Return to Video

သင်ဟာ ပေးသူလား၊ ဒါမှမဟုတ် ယူသူလား။

  • 0:01 - 0:03
    ခင်ဗျားတို့ အခန်းတစ်ဝိုက်ကို
    ခဏလောက်ကြည့်ပြီး
  • 0:03 - 0:06
    ဒီက သံသယအပွားဆုံးသူတစ်ယောက်ကို
    ကြိုးစားရှာကြည့်စေချင်တယ်။
  • 0:06 - 0:07
    (ရယ်သံများ)
  • 0:07 - 0:09
    အဲဒီလူကို ကျွန်တော့အတွက်
    ညွှန်ပြပေးစေချင်ပါတယ်။
  • 0:09 - 0:10
    (ရယ်သံများ)
  • 0:10 - 0:12
    အိုကေ၊ တကယ် မလုပ်ကြပါနဲ့။
  • 0:12 - 0:13
    (ရယ်သံများ)
  • 0:13 - 0:15
    ဒါပေမဲ့ အဖွဲ့အစည်း
    စိတ်ပညာရှင်အနေနဲ့
  • 0:15 - 0:17
    အလုပ်ခွင်တွေမှာ အချိန် အတော်ကုန်ခဲ့ပြီး
  • 0:17 - 0:19
    သံသယလွန်ကဲမှုကို နေရာတိုင်းမှာ
    တွေ့ခဲ့ပါတယ်။
  • 0:20 - 0:22
    သံသယလွန်ကဲမှုဟာ "ယူသူတွေ"
    ဆိုတဲ့ လူတွေကြာင့်ပါ။
  • 0:22 - 0:24
    ယူသူတွေဟာ ဆက်ဆံမှုတွေမှာ
    ကိုယ့်အတွက်ပဲလုပ်တယ်။
  • 0:24 - 0:26
    သင် ကျုပ်အတွက် ဘာလုပ်ပေးနိုင်လဲ
    ဆိုတာပါ။
  • 0:27 - 0:28
    ဆန့်ကျင်ဖက်ကတော့ ပေးသူပါ။
  • 0:28 - 0:31
    ဆက်ဆံမှု အများစုမှာ
    "သင့်အတွက် ကျုပ်ဘာလုပ်ပေးရမလဲ" လို့
  • 0:31 - 0:33
    မေးပြီး ချဉ်းကပ်သူပါ။
  • 0:33 - 0:36
    သင့်ရဲ့ ကိုယ်ပိုင်ဟန်ကို တွေးဖို့
    အခွင့်တစ်ခု ပေးချင်ပါတယ်။
  • 0:36 - 0:38
    အားလုံးမှာ ပေးခြင်း၊ ယူခြင်း
    ကာလတွေရှိတယ်
  • 0:38 - 0:41
    သင့်ရဲ့ဟန်ဟာ သင်လူအများစုကို
    အချိန်အများစုမှာ ဆက်ဆံပုံပါ၊
  • 0:41 - 0:42
    သင့်ရဲ့ ရွေးချယ်မှုပါ။
  • 0:42 - 0:44
    သင်ဟာ ပေးသူ (သို့) ယူသူလားဆိုတာ
  • 0:44 - 0:46
    မှန်းဆဖို့ သင်တို့ဖြေနိုင်တဲ့
    စစ်ဆေးလွှာ အတိုတစ်ခု
  • 0:46 - 0:48
    ရှိပြီး အခုဖြေလို့ရပါတယ်။
  • 0:48 - 0:49
    (အတ္တပေမ စစ်ဆေးလွှာ)
  • 0:49 - 0:52
    (အဆင့် ၁- သင့်ကိုယ်သင် စဉ်းစားဖို့
    ခဏအချိန်ယူပါ။)
  • 0:52 - 0:53
    (ရယ်သံများ)
  • 0:53 - 0:56
    အဆင့်၂- ဒါကို အဆင့် ၂ ထိလုပ်ရင်
    သင်ဟာ အတ္တပေမဝါဒီ မဟုတ်ဘူး။
  • 0:56 - 0:57
    (ရယ်သံများ)
  • 0:58 - 1:02
    ဒါက ကျွန်တော် ဒီနေ့ပြောမယ့် တစ်ခုတည်းသော
    အရာပါ၊ နောက်ခံ ဒေတာမရှိပါဘူး။
  • 1:02 - 1:05
    ဒါပေမဲ့ သဘောကျမိတာက ဒီကာတွန်းကို
    ရယ်မောဖို့ အချိန်ပိုယူရလေ
  • 1:05 - 1:08
    သင်ဟာ ယူသူတစ်ယောက်ဖြစ်တာ
    ပိုစိုးရိမ်ရလေပါ။
  • 1:08 - 1:09
    (ရယ်သံများ)
  • 1:09 - 1:11
    တကယ်က ယူသူအားလုံး
    အတ္တပေမဝါဒီတွေ မဟုတ်ပါ။
  • 1:11 - 1:14
    တစ်ချို့က အကြိမ်အများကြီး လောင်ခံရတဲ့
    ပေးသူသက်သက်တွေပါ။
  • 1:14 - 1:17
    ဒီနောက် ဒီနေ့ ပြောမှာမဟုတ်တဲ့ နောက်ထပ်
    ယူသူတစ်မျိုးရှိပါတယ်။
  • 1:17 - 1:19
    အကြမ်းပတမ်း စိတ်ဝေဒနာရှင်
    လို့ခေါ်ပါတယ်။
  • 1:19 - 1:20
    (ရယ်သံများ)
  • 1:20 - 1:23
    ဒါပေမဲ့ ဒီအစွန်းရောက်မှုတွေဟာ
    ဘယ်လို တွင်ကျယ်တာသိချင်ပြီး
  • 1:23 - 1:26
    ဒါနဲ ကမ္ဘာ့ယဉ်ကျေးမှု အသီးသီးက
    စက်မှုလုပ်ငန်း အသီးသီးက
  • 1:26 - 1:28
    လူ ၃၀၀၀၀ ကျော်ကို လေ့လာခဲ့တယ်။
  • 1:28 - 1:30
    တွေ့ရတာက အများစုဟာ ပေးခြင်းနဲ့
    ယူခြင်းအကြား အလယ်
  • 1:30 - 1:32
    တည့်တည့်မှာ ရှိတာပါ။
  • 1:32 - 1:34
    ဒီ ယှဉ်တွဲခြင်းဆိုတဲ့ တတိယဟန်ကို
    ရွေးကြတယ်။
  • 1:34 - 1:37
    သင်ဟာ ယှဉ်တွဲသူဆိုရင် အပေးနဲ အယူရဲ့
    ဟန်ချက်ညီမှုနဲ့ ညီအောင်ကြိုးစားတယ်။
  • 1:37 - 1:41
    အပေးအယူပေါ့၊ ငါ့အတွက်တစ်ခုခုလုပ်ပေးရင်
    မင်းကိုတစ်ခုခုလုပ်ပေးမယ်ပေါ့။
  • 1:41 - 1:43
    ဘဝရှင်သန်ဖို့ စိတ်ချရတဲ့ နည်းတစ်ခုလို
    ဖြစ်ပုံရတယ်။
  • 1:43 - 1:46
    ဒါပေမဲ့ ဒါက ဘဝရှင်သန်ဖို့ အထိရောက်ဆုံး၊
    အရာရောက်ဆုံးနည်းလား။
  • 1:46 - 1:49
    ဒီမေးခွန်းအတွက် အဖြေကတော့
    အရမ်းကို ခိုင်မာပါတယ်၊
  • 1:49 - 1:50
    ဖြစ်လောက်တယ်ပေါ့။
  • 1:50 - 1:51
    (ရယ်သံများ)
  • 1:51 - 1:53
    ဒါဇင်ချီတဲ့ အဖွဲ့အစည်းတွေ၊ ထောင်ချီတဲ့
  • 1:53 - 1:55
    လူတွေကို လေ့လာခဲ့တယ်။
  • 1:55 - 1:58
    သူတို့ရဲ့ ထုတ်လုပ်မှုကို တိုင်းတာတဲ့
    အင်ဂျင်နီယာတွေကို လေ့လာခဲ့တယ်။
  • 1:58 - 2:01
    (ရယ်သံများ)
  • 2:01 - 2:04
    ဆေးကျောင်းသားတွေရဲ့ အဆင့်တွေကို
    ကြည့်ခဲ့တယ်။
  • 2:04 - 2:06
    အရောင်းသမားတွေရဲ့ ဝင်ငွေတွေတောင်ပါ။
  • 2:06 - 2:07
    (ရယ်သံများ)
  • 2:07 - 2:09
    ဒါနဲ့ မမျှော်လင့်ပဲ
  • 2:09 - 2:12
    ဒီအလုပ်တွေတိုင်းမှာ အဆိုးဝါးဆုံး
    စွမ်းဆောင်သူတွေက ပေးသူတွေဖြစ်တာပါ။
  • 2:13 - 2:15
    အလုပ်အနည်းဆုံးပြီးတဲ့ အင်ဂျင်နီယာတွေဟာ
  • 2:15 - 2:17
    သူတို့ရရှိတာထက် အကူအညီတွေ ပိုပေးသူတွေပါ။
  • 2:17 - 2:19
    အြခားသူတွေရဲ့ အလုပ်တွေလုပ်ရင်း
    မအားကြဘူး။
  • 2:20 - 2:23
    ပြောရရင် သူတို့အလုပ်တွေ ပြီးမြောက်ဖို့
    အချိန်တွေ၊ စွမ်းအင်တွေကုန်ခဲ့တယ်။
  • 2:23 - 2:26
    ဆေးကျောင်းမှာတော့ အဆင့်အနိမ့်ဆုံးရသူတွေဟာ
  • 2:26 - 2:28
    ဒီအဆိုပြုချက်တွေကို အပြင်းထန်ဆုံး
    သဘောတူတွေပါ
  • 2:28 - 2:30
    "သူတစ်ပါးကို ကူညီရတာကြိုက်တယ်။"
  • 2:31 - 2:33
    ဒါက ဖော်ပြတာက ဆရာဝန် သင့််အနေနဲ့
    ယုံကြည်သင့်တာက
  • 2:33 - 2:36
    ဆေးကျောင်းကို လာတဲ့သူဟာ
    ဘယ်သူ့ကိုမှ ကူညီဖို့ ဆန္ဒမပါတာပါ။
  • 2:36 - 2:37
    (ရယ်သံများ)
  • 2:37 - 2:40
    အရောင်းမှာလည်းပဲ
    အရက်ရောဆုံး အရောင်းသမားတွေမှာ
  • 2:40 - 2:42
    အနိမ့်ဆုံးဝင်ငွေ တင်ကျန်ပါတယ်။
  • 2:42 - 2:44
    ကျွန်တော် တကယ်ပဲ ပေးသူအမှတ်
    တော်တော်မြင့်တဲ့
  • 2:44 - 2:46
    ဒီအရောင်းသမားတစ်ဦးဆီ ရောက်ခဲ့တယ်။
  • 2:46 - 2:48
    သူ့ကိုမေးတာက ဘာလို့ ဒီအလုပ်မှာ
    ခင်ဗျား ပတ်သက်တာလဲ။
  • 2:48 - 2:50
    ဒီအတိုင်း ဒါကို မမေးခဲ့ပေမဲ့
  • 2:50 - 2:51
    (ရယ်သံများ)
  • 2:51 - 2:53
    အရောင်းမှာ ရက်ရောမှုရဲ့ ကုန်ကျစရိတ်ကဘာလဲ။
  • 2:53 - 2:57
    သူပြောတာက အင်း၊ ကျွန်တော်က ဖောက်သည်တွေကို
    အင်မတန် လေးနက်စွာ
  • 2:57 - 2:59
    ဂရုစိုက်တော့ ချာတူးလံ ထုတ်ကုန်တစ်ခုမှ
    မရောင်းရတော့ဘူး
  • 2:59 - 3:01
    (ရယ်သံများ)
  • 3:01 - 3:02
    ဒီတော့ သိချင်လို့ပါ၊
  • 3:02 - 3:05
    ဘယ်နှစ်ယောက်များ မိမိကိုယ်ကို
    ပေးသူ (သို့) ယူသူတွေလို့ သတ်မှတ်လဲ။
  • 3:05 - 3:06
    လက်တွေ မြှောက်လိုက်ပါ။
  • 3:07 - 3:10
    အိုကေ၊ ဒီဒေတာတွေအကြောင်း
    မပြောခင်ကဆို ပိုများလိမ့်မယ်။
  • 3:11 - 3:14
    ဒါပေမဲ့ တကယ်တမ်း ဖြစ်သွားတာက
    ဒီမှာ လှည့်ကွက်တစ်ခုရှိတယ်။
  • 3:14 - 3:17
    အကြောင်းက ပေးသူတွေဟာ
    မကြာခဏ သူတို့ကိုယ်သူတို့ စတေးနေပေမဲ့
  • 3:17 - 3:20
    သူတို့ အဖွဲ့အစည်းတွေ ပိုကောင်းအောင်
    လုပ်နေတယ်။
  • 3:20 - 3:23
    ကျွန်တော့တို့မှာ သက်သေ အစုကြီးရှိတယ်၊
  • 3:23 - 3:27
    များပြားလှတဲ့ လေ့လာမှုတွေက
    အသင်း(သို့) အဖွဲ့အစည်းတွေမှာရှိတဲ့
  • 3:27 - 3:29
    ပေးသူအမူအကျင့်ကြိမ်နှုန်းကို
    ကြည့်ပါတယ်၊
  • 3:29 - 3:32
    မကြာခဏတော့ ကူညီသူတွေ၊
    သူတို့ရဲ့ ဗဟုသုကို မျှဝေသူတွေနဲ
  • 3:32 - 3:33
    သင်ပေးသူတွေ ပိုများလေ
  • 3:33 - 3:36
    တိုင်းနိုင်တဲ့ မက်ထရစ်တိုင်း
    အဖွဲ့အစည်းလုပ်ဆောင်တာကောင်းလေ၊
  • 3:36 - 3:39
    အမြတ်၊ဖောက်သည်၊ ကျေနပ်မှု
    ဝန်ထမ်းထိန်းချုပ်မှု ပိုမြင့်လေ
  • 3:39 - 3:41
    လုပ်ဆောင်စရိတ်တွေတောင် ပိုနည်းလေပါ။
  • 3:41 - 3:44
    ပေးသူတွေဟာ လူတွေကို ကူညီဖို့၊
    အသင်းတိုးတက်ဖို့ ကြိုးစားရင်း
  • 3:44 - 3:46
    အချိန်မအများကြီးကုန်ကြကယ်
  • 3:46 - 3:48
    နောက်တော့ ကံမကောင်းစွာပဲ
    တစ်လျှောက်လုံး ခံစားရတယ်။
  • 3:48 - 3:50
    ကျွန်တော်ပြောချင်တာက ပေးသူတွေ
  • 3:50 - 3:53
    တကယ်ကို အောင်မြင်တဲ့ ယဉ်ကျေးမှုတွေ
    တည်ဆောက်ဖို့ လိုအပ်တာအကြောင်းပါ။
  • 3:54 - 3:57
    ဒါနဲ့ တွေးမိတာက ပေးသူတွေဟာ
    အဆိုးဆုံး စွမ်းဆောင်သူတွေဆိုရင်
  • 3:57 - 3:58
    အကောင်းဆုံး စွမ်းဆောင်သူတွေက
    ဘယ်သူတွေလဲ
  • 3:59 - 4:02
    သတင်းကောင်းနဲ့ စတင်ပါရစေ။
    ယူသူတွေတော့ မဟုတ်ပါဘူး။
  • 4:02 - 4:06
    ယူသူတွေဟာ အလုပ်အများစုမှာ
    အတက်မြန်တတ်ပေမဲ့ အကျလည်း မြန်ပါတယ်။
  • 4:06 - 4:08
    သူတို့ဟာ ယှဉ်တွဲသူတွေရဲ့
    လက်ထဲကိုကျသွားတယ်။
  • 4:08 - 4:11
    သင်ဟာ ယှဉ်တွဲသူဆိုရင် ထပ်တူတုံ့ပြန်မှု
    လောကကိုပဲ သင်ယုံကြည်တယ်။
  • 4:11 - 4:13
    ဒါနဲ့ ယူသူတစ်ဦးနဲ့ဆုံတဲ့အခါ
  • 4:13 - 4:15
    ဒီလူကို ပြစ်ဒဏ်ပေးဖို့ရာဟာ
  • 4:15 - 4:17
    သင့်ဘဝရဲ့ တာဝန်တစ်ရပ်လို့
    ခံစားမိတယ်။
  • 4:17 - 4:18
    (ရယ်သံများ)
  • 4:18 - 4:19
    ဒါက တရားမျှတတဲ့ နည်းလမ်းပါ။
  • 4:20 - 4:22
    ကောင်းပြီ၊ လူအများစုဟာ
    ယှဉ်တွဲသူတွေပါ။
  • 4:22 - 4:24
    ဆိုလိုတာက သင်တို့ဟာ ယူသူတွေဆိုရင်
  • 4:24 - 4:26
    နောက်ဆုံးမှာ သင့်ကိုမိသွားတတ်တာပါ။
  • 4:26 - 4:27
    သံသရာ လည်လာမယ်ဆိုတာပါ။
  • 4:27 - 4:29
    ဒီတော့ ယုတ္တိတန်တဲ့ ကောက်ချက်က
  • 4:29 - 4:32
    အကောင်းဆုံး စွမ်းဆောင်သူတွေဟာ
    ယှဉ်တွဲသူတွေပဲ ဖြစ်ရမှာပါ။
  • 4:32 - 4:33
    ဒါပေမဲ့ သူတို့မဟုတ်ကြဘူး။
  • 4:33 - 4:36
    အဖွဲ့အစည်းတိုင်းရရဲ့ အလုပ်တိုင်းမှာ
    ကျွန်တော်လေ့လာခဲ့တာက
  • 4:36 - 4:38
    ပေးသူတွေ အကောင်းဆုံးရလဒ်တွေ
    ပြန် ထိုက်တန်တာပါ
  • 4:40 - 4:43
    ရာချီတဲ့ အရောင်းသမားတွေဆီက
    သူတို့ဝင်ငွေကို ခြေရာခံကာ ကောက်ယူထားတဲ့
  • 4:43 - 4:44
    ဒေတာတွေကို ကြည့်ပါ။
  • 4:44 - 4:47
    မြင်နိုင်တာက ပေးသူတွေဟာ
    အစွန်းနှစ်ဖက်လုံးကိုသွားတာပါ။
  • 4:47 - 4:50
    အနိမ့်ဆုံးဝင်ငွေရသူ အများစုရော
    အမြင့်ဆုံး ဝင်ငွေရသူတွေနဲ့ပါ
  • 4:50 - 4:51
    ဖွဲ့စည်းပါဝင်တာပါ။
  • 4:51 - 4:54
    နမူနာပုံစံတွေဟာ အင်ဂျင်နီယာ
    ထုတ်လုပ်မှု၊ဆေးကျောင်းသား
  • 4:54 - 4:55
    အဆင့်တွေအတွက် အမှန်တွေပါ။
  • 4:55 - 4:58
    ပေးသူတွေဟာ ခြေရာခံနိုင်တဲ့
    အောင်မြင်မှုမက်ထရစ်တိုင်းရဲ့
  • 4:58 - 5:00
    အောက်ခြေနဲ့ ထိပ်မှာ
စုပြုံကိုယ်စားပြုတယ်
  • 5:00 - 5:02
    ဒါက မေးခွန်းဖြစ်စေတာက
  • 5:02 - 5:05
    ပိုများတဲ့ပေးသူတွေ သာလွန်စေတဲ့
    ကမ္ဘာတစ်ခု ဘယ်လိုဖန်တီးမလဲ။
  • 5:05 - 5:08
    ဒါကိုလုပ်နည်း ပြောချင်ပါတယ်၊
    စီးပွားရေးလုက်ငန်းတွေတင်မဟုတ်ပဲ
  • 5:08 - 5:10
    ကိုယ်ကျိုးမဖက်တဲ့ ကျောင်းတွေ၊
  • 5:10 - 5:11
    အစိုးရတွေမှာတောင်ပါ။
  • 5:11 - 5:12
    အဆင်သင့်ပဲလားဗျာ။
  • 5:12 - 5:13
    (ဩဘာသံများ)
  • 5:13 - 5:16
    ဘယ်နည်းနဲ့မဆို လုပ်မှာဖြစ်ပေမဲ့
    စိတ်အားထက်သန်မှုတော့ လိုလားတယ်။
  • 5:16 - 5:17
    (ရယ်သံများ)
  • 5:17 - 5:19
    ပထမဆုံး တကယ့်အရေးပါတာက
  • 5:19 - 5:22
    ပေးသူတွေဟာ သင့်တန်ဖိုးအရှိဆုံး
    လူတွေဆိုတာ အသိအမှတ်ပြုဖို့၊
  • 5:22 - 5:25
    ဒါပေမဲ့ သူတို့ သတိမထားရင်တော့
    အားအင်ကုန်ခမ်းသွားတယ်
  • 5:25 - 5:27
    ဒီတော့ ပေးသူတွေကို သင်တို့အလယ်မှာ
    ကာကွယ်ဖို့လိုတယ်။
  • 5:27 - 5:31
    Fortune ရဲ့ ကွန်ရက်သမားဆီက ဒီအကြောင်း
    ကြီးမားတဲ့ သင်ခန်းစာတစ်ခု သင်ယူခဲ့တယ်။
  • 5:33 - 5:34
    လူတစ်ယောက်၊ ကြောင်မဟုတ်ဘူး။
  • 5:34 - 5:36
    (ရယ်သံများ)
  • 5:36 - 5:37
    သူ့နာမည်က Adam Rifkin ပါ။
  • 5:37 - 5:40
    သူက အောင်မြင်တဲ့ အစဉ်လိုက်
    စွန့်ဦးထွင်တစ်ဦးပါ။
  • 5:40 - 5:42
    ကြီးမားတဲ့ အချိန်ပမာဏကို
    သူများကို ကူညီရင်းကုန်ဆုံးသူပါ။
  • 5:42 - 5:45
    သူ့ရဲ့ လျှို့ဝှက်လက်နက်က
    ငါးမိနစ် အကူအညီပါ။
  • 5:45 - 5:48
    Adam ပြောတာက "ပေးသူတစ်ဦးဖြစ်ဖို့
    Mother Teresa (သို့)
  • 5:48 - 5:49
    Gandhi ဖြစ်ဖို့မလိုဘူး။
  • 5:49 - 5:52
    အခြားသူတွေရဲ့ ဘဝတွေထဲ့
    ကြီးမားတဲ့ တန်ဖိုးဖြည့်ပေးဖို့
  • 5:52 - 5:53
    နည်းလမ်းလေးတွေ ရှာဖို့ပါ"တဲ့
  • 5:53 - 5:55
    ဒါက တစ်ဦးကိုတစ်ဦးသိတာကနေ
    အကျိုးရနိုင်တဲ့
  • 5:55 - 5:58
    လူနှစ်ဦးကို မိတ်ဆက်ပေးတာလို
    ရိုးရှင်းနိုင်ပါတယ်။
  • 5:58 - 6:02
    ဒါက သင့်အသိပညာကို မျှဝေတာ(သို့)
    တုံ့ပြန်ချက်ကလေးပေးတာဖြစ်နိုင်ပါတယ်။
  • 6:02 - 6:04
    (သို့) "သိလား"လို့ ပြောတာလို
    အခြေခံကျတာတောင်
  • 6:04 - 6:05
    ဖြစ်နိုင်တယ်။
  • 6:05 - 6:07
    သတိမထားမိတဲ့ တစ်ယောက်ယောက်ရဲ့
  • 6:07 - 6:10
    အလုပ်ကို ကျွန်တော် အသိအမှတ်ပြုနိုင်
    မလား ကြိုးစား မှန်းဆမယ်။
  • 6:10 - 6:13
    ဒီ ငါးမိနစ် အကူအညီတွေဟာ
    ပေးသူတွေကို နယ်နိမိတ်
  • 6:13 - 6:16
    မှတ်ဖို့နဲ့ သူတို့ကိုယ်ကို
    ကာကွယ်ဖို့ ကူညီရာမှာ အရေးပါတယ်
  • 6:16 - 6:17
    ပေးသူတွေ အောင်မြင်တဲ့
  • 6:17 - 6:20
    ယဉ်ကျေးမှုတစ်ခု တည်ဆောက်ချင်ရင်
    အရေးပါတဲ့ ဒုတိယက
  • 6:20 - 6:23
    အကူအညီ တောင်းခံခြင်းက စံဖြစ်ရာ
    ယဉ်ကျေးမှုတစ်ခု တကယ်လိုအပ်တာပါ။
  • 6:23 - 6:24
    လူအများကြီး တောင်းခံရာပါ
  • 6:25 - 6:27
    ဒါက အချို့အတွက်နည်းနည်း နီးနီးစပ်စပ်
    အရှိုက်ထိလောက်တယ်။
  • 6:27 - 6:30
    [ဒီတော့ သင်တို့ ဆက်ဆံရေးအားလုံးမှာ
    သင် အြမဲပေးသူဖြစ်ဖို့လိုလား]
  • 6:30 - 6:31
    (ရယ်သံများ)
  • 6:31 - 6:33
    အောင်မြင်တဲ့ ပေးသူတွေနဲ့ တွဲမြင်တာက
  • 6:33 - 6:36
    လက်ခံသူဖြစ်ဖို့လည်း အဆင်ပြေတယ်ဆိုတာ
    သူတို့ အသိအမှတ်ပြုတာပါ။
  • 6:37 - 6:40
    အဖွဲ့အစည်းတစ်ခုကို လည်ပတ်တာဆိုရင်
    ပိုလွယ်အောင် လုပ်နိုင်တယ်။
  • 6:40 - 6:42
    အကူအညီတောင်းသူတွေအတွက်
    ပိုလွယ်အောင် လုပ်နိုင်တယ်။
  • 6:42 - 6:44
    ကျွန်တော်နဲ့ အဖော်တွေ
    ဆေးရုံတွေ လေ့လာတယ်။
  • 6:44 - 6:47
    တွေ့ရတာက အထပ်တစ်ချို့မှာ သူနာပြုတွေဟာ
    အကူအညီအများကြီးတောင်းခံနေပြီး
  • 6:47 - 6:50
    တစ်ချို့ အထပ်တွေမှာတော့
    မဆိုစလောက်ပဲတောင်းခံတယ်။
  • 6:50 - 6:53
    အကူအညီ တောင်းခံတာဖြစ်နေကျပြီး
    ဒါက စံဖြစ်နေတဲ့ အထပ်တွေမှာ
  • 6:53 - 6:54
    ထင်ပေါ်နေတဲ့ အကြောင်းခံက
  • 6:54 - 6:56
    သူနာပြုတစ်ဦးယောက်ပဲရှိပြီး
    သူ့အလုပ်က ယူနစ်က
  • 6:57 - 6:59
    အခြား သူနာပြုတွေကို
    ကူညီဖို့သက်သက်ပါ။
  • 6:59 - 7:00
    ဒီကဏ္ဍာရှိခဲ့တော့
  • 7:00 - 7:04
    သူနာပြုကပြောတာက ဒါရှက်စရာမဟုတ်ဘူး၊
    အကူအညီတောင်းတာ အားနွဲ့တာမဟုတ်ဘူး
  • 7:04 - 7:05
    ဒါက တကယ်တော့ အားတက်စေတယ်"တဲ့။
  • 7:06 - 7:09
    အကူအညီ တောင်းခံခြင်းဟာ ပေးသူတွအတွက်
    အောင်မြင်မှုကာကွယ်တာနဲ့
  • 7:09 - 7:11
    ကောင်းကျိုးပဲ
    အရေးကြီးတာမဟုတ်
  • 7:11 - 7:13
    ပေးသူတွေလိုပဲ လူတွေပိုလုပ်ဆောင်ဖို့ကလည်း
    အရေးပါပါတယ်။
  • 7:13 - 7:15
    အကြောင်းက ဒေတာက ပြောတာက
  • 7:15 - 7:18
    ပန်ကြားချက်တစ်ခုနဲ့ စတင်တဲ့
    အဖွဲ့အစည်းတွေထဲက ပေးတာအားလုံးရဲ့
  • 7:18 - 7:19
    ၇၅ နဲ့ ၉၀% အကြားရှိလို့ပါ။
  • 7:20 - 7:21
    ဒါပေမဲ့ အများက မတောင်းဘူး
  • 7:21 - 7:23
    သူတို့က ညံတဲ့ပုံ မဖြစ်ချင်ဘူး၊
  • 7:23 - 7:26
    ဘယ်ဘက် လှည့်ရမယ် မသိဘူး၊
    သူများကို ဝန်မပိစေချင်ဘူး။
  • 7:26 - 7:28
    ဒါပေမဲ့ ဘယ်သူမှ အကူအညီမတောင်းရင်
  • 7:28 - 7:31
    သင့်အဖွဲ့အစည်းမှာ ရှေ့တက်ပြီး ပေးဝေးတာ
    နှစ်သက်တဲ့
  • 7:31 - 7:33
    မချင့်မရဲ့ဖြစ်နေတဲ့
    ပေးသူတွေ အများကြီးပါ။
  • 7:33 - 7:35
    ဘယ်သူ အကျိုးရှိပြီး
    ဘယ်လိုဆိုတာပဲ သိသူတွေပါ။
  • 7:35 - 7:37
    ဒါပေမဲ့ ထင်တာက အောင်မြင်တဲ့ ပေးသူတွေ
  • 7:37 - 7:40
    ယဉ်ကျေးမှုတစ်ခု ဆောက်ချင်ရင်
    အရေးပါဆုံးအရာက
  • 7:40 - 7:43
    အသင်းမှာ ဘယ်သူတွေ ပါခွင့်ပြုမယ်
    ဆိုတာကို စဉ်းစားတတ်ဖို့ပါ။
  • 7:43 - 7:46
    မှန်းဆမိတာက အကျိုးရှိတဲ့ ရက်ရောမှု
    ယဉ်ကျေးမှုတစ်ခု လိုအပ်တယ်၊
  • 7:46 - 7:48
    ပေးသူတစ်စုကို ခန့်သင့်တယ်၊
  • 7:48 - 7:51
    ဒါပေမဲ့ ဒါဟာ တကယ်တော့ မမှန်ဘူးဆိုတာ
    သိလိုက်တော့ အံ့သြမိတယ်၊
  • 7:52 - 7:54
    ယဉ်ကျေးမှုတစ်ခုက ယူသူတစ်ဦးရဲ့
    အပျက်သဘော သက်ရောက်မှုက
  • 7:54 - 7:57
    ပေးသူတစ်ဦးရဲ့ အပြုသဘော သက်ရောက်မှုကို
    အမြဲ နှစ်ဆက သုံးဆထိပါ။
  • 7:58 - 7:59
    ဒီနည်းနဲ့ တွေးကြည့်ပါ၊
  • 7:59 - 8:00
    ပန်းသီးပုပ်က
    တစ်စည် ပုပ်နိုင်ပေမဲ့
  • 8:00 - 8:03
    ကြက်ဥကောင်းတစ်လုံးက
    တစ်ဒါဇင်မလုပ်နိုင်တာပါပဲ။
  • 8:04 - 8:05
    ဒါက ဘာဆိုလိုတာ မသိဘူးဗျ။
  • 8:06 - 8:07
    (ရယ်သံများ)
  • 8:07 - 8:08
    ဒါပေမဲ့ ခင်ဗျားတိုတော့ သိမယ်
  • 8:08 - 8:11
    နိုး၊ ယူသူတစ်ဦး အသင်းထဲဝင်ခွင့်ပြုတာတောင်
  • 8:11 - 8:14
    ပေးသူတွေ ကူညီတာ ရပ်သွားတာကို
    မြင်ရလိမ့်မယ်။
  • 8:15 - 8:18
    သူတို့က "ကျုပ်တော့
    မြွေတွေနဲ့ ငါးမန်းအုပ် အဝိုင်းခံရပြီ၊
  • 8:18 - 8:19
    ဘာလို့ ပေးကမ်းရမှာတုန်း"
  • 8:19 - 8:21
    ပေးသူတစ်ဦး အသင်းမှာ ဝင်ခွင့်ပြုလို့ကတော့
  • 8:21 - 8:23
    ရက်ရောမှု ဒလေဟာကြီးမရဘူး။
  • 8:23 - 8:25
    ဖြစ်တတ်တာက လူတွေက
    "ကောင်းတယ်၊၊
  • 8:25 - 8:27
    ဒီလူ ငါတို့အလုပ်တွေ
    အကုန်လုပ်နိုင်တယ်။"
  • 8:27 - 8:30
    ဒီတော့ ထိရောက်တဲ့ ခန့်ခြင်း၊ စစ်ဆေးခြင်း၊
    အသင်းဖွဲ့ခြင်းဟာ
  • 8:30 - 8:32
    ပေးသူတွေ ခေါ်လာဖို့မဟုတ်ပဲ
  • 8:32 - 8:34
    ယူသူတွေကို ရှင်းလင်းဖို့ပါ။
  • 8:35 - 8:36
    ကောင်းစွာ လုပ်နိုင်ရင်
  • 8:36 - 8:38
    ပေးသူနဲ့ ယှဉ်တွဲသူတွေပဲ ကျန်လိမ့်မယ်။
  • 8:38 - 8:40
    ပေးသူတွေက ရက်ရောလိမ့်မယ်၊
  • 8:40 - 8:42
    အကြောင်းက အကျိုးဆက်တွေကို
    သူတို့ တွေးပူစရာ မလိုလို့ပါ။
  • 8:42 - 8:45
    ယှဉ်တွဲသူတွေရဲ့ ကောင်းကွက်က
    သူတိုဟာ စံကိုလိုက်နာတာပါ။
  • 8:45 - 8:48
    ဒီတော့ အချိန်သိပ်မနှောင်းခင်
    ယူသူကို ဘယ်လိုဖမ်းမလဲ။
  • 8:49 - 8:52
    ဘယ်သူက ယူသူဆိုတာကို မှန်ဆဖို့
    ကျွန်တော်တို့က အတော်ညံ့ပါတယ်၊
  • 8:52 - 8:53
    အထူသဖြင့် စတွေ့ခြင်းတွေမှာပေါ့။
  • 8:54 - 8:56
    ကျွန်တော်တို့ မတွေ့နိုင်တဲ့
    ပင်ကိုယ်စရိုက်ရှိတယ်။
  • 8:56 - 8:57
    နှစ်လိုဖွယ် လို့ ခေါ်တယ်၊
  • 8:57 - 9:00
    ယဉ်ကျေးမှုအသီးသီးက အဓိက
    ပင်ကိုယ်စရိုက် ရှုထောင့်တစ်ခုပါ။
  • 9:00 - 9:03
    နှစ်လိုဖွယ်ကောင်းသူတွေဟာ နွေးထွေး၊
    ဖော်ရွေတယ်၊ မွန်ရည်တယ်၊ ယဉ်ကျေးတယ်။
  • 9:03 - 9:05
    ဒီလူအများအြပားကို ကနေဒါမှာ တွေ့ရတယ်။
  • 9:05 - 9:07
    (ရယ်သံများ)
  • 9:07 - 9:10
    အဲဒီမှာ ကနေဒါ ဆောင်ပုဒ်သစ်တစ်ခု
    စိတ်ကူးရလာပြီး "....လို ကနေဒါ"လို့
  • 9:10 - 9:13
    ကွက်လပ်ဖြည့်တဲ့ တကယ့် အမျိုးသား
  • 9:13 - 9:15
    ပြိုင်ပွဲတစ်ခုရှိခဲ့တယ်
  • 9:15 - 9:17
    ထင်ခဲ့တာက နိုင်တဲ့သူဟာ
    "မေပယ်သကာလို (သို့)
  • 9:17 - 9:20
    ရေခဲဟော်ကီလို ကနေဒါသား"ဖြစ်မယ်ပေါ့။
  • 9:20 - 9:23
    ဒါပေမဲ့ နိုး၊သူတို့ အမျိုးသားဆောင်ပုဒ်
    အတွက် ကနေဒါတွေ မဲပေးတာက
  • 9:23 - 9:24
    နောက်တာမဟုတ်ဘူးနော်
  • 9:24 - 9:26
    "အခြေအနေအရ ကနေဒါသားလို
    တတ်နိုင်သလောက်ဖြစ်ပါစေ။"
  • 9:26 - 9:29
    (ရယ်သံများ)
  • 9:30 - 9:32
    အခု အလွန်နှစ်လိုဖွယ်ကောင်းတဲ့
    ခင်ဗျားတို့အတွက်
  • 9:32 - 9:34
    (သို့) နည်းနည်း ကနေဒါဆန်သူတွေ
  • 9:34 - 9:35
    ဒါကို ချက်ချင်း ရတယ်။
  • 9:35 - 9:37
    ကျွန်တော်ဟာ အခြားသူတွေ စိတ်ကျေနပ်အောင်
  • 9:37 - 9:40
    ကြိုးစားဖို့ မပြတ် ပြင်တော့
    တစ်ခုခုဆိုတာ ဘယ်လိုပြောနိုင်လဲ။
  • 9:40 - 9:42
    နှစ်သက်လိုဖွယ် မကောင်းသူတွေက
    နည်းတယ်။
  • 9:42 - 9:45
    သူတိုဟာ ပိုဝေဖန်တယ်
    အယုံအကြည်မဲ့တယ်၊ စိန်ခေါ်တယ်၊
  • 9:45 - 9:48
    သူတို့ရဲ့ တန်းတူတွေထက် ဥပဒေကျောင်းတက်ဖို့
    ဖြစ်နိုင်ခြေပိုများတယ်။
  • 9:48 - 9:49
    (ရယ်သံများ)
  • 9:49 - 9:52
    ဒါ ဟာသမဟုတ်ဘူး။
    တကယ့်ကိုယ်တွေ့ အချက်တစ်ခုပါ။
  • 9:52 - 9:53
    (ရယ်သံများ)
  • 9:53 - 9:56
    ဒါနဲ့ အမြဲ ယူဆမိတာက
    နှစ်လိုဖွယ်ကောင်းသူတွေဟာ ပေးသူတွေ
  • 9:56 - 9:58
    နှစ်လိုဖွယ် မကောင်းသူတွေက
    ယူသူတွေလို့ပါ။
  • 9:58 - 9:59
    ဒါပေမဲ့ နောက် ဒေတာကောက်တော့
  • 9:59 - 10:02
    ဒီလက္ခဏာတွေကြားမှာ ဆက်စပ်မှုမရှိတာ
    တွေ့တော့ မယုံနိုင်ဖြစ်မိတယ်။
  • 10:02 - 10:05
    အကြောင်းက နှစ်လိုဖွယ်၊ မနှစ်လိုဖွယ်ဟာ
  • 10:05 - 10:06
    သင့် အပေါ်ယံဖြစ်လို့ပါ။
  • 10:06 - 10:08
    ဆက်သွယ်မှုက ဘယ်လောက်နှစ်လိုဖွယ်ဖြစ်လဲ
  • 10:08 - 10:11
    တကယ်က ပေးတာနဲ့ ယူတာဟာ သင့်
    အတွင်းစေ့ဆော်မှုတွေထက်ပိုတယ်။
  • 10:11 - 10:14
    သင့်တန်ဖိုးတွေကဘာလဲ။ အခြားသူတွေကို
    သင့်ရည်ရွယ်ချက်တွေကဘာလဲ။
  • 10:14 - 10:16
    လူတွေကို တကယ်ပဲ တိတိကျကျ
    အကဲဖြတ်ချင်ရင်
  • 10:16 - 10:20
    အခန်းထဲမှာ အတိုင်ပင်ခံတိုင်း
    စောင့်နေတဲ့ အချိန်ကို သွားဖို့လိုပြီး
  • 10:20 - 10:21
    နှစ်ခုစီ ဆွဲပေါ့။
  • 10:21 - 10:23
    (ရယ်သံများ)
  • 10:26 - 10:28
    နှစ်လိုဖွယ်ပေးသူတွေဟာ
    ကြည့်ဖို့ လွယ်ပါတယ်။
  • 10:28 - 10:30
    အကုန်လုံးကို ဟုတ်ကဲ့ပြောကြတယ်။
  • 10:32 - 10:35
    မနှစ်လိုဖွယ် ယူသူတွေကိုလည်း
    အြမန် သိနိုင်ပါတယ်။
  • 10:35 - 10:39
    သူတို့ကို နည်းနည်း မတူတဲ့ အမည်နဲ့
    ခေါ်ချင်ခေါ်နိုင်ပေမဲ့ပေါ့လေ၊
  • 10:39 - 10:40
    (ရယ်သံများ)
  • 10:42 - 10:44
    အခြား အတွဲနှစ်တွဲ
    ကျွန်တော်တို့ မေ့နေတယ်။
  • 10:44 - 10:47
    ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ

    မနှစ်သက်ဖွယ် ပေးသူတွေရှိတယ်။
  • 10:47 - 10:50
    အပြင်ပန်းမှာ သုန်မှုန်၊
    ကြမ်းတမ်းနေပေမဲ့ အောက်က
  • 10:50 - 10:52
    နှလုံးသားမှာ သူများရဲ့
    စိတ်ဝင်စားမှု အရှိဆုံးတွေပါ။
  • 10:53 - 10:54
    အင်ဂျင်နီယာတစ်ဦး ပြောသလို
  • 10:54 - 10:56
    "အိုး မနှစ်သက်စရာ ပေးသူတွေ၊
  • 10:56 - 11:00
    ကြားခံစနစ် မကောင်းပေမဲ့
    လုပ်ဆောင်မှု စနစ်ကောင်းတဲ့ လူလိုပေါ့ဗျာ။
  • 11:00 - 11:01
    (ရယ်သံများ)
  • 11:01 - 11:03
    ခင်ဗျားတို့ နားလည်ရင်ပေါ့။
  • 11:03 - 11:04
    (ရယ်သံများ)
  • 11:04 - 11:08
    မနှစ်သက်စရာ ပေးသူတွေဟာ အဖွဲ့အစည်း
    တွေမှာ တန်ဖိုးချ အခံရဆုံးလူတွေပါ။
  • 11:08 - 11:11
    အကြောင်းက ဘယ်သူမှ မကြားချင်ပေမဲ့ လူတိုင်း
  • 11:11 - 11:13
    ကြားဖို့လိုတဲ့ အပြစ်မြင်
    တုံပြန်မှု ပေးသူတွေမို့ပါ။
  • 11:13 - 11:16
    ဒီလူတွေကို တန်ဖိုးထားကာ
    အများကြီးသာတာ လုပ်ဖို့လိုတယ်၊
  • 11:16 - 11:17
    စောစော အရေးမပါဘူးလို့ဆိုတာနဲ့ တခြားစီ
  • 11:18 - 11:19
    "ဟ၊ ကျွဲမြီးတိုတတ်တဲ့ကောင်၊
  • 11:19 - 11:21
    တစ်ကိုယ်ကောင်း ယူသူပဲဖြစ်ရမယ်"
  • 11:22 - 11:25
    ကျွန်တော်တို့မေ့နေတဲ့ နောက်အတွဲကတော့
    အလွန်မုန်းတီးစရာပါ၊
  • 11:25 - 11:27
    နှစ်လိုဖွယ်ယူသူပါ၊
    အယောင်ဆောင်သူလို့လည်း သိကြတယ်။
  • 11:28 - 11:31
    သင့်ကို အပါ်ယံကောင်းပြီး
    နောက်ကျော
  • 11:31 - 11:33
    ဓားနဲ့ထိုးမယ့် သူဟာ ဒီလူပါ။
  • 11:33 - 11:34
    (ရယ်သံများ)
  • 11:35 - 11:38
    ဒီလူတွေကို ဖမ်းဖို့ ကျွန်တော်
    အကြိုက်ဆုံးနည်းက လူတွေ့အဆင့်မှာ
  • 11:38 - 11:39
    မေးခွန်းမေးဖို့ပါ။
  • 11:39 - 11:41
    အခြေခံအနေနဲ့ အလုပ်တွေမှာ
    တိုးတက်အောင်
  • 11:41 - 11:43
    မင်းလုပ်ပေးခဲ့တဲ့ လူလေးဦးအမည်ကို
    ပြောနိုင်မလား။
  • 11:44 - 11:46
    ယူသူတွေက သင့်ကို နာမည်လေးခု
    ပေးလိမ့်မယ်၊
  • 11:46 - 11:49
    သူတို့ထက်် ပိုဩဇာရှိသူတေွဖြစ်လိမ့်မယ်။
  • 11:49 - 11:52
    အကြောင်းက ယူသူတွေဟာ အထက်ဖား၊
    အောက်ဖိရာမှာ ဆရာကြီးတွေလေ။
  • 11:53 - 11:56
    ပေးသူတွေကတော့ ဝါစဉ်အရ သူတို့ထက်
    နိမ့်တဲ့သူတွေကို အမည်တပ်ဖို့ ပိုများတယ်။
  • 11:56 - 11:58
    အာဏာ အများကြီး မရှိတဲ့သူတွေ၊
  • 11:58 - 11:59
    ကောင်းတာ မလုပ်နိုင်သူတွေပါ။
  • 12:00 - 12:03
    လက်ခံရမှာပဲလေ၊ စားသောက်ဆိုင် စာပွဲထိုး
    (သို့) ယဉ်မောင်းသမားကို
  • 12:03 - 12:05
    ဆက်ဆံပုံကြည့်ပြီး လူတစ်ဦး စရိုက်ကိုသိတာ
  • 12:06 - 12:07
    အားလုံးသိပါတယ်။
  • 12:07 - 12:09
    ဒါကောင်းကောင်းလုပ်နိုင်ကာ
  • 12:09 - 12:11
    ယူသူတွေကို အဖွဲအစည်းတွေထဲက
    ရှင်းထုတ်နိုင်ရင်
  • 12:11 - 12:13
    အကူအညီတောင်းဖို့
    စိတ်ချရအောင်လုပ်နိုင်ရင်
  • 12:13 - 12:15
    ပေးသူတွေကို ချုံးချုံးကျတာက
    ကာကွယ်ပြီး
  • 12:15 - 12:18
    သူတို့ပန်းတိုင်တွေနောက်လိုက်ဖို့
    ရည်ရွယ်ချက်ကြီးဖို့နဲ့ သူတစ်ပါးကို
  • 12:18 - 12:20
    ကူဖို့ကြိုးစားတာလည်း
    အဆင်ပြေအောင်လုပ်နိုင်ရင်
  • 12:20 - 12:23
    အောင်မြင်မှုကို လူတွေအနက်ဖွင့်ပုံကို
    တကယ် ပြောင်းလဲနိုင်တယ်။
  • 12:23 - 12:26
    ပြိုင်ပွဲတစ်ခု နိုင်ခြင်းလို့ ဆိုမယ့်အစား
  • 12:26 - 12:30
    အောင်မြင်မှုဆိုတာ တကယ်တော့
    ထောက်ပံ့ခြင်းလို် လူတွေ နားလည်လာမယ်။
  • 12:31 - 12:33
    ယုံကြည်မိတာက အောင်မြင်ဖို့
    အဓိပ္ပါယ်အရှိဆုံးနည်းက
  • 12:33 - 12:35
    အခြားသူတွေ အောင်မြင်ဖို့ကူညီတာပါ။
  • 12:35 - 12:37
    ဒီယုံကြည်ချက်ကို ပြန့်ပွားနိုင်ရင်
  • 12:37 - 12:39
    သံသယလွန်ကဲမှုကို
    ပြောင်းပြန်လှန်နိုင်တယ်။
  • 12:39 - 12:41
    ဒီအတွက် နာမည်တစ်ခုရှိတယ်
  • 12:41 - 12:42
    "pronoia" လို့ခေါ်ပါတယ်။
  • 12:43 - 12:45
    Pronoia ဟာ သင့်ရဲ့ သုခချမ်းသာကို
  • 12:45 - 12:47
    အခြားသူတွေက ပူးပေါင်းကြံနေတယ်ဆိုတဲ့
    ယုံမှားခြင်း အယူပါ။
  • 12:47 - 12:49
    (ရယ်သံများ)
  • 12:51 - 12:53
    သူတို့ဟာ သင့်နောက်ကျောကို
    ဝိုင်းလာကာ
  • 12:53 - 12:56
    သင့်အကြောင်း ရွှန်းဝေနေတဲ့ အရာတွေ
    ထူးခြားစွာ ပြောဆိုနေတာကိုပါ။
  • 12:58 - 13:01
    ပေးသူတွေရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး
    ကြီးကျယ်တဲ့အရာက ဒါက ယုံမှားခြင်းမဟုတ်ပဲ
  • 13:01 - 13:03
    အစစ်အမှန်ဖြစ်တာပါ။
  • 13:04 - 13:06
    ပေးသူတွေ အောင်မြင်တဲ့
    ကမ္ဘာတစ်ခုမှာ နေချင်ပြီး
  • 13:06 - 13:09
    ဒီကမ္ဘာဖန်တီးဖို့ သင်တို့
    ကူညီမယ် မျှော်လင့်ပါတယ်
  • 13:09 - 13:10
    ကျေးဇူးပါ။
  • 13:10 - 13:15
    (လက်ခုပ်သံမျာ)
Title:
သင်ဟာ ပေးသူလား၊ ဒါမှမဟုတ် ယူသူလား။
Speaker:
Adam Grant
Description:

အလုပ်ခွင်တိုင်းမှာ အခြေခံကျတဲ့ လူသုံးမျိုးသုံးစားရှိပါတယ်။ ပေးသူတွေ၊ ယူသူတွေနဲ့ ယှဉ်တွဲသူတွေပါ။ အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာရှင် Adam Grant ကနေပြီး ဒီအလုပ်ခွင်ဆိုင်ရာ ပင်ကိုယ်စရိုက်တွေကို ခွဲတမ်းချလိုက်ပြီး သူတို့ မျှဝေတာကနေ ပိုပြီးယူဆောင်ပေးလျက် ရက်ရောပြီး မိမိဘာသာ ဆက်လက် တာဝန်ထမ်းရွက်တဲ့ ဝန်ထမ်းများရဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖို့ ရိုးစင်းတဲ့ နည်းဗျူဟာတွေကို ကမ်းလှမ်းထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
13:28

Burmese subtitles

Revisions