Return to Video

ကာဗွန်ထုတ်လွှတ်မှု လျှော့ချပေးမယ့် ကွန်ကရစ် ထုတ်လုပ်ရေး နည်းပညာ

  • 0:01 - 0:06
    ကွန်ကရစ်ဟာ ရေပြီးရင် ဒုတိယ အသုံးအများဆုံး
    ပစ္စည်း ဖြစ်ပါတယ်။
  • 0:06 - 0:07
    အဲဒါကြောင့် ကွန်ကရစ်ဟာ
  • 0:07 - 0:10
    ပတ်ဝန်းကျင်အပေါ်မှာ သိသာထင်ရှားတဲ့
    အကျိုးသက်ရောက်မှုရှိပါတယ်။
  • 0:10 - 0:16
    ကွန်ကရစ်ရဲ့ ဓာတ်​ငွေ့ထုတ်လုပ်မှုက တရုတ်နဲ့
    အမေရိကန်ပြီးရင် တတိယနေရာမှာ ရှိပါလိမ့်မယ်။
  • 0:16 - 0:20
    တကယ်တော့ ကွန်ကရစ်ဟာ
    သံ၊ သံမဏီနဲ့ အုတ်ခဲ စတဲ့ ပစ္စည်းများထက်
  • 0:20 - 0:24
    ကာဗွန်နှင့် စွမ်းအင်ထုတ်လွှတ်မှု
    အများကြီးလျော့နည်းလို့
  • 0:24 - 0:29
    ပင်ကိုအားဖြင့် အကျိုးသက်ရောက်မှု
    နည်းတဲ့ ပစ္စည်းတစ်ခုပါ။
  • 0:29 - 0:33
    ဒါပေမဲ့ အဲဒါကို ကျွန်ုပ်တို့ စုစုပေါင်း
    သုံးစွဲကြတဲ့ ပမာဏက များလွန်းလို့
  • 0:33 - 0:38
    လူ့လက်ချက်ကြောင့် ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်
    အောက်ဆိုဒ်ရဲ့ ၈ ရာခိုင်နှုန်းလောက်ရှိတယ်။
  • 0:38 - 0:40
    ကွန်ကရစ်ဟာ မရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုပါ။
  • 0:40 - 0:42
    လူတွေနေဖို့ အိမ်ယာတွေ၊
  • 0:42 - 0:46
    လမ်း၊ တံတားနဲ့ ဆည်တွေ ဆောက်လုပ်ဖို့
    ကျွန်ုပ်တို့ဟာ ကွန်ကရစ် လိုအပ်ပါတယ်။
  • 0:46 - 0:48
    ဒါကြောင့် ကွန်ကရစ်မပါလို့ မရပေမဲ့
  • 0:48 - 0:52
    ကွန်ကရစ်နဲ့ ကာဗွန်ထုတ်လွှတ်မှုကို
    ကျွန်ုပ်တို့ သိသာစွာ လျှော့ချနိုင်ကြတယ်။
  • 0:52 - 0:54
    ကွန်ကရစ်ကို ဘိလပ်မြေနဲ ပြုလုပ်ရတာပါ။
  • 0:54 - 0:58
    ကျွန်ုပ်တို့ ဒီနေ့အသုံးပြုနေတဲ့
    ပေါ့ဒ်လန် ကွန်ကရစ်ကို
  • 0:58 - 1:03
    ထုံးကျောက်နဲ့ မြေစေးရောပြီး
  • 1:03 - 1:08
    အပူချိန် ၁၄၅၀ ဒီဂရီဆဲလ်စီးရပ်စ် အထိ
    အပူပေးပြီး လုပ်ယူရတာ ဖြစ်ပါတယ်။
  • 1:08 - 1:11
    တကယ်တမ်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်
    ဓာတ်ငွေ့ထုတ်လွှတ်မှု အများစုက
  • 1:11 - 1:13
    အပူပေးခြင်းမှ ထွက်ပေါ်လာတာ မဟုတ်ဘဲ
  • 1:13 - 1:17
    ကယ်စီယမ် ကာဗွန်နိုက်ဖြစ်တဲ့ ထုံးကျောက်ရဲ့
  • 1:17 - 1:21
    ကယ်စီယမ် အောက်ဆိုဒ်နှင့် ကာဗွန်ဒိုင်
    အောက်ဆိုဒ် အဖြစ် ပြိုကွဲမှုမှ ထွက်လာတာပါ။
  • 1:21 - 1:25
    ပစ္စည်းတွေကို ခိုင်မြဲစွာ ချိတ်ဆက်ရာတွင်
    ဘယ်အရာကမှ အဲဒီလို ထိရောက်မှု မရှိလို့
  • 1:25 - 1:29
    အဲဒီဒြပ်ပေါင်း မရှိရင်
    ကျွန်ုပ်တို့ ဘာမှ လုပ်မရနိုင်ပါဘူး။
  • 1:29 - 1:32
    ဒါပေမဲ့ ကွန်ကရစ်ရဲ့ ပမာဏ အများပြားကို
    ကာဗွန်ထုတ်လွှတ်မှု နည်းတဲ့
  • 1:32 - 1:36
    အခြားပစ္စည်းတွေနဲ့ ကျွန်ုပ်တို့
    အစားထိုးလို့ ရနိုင်ပါတယ်။
  • 1:36 - 1:39
    လုပ်ဖော်ကိုင်ဖက် တော်တော်များကလည်း
    အ‌ဖြေကို ရှာကြံနေကြပါတယ်။
  • 1:39 - 1:41
    ဒီ ဆွစ်ဇာလန် နိုင်ငံမှာ
    ကျွန်ုပ်တို့တွေ့ရတာက
  • 1:41 - 1:45
    ကွန်ကရစ် ထုတ်လုပ်ဖို့ လိုအပ်တဲ့ အပူချိန်
    ၁၄၅၀ ဒီဂရီဆဲလ်စီးရပ်စ်ထက် သိသိသာသာနည်းတဲ့
  • 1:45 - 1:47
    ဒီဂရီ ၈၀၀ အထိ မြေစေးကို အပူပေးရင်
  • 1:47 - 1:50
    ဓာတ်ပြုရာတွင် သိပ်အားကောင်းတဲ့
  • 1:50 - 1:55
    ပစ္စည်းတွေ ထွက်ပေါ်လာတာကိုပါ။
  • 1:55 - 1:59
    ဒါပေမဲ့ အရေးကြီးဆုံး အချက်က
    ထုံးကျောက် ဓာတ်ပြိုကွဲမှုမှနေပြီး
  • 1:59 - 2:02
    ကာဗွန်ဒိုင်အောက်ဆိုဒ်
    ထုတ်လွှတ်မှု မရှိခြင်းပါပဲ။
  • 2:02 - 2:05
    ဒီလို အပူပေးထားတဲ့ မြေစေးကိုယူမယ်၊
  • 2:05 - 2:07
    ပြီးတော့ ထုံးကျောက်အနည်းငယ်ထည့်မယ်၊
  • 2:07 - 2:11
    ဒါပေမဲ့ အခု အပူပေးဖို့ မလိုဘူးဆိုတော့
    ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်မလာလို့
  • 2:11 - 2:12
    ကွန်ကရစ် တစ်မျိုး ဖြစ်တဲ့
  • 2:12 - 2:19
    ထုံးကျောက်၊ အပူပေးထားတဲ့ မြေစေး
    နဲ့ ကွန်ကရိ ရောစပ်မှုကို LC3 လို့ခေါ်တယ်။
  • 2:20 - 2:22
    အဲဒီ LC3 ရဲ့ ဂုဏ်သတ္တိတွေဟာလည်း
  • 2:22 - 2:26
    ပေါ့ဒ်လန် ကွန်ကရစ်နဲ့ အတူတူပါပဲ။
  • 2:26 - 2:30
    အဲဒါကို ထုတ်လုပ်ဖို့ သုံးနေကျ
    ပစ္စည်းကိရိယာတွေကိုပဲ အသုံးပြုနိုင်ပြီး
  • 2:30 - 2:32
    လုပ်ရိုးလုပ်စဉ်ကလည်း တူပေမဲ့၊
  • 2:32 - 2:36
    ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု
    ကျတော့ ၄၀ ရာခိုင်နှုန်းအထိ နည်းပါတယ်။
  • 2:36 - 2:42
    ဒါကို အိန္ဒိယနိုင်ငံ Jhansi အနီးက
    အိမ်ယာမှာ စမ်းသပ် လုပ်ဆောင် ပြသခဲ့ပါတယ်။
  • 2:42 - 2:46
    သုံးနေကျ ပစ္စည်းတွေနဲ့စာရင် ကာဗွန်ဒိုင်
    အောက်ဆိုဒ် တန်ချိန် ၁၅ တန်ကျော်ကို
  • 2:46 - 2:50
    ချွေတာနိုင်ခဲ့ရာ၊ ရာခိုင်နှုန်းအားဖြင့်
    ၃၀ မှ ၄၀ အထိတောင်ပါ။
  • 2:51 - 2:54
    ဒါဆို ဘာလို့ လူတိုင်းကLC3 ကို
    မသုံးစွဲကြသေးတာလဲ။
  • 2:55 - 2:57
    ကွန်ကရစ်ဆိုတာက ဒေသထွက်ပစ္စည်း တစ်ခုပါ။
  • 2:57 - 3:01
    ပေါ့ဒ်လန် ကွန်ကရစ်ကို နေရာတိုင်းမှာ
    အသုံးပြုနေကြတာက
  • 3:01 - 3:05
    ကမ္ဘာပေါ်မှာ အပေါများဆုံး ပစ္စည်းတွေမှ
    ထုတ်လုပ်နိုင်လို့ပါ။
  • 3:05 - 3:07
    ဒါကို အိန္ဒိယမှာလည်း ထုတ်လုပ်နိုင်တယ်၊
  • 3:07 - 3:12
    အမေရိကန် ပြည်ထောင်စု၊ အီသီယိုးပီးယား၊
    ဘယ်နိုင်ငံမှာမဆို ထုတ်လုပ်နိုင်တယ်လေ။
  • 3:12 - 3:15
    ဒီတော့ LC3 ကို ထုတ်လုပ်ဖို့
    အကောင်းဆုံးဖြစ်မယ့်
  • 3:15 - 3:19
    ပေါင်းစပ်နည်းတွေကို ရှာကြံနိုင်ဖို့ ဒေသခံ
    လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရပါမယ်။
  • 3:20 - 3:25
    စကေးအပြည့် စမ်းသပ်မှုတွေကို ကျွန်ုပ်တို့
    အိန္ဒိယနဲ့ ကျုဘားမှာ လုပ်ပြီးပါပြီ။
  • 3:25 - 3:28
    လွန်ခဲ့တဲ့လအနည်းက ဒီနည်းပညာကို
    အခြေခံထားတဲ့ ထုတ်ကုန်တစ်မျိုးကို
  • 3:28 - 3:30
    Colombia မှာ စပြီး ရောင်းချနေပြီး
  • 3:30 - 3:32
    Ivory Coast မှာ ဆိုရင်လည်း
  • 3:32 - 3:36
    အပူတိုက်မြေစေးတွေ ထုတ်လုပ်ပေးမဲ့
    စက်ရုံကြီးတစ်ရုံကို ခွင့်ပြုလိုက်ပါပြီ။
  • 3:36 - 3:39
    ကမ္ဘာပေါ်က ကွန်ကရစ်ထုတ်လုပ်ရေး
    ကုမ္ပဏီကြီးတွေ တော်တော်များများကလည်း
  • 3:39 - 3:43
    သူတို့၀စက်ရုံအချို့မှာ ဒီနည်းပညာကို
    အသုံးပြုဖို့ စီမံ လုပ်ဆောင်နေကြတယ်။
  • 3:43 - 3:47
    ဒီတော့ ပေါ့ဒ်လန် ကွန်ကရစ်ကို
  • 3:47 - 3:49
    တခြား ပစ္စည်းတစ်မျိုးဖြင့်
    အစားထိုးသုံးကြရင်၊
  • 3:49 - 3:54
    တူညီတဲ့ဂုဏ်သတ္တိရှိပြီး
    လုပ်ရိုးလုပ်စဉ်တွေလည်း တူမယ်၊
  • 3:54 - 3:56
    ပြီးတော့ ထုတ်လုပ်ပုံလည်း တူပြီး
  • 3:56 - 3:58
    ကာဗွန်ထုတ်လွှတ်မှုအရ
    များစွာမှ နည်းမယ် ဆိုရင်၊
  • 3:58 - 4:02
    အဲဒါကို ကြီးမားတဲ့ စကေးဖြင့်
    မြန်ဆန်စွာ ပြုလုပ်ရနိုင်မှာမို့လို့
  • 4:02 - 4:07
    ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင် တိုက်ပွဲ
    ဝင်ရာမှာ သိပ်ကို အရေးပါမှာ ဖြစ်တဲ့အပြင်
  • 4:07 - 4:10
    နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်
    ထုတ်လွှတ်မှုကို တန်ချိန် သန်း ၄၀၀ ကျော်
  • 4:10 - 4:14
    လျှော့ချနိုင်ခြေ ပေါ်ထွန်းလာမှာပါ။
  • 4:14 - 4:18
    ဒီတော့ ကွန်ကရစ်မပါဘဲနဲ့
    ကျွန်ုပ်တို့ ဘာမှ လုပ်မရနိုင်တာ မှန်ပေမဲ့
  • 4:18 - 4:22
    ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာ
    နည်းအောင် ထုတ်လုပ်နိုင်ကြမှာပါ။
  • 4:23 - 4:24
    ကျေးဇူးတင်ပါတယ်။
Title:
ကာဗွန်ထုတ်လွှတ်မှု လျှော့ချပေးမယ့် ကွန်ကရစ် ထုတ်လုပ်ရေး နည်းပညာ
Speaker:
Karen Scrivener
Description:

ကွန်ကရစ်ဟာ ကမ္ဘာပေါ်တွင် ရေပြီးလျှင် ဒုတိယအသုံးအများဆုံး ပစ္စည်းပါ။ ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှုရဲ့ ၈ ရာခိုင်နှုန်းဟာ ကွန်ကရစ်မှ လာတာပါ။ ကွန်ကရစ်အကြောင်း သုတေသနပြုသူ Karen Scrivener က ဒီမရှိမဖြစ် အရေးပါတဲ့ ဆောက်လုပ်‌ရေးပစ္စည်းမှ ကာဗွန်ထုတ်လွှတ်မှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ့် LC3 လို့ခေါ်တဲ့ ကွန်ကရစ် အသစ်တစ်မျိုးဆိုင်ရာ သုတေသနအကြောင်းကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
04:26

Burmese subtitles

Revisions