Return to Video

တကယ့်ကို ရေရှည်အတွက် စီမံရေး နည်းလမ်း သုံးမျိုး

  • 0:01 - 0:04
    ကျွန်တော်က "အနာဂတ်သမား"ပါ၊ အဲဒီ
    စကားလုံးကိုလည်း ကျွန်တော်ပဲ ထွင်ခဲ့တာပါ-
  • 0:04 - 0:05
    (ရယ်သံများ)
  • 0:05 - 0:07
    လွန်ခဲ့တဲ့ သုံးစက္ကန့် တုန်းကပါ။
  • 0:07 - 0:10
    ကျွန်တော်ဟာ အနာဂတ်ဆိုင်ရာကို
    လေ့လာနေတာ အနှစ် ၂၀ ရှိပါပြီ။
  • 0:10 - 0:12
    ကျွန်တော် အဲဒါကို ပထမအကြိမ် စတင်စဉ်
    လူတွေနဲ့ ထိုင်ချလျက်၊
  • 0:12 - 0:16
    "နှစ်ပေါင်း ၁၀၊ ၂၀ အကြောင်း
    ထုတ်ပြောကြရအောင်" ဆိုလေ့ရှိခဲ့ပါတယ်။
  • 0:16 - 0:18
    အဲဒါနဲ့ သူတို့က "ကောင်းပြီ " ဆိုကြပါတယ်။
  • 0:18 - 0:20
    တဖြည်းဖြည်းနဲ့ အဲဒီလိုကာလဘောင်ဟာ
  • 0:20 - 0:22
    တိုတိုလာတာကို ကျွန်တော်
  • 0:22 - 0:24
    သတိထားမိပြီး၊
  • 0:24 - 0:27
    လွန်ခဲ့တဲ့ နှစ်လတုန်းက
    CEO တစ်ယောက်နဲ့ တွေ့တော့
  • 0:27 - 0:30
    ကျွန်တော်တို့ဟာ
    ကနဦး စကားဝိုင်းကို စခဲ့ကြတယ်။
  • 0:30 - 0:34
    သူက "ခင်ဗျား လုပ်တာ ကျွန်တော် သဘောကျတယ်။
    နောက် ခြောက်လအကြောင်း ပြောကြရအောင်"တဲ့။
  • 0:34 - 0:35
    (ရယ်သံများ)
  • 0:36 - 0:39
    ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ
    အများကြီးပါ။
  • 0:39 - 0:42
    အဲဒါတွေက လူ့ယဉ်ကျေးမှု-စကေး ပြဿနာတွေပါ။
  • 0:44 - 0:45
    ဒါပေမဲ့ ခက်နေတာက၊
  • 0:45 - 0:47
    အဲဒီပြဿာနာတွေကို ကြိုစား ဖြေရှင်းဖို့
  • 0:47 - 0:50
    ကျွန်တော်တို့ အခုသုံးနေကြတဲ့
    စိတ်ပိုင်း ပုံစံတွေကို သုံးြပီး
  • 0:50 - 0:51
    ဒါတွေကို ဖြေရှင်းလို့မရနိုင်ဘူး။
  • 0:52 - 0:55
    နည်းပညာပိုင်းဆိုင်ရာ လုပ်နိုင်ခဲ့တာတွေ
    တကယ့်ကို များတာ အမှန်ပါပဲ၊
  • 0:55 - 1:00
    ဒါပေမဲ့ ကျွန်တော်တို့က တကယ့်ကိုပဲ
    ခုနက ပြဿနာကြီးတွေကို ဖြေရှင်းဖြစ်ချင်ရင်၊
  • 1:00 - 1:03
    ကျွန်တော်တို့ အနေနဲ့ ဖြေရှင်းရန်
    လိုအပ်တဲ့ ရှေ့ပြေးပြဿနာ ရှိနေပါတယ်။
  • 1:03 - 1:05
    "ရေတိုဝါဒ" ပြဿနာကိုပါ။
  • 1:05 - 1:08
    တကယ်နော်။ ရေတိုဝါဒကို ဆန့်ကျင်တဲ့
    ချီတက်ပွဲ မရှိပါ။ လက်ကြပ်လိုမျိုး မရှိပါ။
  • 1:08 - 1:12
    ရေတိုဝါဒကို ဆန့်ကျင်ချင်သူတွေ လက်မှတ်
    ထိုးစရာ လျှောက်လွှာလည်း မရှိပါ။
  • 1:12 - 1:15
    ကျွန်တော်က တင်ကြည့်ခဲ့ပေမဲ့
    တစ်ယောက်မှ လက်မှတ်မထိုးခဲ့ပါ။
  • 1:15 - 1:16
    ကျွန်တော် စိတ်ပျက်မိတယ်။
  • 1:16 - 1:17
    (ရယ်သံများ)
  • 1:17 - 1:20
    ဒါပေမဲ့ အများကြီး မလုပ်နိုင်အောင်
    ဟန့်တားပေးပါတယ်။
  • 1:20 - 1:23
    ရေတိုဝါဒဟာ အကြောင်းအမျိုးမျိုးကြောင့်၊
  • 1:23 - 1:26
    ကျွန်တော်တို့ လူတိုင်းရဲ့ လက်တွေ့ဘဝထဲ
    စိမ့်ဝင်လာနေပါတယ်။
  • 1:26 - 1:28
    ကျွန်တော်ဟာ တစ်စက္ကန့်လောက် အချိန်ယူပြီး
  • 1:28 - 1:31
    ခင်ဗျားတို့ စဉ်းစားနေတဲ့ လုပ်ကိုင်နေတဲ့
    ကိစ္စတစ်ခုကို စဉ်းစားစေချင်တယ်။
  • 1:31 - 1:33
    အဲဒါဟာ ကိုယ်ရေးဖြစ်နိုင်၊ အလုပ်ကိစ္စ
    ဖြစ်နိုင်တယ်
  • 1:33 - 1:35
    တစ်ကမ္ဘာလုံးအတွက်
    သိပ်အရေးကြီးနိုင်ပါတယ်၊
  • 1:35 - 1:38
    ပြီးတော့ ဘယ်လောက် ဝေးတဲ့အထိ
    စဉ်းစားလျက် အဖြေရှာမယ်
  • 1:38 - 1:40
    ဆိုတာကိုလည်း စဉ်းစားထားပါ။
  • 1:42 - 1:46
    ရေတိုဝါဒက CEO ကို
    တကယ့်ကို ဈေးကြီးကြတဲ့ လုံခြုံရေး
  • 1:46 - 1:49
    ကိရိယာတွေကို မဝယ်နိုင်အောင်
    ဟန့်တားမှာပါ။
  • 1:49 - 1:51
    အဲဒါက အောက်ခြေကို ထိခိုက်ပါလိမ့်မယ်။
  • 1:51 - 1:54
    အဲဒါကြောင့်မို့လို့ ကျနော်တို့
    Deepwater Horizon မျိုးကြုံလာရပါမယ်။
  • 1:54 - 1:57
    အဲဒီရေတိုဝါဒကပဲ ဆရာတွေကို သူတို့ရဲ့
  • 1:57 - 2:01
    ကျောင်းသားတွေကို တစ်ဦးချင်း အရည်အရည်အသွေး
    မြင့်မားစွာ သင်ဖို့ အချိန်မပေးပါ။
  • 2:01 - 2:03
    အဲဒါကြောင့် အခု အမေရိကမှာ
  • 2:03 - 2:06
    အထက်တန်းကျောင်းသားတွေ
    ၂၆ စက္ကန့်တိုင်းမှာ ကျောင်းမှ ထွက်နေရတယ်။
  • 2:07 - 2:10
    ကွန်ဂရက်ကိုတောင်မှ အဲဒီ ရေတိုဝါဒက
  • 2:10 - 2:13
    ဒီမှာ ကွန်ဂရက်ထဲက တစ်ဦးဦးရှိနေရင်
    ခွင့်လွတ်ဖို့ တောင်းပန်ပါရစေ-
  • 2:13 - 2:14
    (ရယ်သံများ)
  • 2:14 - 2:16
    ဒါမှမဟုတ် ဝမ်းနည်းစရာ
    ဟုတ်ချင်မှ ဟုတ်မှာပါ-
  • 2:16 - 2:18
    (ရယ်သံများ)
  • 2:18 - 2:22
    တကယ့်လိုအပ်တဲ့ အခြေခံအဆောက်အအုံ
    အတွက် ဘတ်ဂျက်ငွေကို ချမှတ်ခွင့် မပေးဘူး။
  • 2:22 - 2:24
    အဲဒါရဲ့ ရလဒ်အဖြစ် I-35W တံတါးကြီး
    ပြိုတာမျိုး ကြုံခဲ့ရတယ်။
  • 2:24 - 2:27
    လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက
    မီစီစီပီမြစ်ပေါ်က အဖြစ်လေ။
  • 2:27 - 2:29
    လူ ၁၃ ဦး သေဆုံးခဲ့ကြတယ်။
  • 2:29 - 2:32
    တစ်ချိန်လုံး ဒီလို မဟုတ်ခဲ့ပါ၊ ကျွန်ုပ်တို့
    ပနားမားတူးမြောင်းကို တူးခဲ့ကြတယ်။
  • 2:32 - 2:35
    တစ်ကမ္ဘာလုံးမှာ ပိုလီယို ရောဂါကို
    တိုက်ဖျက်နိုင်ခဲ့ကြတယ်။
  • 2:35 - 2:39
    တိုက်ကြီးဖြတ် ရထားလမ်း၊ မာရှယ်စီမံကိန်း
    ကျွန်တော်တို့ ရုပ်လုံးဖေါ်ခဲ့တယ်။
  • 2:39 - 2:42
    အဲဒါက ထုထယ် ကြီးမားတဲ့ အဆောက်အအုံများ
    ဆိုင်ရာ ပြဿနာများသာ မဟုတ်ပါ။
  • 2:43 - 2:45
    အမျိုးသမီးတွေရဲ့
    မဲပေးပိုင်ခွင့်လည်း ပါပါတယ်။
  • 2:45 - 2:48
    ဒါပေမဲ့ ကျွန်တော်တို့ရဲ့
    ရေတိုဝါဒ ခေတ်ကြီးတွင်၊
  • 2:48 - 2:50
    အရာတိုင်းက အခုချက်ချင်း ဖြစ်ပျက်နေပြီး
    ကျွန်တော်တို့က
  • 2:50 - 2:54
    တွီးတ် ဒါမှမဟုတ် ပို့စ်တစ်ခုရဲ့
    သက်တမ်းကိုသာ စဉ်းစားနိုင်ကြလို့
  • 2:54 - 2:57
    ကျွန်တော်တို့ဟာ အလွန်အမင်း
    တုံ့ပြန်တတ်ကြပါတယ်။
  • 2:57 - 2:58
    အဲဒီတော့ ကျွန်ုပ်တို့ ဘာလုပ်ကြလဲ။
  • 2:59 - 3:02
    ကျွန်ုပ်တို့ဟာ စစ်မက်တွေ ဖြစ်နေတဲ့
    နိုုင်ငံက လူတွေကို လက်ခံလျက်
  • 3:02 - 3:03
    သူတို့ နောက်ကို လိုက်ကြပါတယ်။
  • 3:03 - 3:07
    ဆေးဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို
    ယူပြီး ဘဝနဲ့ ဝေးရာတွင် ထားလိုက်ကြတယ်။
  • 3:07 - 3:09
    ပြီးတော့ ကျွန်ုပ်တို့ဟာ McMansions ကို
    တည်ဆောက်ကြပါတယ်၊
  • 3:09 - 3:13
    လူတွေက အဲဒီမှ သူတို့ရဲ့ အလုပ်တွေကို
    ဘယ်လိုသွားမလဲ မစဉ်းစားခဲ့ကြပါ။
  • 3:13 - 3:14
    အမြန် ဖြေရှင်းနည်းပါ။
  • 3:14 - 3:17
    လက်တွေ့ အရှိတရားက ဘယ်လိုရှိလဲဆိုတော့
    အဲဒီလို ပြဿနာများအတွက်
  • 3:17 - 3:20
    နည်းပညာအရ ဖြေရှင်းနည်းတွေ ရှိပါတယ်၊
  • 3:20 - 3:21
    တော်တော်များများ အတွက်ပါ။
  • 3:21 - 3:25
    အဲဒီ နည်းပညာပိုင်း ဖြေရှင်းနည်းတွေကို
    ကျွန်တော်က သဲအိတ်မဟာဗျူဟာလို့ ခေါ်ပါတယ်။
  • 3:25 - 3:27
    မုန်တိုင်း ကျလာမှာကို
    ကိုယ်က သိတယ်ဆိုပါစို့၊
  • 3:27 - 3:29
    ရေကာတာ ကျိုးပေါက်နေပြီ၊ ဘယ်သူမှ
    ငွေမစိုက်လိုပါ၊
  • 3:29 - 3:31
    ကိုယ့်အိမ်ကို သဲအိတ်တွေနဲ့
    ဝန်းရံခဲ့ရပါတယ်။
  • 3:31 - 3:33
    တကယ်တော့ အဲဒါ အလုပ်ဖြစ်ပါတယ်။
  • 3:34 - 3:37
    မုန်တိုင်း မရှိတော့ဘူး၊ ရေတွေလည်း
    ကျဆင်းသွားပြီ၊
  • 3:37 - 3:38
    သဲအိတ်တွေ ဖယ်ထုတ်လို့ ရပါပြီ။
  • 3:38 - 3:41
    မုန်တိုင်း တစ်ခုပြီး တစ်ခု အဲဒီလို
    လုပ်ကိုင်ကြရပါတယ်။
  • 3:41 - 3:43
    အဲဒီထဲတွင် အတွင်းကျတဲ့
    အချက်တစ်ချက် ရှိပါတယ်။
  • 3:44 - 3:46
    သဲအိတ် မဟားဗျူဟာနဲ့ဆို
  • 3:46 - 3:48
    ကိုယ် ပြန်ပြီး အရွေးခံ မရနိုင်ပါ။
  • 3:48 - 3:50
    သဲအိတ် မဟားဗျူဟာနဲ့ဆို
  • 3:50 - 3:52
    သုံးလပတ် ကိန်းဂဏန်းတွေကို လှပအောင်
    လုပ်ပြနိုင်ပါတယ်။
  • 3:54 - 3:57
    ဒါပေမဲ့ ကျွန်တော်တို့က
    ရှေ့ကို ဆက်သွားချင်ရင်၊
  • 3:57 - 4:00
    လက်ရှိဟာနဲ့ မတူတဲ့ အနာဂတ်မျိုးဆီကို
    သွားချင်ကြတယ်ဆိုရင်၊
  • 4:00 - 4:02
    ဒီလိုသွားနေရင် အနာဂတ် မရှိဘူး ထင်တယ်၊
  • 4:02 - 4:04
    ၂၀၁၆ ခုနှစ်ဟာ ယဉ်ကျေးမှုရဲ့
    အထွတ်အထိပ် မဟုတ်ပါဘူး။
  • 4:04 - 4:05
    (ရယ်သံများ)
  • 4:05 - 4:07
    ကျွန်ုပ်တို့ လုပ်နိုင်တာ ရှိပါသေးတယ်။
  • 4:07 - 4:12
    ကျွန်တော် ထောက်ပြချင်တာက ကျွန်ုပ်တို့ရဲ့
    တွေးခေါ်မှုပုံစံနဲ့ စိတ်ထဲက မြေပုံတွေကို
  • 4:12 - 4:14
    ဒါမှမဟုတ် တွေးခေါ်ပုံကို မပြောင်းမချင်း
  • 4:14 - 4:16
    ဘာမှ လုပ်လို့ ရမှာ မဟုတ်ပါဘူး။
  • 4:16 - 4:19
    ကျွန်တော် ရှာတွေ့ထားတာကို
    "ရေရှည်လမ်းကြောင်း" လို့ ခေါ်နိုင်ပါတယ်၊
  • 4:19 - 4:21
    လုပ်ကိုင်နည်း တစ်ခုပါ။
  • 4:21 - 4:24
    ပြီးတော့ အဲဒီရေရှည်လမ်းကြောင်းဟာ တစ်ကြိမ်
    လုပ်လုပ်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါ။
  • 4:24 - 4:27
    ကျွန်တော် သေချာတာက ခင်ဗျားတို့လည်း
    အဲဒါမျိုး လုပ်ခဲ့ဘူးကြမှာပါ၊
  • 4:27 - 4:30
    သင်ပုန်းအဖြူတွေပေါ်မှာ
    မှတ်ချက်တွေ တစ်ပုံကြီးနဲ့
  • 4:30 - 4:32
    သူရော ကိုယ်ပါ လုပ်ခဲ့ကြပါတယ်-
  • 4:32 - 4:35
    ဒီခန်းမထဲတွင် အဲဒီလို လုပ်ကိုင်ကြတဲ့
    အကြံပေးတွေ ရှိရင် စိတ်မရှိကြပါနဲ့ -
  • 4:35 - 4:37
    ရေရှည် စီမံချက် တစ်ခုခုကို
    ရေးဆွဲတတ်ကြပါတယ်၊
  • 4:37 - 4:40
    အဲဒီနောက် နှစ်ပတ်အကြာတွင်၊
    လူတိုင်းက အဲဒါကို မေ့သွားကြပြီ။
  • 4:40 - 4:44
    ဟုတ်တယ် မှုတ်လား။ တစ်ပတ် ပိုကြာနိုင်တယ်၊
    ကံကောင်းရင် သုံးလအပြီးမှာ မေ့သွားကြပြီ။
  • 4:45 - 4:48
    အဲဒါဟာ လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေပြီ
    လုပ်ကိုင်ရန် လိုအပ်တဲ့ အရာမဟုတ်လို့ပါ။
  • 4:48 - 4:52
    ကိုယ်က ဖြေရှင်းလိုတဲ့ ကိစ္စရပ်ကြီးတိုင်း
    အတွက် နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ချင်ရင်
  • 4:52 - 4:55
    အဲဒါဟာ လုပ်ရိုးလုပ်စဉ်ကြီး ဖြစ်ပါတယ်။
  • 4:55 - 4:58
    ဒီတော့ ကျွန်တော်ဟာ စဉ်းစားနည်း
    သုံးနည်းကို ဆွေးနွေးချင်တယ်။
  • 4:58 - 5:01
    ပထမဟာက- မျိုးဆက်ကျော်ပြီး စဉ်းစားနည်းပါ။
  • 5:01 - 5:03
    ကျွန်တော်ဟာ ဒဿနိက ပညာရှင်တွေကို ချစ်ပါတယ်-
  • 5:03 - 5:05
    Plato၊ Socrates၊ Habermas၊
    Heidegger တို့လေ။
  • 5:05 - 5:08
    သူတို့ကို လေ့လာရင်း ကြီးပြင်းလာသူပါ။
  • 5:08 - 5:10
    ဒါပေမဲ့ ကျွန်တော်က ဒါကို အသေအချာ
    လေ့လာမကြည့်ခင်အထိ
  • 5:10 - 5:12
    သတိမထားမိတဲ့ အချက်တစ်ချက်ကို
    သူတို့ အားလုံး
  • 5:12 - 5:14
    လုပ်ကိုင်လေ့ ရှိခဲ့ကြတာကို သတိထားမိပါတယ်။
  • 5:14 - 5:16
    သူတို့ အားလုံးဟာ၊
  • 5:16 - 5:19
    သူတို့ရဲ့ လက်တွေ့ လုပ်ရပ်တွေကို
    တိုင်းထွာရေး ယူနစ်အဖြစ်
  • 5:19 - 5:22
    တစ်ခုခုဟာ ကောင်းတယ် ဆိုးတယ် ဆိုတာ
    ဆုံးဖြတ်ရာတွင်၊
  • 5:22 - 5:23
    ဘဝတစ်သက်တာကို၊
  • 5:23 - 5:26
    မွေးရာမှ သေဆုံးတဲ့အထိ ကာလကို ယူခဲ့ကြပါတယ်။
  • 5:26 - 5:28
    ဒါပေမဲ့ ချဉ်းကပ်စဉ်းစားကြရာတွင်
    ပြဿနာရှိနေတယ်-
  • 5:28 - 5:30
    ပြဿနာတွေ ကျွန်ုပ်တို့အပေါ်မှာ
    ထပ်ပုံနေကြတယ်၊
  • 5:30 - 5:32
    ဒီလောကကြီးထဲ ကောင်းတာ
    တစ်ခုခုကို ကိုယ်မွေးပြီး
  • 5:32 - 5:35
    မသေခင် လုပ်ပေးနိုင်ရင် အကောင်းဆုံး
    ဆိုတာ ကျွန်ုပ်တို့ သိကြပါတယ်။
  • 5:35 - 5:37
    ကျွန်ုပ်တို့ကို အဲဒီလို စီမံပေးထားလို့ပါ။
  • 5:37 - 5:40
    စာအုပ်ဆိုင်ထဲ ကိုယ့်ကိုကိုယ် ကူညီရေး
    ကဏ္ဍတွင် လေ့လာကြည့်ပါက၊
  • 5:40 - 5:42
    ကိုယ်နဲ့ ပတ်သက်နေတဲ့
    အကြောင်းတွေချည်းပါပဲ။
  • 5:42 - 5:43
    အဲဒါဟာ အားရစရာကြီးပါ။
  • 5:43 - 5:46
    ခုနက ပြောပြခဲ့တဲ့ ပြဿနာကြီးတွေနဲ့
    မသက်ဆိုင်ဘူး ဆိုရင်ပေါ့လေ။
  • 5:48 - 5:50
    ဒီတော့ မျိုးဆက်ကိုကျော်ပြီး
    တွေးခေါ်ကြည့်ရင်၊
  • 5:51 - 5:54
    တကယ်တော့ အဲဒါဟာ မျိုးဆက်ကိုကျော်တဲ့
    ကျင့်စဉ်ပါပဲ၊
  • 5:54 - 5:58
    အဲဒီလိုဆိုရင် ကိုယ်ဟာ အဲဒီပြဿနာတွေကို
    တွေးခေါ်ပုံ ဘောင်ကို ချဲ့ပေးလျက်၊
  • 5:58 - 6:01
    အဲဒါတွေကို ကူဖြေရှင်းမှုထဲက
    ကိုယ်ရဲ့ အခန်းကဏ္ဍကို တွေ့နိုင်ပါမယ်။
  • 6:02 - 6:06
    ပြီးတော့ လုံခြုံရေးကောင်စီ ခန်းမကြီးထဲ
    တွင်သာ လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။
  • 6:06 - 6:10
    အဲဒါကို ကျွန်ုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ
    ပုံစံနဲ့ပါ လုပ်ပေးလို့ ရနိုင်ပါတယ်။
  • 6:10 - 6:14
    ဥပမာ ကံကောင်းချင်လို့၊ ကျွန်တော့ဇနီးနဲ့အတူ
    အပြင်ထွက် စားဖို့ရှိနေတယ်ဆိုပါစို့၊
  • 6:14 - 6:17
    ကျွန်ုပ်တို့မှာ ခုနှစ်နှစ်အောက်
    ကလေးသုံးဦးရှိသေးတယ်။
  • 6:17 - 6:20
    အဲဒါ အတော်လေး အေးချမ်းမယ့်
    ညစာ ဖြစ်နိုင်တာ ခန့်မှန်းနိုင်ကြပါပြီ။
  • 6:20 - 6:21
    (ရယ်သံများ)
  • 6:21 - 6:26
    ကျွန်ုပ်တို့ ထိုင်ချလိုက်တာနဲ့၊ အေးဆေးစွာ
    စားသောက်လိုကြပါတယ်၊
  • 6:26 - 6:29
    ဒါပေမဲ့၊ ကိုယ့်ကလေးတွေရဲ့ ကျွန်ုပ်တို့
    ဘာတွေ လုပ်ကြမလဲ ဆိုတာနဲ့
  • 6:29 - 6:31
    ပတ်သက်တဲ့ စိတ်ကူးကျတော့
    လုံးဝကို တမျိုးပါ။
  • 6:31 - 6:33
    ဒီတော့ ကျွန်တော်ရဲ့ ပထမဦးဆုံ
    စိတ်ကူးက
  • 6:33 - 6:35
    သဲအိတ်မဟာဗျူဟာပဲလေ။
  • 6:35 - 6:38
    အဲဒါက ကိုယ့်အိတ်ကပ်ထဲက
    iPhone ကို ထုတ်ယူရန်နဲ့
  • 6:38 - 6:39
    ၎င်းကို "ပိတ်ချ" လိုက်ရန်
  • 6:39 - 6:42
    ဒါမှမဟုတ် အကောင်းဆုံးဂိမ်းကို
    ပိတ်ချရန်ပါပဲ။
  • 6:43 - 6:47
    အဲဒီနောက်မှာ ကျွန်တော် ရပ်လိုက်တယ်
  • 6:47 - 6:51
    ခုနက မျိုးဆက်ကျော် တွေးခေါ်မှုဆိုတာကို
    လုပ်ကိုင်ရန် လိုအပ်ပါတယ်။တင်ရန်ရှိသည်။
  • 6:51 - 6:54
    ခါတိုင်းဆို ကျွန်တော်ဟာ အဲဒါကို
    စားသောက်ဆိုင်မှာ လုပ်လေ့မရှိခဲ့ပါဘူး၊
  • 6:54 - 6:56
    အခုတော့ လုပ်ရတော့မယ်-
  • 6:56 - 6:59
    တစ်ခါလုပ်ခဲ့ဘူးလို့၊ အဲဒါဟာ ထူးဆန်း
    နေခဲ့မှန်း ကျွန်တော် သိလာခဲ့ရတာပါ။
  • 6:59 - 7:00
    (ရယ်သံများ)
  • 7:00 - 7:04
    ကိုယ်က "အိုကေ၊ ဒါကို ငါလုပ်နိုင်ပါတယ်"
    စဉ်းစားရန် လိုအပ်ပါတယ်။
  • 7:04 - 7:07
    ဒါနဲ့ အဲဒီအချက်က သူတို့ကို ဘာများသင်ပေးလဲ။
  • 7:07 - 7:09
    ကျွန်တော်ဟာ စာရွာက်စာတမ်း တချို့ကို
    ယူလာခဲ့မယ် ဒါမှမဟုတ်
  • 7:09 - 7:12
    သူတို့နဲ့ တစ်ခုခုဆွေးနွေးဖို့
    ကြိုးစားမယ်ဆိုရင်ကော။
  • 7:12 - 7:15
    အဲဒါ ခက်တယ်။ မလွယ်ပါဘူး၊ ကိုယ်ရေးကိစ္စ
    အဖြစ် လုပ်ပြခဲ့နေတာပါ။
  • 7:15 - 7:16
    အဲဒါဟာ စိတ်ကို ပိုထိခိုက်စေပါတယ်
  • 7:16 - 7:19
    ကျွန်တော် လုပ်ကိုင်ခဲ့ရဘူးတဲ့
    ပြဿနာကြီးတွေထက် ပိုခက်တဲ့အရာပါ -
  • 7:19 - 7:21
    ကိုယ့်ကလေးတွေကို
    ညစာမှာ ဖြေဖျော်ရတဲ့ ကိစ္စပါ။
  • 7:21 - 7:25
    အဲဒါရဲ့ ကျေးဇူးအဖြစ် သူတို့ကို
    ကျွန်တော်နဲ့အတူ ပစ္စုပန်ထဲ ချိတ်ဆက်ခဲ့တယ်၊
  • 7:25 - 7:26
    တစ်ချိန်တည်းမှာ -
  • 7:26 - 7:29
    မျိုးဆက်ကျော် ကျင့်စဉ်အရ တွေးခေါ်မှုရဲ့
    အရေးကြီးဆုံးအချက်က -
  • 7:29 - 7:33
    ကိုယ့်ကလေးတွေက သူတို့ရဲ့ ကလေးတွေနဲ့
    သူတို့ရဲ့ ကလေးတွေက သူတို့ရဲ့ ကလေးတွေကို
  • 7:33 - 7:36
    အပြန်အလှန်တုံ့ပြန်ပေးကြရမှာကို
    သင်မှတ်ပေးချင်ပါပဲ။
  • 7:36 - 7:38
    ဒုတိယက အနာဂတ်ကို စဉ်းစားနည်းပါ။
  • 7:39 - 7:41
    ကျွန်တော်တို့က အနာဂတ်ကို စဉ်းစားရာတွင်၊
  • 7:41 - 7:43
    ၁၀၊ ၁၅ နှစ်ကို တွေးကြည့်ရင်၊
  • 7:43 - 7:46
    အနာဂတ်ဆိုတာ ဘယ်လိုများလဲ
    ကျွန်တော့်ကို ဖေါ်ပြပေးကြပါ။
  • 7:46 - 7:49
    ကျွန်တော့ကို ဖေါ်ပြပေးရန် မဟုတ်ဘဲ၊
    ကိုယ့်ခေါင်းထဲမှာ စဉ်းစားကြပါ။
  • 7:49 - 7:51
    အဲဒီမှာ ခင်ဗျားတို့ မြင်ရဖို့ များတာက
  • 7:51 - 7:53
    ယဉ်ကျေးမှုထဲ လွှမ်းမိုးနေတဲ့
    မှန်ဘီလူးတွေပါ
  • 7:53 - 7:56
    အနာဂတ်ကို စဉ်းစားရာတွင် လွှမ်းမိုးနေတဲ့
    နည်းပညာဆိုတဲ့
  • 7:56 - 7:57
    မှန်ဘီလူးတွေပါ။
  • 7:57 - 7:59
    အဲဒါကြောင့် ပြဿနာတွေကို စဉ်းစားရင်၊
  • 7:59 - 8:02
    အမြဲတမ်း နည်းပညာဆိုတဲ့ မှန်ဘီလူးများမှ
    တဆင့် စဉ်းစားကြတာပါ၊
  • 8:02 - 8:05
    နည်းပညာ-ဗဟိုပြု၊ နည်းပညာ စိတ်ကူးရူး
    စသဖြင့် ဖြစ်နိုင်တယ်၊ အဲဒါ မမှားပါဘူး၊
  • 8:05 - 8:09
    ဒါပေမဲ့ အဲဒီအကြောင်းကို ကျွန်တော်တို့
    ခုနက ပြဿနာကြီးတွေ ကျော်လွှားချင်ရင်
  • 8:09 - 8:11
    လေးလေးနက်နက် စဉ်းစားဖို့ လိုပါတယ်၊
  • 8:11 - 8:13
    အဲဒါဟာ အမြဲတမ်း
    ဒီလိုမျိုး မဟုတ်ခဲ့ဘူးနော်။
  • 8:13 - 8:16
    ရှေးခေတ်တုန်းက လူတွေ သူတို့ အနာဂတ်
    အကြောင်းကို
  • 8:17 - 8:18
    စဉ်းစားတွေးခေါ်ပုံက တစ်မျိုးပါ။
  • 8:20 - 8:24
    ပြီးတော့ အနာဂတ် ဘယ်လိုဖြစ်လိမ့်မလဲ ဆိုတာ
    ဘုရားကျောင်းမှာ သေချာပေါက် သိခဲ့ကြပါတယ်၊
  • 8:24 - 8:27
    ခင်ဗျားတို့ကလည်း ကိုယ့်အနာဂတ်ဆီ
    ကိုယ့်နည်းနဲ့ ခြေလှမ်းကြမှာ၊ ဟုတ်တယ်နော်။
  • 8:28 - 8:29
    ဒါပေမဲ့ လူသားတွေ ကံကောင်းချင်တော့၊
  • 8:29 - 8:31
    သိပ္ပံတော်လှန်ရေး ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။
  • 8:31 - 8:34
    အဲဒီကတစ်ဆင့် နည်းပညာကို
    ကျွန်တော်တို့ ရလာကြတယ်၊
  • 8:34 - 8:35
    ဘယ်လို ဖြစ်ပျက်ခဲ့သလဲ ဆိုတော့ -
  • 8:35 - 8:37
    ဒါနဲ့ ဝေဖန်နေတယ်လို့ မထင်မှတ်ကြပါနဲ့၊
  • 8:38 - 8:40
    ကျွန်တော်ဟာ နည်းပညာကို ချစ်ပါတယ်။
  • 8:40 - 8:43
    ကျွန်တော့အိမ်ထဲက အရာတိုင်း
    ကျွန်တော်နဲ့ စကားပြောနိုင်တယ်၊
  • 8:43 - 8:45
    ကိုယ့်ကလေးတွေနဲ့ စပီကာတွေမှအစ
    အရာရာတိုင်းပါပဲ။
  • 8:45 - 8:48
    (ရယ်သံများ)
  • 8:48 - 8:53
    ဒါပေမဲ့ ကျွန်တော်တို့ဟာ အနာဂတ်ဆိုတာကို
    ရှေးရောမမြို့ ယဇ်ပုရောဟိတ်များထံမှ ယူလျက်
  • 8:53 - 8:57
    Silicon Valley ထဲက ယဇ်ပုရောဟိတ်တွေ
    လက်ထဲကို ထည့်ပေးလိုက်ကြတယ်။
  • 8:57 - 9:00
    အဲဒီတော့ ကျွန်တော်တို့က တစ်ခုခု စဉ်းစား
    ချင်ရင်၊ ရာသီဥတုပြဿနာကို
  • 9:00 - 9:03
    ဒါမှမဟုတ် ဆင်းရဲမွဲတေမှု၊ အိမ်ယာမဲ့မှုကို
    စဉ်းစားရင်
  • 9:03 - 9:06
    ကျွန်တော်တို့ဟာ ဦးစွာအနေနဲ့ အဲဒါကို
    နည်းပညာ မှန်ဘီလူးဖြင့် ကြည့်ချင်တယ်။
  • 9:07 - 9:11
    ကျွန်ုပ်တို့ဟာ ဒီလူဆီကိုမှ သွားရမယ်လို့
    နားချနေတာ မဟုတ်ပါဘူး။
  • 9:11 - 9:14
    ကျွန်တော်ဟာ Joel ကို ချစ်ပါတယ်၊
    ကျွန်တော့ကို တလွဲမထင်စေလိုပါ၊
  • 9:14 - 9:16
    Joel ဆီကို မသွားရဘူး မဆိုချင်ပါ။
  • 9:16 - 9:18
    ကျွန်တော် ပြောနေတာက
    ကျွန်ုပ်တို့ဟာ အနာဂတ်ကို
  • 9:18 - 9:22
    ပုံစံတမျိုတည်းဖြင့် ကြည့်တတ်တဲ့ အကျင့်ကို
    ပြန်စဉ်းစားဖို့ကိုပါ၊
  • 9:22 - 9:25
    လွှမ်းမိုးနေတဲ့ မှန်ဘီလူးဖြင့်သာ
    ကြည့်တာမျိုး ရှောင်ဖို့ကိုပါ။
  • 9:25 - 9:27
    ကျွန်ုပ်တို့ရဲ့ ပြဿနာတွေက ကြီးမား
    ကျယ်ဝန်းကြလို့
  • 9:27 - 9:30
    ကျွန်ုပ်တို့ဟာ
    မျက်စိဖွင့်ကြည့်ရန် လိုပါတယ်။
  • 9:30 - 9:34
    အဲဒါကြောင့် ကျွန်တော်ဟာ အတတ်နိုင်ဆုံး
    အနာဂတ် အကြေင်းကို ပြောချင်သူပါ၊
  • 9:34 - 9:36
    ကျွန်တော် အနာဂတ်အကြောင်းကို ပြောသူပါ။
  • 9:36 - 9:39
    ဆွေးနွေးမှုကို
    အဲဒါနဲ့ ထပ်ပြီး ဖွင့်ခဲ့ပါတယ်။
  • 9:39 - 9:41
    ဒီတော့ ခင်ဗျားတို့က ထိုင်နေပြီး
    အဲဒီလို အဓိကရ
  • 9:41 - 9:44
    ပြဿနာနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး
    ဘယ်လို လုပ်ကြမလဲကို စဉ်းစားရာတွင်၊
  • 9:44 - 9:46
    အိမ်မှာ ထိုင်နေတုန်း ဖြစ်နိုင်တယ်၊
  • 9:46 - 9:48
    ကိုယ့်အလုပ်မှာ ဖြစ်နိုင်ပါတယ်၊
  • 9:48 - 9:51
    အဲဒါ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဖြစ်နိုင်ပါတယ် -
  • 9:51 - 9:55
    အဖြေကို ရှာကြံရာတွင် နည်းပညာရဲ့ ဘောင်ကို
    ကျော်ပြီး စဉ်းစားမှုကို ဖြတ်မပစ်ပါနဲ့၊
  • 9:55 - 9:59
    ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ဆင့်ကဲ
    တိုးတက်မှုကို စဉ်းစားမယ့်အစား
  • 9:59 - 10:01
    လောလောဆယ်မှာ နည်းပညာကို
    အလေးပေးနေကြလို့ပါ။
  • 10:01 - 10:03
    ကျွန်တော်တို့က အဲဒီလို မလုပ်နိုင်သရွေ့၊
  • 10:03 - 10:05
    ရေတိုဝါဒထဲမှ
    ရုန်းထွက်နိုင်လျက် ကိုယ်သွားလိုရာကို
  • 10:05 - 10:07
    ရောက်နိုင်ကြမှာ မဟုတ်ပါဘူး။
  • 10:07 - 10:10
    နောက်ဆုံးပြောပြချင်တဲ့ တွေးခေါ်နည်းက
    ဂရိနိုင်ငံတွင် အမြစ်တွယ်ပါတယ်။
  • 10:10 - 10:13
    နောက်ဆုံး ရည်မှန်းချက်နှင့်
    နောက်ဆုံးပန်းတိုင်ပါ။
  • 10:13 - 10:15
    အဲဒါက တကယ်တော့ မေးခွန်း
    တစ်ခုကို မေးခြင်းပါပဲ-
  • 10:16 - 10:17
    ဘယ်အဆုံးအထိကိုလဲ။
  • 10:18 - 10:21
    ခင်ဗျားတို့ ကိုယ့်ကိုကိုယ် ဘယ်အဆုံးအထိလဲ
    ဆိုပြီး မေးခဲ့တာ ဘယ်တုန်းကလဲ။
  • 10:21 - 10:25
    အဲဒီလို ကိုယ့်ကိုကိုယ်မေးခဲ့ချိန်မှာ
    ခင်ဗျားတို့ ဘယ်လောက်အထိ သွားနိုင်ခဲ့သလဲ။
  • 10:26 - 10:29
    ရှည်လျားမှုဟာ အခုတော့
    ရှည်လျားပါတယ်လို့ ပြောမရတော့ပါ။
  • 10:30 - 10:31
    သုံးနှစ်၊ ငါးနှစ်နဲ့ အရာမရောက်နိုင်ဘူး။
  • 10:31 - 10:34
    နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၁၀၀
    စသဖြင့် ဖြစ်ရမယ်။
  • 10:34 - 10:37
    Homer ရဲ့ ဂန္တဝင် "The Odyssey" ထဲတွင်
  • 10:37 - 10:40
    Odyssey နိုင်ငံသားများဆီတွင်
    ‘‘ဘယ်လောက်အထိ’’ဆိုတာရဲ့ အဖြေရှိခဲ့ပါတယ်။
  • 10:40 - 10:42
    အဲဒါဟာ Ithaca ဖြစ်ခဲ့ပါတယ်။
  • 10:42 - 10:44
    သူရဲ့ ရဲဝံ့လှတဲ့
    မျှော်မှန်းချက် ဖြစ်ခဲ့ပါတယ်-
  • 10:44 - 10:45
    Penelope ကို ပြန်သွားရန်ပါ။
  • 10:45 - 10:48
    ကျွန်တော် လုပ်ကိုင်လာခဲ့တာရဲ့ နောက်မှာ
    ကျွန်တော် ပြောနိုင်တာက၊
  • 10:48 - 10:51
    ခင်ဗျားတို့လည်း အလိုလို သိပါတယ်-
    ကျွန်ုပ်တို့ရဲ့ Ithaca ပျောက်နေပြီ။
  • 10:51 - 10:55
    ကိုယ်ရဲ့ "ဘယ်အထိလဲ"ဆိုတာ ဆုံးရှုံးသွား
    ခဲ့လို့ တစ်နေရာတည်းမှာ လည်နေကြရပါတယ်။
  • 10:55 - 10:58
    ကျွန်ုပ်တို့ဟာ ပြဿနာ
    တွေကို ဖြေရှင်းဖို့ အားထုတ်ကြတယ်၊
  • 10:58 - 11:00
    ဒါနဲ့ ပြဿနာကို ဖြေရှင်းပြီးရင်
    ဘာဖြစ်လာမလဲ။
  • 11:00 - 11:03
    နောက်မှာ ဘာလာမလဲ ဆိုတာကို မသိသရွေ့
    လူတွေဟာ ဘာမှ လုပ်ကြမှာ မဟုတ်ပါဘူး။
  • 11:04 - 11:07
    လုပ်ငန်းတွေကို လိုက်ကြည့်ရင်၊
    လုပ်ငန်းတွေနဲ့သာ ဆိုင်တာ မကပါ၊
  • 11:07 - 11:10
    ရေတို ဝါဒကို ကျော်ပြီး ကြည့်နိုင်ကြတဲ့
    လုပ်ငန်းများဆိုလို့
  • 11:10 - 11:12
    မိသားစုလုပ်ငန်းများ ဖြစ်နေတာ
    အားလုံး မြင်တွေ့ကြရမှာပါ။
  • 11:12 - 11:16
    သူတို့ဟာ မျိုးဆက်ကိုကျော်ပြီး ကြည့်သူတွေ၊
    သူတို့မှာ ရည်မှန်းချက်နဲ့ အနာဂတ် ရှိတယ်။
  • 11:16 - 11:20
    ဒီနေရာမှာ Patek Philippe ကို ကြော်ငြာသလို
    ဖြစ်ပါမယ်၊ အဲဒီနာရီဟာ ၁၇၅ နှစ်ရှိပါပြီ၊
  • 11:20 - 11:23
    ပြီးတော့ ဒီတံဆိပ်ထဲမယ် ကျွန်တော် ပြောတဲ့
    ရေရှည်ဝါဒ ဆိုတာကို
  • 11:23 - 11:25
    မြှုပ်နှံ ထည့်သွင်းပေးထားသလို
    ဖြစ်နေပါတယ်၊
  • 11:25 - 11:28
    ဘာဖြစ်လို့လဲဆိုတော့၊ Patek Philippe
    ကို ဘယ်တော့မှ ပိုင်ဆိုင်ကြမှာ မဟုတ်ပေမဲ့၊
  • 11:28 - 11:30
    ကျွန်တော်က တော့ ကျိန်းသေပါတယ်-
  • 11:30 - 11:31
    (ရယ်သံများ)
  • 11:31 - 11:34
    တစ်ယောက်ယောက်က စင်ပေါ်ကို
    ဒေါ်လာ ၂၅၀၀၀ ပစ်မပေးသရွေ့ပေါ့လေ။
  • 11:34 - 11:37
    အဲဒီလို နာရီဟာ နောက်မျိုးဆက်ဆီကို
    မျှော်မှန်းမှု ဖြစ်တာရှင်းနေပါပဲ။
  • 11:39 - 11:41
    ဒီတော့ ကျွန်တော်တို့
    မှတ်မိနေရန် အရေးကြီးတာက၊
  • 11:41 - 11:44
    အနာဂတ်ကိုပါ၊ ကျွန်တော်တို့က
    အဲဒါကို နာမ်လို သဘောထားကြပါတယ်။
  • 11:44 - 11:46
    အဲဒါမဟုတ်ဘူး၊ အဲဒါဟာ ကြိယာဖြစ်ပါတယ်။
  • 11:46 - 11:48
    လှုပ်ရှားရန် တောင်းဆိုပါတယ်။
  • 11:48 - 11:50
    အဲဒါက တွန်းပို့ပေးရန်ကို တောင်းဆိုပါတယ်။
  • 11:50 - 11:52
    အဲဒါက ကျွန်တော်တို့ကို ဆေးကြောပေးတဲ့
    အရာမျိုး မဟုတ်ပါ။
  • 11:52 - 11:55
    ကျွန်ုပ်တို့ လုံးဝကို
    ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုပါ။
  • 11:55 - 11:57
    ရေတိုဝါဒ လူ့အဖွဲ့အစည်းထဲ
    ထိန်းချုပ်မရနိုင်စကောင်းပါ။
  • 11:57 - 11:59
    ထောင်ချောက်ထဲ ပိတ်မိနေသလို ခံစားရတယ်။
  • 11:59 - 12:01
    ကျွန်ုပ်တို့ဟာ အဲဒါကို
    ကျော်လွန်နိုင်ကြပါတယ်။
  • 12:02 - 12:04
    ကျွန်တော်ဟာ တစ်ချိန်ချိန်မှာ
  • 12:05 - 12:07
    ရှောင်လွှဲမရနိုင်တဲ့ အနာဂတ်အချိန်မှာ
  • 12:08 - 12:10
    ကျွန်တော် သေဆုံးသွားရမှာကို
    သိထားတဲ့ နောက်မှာ
  • 12:11 - 12:13
    နေထိုင်ရတာ သက်တောင့်သက်သာ ရှိလာပါတယ်။
  • 12:13 - 12:17
    အဲဒီလို ပုံစံသစ်ဖြင့် စဉ်းစားရင်း
    လုပ်ကိုင်လာတဲ့ အခါမှာ၊
  • 12:17 - 12:21
    ပြင်ပကမ္ဘာထဲမှာရော၊ ကျွန်တော့ အိမ်မှာ
    ရှိတဲ့ မိသားစုထဲမှာပါ၊
  • 12:21 - 12:24
    ကလေးတွေအတွက် ချန်ထားခဲ့မှာနဲ့ ပတ်သက်ပြီး
    စိတ်ထဲ ပိုအဆင်ပြေလာပါတယ်။
  • 12:24 - 12:28
    လူတော်တော်များများက အဲဒီကိစ္စနဲ့ပတ်သက်ရင်
    တကယ့်ကို စိတ်ပျက်ကြပါတယ်၊
  • 12:28 - 12:29
    ဒါပေမဲ့ ကျွန်တော် ပြောချင်တာက၊
  • 12:30 - 12:31
    အဲဒါကို စဉ်းစားကြည့်ကြပါ။
  • 12:31 - 12:34
    ဒီစဉ်းစားနည်းကို ကျင့်သုံးခြင်းဖြင့်
    ရှောင်လွှဲမရနိုင်တဲ့ ခုနက အတော့်ကို
  • 12:34 - 12:37
    မသက်သာမှုတွေကို နောက်မှာ
    ချန်ထားနိုင်ခဲ့မှာပါ။
  • 12:37 - 12:40
    အဲဒါဟာ တကယ်တော့ ကိုယ့်ကိုကိုယ် ဒီလို
    မေးခွန်းမျိုး မေးမှုမှ စတင်ပါတယ်-
  • 12:41 - 12:43
    ကိုယ့် ရေရှည်လမ်းကြောင်းက ဘာလဲ။
  • 12:44 - 12:47
    ခင်ဗျားတို့က အဲဒီမေးခွန်းကို
    ကိုယ့်ကိုကိုယ် မေးတဲ့အခါမှာ
  • 12:47 - 12:49
    ဒီနေ့ည ဒါမှမဟုတ် ကားမောင်းနေတုန်း
  • 12:49 - 12:52
    ဒါမှမဟုတ် အစည်းအဝေးခန်းထဲ
    ဒါမှမဟုတ် ပြဿနာအတွက် အဖြေရှာနေစဉ်-
  • 12:53 - 12:56
    ရေရှည်လမ်းကြောင်းကို ကျော်ဖြတ်ဖို့
    တိုက်တွန်းချင်ပါတယ်။
  • 12:57 - 13:00
    လာမယ့် သုံးနှစ် ဒါမှမဟုတ် ငါးနှစ်အတွက်
    ငါရဲ့ ရေရှည်လမ်းကြောင်းက ဘာလဲ။
  • 13:00 - 13:03
    ကိုယ့် တစ်သက်တာမှာ လုပ်နိုင်မှာအတွက်
    လမ်းခရီးကို ချမှတ်ကြပါ၊
  • 13:03 - 13:06
    အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ
    ထင်ခဲ့ကြတာထက် ပိုကြီးမားတဲ့
  • 13:06 - 13:08
    အရာတွေကို လုပ်နိုင်လာတာကို
    တွေ့လာရမှာပါ။
  • 13:08 - 13:12
    ကျွန်တော်တို့ဆီမှာ ဧရာမ
    ပြဿနာကြီးတွေ အများကြီး ရှိနေတာ အမှန်ပါပဲ။
  • 13:14 - 13:16
    ဒီလို လုပ်ကိုင်ပုံနဲ့၊
    ဒီလို စဉ်းစားပုံနဲ့၊
  • 13:16 - 13:19
    ကျွန်တော်တို့ဟာ
    တမူထူးအောင် လုပ်နိုင်ကြမှာပါ။
  • 13:19 - 13:22
    ခင်ဗျားတို့လည်း အဲဒီလို
    သူမတူ ထူးခြားအောင် လုပ်နိုင်ကြမှာပါ။
  • 13:22 - 13:24
    ကျွန်တော် ခင်ဗျားတို့ အားလုံးကို
    ယုံကြည်ပါတယ်။
  • 13:24 - 13:25
    ကျေးဇူးတင်ပါတယ်။
  • 13:25 - 13:30
    (လက်ခုပ်သံများ)
Title:
တကယ့်ကို ရေရှည်အတွက် စီမံရေး နည်းလမ်း သုံးမျိုး
Speaker:
Ari Wallach
Description:

ကျွန်တော်တို့ဟာ ရေတို ပန်းတိုင်များနှင့် လိုအပ်ချက်များကို အခြေခံလျက် ဆုံးဖြတ်ချက် အများအပြားကို ချမှတ်ကြပါတယ်။ ကျွန်တော်တို့ဟာ ရေရှည်အနာဂတ် ပိုပြီးကောင်းမွန်စေဖို့ ဘယ်လိုများ စဉ်းစားပြီး စီမံသင့်သလဲ။ Ari Wallach က လတ်တလောကိစ္စများကို ကျော်လွန်ပြီး စဉ်းစားနိုင်မယ့် နည်းဗျူဟာ သုံးမျိုးကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
13:42

Burmese subtitles

Revisions