Return to Video

ညစ်ညမ်းမှုကို စားတဲ့ ရိုဘော့

  • 0:01 - 0:02
    ကျွန်တော်ဟာ အင်ဂျင်နီယာပါ၊
  • 0:02 - 0:04
    ရိုဘော့တွေကို ပြုစုထုတ်လုပ်ပါတယ်။
  • 0:04 - 0:08
    အခုတော့ ရိုဘော့ ဆိုတာ ဘယ်လိုဟာမှန်း
    လူတိုင်း သိတယ်၊ မဟုတ်လား။
  • 0:08 - 0:10
    မသိတဲ့သူဟာ Google ကို ဝင်ပြီး ရိုဘော့ဆိုတာ
  • 0:10 - 0:12
    ဘာလဲ မေးကြည့်ရုံပါပဲ။
  • 0:12 - 0:13
    ဒီတော့ စမ်းကြည့်ရအောင်။
  • 0:14 - 0:16
    Google ထဲမှာ မေးလိုက်တော့ ရလာတာက ဒါပါပဲ။
  • 0:16 - 0:20
    ဒီမှာ ရိုဘော့ ပုံစံတွေ
    အမျိုးမျိုးကို မြင်တွေ့နိုင်ပေမဲ့
  • 0:20 - 0:23
    အများဆုံး မြင်ရတာတွေဟာ ဖွဲ့စည်းမှုအရ
    လူနဲ့ ဆင်တူကြပါတယ်။
  • 0:23 - 0:25
    ပြီးတော့ ၎င်းတို့ဟာ တွေ့မြင်နေကျ
  • 0:25 - 0:27
    ပုံစံမျိုးတွေပါ၊ ပလတ်စတစ် ပါတယ်၊
    သတ္ထုပါတယ်၊
  • 0:28 - 0:30
    မော်တာတွေ နဲ့ ဂီယာတွေ စသဖြင့်ပေါ့လေ။
  • 0:30 - 0:31
    တချို့ကို ကြည့်ရတာ ခင်မင်ဖွယ်ရာပါ၊
  • 0:31 - 0:34
    သူတို့နား သွားပြီး ပွေ့ဖက်လို့ တောင် ရတယ်။
  • 0:34 - 0:35
    တချို့ကျတော့ ခင်မင်စရာမျိုး
  • 0:35 - 0:37
    မဟုတ်ဘဲ "Terminator"ထဲက
    များလား ထင်ရပါတယ်။
  • 0:37 - 0:40
    တကယ်တမ်းမှာလည်း "Terminator" မှ
    ဖြစ်နိုင်ပါတယ်။
  • 0:40 - 0:43
    အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့
    အရာတွေ လုပ်နိုင်တယ်၊
  • 0:43 - 0:45
    စိတ်လှုပ်ရှားရာ ပစ္စည်းတွေ လုပ်နိုင်တယ်။
  • 0:45 - 0:47
    ဒါပေမဲ့ အခု ပြောချင်တာက
    မတူတဲ့ ရိုဘော့မျိုးတွေပါ၊
  • 0:47 - 0:50
    ကျွန်တော်ဟာ မတူတဲ့ ရိုဘော့တေွကို
    ထုတ်လုပ်ချင်တယ်။
  • 0:50 - 0:53
    အပြင်ပမ်းအားဖြင့် ကျွန်တော်တို့နဲ့
    မတူတဲ့ ဒီလိုအရာမျိုးမှ
  • 0:53 - 0:54
    စိတ်ကူးတွေကို ယူချင်တယ်။
  • 0:55 - 0:57
    ဒါတွေဟာ သဘာဝထဲက ဇီဝအကောင်တွေပါ၊
  • 0:57 - 1:00
    ၎င်းတို့ဟာ ကျွန်ုပ်တို့ြရော လက်ရှိ
    ရိုဘော့များပါ
  • 1:00 - 1:02
    မလုပ်နိုင်တဲ့ မိုက်တဲ့
    အရာတွေကို လုပ်နိုင်ကြတယ်။
  • 1:02 - 1:06
    ၎င်းတို့ဟာ ကြမ်းပေါ်မှာ လှုပ်ရှားခြင်း၊
    ဥယျာဉ်ထဲ သွားခြင်းနဲ့
  • 1:06 - 1:08
    သီးနှံတွေ စားခြင်းလို
    လုပ်နိုင်တာ အများကြီး၊
  • 1:08 - 1:09
    သစ်ပင်ပေါ် တက်နိုင်ခြင်း၊
  • 1:09 - 1:11
    ရေထဲ ဝင်နိုင်ပြီး ရေထဲမှ ထွက်လာခြင်း၊
  • 1:11 - 1:14
    အင်းဆက်တွေကို ဖမ်းနိုင်၊ သားနိုင်ကြပါတယ်။
  • 1:14 - 1:16
    ဒီတော့ သူတို့ လုပ်နိုင်တာ တကယ့်ကို
    စိတ်ဝင်စားစရာတွေပါ။
  • 1:16 - 1:19
    ၎င်းတို့ဟာ အသက်ရှင်နိုင် သေနိုင်ကြပြီး
  • 1:19 - 1:21
    ပတ်ဝန်းကျင်ထဲက အရာတွေ စားသုံးနိုင်တယ်။
  • 1:21 - 1:24
    ကျွန်ုပ်တို့ရဲ့ လက်ရှိ ရိုဘော့တွေ
    အဲဒါတွေ မလုပ်တတ်ကြပါ။
  • 1:24 - 1:25
    ဒီတော့၊ ဒီလို ထူးခြားတဲ့
  • 1:25 - 1:29
    လက္ခဏာအချို့ကို အနာဂတ် ရိုဘော့တွေထဲ
    အသုံးပြုလျက် တကယ့်ကို
  • 1:29 - 1:31
    အရေးကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင်
    မကောင်းပေဘူးလား။
  • 1:31 - 1:34
    ကျွန်တော်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ
    အချို့ကို ယူပြီး
  • 1:34 - 1:37
    အကောင်းများနဲ့ အပင်များထံမှ
    ရယူနိုင်ကြတဲ့ လုပ်နိုင်စွမ်းများနဲ့
  • 1:37 - 1:39
    နည်းပညာတွေကို အသုံးပြုကာ
  • 1:39 - 1:41
    အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင်
  • 1:41 - 1:43
    လုပ်ကိုင်နိုင်တာကို ပြပေးချင်ပါတယ်။
  • 1:43 - 1:45
    ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ နှစ်ရပ်ကို
    လေ့လာကြပါစို့။
  • 1:45 - 1:47
    အဲဒီနှစ်ခုစလုံး လူသားရဲ့ လက်ချက်ပါ၊
  • 1:47 - 1:50
    လူသားက ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ရင်း
    လုပ်ပစ်လိုက်တဲ့
  • 1:50 - 1:52
    စိတ်ပျက်စရာ အရာတွေပါ။
  • 1:52 - 1:56
    ပထမ တစ်ခုက လူဦးရေ တိုးလာမှုရဲ့
    ဖိအားပေးမှုနဲ့ ဆက်စပ်နေတယ်။
  • 1:56 - 1:59
    တကမ္ဘာလုံး လူဦးရေ တိုးလာမှုရဲ့
    ဖိအားပေးမှုကြောင့်
  • 1:59 - 2:03
    လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ
    သီးနှံတွေ တိုးတိုးပြီး ထုတ်လုပ်ရန် လိုတယ်။
  • 2:03 - 2:04
    တဖန် အဲဒီလို တိုးထုတ်နိုင်ဖို့
  • 2:04 - 2:07
    လယ်သမားတွေဟာ စိုက်ခင်းတွေမှာ
    ဓာတုပစ္စည်းတွေကို တိုးတိုးသုံးကြတယ်။
  • 2:07 - 2:10
    သူတို့ဟာ ဓာတ်မြေဩဇာ၊ နိုင်ထရိတ်များ
    ပိုးသတ်ဆေးများ စသဖြင့်
  • 2:10 - 2:13
    သီးနှံတိုးလာစေမယ့် အရာမျိုးစုံကို
    များစွာ သုံးနေကြရာ
  • 2:13 - 2:15
    အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရှိလာတယ်။
  • 2:15 - 2:19
    အဲဒီလို အနှုတ်လက္ခဏာ အကျိုးဆက်
    တစ်ခုက၊ စိုက်ခင်းထဲ ဓာတ်မြေဩဇာတွေ
  • 2:19 - 2:21
    များစွာ သုံးတယ်အခါ အားလုံးဟာ
    အပင်တွေထဲသို့ ဝင်မသွားခြင်းပါ။
  • 2:21 - 2:24
    တော်တော်များများက မြေထဲ ကျန်ရစ်ခဲ့တယ်၊
  • 2:24 - 2:25
    မိုးရွာတဲ့ အခါမှာ၊ အဲဒီလို
  • 2:25 - 2:28
    ဓာတုပစ္စည်းတွေဟာ မြေအောက်
    ရေထုထဲ စိမ့်ဝင်သွားတယ်။
  • 2:28 - 2:29
    တဖန် အဲဒီ မြေထုရေဟာ
  • 2:29 - 2:33
    ချောင်းတွေ၊ ရေကန်တွေ၊ မြစ်တွေထဲ
    ရောက်ရှိသွားလျက်
  • 2:33 - 2:34
    ပင်လယ်ထဲကို ရောက်လာပါတယ်။
  • 2:34 - 2:37
    ဒီတော့ ခုနက ဓာတုပစ္စည်းတွေ အားလုံး၊
  • 2:37 - 2:39
    နိုင်ထရိတ်တွေ အားလုံးကို ပတ်ဝန်းကျင်
  • 2:39 - 2:42
    ထဲသို့ ထည့်ကြမယ်ဆိုရင် အဲဒီမှာ နေကြတဲ့
    အကောင်တွေကို သက်ရောက်မှု ရှိပါမယ်၊
  • 2:42 - 2:44
    ဥပမာ၊ ရေညှိဆိုပါစို့။
  • 2:44 - 2:47
    ရေညှိဟာ နိုင်ထရိတ်တွေကို၊
    ဓာတုမြေဩဇာကိုကြိုက်တော့၊
  • 2:47 - 2:49
    အဲဒီ ဓာတုပစ္စည်းတွေ အားလုံးကို
    စုပ်ယူမှာပါ၊
  • 2:49 - 2:52
    အခြေအနေတွေ ကောင်းမယ်ဆိုရင်
    ၎င်းဟာ အကြီးအကျယ် ပွားလာမယ်။
  • 2:52 - 2:54
    ရေညှိအသစ်တွေ ထပ်ပြီးရင် ထပ်ပြီး
    ပွားများလာမှာပါ။
  • 2:54 - 2:56
    အဲဒါကို ပန်းပွင့်ခြင်း ခေါ်တယ်။
  • 2:56 - 2:59
    ပြဿနာက ရေညှိတွေ အဲဒီလို ပွားလာရင်
    ၎င်းတို့ဟာ
  • 2:59 - 3:01
    ရေထဲက အောက်ဆီဂျင်ကို စားသုံးပစ်ကြတယ်။
  • 3:01 - 3:03
    အဲဒီနောက်မှာ ရေထဲက
  • 3:03 - 3:06
    တခြားအကောင်တွေဟာ အသက်ရှင်
    မရနိုင်တော့ပါ။
  • 3:06 - 3:08
    ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြလဲ။
  • 3:08 - 3:12
    ရေညှိတွေကို စားပစ်လျက်၊ သုံးဆောင်လျက်
    ပတ်ဝန်းကျင်ကို လုံခြုံအောင်
  • 3:12 - 3:14
    လုပ်ပေးမယ့် ရိုဘော့ကို ထုတ်လုပ်ကြပါတယ်။
  • 3:14 - 3:15
    အဲဒါက ပထမ ပြဿနာပါ။
  • 3:16 - 3:18
    ဒုတိယ ပြဿနာဟာလည်း လူသားရဲ့ လက်ချက်
    ဖြစ်ပြီး
  • 3:18 - 3:20
    ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆိုင်တယ်။
  • 3:21 - 3:25
    အားလုံးသိကြတဲ့ အတိုင်း၊ ဆီဟာ ကျွန်ုပ်တို့
    သုံးကြတဲ့ အင်ဂျင်နာများ၊
  • 3:25 - 3:26
    လှေများမှ စီးထွက်လာတတ်တယ်။
  • 3:26 - 3:29
    ရေနံတင် သင်္ဘောတွေလည်း တိုင်ကီတွေကို
    ဆေးပြီး ပင်လယ်ထဲ သွန်းတတ်ကြတယ်။
  • 3:29 - 3:31
    အဲဒီလိုနည်းဖြင့် ရေနံဟာ ပင်လယ်ထဲ
    ရောက်လာတယ်။
  • 3:31 - 3:34
    အဲဒါကို တနည်းနည်းနဲ့ တခုခုလုပ်လိုက်ပြီး
    ရေနံကွက်ကြီးတွေ
  • 3:34 - 3:39
    ညစ်ညမ်းနေတာကို စာပစ်ကြမယ့် ရိုဘော့တွေကို
    သုံးနိုင်မယ် ဆိုရင်ကော။
  • 3:39 - 3:41
    ဒီတော့ကျွန်ုပ်တို့ လုပ်နေတာက
  • 3:41 - 3:43
    ညစ်ညမ်းမှုကို စားပစ်ကြမယ့် ရိုဘော့တွေပါ။
  • 3:44 - 3:45
    အဲဒီ ရိုဘော့တွေကို လက်တွေ့
  • 3:45 - 3:47
    ထုတ်လုပ်ရန် အကောင်နှစ်ခုထံမှ
    အကြံဉာဏ် ယူခဲ့တယ်။
  • 3:48 - 3:50
    ညာဘက်မှာ ခင်ဗျားတို့ မြင်ရတာက
    ငါးမန်းကောင်ကြီးပါ။
  • 3:50 - 3:53
    ဧရာမ ငါးမန်းကောင်ပါ။
  • 3:53 - 3:56
    ၎င်းဟာ သားစားကောင် မဟုတ်လို့
    ၎င်းနဲ့အတူ ရေကူးနိုင်တယ်။
  • 3:56 - 3:57
    ဒီမှာ မြင်ရတဲ့ အတိုင်းပဲ။
  • 3:57 - 3:59
    အဲဒီငါးမန်းမျိုးဟာ ပါးစပ်ကို ဖွင့်လျက်
  • 3:59 - 4:02
    ရေထဲကူးသွားရင်း ရေမျောတွေကို
    လိုက်စုစည်းတယ်။
  • 4:03 - 4:05
    အဲဒီလို လုပ်နေချိန်မှာ အစာကို
    ချေဖျက်လိုက်လို့
  • 4:05 - 4:09
    ရတဲ့စွမ်းအင်ကို ဆက်လှုပ်ရှားရန်
    အသုံးပြုပါတယ်။
  • 4:09 - 4:11
    ဒီတော့၊ ခုနက ငါးမန်းကောင်နဲ့ တူတဲ့
  • 4:11 - 4:14
    ရိုဘော့ကို ထုတ်လုပ်လိုက်ကာ ရေထဲ
    ကူးသွားစေလျက်
  • 4:14 - 4:16
    ညစ်ညမ်းမှုကို စားခိုင်းလို့ ရနိုင်မလား။
  • 4:16 - 4:18
    လုပ်နိုင်မနိုင်ကို ကြည့်ကြရအောင်။
  • 4:18 - 4:21
    တချိန်တည်းမှာ ကျွန်ုပ်တို့ဟာ အခြား
    အကောင်များဆီမှပါ အကြံရသေးတယ်။
  • 4:21 - 4:23
    ဒီနေရာမှာ ရှိတဲ့ ငါးတမျိုးကို
    ကျွန်တော် ပြချင်တယ်။
  • 4:23 - 4:25
    ဒီငါးဟာ သိပ်ကို စိတ်ဝင်စားစရာကြီးပါ။
  • 4:25 - 4:26
    ၎င်းဟာ ရေထဲကူးရန် လှော်တက်နဲ့
  • 4:27 - 4:29
    တူတဲ့ ခြေတွေကို သုံးပြီး
    ရှေ့ကို တွန်းယူတယ်။
  • 4:29 - 4:32
    အဲဒီအကောင် နှစ်မျိုးကို
    ကျွန်တော်တို့ ယူပြီး
  • 4:32 - 4:35
    ပေါင်းလိုက်ကာ ရိုဘော့ အသစ်တမျိုးကို
    ဖန်တီးလိုက်ကြတယ်။
  • 4:35 - 4:38
    ကျွန်တော်တို့က လှော်တတ်တဲ့ ငါးကို
    အတုယူပြီး လုပ်ခဲ့တဲ့ ရိုဘော့ဟာ
  • 4:39 - 4:41
    ရေပေါ်မှာ ဝပ်နေလျက် နေတတ်တာမို့
  • 4:41 - 4:43
    ကျွန်တော်တို့ရဲ့ ရိုဘော့ကို
  • 4:43 - 4:45
    "Row-bot" လို့ ခေါ်ပါတယ်။
  • 4:45 - 4:49
    ဒီတော့ Row-bot လှော်တတ်တဲ့
    ရိုဘော့ စက်ရုပ်ပါ။
  • 4:49 - 4:51
    ကောင်းပြီ၊ အဲဒါ လက်တွေ့မှာ
    ဘယ်လိုများ ရှိလဲ။
  • 4:51 - 4:53
    Row-bot ရဲ့ ပုံအချို့ကို ပြထားပါတယ်။
  • 4:53 - 4:55
    ခင်ဗျားတို့ သတိထားမိကြမှာက
  • 4:55 - 4:58
    ကျွန်တော်တို့ အစပိုင်းတွင် မြင်ခဲ့ကြရတဲ့
    ရိုဘော့တွေနဲ့ မတူပါဘူး။
  • 4:58 - 5:00
    Google ဟာ မှားတယ်၊ ရိုဘော့တွေ
    အဲဒီလို ပုံစံမျိုး မဟုတ်ဘဲ
  • 5:00 - 5:02
    ဒီလို ပုံစံမျိုးတွေပါ။
  • 5:02 - 5:03
    အဲဒီ Row-bot ကို ကျွန်တော် ယူလာတယ်။
  • 5:03 - 5:05
    ခင်ဗျားတို့အတွက် ပြပေးမယ်။
  • 5:05 - 5:06
    စကေးကို ခန့်မှန်းသိနိုင်ဖို့ပါ။
  • 5:06 - 5:08
    ပြီးတော့ ၎င်းဟာ အခြားဟာတွေနဲ့ မတူပါ။
  • 5:08 - 5:10
    အဲဒါကို ပလတ်စတစ်နဲ့ လုပ်ထားတယ်၊
  • 5:10 - 5:12
    ပါတဲ့ အပိုင်းတွေကို အခု ကြည့်ကြပါမယ်၊
  • 5:12 - 5:13
    Row-bot ထဲ ပါဝင်တာက-
  • 5:13 - 5:15
    ၎င်းကို အထူးဖြစ်အောင် လုပ်ပေးတာက-
  • 5:15 - 5:18
    Row-bot ထဲ ပါဝင်ကြတဲ့
    အပိုင်း သုံးပိုင်းပါ၊
  • 5:18 - 5:22
    အဲဒီ သုံးပိုင်းဟာ သက်ရှိ အကောင်တိုင်း
    ထဲက အတိုင်းပါပဲ။
  • 5:22 - 5:24
    ၎င်းဆီမှာ ဦးနှောက်ရှိတယ်၊
  • 5:24 - 5:25
    ခန္ဓာကိုယ် ရှိတယ်၊
  • 5:25 - 5:27
    ပြီးတော့ အစာအိမ် ရှိတယ်။
  • 5:27 - 5:30
    စွမ်းအင်ကို ထုတ်လုပ်ရန် အစာအိမ် လိုအပ်တယ်။
  • 5:30 - 5:32
    Row-bot ဆီမှာ အဲဒီလို
    အပိုင်း သုံးပိုင်း ရှိတယ်၊
  • 5:32 - 5:35
    သက်ရှိ အကောင်တိုင်းမှာလည်း အဲဒီ
    အပိုင်း သုံးပိုင်း ရှိတယ်။
  • 5:35 - 5:37
    အဲဒါတွေကို တစ်ခုချင်းစီ လေ့လာကြမယ်။
  • 5:37 - 5:38
    ၎င်းဆီမှာ ခန္ဓာကိုယ် ရှိရာ၊
  • 5:38 - 5:40
    အဲဒါကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊
  • 5:40 - 5:42
    ၎င်းဟာ ရေပေါ်မှာ ဝပ်ထိုင်နေတတ်တယ်။
  • 5:42 - 5:45
    ပြီးတော့ ဘေးမှာ ရေယက်ပြားတွေ ရှိပြီး
  • 5:45 - 5:46
    ရွေ့ရှားရန် သုံးတဲ့ လှော်တက်ပါ၊
  • 5:46 - 5:48
    ခုန ပြခဲ့တဲ့ ရေပိုးကောင် အတိုင်းပါ
  • 5:48 - 5:50
    ၎င်းရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ်ပါ၊
  • 5:50 - 5:52
    ဒါပေမဲ့ ရော်ဘာနဲ့
    လုပ်ထားတဲ့ ပါးစပ် ဒီမှာ ရှိတယ်၊
  • 5:52 - 5:54
    ဒီမှာ နောက်ပါးစပ် ရှိတယ်-
    ပါးစပ် နှစ်ခု ရှိတယ်။
  • 5:54 - 5:56
    ပါးစပ် နှစ်ခုက ဘာ့အတွက်လဲ။
  • 5:56 - 5:58
    တစ်ခုက အစာကို အထဲကို ထည့်သွင်းရန်၊
  • 5:58 - 6:00
    နောက်တစ်ခုက အစာကို အပြင်ကို
    ထုတ်ပစ်ရန် အတွက်ပါ။
  • 6:00 - 6:03
    ဒီတော့ ၎င်းဆီမှာ ပါးစပ်တစ်ပေါက်နဲ့
    စအိုပေါက်
  • 6:03 - 6:04
    ဒါမှမဟုတ်--
  • 6:04 - 6:05
    (ရယ်မောသံများ)
  • 6:05 - 6:07
    မလိုအပ်တာတွေ အပြင်ကို ထွက်လာတဲ့ နေရာ၊
  • 6:07 - 6:09
    တကယ့် အကောင်တွေ အတိုင်းပါပဲ။
  • 6:09 - 6:12
    ဒီတော့ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့
    ငါးမန်းကောင်ကြီးနဲ့ ဆင်လာပြီ။
  • 6:12 - 6:13
    ဒါက ခန္ဓာကိုယ်ပါ။
  • 6:13 - 6:16
    ဒုတိယ အကန့်က အစာအိမ် ဖြစ်နိုင်တယ်။
  • 6:16 - 6:20
    ကျွန်တော်တို့ဟာ ရိုဘော့အတွက် စွမ်းအင်
    လိုအပ်ပြီး ညစ်ညမ်းမှုကို ရှင်းပေးရမယ်၊
  • 6:20 - 6:22
    ညစ်ညမ်းမှုဟာ အထဲကို ဝင်သွားကာ
  • 6:22 - 6:23
    အဲဒီမှာ တစ်ခုခု ဖြစ်လာမယ်။
  • 6:23 - 6:27
    အလယ်မှာ ပိုးမွှား လောင်စာ ဆဲလ်
    ဆိုတာ ရှိပါတယ်။
  • 6:27 - 6:30
    ကျွန်တော် ဒီမှာ ချထားလိုက်ပြီး
    ဆဲလ်ကို မတင်ပြပါမယ်။
  • 6:30 - 6:32
    ဒီမှာ။ ဒါကြောင့်မို့လို့ ဘက်ထရီများ အစား
  • 6:32 - 6:34
    သမရိုးကျ စွမ်းအင်စနစ်ကို ထားရှိမယ့် အစား၊
  • 6:34 - 6:36
    ကျွန်တော် ဒါကို သုံးပါတယ်။
  • 6:36 - 6:37
    အဲဒါက ၎င်းရဲ့ အစာအိမ်ပါ။
  • 6:37 - 6:38
    အဲဒါဟာ တကယ့် အစာအိမ်ပါပဲ။
  • 6:38 - 6:42
    အဲဒီထဲကို ဒီဘက်ကနေပြီး ညစ်ညမ်းမှုဆိုတဲ့
    လောင်စာကို ထည့်ပေးနိုင်တယ်၊
  • 6:42 - 6:43
    ၎င်းက လျှပ်စစ်ကို ထုတ်လုပ်ပေးမယ်။
  • 6:43 - 6:44
    ဒီတော့ ဒါဘာလဲ။
  • 6:44 - 6:46
    ပိုးမွှား လောင်စာ ဆဲလ် လို့ ခေါ်တယ်။
  • 6:46 - 6:48
    ဓာတုဗေဒ လောင်စာ ဆဲလ်နဲ့
    နည်းနည်း ဆင်တူတယ်။
  • 6:48 - 6:50
    ခင်ဗျားတို့ ကျောင်းမှာ ဒါမှမဟုတ်
    သတင်းများထဲမှာ
  • 6:50 - 6:52
    မြင်တွေ့ခဲ့ဘူးကြမှာပါ။
  • 6:52 - 6:55
    ဓာတုဗေဒ ဆဲလ်တွေဟာ
    ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်ကို ယူပြီး
  • 6:55 - 6:57
    ပေါင်းစပ်ပေးလိုက်ကာ
    လျှပ်စစ်ကို ထုတ်ပေးကြတယ်။
  • 6:57 - 7:00
    အားလုံးသိကြတဲ့ နည်းပညာ ဖြစ်ပြီး
    Apollo အာကာသယာဉ်ထဲ သုံးခဲ့ကြတယ်။
  • 7:00 - 7:02
    အဲဒါက လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ တုန်းကပါ။
  • 7:02 - 7:04
    ဒါက နည်းနည်း ပိုသစ်ပါတယ်။
  • 7:04 - 7:05
    ဒါက ပိုးမွှား လောင်စာ ဆဲလ်ပါ။
  • 7:05 - 7:06
    လုပ်ပုံ အခြေခံမူ တူတယ်။
  • 7:06 - 7:08
    တစ်ဘက်မှာ အောက်ဆီဂျင် ရှိတယ်၊
  • 7:08 - 7:10
    အခြားတစ်ဘက်တွင် ဟိုက်ဒရိုဂျင် ရှိရမယ့်အစား
  • 7:10 - 7:11
    စွပ်ပြုတ် ရှိတယ်၊
  • 7:11 - 7:14
    တဖန် အဲဒီစွပ်ပြုတ်ထဲတွင် ကျတော့
    သက်ရှိ ပိုးမွှားတွေပါ။
  • 7:14 - 7:17
    ခင်ဗျားတို့က ဇီဝပစ္စည်းကို ယူမယ်ဆိုရင်၊
  • 7:17 - 7:19
    စွန့်ပစ်ချင်တဲ့ စားကုန်၊ အစားအစာ၊
  • 7:19 - 7:21
    ခင်ဗျားရဲ့ အသားညှပ်ပေါင်မုန့်ကို၊
  • 7:21 - 7:24
    အဲဒီထဲကို ထည့်ပေးလိုက်ရင်၊ ပိုးမွှားတွေက
    အဲဒီအစာကို စားကြပြီး
  • 7:24 - 7:26
    အဲဒါကို လျှပ်စစ်အဖြစ် ထုတ်လုပ်ပေးကြမယ်။
  • 7:26 - 7:30
    အဲဒါတင်မက၊ ကိုယ်က မှန်ကန်တဲ့
    ပိုးမွှားတွေကို ရွေးနိုင်ရင်
  • 7:30 - 7:34
    ပိုးမွှား လောင်စာ ဆဲလ်ကို ညစ်ညမ်းမှု
    အချို့ကို ရှင်းရန် သုံးနိုင်မယ်။
  • 7:34 - 7:36
    မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးခဲ့ရင်
  • 7:36 - 7:39
    ပိုးမွှားတွေက ရေညှိကို စားကြလိမ့်မယ်။
  • 7:39 - 7:41
    ကိုယ်က အခြားမျိုးပိုးမွှားများကို သုံးရင်၊
  • 7:41 - 7:45
    ၎င်းတို့ဟာ ဓာတ်ဆီ၊ အရက်ပျံနဲ့
    ရေနံစိမ်းကို စားကြမယ်။
  • 7:45 - 7:48
    ဒီတော့ ဒီအစာအိမ်ကို ညစ်ညမ်းမှုကို
    ရှင်းရန်အတွက်သာမက
  • 7:48 - 7:51
    အသုံးပြုလို့ ရနိုင်ရုံသမာက
  • 7:51 - 7:54
    ညစ်ညမ်းမှုမှ လျှပ်စစ်
    ထုတ်လုပ်ရန်လည်း သုံးနိုင်တယ်။
  • 7:54 - 7:57
    ဒီလိုနည်းဖြင့် ရိုဘော့ဟာ ပတ်ဝန်းကျင်ထဲ
    ရွေ့ရှားရင်း
  • 7:57 - 7:59
    အစားအစာကို အစာအိမ်သို့ ပို့သွားမယ်၊
  • 7:59 - 8:02
    အစာကို ချေဖျက်လျက်
    လျှပ်စစ်ကို ထုတ်လုပ်မယ်၊
  • 8:02 - 8:04
    ပတ်ဝန်းကျင်ထဲ လှုပ်ရှားဖို့
    လျှပ်စစ်ကို သုံးနိုင်ပြီး
  • 8:04 - 8:06
    ဒါကို ထပ်တလဲလဲ လုပ်နိုင်တယ်။
  • 8:06 - 8:09
    ကောင်းပြီ၊ Row-bot ကို လွှတ်ပေးလိုက်လို့
    ၎င်းက လှော်နေတဲ့ အခါမှာ
  • 8:09 - 8:11
    ဖြစ်လာမှာကို စောင့်ကြည့်ကြရအောင်။
  • 8:11 - 8:13
    ကျွန်တော်တို့ ပြစရာ ဗီဒီယို တချို့ ရှိတယ်။
  • 8:13 - 8:15
    ခင်ဗျားတို့ ပထမဆုံး မြင်ရမှာက၊
    မြင်ရတယ်နော်၊
  • 8:15 - 8:16
    ပွင့်နေတဲ့ ပါးစပ်ပေါက်ပါ။
  • 8:16 - 8:19
    ရှေ့ပါးစပ်နဲ့ အောက်ပိုင်း
    ပါးစပ်ကို ဖွင့်ထား၊
  • 8:19 - 8:21
    လုံလောက်စွာ ပွင့်လျက် ရှိနေမယ်၊
  • 8:21 - 8:23
    အဲဒီနောက် ရိုဘော့ဟာ
    ရှေ့ကို စပြီး လှုပ်ရှားတော့မယ်။
  • 8:23 - 8:25
    ၎င်းဟာ ရေကို ဖြတ်သွားလျက်
  • 8:25 - 8:27
    အစာဟာ အထဲကို ဝင်သွားမှာ ဖြစ်ပြီး
    စွန့်ပစ်မယ်ဟာက ထွက်လာမယ်။
  • 8:27 - 8:29
    လုံလောက်စွာ လှုပ်ရှားပြီးတဲ့ နောက်မှာ၊
  • 8:29 - 8:31
    ၎င်းဟာ ရပ်လိုက်ကာ ပါးစပ်ကို ပိတ်လိုက်မယ်၊
  • 8:32 - 8:34
    တဖြည်းဖြည်းနဲ့ ပါးစပ်ကို ပိတ်မယ်၊
  • 8:34 - 8:36
    ပြီးတော့ ၎င်းဟာ အဲဒီမှာ ထိုင်နေမယ်၊
  • 8:36 - 8:38
    ရှိနေတဲ့ အစားအစာကို ချေဖျက်မယ်။
  • 8:38 - 8:40
    အဲဒီ ပိုးမွှား လောင်စာ ဆဲလ်တွေထဲမှာ
  • 8:40 - 8:42
    ပိုးမွှားတွေ ရှိကြတာ အမှန်ပါပဲ။
  • 8:42 - 8:44
    ကျွန်တော်တို့ တကယ်လိုချင်တာက
    စွမ်းအင် အများကြီးကို
  • 8:44 - 8:47
    ပိုးမွှားများထံမှ အတတ်နိုင်ဆုံး
    အမြန်ဆုံး ရချင်တယ်။
  • 8:47 - 8:49
    ဒါပေမဲ့ ပိုးမွှာတွေက
    စက္ကန့်တိုင်းမှာ ထုတ်ပေးကြတဲ့
  • 8:49 - 8:52
    လျှပ်စစ်ဟာ နည်းပြီး တိုးထုတ်ဖို့
    ပိုးမွှားတွေကို ခိုင်းမရပါ။
  • 8:52 - 8:55
    သူတို့ ထုတ်ပေးနိုင်တာက မီလီဝပ်
    ဒါမှမဟုတ် မိုက်ခရိုဝပ်မျှပါ။
  • 8:55 - 8:56
    ဒါကို ရှင်းပြပါရစေ။
  • 8:56 - 8:58
    ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်း၊
  • 8:58 - 8:59
    ခေတ်အမှီဆုံး တစ်ခုဆိုရင်၊
  • 8:59 - 9:01
    ခင်ဗျားတို့ သုံးရင် တစ်ဝပ်ခန့် လိုတယ်။
  • 9:02 - 9:05
    ဒီတော့ ဖုန်း သုံးတာက ခုနက
    ပိုးမွှားလောင်စာဆဲလ်နဲ့ ယှဉ်ပြောရရင်
  • 9:05 - 9:07
    အကြိမ် တစ်ထောင်၊ တသန်းအထိကို များပါတယ်။
  • 9:08 - 9:10
    ဒီပြဿနာကို ကျွန်တော်တို့
    ဘယ်လို လုပ်မလဲ။
  • 9:10 - 9:12
    ကောင်းပြီ၊ Row-bot က
    အစာကို ချေပြီးသွားတဲ့ အခါမှာ
  • 9:12 - 9:14
    အစားအစာကို အထဲကို ယူထည့်လိုက်ကာ
  • 9:14 - 9:17
    ထိုင်နေလျက် အစာအားလုံးကို
    သုံးဆောင်ပြီးတဲ့အထိ စောင့်နေမယ်။
  • 9:18 - 9:21
    အဲဒါ နာရီအနည်းငယ်၊ ရက်အနည်းငယ်
    အထိ ကြာနိုင်တယ်။
  • 9:21 - 9:24
    Row-bot ရဲ့ ပုံမှန် စက်ဝန်းက ဒီလို ရှိတယ်-
  • 9:24 - 9:26
    ၎င်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်၊
  • 9:26 - 9:27
    ရှေ့ကို ရွေ့တယ်၊
  • 9:27 - 9:28
    ၎င်းဟာ ပါးစပ်ကို ပိတ်တယ်၊
  • 9:28 - 9:30
    ပြီးရင် ၎င်းဟာ ခဏကြာ ထိုင်နေမယ်။
  • 9:30 - 9:32
    အစားအစာတွေကို ချေဖျက်ပြီးတာနဲ့
  • 9:32 - 9:34
    ရှေ့ဆက် လှုပ်ရှားလျက်
    အဲဒါကို ထပ်ပြီး လုပ်နိုင်တယ်။
  • 9:34 - 9:37
    ဒါပေမဲ့၊ ဒါဟာ တကယ့်
    သက်ရှိအကောင်နဲ့ တူတယ် မဟုတ်လား။
  • 9:37 - 9:39
    အဲဒါ ကျွန်ုပ်တို့ လုပ်ကိုင်ကြပုံ
    အတိုင်းပါပဲ။
  • 9:39 - 9:42
    စနေညနေတွင် ကျွန်ုပ်တို့ဟာ
    ကိုယ့်ပါးစပ်ကို ဖွင့်ကြတယ်၊
  • 9:42 - 9:44
    ကျွန်ုပ်တို့ရဲ့ အစာအိမ်တွေကို ဖြည့်ကြတယ်၊
  • 9:44 - 9:46
    တီဗီရှေ့မှာ ထိုင်ရင်း အစာကို ချေကြတယ်။
  • 9:46 - 9:49
    အတော်လေး ချေပြီးတဲ့ နောက်မှာ
    အဲဒီအတိုင်း ထပ်လုပ်ကြတယ်။
  • 9:49 - 9:51
    အဲဒီလို လုပ်ပြီးတဲ့ နောက်မှာ
  • 9:51 - 9:55
    ခုနက စက်ဝန်းအဆုံးမှာ ကိုယ့်ဆီမှာ
    စွမ်းအင် ကျန်နေသေးရင်
  • 9:55 - 9:57
    ကျွန်ုပ်တို့ နောက်တစ်ခုခုကို လုပ်ရဦးမှာပါ။
  • 9:57 - 9:59
    ကျွန်ုပ်တို့ဟာ စာတိုကို
    ပို့နိုင်တယ်၊ ဥပမာ၊
  • 9:59 - 10:01
    အခုလို ပါတဲ့ စာတို ပို့နိုင်တယ်၊
  • 10:01 - 10:03
    "မကြာမီ ကျွန်တော် စားခဲ့တဲ့
    ညစ်ညမ်းမှုက ဒီလောက်ကြီး"
  • 10:03 - 10:05
    ဒါမှမဟုတ် "ငါရင်ဆိုင်နေရတဲ့
    ပြဿာက ဒီလိုပါ။"
  • 10:05 - 10:07
    ဒါမှမဟုတ် "ငါရှိနေတာ ဒီနေရာမှာ။"
  • 10:08 - 10:11
    "ငါရှိနေတာ ဒီနေရာမှာ။"ဆိုတဲ့ စာတိုကို
    ပို့နိုင်တဲ့
  • 10:11 - 10:13
    လုပ်နိုင်စွမ်းဟာ သိပ်ကို အရေးကြီးတယ်။
  • 10:13 - 10:16
    အစောပိုင်း ကျွန်ုပ်တို့
    မြင်ခဲ့ရတဲ့ ရေနံယိုဖိတ်မှုတွေကို
  • 10:16 - 10:18
    ပွင့်လာကြတဲ့ ရေညှိတွေကို
    စဉ်းစားရင်
  • 10:18 - 10:20
    ကျွန်ုပ်တို့ တကယ်လုပ်နိုင်တာက Row-bot ကို
    ချထားရန်ပါပဲ၊
  • 10:20 - 10:22
    ၎င်းဟာ ညစ်ညမ်းမှုအားလုံးကို စားပစ်မှာပါ။
  • 10:22 - 10:24
    ပြီးရင် အဲဒါကို လိုက် ကောက်ရုံပါပဲ။
  • 10:24 - 10:25
    ဘာဖြစ်လို့လဲ။
  • 10:25 - 10:27
    လောလောဆယ်မှာ ဒီ Row-bot တွေဟာ
  • 10:27 - 10:28
    ဒီမှာ ရှိနေတဲ့ Row-bot ထဲတွင်
  • 10:28 - 10:30
    မော်တာတွေ၊ ဝိုင်ယာကြိုးတွေ ပါရှိပါတယ်၊
  • 10:30 - 10:34
    ဇီဝသဘောအရ ဆွေးမြေ့မှာ မဟုတ်တဲ့
    အစိတ်အပိုင်းတွေ ပါတယ်။
  • 10:34 - 10:36
    လက်ရှိ Row-bot တွေထဲတွင် အဆိပ်အတောက်
    ဘက်ထရီ ရှိပါတယ်။
  • 10:37 - 10:38
    အဲဒါတွေကို ပတ်ဝန်းကျင်ထဲ ထားမရနိုင်ပါဘူး။
  • 10:39 - 10:41
    ဒါကြောင့် ၎င်းတို့ကို
    စောင့်ကြည့်ရန် လိုတယ်၊
  • 10:41 - 10:42
    ၎င်းတို့ရဲ့ အလုပ်ပြီးသွားတဲ့အခါ
  • 10:42 - 10:44
    ၎င်းတို့ကို ကောက်ယူရန် လိုတယ်။
  • 10:44 - 10:46
    အဲဒါကြောင့် Row-bot သုံးရာတွင်
    ကန့်သတ်ချက် ရှိတယ်။
  • 10:46 - 10:47
    နောက်တစ်ဖက်မှ ကျတော့၊
  • 10:47 - 10:50
    ကိုယ့်ရိုဘော့က သက်ရှိ အကောင်နဲ့
    နည်းနည်းလေး တူပါက၊
  • 10:50 - 10:53
    အဲဒါက သက်တမ်း ကုန်ဆုံးသွားရင်၊
  • 10:53 - 10:55
    ၎င်းဟာ သေသွားလျက် ကျေပျက်သွားမှာပါ။
  • 10:55 - 10:57
    အဲဒါကြောင့်မို့လို့ ဒီရိုဘော့တွေဟာ
  • 10:57 - 11:00
    ဒီလို ပလတ်စတစ်နဲ့ လုပ်မယ့်အစား
  • 11:00 - 11:01
    ကျွန်ုပ်တို့ စွန့်ပစ်ကြတဲ့ အခါမှာ
  • 11:01 - 11:04
    ေကြပျက်လွယ်တဲ့ ပစ္စည်းများဖြင့်
    လုပ်ထားမယ်ဆိုရင်
  • 11:04 - 11:05
    ဘာမှမကျန် ပျက်စီးသွားရင်ကော။
  • 11:05 - 11:07
    အဲဒီလိုဆိုရင် ရိုဘော့တွေ
    သုံးပုံ ပြောင်းသွားမယ်။
  • 11:07 - 11:10
    ပတ်ဝန်းကျင် ထဲတွင်
    ၁၀ ဒါမှမဟုတ် ၁၀၀ ချထားမယ်၊
  • 11:10 - 11:11
    ၎င်းတို့ကို စောင့်ကြည့်နေရမယ်၊
  • 11:11 - 11:13
    ပြီးတော့ ၎င်းတို့ သေတဲ့အခါမှာ
  • 11:13 - 11:14
    လိုက်ပြီး စုစည်းရမယ့်အစား
  • 11:14 - 11:16
    ကျွန်ုပ်တို့ဟာ ထောင်ချီ၊ သန်းချီ
  • 11:16 - 11:18
    ဘီလီယံချီ ရိုဘော့တွေကို ပတ်ဝန်းကျင်ထဲ
    ချထားနိုင်ကြမယ်။
  • 11:18 - 11:20
    ၎င်းတို့ကို ဝန်းကျင်ထဲမှာ
    ဖြန့်ထားနိုင်မယ်။
  • 11:20 - 11:24
    ၎င်းတို့ သက်တမ်း ဆုံးတဲ့အခါ ဘာမှမကျန်
    ပျက်ပြုန်းသွားကြမှာပါ။
  • 11:24 - 11:26
    ကျွန်ုပ်တို့ဟာ ၎င်းတို့ အကြောင်း
    စဉ်းစားရန် မလိုတော့ပါ။
  • 11:26 - 11:29
    ဒီလိုဆိုရင် ရိုဘော့အကြောင်း ကျွန်ုပ်တို့
    စဉ်းစားပုံအသုံးချပုံ
  • 11:29 - 11:31
    ပြောင်းလဲ သွားပါလိမ့်မယ်။
  • 11:31 - 11:32
    အခုမေးစရာက - ဒီလို လုပ်လို့ရနိုင်မလား။
  • 11:32 - 11:34
    လုပ်ရနိုင်တာကို ကျွန်ုပ်တို့ ပြခဲ့ပြီ။
  • 11:34 - 11:36
    ဇီဝဆွေးလွယ် ရိုဘော့တွေ လုပ်နိုင်တယ်။
  • 11:36 - 11:39
    အဲဒီလို ဇီဝဆွေးလွယ် ရိုဘော့များကို
    အိမ်သုံးပစ္စည်းများနဲ့
  • 11:39 - 11:40
    လုပ်နိုင်တာ စိတ်ဝင်စားစရာပါပဲ။
  • 11:40 - 11:43
    တချို့ကိုပြပါမယ်၊
    ခင်ဗျားတို့ အံ့သြသွားကြမှာပါ။
  • 11:43 - 11:46
    ရိုဘော့ကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။
  • 11:46 - 11:49
    လောလောဆယ်မှာ သုံးထားတဲ့ မော်တာအစား
  • 11:49 - 11:51
    ကျွန်ုပ်တို့ဟာ ကြွက်သား
    အတုဆိုတာတွေကို ပြုလုပ်နိုင်တယ်။
  • 11:51 - 11:53
    ကြွက်သားအတုများဟာ စမတ်ကျတဲ့ အရာပါ၊
  • 11:53 - 11:55
    ၎င်းတို့ဆီ လျှပ်စစ် သွယ်ပေးလိုက်ရင်၊
  • 11:55 - 11:57
    ၎င်းတို့ဟာ ကျုံ့မယ်၊ ကွေးမယ်၊
    တွန့်လိမ်ကြမယ်။
  • 11:57 - 11:59
    ၎င်းတို့ဟာ တကယ့် ကြွက်သားနဲ့ တူပါတယ်။
  • 11:59 - 12:02
    ဒီတော့ မော်တာအစား ဒီလို
    ကြွက်သားအတုတွေ သုံးကြမယ်။
  • 12:02 - 12:05
    အဲဒီလို ကြွက်သားအတုကို
    ဂျယ်လီနဲ့ လုပ်နိုင်တယ်။
  • 12:05 - 12:07
    ဂျယ်လီနည်းနည်း ဆားနည်းနည်း ယူလိုက်ပြီး
  • 12:07 - 12:09
    နည်းနည်းလေး မွမ်းမံပေးလိုက်ရင်၊
  • 12:09 - 12:11
    ကျွန်ုပ်တို့ဟာ ကြွက်သား
    အတုကို လုပ်နိုင်ပြီ။
  • 12:11 - 12:15
    ပိုးမွှား လောင်စာ ဆဲလ်ဖြင့် အစာအိမ်
    ပြုလုပ်ပုံကိုလည်း ကျွန်ုပ်တို့ ပြခဲ့ပြီ၊
  • 12:15 - 12:16
    စက္ကူနဲ့ လုပ်နိုင်တာ။
  • 12:16 - 12:20
    ဒီတော့ ကျွန်ုပ်တို့ဟာ ရိုဘော့ တစ်ခုလုံးကို
    ဇီဝဆွေးလွယ် ပစ္စည်းများနဲ့ လုပ်နိုင်တယ်။
  • 12:20 - 12:22
    လိုတဲ့နေရာမှာ ချထားလိုက်ရင် ဘာမှ
    မကျန်ဘဲ ဆွေးသွားမှာပါ။
  • 12:23 - 12:25
    အဲဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပါ။
  • 12:25 - 12:29
    အဲဒါက ကျွန်ုပ်တို့ရဲ့ ရိုဘော့ အကြောင်း
    အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်ပါမယ်။
  • 12:29 - 12:31
    တချိန်တည်းမှာ ကျွန်ုပ်တို့အား
    ဖန်တီးခွင့် ပေးမယ်။
  • 12:31 - 12:35
    ကိုယ့် အတွေးအခေါ်၊ ရိုဘော့နဲ့ လုပ်လို့
    ရနိုင်တာတွေ စဉ်းစားပုံ ပြောင်းသွားမယ်။
  • 12:35 - 12:36
    ကျွန်တော် ဥပမာတစ်ခုပြမယ်။
  • 12:36 - 12:38
    ရိုဘော့ လုပ်ရန် ဂျယ်လီကို သုံးနိုင်ရင်၊
  • 12:38 - 12:40
    ဂျယ်လီကို ကျွန်ုပ်တို့ စားကြတယ်နော်။
  • 12:40 - 12:43
    ဒါမျိုး တစ်ခုခု လုပ်လို့ မရနိုင်ဘူးလား။
  • 12:43 - 12:44
    စေးကပ် ဝက်ဝံပုံ ရိုဘော့ ဆိုပါစို့။
  • 12:45 - 12:48
    ကြိုပြီး ပြင်လာခဲ့တာ တချို့ ယူလာတယ်။
  • 12:48 - 12:50
    ဟောဒီမှာ၊ အထုပ်တစ်ထုပ်။
  • 12:51 - 12:52
    သံပုရာ အနံ့နဲ့ဟာ ရှိတယ်။
  • 12:53 - 12:56
    အဲဒီ စေးကပ် ဝက်ဝံကို ယူမယ်၊
    ရိုဘော့ မဟုတ်ဘူးနော်။
  • 12:56 - 12:58
    ဒါပေမဲ့ ဟန်လုပ်နေလိုက်မယ်။
  • 12:58 - 13:01
    အဲဒါ တစ်ခုကို ကိုယ့်ပါးစပ်ထဲ
    ထည့်လိုက်မယ်ဆိုရင်-
  • 13:01 - 13:02
    သံပုရာ အရသာ ကောင်းတယ်ဗျ။
  • 13:03 - 13:06
    ရိုဘော့ ဆိုတော့ သိပ်မဝါးပါနဲ့၊
    အဲဒါကို ကြိုက်ချင်မှ ကြိုက်မှာ။
  • 13:06 - 13:09
    ပြီးတော့ မျိချလိုက်မယ်။
  • 13:09 - 13:11
    အဲဒါနဲ့ ၎င်းဟာ သင့်အစာအိမ်ထဲ ဝင်သွားမယ်။
  • 13:11 - 13:15
    အစာအိမ်ထဲ ရှိနေစဉ် ၎င်းဟာ လှုပ်ရှားမယ်၊
    စဉ်းစားမယ်၊ တွန့်လိမ် ကွေးမယ်၊
  • 13:15 - 13:16
    တစ်ခုခု လုပ်နေမှာပါ။
  • 13:16 - 13:18
    ၎င်းဟာ ရှေ့ဆက်ပြီး သင့် အူမဆီ သွားမယ်၊
  • 13:18 - 13:20
    အစာအိမ်နာ ဒါမှမ ဟုတ် ကင်ဆာ ရှိမရှိ
    စူးစမ်းမယ်၊
  • 13:20 - 13:23
    လိုရင် ဆေးထိုးပေးမယ် စသဖြင့် ပေါ့လေ။
  • 13:23 - 13:25
    ၎င်းဟာ သူ့အလုပ်ကို
    လုပ်ကိုင်လို့ ပြီးသွားရင်
  • 13:25 - 13:28
    ၎င်းကို သင့် အစာအိမ်ကို
    စားသုံးပစ်နိုင်တယ်၊
  • 13:28 - 13:29
    ဒါမှမဟုတ် သင်က အဲဒီလို အစားချင်ရင်၊
  • 13:29 - 13:31
    ၎င်းဟာ သင့်ခန္ဓာကိုယ်ကို ဖြတ်သွားပြီး
  • 13:31 - 13:32
    အိမ်သာသို့ ထွက်သွားမယ်၊
  • 13:32 - 13:34
    ပတ်ဝန်းကျင်အတွက်
    အန္တရာယ်မရှိဘဲ ဆွေးသွားမယ်။
  • 13:35 - 13:38
    ဒီလိုနည်းဖြင့် ရိုဘော့တွေ အကြောင်း
    ကျွန်ုပ်တို့ တွေးခေါ်ပုံ ပြောင်းသွားမယ်။
  • 13:39 - 13:43
    ကျွန်ုပ်တို့ ညစ်ညမ်းမှုကို စားပစ်မယ့်
    ရိုဘော့ အကြောင်းနဲ့ စတင်ခဲ့ကြကာ
  • 13:43 - 13:46
    စားလို့ရနိုင်မယ့် ရိုဘော့တွေဖြင့်
    လေ့လာမှု အဆုံးသတ်လိုက်တယ်။
  • 13:46 - 13:49
    အခုတော့ ခင်ဗျားတို့ဆီမှာ
    အနာဂတ် ရိုဘော့တွေ လုပနိုင်မယ့်
  • 13:49 - 13:51
    စိတ်ကူး တချို့ ရှိလာပြီလို့
    မျှော်လင့်ပါတယ်။
  • 13:52 - 13:53
    အခုလို အာရုံပြု
    နားထောင်ကြတာ ကျေးဇူးတင်ပါတယ်။
  • 13:53 - 13:57
    (လက်ခုပ်သံများ)
Title:
ညစ်ညမ်းမှုကို စားတဲ့ ရိုဘော့
Speaker:
Jonathan Rossiter
Description:

ညစ်ညမ်းတဲ့ ရေကို မျိုချပစ်ရင်း ညစ်ညမ်းမှုတွေကို ရှင်းလင်းပေးကာ ကိုယ်တိုင် အလုပ်လုပ်ရန် လိုအပ်တဲ့ လျှပ်စစ်ကို ထုတ်လုပ်ပေးနိုင်တဲ့ "Row-bot" နဲ့ မိတ်ဆက်ပေးပါရစေ။ ရိုဘော့ ပညာရှင် Jonathan Rossiter က ရေညှိတွေ “ပွင့်မှု’ နဲ့ ရေနံယိုဖိတ်မှုတွေကို ချေဖျက်နိုင်ပြီး ညစ်ညမ်းမှုကို အလိုအလျောက် တိုက်ပွဲဝင်နိုင်မယ့် ​ေကြပျက်လွယ်ဇီဝ ရိုဘော့ရဲ့ ရှေ့ပြေး နမူနာ ဖြစ်လာနိုင်တဲ့ မိုက်ခရိုလောင်စာဆဲလ်ကို သုံးမယ့် အထူးရေကူးစက် အကြောင်းကို ရှင်းပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:10

Burmese subtitles

Revisions Compare revisions