ဆီမွန်(ဒ်)ဘိုးဗွား ဖွင့်ဆိုတဲ့ ဘဝ အဓိပ္ပာယ်။
-
0:07 - 0:11ဆီမွန်(ဒ်)ဘိုးဗွား ဟာ အသက် ၂၁ နှစ်မှာ
ပြင်သစ်ရဲ့ အလေးစားခံရဆုံး တက္ကသိုလ်မှာ -
0:11 - 0:15ဒဿနိကဗေဒ စာမေးပွဲတွေကို ဖြေဆိုတဲ့
အသက်အငယ်ဆုံးသူ ဖြစ်လာခဲ့တယ်။ -
0:15 - 0:17သူဟာ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တယ်။
-
0:17 - 0:20ဒါပေမဲ့ ဒဿနိကဗေဒ စည်းမျဉ်းတွေကို
တတ်မြောက်တာနဲ့ -
0:20 - 0:21ဒါတွေကို ချိုးဖောက်ချင်လာခဲ့တယ်။
-
0:21 - 0:24ပလေတိုရဲ့ Theory of Forms ကို
သူ သင်ကြားခဲ့ရတယ်။ -
0:24 - 0:27ရုပ်လောကကို ပိုမြင့်တဲ့ အမှန်တရားတွေ
မပြောင်းလဲတဲ့ စံတွေရဲ့ -
0:27 - 0:30ချို့ယွင်းနေတဲ့ပုံရိပ်တစ်ခု
အဖြစ် ဆွေးနွေထားတာပါ။ -
0:30 - 0:34ဒါပေမဲ့ ဘိုးဗွားအတွက်တော့ လောကီဘဝဟာ
ကြည်နူးစရာ၊ ကာမဂုဏ်အာရုံဖြစ်ပြီး -
0:34 - 0:36အတည်သဘောသက်သက်ဖြစ်ခဲ့တယ်
-
0:36 - 0:40ရုပ်လောကကို အပြည့်အဝဆုံး စူးစမ်းဖို့
သူ့ရဲ့အာသီသက သူ့ဘဝကို ပုံဖော်ပေးခဲ့ပြီး -
0:40 - 0:45နောက်ဆုံးမှာတော့ ဆန်းသစ်တဲ့
ဒဿနိကဗေဒ အသစ်ကို စေ့ဆော်ပေးခ့်တယ်။ -
0:45 - 0:49သူ့ရဲ့ ချစ်သူပညာတတ် လက်တွဲဖော် ယန်း ပေါလ်
ဆတ်(တ) နဲ့ အတောမသတ် ဝေဖန် ဆွေးနွေးရင်း -
0:49 - 0:53(ဒ်) ဘိုးဗွားဟာ လွတ်လပ်တဲ့ စိတ်သဘော၊
ဆန္ဒ၊ရပိုင်ခွင့်တွေနဲ့ တာဝန်ယူမှုတွေ၊ -
0:53 - 0:56ကိုယ်ပိုင်အတွေ့အကြုံရဲ့
တန်ဖိုးတွေကို စူစမ်းခဲ့တယ်။ -
0:56 - 0:58ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းနှစ်တွေမှာ
-
0:58 - 1:01ဒီအယူအဆတွေဟာ သူတို့လက်ရာတွေနဲ့
အနီးဆုံး ဆက်နွယ်တဲ့ -
1:01 - 1:05အမြင်တူသူ အသိုင်းအဝိုင်းထဲမှာ
အကျုံးဝင်လာတယ်။ ဖြစ်တည်မှု ပဓာနဝါဒပါ။ -
1:05 - 1:08အဲဒီမှာ ဂျူး ခရစ်ယာန် အစဉ်အလာတွေက
သင်ကြားတာက -
1:08 - 1:10လူဟာ ကြိုတင်ပြဌာန်းထားတဲ့
ရည်ရွယ်ချက်နဲ့ မွေးလာတယ်။ -
1:10 - 1:14(ဒ်) ဘိုးဗွားနဲ့ ဆတ်(ထ)က တော်လှန်တဲ့
အပြောင်းအလဲတစ်ခုကို အဆိုပြုခဲ့တယ်။ -
1:14 - 1:16လူသားတွေဟာ လွတ်လပ်စွာ မွေးဖွားလာပြီး
-
1:16 - 1:20ဘုရားသခင် အစီအစဉ်မပါဘဲ ဖြစ်တည်မှုထဲ
ပစ်ချခံခဲ့ရတာလို့ အဆိုပြုကြတယ်။ -
1:20 - 1:24(ဒ်) ဘိုးဗွား အသိအမှတ်ပြုသလို ဒီလွတ်လပ်
မှုဟာ ကောင်းချီးတစ်ခူ၊ ဝန်ထုတ်တစ်ခုတဲ့။ -
1:24 - 1:29"Ethics of Ambiguity" မှာ သူ စောဒကတက်တာက
အကြီးမားဆုံး ကိုယ်ကျင့်ဆိုင်ရာ အရေးပါမှုက -
1:29 - 1:31မိမိကိုယ်ပိုင် ဘဝ အဓိပ္ပာယ်ကို ဖန်တီးရင်း
-
1:31 - 1:34အလားတူ ဖန်တီးဖို့ အခြားသူတွေရဲ့
လွတ်လပ်ခွင့်ကို ကာကွယ်ဖို့တဲ့။ -
1:34 - 1:36(ဒ်) ဘိုးဗွား ရေးခဲ့သလိုပဲ
-
1:36 - 1:42လွတ်လပ်မှု ငြင်းပယ်ခံရမှာကို ငြင်းပယ်ရာ
မှာသာ စိတ်ဝင်စားတဲ့ လွတ်လပ်မှုတစ်ခု"တဲ့။ -
1:42 - 1:46ဒီဒဿနက ကျောင်းသားတွေကို မပြတ်သားမှုတွေ၊
ဝိရောဓိတွေ၊ အတွင်းရော၊ အပြင်ပါ ထုတ်လုပ်တဲ့ -
1:46 - 1:50ကျွန်ုပ်တို့ရဲ့ ဇောတွေကို ထိန်းကျောင်း
မောင်းနှင်ဖို့ စိန်ခေါ်လိုက်တယ်။ -
1:50 - 1:52(ဒ်)ဘိုးဗွားဟာ ကိုယ်ပိုင်ရည်ရွယ်ချက်ကို
ရှာတွေ့ဖို့ အားထုတ်စဉ် -
1:52 - 1:54သူ စတင် မေးခွန်းထုတ်ခဲ့တာက
-
1:54 - 1:57လူတိုင်းဟာ အဓိပ္ပာယ်ကို လွတ်လပ်စွာ
လိုက်စားထိုက်တယ်ဆိုရင် -
1:57 - 2:02ဘာကြောင့် သူဟာ လူ့အဖွဲ့အစည်းရဲ့
မိန်းမဘဝ စံနမူနာတွေနဲ့ ကန့်သတ်ခံရတာလဲ။ -
2:02 - 2:05လှိုင်လှိုင်ထွက်တဲ့ အရေး၊
သင်ကြားရေးနဲ့၊ လှုပ်ရှားမှုတွေရှိပေမဲ့ -
2:05 - 2:08(ဒ်) ဘိုးဗွားဟာ သူ့ရဲ့ သက်တူရွယ်တူတွေရဲ့
အရေးထားခံရဖို့ ရုန်းကန်ခဲ့ရတယ်။ -
2:08 - 2:12တက္ကသိုလ်တက်ဖို့၊ ကိုယ်ရေးမှတ်တမ်းတွေ၊
ဝတ္ထုနဲ့ ဒဿန ရေးသားဖို့ -
2:12 - 2:16ကတ်သလစ် ကြီးပြင်းလာရခြင်းနဲ့ အိမ်ထောင်
ရေး မျှော်လင့်ချက်တွေကို ပယ်ချခဲ့တယ်။ -
2:16 - 2:19ဒါပေမဲ့ ဒီဘဝဟန်ကို ကျင့်သုံးရင်း
သူ အရဲစွန့်နေတာတွေဟာ -
2:19 - 2:21လွတ်လပ်မှုတွေကို တရားသေ စွဲကိုင်ထားတဲ့
-
2:21 - 2:24အဆင့်တူ အမျိုးသားတွေဆီမှာ
ပျောက်ဆုံးခဲ့တယ်။ -
2:24 - 2:27သူတို့ဟာ (ဒ်) ဘိုးဗွားရဲ့ လက်ရာမှာ
ပညာပါတဲ့ စိတ်ဝင်စားမှုမရှိဘူး။ -
2:27 - 2:29သူ စူးစမ်းခဲ့တာက အတွင်းကျကျ ဘဝတွေနဲ့
-
2:29 - 2:33စာရေးဆရာရဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးနဲ့
နှစ်ဖက်ချွန်စိတ်ရောပါ။ -
2:33 - 2:35သူ့ရှုထောင့်အရေးပါမှုကို အသိပေးဖို့
-
2:35 - 2:39(ဒ်)ဘိုးဗွားဟာ သူ့ရဲ့စိန်ခေါ်မှုအဖြစ်ဆုံး
ဖြစ်နေသေးတဲ့ စာအုပ်ကို စရေးတယ်။ -
2:39 - 2:42ဖြစ်တည်မှု ပဓာနဝါဒရဲ့ အခြေခံ
အုတ်မြစ်တွေကို ဖန်တီးစဉ်မှာပဲ -
2:42 - 2:45သူဟာ လိင်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို
ပြန်လည် အနက်ဖွင့်ခဲ့တယ်။ -
2:45 - 2:51၁၉၄၉ မှာ "The Second Sex" ကို ထုတ်ဝေပြီး
ဘဝရဲ့ အဓိပ္ပာယ်၊ လိင်ဖြစ်မှုဟာ ကြိုတင် -
2:51 - 2:53ပြဌာန်းတာမဟုတ် ဆိုတာမျိုးကိုစောဒကတက်တယ်။
-
2:53 - 2:55"မိန်းမတွေ မွေးလာတာထက်
ဖြစ်လာတာ။" လို့ -
2:55 - 2:58(ဒ်) ဘိုးဗွား အထင်အရှား ရေးသားခဲ့သလိုပါ။
-
2:58 - 3:03မိန်းမတစ်ယောက် "ဖြစ်လာဖို့' မတူတာ
ဖြစ်လာဖို့လို့ သူစောဒကတက်ခဲ့တယ်။ -
3:03 - 3:06(ဒ်)ဘိုးဗွားဟာ "မတူခြင်း"ကို မိန်းမတွေကို
သမိုင်းအရ ယောကျာ်းတွေ အနက်ဖွင့်ခဲ့၊ -
3:06 - 3:11အနက်ဖွင့်ခံထားတာထက် ပိုနည်းတဲ့ တံဆိပ်
ကပ်တဲ့ လုပ်ငန်းစဉ်အဖြစ်အနက်ဖွင့်တယ် -
3:11 - 3:13စံ လူသား လက်အောက်ခံတွေပါ။
-
3:13 - 3:17မတူခြင်းအဖြစ် သူ စောဒကတက်တာက မိန်းမတွေဟာ
ယောက်ျားတွေအတွက်ဒုတိယလို့ ထင်မှတ်ခံရပြီး -
3:17 - 3:22ဒါကြောင့် လွပ်လပ်မှုနောက်လိုက်တာကို
စနစ်တကျ ကန့်သတ်ခံရတာပါ။ -
3:22 - 3:25"The Second Sex" ဟာ အမျိုးသမီး
ဖိနှိပ်မှုနဲ့ ပုံပြင်ဆန်တဲ့ ပြယုဂ် -
3:25 - 3:28တစ်ပုံတစ်ခေါင်းရဲ့ အသေးစိတ်
သမိုင်းတစ်ခုကို တင်ပြတဲ့ -
3:28 - 3:30ပဓာနကျတဲ့ အမျိုးသမီးဝါဒီ
ကျမ်းတစ်စောင်ဖြစ်လာတယ်။ -
3:30 - 3:33The Second Sex ရဲ့ ကိုယ်ရေးကိုယ်တာ
အတွေအကြုံနဲ့ဒဿနဆိုင်ရာ -
3:33 - 3:35စွက်ဖက်မှုရဲ့ ပေါင်းစပ်မှုဟာ
-
3:35 - 3:38အမျိုးသမီးဝါဒီ အယူအဆကို ဆွေးနွေးဖို့
ဘာသာစကား အသစ်တစ်ခု ပံ့ပိုးပေးတယ်။ -
3:38 - 3:43ယနေ့မှာ ဒီစကားဝိုင်းတွေကို တန်းတူညီ
မျှမှု ရှာဖွေမှုမှာ (ဒ်)ဘိုးဗွား ထပ်တလဲလဲ -
3:43 - 3:45တောင်းဆိုမှုက လက်တို့ပေးတယ်။
-
3:45 - 3:49ဒဿနိကနဲ့ ဘဝကြားမှာ သီးသန့်ခွဲမှုမရှိပါ'။
-
3:49 - 3:52တကယ်တမ်းက အခြေခံကျတဲ့ လက်ရာတစ်ခုလိုပဲ
-
3:52 - 3:55"The Second Sex" ထဲက အယူအဆတွေဟာ
ထုတ်ဝေကတည်းက ပြန့်ကျယ်လာခဲ့တာပါ။ -
3:55 - 3:59ခေတ်သစ် အတွေးအခေါ်ရှင်များစွာဟာ
(ဒ်)ဘိုးဗွား လက်မခံတဲ့ ခွဲခြားခံရတဲ့ -
3:59 - 4:01နောက်ထပ် နည်းလမ်းတွေကို
ရှာဖွေခဲ့ကြတယ်။ -
4:01 - 4:04ဒါတွေက လူမျိုးရေးနဲ့ စီးပွားရေးဆိုင်ရာ
လက္ခဏာတွေအပြင် -
4:04 - 4:09ယနေ့ နားလည်တဲ့ ပိုကျယ်ပြန့်တဲ့ လိင်ပိုင်း
နယ်ပယ်နဲ့ လိင်ဆိုင်ရာ လက္ခဏာတွေပါဝင်တယ်။ -
4:09 - 4:11(ဒ်)ဘိုးဗွား အမွေအနှစ်က
သူ့တက္ကသိုလ်ကျောင်းသား -
4:11 - 4:16နှစ်ယောက်ရဲ့ လိင်ဆိုင်ရာ မလျော်ကန်မှု
စွပ်စွဲချက်တွေကြောင့် ပိုရှုပ်သွားတယ်။ -
4:16 - 4:18ဒီစွပ်စွဲချက်တွေကို ရင်ဆိုင်ရာမှာ
-
4:18 - 4:22သူ့ရာထူးကို အလွဲသုံးစားပြမှုအတွက်
သူ့သင်ကြားရေးလိုင်စင်ကို အသိမ်းခိုင်းတယ်။ -
4:22 - 4:26ဒီရှုထောင့်နဲ့ အခြားဟာတွေမှာ (ဒ်)ဘိုးဗွား
ရဲ့ ဘဝဟာ အငြင်းပွားဖွယ်ဖြစ်ကျန်ခဲ့ပြီး -
4:26 - 4:31သူ့လက်ရာဟာ ခေတ်ဦး အမျိုးသမီးဝါဒ ပေါ်ထွန်း
မှုထဲက မရပ်မနား ကာလတစ်ခုကိုကိုယ်စားပြုတယ်။ -
4:31 - 4:35၁၉၈၆ သေလွန်ချိန်အထိ ဝတ္ထု၊ ဒဿနနဲ့
ကိုယ်ရေးမှတ်တမ်းတွေ ရေးသာရင်း -
4:35 - 4:40သူ့ရဲ့ ကျန်တဲ့ ဘဝတာမှာ
ဒီစကားဝိုင်းတွေမှာ သူ ပါဝင်ခဲ့တယ်။ -
4:40 - 4:43ယနေ့မှာ သူ့လက်ရာက ပြန်လည်
တွေးဆဖို့၊ ပြန်လည်သွားရောက်ဖို့နဲ့ -
4:43 - 4:46ပုန်ကန်ဖို့ ဒဿနဆိုင်ရာ ဘာသာစကား
တစ်ခုကို ပံ့ပိုးပေးတယ်။ -
4:46 - 4:50ဒီတော်လှန်တဲ့ အတွေးအခေါ်ရှင်က
လက်ခံနိုင်လောက်တဲ့ တုံ့ပြန်မှုတစ်ခုပေါ့။
- Title:
- ဆီမွန်(ဒ်)ဘိုးဗွား ဖွင့်ဆိုတဲ့ ဘဝ အဓိပ္ပာယ်။
- Speaker:
- Iseult Gillespi
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-meaning-of-life-according-to-simone-de-beauvoir-iseult-gillespie တွင် ကြည့်ပါ။
ဆီမွန်(ဒ်)ဘိုးဗွား ဟာ အသက် ၂၁ နှစ်မှာ ပြင်သစ်နိုင်ငံရဲ အလေးစားခံရဆုံး တက္ကသိုလ်မှာ ဒဿနိကဗေဒ စာမေးပွဲတွေကို ဖြေဆိုတဲ့ အသက်အငယ်ဆုံးသူ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ဒဿနိကဗေဒရဲ့ စည်းမျဉ်းတွေကို တစ်ဖက်ကမ်းခပ်တတ်မြောက်တာနဲ့ ဒါတွေကို ချိုးဖောက်ချင်လာခဲ့တယ်။ ရုပ်လောကကို အပြည့်အဝဆုံး စူးစမ်းဖို့ သူ့ရဲ့အာသီသက သူ့ဘဝကို ပုံဖော်ပေးခဲပြီး နောက်ဆုံးမှာတော့ နောက်ဆုံးမှာတော့ ဆန်းသစ်တဲ့ ဒဿနိကဗေဒ အသစ်တွေကို စေ့ဆော်ပေးခဲ့ပါတယ်။ Iseult Gillespie ကနေပြီး တော်လှန်တဲ့ အတွေးအခေါ်ပညာရှင်ရဲ့ ဘဝကို စူးစမ်းထားပါတယ်။
သင်ခန်းစာကို Iseult Gillespie က ပြုစုပြီး Sarah Saidan က ရိုက်ကူးထားပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:50
sann tint approved Burmese subtitles for The meaning of life according to Simone de Beauvoir | ||
Myo Aung accepted Burmese subtitles for The meaning of life according to Simone de Beauvoir | ||
Myo Aung edited Burmese subtitles for The meaning of life according to Simone de Beauvoir | ||
sann tint edited Burmese subtitles for The meaning of life according to Simone de Beauvoir | ||
sann tint edited Burmese subtitles for The meaning of life according to Simone de Beauvoir | ||
sann tint edited Burmese subtitles for The meaning of life according to Simone de Beauvoir | ||
sann tint edited Burmese subtitles for The meaning of life according to Simone de Beauvoir | ||
sann tint edited Burmese subtitles for The meaning of life according to Simone de Beauvoir |