တကယ့်ကို ရေရှည်အတွက် စီမံရေး နည်းလမ်း သုံးမျိုး
-
0:01 - 0:04ကျွန်တော်က "အနာဂတ်သမား"ပါ၊ အဲဒီ
စကားလုံးကိုလည်း ကျွန်တော်ပဲ ထွင်ခဲ့တာပါ- -
0:04 - 0:05(ရယ်သံများ)
-
0:05 - 0:07လွန်ခဲ့တဲ့ သုံးစက္ကန့် တုန်းကပါ။
-
0:07 - 0:10ကျွန်တော်ဟာ အနာဂတ်ဆိုင်ရာကို
လေ့လာနေတာ အနှစ် ၂၀ ရှိပါပြီ။ -
0:10 - 0:12ကျွန်တော် အဲဒါကို ပထမအကြိမ် စတင်စဉ်
လူတွေနဲ့ ထိုင်ချလျက်၊ -
0:12 - 0:16"နှစ်ပေါင်း ၁၀၊ ၂၀ အကြောင်း
ထုတ်ပြောကြရအောင်" ဆိုလေ့ရှိခဲ့ပါတယ်။ -
0:16 - 0:18အဲဒါနဲ့ သူတို့က "ကောင်းပြီ " ဆိုကြပါတယ်။
-
0:18 - 0:20တဖြည်းဖြည်းနဲ့ အဲဒီလိုကာလဘောင်ဟာ
-
0:20 - 0:22တိုတိုလာတာကို ကျွန်တော်
-
0:22 - 0:24သတိထားမိပြီး၊
-
0:24 - 0:27လွန်ခဲ့တဲ့ နှစ်လတုန်းက
CEO တစ်ယောက်နဲ့ တွေ့တော့ -
0:27 - 0:30ကျွန်တော်တို့ဟာ
ကနဦး စကားဝိုင်းကို စခဲ့ကြတယ်။ -
0:30 - 0:34သူက "ခင်ဗျား လုပ်တာ ကျွန်တော် သဘောကျတယ်။
နောက် ခြောက်လအကြောင်း ပြောကြရအောင်"တဲ့။ -
0:34 - 0:35(ရယ်သံများ)
-
0:36 - 0:39ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ
အများကြီးပါ။ -
0:39 - 0:42အဲဒါတွေက လူ့ယဉ်ကျေးမှု-စကေး ပြဿနာတွေပါ။
-
0:44 - 0:45ဒါပေမဲ့ ခက်နေတာက၊
-
0:45 - 0:47အဲဒီပြဿာနာတွေကို ကြိုစား ဖြေရှင်းဖို့
-
0:47 - 0:50ကျွန်တော်တို့ အခုသုံးနေကြတဲ့
စိတ်ပိုင်း ပုံစံတွေကို သုံးြပီး -
0:50 - 0:51ဒါတွေကို ဖြေရှင်းလို့မရနိုင်ဘူး။
-
0:52 - 0:55နည်းပညာပိုင်းဆိုင်ရာ လုပ်နိုင်ခဲ့တာတွေ
တကယ့်ကို များတာ အမှန်ပါပဲ၊ -
0:55 - 1:00ဒါပေမဲ့ ကျွန်တော်တို့က တကယ့်ကိုပဲ
ခုနက ပြဿနာကြီးတွေကို ဖြေရှင်းဖြစ်ချင်ရင်၊ -
1:00 - 1:03ကျွန်တော်တို့ အနေနဲ့ ဖြေရှင်းရန်
လိုအပ်တဲ့ ရှေ့ပြေးပြဿနာ ရှိနေပါတယ်။ -
1:03 - 1:05"ရေတိုဝါဒ" ပြဿနာကိုပါ။
-
1:05 - 1:08တကယ်နော်။ ရေတိုဝါဒကို ဆန့်ကျင်တဲ့
ချီတက်ပွဲ မရှိပါ။ လက်ကြပ်လိုမျိုး မရှိပါ။ -
1:08 - 1:12ရေတိုဝါဒကို ဆန့်ကျင်ချင်သူတွေ လက်မှတ်
ထိုးစရာ လျှောက်လွှာလည်း မရှိပါ။ -
1:12 - 1:15ကျွန်တော်က တင်ကြည့်ခဲ့ပေမဲ့
တစ်ယောက်မှ လက်မှတ်မထိုးခဲ့ပါ။ -
1:15 - 1:16ကျွန်တော် စိတ်ပျက်မိတယ်။
-
1:16 - 1:17(ရယ်သံများ)
-
1:17 - 1:20ဒါပေမဲ့ အများကြီး မလုပ်နိုင်အောင်
ဟန့်တားပေးပါတယ်။ -
1:20 - 1:23ရေတိုဝါဒဟာ အကြောင်းအမျိုးမျိုးကြောင့်၊
-
1:23 - 1:26ကျွန်တော်တို့ လူတိုင်းရဲ့ လက်တွေ့ဘဝထဲ
စိမ့်ဝင်လာနေပါတယ်။ -
1:26 - 1:28ကျွန်တော်ဟာ တစ်စက္ကန့်လောက် အချိန်ယူပြီး
-
1:28 - 1:31ခင်ဗျားတို့ စဉ်းစားနေတဲ့ လုပ်ကိုင်နေတဲ့
ကိစ္စတစ်ခုကို စဉ်းစားစေချင်တယ်။ -
1:31 - 1:33အဲဒါဟာ ကိုယ်ရေးဖြစ်နိုင်၊ အလုပ်ကိစ္စ
ဖြစ်နိုင်တယ် -
1:33 - 1:35တစ်ကမ္ဘာလုံးအတွက်
သိပ်အရေးကြီးနိုင်ပါတယ်၊ -
1:35 - 1:38ပြီးတော့ ဘယ်လောက် ဝေးတဲ့အထိ
စဉ်းစားလျက် အဖြေရှာမယ် -
1:38 - 1:40ဆိုတာကိုလည်း စဉ်းစားထားပါ။
-
1:42 - 1:46ရေတိုဝါဒက CEO ကို
တကယ့်ကို ဈေးကြီးကြတဲ့ လုံခြုံရေး -
1:46 - 1:49ကိရိယာတွေကို မဝယ်နိုင်အောင်
ဟန့်တားမှာပါ။ -
1:49 - 1:51အဲဒါက အောက်ခြေကို ထိခိုက်ပါလိမ့်မယ်။
-
1:51 - 1:54အဲဒါကြောင့်မို့လို့ ကျနော်တို့
Deepwater Horizon မျိုးကြုံလာရပါမယ်။ -
1:54 - 1:57အဲဒီရေတိုဝါဒကပဲ ဆရာတွေကို သူတို့ရဲ့
-
1:57 - 2:01ကျောင်းသားတွေကို တစ်ဦးချင်း အရည်အရည်အသွေး
မြင့်မားစွာ သင်ဖို့ အချိန်မပေးပါ။ -
2:01 - 2:03အဲဒါကြောင့် အခု အမေရိကမှာ
-
2:03 - 2:06အထက်တန်းကျောင်းသားတွေ
၂၆ စက္ကန့်တိုင်းမှာ ကျောင်းမှ ထွက်နေရတယ်။ -
2:07 - 2:10ကွန်ဂရက်ကိုတောင်မှ အဲဒီ ရေတိုဝါဒက
-
2:10 - 2:13ဒီမှာ ကွန်ဂရက်ထဲက တစ်ဦးဦးရှိနေရင်
ခွင့်လွတ်ဖို့ တောင်းပန်ပါရစေ- -
2:13 - 2:14(ရယ်သံများ)
-
2:14 - 2:16ဒါမှမဟုတ် ဝမ်းနည်းစရာ
ဟုတ်ချင်မှ ဟုတ်မှာပါ- -
2:16 - 2:18(ရယ်သံများ)
-
2:18 - 2:22တကယ့်လိုအပ်တဲ့ အခြေခံအဆောက်အအုံ
အတွက် ဘတ်ဂျက်ငွေကို ချမှတ်ခွင့် မပေးဘူး။ -
2:22 - 2:24အဲဒါရဲ့ ရလဒ်အဖြစ် I-35W တံတါးကြီး
ပြိုတာမျိုး ကြုံခဲ့ရတယ်။ -
2:24 - 2:27လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက
မီစီစီပီမြစ်ပေါ်က အဖြစ်လေ။ -
2:27 - 2:29လူ ၁၃ ဦး သေဆုံးခဲ့ကြတယ်။
-
2:29 - 2:32တစ်ချိန်လုံး ဒီလို မဟုတ်ခဲ့ပါ၊ ကျွန်ုပ်တို့
ပနားမားတူးမြောင်းကို တူးခဲ့ကြတယ်။ -
2:32 - 2:35တစ်ကမ္ဘာလုံးမှာ ပိုလီယို ရောဂါကို
တိုက်ဖျက်နိုင်ခဲ့ကြတယ်။ -
2:35 - 2:39တိုက်ကြီးဖြတ် ရထားလမ်း၊ မာရှယ်စီမံကိန်း
ကျွန်တော်တို့ ရုပ်လုံးဖေါ်ခဲ့တယ်။ -
2:39 - 2:42အဲဒါက ထုထယ် ကြီးမားတဲ့ အဆောက်အအုံများ
ဆိုင်ရာ ပြဿနာများသာ မဟုတ်ပါ။ -
2:43 - 2:45အမျိုးသမီးတွေရဲ့
မဲပေးပိုင်ခွင့်လည်း ပါပါတယ်။ -
2:45 - 2:48ဒါပေမဲ့ ကျွန်တော်တို့ရဲ့
ရေတိုဝါဒ ခေတ်ကြီးတွင်၊ -
2:48 - 2:50အရာတိုင်းက အခုချက်ချင်း ဖြစ်ပျက်နေပြီး
ကျွန်တော်တို့က -
2:50 - 2:54တွီးတ် ဒါမှမဟုတ် ပို့စ်တစ်ခုရဲ့
သက်တမ်းကိုသာ စဉ်းစားနိုင်ကြလို့ -
2:54 - 2:57ကျွန်တော်တို့ဟာ အလွန်အမင်း
တုံ့ပြန်တတ်ကြပါတယ်။ -
2:57 - 2:58အဲဒီတော့ ကျွန်ုပ်တို့ ဘာလုပ်ကြလဲ။
-
2:59 - 3:02ကျွန်ုပ်တို့ဟာ စစ်မက်တွေ ဖြစ်နေတဲ့
နိုုင်ငံက လူတွေကို လက်ခံလျက် -
3:02 - 3:03သူတို့ နောက်ကို လိုက်ကြပါတယ်။
-
3:03 - 3:07ဆေးဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို
ယူပြီး ဘဝနဲ့ ဝေးရာတွင် ထားလိုက်ကြတယ်။ -
3:07 - 3:09ပြီးတော့ ကျွန်ုပ်တို့ဟာ McMansions ကို
တည်ဆောက်ကြပါတယ်၊ -
3:09 - 3:13လူတွေက အဲဒီမှ သူတို့ရဲ့ အလုပ်တွေကို
ဘယ်လိုသွားမလဲ မစဉ်းစားခဲ့ကြပါ။ -
3:13 - 3:14အမြန် ဖြေရှင်းနည်းပါ။
-
3:14 - 3:17လက်တွေ့ အရှိတရားက ဘယ်လိုရှိလဲဆိုတော့
အဲဒီလို ပြဿနာများအတွက် -
3:17 - 3:20နည်းပညာအရ ဖြေရှင်းနည်းတွေ ရှိပါတယ်၊
-
3:20 - 3:21တော်တော်များများ အတွက်ပါ။
-
3:21 - 3:25အဲဒီ နည်းပညာပိုင်း ဖြေရှင်းနည်းတွေကို
ကျွန်တော်က သဲအိတ်မဟာဗျူဟာလို့ ခေါ်ပါတယ်။ -
3:25 - 3:27မုန်တိုင်း ကျလာမှာကို
ကိုယ်က သိတယ်ဆိုပါစို့၊ -
3:27 - 3:29ရေကာတာ ကျိုးပေါက်နေပြီ၊ ဘယ်သူမှ
ငွေမစိုက်လိုပါ၊ -
3:29 - 3:31ကိုယ့်အိမ်ကို သဲအိတ်တွေနဲ့
ဝန်းရံခဲ့ရပါတယ်။ -
3:31 - 3:33တကယ်တော့ အဲဒါ အလုပ်ဖြစ်ပါတယ်။
-
3:34 - 3:37မုန်တိုင်း မရှိတော့ဘူး၊ ရေတွေလည်း
ကျဆင်းသွားပြီ၊ -
3:37 - 3:38သဲအိတ်တွေ ဖယ်ထုတ်လို့ ရပါပြီ။
-
3:38 - 3:41မုန်တိုင်း တစ်ခုပြီး တစ်ခု အဲဒီလို
လုပ်ကိုင်ကြရပါတယ်။ -
3:41 - 3:43အဲဒီထဲတွင် အတွင်းကျတဲ့
အချက်တစ်ချက် ရှိပါတယ်။ -
3:44 - 3:46သဲအိတ် မဟားဗျူဟာနဲ့ဆို
-
3:46 - 3:48ကိုယ် ပြန်ပြီး အရွေးခံ မရနိုင်ပါ။
-
3:48 - 3:50သဲအိတ် မဟားဗျူဟာနဲ့ဆို
-
3:50 - 3:52သုံးလပတ် ကိန်းဂဏန်းတွေကို လှပအောင်
လုပ်ပြနိုင်ပါတယ်။ -
3:54 - 3:57ဒါပေမဲ့ ကျွန်တော်တို့က
ရှေ့ကို ဆက်သွားချင်ရင်၊ -
3:57 - 4:00လက်ရှိဟာနဲ့ မတူတဲ့ အနာဂတ်မျိုးဆီကို
သွားချင်ကြတယ်ဆိုရင်၊ -
4:00 - 4:02ဒီလိုသွားနေရင် အနာဂတ် မရှိဘူး ထင်တယ်၊
-
4:02 - 4:04၂၀၁၆ ခုနှစ်ဟာ ယဉ်ကျေးမှုရဲ့
အထွတ်အထိပ် မဟုတ်ပါဘူး။ -
4:04 - 4:05(ရယ်သံများ)
-
4:05 - 4:07ကျွန်ုပ်တို့ လုပ်နိုင်တာ ရှိပါသေးတယ်။
-
4:07 - 4:12ကျွန်တော် ထောက်ပြချင်တာက ကျွန်ုပ်တို့ရဲ့
တွေးခေါ်မှုပုံစံနဲ့ စိတ်ထဲက မြေပုံတွေကို -
4:12 - 4:14ဒါမှမဟုတ် တွေးခေါ်ပုံကို မပြောင်းမချင်း
-
4:14 - 4:16ဘာမှ လုပ်လို့ ရမှာ မဟုတ်ပါဘူး။
-
4:16 - 4:19ကျွန်တော် ရှာတွေ့ထားတာကို
"ရေရှည်လမ်းကြောင်း" လို့ ခေါ်နိုင်ပါတယ်၊ -
4:19 - 4:21လုပ်ကိုင်နည်း တစ်ခုပါ။
-
4:21 - 4:24ပြီးတော့ အဲဒီရေရှည်လမ်းကြောင်းဟာ တစ်ကြိမ်
လုပ်လုပ်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါ။ -
4:24 - 4:27ကျွန်တော် သေချာတာက ခင်ဗျားတို့လည်း
အဲဒါမျိုး လုပ်ခဲ့ဘူးကြမှာပါ၊ -
4:27 - 4:30သင်ပုန်းအဖြူတွေပေါ်မှာ
မှတ်ချက်တွေ တစ်ပုံကြီးနဲ့ -
4:30 - 4:32သူရော ကိုယ်ပါ လုပ်ခဲ့ကြပါတယ်-
-
4:32 - 4:35ဒီခန်းမထဲတွင် အဲဒီလို လုပ်ကိုင်ကြတဲ့
အကြံပေးတွေ ရှိရင် စိတ်မရှိကြပါနဲ့ - -
4:35 - 4:37ရေရှည် စီမံချက် တစ်ခုခုကို
ရေးဆွဲတတ်ကြပါတယ်၊ -
4:37 - 4:40အဲဒီနောက် နှစ်ပတ်အကြာတွင်၊
လူတိုင်းက အဲဒါကို မေ့သွားကြပြီ။ -
4:40 - 4:44ဟုတ်တယ် မှုတ်လား။ တစ်ပတ် ပိုကြာနိုင်တယ်၊
ကံကောင်းရင် သုံးလအပြီးမှာ မေ့သွားကြပြီ။ -
4:45 - 4:48အဲဒါဟာ လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေပြီ
လုပ်ကိုင်ရန် လိုအပ်တဲ့ အရာမဟုတ်လို့ပါ။ -
4:48 - 4:52ကိုယ်က ဖြေရှင်းလိုတဲ့ ကိစ္စရပ်ကြီးတိုင်း
အတွက် နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ချင်ရင် -
4:52 - 4:55အဲဒါဟာ လုပ်ရိုးလုပ်စဉ်ကြီး ဖြစ်ပါတယ်။
-
4:55 - 4:58ဒီတော့ ကျွန်တော်ဟာ စဉ်းစားနည်း
သုံးနည်းကို ဆွေးနွေးချင်တယ်။ -
4:58 - 5:01ပထမဟာက- မျိုးဆက်ကျော်ပြီး စဉ်းစားနည်းပါ။
-
5:01 - 5:03ကျွန်တော်ဟာ ဒဿနိက ပညာရှင်တွေကို ချစ်ပါတယ်-
-
5:03 - 5:05Plato၊ Socrates၊ Habermas၊
Heidegger တို့လေ။ -
5:05 - 5:08သူတို့ကို လေ့လာရင်း ကြီးပြင်းလာသူပါ။
-
5:08 - 5:10ဒါပေမဲ့ ကျွန်တော်က ဒါကို အသေအချာ
လေ့လာမကြည့်ခင်အထိ -
5:10 - 5:12သတိမထားမိတဲ့ အချက်တစ်ချက်ကို
သူတို့ အားလုံး -
5:12 - 5:14လုပ်ကိုင်လေ့ ရှိခဲ့ကြတာကို သတိထားမိပါတယ်။
-
5:14 - 5:16သူတို့ အားလုံးဟာ၊
-
5:16 - 5:19သူတို့ရဲ့ လက်တွေ့ လုပ်ရပ်တွေကို
တိုင်းထွာရေး ယူနစ်အဖြစ် -
5:19 - 5:22တစ်ခုခုဟာ ကောင်းတယ် ဆိုးတယ် ဆိုတာ
ဆုံးဖြတ်ရာတွင်၊ -
5:22 - 5:23ဘဝတစ်သက်တာကို၊
-
5:23 - 5:26မွေးရာမှ သေဆုံးတဲ့အထိ ကာလကို ယူခဲ့ကြပါတယ်။
-
5:26 - 5:28ဒါပေမဲ့ ချဉ်းကပ်စဉ်းစားကြရာတွင်
ပြဿနာရှိနေတယ်- -
5:28 - 5:30ပြဿနာတွေ ကျွန်ုပ်တို့အပေါ်မှာ
ထပ်ပုံနေကြတယ်၊ -
5:30 - 5:32ဒီလောကကြီးထဲ ကောင်းတာ
တစ်ခုခုကို ကိုယ်မွေးပြီး -
5:32 - 5:35မသေခင် လုပ်ပေးနိုင်ရင် အကောင်းဆုံး
ဆိုတာ ကျွန်ုပ်တို့ သိကြပါတယ်။ -
5:35 - 5:37ကျွန်ုပ်တို့ကို အဲဒီလို စီမံပေးထားလို့ပါ။
-
5:37 - 5:40စာအုပ်ဆိုင်ထဲ ကိုယ့်ကိုကိုယ် ကူညီရေး
ကဏ္ဍတွင် လေ့လာကြည့်ပါက၊ -
5:40 - 5:42ကိုယ်နဲ့ ပတ်သက်နေတဲ့
အကြောင်းတွေချည်းပါပဲ။ -
5:42 - 5:43အဲဒါဟာ အားရစရာကြီးပါ။
-
5:43 - 5:46ခုနက ပြောပြခဲ့တဲ့ ပြဿနာကြီးတွေနဲ့
မသက်ဆိုင်ဘူး ဆိုရင်ပေါ့လေ။ -
5:48 - 5:50ဒီတော့ မျိုးဆက်ကိုကျော်ပြီး
တွေးခေါ်ကြည့်ရင်၊ -
5:51 - 5:54တကယ်တော့ အဲဒါဟာ မျိုးဆက်ကိုကျော်တဲ့
ကျင့်စဉ်ပါပဲ၊ -
5:54 - 5:58အဲဒီလိုဆိုရင် ကိုယ်ဟာ အဲဒီပြဿနာတွေကို
တွေးခေါ်ပုံ ဘောင်ကို ချဲ့ပေးလျက်၊ -
5:58 - 6:01အဲဒါတွေကို ကူဖြေရှင်းမှုထဲက
ကိုယ်ရဲ့ အခန်းကဏ္ဍကို တွေ့နိုင်ပါမယ်။ -
6:02 - 6:06ပြီးတော့ လုံခြုံရေးကောင်စီ ခန်းမကြီးထဲ
တွင်သာ လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ -
6:06 - 6:10အဲဒါကို ကျွန်ုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ
ပုံစံနဲ့ပါ လုပ်ပေးလို့ ရနိုင်ပါတယ်။ -
6:10 - 6:14ဥပမာ ကံကောင်းချင်လို့၊ ကျွန်တော့ဇနီးနဲ့အတူ
အပြင်ထွက် စားဖို့ရှိနေတယ်ဆိုပါစို့၊ -
6:14 - 6:17ကျွန်ုပ်တို့မှာ ခုနှစ်နှစ်အောက်
ကလေးသုံးဦးရှိသေးတယ်။ -
6:17 - 6:20အဲဒါ အတော်လေး အေးချမ်းမယ့်
ညစာ ဖြစ်နိုင်တာ ခန့်မှန်းနိုင်ကြပါပြီ။ -
6:20 - 6:21(ရယ်သံများ)
-
6:21 - 6:26ကျွန်ုပ်တို့ ထိုင်ချလိုက်တာနဲ့၊ အေးဆေးစွာ
စားသောက်လိုကြပါတယ်၊ -
6:26 - 6:29ဒါပေမဲ့၊ ကိုယ့်ကလေးတွေရဲ့ ကျွန်ုပ်တို့
ဘာတွေ လုပ်ကြမလဲ ဆိုတာနဲ့ -
6:29 - 6:31ပတ်သက်တဲ့ စိတ်ကူးကျတော့
လုံးဝကို တမျိုးပါ။ -
6:31 - 6:33ဒီတော့ ကျွန်တော်ရဲ့ ပထမဦးဆုံ
စိတ်ကူးက -
6:33 - 6:35သဲအိတ်မဟာဗျူဟာပဲလေ။
-
6:35 - 6:38အဲဒါက ကိုယ့်အိတ်ကပ်ထဲက
iPhone ကို ထုတ်ယူရန်နဲ့ -
6:38 - 6:39၎င်းကို "ပိတ်ချ" လိုက်ရန်
-
6:39 - 6:42ဒါမှမဟုတ် အကောင်းဆုံးဂိမ်းကို
ပိတ်ချရန်ပါပဲ။ -
6:43 - 6:47အဲဒီနောက်မှာ ကျွန်တော် ရပ်လိုက်တယ်
-
6:47 - 6:51ခုနက မျိုးဆက်ကျော် တွေးခေါ်မှုဆိုတာကို
လုပ်ကိုင်ရန် လိုအပ်ပါတယ်။တင်ရန်ရှိသည်။ -
6:51 - 6:54ခါတိုင်းဆို ကျွန်တော်ဟာ အဲဒါကို
စားသောက်ဆိုင်မှာ လုပ်လေ့မရှိခဲ့ပါဘူး၊ -
6:54 - 6:56အခုတော့ လုပ်ရတော့မယ်-
-
6:56 - 6:59တစ်ခါလုပ်ခဲ့ဘူးလို့၊ အဲဒါဟာ ထူးဆန်း
နေခဲ့မှန်း ကျွန်တော် သိလာခဲ့ရတာပါ။ -
6:59 - 7:00(ရယ်သံများ)
-
7:00 - 7:04ကိုယ်က "အိုကေ၊ ဒါကို ငါလုပ်နိုင်ပါတယ်"
စဉ်းစားရန် လိုအပ်ပါတယ်။ -
7:04 - 7:07ဒါနဲ့ အဲဒီအချက်က သူတို့ကို ဘာများသင်ပေးလဲ။
-
7:07 - 7:09ကျွန်တော်ဟာ စာရွာက်စာတမ်း တချို့ကို
ယူလာခဲ့မယ် ဒါမှမဟုတ် -
7:09 - 7:12သူတို့နဲ့ တစ်ခုခုဆွေးနွေးဖို့
ကြိုးစားမယ်ဆိုရင်ကော။ -
7:12 - 7:15အဲဒါ ခက်တယ်။ မလွယ်ပါဘူး၊ ကိုယ်ရေးကိစ္စ
အဖြစ် လုပ်ပြခဲ့နေတာပါ။ -
7:15 - 7:16အဲဒါဟာ စိတ်ကို ပိုထိခိုက်စေပါတယ်
-
7:16 - 7:19ကျွန်တော် လုပ်ကိုင်ခဲ့ရဘူးတဲ့
ပြဿနာကြီးတွေထက် ပိုခက်တဲ့အရာပါ - -
7:19 - 7:21ကိုယ့်ကလေးတွေကို
ညစာမှာ ဖြေဖျော်ရတဲ့ ကိစ္စပါ။ -
7:21 - 7:25အဲဒါရဲ့ ကျေးဇူးအဖြစ် သူတို့ကို
ကျွန်တော်နဲ့အတူ ပစ္စုပန်ထဲ ချိတ်ဆက်ခဲ့တယ်၊ -
7:25 - 7:26တစ်ချိန်တည်းမှာ -
-
7:26 - 7:29မျိုးဆက်ကျော် ကျင့်စဉ်အရ တွေးခေါ်မှုရဲ့
အရေးကြီးဆုံးအချက်က - -
7:29 - 7:33ကိုယ့်ကလေးတွေက သူတို့ရဲ့ ကလေးတွေနဲ့
သူတို့ရဲ့ ကလေးတွေက သူတို့ရဲ့ ကလေးတွေကို -
7:33 - 7:36အပြန်အလှန်တုံ့ပြန်ပေးကြရမှာကို
သင်မှတ်ပေးချင်ပါပဲ။ -
7:36 - 7:38ဒုတိယက အနာဂတ်ကို စဉ်းစားနည်းပါ။
-
7:39 - 7:41ကျွန်တော်တို့က အနာဂတ်ကို စဉ်းစားရာတွင်၊
-
7:41 - 7:43၁၀၊ ၁၅ နှစ်ကို တွေးကြည့်ရင်၊
-
7:43 - 7:46အနာဂတ်ဆိုတာ ဘယ်လိုများလဲ
ကျွန်တော့်ကို ဖေါ်ပြပေးကြပါ။ -
7:46 - 7:49ကျွန်တော့ကို ဖေါ်ပြပေးရန် မဟုတ်ဘဲ၊
ကိုယ့်ခေါင်းထဲမှာ စဉ်းစားကြပါ။ -
7:49 - 7:51အဲဒီမှာ ခင်ဗျားတို့ မြင်ရဖို့ များတာက
-
7:51 - 7:53ယဉ်ကျေးမှုထဲ လွှမ်းမိုးနေတဲ့
မှန်ဘီလူးတွေပါ -
7:53 - 7:56အနာဂတ်ကို စဉ်းစားရာတွင် လွှမ်းမိုးနေတဲ့
နည်းပညာဆိုတဲ့ -
7:56 - 7:57မှန်ဘီလူးတွေပါ။
-
7:57 - 7:59အဲဒါကြောင့် ပြဿနာတွေကို စဉ်းစားရင်၊
-
7:59 - 8:02အမြဲတမ်း နည်းပညာဆိုတဲ့ မှန်ဘီလူးများမှ
တဆင့် စဉ်းစားကြတာပါ၊ -
8:02 - 8:05နည်းပညာ-ဗဟိုပြု၊ နည်းပညာ စိတ်ကူးရူး
စသဖြင့် ဖြစ်နိုင်တယ်၊ အဲဒါ မမှားပါဘူး၊ -
8:05 - 8:09ဒါပေမဲ့ အဲဒီအကြောင်းကို ကျွန်တော်တို့
ခုနက ပြဿနာကြီးတွေ ကျော်လွှားချင်ရင် -
8:09 - 8:11လေးလေးနက်နက် စဉ်းစားဖို့ လိုပါတယ်၊
-
8:11 - 8:13အဲဒါဟာ အမြဲတမ်း
ဒီလိုမျိုး မဟုတ်ခဲ့ဘူးနော်။ -
8:13 - 8:16ရှေးခေတ်တုန်းက လူတွေ သူတို့ အနာဂတ်
အကြောင်းကို -
8:17 - 8:18စဉ်းစားတွေးခေါ်ပုံက တစ်မျိုးပါ။
-
8:20 - 8:24ပြီးတော့ အနာဂတ် ဘယ်လိုဖြစ်လိမ့်မလဲ ဆိုတာ
ဘုရားကျောင်းမှာ သေချာပေါက် သိခဲ့ကြပါတယ်၊ -
8:24 - 8:27ခင်ဗျားတို့ကလည်း ကိုယ့်အနာဂတ်ဆီ
ကိုယ့်နည်းနဲ့ ခြေလှမ်းကြမှာ၊ ဟုတ်တယ်နော်။ -
8:28 - 8:29ဒါပေမဲ့ လူသားတွေ ကံကောင်းချင်တော့၊
-
8:29 - 8:31သိပ္ပံတော်လှန်ရေး ဆိုတာ ဖြစ်ပေါ်လာခဲ့တယ်။
-
8:31 - 8:34အဲဒီကတစ်ဆင့် နည်းပညာကို
ကျွန်တော်တို့ ရလာကြတယ်၊ -
8:34 - 8:35ဘယ်လို ဖြစ်ပျက်ခဲ့သလဲ ဆိုတော့ -
-
8:35 - 8:37ဒါနဲ့ ဝေဖန်နေတယ်လို့ မထင်မှတ်ကြပါနဲ့၊
-
8:38 - 8:40ကျွန်တော်ဟာ နည်းပညာကို ချစ်ပါတယ်။
-
8:40 - 8:43ကျွန်တော့အိမ်ထဲက အရာတိုင်း
ကျွန်တော်နဲ့ စကားပြောနိုင်တယ်၊ -
8:43 - 8:45ကိုယ့်ကလေးတွေနဲ့ စပီကာတွေမှအစ
အရာရာတိုင်းပါပဲ။ -
8:45 - 8:48(ရယ်သံများ)
-
8:48 - 8:53ဒါပေမဲ့ ကျွန်တော်တို့ဟာ အနာဂတ်ဆိုတာကို
ရှေးရောမမြို့ ယဇ်ပုရောဟိတ်များထံမှ ယူလျက် -
8:53 - 8:57Silicon Valley ထဲက ယဇ်ပုရောဟိတ်တွေ
လက်ထဲကို ထည့်ပေးလိုက်ကြတယ်။ -
8:57 - 9:00အဲဒီတော့ ကျွန်တော်တို့က တစ်ခုခု စဉ်းစား
ချင်ရင်၊ ရာသီဥတုပြဿနာကို -
9:00 - 9:03ဒါမှမဟုတ် ဆင်းရဲမွဲတေမှု၊ အိမ်ယာမဲ့မှုကို
စဉ်းစားရင် -
9:03 - 9:06ကျွန်တော်တို့ဟာ ဦးစွာအနေနဲ့ အဲဒါကို
နည်းပညာ မှန်ဘီလူးဖြင့် ကြည့်ချင်တယ်။ -
9:07 - 9:11ကျွန်ုပ်တို့ဟာ ဒီလူဆီကိုမှ သွားရမယ်လို့
နားချနေတာ မဟုတ်ပါဘူး။ -
9:11 - 9:14ကျွန်တော်ဟာ Joel ကို ချစ်ပါတယ်၊
ကျွန်တော့ကို တလွဲမထင်စေလိုပါ၊ -
9:14 - 9:16Joel ဆီကို မသွားရဘူး မဆိုချင်ပါ။
-
9:16 - 9:18ကျွန်တော် ပြောနေတာက
ကျွန်ုပ်တို့ဟာ အနာဂတ်ကို -
9:18 - 9:22ပုံစံတမျိုတည်းဖြင့် ကြည့်တတ်တဲ့ အကျင့်ကို
ပြန်စဉ်းစားဖို့ကိုပါ၊ -
9:22 - 9:25လွှမ်းမိုးနေတဲ့ မှန်ဘီလူးဖြင့်သာ
ကြည့်တာမျိုး ရှောင်ဖို့ကိုပါ။ -
9:25 - 9:27ကျွန်ုပ်တို့ရဲ့ ပြဿနာတွေက ကြီးမား
ကျယ်ဝန်းကြလို့ -
9:27 - 9:30ကျွန်ုပ်တို့ဟာ
မျက်စိဖွင့်ကြည့်ရန် လိုပါတယ်။ -
9:30 - 9:34အဲဒါကြောင့် ကျွန်တော်ဟာ အတတ်နိုင်ဆုံး
အနာဂတ် အကြေင်းကို ပြောချင်သူပါ၊ -
9:34 - 9:36ကျွန်တော် အနာဂတ်အကြောင်းကို ပြောသူပါ။
-
9:36 - 9:39ဆွေးနွေးမှုကို
အဲဒါနဲ့ ထပ်ပြီး ဖွင့်ခဲ့ပါတယ်။ -
9:39 - 9:41ဒီတော့ ခင်ဗျားတို့က ထိုင်နေပြီး
အဲဒီလို အဓိကရ -
9:41 - 9:44ပြဿနာနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး
ဘယ်လို လုပ်ကြမလဲကို စဉ်းစားရာတွင်၊ -
9:44 - 9:46အိမ်မှာ ထိုင်နေတုန်း ဖြစ်နိုင်တယ်၊
-
9:46 - 9:48ကိုယ့်အလုပ်မှာ ဖြစ်နိုင်ပါတယ်၊
-
9:48 - 9:51အဲဒါ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဖြစ်နိုင်ပါတယ် -
-
9:51 - 9:55အဖြေကို ရှာကြံရာတွင် နည်းပညာရဲ့ ဘောင်ကို
ကျော်ပြီး စဉ်းစားမှုကို ဖြတ်မပစ်ပါနဲ့၊ -
9:55 - 9:59ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ဆင့်ကဲ
တိုးတက်မှုကို စဉ်းစားမယ့်အစား -
9:59 - 10:01လောလောဆယ်မှာ နည်းပညာကို
အလေးပေးနေကြလို့ပါ။ -
10:01 - 10:03ကျွန်တော်တို့က အဲဒီလို မလုပ်နိုင်သရွေ့၊
-
10:03 - 10:05ရေတိုဝါဒထဲမှ
ရုန်းထွက်နိုင်လျက် ကိုယ်သွားလိုရာကို -
10:05 - 10:07ရောက်နိုင်ကြမှာ မဟုတ်ပါဘူး။
-
10:07 - 10:10နောက်ဆုံးပြောပြချင်တဲ့ တွေးခေါ်နည်းက
ဂရိနိုင်ငံတွင် အမြစ်တွယ်ပါတယ်။ -
10:10 - 10:13နောက်ဆုံး ရည်မှန်းချက်နှင့်
နောက်ဆုံးပန်းတိုင်ပါ။ -
10:13 - 10:15အဲဒါက တကယ်တော့ မေးခွန်း
တစ်ခုကို မေးခြင်းပါပဲ- -
10:16 - 10:17ဘယ်အဆုံးအထိကိုလဲ။
-
10:18 - 10:21ခင်ဗျားတို့ ကိုယ့်ကိုကိုယ် ဘယ်အဆုံးအထိလဲ
ဆိုပြီး မေးခဲ့တာ ဘယ်တုန်းကလဲ။ -
10:21 - 10:25အဲဒီလို ကိုယ့်ကိုကိုယ်မေးခဲ့ချိန်မှာ
ခင်ဗျားတို့ ဘယ်လောက်အထိ သွားနိုင်ခဲ့သလဲ။ -
10:26 - 10:29ရှည်လျားမှုဟာ အခုတော့
ရှည်လျားပါတယ်လို့ ပြောမရတော့ပါ။ -
10:30 - 10:31သုံးနှစ်၊ ငါးနှစ်နဲ့ အရာမရောက်နိုင်ဘူး။
-
10:31 - 10:34နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၁၀၀
စသဖြင့် ဖြစ်ရမယ်။ -
10:34 - 10:37Homer ရဲ့ ဂန္တဝင် "The Odyssey" ထဲတွင်
-
10:37 - 10:40Odyssey နိုင်ငံသားများဆီတွင်
‘‘ဘယ်လောက်အထိ’’ဆိုတာရဲ့ အဖြေရှိခဲ့ပါတယ်။ -
10:40 - 10:42အဲဒါဟာ Ithaca ဖြစ်ခဲ့ပါတယ်။
-
10:42 - 10:44သူရဲ့ ရဲဝံ့လှတဲ့
မျှော်မှန်းချက် ဖြစ်ခဲ့ပါတယ်- -
10:44 - 10:45Penelope ကို ပြန်သွားရန်ပါ။
-
10:45 - 10:48ကျွန်တော် လုပ်ကိုင်လာခဲ့တာရဲ့ နောက်မှာ
ကျွန်တော် ပြောနိုင်တာက၊ -
10:48 - 10:51ခင်ဗျားတို့လည်း အလိုလို သိပါတယ်-
ကျွန်ုပ်တို့ရဲ့ Ithaca ပျောက်နေပြီ။ -
10:51 - 10:55ကိုယ်ရဲ့ "ဘယ်အထိလဲ"ဆိုတာ ဆုံးရှုံးသွား
ခဲ့လို့ တစ်နေရာတည်းမှာ လည်နေကြရပါတယ်။ -
10:55 - 10:58ကျွန်ုပ်တို့ဟာ ပြဿနာ
တွေကို ဖြေရှင်းဖို့ အားထုတ်ကြတယ်၊ -
10:58 - 11:00ဒါနဲ့ ပြဿနာကို ဖြေရှင်းပြီးရင်
ဘာဖြစ်လာမလဲ။ -
11:00 - 11:03နောက်မှာ ဘာလာမလဲ ဆိုတာကို မသိသရွေ့
လူတွေဟာ ဘာမှ လုပ်ကြမှာ မဟုတ်ပါဘူး။ -
11:04 - 11:07လုပ်ငန်းတွေကို လိုက်ကြည့်ရင်၊
လုပ်ငန်းတွေနဲ့သာ ဆိုင်တာ မကပါ၊ -
11:07 - 11:10ရေတို ဝါဒကို ကျော်ပြီး ကြည့်နိုင်ကြတဲ့
လုပ်ငန်းများဆိုလို့ -
11:10 - 11:12မိသားစုလုပ်ငန်းများ ဖြစ်နေတာ
အားလုံး မြင်တွေ့ကြရမှာပါ။ -
11:12 - 11:16သူတို့ဟာ မျိုးဆက်ကိုကျော်ပြီး ကြည့်သူတွေ၊
သူတို့မှာ ရည်မှန်းချက်နဲ့ အနာဂတ် ရှိတယ်။ -
11:16 - 11:20ဒီနေရာမှာ Patek Philippe ကို ကြော်ငြာသလို
ဖြစ်ပါမယ်၊ အဲဒီနာရီဟာ ၁၇၅ နှစ်ရှိပါပြီ၊ -
11:20 - 11:23ပြီးတော့ ဒီတံဆိပ်ထဲမယ် ကျွန်တော် ပြောတဲ့
ရေရှည်ဝါဒ ဆိုတာကို -
11:23 - 11:25မြှုပ်နှံ ထည့်သွင်းပေးထားသလို
ဖြစ်နေပါတယ်၊ -
11:25 - 11:28ဘာဖြစ်လို့လဲဆိုတော့၊ Patek Philippe
ကို ဘယ်တော့မှ ပိုင်ဆိုင်ကြမှာ မဟုတ်ပေမဲ့၊ -
11:28 - 11:30ကျွန်တော်က တော့ ကျိန်းသေပါတယ်-
-
11:30 - 11:31(ရယ်သံများ)
-
11:31 - 11:34တစ်ယောက်ယောက်က စင်ပေါ်ကို
ဒေါ်လာ ၂၅၀၀၀ ပစ်မပေးသရွေ့ပေါ့လေ။ -
11:34 - 11:37အဲဒီလို နာရီဟာ နောက်မျိုးဆက်ဆီကို
မျှော်မှန်းမှု ဖြစ်တာရှင်းနေပါပဲ။ -
11:39 - 11:41ဒီတော့ ကျွန်တော်တို့
မှတ်မိနေရန် အရေးကြီးတာက၊ -
11:41 - 11:44အနာဂတ်ကိုပါ၊ ကျွန်တော်တို့က
အဲဒါကို နာမ်လို သဘောထားကြပါတယ်။ -
11:44 - 11:46အဲဒါမဟုတ်ဘူး၊ အဲဒါဟာ ကြိယာဖြစ်ပါတယ်။
-
11:46 - 11:48လှုပ်ရှားရန် တောင်းဆိုပါတယ်။
-
11:48 - 11:50အဲဒါက တွန်းပို့ပေးရန်ကို တောင်းဆိုပါတယ်။
-
11:50 - 11:52အဲဒါက ကျွန်တော်တို့ကို ဆေးကြောပေးတဲ့
အရာမျိုး မဟုတ်ပါ။ -
11:52 - 11:55ကျွန်ုပ်တို့ လုံးဝကို
ထိန်းချုပ်နိုင်တဲ့ အရာတစ်ခုပါ။ -
11:55 - 11:57ရေတိုဝါဒ လူ့အဖွဲ့အစည်းထဲ
ထိန်းချုပ်မရနိုင်စကောင်းပါ။ -
11:57 - 11:59ထောင်ချောက်ထဲ ပိတ်မိနေသလို ခံစားရတယ်။
-
11:59 - 12:01ကျွန်ုပ်တို့ဟာ အဲဒါကို
ကျော်လွန်နိုင်ကြပါတယ်။ -
12:02 - 12:04ကျွန်တော်ဟာ တစ်ချိန်ချိန်မှာ
-
12:05 - 12:07ရှောင်လွှဲမရနိုင်တဲ့ အနာဂတ်အချိန်မှာ
-
12:08 - 12:10ကျွန်တော် သေဆုံးသွားရမှာကို
သိထားတဲ့ နောက်မှာ -
12:11 - 12:13နေထိုင်ရတာ သက်တောင့်သက်သာ ရှိလာပါတယ်။
-
12:13 - 12:17အဲဒီလို ပုံစံသစ်ဖြင့် စဉ်းစားရင်း
လုပ်ကိုင်လာတဲ့ အခါမှာ၊ -
12:17 - 12:21ပြင်ပကမ္ဘာထဲမှာရော၊ ကျွန်တော့ အိမ်မှာ
ရှိတဲ့ မိသားစုထဲမှာပါ၊ -
12:21 - 12:24ကလေးတွေအတွက် ချန်ထားခဲ့မှာနဲ့ ပတ်သက်ပြီး
စိတ်ထဲ ပိုအဆင်ပြေလာပါတယ်။ -
12:24 - 12:28လူတော်တော်များများက အဲဒီကိစ္စနဲ့ပတ်သက်ရင်
တကယ့်ကို စိတ်ပျက်ကြပါတယ်၊ -
12:28 - 12:29ဒါပေမဲ့ ကျွန်တော် ပြောချင်တာက၊
-
12:30 - 12:31အဲဒါကို စဉ်းစားကြည့်ကြပါ။
-
12:31 - 12:34ဒီစဉ်းစားနည်းကို ကျင့်သုံးခြင်းဖြင့်
ရှောင်လွှဲမရနိုင်တဲ့ ခုနက အတော့်ကို -
12:34 - 12:37မသက်သာမှုတွေကို နောက်မှာ
ချန်ထားနိုင်ခဲ့မှာပါ။ -
12:37 - 12:40အဲဒါဟာ တကယ်တော့ ကိုယ့်ကိုကိုယ် ဒီလို
မေးခွန်းမျိုး မေးမှုမှ စတင်ပါတယ်- -
12:41 - 12:43ကိုယ့် ရေရှည်လမ်းကြောင်းက ဘာလဲ။
-
12:44 - 12:47ခင်ဗျားတို့က အဲဒီမေးခွန်းကို
ကိုယ့်ကိုကိုယ် မေးတဲ့အခါမှာ -
12:47 - 12:49ဒီနေ့ည ဒါမှမဟုတ် ကားမောင်းနေတုန်း
-
12:49 - 12:52ဒါမှမဟုတ် အစည်းအဝေးခန်းထဲ
ဒါမှမဟုတ် ပြဿနာအတွက် အဖြေရှာနေစဉ်- -
12:53 - 12:56ရေရှည်လမ်းကြောင်းကို ကျော်ဖြတ်ဖို့
တိုက်တွန်းချင်ပါတယ်။ -
12:57 - 13:00လာမယ့် သုံးနှစ် ဒါမှမဟုတ် ငါးနှစ်အတွက်
ငါရဲ့ ရေရှည်လမ်းကြောင်းက ဘာလဲ။ -
13:00 - 13:03ကိုယ့် တစ်သက်တာမှာ လုပ်နိုင်မှာအတွက်
လမ်းခရီးကို ချမှတ်ကြပါ၊ -
13:03 - 13:06အဲဒီလိုဆိုရင် ကျွန်တော်တို့ဟာ
ထင်ခဲ့ကြတာထက် ပိုကြီးမားတဲ့ -
13:06 - 13:08အရာတွေကို လုပ်နိုင်လာတာကို
တွေ့လာရမှာပါ။ -
13:08 - 13:12ကျွန်တော်တို့ဆီမှာ ဧရာမ
ပြဿနာကြီးတွေ အများကြီး ရှိနေတာ အမှန်ပါပဲ။ -
13:14 - 13:16ဒီလို လုပ်ကိုင်ပုံနဲ့၊
ဒီလို စဉ်းစားပုံနဲ့၊ -
13:16 - 13:19ကျွန်တော်တို့ဟာ
တမူထူးအောင် လုပ်နိုင်ကြမှာပါ။ -
13:19 - 13:22ခင်ဗျားတို့လည်း အဲဒီလို
သူမတူ ထူးခြားအောင် လုပ်နိုင်ကြမှာပါ။ -
13:22 - 13:24ကျွန်တော် ခင်ဗျားတို့ အားလုံးကို
ယုံကြည်ပါတယ်။ -
13:24 - 13:25ကျေးဇူးတင်ပါတယ်။
-
13:25 - 13:30(လက်ခုပ်သံများ)
- Title:
- တကယ့်ကို ရေရှည်အတွက် စီမံရေး နည်းလမ်း သုံးမျိုး
- Speaker:
- Ari Wallach
- Description:
-
ကျွန်တော်တို့ဟာ ရေတို ပန်းတိုင်များနှင့် လိုအပ်ချက်များကို အခြေခံလျက် ဆုံးဖြတ်ချက် အများအပြားကို ချမှတ်ကြပါတယ်။ ကျွန်တော်တို့ဟာ ရေရှည်အနာဂတ် ပိုပြီးကောင်းမွန်စေဖို့ ဘယ်လိုများ စဉ်းစားပြီး စီမံသင့်သလဲ။ Ari Wallach က လတ်တလောကိစ္စများကို ကျော်လွန်ပြီး စဉ်းစားနိုင်မယ့် နည်းဗျူဟာ သုံးမျိုးကို မျှဝေထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 13:42
![]() |
sann tint approved Burmese subtitles for 3 ways to plan for the (very) long term | |
![]() |
sann tint edited Burmese subtitles for 3 ways to plan for the (very) long term | |
![]() |
sann tint accepted Burmese subtitles for 3 ways to plan for the (very) long term | |
![]() |
sann tint edited Burmese subtitles for 3 ways to plan for the (very) long term | |
![]() |
sann tint edited Burmese subtitles for 3 ways to plan for the (very) long term | |
![]() |
Myo Aung edited Burmese subtitles for 3 ways to plan for the (very) long term | |
![]() |
Myo Aung edited Burmese subtitles for 3 ways to plan for the (very) long term | |
![]() |
Myo Aung edited Burmese subtitles for 3 ways to plan for the (very) long term |