Return to Video

သင်သိထားသင့်တဲ့ e-cigarette တွေ နဲ့ vaping အကြောင်း

  • 0:01 - 0:03
    ’’အရင်ကထက် ပိုအဆင်ပြေလာတယ် မဟုတ်လား’’
  • 0:03 - 0:06
    ဒီစကားက ငယ်ရွယ်တဲ့ မိဘတွေဆီကနေ
    ကျွန်မ အမြဲကြားနေရတဲ့ စကားပါ
  • 0:06 - 0:09
    ခုမှ ကိုယ့်ကလေးတွေကို စပြီးစိတ်ပူ
    ရတော့မယ်သူတွေပေါ့။
  • 0:09 - 0:12
    မဟုတ်ပါဘူးလို့ ကျွန်မ
    သူတို့ကို ပြန်ငြင်းတယ်။
  • 0:12 - 0:13
    အခု အရင်ကနဲ့မတူတာ ဟုတ်ပေမဲ့၊
  • 0:13 - 0:16
    မိဘဖြစ်လာရင်တော့ စိတ်ပူပန်စရာ
    တစ်ခုခု အမြဲတမ်းရှိပါတယ်။
  • 0:16 - 0:20
    ကျွန်မအိပ်ယာထဲ နိုးတစ်ဝက်နဲ့ လှဲနေရင်း
    ငယ်ငယ်တုန်းက ပန်းနာရောဂါ ရှိနေခဲ့တဲ့
  • 0:20 - 0:22
    ကျွန်မသား အသက်ရှူသံကို နားထောင်နေခဲ့တာ
  • 0:22 - 0:24
    ကျွန်မ အခုထက်ထိကို မှတ်မိနေလျက်ပါ။
  • 0:24 - 0:26
    အဲဒီနောက် သူဆယ်ကျော်သက် အရွယ်ရောက်တော့
  • 0:26 - 0:28
    ကျွန်မ အိမ်ရှေ့တံခါးဖွင့်သံ မကြားမချင်း
  • 0:28 - 0:31
    သူဟာ အိမ်မှာ
    လုံခြုံစွာရှိနေတာ ကျွန်မသိခဲ့တယ်။
  • 0:31 - 0:34
    ကျွန်မတို့ ကလေးတွေကို စိုးရိမ်တာက
    နယ်မြေအလိုက် ရှိတတ်ရှိပါတယ်။
  • 0:34 - 0:38
    အခုတော့၊ အဲဒီလို စိုးရိမ်မှုတွေဟာ
    သာမန်ကိစ္စလေးတွေနဲ့ ဆိုင်ပါတယ်၊
  • 0:38 - 0:41
    သူတို့ဘာစားတယ်၊ ဘယ်သွားတယ်၊ ဘယ်သူတွေနဲ့
    ပေါင်းသင်းနေလဲ ဆိုတာမျိုးတွေပေါ့။
  • 0:41 - 0:45
    ဒါပေမဲ့ ကလေးတွေရဲ့ အပြုအမူသစ်တွေ၊ နေထိုင်
    ပုံတွေကိုလည်း ကျွန်မတို့ သတိထားရပါမယ်။
  • 0:46 - 0:51
    အခု ရေပန်းစားနေတဲ့ဟာက ကျန်းမာရေး
    နဲ့ပတ်သက်နေတယ်လို့
  • 0:51 - 0:53
    လူတိုင်း သတိမထားမိကြသေးပါဘူး၊
  • 0:53 - 0:56
    အဲဒါက ပုံစံသစ် ဆေးလိပ်သောက်နည်းတစ်မျိုးပါ၊
  • 0:56 - 0:58
    ချိုတဲ့အရသာရှိတဲ့ e-cigarettes
    အရည်တွေကို
  • 0:58 - 1:02
    အငွေ့ပြန်ထုတ်ပေးတာကို
    ရှူနေကြတာဖြစ်ပါတယ်။
  • 1:03 - 1:06
    အားလုံးက e-cigarettes (သို့)
    vapes လို့ခေါ်တဲ့ ကိရိယာတွေက
  • 1:06 - 1:08
    ချိုချဉ်တွေရဲ့နေရာကို ယူလာနေကြပါပြီ။
  • 1:08 - 1:11
    ဒီနှစ်ထဲမှာ e-cigarettes တွေကို
    ကမ္ဘာ့ဈေးကွက်ထဲမှာ
  • 1:11 - 1:14
    ၂၆ ဘီလီယံ လောက် တစ်ကမ္ဘာလုံးမှာ
    ရောင်းဖို့ မျှော်လင့်ထားကြပါတယ်။
  • 1:15 - 1:16
    နောက်လာမယ့် ၆ နှစ်ကျလို့ရှိရင်၊
  • 1:16 - 1:18
    ပမာဏဟာ နှစ်ဆတက်လာမယ်လို့
    ခန့်မှန်းကြပါတယ်။
  • 1:20 - 1:23
    vaping လုပ်လို့ဖြစ်လာမယ့် ကျန်းမာရေး
    အကျိုးဆက်တွေများကြပြီး၊
  • 1:23 - 1:26
    ကံဆိုးတာက လုံလောက်တဲ့
    အဖြေတွေ မရှိသေးခြင်းပါပဲ။
  • 1:27 - 1:31
    e-cigarettes သုံးစွဲသူတွေအကြောင်း
    စဉ်းစားမိရင် ပိုတောင်စိုးရိမ်စရာပါ။
  • 1:31 - 1:34
    US တစ်နိုင်ငံတည်းမှာတောင် e-cigarette
    သုံးစွဲမှုနှုန်းဟာ
  • 1:34 - 1:38
    လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားမှာ
    အလျင်အမြန် တိုးလာနေတယ်၊
  • 1:38 - 1:39
    ကျွန်မတို့ ကလေးတွေ၊
  • 1:39 - 1:41
    ကျွန်မတို့ရဲ့ အထိခိုက်လွယ်ဆုံး
    လူဦးရေတွေပါ။
  • 1:42 - 1:46
    ၂၀၁၂ နဲ့ ၂၀၁၅ နှစ်တွေအကြားမှာ e-cigarette
  • 1:46 - 1:49
    သုံးစွဲတဲ့လူငယ်တွေ ၉၀ဝ% တိုးလာခဲ့တယ်။
  • 1:49 - 1:52
    လတ်တလော ခန့်မှန်းချက်အရ
  • 1:52 - 1:56
    US နိုင်ငံထဲက ၃.၆ သန်းနီးပါးရှိတဲ့
    အထက်တန်းနဲ့အလယ်တန်း
  • 1:56 - 1:58
    ကျောင်းသားတွေဟာ e-cigarette ကို
    သုံးစွဲခဲ့ဖူးကြတယ်။
  • 1:59 - 2:02
    တကယ်တော့၊ သန့်စင်ထားတဲ့ နီကိုတင်းပါတဲ့
    e-cigarette တွေက ဆေးလိပ်သောက်သူတွေ
  • 2:03 - 2:05
    ဆေးလိပ်ဖြတ်ဖို့အတွက်
    ဆေးလိပ်အစား သုံးစွဲဖို့
  • 2:05 - 2:07
    ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
  • 2:08 - 2:11
    အမေရိကားမှာ ဒီပစ္စည်းတွေက
    ဆေးရွက်ကြီးထုတ်ကုန်
  • 2:11 - 2:13
    အဖြစ်နဲ့ FDA ရဲ့ကြီးကြပ်မှုနဲ့
    ထုတ်လုပ်တာပါ။
  • 2:13 - 2:16
    ဒါပေမဲ့ အလျင်အမြန်တိုးတက်လာနေတဲ့
    ဒီပစ္စည်းရဲ့ဈေးကွက်ကို
  • 2:16 - 2:19
    သိပ္ပံပညာဟာ
    ထိန်းချူပ်နိုင်ဖို့ လိုက်မမီနိုင်လို့၊
  • 2:19 - 2:23
    ဒီကိရိယာတွေမှာပါတဲ့ အရည် (e-liquid) နဲ့
    အခြားပါဝင်ပစ္စည်းတွေ ဆိုင်ရာ
  • 2:23 - 2:25
    စည်းကမ်းချက်တွေဟာ လိုက်မမှီနိုင်ဘူး။
  • 2:26 - 2:29
    လက်ရှိ ဥပဒေက အသက် ၁၈ နှစ်အောက်
    ဘယ်သူကိုမဆို
  • 2:29 - 2:32
    ဒီပစ္စည်းတွေ မရောင်းပေးဖို့
    တားမြစ်ထားပါတယ်။
  • 2:32 - 2:35
    ဒါပေမဲ့ ဆယ်ကျော်သက်တွေ အနေနဲ့
    ဒီပစ္စည်းအား သုံးစွဲမှုအပေါ်
  • 2:35 - 2:38
    အကျိုးသက်ရောက်မှူ သိပ်ရှိပုံမရပါဘူး။
  • 2:38 - 2:42
    ကျွန်မ e-cigarette ကို
    ပထမဆုံးအကြိမ် မြင်လိုက်ရချိန်မှာ
  • 2:42 - 2:45
    ဆယ်ကျော်သက်တွေ အကြိုက်ဖြစ်မယ်လို့
    ချက်ချင်း နားလည်လိုက်တယ်။
  • 2:45 - 2:48
    ဒီကိရိယာတွေကနည်းပညာပါတဲ့
    အချောင်းပုံစံလေးပဲ၊
  • 2:48 - 2:51
    စမတ်ဖုန်းကြိုက်တဲ့ မျိုးဆက်သစ်
    တွေအတွက် ကွက်တိပဲပေါ့။
  • 2:51 - 2:57
    သေးတယ်၊ အားသွင်းနိုင်တယ်၊
    သုံးရလွယ်ပြီးတော့ မွှေးတယ်လေ။
  • 2:57 - 3:01
    တစ်ချို့ဆို ကိုယ့်ဖုန်းနဲ့ ချိန်ဆက်ထားပြီး
    ဘယ်လောက်ရှူပြီးကြောင်း ကြည့်နိုင်တယ်။
  • 3:01 - 3:04
    ကျွန်မတောင် ဒီလိုစမတ်ကျတဲ့
    ဒီပစ္စည်းတွေကို စိတ်ဝင်စားခဲ့သေးတယ်။
  • 3:05 - 3:10
    ဆယ်ကျော်သက်နဲ့လူကြီးတွေရဲ့ စွဲလမ်းမှုကို
    ကျွန်မက သုတေသနအများကြီးလုပ်ခဲ့လို့
  • 3:10 - 3:15
    ဒီပစ္စည်းတွေက လူငယ်တွေရဲ့အကြိုက်ဖြစ်မှာကို
    ကျွန်မ ချက်ချင်းနားလည်လိုက်တယ်။
  • 3:17 - 3:20
    လူငယ်တွေက တဇွတ်ထိုးလုပ်တတ်ကြပြီး
    ပစ္စည်းသစ်တွေကို စမ်းသပ်ရတာ ကြိုက်ကြတယ်လေ။
  • 3:21 - 3:24
    သူတို့ဟာ လွတ်လပ်မှုကို ရှာယူလိုကြပြီး
    ကိုယ်ပိုင် ပစ္စည်းတွေရှိတာကို ကြိုက်ကြတယ်။
  • 3:25 - 3:28
    e-cigarettes တွေက ဒီအချက်တွေနဲ့
    ကွက်တိဖြစ်နေတယ်၊
  • 3:28 - 3:31
    သူတို့ဟာ ဆန်းသစ်တဲ့နည်းဖြင့်
    အငွေ့ရှူရခြင်းကို
  • 3:32 - 3:34
    ကိုယ်ပိုင် အတွေ့အကြုံအဖြစ်
    ခံယူနိုင်ကြတာကိုး။
  • 3:34 - 3:38
    အနံ့အရသာပေါင်း ၁၅၀ဝ၀ လောက်ကို
    ရွေးချယ်နိုင်ပြီးတော့
  • 3:38 - 3:41
    နီကိုတင်းပါဝင်မှု နှူန်းကိုလည်း
    ရွေးချယ်နိုင်ပါသေးတယ်။
  • 3:41 - 3:45
    သူတို့ဟာ သူတို့ကိုယ်ပိုင် နီကိုတင်း
    အနံ့အရသာကို ပေါင်းစပ်ပြီး ရှူနိုင်ကြတယ်။
  • 3:45 - 3:50
    ကိုယ်က အငွေ့ဘယ်လောက်
    ထွက်စေချင်လဲ ဆိုတာကို
  • 3:50 - 3:53
    အဲဒီမှာပါတဲ့ ပစ္စည်းတွေ၊ ရှူသွင်းမှု ပမာဏ၊
  • 3:53 - 3:56
    အဲ့ဒီပစ္စည်းရဲ့ အပူချိန်တွေကို
    စိတ်ကြိုက် ဖန်တီးယူလို့ရပါတယ်။
  • 3:56 - 4:00
    ဒီကိရိယာတွေနဲ့ "cloud chasing"
    ကို ပြုလုပ်လို့ရပါတယ်။
  • 4:00 - 4:03
    အငွေ့ရှူမှု လှည့်ကွက်များ ဒါမှမဟုတ်
    ဆေးလိပ်ရှူမှု လှည့်ကွက်များလို့
  • 4:03 - 4:04
    ခေါ်ကြသေးတဲ့
  • 4:04 - 4:09
    "cloud chasing" ထဲတွင် အငွေ့များဖြင့်
    ထူးဆန်းတဲ့ ပုံများကို ထုတ်လုပ်ကြတယ်။
  • 4:09 - 4:11
    နာမည်၊ အကွင်းပုံတွေ၊ နဂါးပုံတွေ သရဲပုံတွေ
    စသဖြင့်ပေါ့။
  • 4:11 - 4:15
    အဲသလို 'cloud chasing'
    ပြိုင်ပွဲတွေတောင်ရှိတယ်။
  • 4:15 - 4:18
    အဆန်းသစ်ဆုံး ပုံစံကို
    လုပ်ပြနိုင်သူကို ဆုချပေးပါတယ်။
  • 4:20 - 4:24
    ကလေးတွေက အငွေ့ရဲ့ပြင်းအားနဲ့ အာခေါင်အား
    ရိုက်ခတ်မှုအားကို
  • 4:24 - 4:27
    အe-liquid ကို ပိုမြင့်တဲ့ အပူချိန်မှာ
    အငွေ့ပျံစေခြင်းဖြင့် ဒါမှမဟုတ်
  • 4:27 - 4:31
    e-liquid ကို ပူပြင်းနေတဲ့ အကွင်းပေါ်သို့
    အစက်ချပေးခြင်းဖြင့် လုပ်ပေးနိုင်ကြတယ်။
  • 4:31 - 4:34
    အဲဒီကိရိယာထဲမှာ ဆေးခြောက်ထည့်ပြီး
    ရှူဖို့လည်း သုံးနိုင်တယ်။
  • 4:35 - 4:37
    အဲဒီကိရိယာတွေ
    သုံးကြတဲ့ အပူချိန်က နိမ့်နေပြီး
  • 4:37 - 4:40
    အထဲကဆေးခြောက်ဟာ
    လောင်ကျွမ်း သွားတာမျိုးမရှိလို့၊
  • 4:40 - 4:43
    ဆေးခြောက်နံ့ ခံမရစေဘဲ
    လူငယ်တွေကဆေးခြောက်ကို
  • 4:43 - 4:45
    သိုသိပ်စွာ ဘယ်သူမှမသိအောင် သုံးနိုင်ပါတယ်။
  • 4:45 - 4:49
    ဆိုတော့ ဒီကိရိယာတွေနဲ့ သူတို့ဟာ စိတ်ကြိုက်
    စမ်းသပ် လုပ်ကိုင်နိုင်ကြလို့၊
  • 4:49 - 4:53
    ဒီကိရိယာတွေ လူငယ်တွေကြားမှာ အံ့ဖွယ်
    ရေပန်းစားနေတာကို ရှင်းပြရနိုင်ပါတယ်။
  • 4:55 - 4:58
    E-cigarette တွေက
    နည်းပညာအရ ရိုးရှင်းတဲ့ ကိရိယာပါ။
  • 4:58 - 5:04
    e-liquid ထည့်ရန် နေရာရှိမယ်၊ ဒါက
    ဗူးပုံစံ၊ အိုးပုံစံ စသဖြင့်ရှိနိုင်တယ်။
  • 5:04 - 5:09
    e-liquid ကို အငွေ့ပျံစေတဲ့ အကွင်းလေးကို
    ပူလာစေတဲ့ ဘက်ထရီပါရမယ်။
  • 5:09 - 5:10
    ပါးစပ်နဲ့စုပ်ဖို့ စုပ်တံ ပါရမယ်၊
  • 5:10 - 5:13
    သုံးစွဲသူဟာ စုပ်တံမှ တစ်ဆင့်
    e-cigarette ကို ရှူကြတာပါ။
  • 5:14 - 5:20
    ၂၀၁၇ ခုနှစ်မှာ ဈေးကွက်ထဲတွင် e-cigarette
    စုစုပေါင်း ၄၆၆ မျိုး ရှိခဲ့တယ်။
  • 5:21 - 5:25
    အဲပမာဏထဲတွင် 'cigalikes' ခေါ် ကိရိယာများ
    စတင်လျက်
  • 5:25 - 5:29
    ဘောပင်ပုံစံ တိုင်ကီ စနစ်တွေအဆုံး
    ပါဝင်ပါတယ်။
  • 5:29 - 5:33
    ပြီးတော့ 'mods' ခေါ် အဲ့ကိရိယာတွေကို
    အဆင့်မြှင့်ထားတဲ့ ကိရိယာတွေ ရှိသေးတယ်။
  • 5:33 - 5:35
    'mods' တွေဟာ စီးကရက်နဲ့
    လုံးဝမတူပါဘူး၊
  • 5:35 - 5:38
    ၎င်းတို့ရဲ့ ပုံစံဟာဖြင့် မျိုးစုံပြီး
    အရွယ်အစား အစုံပါပဲ၊
  • 5:38 - 5:42
    ချိတ်တွဲသုံးစရာ အမျိုးမျိုး ပါပြီး
    သုံးစွဲသူက စိတ်ကြိုက် ညှိနှိုင်းနိုင်တယ်။
  • 5:42 - 5:45
    ၎င်းတို့ဟာ 'cloud chasing' အတွက်
    သိပ်ကို နာမည်ကြီးကြတယ်။
  • 5:45 - 5:47
    ဈေးကွက်ထဲကို လတ်တလောဝင်လာတဲ့
  • 5:47 - 5:49
    ပစ္စည်းက pod ကိရိယာတွေကျတော့
  • 5:49 - 5:51
    e-liquid ကို pod ထဲ ထည့်ထားတယ်။
  • 5:51 - 5:54
    အဲဒါတွေဟာ လူငယ်တွေကြားမှာ
    သိပ်ကို ရေးပန်းစားနေပါတယ်။
  • 5:54 - 5:56
    အဲဒါရဲ့ ဥပမာ တစ်ခုက Juul ပါ၊
  • 5:56 - 5:59
    အဲဒါက USB နဲ့တူရုံတင်မဟုတ်ဘူး
  • 5:59 - 6:02
    USB အပေါက်ထဲ ထည့်ပြီး
    အားသွင်းလို့လည်းရသေးတယ်။
  • 6:03 - 6:06
    ဆယ်ကျော်သက်အများစုက ဒါကို
    e-cigarettes လို့တောင်မထင်ကြဘဲ
  • 6:06 - 6:10
    အငွေ့ရှူမှု vaping အစား juuling
    ဆိုပြီး သုံးနှုန်းနေကြတယ်။
  • 6:10 - 6:15
    အဲဒီကိရိယာ တော်တော်များများဆို
    အနံ့မပြင်းတဲ့အပြင် အငွေ့ထွက်မှု နည်းလို့
  • 6:15 - 6:17
    ဆယ်ကျော်သက်တွေက
    စာသင်ခန်းထဲမှာတောင်သုံးနေကြပြီး
  • 6:17 - 6:20
    သူတို့ရဲ့ ဘောပင်တွေ၊ အဝတ်အစားနဲ့
  • 6:20 - 6:22
    စာအုပ်တွေထဲမှာ ဝှက်ထားနိုင်ကြတယ်။
  • 6:22 - 6:25
    ဆယ်ကျော်သက် အများအပြားတို့က
    ဒီကိရိယာတွေဟာ ရေငွေ့ကို ထုတ်ပေးတာဘဲ၊
  • 6:25 - 6:27
    သုံးရတာ ဘေးကင်းတယ်လို့ ထင်မြင်ကြတယ်လေ။
  • 6:27 - 6:30
    ဒါပေမဲ့ အဲ့ဒါဟာ အမှန်တရားမဟုတ်နိုင်ပါဘူး။
  • 6:30 - 6:32
    ထုတ်လုပ်ပေးတဲ့အရာက ရေငွေ့
    မဟုတ်ရုံတင် မကသေးဘဲ၊
  • 6:33 - 6:34
    aerosol ခေါ် ဓာတုဆေးပါ၊
  • 6:34 - 6:37
    ခြားနားချက်ဟာ သိပ်ကို သိသာထင်ရှား
    လှတာကို ကျွန်မ ပြောပြပါရစေ။
  • 6:37 - 6:42
    Aerosol ထဲမှာ အရည်နဲ့ ဂက်စ်တွေရဲ့
    နူးညံ့လှတဲ့ အမှုန်တွေ ပါဝင်ကြပြီး
  • 6:42 - 6:45
    အဲဒါတွေကို e-liquid ထဲ ပါရှိတဲ့
    အရာမှနေပြီး ဖန်တီးပေးပါတယ်။
  • 6:45 - 6:49
    ဒါကြောင့် aerosol ထဲမှာ e-liquid
    ထဲတွင် ပျော်ဝင်နေကြတဲ့
  • 6:49 - 6:51
    propylene glycol နဲ့
    ဂလစ်ဆရင် တွေ ပါဝင်ကြတယ်။
  • 6:51 - 6:54
    အဲဒီဓာတုပစ္စည်းတွေက စားသုံးရန်
    ဘေးကင်းတယ်လို့ ယူဆရလို့
  • 6:54 - 6:57
    ကျွန်မတို့စားတဲ့ ထုတ်ကုန်များထဲမှာ
    သုံးရနိုင်ပေမဲ့၊
  • 6:57 - 7:02
    ၎င်းတို့ကို ရေရှည် ရှူသွင်းမှု ဘေးကင်း
    သလားကို ကျွန်မတို့ သိထားတာ နည်းလှပါတယ်။
  • 7:03 - 7:05
    e-liquid တွေထဲတွင် အရက်လည်းပါဝင်နိုင်ပြီး၊
  • 7:05 - 7:07
    တစ်ခါတစ်ရံ ပါဝင်မှုအဆင့်မြင့်တော့၊
  • 7:07 - 7:11
    အရက်ကို ရှူသွင်းခြင်းက ဦးနှောက်ကို
    အဆိပ်သင့်စေနိုင်ကြောင်း သိကြပါတယ်။
  • 7:12 - 7:16
    ကျွန်မ စောစောကပြောခဲ့သလိုပဲ e-liquid
    တွေထဲမှာ အနံ့အရသာ ၁၅၀ဝ၀ ကျော်ပါဝင်တယ်။
  • 7:16 - 7:18
    ဥပမာတစ်ချို့ ဖေါ်ပြပေးရရင်၊
  • 7:18 - 7:23
    တစ်ချို့က မှတ်ရလွယ်ပြီး ရင်းနှီးဖွယ်
    Skittles နဲ့ Fruit Loops အမည်ဖြစ်လျက်၊
  • 7:23 - 7:28
    တစ်ချို့အမည်တွေက ပိုပြီးထူးခြားပါတယ်
    Dragon's milk တို့၊ Tiger's Blood တို့၊
  • 7:28 - 7:29
    Unicorn Puke တို့လိုပေါ့။
  • 7:30 - 7:34
    အဲဒီ e-liquid ဒါမှမဟုတ် aerosol ထဲမှာ
    ခရိုမီယံ၊ ကက်ဒ်မီယံ နဲ့ ခဲဓာတ်တို့လို
  • 7:34 - 7:36
    သတ္တုအမှုန်အစတွေလည်း ပါနိုင်ပါတယ်။
  • 7:37 - 7:40
    ဒါတွေကို ကိရိယာများထဲရှိ အပူပေးတဲ့
    အကွင်းမှ ထုတ်လွှတ်ပေးခြင်း ဖြစ်ပြီး၊
  • 7:40 - 7:43
    ကျွန်မတို့ရဲ့ အရေးပါတဲ့ ခန္ဓာအစိတ်အပိုင်း
    တွေကို အဆိပ်ဖြစ်စေကြောင်း သိရတယ်။
  • 7:44 - 7:47
    ဆိုတော့ ကျွန်မ ရှင်းသွားအောင်
    ထောက်ပြလိုတာက-
  • 7:47 - 7:50
    အဲဒီကနေ ထုတ်လွှတ်ပေးလိုက်တဲ့ဟာက
    ရေငွေ့လုံး ဝမဟုတ်တာ သေချာပါတယ်။
  • 7:52 - 7:55
    e-cigarettes မှတဆင့် ကလေးတွေရဲ့ ဦးနှောက်ထဲ
    နီကိုတင်း ဝင်ရောက်လာမှုဟာ
  • 7:55 - 7:57
    အင်မတန်မှ စိုးရိမ်စရာကောင်းပါတယ်
  • 7:57 - 8:01
    ကလေးတွေရဲ့ ဦးနှောက်ဟာ နီကိုတင်းပမာဏ
    နည်းနည်းကြောင့်ကိုပင် အရမ်းထိခိုက်လွယ်ပြီး
  • 8:01 - 8:03
    ဆေးစွဲမိဖို့လည်း အရမ်းကိုလွယ်ပါတယ်။
  • 8:03 - 8:06
    တကယ်တော့ ကျွန်မတို့ အရင်ကတည်းက
    သိထားရသလို
  • 8:06 - 8:11
    ဆေးလိပ်သောက်သူရဲ့ ၉၀% က စီးကရက်ကို
    အသက် ၁၈ နှစ် မတိုင်မီက စခဲ့ကြတာပါ။
  • 8:11 - 8:16
    စောပြီး စသောက်လာသူဟာ ပိုစွဲမိပြီး
    ဖြတ်ဖို့လည်း ပိုပြီးခက်ခဲတတ်ပါတယ်။
  • 8:16 - 8:20
    တစ်နည်းအားဖြင့်၊ FDA
    ကော်မရှင်နာ ဟောင်းကို ကိုးကားရပါက-
  • 8:20 - 8:23
    ‘‘နီကိုတင်းစွဲမှုဟာ ကလေးများဆိုင်ရာ
    ရောဂါ တစ်ခုပါ။’’
  • 8:24 - 8:28
    e-cigarette တွေကို သုံးခြင်းဖြင့် ဆယ်ကျော်
    သက်တွေဟာ နီကိုတင်းကို များစွာရနိုင်ကြတယ်။
  • 8:28 - 8:31
    အဲဒီကိရိယာ အများအပြားတွင်
    ပါဝင်တဲ့ နီကိုတင်း ပမာဏဟာဖြင့်
  • 8:31 - 8:32
    စီးကရက်ထုပ် အပြည့်နဲ့ အတူတူပါပဲ။
  • 8:33 - 8:37
    နောက်ဆုံးထုတ် pod ကိရိယာများကျတော့
    နီကိုတင်းဆား ဆိုတာ ပါဝင်ရာ၊
  • 8:37 - 8:40
    ပိုချောမွေ့တဲ့ အရသာရှိပြီး
    သုံးရလည်းလွယ်လို့
  • 8:40 - 8:43
    ဦးနှောက်ထဲရှိ နီကိုတင်းပမာဏကို
    လျင်မြန်စွာ မြှင့်တင်ပေးနိုင်ပါတယ်။
  • 8:44 - 8:48
    e-cigarette မှန်မှန်သုံးကြတဲ့ ကလေး
    တွေက ဆာလောင်မှုလက္ခဏာကို ပြတတ်ကြပြီး
  • 8:48 - 8:51
    သူတို့ရဲ့ e-cigarette မသေုံးရရင်မသုံးရရင်
    စိုးရိမ်မှုတွေ ခံစားကြရပါတယ်။
  • 8:51 - 8:54
    ဒါတွေအားလုံးက ဆေးစွဲမှုရဲ့
    ထင်ရှားတဲ့ လက္ခဏာတွေပါပဲ။
  • 8:55 - 9:00
    e-cigarette တွေဟာ စွဲတတ်ရုံတင် မကသေးဘဲ၊
  • 9:00 - 9:03
    ခန္ဓာကိုယ်ထဲက တခြားအစိတ်အပိုင်းတွေကိုလည်း
    ဆိုးကျိုးဖြစ်စေပါတယ်။
  • 9:03 - 9:06
    ဒါကြောင့်၊ ဥပမာ၊ e-cigarette ထဲမှာပါတဲ့
    နီကိုတင်းဟာ
  • 9:06 - 9:10
    အာရုံခံစနစ်တစ်ခုဖြစ်ပြီး ကျွန်မတို့
    ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းအားလုံး
  • 9:10 - 9:12
    ပုံမှန်လည်ပတ်နိုင်ဖို့အတွက် အရေးပါတဲ့
  • 9:12 - 9:16
    nicotinic acetylcholine အာရုံခံစနစ်နဲ့
    ချိတ်ဆက်မိနေပြီးတော့
  • 9:16 - 9:20
    နီကိုတင်းကို ရေရှည် သုံးစွဲခြင်းင ဒီစနစ်
    တွေရဲ့ လည်ပတ်ပုံကို ပြောင်းလဲသွားစေပါတယ်။
  • 9:20 - 9:22
    ဥပမာ အနေနဲ့ ပြောမယ်ဆိုရင်၊
  • 9:22 - 9:26
    နီကိုတင်းကို နှစ်ရှည်သုံးစွဲရင် သွေးကြော
    ပြွန်တွေရဲ့ ပျော့ပြောင်းမှုကို နည်းစေလို့
  • 9:26 - 9:30
    စိတ်ဖိစီးမှုလို ပြင်းထန်တဲ့ စိန်ခေါ်မှုအား
    နှလုံးမှ တုံ့ပြန်ပုံကို ပြောင်းလဲစေပါတယ်။
  • 9:31 - 9:35
    ကလေးတွေရဲ့ ဦးနှောက်က နီကိုတင်းကို
    စွဲလမ်းမှုရဲ့ ဆိုးကျိုးတွေကိုသာမက
  • 9:35 - 9:38
    အဆိပ်ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုတွေကိုပါ
    ခံနိုင်ရည် မရှိကြပါဘူး။
  • 9:38 - 9:42
    အရွယ်ဝင်စ တိရိစ္ဆာန်လေးတွေမှာ နီကိုတင်းက
    အာရုံကြောစနစ်အတွက် အဆိပ်ဖြစ်ပါတယ်၊
  • 9:42 - 9:45
    ပြီးတော့ သင်ယူမှု၊ မှတ်ဉာဏ်၊ အာရုံ
    စူးစိုက်မှုတို့ကို နှေးကွေးစေပြီး
  • 9:45 - 9:48
    ပုံမှန်ထက် တက်ကြွလှုပ်ရှားမှု
    လက္ခဏာတွေ တိုးလာစေတတ်တယ်။
  • 9:48 - 9:50
    ဆေးရွက်ကြီးသုံးတတ်တဲ့ လူငယ်တွေက
  • 9:50 - 9:52
    ဆေးခြောက်နဲ့ အရက်ကိုလည်း သုံးစွဲ
    ဖို့ အလားအလာ ပိုများပြီး
  • 9:52 - 9:57
    လူကြီး၊ လူငယ်မဆို စိုးရိမ်စိတ်များနဲ့
    စိတ်ကျရောဂါ ဖြစ်စေပါတယ်။
  • 9:59 - 10:03
    ဒါကြောင့် e-cigarette သောက်ပြီး နီကိုတင်း
    စွဲလမ်းနေပြီဆိုရင် တခြားစွဲလမ်းမှုတွေအတွက်
  • 10:03 - 10:06
    လမ်းဖွင့်ပြီး တခြားစိတ်ကျန်းမာရေး ပြဿနာ
    တွေလည်း ကြုံရနိုင်ပါတယ်။
  • 10:07 - 10:11
    နီကိုတင်းဟာ ကြီးကောင်ဝင်စ တိရိစ္ဆာန်တွေရဲ့
    မျိုးရိုးဗီဇကိုပါ ပြောင်းလဲလာစေနိုင်ပါတယ်။
  • 10:11 - 10:14
    ဒါမှမဟုတ် မျိုးရိုးဗီဇလိုက်ခြင်းကို
    ပြောင်းလဲသွားစေပါတယ်။
  • 10:14 - 10:17
    ဥပမာ မျိုးရိုးလိုက် ပန်းနာရောဂါမျိုးပေါ့။
  • 10:17 - 10:21
    ဒါကြောင့် နီကိုတင်းသုံးစွဲတဲ့ လူငယ်ဟာ
    ကိုယ့်ကိုကိုယ် ထိခိုက်စေရုံတင်မကပဲ
  • 10:21 - 10:24
    သူတို့ရဲ့ အနာဂါတ်မျိုးဆက်တွေကိုပါ
    အန္တရာယ်ပြုရာ ရောက်ပါတယ်။
  • 10:25 - 10:28
    e-cigarette တွေရှိနေခြင်း ကိုယ်၌က
  • 10:28 - 10:32
    မျိုးဆက် တစ်ခုလုံးကို နီကိုတင်းစွဲနေတဲ့
    လူငယ်တွေ ဖြစ်သွားစေနိုင်ပါတယ်။
  • 10:33 - 10:36
    ဒီကိရိယာတွေကို လွယ်လွယ်နဲ့ ရနိုင်ခြင်းက
    ဆေးခြောက်နဲ့
  • 10:36 - 10:40
    တခြား ရှူသွင်းတဲ့ ဆေးပစ္စည်းတွေကို ပိုမို
    သုံးစွဲစေရေးဆီ ဦးတည်စေနိုင်ပါတယ်။
  • 10:41 - 10:46
    ဆေးလိပ်စွဲနေသူတို့အတွက် ဆေးလိပ်အစား
    ပိုသန့်တဲ့ နီကိုတင်းပုံစံကို စီမံပေးခြင်းက
  • 10:46 - 10:49
    ဆက်လုပ်သွားသင့်တဲ့ အရေးကြီးတဲ့
    ပန်းတိုင်ဖြစ်သင့်ပေမဲ့၊
  • 10:49 - 10:53
    ဒီကိရိယာတွေက ဆေးလိပ်စွဲသူကို ဆေးလိပ်
    ဖြတ်ရာတွင် ကူပေးသလား ကျွန်မတို့မသိပါဘူး။
  • 10:53 - 10:57
    ဒီကိရိယာတွေရဲ့ ရေရှည်အကျိုးဆက်တွေကို
    ကျွန်မတို့ သိထားတာ နည်းလှပါတယ်။
  • 10:58 - 11:03
    ကျွန်မတို့ သိထားတာက လူငယ်အတော်များများက
    ဒီကိရိယာတွေကို သုံးနေကြခြင်းပါပဲ။
  • 11:03 - 11:07
    တကယ်တော့ FDA ကော်မရှင်နာက လတ်တလောမှာ
    e-cigarette ကို US တွင် သုံးနေကြပုံကို
  • 11:08 - 11:11
    ‘‘ကပ်ရောဂါကြီး’’ ဆိုတဲ့ စကားလုံးကို
    သုံးနှုန်း ဖေါ်ပြသွားခဲ့ပါတယ်။
  • 11:11 - 11:15
    ဆေးလိပ်သောက်ခြင်းလို ဧရာမ ပြည်သူ့
    ကျန်းမာရေး ပြဿနာကို ဖြေရှင်းနေရင်း
  • 11:15 - 11:18
    ကျွန်မတို့ဟာ နောက်ထပ် ကြီးမားလှတဲ့ ပြဿနာ
    တစ်ခုကို ဖန်တီးနေတာ ဖြစ်နိုင်ပါတယ်။
  • 11:19 - 11:22
    လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်မတို့က စီးကရက်
    သောက်မှုကို လျစ်လျူရှူခဲ့ကြလို့
  • 11:22 - 11:26
    စီးကရက်ကပ်ဘေးကို ဖြစ်လာစေခဲ့ပြီး စီးကရက်
    ဆိုင်ရာ ရောဂါများစွာကို ဖြစ်လာစေခဲ့ပါတယ်။
  • 11:27 - 11:30
    ကျွန်မတို့ e-cigarette ကိစ္စွမှာလည်း
    အလားတူအမှားမျိုးကို ထပ်မလုပ်မိလိုပါဘူး။
  • 11:31 - 11:34
    ဒီတော့ အရေးယူ ဆောင်ရွက်ဖို့ အချိန်
    ရောက်လာပါပြီ၊
  • 11:34 - 11:39
    အဲဒီကိရိယာများကို လူငယ်တွေ သုံးနေကြပုံကို
    ထိန်းချူပ်ရန် စည်းကမ်းချက်တွေ ချမှတ်ရမယ်။
  • 11:40 - 11:46
    ဆေးလိပ်စွဲသူတွေ ဆေးလိပ်ဖြတ်ရန် ကလေးတွေ
    အကြိုက် အနံ့ပေါင်း ၁၅၀ဝ၀ ကို လိုအပ်ကြလား။
  • 11:47 - 11:50
    သူတို့ဟာ ဒီလိုများပြားတဲ့ ကိရိယာတွေကို
    လိုအပ်ကြပါသလား။
  • 11:50 - 11:54
    သုံးဖို့လွယ်ပြီး ဝှက်ထားဖို့ပါ
    သိပ်ကိုလွယ်ကူတဲ့ အဲဒီလို
  • 11:54 - 11:56
    ရှိနေကြခြင်းဟာ ကောင်းပါသလား။
  • 11:57 - 12:02
    e-liquid ပါတဲ့ ဒီလို ကိရိယာတွေကို
    ကုန်စုံဆိုင်များနဲ့ ဓာတ်ဆီဆိုင်များမှာ
  • 12:02 - 12:06
    ရောင်းချမှုဆိုင်ရာ ပိုတင်းကျပ်တဲ့
    စည်းမျဉ်းတွေ ထုတ်ပြန်ဖို့ ရှိနေကြောင်း
  • 12:06 - 12:09
    ပြီးတော့ ဒီလိုကိရိယာများကို
    လူငယ်များအား အင်တာနက်မှ ရောင်းချမှုကို
  • 12:09 - 12:11
    ပိုပြီး တင်းကျပ်စွာ ထိန်းချုပ်သွားဖို့
  • 12:11 - 12:15
    FDA မှ အရေးယူမယ့် စီမံချက်တွေ
    ရှိနေကြောင်း ကျွန်မတို့ သိရပါတယ်။
  • 12:15 - 12:19
    အဲဒါက လူငယ်တွေကြား ဒီလျင်မြန်တဲ့ ပြောင်း
    လဲမှုကို ထိန်းချုပ်ဖို့ လုံလောက်ပါ့မလား။
  • 12:20 - 12:23
    ဒီလိုအရေးကြီးတဲ့မေးခွန်းတွေကို ကျွန်မတို့
    မေးပြီး အဖြေရှာဖို့လိုပါတယ်။
  • 12:25 - 12:28
    ပြီးတော့ အများပြည်သူကို ပညာပေးရေး
    လှုံ့ဆော်မှုကို ဆင်နွဲရမယ့် အချိန်ပါ။
  • 12:29 - 12:31
    မိဘတွေနဲ့ ကလေးတွေသိဖို့ လိုတာက
  • 12:31 - 12:35
    e-cigarette တွေဟာ စီးကရက်တွေထက်
    အဆိပ်ပါဝင်မှု နည်းတယ်ဆိုပေမဲ့
  • 12:35 - 12:37
    ဒီဟာတွေက ဘေးမကင်းတာ သေချာတယ်။
  • 12:37 - 12:41
    ဒီကိရိယာတွေက ထုတ်လွှတ်ပေးကြတဲ့ ဓာတုပစ္စည်း
    တွေ သူတို့ခန္ဓာကိုယ်ထဲသို့ ရောက်သွားခြင်းက
  • 12:41 - 12:44
    သူတို့ဟာ သူတို့ လိုချင်ကြမှာမဟုတ်တဲ့
    ပုံစံမျိုးဖြင့် ပြောင်းလဲလာစေပြီး
  • 12:44 - 12:48
    မသိရသေးတဲ့ အနာဂတ် အဆိပ်သင့်မှုနဲ့ ကျန်းမာ
    ရေး ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
  • 12:48 - 12:51
    ကျွန်မ စောစောပိုင်းတွင်
  • 12:51 - 12:54
    e-cigarette တွေက စမတ်ဖုန်းကြိုက်တဲ့
    မျိုးဆက်တွေ အကြိုက်တွေ့မယ်လို့
  • 12:54 - 12:56
    ကျွန်မ ပြောကြားခဲ့တာ နောက်နေတာမဟုတ်ပါဘူး
  • 12:56 - 12:59
    ကျွန်မတို့က နည်းပညာခေတ်ကြီးမှာ
    နေထိုင်နေကြတာလေ၊
  • 12:59 - 13:03
    နောက်ဆုံးပေါ်နည်းပညာတွေ၊ ပစ္စည်းတွေကို
    လူတွေ သိပ်ကို စိတ်ဝင်စားကြတယ်လေ၊
  • 13:03 - 13:07
    နောက်ဆုံးပေါ်ပစ္စည်းမို့လို့၊
    နည်းပညာပစ္စည်းမို့လို့ပါ။
  • 13:07 - 13:10
    ကျွန်မတို့ သက်တမ်း တစ်လျှောက်မှာ
    လာမယ့် နှစ်များအတွင်းမှာ
  • 13:10 - 13:14
    ကျွန်မတို့ဟာ ဈေးကွက်ထဲ ဝင်လာကြမယ့်
    နည်းပညာသစ်တွေကို တွေ့မြင်ကြရဦးမှာပါ၊
  • 13:14 - 13:17
    အဲဒါတွေက အစပိုင်းတွင် ကျန်းမာရေး
    အတွက် ပြဿနာရယ်လို့ ထင်ချင်မှ ထင်ရပါမယ်၊
  • 13:17 - 13:20
    အဲဒီကိရိယာတွေရဲ့ ပုံပန်းက
    ကျန်းမာရေးကို အန္တရာယ်ပြုနိုင်မယ်
  • 13:20 - 13:23
    ဒါမှမဟုတ် အဲဒါတွေဟာ ဆေးကုသရေး
    ကိရိယာတွေ မဟုတ်ဘူးလို့ ထင်ရလို့ပါ။
  • 13:23 - 13:25
    ဥပမာ၊ ဒီကိရိယာတွေက
  • 13:25 - 13:27
    မအိပ်ပဲ အချိန်အကြာကြီး နေနိုင်တာကို
  • 13:27 - 13:29
    ဒါမှမဟုတ် ဝိတ်ကျစေနိုင်ပါတယ် --
  • 13:29 - 13:31
    ကျွန်မရဲ့ စိတ်ကြိုက် ပန်းတိုင်တွေပေါ့ --
  • 13:31 - 13:34
    ဒါမှမဟုတ် စားသုံးသူအနေနဲ့ ကျွန်မတို့
    အရမ်းလိုချင်ကြတဲ့
  • 13:34 - 13:36
    အခြား ရည်ရွယ်ချက်တွေကို
    ဖြည့်ဆည်းပေးနိုင်တယ်လေ။
  • 13:37 - 13:42
    ဒီကိရိယာအများစုတွင် ကျန်းမာရေးအတွက်
    လက်ခံမရနိုင်တဲ့ ဆိုးကျိုးတွေပါလာနိုင်တယ်။
  • 13:43 - 13:47
    ဒါကြောင့် ကလေးတွေနဲ့ ကျွန်မတို့ရဲ့
    ကျန်းမာရေးကို ကာကွယ်ချင်တယ်ဆိုရင်၊
  • 13:47 - 13:49
    ကျွန်မတို့ဟာ ဒီလိုနည်းပညာသစ်တွေကို
    အလိုအလျောက်
  • 13:49 - 13:53
    ဝမ်းပန်းတသာ လက်ခံတတ်တဲ့အကျင့်ကို
    ပြင်ပေးလျက်
  • 13:53 - 13:57
    အဲဒီကိရိယာတွေကို ဝေဖန်ဆန်းစစ်တဲ့
    အမြင်မျိုးဖြင့် ကြည့်ရှုရန် လိုအပ်ပြီး
  • 13:57 - 13:59
    ကျန်းမာရေး ရှုထောင့်မှ
    ကြည့်ရှုရန် လိုအပ်ပါမယ်။
  • 13:59 - 14:01
    သင်တို့ အားလုံး သိထားရမယ့် အချက်ကပါလဲ။
  • 14:01 - 14:05
    ကျွန်မတို့ရဲ့ ကျန်းမာရေး၊ ကလေးတွေနဲ့
    နောင်မျိုးဆက်သစ်တွေရဲ့ ကျန်းမာရေးဟာ
  • 14:05 - 14:08
    သိပ်ကို တန်ဖိုးကြီးမားလွန်းလို့
    ဆေးလိပ်ငွေ့ထဲမှာပဲ ဖြစ်စေ --
  • 14:08 - 14:11
    aerosol ထဲမှာပဲဖြစ်စေ၊
    လွင့်စင်သွားမှာကို ခွင့်ပြု မရနိုင်ပါဘူး။
  • 14:11 - 14:13
    ကျေးဇူးတင်ပါတယ်။
  • 14:13 - 14:15
    (လက်ခုပ်တီးသံ)
Title:
သင်သိထားသင့်တဲ့ e-cigarette တွေ နဲ့ vaping အကြောင်း
Speaker:
Suchitra Krishnan-Sarin
Description:

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက e-cigarette တွေ နဲ့ vape တွေဟာ အလွန်ခေတ်စားလာကြပါတယ်၊ အထူးသဖြင့် လူငယ်နဲ့လူလတ်ပိုင်း အကြားမှာခေတ်စားပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်ကြား US နိုင်ငံရဲ့ အထက်တန်း ကျောင်းသားတွေကြား သုံးစွဲမှု ၉၀၀% လောက်ထိ တိုးလာခဲ့ပါတယ်။ ဇီဝအမူအကျင့် ဆိုင်ရာ သိပ္ပံပညာရှင် Suchitra Krishnan-Sarin က ကျွန်တော်တို့ vape ရှူတဲ့အခါ အမှန်တကယ် ဘာတွေရှူသွင်းနေတယ် ဆိုတာကို ရှင်းပြထားပြီး (ရေငွေ့လုံးဝမဟုတ်ပါ) ကလေးတွေကို ပစ်မှတ် ထားတဲ့ ဒီကိရိယာရဲ့ ရည်ရွယ်ရင်း ဖြစ်ကြတဲ့ ကလေးများအား ရောင်းချပေးရန် သုံးနေကြတဲ့ နည်းဗျူဟာတွေကိုပါ စူးစမ်းတင်ပြထားပါတယ်။ ‘‘ကျွန်မတို့ရဲ့ ကျန်းမာရေး၊ ကျွန်မတို့ ကလေးတွေ၊ အနာဂတ်မျိုးဆက်ရဲ့ ကျန်းမာရေးဟာ သိပ်ကို တန်ဖိုးကြီးမားလွန်းလို့ အဲဒါကို မီးခိုးထဲ ဒါမမှဟုတ် ရေငွေ့များထဲ လွင့်ပါသွားမှာကို ခွင့်ပြုလို့ မရနိုင်ပါဘူး’’လို့ သူမက ဆိုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:29

Burmese subtitles

Revisions