Return to Video

ဘ၀ရဲ့ တတိယ ဇာတ်ဝင်ခန်း

  • 0:00 - 0:02
    ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းကစပြီး တော်လှန်ရေးတွေ
  • 0:02 - 0:04
    အများကြီးဖြစ်ပေါ်လာခဲ့ကြပါပြီ။
  • 0:04 - 0:06
    ဒါပေမယ့် ဘယ်အရာကမှ အသက်ရှည်ခြင်းဆိုတဲ့ တော်လှန်ရေးလောက်
  • 0:06 - 0:09
    အရေးမပါဘူးလို့ ဆိုကောင်းဆိုနိူင်ပါတယ်။
  • 0:09 - 0:11
    ယနေ့မှာတော့ ကျွန်မတို့တွေဟာ ကျွန်မတို့ရဲ့ ဘိုးဘေးတွေထက်
  • 0:11 - 0:14
    ပျမ်းမျှအားဖြင့် အသက် (၃၄)နှစ်လောက်ကို ပိုမို အသက်ရှင်နေထိုင်နေကြပါတယ်။
  • 0:14 - 0:16
    ဒါကို စဉ်းစားကြည့်လိုက်ပါ။
  • 0:16 - 0:19
    ဒါဟာ ကျွန်မတို့ရဲ့ သက်တမ်းကို ထပ်ပေါင်းပေးထားတဲ့
  • 0:19 - 0:21
    နောက် လူကြီးအသက် တစ်ခုလုံးဘဲ မဟုတ်ပါကလား။
  • 0:21 - 0:23
    ဒါပေမဲ့လည်း အများစုအနေနဲ့ကတော့
  • 0:23 - 0:26
    ကျွန်မတို့ယဉ်ကျေးမှုဟာ ဒီဆိုလိုချက်ရဲ့ အနှစ်သာရဆီကို ရောက်မလာသေးပါဘူး။
  • 0:26 - 0:29
    ကျွန်မတို့တွေဟာ မုခ်ခုံးတစ်ခုလို အသက်အရွယ်ဆိုင်ရာ ခံယူချက် အဟောင်းကြီးထဲမှာပဲ
  • 0:29 - 0:31
    နေထိုင် အသင်ရှင်နေကြတုန်းပါပဲ။
  • 0:31 - 0:33
    ဒါဟာ ပုံဆောင်မှုတစ်ခုပါ၊ ပုံဆောင်မှု အဟောင်းကြီးတစ်ခုပါပဲ
  • 0:33 - 0:35
    သင်တို့မွေးဖွားကြတယ်၊ အလယ်အလတ် အရွယ်မှာ အမြင့်ဆုံးကို ရောက်ရှိကြတယ်၊
  • 0:35 - 0:37
    အိုနာကျိုးကန်း အရွယ်ရောက်တော့ ကျဆင်းသွားကြတယ်။
  • 0:37 - 0:39
    (ရယ်သံများ)
  • 0:39 - 0:41
    ရောဂါဗေဒ အတိုင်း အိုမင်းကြတယ်။
  • 0:41 - 0:43
    ဒါပေမဲ့ ဒီနေ့ခေတ် လူတော်တော်များများကတော့
  • 0:43 - 0:46
    အတွေးအခေါ်ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေပေါ့
  • 0:46 - 0:49
    တတိယ ဇာတ်ဝင်ခန်းလို့ ကျွန်မ ခေါ်ဝေါ်တဲ့ ဘဝရဲ့ နောက်ဆုံး အနှစ်(၃၀)ကို
  • 0:49 - 0:52
    အမြင်သစ်တစ်ခုနဲ့ ရှုမြင်နေကြပါတယ်။
  • 0:52 - 0:57
    ဒါဟာ တကယ်တော့ သူတို့ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်နဲ့ ဘဝရဲ့ ဖွံဖြိုးမှုဆိုင်ရာ အဆင့်တစ်ခုလို့
  • 0:57 - 0:59
    သူတို့ နားလည် သဘောပေါက်ကြတယ်။
  • 0:59 - 1:02
    ကလေးဘဝနဲ့ ကြီးကောင်ဝင်စအရွယ် ခြားနားသလိုပဲ
  • 1:02 - 1:05
    လူလတ်ပိုင်းဘဝနဲ့ ခြားနားနေမှုပါ။
  • 1:05 - 1:08
    နောက်ပြီး သူတို့တွေက မေးမြန်းနေကြတာက ကျွန်မတို့အားလုံးလည်း မေးမြန်းသင့်တာပဲလေ
  • 1:08 - 1:11
    "ကျွန်မတို့တွေ ဒီကာလကို ဘယ်လို အသုံးပြုကြသလဲ၊"
  • 1:11 - 1:13
    "ကျွန်မတို့တွေ ဒီကာလကို ဘယ်လို အောင်အောင်မြင်မြင် နေထိုင်ကြပါသလဲ၊" ။
  • 1:13 - 1:15
    "အသက်အရွယ် အိုမင်းလာခြင်းရဲ့
  • 1:15 - 1:17
    ပုံဆောင်မှုအသစ်က ဘာပါလဲ" ဆိုတာတွေပေါ့။
  • 1:17 - 1:20
    လွန်ခဲ့တဲ့နှစ်က ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သုသေသနပြုခြင်းနဲ့ ရေးသားခြင်းတို့နဲ့ ကျွန်မရဲ့ အချိန်ကိုကုန်လွန်ခဲ့တယ်။
  • 1:20 - 1:22
    ကျွန်မတွေ့ရှိလာရတာကတော့
  • 1:22 - 1:26
    အသက်အရွယ်အိုမင်းခြင်းရဲ့ ပိုပြီး သင့်တော်တဲ့ ပုံဆောင်မှု အသစ်ကတော့
  • 1:26 - 1:28
    လှေခါးအုံတစ်ခုပါ။
  • 1:28 - 1:32
    အထက်ကိုတက်ခြင်းဆိုတဲ့ လူသားစိတ်ဓာတ်၊
  • 1:32 - 1:34
    ကျွန်မတို့ကို ဉာဏ်ပညာ၊ ပြီးပြည့်စုံမှု၊ စစ်မှန်မှု ရှိရာဆီကို
  • 1:34 - 1:36
    ဆောင်ကြဉ်းပေးခြင်းပါ။
  • 1:36 - 1:38
    အသက်အရွယ်ဆိုတာက ရောဂါဗေဒ အဖြစ်အနေနဲ့ လုံးဝမဟုတ်ပါဘူး။
  • 1:38 - 1:40
    အသက်အရွယ်ဆိုတာက စွမ်းပကား အနေနဲ့ပါ။
  • 1:40 - 1:42
    ပြီးတော့ ဘာလဲဆိုတာ မှန်းကြည့်ပေးပါလား။
  • 1:42 - 1:44
    ဒီစွမ်းပကားဆိုတာက ကံကောင်းတဲ့သူ အနည်းငယ်ပဲ မဟုတ်ပါဘူး။
  • 1:44 - 1:46
    အသက်(၅၀) ကျော်သူ အများစုဟာ
  • 1:46 - 1:48
    ပိုပြီးနေလို့ထိုင်လို့ ကောင်းပါတယ်၊ စိတ်ဖိစီးမှု ပိုပြီးလျော့နည်းပါတယ်၊
  • 1:48 - 1:50
    ရန်လိုစိတ်လည်း ပိုပြီးလျော့နည်းပါတယ်၊ ပူပန်စိတ်လည်း
  • 1:50 - 1:52
    ပိုပြီးလျော့နည်းပါတယ်ဆိုတာ ပြဆိုနေပါတယ်။
  • 1:52 - 1:54
    ကျွန်မတို့တွေဟာ ကွဲပြားခြားနားမှုတွေထက်
  • 1:54 - 1:56
    တူညီမှုတွေကိုပိုပြီး မြင်တွေ့ရလေ့ရှိပါတယ်။
  • 1:56 - 1:58
    တစ်ချို့ လေ့လာမှုတွေကဆိုရင်
  • 1:58 - 2:00
    ပိုပြီး ပျော်ကြပါတယ်လို့တောင် ဆိုကြပါတယ်။
  • 2:00 - 2:02
    ဒါဟာ ကျွန်မ မျှော်လင့်ထားတဲ့ အရာမဟုတ်ပါဘူး။ ကျွန်မပြောတာကိုယုံပါ။
  • 2:02 - 2:05
    ကျွန်မဟာ ကာလရှည်ကြာတဲ့ စိတ်အားငယ်မှု ဖြတ်သန်းလာခဲ့ရသူပါ။
  • 2:05 - 2:07
    ကျွန်မအသက် (၄၀) နှောင်းပိုင်နှစ်တွေ ချဉ်းကပ်လာတော့
  • 2:07 - 2:09
    အိပ်ရာက နိူးထလိုက်တိုင်းမှာ
  • 2:09 - 2:11
    ကျွန်မရဲ့ အာရုံ (၆)ပါးစလုံး အတွေးတွေက အပျက်သဘောတွေချည်းပဲ ဖြစ်ဖြစ်နေတော့တယ်။
  • 2:11 - 2:13
    ဒီတော့ ကျွန်မ တုန်လှုပ်သွားမိပြီး
  • 2:13 - 2:15
    တွေးမိလိုက်တာက "အလိုလေးလေး၊
  • 2:15 - 2:17
    ငါတော့ စိတ်တိုတို၊ ဘုကျကျ အမယ်အိုကြီး ဖြစ်တော့မှာပါလား။" လို့ပေါ့။
  • 2:17 - 2:21
    ကျွန်မကိုယ်ပိုင် တတိယ ဇာတ်ဝင်ခန်းရဲ့ အလယ်ကို ရောက်နေပါတော့တယ်။
  • 2:21 - 2:24
    ကျွန်မ သဘောပေါက်နားလည်တာက တစ်ခါမှ ဒီထက်ပိုပြီး မပျော်ရွှင်ခဲ့ဖူးဘူး ဆိုတာပါပဲ။
  • 2:24 - 2:28
    ကျန်းမာခြင်းသုခရဲ့ ဒီလောက်ကို စွမ်းအားကောင်းတဲ့ ခံစားမှုမျိုးကို ကျွန်မပိုင်ဆိုင်ထားပါတယ်။
  • 2:29 - 2:31
    ပြီးတော့ ကျွန်မ ရှာဖွေတွေ့ရှိထားတာက
  • 2:31 - 2:33
    သင်ဟာ အတွင်းဖက်မှာ အိုမင်းတဲ့အခါမှာ
  • 2:33 - 2:35
    အပြင်ဖက်ကနေပြီး ဒါကို မြင်ရတာနဲ့ တစ်ခြားစီဖြစ်ပြီး
  • 2:35 - 2:37
    ကြောက်စိတ်က လျော့ပါးသွားပါတယ်။
  • 2:37 - 2:39
    သင်သဘောပေါက်လိုက်တာက သင်ဟာ ကိုယ့်ဘာသာကို ရှိနေဆဲပဲဆိုတာပါ။
  • 2:39 - 2:41
    ဒီထက်တောင် ပိုကောင်းပိုပါလိမ့်ဦးမယ်။
  • 2:41 - 2:45
    ပီကာဆို တစ်ခါတုန်းက ပြောခဲ့ဖူးတာကတော့ "ငယ်ရွယ်နုပျိုလာဖို့က အချိန်အတော်ယူရပါတယ်" တဲ့လေ။
  • 2:45 - 2:47
    (ရယ်သံများ)
  • 2:47 - 2:49
    ကျွန်မအနေနဲ့ အိုမင်းလာခြင်းအကြောင်းကို စိတ်ကူးယဉ် ဇာတ်လမ်းဆင်မနေချင်ပါဘူး။
  • 2:49 - 2:51
    သိသာတာကတော့ ဒီမှာ သီးပွင့်ဖြစ်ထွန်းဖို့နဲ့ ကြီးထွားလာဖို့
  • 2:51 - 2:53
    အချိန်ကာလတစ်ခု ရှိလာနိူင်တယ်ဆိုတာ အာမခံချက်မရှိဘူးလေ။
  • 2:53 - 2:55
    တချို့က ကံကို အရင်းခံပါတယ်။
  • 2:55 - 2:58
    တချို့ကတော့ မျိုးရိုးဗီဇနဲ့ဆိုင်တယ်ဆိုတာ အသိသာကြီးပါ။
  • 2:58 - 3:00
    အမှန်တကယ်တော့ သုံးပုံတစ်ပုံက မျိုးရိုးဗီဇနဲ့ဆိုင်ပါတယ်။
  • 3:00 - 3:03
    ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့တတ်နိူင်တာဆိုလို့ သိပ်များများစားစား မရှိလှပါဘူး။
  • 3:03 - 3:05
    ဒါပေမဲ့ ဆိုလိုတာက တတိယ ဇာတ်ဝင်ခန်းမှာ သုံးပုံနှစ်ပုံကို
  • 3:05 - 3:07
    ကျွန်မတို့ ဘယ်လို ကောင်းကောင်းမွန်မွန် လုပ်နိူင်တယ်ဆိုတာပါ။
  • 3:07 - 3:10
    ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ တစ်ခုခုတော့ လုပ်နိူင်ပါတယ်။
  • 3:10 - 3:13
    ဒီအပိုဆောင်းပေးလာတဲ့ နှစ်ကာလတွေကို
  • 3:13 - 3:16
    တကယ့်ကို အောင်မြင်အောင် ဘာတွေလုပ်နိူင်တာနဲ့ ထူးခြားမှု တစ်ခုပြုလုပ်ဖို့
  • 3:16 - 3:19
    ဒါတွေကို အသုံးပြုနိူင်တယ်ဆိုတာကို ကျွန်မတို့ ဆွေးနွေကြတော့မှာပါ။
  • 3:19 - 3:21
    ကဲ ကျွန်မ လှေကားအုံအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခု ပြောပါရစေ။
  • 3:21 - 3:25
    ဒါက သက်ကြီးရွယ်အိုတွေအတွက်ကျတော့ ထူးဆန်းတဲ့ဥပမာတစ်ခုလိုမျိုး ထင်ကောင်းထင်မိနေမလားပဲ။
  • 3:25 - 3:28
    သက်ကြီးရွယ်အိုတွေအတွက်ဟာ လှေကားထစ်တွေရဲ့ အကဲစမ်းမှုကို ခံရတာပဲလေ။
  • 3:28 - 3:30
    (ရယ်သံများ)
  • 3:30 - 3:33
    ကျွန်မလည်းပါတာပေါ့။
  • 3:33 - 3:35
    အားလုံးသိတဲ့အတိုင်းပဲပေါ့
  • 3:35 - 3:38
    ကမ္ဘာကြီးတစ်ခုလုံးဟာ လူတိုင်းလက်ခံထားတဲ့ ဥပဒေသတစ်ခုမှာ လည်ပတ်ဆောင်ရွက်နေတာပါ။
  • 3:38 - 3:42
    အင်ထရိုပီ အပူနဲ့ အခြားစွမ်းအင်တွေရဲ့ ဆက်စပ်မှုကိုလေ့လာတဲ့ပညာရဲ့ ဒုတိယ ဥပဒေသပါ။
  • 3:42 - 3:45
    အင်ထရိုပီဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ အရာတိုင်းဟာ၊ ဘယ်အရာမဆိုပေါ့
  • 3:45 - 3:47
    ကျဆင်းခြင်းနဲ့ ယိုယွင်းပျက်စီးခြင်း သဘောထားရှိတယ်၊
  • 3:47 - 3:49
    ကိုင်းညွတ်ခြင်းပေါ့။
  • 3:49 - 3:52
    ဒီလူတိုင်းလက်ခံတဲ့ ဥပဒေသမှာ ခြွင်းချက် တစ်ခုပဲရှိတယ်။
  • 3:52 - 3:54
    ဒါကတော့ လူသားရဲ့ အထက်ဖက်ကို ပြောင်းလဲဖြစ်ပေါ်ဖို့
  • 3:54 - 3:57
    ဆက်လက်တည်မြဲနေနိူင်တဲ့ စိတ်ဓာတ်ပါပဲ၊
  • 3:57 - 3:59
    လှေကားအုံမှာ
  • 3:59 - 4:01
    ကျွန်မတို့ကို ပြီးပြည့်စုံမှု၊ စစ်မှန်မှုနဲ့
  • 4:01 - 4:04
    ဉာဏ်ပညာရှိရာဆီကို ဆောင်ကြဉ်းပေးခြင်းပဲပေါ့။
  • 4:04 - 4:06
    နောက်ပြီး ဒီမှာကတော့ ကျွန်မဆိုလိုတာရဲ့ ဥပမာတစ်ခုပေါ့။
  • 4:06 - 4:08
    ဒီအထက်ကို တက်ခြင်းဆိုတာက
  • 4:08 - 4:12
    ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ဖြစ်ပေါ်နိုင်ပါတယ်။
  • 4:12 - 4:14
    လွန်ခဲ့တဲ့ (၃)နှစ်လောက်တုန်းကပေါ့၊
  • 4:14 - 4:16
    New York Times သတင်းစာထဲက ဆောင်းပါးတစ်ပုဒ် ကျွန်မဖတ်မိလိုက်တယ်။
  • 4:16 - 4:18
    ဒါက အသက်(၅၇)နှစ်ရှိတဲ့ အငြိမ်းစား ရှေ့နေတစ်ယောက်ဖြစ်တဲ့
  • 4:18 - 4:21
    နေး(လ်) ဆယ်လင်ဂျာ ဆိုတဲ့လူတစ်ယောက် အကြောင်းပါ။
  • 4:21 - 4:24
    သူက သူရဲ့ စာရေးဆရာ စေ့ဆော်မှုကို တွေ့ရှိခဲ့တဲ့နေရာဖြစ်တဲ့
  • 4:24 - 4:27
    ဆာရာ လောရင့်(စ်)မှာရှိတဲ့ စာရေးဆရာများ အဖွဲ့မှာ အသင်းဝင်လိုက်ပါတယ်။
  • 4:27 - 4:29
    နောက်(၂)နှစ်လောက် အကြာမှာတော့
  • 4:29 - 4:32
    သူ့မှာ Lou Gehrig's ရောဂါလို့ လူသိများတဲ့ အာရုံကြောအားနည်းတဲ့ရောဂါ ဖြစ်နေတယ်။
  • 4:32 - 4:35
    ဒါဟာဆို တော်တော်ဆိုးရွားတဲ့ ရောဂါပေါ့။ ဒါက အသက် အန္တရာယ် ရှိတယ်လေ။
  • 4:35 - 4:39
    ဒီရောဂါက ကိုယ်ခန္ဓာကို ချည့်နဲ့စေပေမည့် စိတ်ကတော့ ပကတိအတိုင်း အခြေမပျက်ရှိနေပါတယ်။
  • 4:39 - 4:42
    ဒီဆောင်းပါးထဲမှာ မစ္စတာ ဆယ်လင်ဂျာက သူဖြစ်ပျက်နေပုံကို
  • 4:42 - 4:45
    သရုပ်ဖော်ဖို့ အခုလိုရေးသားခဲ့ပါတယ်။
  • 4:45 - 4:48
    ကျွန်မကိုးကားပြရရင်တော့
  • 4:48 - 4:50
    "ကျွန်တော့ရဲ့ ကြွက်သားတွေဟာ အားနည်းဆုတ်ယုတ်လာခိုက်မှာ
  • 4:50 - 4:53
    ကျွန်တော့ရဲ့ အရေးအသားက ပိုပြီး အားကောင်းလာပါတယ်။
  • 4:53 - 4:56
    ကျွန်တော့ရဲ့ ပြောဆိုမှု ဖြည်းဖြည်းခြင်း ဆုံးရှုံးခိုက်မှာ
  • 4:56 - 4:59
    ကျွန်တော်ရဲ့ ဖွင့်ဟမှုကို ကျွန်တော် ပြန်ရခဲ့ပါတယ်။
  • 4:59 - 5:01
    ကျွန်တော် ဆုတ်ယုတ်လာတဲ့အခါ ကျွန်တော် ကြီးမြင့်လာခဲ့ပါတယ်။
  • 5:01 - 5:03
    ကျွန်တော် အများကြီး ပျောက်ဆုံးသွားခိုက်မှာ
  • 5:03 - 5:07
    နောက်ဆုံး ကျွန်တော့ကို ကျွန်တော် စတင်တွေ့ရှိလာခဲ့ပါတယ် "တဲ့။
  • 5:07 - 5:09
    ကျွန်မအတွက်တော့ နေး(လ်) ဆယ်လင်ဂျာဟာ
  • 5:09 - 5:12
    သူ့ရဲ့ တတိယ ဇာတ်ဝင်ခန်းမှာ လှေကားပေါ်တက်ခြင်းရဲ့
  • 5:12 - 5:15
    ပြယုဂ်ပါ။
  • 5:15 - 5:17
    ကဲ ဒီတော့ ကျွန်မတို့အားလုံးဟာ ဝိညာဉ်နဲ့ မွေးဖွားလာတာပါ။ ကျွန်မတို့အားလုံးပါ။
  • 5:17 - 5:20
    ဒါပေမဲ့ တစ်ခါတစ်လေကျတော့ ဒါက ဘဝရဲ့ စိန်ခေါ်မှုတွေ၊
  • 5:20 - 5:22
    ကြမ်းတမ်းမှုတွေ၊ မတော်မတရားမှုတွေ၊
  • 5:22 - 5:25
    လျစ်လျူရှုမှုတွေ အောက်မှာ ဖိသိပ်ခံရတာပေါ့လေ။
  • 5:25 - 5:27
    ကျွန်မတို့ မိဘတွေဟာ စိတ်အားငယ်ခြင်းတွေ ခံစားကောင်းခံစားခဲ့ရရှာမှာပါ။
  • 5:27 - 5:29
    သူတို့တွေဟာ ကျွန်မတို့တွေ လောကအလယ်မှာ ဘယ်လို စွမ်းဆောင်ခဲ့တယ် ဆိုတာထက်ကိုပိုလွန်တဲ့
  • 5:29 - 5:33
    ချစ်ခြင်းမေတ္တာကို ကျွန်မတို့ကို မပေးနိူင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။
  • 5:33 - 5:35
    ကျွန်မတို့တွေဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု
  • 5:35 - 5:37
    ဒဏ်ရာတစ်ခုကို ခံစားနေရဆဲပဲဆိုတာ ဖြစ်ကောင်းဖြစ်မှာပါ။
  • 5:37 - 5:41
    ကျွန်မတို့ အများစုရဲ့ ဆက်ဆံရေးတွေက ပြီးပြတ်ကုန်ဆုံးခြင်း မရှိသေးဘူးလို့ ကျွန်မတို့ခံစားသိမိနေတာ ဖြစ်ကောင်းဖြစ်မယ်။
  • 5:41 - 5:45
    ဒီတော့ မပြီးပြတ်သေးတာကို ကျွန်မတို့ ခံစားနေနိူင်တာပေါ့။
  • 5:45 - 5:48
    တတိယ ဇာတ်ဝင်ခန်းရဲ့ လုပ်ငန်းတာဝန်က ကျွန်မတို့ကိုယ်တိုင် ပြီးဆုံးခြင်းရဲ့
  • 5:48 - 5:53
    လုပ်ငန်းတာဝန်ကို အဆုံးသတ်ဖို့ပဲဆိုတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
  • 5:53 - 5:57
    ကျွန်မအတွက်တော့ ကျွန်မရဲ့ တတိယ ဇာတ်ဝင်ခန်း ချဉ်းကပ်လာနေတဲ့
  • 5:57 - 5:59
    အခိုက် ကျွန်မရဲ့ (၆၅)နှစ်မြောက်မွေးနေ့မှာ စတင်ခဲ့ပါတယ်။
  • 5:59 - 6:01
    "ဒါကို ကျွန်မဘယ်လို ဖြတ်သန်းကျော်လွန်ဖို့ သင့်တော်လိမ့်မလဲ။" "
  • 6:01 - 6:04
    ဒီနောက်ဆုံး အခန်းမှာ ကျွန်မဘာကို ပြီးမြောက်အောင်မြင်အောင် လုပ်သင့်မှာပါလိမ့်။"
  • 6:04 - 6:08
    နောက်ပြီး ကျွန်မ သဘောပေါက်သွားတာက ကျွန်မ ဘယ်ကိုသွားနေခဲ့သလဲဆိုတာကို သိရှိဖို့
  • 6:08 - 6:10
    ကျွန်မ ဘယ်ကလာပါသလဲဆိုတာကို သိရှိဖို့လိုခဲ့တာပေါ့။
  • 6:10 - 6:12
    ဒါနဲ့ ကျွန်မရဲ့ ရှေ့က ဇာတ်ဝင်ခန်း(၂)ခန်းကို ပြန်သွား လေ့လာခဲ့ပြီး
  • 6:12 - 6:14
    အဲဒီတုန်းက ကျွန်မက ဘယ်သူဖြစ်ခဲ့တာပါလဲ၊
  • 6:14 - 6:17
    တကယ် ကျွန်မအစစ်က
  • 6:17 - 6:19
    ဘယ်သူပါလဲဆိုတာကို မြင်အောင်ကြိုးစားခဲ့ရင်းပေါ့၊
  • 6:19 - 6:22
    ကျွန်မ မိဘတွေ၊ ဒါမှမဟုတ် အခြားလူတွေက ကျွန်မကို ပြောခဲ့ကြတဲ့ သူတစ်ယောက်မဟုတ်ပဲ၊
  • 6:22 - 6:24
    ကျွန်မကို ဆက်ဆံကြတဲ့ သူတစ်ယောက်လိုမဟုတ်ပဲနဲ့ပေါ့။
  • 6:24 - 6:26
    ဒါပေမဲ့ ကျွန်မက ဘယ်သူပါလိမ့်။ ကျွန်မမိဘတွေက ဘယ်သူတွေပါလိမ့်၊
  • 6:26 - 6:29
    မိဘတွေအဖြစ်နဲ့မဟုတ်ပဲ ပရိတ်သတ်တွေ အဖြစ်နဲ့ပေါ့။
  • 6:29 - 6:31
    ကျွန်မ ဘိုးဘွားတွေက ဘယ်သူတွေပါလဲ။
  • 6:31 - 6:33
    သူတို့တွေဟာ ကျွန်မမိဘတွေကို ဘယ်လို ပြုမူဆက်ဆံခဲ့တာပါလိမ့်။
  • 6:33 - 6:36
    ဒီလိုမျိုး အကြောင်းအရာတွေပေါ့လေ။
  • 6:36 - 6:39
    နောက်နှစ် အနည်းငယ်လောက်အကြာမှာတော့
  • 6:39 - 6:42
    ကျွန်မဖြတ်သန်းနေတဲ့ ဒီလုပ်ငန်းစဉ်ဟာ စိတ်ပညာရှင်တွေရဲ့ အခေါ်အရ
  • 6:42 - 6:44
    "ဘဝတစ်ခုကို ပြန်လည်သုံးသပ်မှုပြုလုပ်ခြင်း"
  • 6:44 - 6:46
    ဆိုတာကို သိလိုက်ရပါတယ်။
  • 6:46 - 6:48
    နောက်ပြီး ဒါက လူတစ်ယောက်ရဲ့ဘဝကို
  • 6:48 - 6:50
    ရည်ရွယ်ချက်၊ ကြည်လင်ပြတ်သားမှုနဲ့
  • 6:50 - 6:52
    အဓိပ္ပါယ်သစ်တွေကို ပေးပါတယ်လို့ သူတို့ကဆိုပါတယ်။
  • 6:52 - 6:55
    ကျွန်မပြုလုပ်ခဲ့သလိုပဲ သင်တို့တွေ တွေ့ရှိနိုင်တာက
  • 6:55 - 6:58
    သင် တွေးမိခဲ့ဘူးတဲ့ ကိစ္စတော်တော်များများဟာ သင်ရဲ့ အပြစ်တွေဆိုတာရယ်၊
  • 6:58 - 7:01
    သင်ကိုယ်သင် တွေးထင်ခဲ့ဘူးတဲ့ ကိစ္စတော်တော်များများဟာ တကယ်တမ်းမှာ
  • 7:01 - 7:04
    သင်နဲ့ ဘာမှမပတ်သက်ဘူးဆိုတာပါ။
  • 7:04 - 7:07
    သင်ဟာ ဒီအတိုင်း အဆင်ပြေပါတယ်။
  • 7:07 - 7:09
    ပြီးတော့ ပြန်သွားပြီးတော့
  • 7:09 - 7:11
    သူတို့ကို ခွင့်လွတ်နိူင်ပါတယ်၊
  • 7:11 - 7:13
    သင့်ကိုသင်လည်း ခွင့်လွတ်နိူင်ပါတယ်။
  • 7:13 - 7:16
    သင့်ကိုသင် အတိတ်ကာလကနေ
  • 7:16 - 7:18
    ကင်းဝေးစေနိူင်ပါတယ်။
  • 7:18 - 7:20
    သင့်ရဲ့အတိတ်က ဆက်ဆံရေးကို ပြောင်းလဲဖို့
  • 7:20 - 7:22
    သင်လုပ်နိူင်ပါတယ်။
  • 7:22 - 7:24
    ဒါနဲ့ပဲ ကျွန်မဒီအကြောင်းကို ရေးနေတုန်းမှာပဲ
  • 7:24 - 7:27
    Viktor Frankl ရဲ့ "လူသားရဲ့ အဓိပ္ပါယ် ရှာပုံတော်" "Man's Search for Meaning"ဆိုတဲ့
  • 7:27 - 7:29
    စာအုပ်တစ်အုပ်ကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။
  • 7:29 - 7:32
    Viktor Frankl ဆိုသူက နာဇီအကျဉ်းစခန်းမှာ အချိန် (၅)နှစ် အလုပ်လုပ်ခဲ့ဘူးတဲ့
  • 7:32 - 7:35
    ဂျာမန် စိတ်ရောဂါအထူးကု ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
  • 7:35 - 7:38
    နောက်ပြီး သူရေးသားခဲ့တာက၊ အဲဒီစခန်းမှာသူရှိနေစဉ်တုန်းက ၊
  • 7:38 - 7:42
    တကယ်လို့များ သူတို့တွေဟာ လွတ်ငြိမ်းခွင့်ပေးခံရမယ်ဆိုရင်
  • 7:42 - 7:44
    ဘယ်သူတွေကတော့ အဆင်ပြေလိမ့်မယ်၊
  • 7:44 - 7:46
    ဘယ်သူတွေကတော့ အဆင်မပြေနိူင်ဘူးဆိုတာကို သူပြောနိူင်ခဲ့တာကိုပေါ့နော်။
  • 7:46 - 7:51
    နောက်ပြီး သူကဒီလို ရေးသားခဲ့ပါတယ်။
  • 7:51 - 7:54
    "သင့်ရဲ့ဘဝမှာ ရှိသမျှအရာတွေအားလုံးကို သင့်ဆီကယူသွားလို့ရနိူင်ပါတယ်။ ။
  • 7:54 - 7:56
    အခြေအနေတစ်ခုကို သင့်အနေနဲ့
  • 7:56 - 7:58
    ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ရွေးချယ်ဖို့
  • 7:58 - 8:00
    သင့်ရဲ့ လွတ်လပ်မှုဆိုတဲ့
  • 8:00 - 8:02
    အရာတစ်ခုကလွဲရင်ပေါ့"တဲ့
  • 8:02 - 8:04
    ဒီအရာက ကျွန်မတို့ ရှင်သန်နေထိုင်ကြတဲ့
  • 8:04 - 8:06
    ဘဝရဲ့ အရည်အသွေးကို ပြဌာန်းပေးတာပါ။
  • 8:06 - 8:08
    ကျွန်မတို့တွေ ချမ်းသာလား၊ ဆင်းရဲလား၊
  • 8:08 - 8:10
    ကျော်ကြားလား၊ လူမသိသူမသိလား၊
  • 8:10 - 8:12
    ကျန်းမာတာလား၊ ဝေဒနာခံစားနေရလား ဆိုတာတွေမဟုတ်ပါဘူး။
  • 8:12 - 8:15
    ကျွန်မတို့ရဲ့ ဘဝအရည်အသွေးကို ပြဌာန်းပေးတာက
  • 8:15 - 8:18
    ဒီဒိဋ္ဌဖြစ်ရပ်တွေနဲ့ ကျွန်မတို့ဘယ်လို ဆက်စပ်နေပါသလဲ၊
  • 8:18 - 8:20
    ဒါတွေကို ဘယ်အဓိပ္ပါယ် အမျိုးအစား သတ်မှတ်ပါသလဲ၊
  • 8:20 - 8:23
    ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး သဘောထားအမြင်တွေ တွယ်ညိနေပါသလဲ၊
  • 8:23 - 8:27
    ဘယ်စိတ်အခြေအနေမျိုးက ကျွန်မတို့ကို ဒါတွေကို အစပျိုးဖို့ ဖြစ်ခွင့်ပေးသလဲ ဆိုတာတွေပါပဲ။
  • 8:27 - 8:30
    တတိယဇာတ်ဝင်ခန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့
  • 8:30 - 8:34
    သင့်တော်မယ်ဆိုရင် အတိတ်မှာရှိတဲ့ ကျွန်မတို့ရဲ့ဆက်ဆံရေးကို
  • 8:34 - 8:36
    ပြောင်းလဲပစ်ဖို့ နောက်ကြောင်းပြန်ပြီး၊ ကြိုးစားကြည့်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
  • 8:36 - 8:38
    တွေ့လာရတာကတော့ သိမှတ်မှုဆိုင်ရာ သုသေသနပြုချက်က ပြဆိုတာက
  • 8:38 - 8:41
    ကျွန်မတို့တွေဟာ ဒါကိုဆောင်ရွက်နိူင်စွမ်းရှိတဲ့အခါ
  • 8:41 - 8:43
    အာရုံကြောလမ်းကြောင်းတွေဟာ
  • 8:43 - 8:46
    ဦးနှောက်ထဲမှာ ဖြစ်ပေါ်လာတယ်ဆိုတာကို
  • 8:46 - 8:49
    အာရုံကြောပိုင်းဆိုင်ရာအရ သိသာထင်ရှားလာပါတယ်။
  • 8:49 - 8:51
    သင်တို့သိပြီနော်။ သင်ဟာ အတိတ်ကာလက အဖြစ်အပျက်တွေနဲ့
  • 8:51 - 8:54
    လူတွေကို အချိန်တော်တော်ကြာ အပျက်သဘော တုံ့ပြန်ခဲ့မယ်ဆိုရင်
  • 8:54 - 8:57
    ဦးနှောက်ကတဆင့်ပို့လွတ်တဲ့ ဓါတုနဲ့ လျှပ်စစ်ဆိုင်ရာ လက္ခဏာတွေဟာ
  • 8:57 - 9:00
    အာရုံကြောလမ်းကြောင်းတွေ ချခင်းပေးသွာတယ်ဆိုတာလေ။
  • 9:00 - 9:03
    နောက်ပြီးကြာလာတော့ ဒီအာရုံကြောလမ်းကြောင်းတွေဟာ
  • 9:03 - 9:05
    အရိုးစွဲလာပြီးတော့ စံနှုန်းဖြစ်လာတာပေါ့။
  • 9:05 - 9:07
    ဒါက ကျွန်မတို့အတွက်ဆိုးဝါးပါတယ်။
  • 9:07 - 9:10
    အကြောင်းကတော့ ဒါက ကျွန်မတို့ကို စိတ်ဖိစီးမှုနဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်စေလို့ပါ။
  • 9:10 - 9:12
    အဲဒီလိုဆိုရင်တော့
  • 9:12 - 9:16
    ကျွန်မတို့တွေဟာ နောက်ကြောင်းပြန်ပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးတွေကို ပြင်ဆင်လို့ရတာပေါ့၊
  • 9:16 - 9:18
    အတိတ်က လူတွေနဲ့ အဖြစ်သနစ်တွေ၊
  • 9:18 - 9:20
    ပြောင်းလဲနိူင်တဲ့ အာရုံကြောဆိုင်ရာလမ်းကြောင်း
  • 9:20 - 9:22
    ပြန်ပြီးရှုမြင်လို့ရတာပေါ့။
  • 9:22 - 9:24
    နောက်ပြီး အတိတ်နဲ့ပတ်သက်ပြီး
  • 9:24 - 9:27
    အကောင်းဖက်မြင်တဲ့ စိတ်ခံစားမှုတွေကို ပိုပြီး ထိန်းသိမ်းနိူင်မယ်ဆိုရင်တော့
  • 9:27 - 9:29
    ဒါဟာ စံနှုန်းအသစ်တစ်ခု ဖြစ်လာတာပေါ့။
  • 9:29 - 9:32
    အပူထိန်း ကိရိယာတစ်ခုကို ပြန်ချိန်လိုက်သလိုမျိုးပေါ့။
  • 9:32 - 9:35
    ကျွန်မတို့ကို အမြှော်အမြင်ရှိအောင်လုပ်ပေးတာက
  • 9:35 - 9:38
    အတွေအကြုံရှိခြင်းမဟုတ်ပါဘူး။
  • 9:38 - 9:42
    ကျွန်မတို့တွေ့ကြုံခံစားခဲ့ဖူးသမျှကို အလေးအနက်ဆင်ခြင်းက
  • 9:42 - 9:44
    ကျွန်မတို့ကို အမြှော်အမြင်ရှိအောင်လုပ်ပေးတာပါ။
  • 9:44 - 9:46
    နောက်ပြီး ဒါကပဲ ကျွှန်မတို့ကို ပြီးပြည့်စုံမှုဖြစ်လာစေပြီး၊ ၊
  • 9:46 - 9:48
    ဉာဏ်ပညာနဲ့ စစ်မှန်မှုနဲ့ ကို ဆောင်ကြဉ်းပေးဖို့ အထောက်အကူပြုတာပေါ့။
  • 9:48 - 9:52
    ဒါက ကျွန်မတို့ဖြစ်ခဲ့ဘူးကောင်းဖြစ်ခဲ့မယ့်အရာကို ဖြစ်လာဖို့ အထောက်အကူပေးပါတယ်။
  • 9:52 - 9:54
    ကျွန်မတို့ အမျိုးသမီးတွေဟာ ပြီးပြည့်စုံမှုနဲ့ တာထွက်ကြတာပဲလေ၊ မဟုတ်ကြဘူးလားရှင်။
  • 9:54 - 9:57
    ဆိုလိုတာက မိန်းကလေးတွေအဖြစ်နဲ့ တက်ကြွခြင်းနဲ့ စတင်ကြတယ်လေ။ "ဟုတ်တာပေါ့၊ ဘယ်သူပြောတာလဲဟေ့။"
  • 9:57 - 9:59
    ကျွန်မတို့မှာ အေဂျင်စီရှိတယ်။
  • 9:59 - 10:01
    ကျွန်မတို့ဟာ ကျွန်မတို့ကိုယ်ပိုင်ဘဝတွေရဲ့ နိူင်ငံသားတွေဖြစ်ကြပါတယ်။
  • 10:01 - 10:03
    ဒါပေမယ့် မကြခဏဆိုသလိုပေါ့၊ တော်တော်များများပါ။
  • 10:03 - 10:06
    ကျွန်မတို့အများစုမဟုတ်ဘူးဆိုတာတောင်မှ အပျိုဖော်ဝင်စ အရွယ်ရောက်ချိန်မှာပေါ့လေ၊
  • 10:06 - 10:09
    လိုက်လျောညီထွေဖြစ်ဖို့နဲ့ လူအများကနှစ်သက်စေဖို့အတွက် စတင်ပူပန်မိကြတာပေါ့။
  • 10:09 - 10:13
    နောက်တော့ ကျွန်မတို့တွေဟာ တစ်ခြားသူတွေရဲ့ ဘဝတွေမှာ အကြောင်းခံ၊ အပြုခံတရားတွေ ဖြစ်လာကြပါတော့တယ်။
  • 10:13 - 10:16
    ဒါပေမဲ့ အခု တတိယ ဇာတ်ဝင်ခန်းတွေမှာတော့
  • 10:16 - 10:18
    ကျွန်မတို့ စတင်ခဲ့ကြတဲ့နေရာကို
  • 10:18 - 10:21
    ပြန်လည်ဝေ့ပတ်ပြီး၊ ဒီအကြောင်းအရာကို
  • 10:21 - 10:23
    ပထမဆုံးအကြိမ် သိရှိနားလည်ဖို့ ဖြစ်နိူင်ခြေရှိလာနိူင်တာပေါ့။
  • 10:23 - 10:26
    နောက်ပြီးတော့ ဒါကို ကျွန်မတို့ လုပ်နိူင်တယ်ဆိုရင်တော့
  • 10:26 - 10:29
    ဒါဟာ ကျွန်မတို့ချည်းအတွက်ပဲတော့ မဟုတ်ပါဘူး။
  • 10:29 - 10:31
    ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုအမျိုးသမီးတွေဟာ
  • 10:31 - 10:33
    အကြီးမားဆုံး လူဦးရေစာရင်းထဲမှာပါဝင်ပါတယ်။
  • 10:33 - 10:36
    ကျွန်မတို့တွေဟာ နောက်ကြောင်းပြန်ပြီး၊ ကျွန်မတို့ကို ကျွန်မ ပြန်လည်အဓိပ္ပါယ်ဖွင့်နိူင်ပြီးတော့
  • 10:36 - 10:38
    ပြီးပြည့်စုံမှု ဖြစ်လာစေနိူင်တယ် ဆိုရင်တော့
  • 10:38 - 10:43
    ဒါဟာ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှု ပြောင်းလဲမှုတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်၊
  • 10:43 - 10:46
    ပြီးတော့ ဒါက ငယ်ရွယ်တဲ့ မျိုးဆက်တွေအတွက် သူတို့ကိုယ်ပိုင် ဘဝသက်တမ်းကို
  • 10:46 - 10:49
    ပြန်လည်စိတ်ကူးပုံဖော်နိူင်ဖို့ သာဓကဆောင်စရာတစ်ခု ပေးပါလိမ့်မယ်။
  • 10:49 - 10:51
    ကျေးဇူး အများကြီးတင်ပါတယ်ရှင်။
  • 10:51 - 10:58
    (လက်ခုပ်သံများ)
Title:
ဘ၀ရဲ့ တတိယ ဇာတ်ဝင်ခန်း
Speaker:
Jane Fonda
Description:



ယခု မျိုးဆက်အတွင်းမှာ ကျွန်ုပ်တို့ရဲ့ ပျမ်းမျှသက်တမ်းထဲကို နောက်ထပ် အနှစ်(၃၀) ပေါင်းပေးနိူင်ခဲ့ပါပြီ။ ဒီနှစ်တွေဆိုတာဟာ မှတ်တမ်းတင်စရာ အချက်တစ်ချက်ပဲ ဒါမှမဟုတ် ဖောက်ပြန်နေတဲ့ မူမမှန်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဒီပြောဆို ဆွေးနွေးမှုမှာ ဂျိန်း(န်) ဖွန်ဒါက ကျွန်တော်တို့ ဘဝတွေရဲ့ ဒီပြောင်းလဲတိုးတက်မှု အသစ်နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့တွေ ဘယ်လို စဉ်းစားမိကြသလဲဆိုတာကို မေးမြန်းထားပါတယ်။ (TEDxWomen တွင်ရိုက်ကူးထားပါသည်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:59
Myo Aung approved Burmese subtitles for Life's third act
Myo Aung accepted Burmese subtitles for Life's third act
Myo Aung commented on Burmese subtitles for Life's third act
Myo Aung edited Burmese subtitles for Life's third act
Myo Aung edited Burmese subtitles for Life's third act
Myo Aung edited Burmese subtitles for Life's third act
Myo Aung commented on Burmese subtitles for Life's third act
Myo Aung edited Burmese subtitles for Life's third act
Show all

Burmese subtitles

Revisions