Return to Video

သင့်သမီးတွေကို ၂၀၁၆ ခုနှစ်အကြောင်း ဘာတွေကို ပြောပြမလဲ။

  • 0:01 - 0:03
    ဒီနှစ်အကြောင်း သမီးတွေကို ပြောပြပါ၊
  • 0:03 - 0:05
    ကော်ဖီလိုအပ်ပြီး နိုးထခဲ့ပေမဲ့
  • 0:05 - 0:09
    ဒီအစား လူသေအလောင်းတွေနဲ့
    ပွစာကျဲနေတဲ့ တို့ရဲ့ မနက်ခင်း သတတင်းစာတွေ၊
  • 0:09 - 0:14
    တို့ရဲ့ ညီအစ်မ ခင်ပွန်း ကလေးငယ်တွေရဲ့
    ရေစိုနေတဲ့ မိတ္တူတွေကို တွေ့လိုက်ရပုံကိုလေ
  • 0:15 - 0:18
    ဒီနှစ်အကြောင်း သင့်ကလေးငယ်ကို ပြောပါ။
    သူမမေးတဲ့လာအခါ၊ မေးမှာ ကျိန်သေးလို့ပါ။
  • 0:18 - 0:20
    လာတာ နောက်ကျလွန်းတယ်လို့ ပြောပါ။
  • 0:20 - 0:24
    ဒီနှစ်မှာ လွတ်လပ်မှုကို အငှားချခဲ့တောင်မှ
    လွတ်လွတ်ကင်းကင်း မပိုင်ခဲ့တာ ဝန်ခံလိုက်ပါ
  • 0:24 - 0:27
    တို့ကိုယ်အင်္ဂါတွေ သုံးတာတိုင်းအတွက်
    ဥပဒေတွေရှိခဲ့သေးပေမဲ့
  • 0:27 - 0:30
    သူတို့ကတော့ ငါတို့ရဲ့ အပျော့ခေါက်တွေကို
    ကိုင်စမ်းရင်း
  • 0:30 - 0:32
    အလိုတူတာကို အမှုမထားပဲ ဖမ်းဆုပ်လို့၊
  • 0:32 - 0:35
    ဒါတွေကို အတင်းအကျပ် လုပ်သူတွေကျတော့
    ဥပဒေမရှိဘူးလေ။
  • 0:35 - 0:37
    တို့တွေဟာ ရှောင်လွှဲဖို့၊
    စောင့်ဆိုင်းဖို့၊
  • 0:38 - 0:40
    အမြီးကုတ်ပြီး ဖုံးကွယ်ဖို့
    ထပ်စောင့်ဖို့၊
  • 0:40 - 0:43
    ငြိမ်ပြီး စောင့်နေဖို့ ပုံသွင်းခံရတယ်။
  • 0:43 - 0:45
    နှုတ်ဆိတ်ဖို့ အပြောခံရတယ်။
  • 0:45 - 0:48
    ဒါပေမဲ့ သင့်သမီးတွေကို
    ဒီစစ်ကာလ အကြောင်း ပြောပါ။
  • 0:48 - 0:50
    ရမှတ်တူတွေရဲ့ ရှေ့သွားရှိတဲ့
    နှစ်တစ်နှစ်ဆိုတော့
  • 0:50 - 0:53
    အရင် ဆယ်စုနှစ်နှစ်ခုက အတိုင်းပဲလေ၊။
  • 0:53 - 0:54
    မျက်လုံးတွေကို သုတ်ပစ်ခဲ့ကြ၊
  • 0:54 - 0:56
    အလံတွေနဲ့ ချည်ထားတဲ့ ခေါင်းတွေ၊
  • 0:56 - 0:58
    ဘေးလွတ်ရာ ပြောင်းထားတဲ့
    ကလပ်ရဲ့ အခင်းဖြစ်ရာ၊
  • 0:58 - 1:00
    လမ်းထဲမှာ ပွက်လောရိုက်လို့၊
  • 1:00 - 1:03
    ကျဆုံးသွားတဲ့ ပုံရိပ်တွေနဲ့ ယှဉ်ကာ
    ကွန်ကရစ်ပေါ် တို့ကိုယ်တွေကိုချတယ်။
  • 1:03 - 1:05
    အော်ကြတယ်၊ "တကယ်ပါ၊
    ငါတို့ အရေးပါပါတယ်"
  • 1:05 - 1:06
    ကွယ်ပျောက်သူတွေအတွက် အော်ကြ
  • 1:06 - 1:08
    အမျိုးသမီးတွေ ဒီနှစ် ငိုကြတယ်။
  • 1:08 - 1:10
    တကယ်ငိုခဲ့တာပါ။
  • 1:10 - 1:12
    ဒီနှစ်မှာပဲ တို့တွေ အသင့်ဖြစ်ခဲ့တယ်။
  • 1:12 - 1:15
    ချုပ်ချယ်မှု ပျောက်ဆုံး ရဲရင့်တဲ့
    ပစ်ပယ်မှုနဲ့ ချီတက်ခဲ့တဲ့နှစ်က
  • 1:15 - 1:18
    သေနတ်ပြောင်းတွေကို
    စိုက်ကြည့်ရတဲ့ နှစ်ပါပဲ။
  • 1:18 - 1:20
    ကောင်းကင်က ကြိုးကြာတွေကျူးသံ
    ပုန်းရှောင်၊ ပုတ်ထုတ်
  • 1:20 - 1:23
    ခေါင်မြီးခြုံထဲ ရွှေမိ၊
    ပုံနေတဲ့ မရဏခြိမ်းခြောက်မှု
  • 1:23 - 1:24
    ကိုယ်တိုင်တော့ မျိုးချစ်တွေ
  • 1:24 - 1:27
    ပြောတာက "တို့ အခု ၃၅ နှစ်၊ အခြေကျကာ
    ဒုသမ္မတလောင်းတွေဖို့ အချိန်ပါ။"
  • 1:27 - 1:30
    လမ်းမြေပုံတွေက် ကလေးပျော်အတွက် ဖန်တီးခဲ့၊
  • 1:30 - 1:33
    တို့ကိုယ်တို့ ဝပြီးရက်စက်တယ်လို့
    ခေါ်တာ တကယ်ပါ။
  • 1:33 - 1:34
    စင်းလုံးချောပေါ့။
  • 1:34 - 1:36
    ဒီနှစ်မှာ တို့ဟာ အမျိုးသမီးတွေဖြစ်ခဲ့တာ
  • 1:36 - 1:38
    သတို့သမီးတွေ၊ အပေါစား
    တန်ဆာတွေမဟုတ်
  • 1:38 - 1:39
    တန်းမဝင်တံဆိပ် ကျား၊မ မဟုတ်
  • 1:39 - 1:41
    လိုက်လျောမှုမဟုတ်၊ အမျိုးသမီးတွေပဲလေ။
  • 1:41 - 1:43
    ကလေးတွေကို သွန်သင်ပါ။
  • 1:43 - 1:46
    ပြီးသွားတဲ့ နှစ်က ကျိုးနွံပြီး
    သေးငယ်ဖို့ဆိုတာ သတိပေးလိုက်ပါ။
  • 1:46 - 1:49
    တစ်ချို့ကတို့ဟာ အမျိုးသမီးတွေပါလို့
    ပထမဆုံး ပြောခဲ့တယ်။
  • 1:49 - 1:51
    ဒီစည်းလုံးမှုရဲ့ သစ္စာကို
    အလေးအနက် ခံယူပါ။
  • 1:51 - 1:53
    တစ်ချို့က ကလေးတွေမွေးပြီး
    တစ်ချို့က မမွေးခဲ့ဘူး။
  • 1:53 - 1:56
    ဒါက တကယ်၊ သင့်တော်
    မှန်ကန်အောင် လုပ်လားတော့
  • 1:56 - 1:58
    တစ်ယောက်မှ မမေးခဲ့ဘူး။
  • 1:58 - 2:00
    ဒီနှစ်အကြောင်း သူမမေးတဲ့အခါ
  • 2:00 - 2:03
    သင့်သမီး၊ မွေးကင်းစ (သို့)
    အောင်မြင်မှုကို ဆက်ခံသူဖြစ်ဖြစ်ပါ၊
  • 2:03 - 2:06
    သူ့ သမိုင်းရဲ့ဇိမ်ကျတဲ့ အပိုင်းက
    အမျိုးသမီးဆီ ယိုင်ကာလျှောက်ရင်း
  • 2:06 - 2:08
    အံသြပြီး အငမ်းမရ မေးမှာ
  • 2:08 - 2:10
    သင့်ရဲ့ စွန့်လွှတ်မှုကို နားမလည်ပေမဲ့
  • 2:10 - 2:13
    သင့်ရဲ့ အမြင်ကို မြင့်မြတ်မှုလို့
    ဆုပ်ကိုင်လိမ့်မယ်
  • 2:13 - 2:15
    သိချင်စိတ်နဲ့ အစ်အောက်နေမှာက
    "အမေ ဘယ်မှာ ရှိခဲ့လဲ။
  • 2:15 - 2:18
    တိုက်ခိုက်ခဲ့လား။
    အမေက လန့်နေလား (သို့) လန့်စရာလား။
  • 2:18 - 2:20
    နောင်တ နံရံတွေကို
    ဘာက အရောင်ဆိုးခဲ့လဲ။
  • 2:20 - 2:23
    ဒီနှစ်က အချိန်တွေမှာ
    အမျိုးသမီးတွေအတွက် ဘာလုပ်ခဲ့လဲ။
  • 2:23 - 2:26
    ကျွန်မအတွက် ဖန်တီးတဲ့ ဒီလမ်းမှာ
    ဘယ်အရိုးကို ချိုးခဲ့ရလဲ။
  • 2:26 - 2:28
    လုပ်သင့်သလောက် လုပ်ခဲ့လား၊
    အဆင်ပြေရဲ့လာ မေမေ။
  • 2:28 - 2:29
    မေမေက သူရဲကောင်းလား။
  • 2:29 - 2:32
    ခက်ခဲတဲ့ မေးခွန်းတွေ မေးလိမ့်မယ်။
  • 2:32 - 2:34
    သင့်မျက်ခုံးအဝေ့၊ သင့်ဆုပ်ကိုင်မှုဝန်ကို
  • 2:34 - 2:35
    သူမ ဂရုစိုက်မှာ မဟုတ်ဘူး။
  • 2:35 - 2:37
    သင့်ဖော်ပြချက်တွေ
    သူမ မေးမှာမဟုတ်။
  • 2:37 - 2:40
    သင့်သမီး၊ သင့်အရမ်းကို လွယ်ထားခဲ့ရသူ
    သိချင်တာက
  • 2:40 - 2:44
    သင့်ယူဆောင်လာတဲ့ ဘယ်လက်ဆောင်၊
    ဘယ်အလင်းက သင့်ကို မျိုးမသုဉ်းစေလဲဆိုတာပါ။
  • 2:44 - 2:46
    ညမှာ သူတို့ သားကောင်ဖြစ်တဲ့အခါ
  • 2:46 - 2:48
    တစ်ညလုံး အိပ်သွားလား (သို့)
    နိုးနေလား။
  • 2:48 - 2:50
    မအိပ်ပဲ နိုးနေတာရဲ့
    ပေးဆပ်မှုက ဘာလဲ
  • 2:50 - 2:53
    ဒီနှစ်ထဲ တို့ပြောခဲ့တာက အချိန်စေ့ပြီ
    အခွင့်ကောင်းနဲ့ ဘာလုပ်ခဲ့လဲ။
  • 2:53 - 2:55
    သူများရဲ့ မသတီစရာကို စားခဲ့လား။
  • 2:55 - 2:57
    မီးလျှံကို ရှောင်လွှဲလား
    တဲ့တိုး ဝင်ခဲ့လား
  • 2:57 - 2:59
    ကျွမ်းကျင်မှု သိလား၊
    ဒါကို တာဝန်လို မှတ်ယူခဲ့လား
  • 2:59 - 3:03
    ရိုင်းစိုင်းမှု (သို့) အနိမ့်စား ဂုဏ်ပုဒ်
    တွေရဲ့အရူးလုပ်တာ ခံခဲ့ရလား။
  • 3:03 - 3:05
    ပွင့်တဲ့နှလုံး (သို့) ဆုပ်ထားတဲ့
    လက်သီးနဲ့ သင်ခဲ့လား
  • 3:05 - 3:07
    အမေဘယ်မှာ ရှိခဲ့လဲ။
  • 3:07 - 3:08
    အမှန်ပြောပြ သင့်ဘဝကို ဖြစ်အောင်လုပ်ပါ။
  • 3:08 - 3:10
    ဒါကို အတည်ပြု"သမီး အမေ အဲဒီမှာ ရပ်ခဲ့တယ်၊
  • 3:10 - 3:13
    ဓားမြှောင်လို မျက်နှာပေါ် ဝဲလာတဲ့
    အခိုက်နဲ့အတူ၊
  • 3:13 - 3:14
    ပြီးတော့ ၎င်းဘာသာ ပြန်ပစ်ကာ
  • 3:14 - 3:15
    မင်းအတွက်နေရာ လွှာလှီးရင်းလေ"
  • 3:15 - 3:18
    အမှန်ပြောပါ ကောက်ကျစ် ခွင်မကျမှုတွေထဲ
    ဘယ်လိုရှင်သန်ခဲ့တာ
  • 3:18 - 3:20
    သင်ဟာ သတ္တိရှိတယ်၊
  • 3:20 - 3:22
    အြမဲ အမြဲပဲ သတ္တိကို
    အဖော်ပြုတာကို ပြောပြပါ။
  • 3:22 - 3:24
    အဓိကအားဖြင့်သင့််ကိုယ်သင်ပဲ
    ရှိတဲ့ နေ့တွေမှာပေါ့။
  • 3:24 - 3:26
    သူမကို ပြောပြပါ။ သူမမွေးဖွားလာတာ
    သင့်လိုပဲ
  • 3:26 - 3:29
    အရင်က သင့်အမေတွေနဲ့
    သူတို့ဘေးက အစ်မတွေလိုပဲ
  • 3:29 - 3:31
    ခါတိုင်းလို ရိုးရာပုံပြင်တွေ
    ခေတ်ထဲမှာလို့။
  • 3:31 - 3:34
    သူမဟာ အချိန်မီလေး မွေးလာတာလို့
    ပြောပြပါ။
  • 3:34 - 3:35
    ဦးဆောင်ဖို့
  • 3:36 - 3:37
    အချိန်မီလေးပါလို့။
  • 3:37 - 3:44
    (လက်ခုပ်သံများ)
Title:
သင့်သမီးတွေကို ၂၀၁၆ ခုနှစ်အကြောင်း ဘာတွေကို ပြောပြမလဲ။
Speaker:
Chinaka Hodge
Description:

မှန်ကွဲစတွေလို စကားလုံးတွေနဲ့ Chinaka Hodge ကနေပြီး ၂၀၁၆ ကို ဖြတ်လှီးဖွင့်လိုက်ကာ အကြမ်းဖက်မှု၊ ပူဆွေးမှု၊ ကြောက်ရွံ့မှု၊ အရှက်နဲ့ မျှော်လင့်ချက်တို့ရဲ့ ၁၂ လတာကို ကျွန်တော်တို့ ဘယ်သူမှ မမေ့တော့မယ့် နှစ်တစ်နှစ်အကြောင်း ဒီပင်ကိုယ်ရေးကဗျာထဲမှာ ရှင်းလင်းအောင်ပြောထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
03:57

Burmese subtitles

Revisions