲ့ပတ်သတ်ပြီး
    သတင်းမီဒီယာ ရဲ့
  • 9:02 - 9:04
    တင်ပြမှုကို ယုံစားမိနေတာကို
    သိလိုက်ရပါတယ်။
  • 9:04 - 9:06
    ကျွန်မ အတွေးထဲမှာ သူတို့က
    အရာတစ်ခု ဖြစ်လာပါတယ်။
  • 9:06 - 9:08
    သနားစရာ နိုင်ငံကူးပြောင်းသူတွေပေါ့။
  • 9:09 - 9:11
    မက္ကဆီကန်တွေရဲ့၁ပုဒ်တည်း
    ပုံပြင်ကိုယုံစားခဲ့ပါတယ်။
  • 9:11 - 9:14
    ဒါကြောင့်လည်း ကျွန်မ
    အင်မတန်ရှက်မိပါတယ်။
  • 9:14 - 9:17
    တစ်ပုဒ်တည်းသော ပုံပြင်ကို ဖန်တီးချင်ရင်
  • 9:17 - 9:19
    လူတွေကို အရာတစ်ခုတည်း အဖြစ်သာ ပြသပါ။
  • 9:19 - 9:21
    အရာတစ်ခုတည်းလေးပေါ့။
  • 9:21 - 9:23
    ထပ်ခါ ထပ်ခါ ပြသပါ။
  • 9:23 - 9:25
    ဒါနဲ့ပဲ သူတို့က အဲဒါတွေ
    ဖြစ်လာပါတယ်။
  • 9:26 - 9:28
    အာဏာအကြောင်းမပြောဘဲ
    တစ်ပုဒ်တည်း ပုံပြင်ကို
  • 9:28 - 9:30
    ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
  • 9:31 - 9:33
    Igbo စကားလုံးလေး တစ်လုံးလေးရှိပါတယ်။
  • 9:33 - 9:37
    ကမ္ဘာတစ်ဝန်း အာဏာအကြောင်း တွေးမိတိုင်း
    ဒီစကားလုံးကို ကျွန်မ စဉ်းစားမိပါတယ်။
  • 9:37 - 9:38
    အဲဒါကတော့ "nkali"ပါ။
  • 9:38 - 9:43
    ဒါက နာမ်ဖြစ်ပြီး "အခြားသောအရာထက်
    ကြီးမြတ်သော"လို့ ဘာသာပြန်လို့ရတယ်။
  • 9:44 - 9:46
    ကျွန်မတို့ရဲ့ စီးပွားရေး၊
    နိုင်ငံရေး ဝန်းကျင်မှာ
  • 9:47 - 9:51
    ပုံပြင်တွေကို "nkali" နိယာမနဲ့
    သတ်မှတ်ကြပါတယ်။
  • 9:51 - 9:53
    သူတို့ကို ဘယ်လိုပြောလဲ၊ ဘယ်သူကပြောလဲ၊
  • 9:53 - 9:56
    ဘယ်အချိန်ပြောလဲ၊ ဘယ်နှပုဒ်လောက်
    ပြောလဲဆိုတာတွေဟာ
  • 9:56 - 9:58
    အာဏာအပေါ် မှုတည်ပါတယ်။
  • 10:00 - 10:03
    အာဏာက လူတစ်ယောက်ရဲ့
    ပုံပြင်ကို ပြောပြနိုင်ရုံသာမက
  • 10:03 - 10:07
    အဲဒီ ပုံပြင်ကို နောက်ဆုံးပုံပြင်
    ဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။
  • 10:07 - 10:09
    ပါလက်စတိုင်းကဗျာဆရာ
    Mourid Barghouti ကရေးတာက
  • 10:09 - 10:12
    သင်က လူတစ်စု ကို လှည့်စားချင်ရင်
  • 10:12 - 10:15
    အလွယ်ဆုံးနည်းက သူတို့ကို ပုံပြင်ပြောပါ။
  • 10:15 - 10:17
    ဒါပေမဲ့ ဒုတိယအကြိမ်နဲ့ စပါ။
  • 10:18 - 10:22
    မူလ အမေရိကလူတွေ ရဲ့
    မြှားအကြောင်းနဲ့ ပုံပြင်ကို စပါ။
  • 10:22 - 10:25
    ဗြိတိလျှတွေ ရောက်လာတဲ့
    အကြောင်းမဟုတ်ဘူးပေါ့။
  • 10:25 - 10:28
    ဒါဆို ရှင်က လုံးဝကွဲပြားတဲ့
    ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။
  • 10:28 - 10:32
    အာဖရိက ကျရှုံးမှုအကြောင်းနဲ့ စပါ။
  • 10:32 - 10:36
    အာဖရိကကို ကိုလိုနီအဖြစ်
    သိမ်းသွင်းမှုနဲ့ မစပါနဲ့။
  • 10:36 - 10:39
    သင်က နောက်လုံးဝ ကွဲပြားတဲ့
    ပုံပြင်တစ်ပုဒ်ကို ရပါလိမ့်မယ်။
  • 10:40 - 10:42
    ကျွန်မ တက္ကသိုလ်တစ်ခုမှာ ဟောပြောတုန်း
  • 10:42 - 10:46
    ကျောင်းသားတစ်ယောက်က ကျွန်မကို
    Nigeria အမျိုးသားတွေက
  • 10:46 - 10:49
    ကျွန်မ ဝတ္ထုထဲက အဖေလို
    အကြမ်းအတမ်းသမားဖြစ်နေတာ
  • 10:49 - 10:51
    ရှက်စရာကောင်းတယ်လို့ ပြောပါတယ်။
  • 10:52 - 10:56
    ကျွန်မကလည်း သူကို American Psycho
    ဝတ္ထုကိုဖတ်ပြီးကြောင်းရယ်
  • 10:56 - 10:58
    (ရယ်သံများ)
  • 10:58 - 11:00
    ပြီးရင် အမေရိကန်လူငယ်တွေက
  • 11:00 - 11:03
    ဆက်တိုက် လူသတ်သမား ဖြစ်နေကြတာ
    ရှက်စရာကြီးပါလို့ ပြောလိုက်ပါတယ်။
  • 11:03 - 11:07
    (ရယ်သံများ)
  • 11:07 - 11:13
    (လက်ခုပ်သံများ)
  • 11:13 - 11:16
    အဲဒါကို ကျွန်မ စိတ်ဆိုးဆိုးနဲ့
    ပြောလိုက်တာပါ။
  • 11:16 - 11:18
    (ရယ်သံများ)
  • 11:18 - 11:20
    ဒါပေမဲ့ ကျွန်မ ဝတ္ထုတစ်ပုဒ်ဖတ်တိုင်း
  • 11:20 - 11:24
    အဲထဲက ဇာတ်ဆောင်ကလူသတ်သမား
    ဆိုရင် သူက အမေရိကန်လူအားလုံးကို
  • 11:24 - 11:28
    ကိုယ်စားပြုတယ်လို့ ကျွန်မ
    ဘယ်တော့မှ မတွေးထင်ပါဘူး။
  • 11:28 - 11:31
    အဲဒါကလည်း ကျွန်မ ကအဲဒီကျောင်းသား
    ထက်တော်နေလို့မဟုတ်ပါဘူး။
  • 11:31 - 11:34
    ဒါပေမဲ့ အမေရိကန်ရဲ့ ဓလေ့ထုံးတမ်း
    စီးပွားရေး အာဏာကြောင့်ပါ။
  • 11:34 - 11:36
    ကျွန်မ အမေရိကန်ပုံပြင်အများကြီး ဖတ်ဖူးပါတယ်။
  • 11:36 - 11:38
    Tyler ရယ် Updike ရယ်
    Steinbeck ရယ်
  • 11:38 - 11:40
    Gaitskil ရယ် စတာတွေရဲ့
    စာပေကို ဖတ်ဖူးပါတယ်။
  • 11:40 - 11:43
    ကျွန်မမှာ အမေရိကန်ရဲ့
    တစ်ပုဒ်တည်း ပုံပြင်ဆိုတာမရှိပါဘူး။
  • 11:44 - 11:45
    နှစ်အနည်းငယ်အကြာက အောင်မြင်ဖို့
  • 11:45 - 11:47
    မပျော်တဲ့ကလေးဘဝပိုင်ဆိုင်
  • 11:47 - 11:50
    ရမယ်လို့ မှတ်သားလိုက်ရတဲ့ အခါ
  • 11:50 - 11:52
    ကျွန်မ စဉ်းစားလိုက်ပါတယ်။
  • 11:52 - 11:54
    ကျွန်မ မိဘတွေ ကျွန်မကို ဘယ်လို
  • 11:54 - 11:56
    ညှင်းပန်းခဲ့လဲဆိုတာကို ဖန်တီးဖို့လေ။
  • 11:56 - 11:58
    (ရယ်သံများ)
  • 11:58 - 12:02
    တကယ်တော့ ကျွန်မ ပျော်ရွှင်တဲ့
    ကလေးဘဝကို ပိုင်ဆိုင်ခဲ့ ပါတယ်။
  • 12:02 - 12:05
    စည်းလုံးတဲ့ မိသားစုကြီးမှာ
    ရယ်စရာရွှင်စရာနဲ့ ပြည့်နှက်လို့ ။
  • 12:05 - 12:08
    ဒါပေမဲ့ ကျွန်မ ဘိုးဘွားတွေက
    ဒုက္ခသည်စခန်းမှာ သေဆုံးခဲ့ပါတယ်။
  • 12:09 - 12:12
    ကျွန်မ မောင်ဝမ်းကွဲ လုံလောက်တဲ့
    ကျန်းမာရေးဝန်ဆောင်မှုကို
  • 12:12 - 12:13
    မရခဲ့လို့ သေဆုံးခဲ့ပါတယ်။
  • 12:13 - 12:16
    ကျွန်မ သူငယ်ချင်း Okoloma က
    လေယာဉ်ပျက်ကျလို့သေဆုံးခဲ့ပါတယ်။
  • 12:16 - 12:19
    အကြောင်းက ကျွန်မတို့
    မီးသတ်ကားက ရေမရှိလို့ပါ။
  • 12:19 - 12:22
    ကျွန်မက ဖိနှိပ်တဲ့ စစ်အစိုးရ
    လက်အောက် မှာ ကြီးပြင်းတာပါ။
  • 12:22 - 12:24
    သူတို့က ပညာရေးကို
    အရေးမထားတဲ့အတွက်ကြောင့်
  • 12:24 - 12:27
    တစ်ခါတစ်လေ ကျွန်မ
    မိဘတွေ လစာမရကြပါဘူး။
  • 12:27 - 12:31
    ဒါကြောင့် ငယ်ငယ်တုန်းက မနက်စာစားပွဲကနေ
    ယိုဘူးလေး ပျောက်သွားတာမျိုး ကြုံဖူးပါတယ်
  • 12:31 - 12:33
    ပြီးရင် ထောပတ် ပျောက်ကွယ်သွားတယ်
  • 12:34 - 12:36
    ပြီးရင် ပေါင်မုန့်တွေက စျေးကြီးလာတယ်
  • 12:36 - 12:38
    ပြီးရင် နွားနို့တွေကို ချွေတာလာရတယ်။
  • 12:39 - 12:43
    အဆိုးဆုံးကတော့ နိုင်ငံရေး
    ကြောက်ရွံမှုတွေ ကျွန်မတို့ ဘဝကို
  • 12:43 - 12:44
    ထိုးဖောက်ခဲ့ပါတယ်။
  • 12:46 - 12:48
    ဒီ ပုံပြင်တွေအားလုံး
    ကျွန်မကို သတ်မှတ်ပါတယ်။
  • 12:48 - 12:52
    ဒါပေမဲ့ မကောင်းတဲ့ ပုံပြင်တွေကိုဘဲ
    ဆက်ဖော်ပြနေမယ်ဆိုရင်
  • 12:52 - 12:55
    ကျွန်မရဲ့ အတွေ့အကြုံကို
    ချိုးနှိမ်ရာရောက်ပြီး
  • 12:55 - 12:59
    ကျွန်မကို ဖွဲ့စည်းခဲ့တဲ့ တစ်ခြားသော
    ပုံပြင်တွေကို လျစ်လျူရှုရာရောက်ပါတယ်။
  • 12:59 - 13:02
    တစ်ပုဒ်တည်း ပုံပြင်တွေက
    မှုသေ အမြင်တွေကို ဖန်တီးပါတယ်။
  • 13:02 - 13:07
    မှုသေ အမြင်ရဲ့ ပြဿနာက
    မမှန်ကန်တာမဟုတ်ပါဘူး။
  • 13:07 - 13:09
    သူတို့က မပြည့်စုံတာပါ။
  • 13:09 - 13:12
    သူတို့က ပုံပြင်ကိုတစ်ပုဒ်တည်း ပုံပြင်
    ဖြစ်အောင်လုပ်ပါတယ်။
  • 13:13 - 13:16
    သေချာတာက အာဖရိတိုက်ဟာ
    ကပ်ဘေးတွေနဲ့ ပြည့်နှက်နေပါတယ်။
  • 13:16 - 13:19
    ကြီးမားလှတဲ့ တစ်ခုကတော့ကွန်ဂိုမှာ
    ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ မုဒိန်းမှုပါ။
  • 13:19 - 13:21
    စိတ်ဓာတ်ကျစရာကောင်းတဲ့ တစ်ခုကတော့
  • 13:21 - 13:25
    လူအယောက် ၅၀၀၀ အလုပ်တစ်ခုရဖို့
    အလုပ်လျှောက်တဲ့အကြောင်းဖြစ်ပါတယ်။
  • 13:26 - 13:30
    ကပ်ဘေးအကြောင်းမဟုတ်တဲ့ အခြားသော
    ပုံပြင်တွေလည်းရှိပါတယ်။
  • 13:30 - 13:33
    အဲဒါတွေလည်း အရေးပါသလို အဲပုံပြင်တွေကို
    ပြောဖို့လည်း အရေးကြီးပါတယ်။
  • 13:33 - 13:35
    ကျွန်မ အမြဲစဉ်းစားမိတာက
  • 13:35 - 13:38
    နေရာတစ်ခု ဒါမှမဟုတ်
    လူတစ်ယောက်ကို နားလည်ဖို့
  • 13:38 - 13:42
    သူရဲ့ ကိုယ်စီ ပုံပြင်ကို
    နားမလည်ဘဲနဲ့ ဆိုတာ မဖြစ်နိုင်ပါဘူး။
  • 13:42 - 13:46
    တစ်ပုဒ်တည်းသော ပုံပြင်ရဲ့ ရလဒ်က ဒီလိုပါ။
  • 13:46 - 13:48
    လူတွေရဲ့ ဂုဏ်သိက္ခာကို ချိုးနှိမ်ပါတယ်။
  • 13:48 - 13:52
    လူသားတွေတူညီမှု အသိအမှတ်ပြုတဲ့နေရာမှာ
    ခက်ခဲအောင်လုပ်ပါတယ်။
  • 13:52 - 13:54
    ကျွန်မ တို့ ဘယ်လိုတူညီသလဲဆိုထက်
  • 13:54 - 13:57
    ကျွန်မတို့ ဘယ်လိုခြားနားလဲဆိုတာကို
    အသားပေးရာရောက်ပါတယ်။
  • 13:57 - 13:59
    မက္ကဆီကို ခရီးစဉ်မတိုင်ခင်လေး ကျွန်မသာ
  • 14:00 - 14:03
    နိုင်ငံကူးပြောင်းတာနဲ့
    အငြင်းပွားမှုကို US နဲ့ မက္ကဆီကို
  • 14:03 - 14:05
    နှစ်ဖက်စလုံးကနေ လိုက်ခဲ့ရင် ဘာဖြစ်မလဲ။
  • 14:05 - 14:08
    ကျွန်မ အမေသာ ကျွန်မတို့ကို
    Fide မိသားစုက ဆင်းရဲပေမဲ့
  • 14:08 - 14:09
    အလုပ်ကြိုးစားတယ်ဆိုတာ
  • 14:09 - 14:11
    ပြောခဲ့ရင် ဘာဖြစ်မလဲ။
  • 14:11 - 14:13
    ကျွန်မတို့သာ တစ်ကမ္ဘာလုံးမှာရှိတဲ့
  • 14:13 - 14:17
    အာဖရိက အကြောင်းအစုံကို ထုတ်လွင့်ပေးတဲ့
    ရုပ်မြင်သံကြားသာ ရှိခဲ့ရင် ဘာဖြစ်မလဲ။
  • 14:17 - 14:21
    ဒါကို Nigeria စာရေးဆရာက
    "ပုံပြင် ညီမျှမှု" လို့ ခေါ်ပါတယ်။
  • 14:21 - 14:24
    ကျွန်မ အခန်းဖော်သာ အိပ်မက်ကို
    အကောင်အထည်ဖော်ပြီး
  • 14:24 - 14:25
    ပုံနှိပ်တိုက်ဖွင့်ဖို့
  • 14:25 - 14:27
    ဘဏ်အလုပ်ကနေ
  • 14:27 - 14:29
    နှုတ်ထွက်ခဲ့တဲ့ Nigeria စာပေထုတ်ဝေသူ
  • 14:29 - 14:32
    Muhtar Bakare ကိုသာ သိခဲ့ရင် ဘာဖြစ်မလဲ။
  • 14:32 - 14:36
    အခု လူတွေယုံကြည်ကြတာက Nigeria
    လူတွေက စာပေ မဖတ်ကြဘူးဆိုတာပါ။
  • 14:36 - 14:37
    သူကတော့ သဘောမတူပါဘူး။
  • 14:37 - 14:40
    သူထင်တာက လူတွေက
    စာဖတ်နိုင်တယ် စာဖတ်ကြလိမ့်မယ်
  • 14:40 - 14:44
    စာပေတွေကို လူတွေတက်နိုင်အောင်
    လွယ်လွယ်နဲ့ရအောင်လုပ်ပေးမယ်ဆိုရင်ပေါ့။
  • 14:45 - 14:47
    ကျွန်မရဲ့ ပထမဆုံးဝတ္ထု
    ထုတ်ဝေပြီး မကြာခင်မှာဘဲ
  • 14:47 - 14:50
    အင်တာဗျူးဖြေဖို့ Lagos က
    ရုပ်သံဌာနကို သွားရောက်ခဲ့ပါတယ်။
  • 14:50 - 14:53
    ပြီးတော့ သတင်းပေးပို့သူ အမျိုးသမီးက
    ကျွန်မဆီ လာပြီးတော့ ပြောပါတယ်။
  • 14:53 - 14:56
    "မင်း ဝတ္ထုကို ငါ တကယ် ကြိုက်တယ်။
    အဆုံးသတ်ကို မကြိုက်ဘူး။
  • 14:56 - 14:59
    မင်း နောက်ဆက်တွဲရေးရမယ်။ ဒါကတော့
    ဆက်ဖြစ်မယ့် အရာလေးပေါ့။.."
  • 14:59 - 15:02
    (ရယ်သံများ)
  • 15:02 - 15:05
    သူမ ကျွန်မကို နောက်ဆက်တွဲမှာ
    ဘာရေးရမယ်ဆိုတာ ဆက်ပြောပါတယ်။
  • 15:06 - 15:08
    ကျွန်မ ကျေနပ်ရုံ တင်မက ကြည်နူးမိပါတယ်။
  • 15:08 - 15:11
    သူမကတော့ စာမဖတ်တတ်ဘူးလို့ ထင်ခံရတဲ့ Nigeria
  • 15:11 - 15:13
    သာမန်လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်ပါ။
  • 15:14 - 15:16
    သူမက စာအုပ်ဖတ်ရုံတင်မက
  • 15:16 - 15:17
    စာအုပ်မှုပိုင်ခွင့်ကိုပါ ရယူပြီး
  • 15:17 - 15:20
    ကျွန်မကို နောက်ဆက်တွဲကို
    ဘယ်လိုရေးဖို့ ပြောခဲ့ပါတယ်။
  • 15:22 - 15:25
    ကျွန်မ အခန်းဖော်သာ Lagos မှာ
    ရုပ်သံ တင်ဆက်နေတဲ့ ကျွန်မသူငယ်ချင်း
  • 15:25 - 15:28
    Fumi Onda အကြောင်းကို သိခဲ့ရင်
    ဘာဖြစ်မလဲ။ သူမက ကျွန်မတို့
  • 15:28 - 15:31
    မေ့လေ့ရှိတဲ့ ပုံပြင်ကို ပြောဖို့
    စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ပါတယ်။
  • 15:32 - 15:35
    ကျွန်မ အခန်းဖော်သာ ပြီးခဲ့တဲ့
    တစ်ပတ် Lagos ဆေးရုံမှာ ပြုလုပ်ခဲ့တဲ့
  • 15:35 - 15:38
    နှလုံးခွဲစိတ်မှု အကြောင်းကို
    သိခဲ့ရင် ဘာဖြစ်မလဲ။
  • 15:38 - 15:42
    ကျွန်မ အခန်းဖော်သာ Nigeria ခေတ်သစ်
    တေးဂီတအကြောင်းကို သိခဲ့ရင် ဘာဖြစ်မလဲ။
  • 15:42 - 15:45
    လူတော်တွေက Jay-Z ရယ် Fela ရယ်
    Bob Marley ရယ် သူတို့ရဲ့
  • 15:45 - 15:47
    ဘိုးဘေးဘီဘင်က လွှမ်းမိုးမှုတွေကို
  • 15:47 - 15:51
    ပေါင်းစပ်ပြီး English လို
    Pidgin လို Igbo လို
  • 15:51 - 15:53
    Yoruba လို ပြီးရင် Ijo လို
    သီဆိုနေတာတွေပေါ့။
  • 15:54 - 15:56
    ကျွန်မ အခန်းဖော်သာ
    အမျိုးသမီးတိုင်း ပက်စ်ပို့
  • 15:56 - 16:00
    သက်တမ်းမတိုးခင် ခင်ပွန်းဆီ
    ခွင့်ပြုချက်ရယူဖို့ ပြဌာန်းထားတဲ့ ဥပဒေကို
  • 16:00 - 16:03
    Nigeria တရားရုံမှာ
    စိန်ခေါ်လိုက်တဲ့ အမျိုးသမီး
  • 16:03 - 16:06
    ရှေ့နေ တစ်ယောက်အကြောင်းသိရင် ဘာဖြစ်မလဲ။
  • 16:06 - 16:09
    ကျွန်မ အခန်းဖော်သာ နည်းပညာ
    အခက်အခဲတွေကြား ရုပ်ရှင်တွေ
  • 16:09 - 16:11
    ဖန်တီးနေတဲ့ ထိုးထွင်း
    ဉာဏ်ရှိလူတွေပြည့်နေတဲ့
  • 16:11 - 16:13
    Nollywood အကြောင်းကို
    သိရင်ဘာဖြစ်မလဲ။
  • 16:13 - 16:15
    ရုပ်ရှင်တွေက
    ကျော်ကြားလွန်းလို့
  • 16:15 - 16:17
    Nigeria လူတွေသူတို့
    ထုတ်ကုန်ပြန်စားသုံးတဲ့
  • 16:17 - 16:20
    အကြောင်းကို ပြသနေတဲ့
    အကောင်းဆုံး ဥပမာ ဖြစ်နေတယ်လေ။
  • 16:20 - 16:23
    အခန်းဖော်သာ ကျွန်မရဲ့ရည်မှန်းချက်
    ကြီးလှတဲ့ဆံကျစ်သူကိုသိရင်ဘာဖြစ်မလဲ။
  • 16:23 - 16:27
    သူမက ဆံပင်တုရောင်းတဲ့ ကိုယ်ပိုင်
    စီးပွားရေးကို စတင်သူလဲ ဖြစ်ပါတယ်။
  • 16:27 - 16:29
    ဒါမဟုတ် စီးပွားရေးလုပ်တယ် တစ်ခါတစ်လေ
  • 16:29 - 16:31
    ရှုံးတယ် ဒါပေမဲ့လည်း
    ရည်မှန်းချက်ဆက်ထိန်းထားတဲ့
  • 16:31 - 16:34
    သန်းပေါင်းများစွာသော Nigeria
    လူတွေ အကြောင်းကော။
  • 16:35 - 16:37
    ကျွန်မ အိမ်မှာ ရှိတိုင်း Nigeria လူထုကို
  • 16:37 - 16:40
    ဒေါသထွက်စေတဲ့ အရာတွေနဲ့ ရင်ဆိုင်ရပါတယ်။
  • 16:40 - 16:43
    ကျွန်မတို့ရဲ့ကျရှုံးနေတဲ့ ဖွဲ့စည်း
    ပုံတွေ၊ ကျရှုံးနေတဲ့ အစိုးရတွေ။
  • 16:43 - 16:46
    ဒါတင်မက အစိုးရ ကျရှုံးနေပေမဲ့လည်း
  • 16:46 - 16:49
    စိတ်ပျက်အားလျော့မဲ့အစား လူထုတွေရဲ့
    စိတ်ဓာတ်ကြံခိုင်မှုကိုလည်း
  • 16:49 - 16:50
    မြင်တွေ့ရပါတယ်။
  • 16:51 - 16:54
    ကျွန်မ Lagos မှာ နွေရာသီတိုင်း
    စာရေးသင်တန်းပို့ချပါတယ်။
  • 16:54 - 16:57
    လာရောက်လျှောက်ထားတဲ့
    လူဘယ်လောက်တောင်များလဲ
  • 16:57 - 17:00
    လူတွေ စာရေးပြီး ပုံပြင်ပြောဖို့
    ဘယ်လောက် စိတ်အားထက်သန်လဲဆိုတာ
  • 17:00 - 17:02
    မြင်ရတော့ ကျွန်မ အံအားသင့်ရပါတယ်။
  • 17:02 - 17:05
    Nigeria စာပေထုတ်ဝေသူ နဲ့ ကျွန်မတို့
    Farafina Trust လို့ ခေါ်တဲ့
  • 17:05 - 17:07
    ကိုယ်ကျိုးမဖက်
    အဖွဲ့ကို စတင်ခဲ့ပါတယ်။
  • 17:07 - 17:09
    ကျွန်မတို့မှာရည်မှန်းချက်ကြီး
    တွေရှိပါတယ်။
  • 17:09 - 17:10
    စာကြည့်တိုက် ဆောက်ဖို့၊
  • 17:10 - 17:12
    စာကြည့်တိုက်တွေကို ပြန်လည် ပြုပြင်ဖို့၊
  • 17:12 - 17:15
    ဘာမှ မရှိသေးတဲ့
    ကျောင်းစာကြည့်တိုက်တွေ အတွက်
  • 17:15 - 17:17
    စာအုပ်တွေထောက်ပံ့ပေးဖို့၊ ပြီးရင်
  • 17:17 - 17:20
    စာရေးခြင်း စာဖတ်ခြင်း နဲ့ ပတ်သတ်ပြီး
  • 17:20 - 17:21
    သင်တန်းတွေ ဖွင့်လှစ်ဖို့ပေါ့။
  • 17:21 - 17:24
    ကျွန်မတို့ ပုံပြင်တွေကို ပြောပြဖို့
    စိတ်အားထက်သန်တဲ့ လူတွေအတွက်ပါ။
  • 17:24 - 17:26
    ပုံပြင်တွေက အရေးပါပါတယ်။
  • 17:26 - 17:28
    များစွာသော ပုံပြင်တွေက အရေးပါပါတယ်။
  • 17:28 - 17:32
    သူများကို ရှင်းထုတ်ဖို့၊အပုပ်ချဖို့
    ပုံပြင်ကိုအသုံးပြုကြပါတယ်။
  • 17:32 - 17:34
    ဒါပေမဲ့လည်း ပုံပြင်တွေနဲ့
    လူထုယဉ်ကျေးအောင်
  • 17:34 - 17:37
    စိတ်အားထက်သန်အောင် လုပ်လို့ရပါတယ်။
  • 17:37 - 17:39
    ပုံပြင်တွေက ဂုဏ်သိက္ခာကို
    ချိုးဖျက်နိုင်ပါတယ်။
  • 17:39 - 17:43
    ဒါပေမဲ့လည်း ပုံပြင်တွေက ကျိုးပဲ့သွားတဲ့
    ဂုဏ်သိက္ခာကို ပြန်ပြုပြင်နိုင်ပါတယ်။
  • 17:44 - 17:47
    အမေရိကန် စာရေးဆရာ
    Alice Walker က တောင်ပိုင်းကနေ
  • 17:47 - 17:50
    မြောက်ပိုင်းကို ရွှေ့ပြောင်းသွားတဲ့
    သူမရဲ့ ဆွေမျိုးအကြောင်းကို ရေးသားခဲ့ပါတယ်။
  • 17:50 - 17:52
    သူမ သူတို့ကို သူတို့
    စွန့်ခွာခဲ့တဲ့ တောင်ပိုင်း
  • 17:52 - 17:54
    ဘဝလေး အကြောင်းရေးထားတဲ့
    စာအုပ်လေး နဲ့ မိတ်ဆတ်ခဲ့ပါတယ်။
  • 17:56 - 17:59
    "သူတို့က ပတ်လည် ထိုင်ကြတယ်။ စာအုပ်ဖတ်ရင်း
  • 17:59 - 18:03
    တစ်ဖက်က ကျွန်မ စာအုပ်ဖတ်ပြတာကို
  • 18:03 - 18:06
    နားထောင်ရင်းနဲ့ပေါ့။ ပြီးရင်
    ပျော်ရွင်မှု ပြန်လည်ရရှိသွားပါတယ်။"
  • 18:06 - 18:08
    ကျွန်မ ဒီအတွေးလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
  • 18:08 - 18:11
    ကျွန်မတို့ တစ်ပုဒ်တည်းသော
    ပုံပြင်ကို စွန့်ပစ်တဲ့အခါ
  • 18:11 - 18:14
    ကျွန်မတို့ ဘယ်နေရာဘဲဖြစ်ဖြစ်
    တစ်ပုဒ်တည်းသော ပုံပြင်ဆိုတာမရှိဘူးလို့
  • 18:14 - 18:16
    သိရှိလာတဲ့အခါ ကျွန်မတို့
  • 18:16 - 18:18
    ပျော်ရွှင်မှု ပြန်လည် ရရှိပါတယ်။
  • 18:19 - 18:20
    ကျေးဇူးတင်ပါတယ်။
  • 18:20 - 18:23
    (လက်ခုပ်သံများ)
Title:
တစ်ပုဒ်တည်းသော ပုံပြင်၏ အန္တရာယ်
Speaker:
Chimamanda Ngozi Adichie
Description:

ကျွန်ုပ်တို့ရဲ့ ဘဝ၊ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုတွေဟာ ထပ်တူညီနေတဲ့ ပုံပြင်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဝတ္ထုရေးဆရာ Chimamanda Adichie က သူမရဲ့ စစ်မှန်တဲ့ ဓလေ့ထုံးတမ်း အမြင်ကို ဘယ်လိုရှာတွေ့ခဲ့လဲကို ပြောပါတယ်။ ပြီးရင် ကျွန်ုပ်တို့သာ လူတစ်ယောက် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံနဲ့ ပတ်သတ်ပြီး ပုံပြင်တစ်ပုဒ်ကိုသာ ကြားဖူးမယ်ဆိုရင် ကျွန်ုပ်တို့တွေဟာ ကြီးမားတဲ့ နားလည်လွဲမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:29

Burmese subtitles

Revisions Compare revisions