-
Title:
သင်တို့ လူကြီးတွေက ကမ္ဘာကြီးကို မကယ်တင်ရင် ကျွန်မတို့(လူငယ်တွေက) ကယ်တင်ပေးပါမယ်။
-
Description:
အဖွားဆီကို ပို့တဲ့ စာထဲမှာ Xiye Bastidaက ကျောင်းမှာ စုဝေးပြီး ဆန္ဒပြတာကနေ ကမ္ဘာ့ကုလသမ္မကအဖွဲ့ရဲ့ အစည်းဝေးပွဲမှာ Greta Thunberg နဲ့အတူ ဆွေးနွေးနိုင်တဲ့အထိဖြစ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲရေးဝါဒလှုပ်ရှားမှုမှာ ဦးဆောင်နိုင်ခဲ့တဲ့ အရာ အပေါ်တုန့်ပြန်မှုနဲ့ သူမရဲ့ ဆုံးဖြတ်ချက်တွေ၊ ဒဏ်ခံရမှုတွေနဲ့ သူမကို ဒီလို ဖြစ်စေနိုင်ခဲ့တဲ့ ကမ္ဘာမြေကြီးအပေါ် သူမရဲ့ ချစ်ခြင်းတွေကို အစပြန်လည်ပြီး ရှာဖွေခဲ့တယ်။ "သမီးမွေးဖွားလာတည်းက ကမ္ဘာကြီးကို ချစ်မြတ်နိုးအောင် သင်ကြားပေးလို့ အဖွားကို ကျေးဇူးတင်ပါတယ်" လို့ သူမက ပြောခဲ့တယ်။
-
Speaker:
Xiye Bastida
-
ချစ်လှစွာသော အဖွားရေ
-
သမီးအိမ်ပြန်မလာတာ ကြာနေပြီဆိုတာသိပါတယ်
-
အဖွားက Mexico က ချစ်စရာ အိမ်လေးမှာပေါ့
-
သမီးကတော့ US မှာပဲ
-
အနာဂတ်အတွက် တိုက်ခိုက်နေရင်း
-
အဖွားအခု ပန်းပင်တွေ ရေလောင်းနေလောက်တယ်
-
မက်မွန်သီးတွေကို ပြုစုနေမယ်
-
အဖွားလိပ်တွေကို အစားကျွေးနေတာ
ဖြစ်ကောင်းဖြစ်နိုင်မယ်
-
အိမ်ကို လွမ်းရတဲ့ တစ်ခုသော အကြောင်းရင်းက
-
အဖွားငယ်ငယ်က အကြောင်းတွေကို ပြောပြရင်း
-
ပန်းတွေနဲ့ အချိန်ဖြုန်းရတာကိုပဲ
-
အဖွားသိတဲ့ အတိုင်းပဲ သမီးတို့ ၂၀၁၅ထဲက
New York မှာ နေလာတာလေ
¶
-
ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်မှာပဲ ဘဝက လုံးဝကို
ပြောင်းလဲသွားခဲ့တယ်
-
အစကတော့ New York မှာ ပြတိုက်တွေ
-
ပန်းခြံတွေ၊ ကျောင်း
-
သူငယ်ချင်းတွေနဲ့ ပျော်နေခဲ့တာ
-
အခုတော့ ကမ္ဘာကြီးကို ကာကွယ်ဖို့
-
ဖွဲ့စည်းထားတဲ့ လူတွေနဲ့ ဆက်သွယ်ထားတဲ့
-
ကွန်ရက်တစ်ခုကို ဖန်တီးနေပြီ
-
ဘယ်လိုစဖြစ်သွားလဲ အဖွားသိလား
¶
-
အဖေနဲ့ အဖေ့ရဲ့ ဉာဏ်ပညာတွေကြောင့်ပဲ
-
အဖွား အဖေ့ကို သင်ပေးတာတွေကို အဖေက
တစ်ကမ္ဘာလုံးကို ပြန်သင်ပေးတယ်
-
အဖေပြောပြတဲ့ သဘာဝနဲ့ သဟဇာတဖြစ်ဖို့အတွက်
-
လူသားအနေနဲ့ ရှိသင့်တဲ့တာဝန်တွေ
အကြောင်းတွေက
-
သမီးဆီ လက်ဆင့်ကမ်းပေးခဲ့တယ်
-
ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေတာကို
သတိထားမိတယ်
-
ပြီးတော့ အဖွားပြောပြဖူးတာကို သွားအမှတ်ရတယ်
-
"ကိုယ့်တွေ့တုန်းကထက် ပိုကောင်းတာကို
ချန်ထားခဲ့လိုက်ပါ"
-
အဖွားက ပန်းကန်တွေအကြောင်းပြောတာကို သိပါတယ်
-
ဒါပေမဲ့လည်း အဲဒီစကားက ကမ္ဘာကြီးနဲ့
သက်ဆိုင်ပါတယ်
-
အစကတော့ ဘာလုပ်ရမလဲ သမီးမသိခဲ့ဘူး
¶
-
ကမ္ဘာကြီးက သိပ်ကြီးတယ်
-
ဆိုးဝါးလွန်းတဲ့ အကျင့်တွေကလဲ ရှိသေးတယ်
-
၁၅နှစ်အရွယ်လေးက ဘယ်လို ပြောင်းလဲ
လိုက်ရမလဲ မသိခဲ့ဘူး
-
ဒါပေမဲ့ ကြိုးစားကြည့်ခဲ့တယ်
-
ဒီလို ဒဿနိကအမြင်ကို အကျင့်တစ်ခုဖြစ်အောင်
¶
-
ကျောင်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
အသင်းထဲ ဝင်ခဲ့တယ်
-
သမီးအတန်းဖော်တွေက ပြန်လည်အသုံးပြုခြင်းနဲ့
ပတ်သက်တာတွေပြောနေကြပြီးသမုဒ္ဒရာအကြောင်း
-
ဇာတ်ကားတွေ ကြည့်နေကြတာကို သတိထားမိတယ်
-
အဲဒါတွေက ရာသီဥတုပြောင်းလဲရေးလှုပ်ရှားမှု
အပေါ််
-
ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ဆိုင်ရတနာ
အမြင် ဖြစ်တယ်
-
ရာသီဥတု ကပ်ဆိုက်တယ်ဆိုတာက
သုံးစွဲသူတွေကြောင့်
-
အပူချိန်တွေ မြင့်တက်လာတယ်
-
ဘာလို့လဲဆိုတော့သမီးတို့က ဆိုင်ကိုပြန်
သုံးနိုင်တဲ့အိတ်ယူသွားဖို့မေ့နေတယ်
-
အဖွားက မိခင်ကမ္ဘာမြေကြီးကို
ဂရုစိုက်ဖို့ ဆုံးဖြတ်ချက်တွေကို
¶
-
စုပေါင်းလုပ်ဆောင်ရမယ်ဆိုပြီး သမီးကို
သင်ပေးတယ်လေ
-
အဖွားကို ပြောပြရတာ ဝမ်းသာတယ်
-
သမီးတို့ အသင်းက လူတွေအားလုံးရဲ့ စိတ်ကို
သမီးပြောင်းနိုင်ခဲ့တယ်
-
ပြန်လည်အသုံးပြုခြင်းနဲ့ ပတ်သက်တာတွေ
ပြောမယ့်အစား
-
ပလပ်စတစ်တွေကို အတူတကွ တားမြစ်ကြဖို့
-
သမီးတို့က နိုင်ငံရေးသမားတွေဆီကို စာတင်တယ်
-
ပြီးတော့ မမျှော်လင့်တာတွေ ဖြစ်ခဲ့တယ်
¶
-
ကျောင်းကနေစပြီး သပိတ်မှောက်တာစခဲ့တယ်
-
အဖွား သတင်းကနေ တွေ့မယ်ထင်ပါတယ်
-
အဲဒါ ထူးခြားတာမဟုတ်လောက်ဘူး ဖြစ်မယ်
-
အဲဒီချိန်တုန်းက တကယ် ကြီးကြီးကျယ်ကျယ်
ဖြစ်ခဲ့တာ
-
စဥ်းစားကြည့်ပါ ကမ္ဘာကြီးကို ကယ်တယ်ဖို့
ဆိုပြီးကလေးတွေက ကျောင်းမသွားကြဘူး
-
(လူထု။ ကမ္ဘာသစ်ဆိုတာဖြစ်နိုင်တယ်
ငါတို့ကို မရပ်တန့်နိုင်ဘူး)
¶
-
Xiye Bastida:Greta Thunberg လို့ခေါ်တဲ့
ပထမဆုံးသော
¶
-
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆန္ဒပြပွဲအတွက်
-
အတန်းဖော်၆၀၀က သမီးနဲ့အတူ လျှောက်ကြတယ်
-
ရာသီဥတုအတွက်သပိတ်မှောက်ဖို့စခဲ့တဲ့
Greta Thunberg ဆိုတဲ့ဆယ်ကျော်သက်လေးပါ
-
သူ့ရဲ့ ရဲရင့်မှု သမီးကို အင်အားရစေတယ်
-
လူငယ်တွေကလည်း လူမှုရေးနဲ့ ဆိုင်တာတွေမှာ
လူတွေရဲ့ အမြင်ကို
-
ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ အချက်က သမီးကို
လန့်သွားစေတယ်
-
ဆန္ဒပြပွဲကအကြီးအကျယ်ပဲ
-
-
XB:သမီးက စီစဥ်သူတွေထဲက တစ်ယောက်ပဲ
¶
-
New York, US နဲ့ ကမ္ဘာကြီးအတွက်
-
(XB:ငါတို့ အလိုရှိတာ
လူထု: ရာသီဥတုအတွက် မျှတမှု)
¶
-
(XB:ဘယ်အချိန်လုပ်ချင်တာလဲ
လူထု။ အခု
-
XB:သမီးက ရာသီဥတုအတွက် မျှတမှုတွေ
ဒေသခံတွေရဲ့ အခွင့်အရေးတွေနဲ့
¶
-
ဒေသခံအဖွဲ့အစည်းတွေ အကြောင်း
ဟောပြောခဲ့တယ်
-
ဒါတွေက အစပဲရှိပါသေးတယ်
-
ဘဝမှာအလုပ်အရှုပ်ဆုံး အပတ်ကတော့
¶
-
၂၀၁၉၊စက်တင်ဘာ၊၂၀ အပတ်ပါပဲ
-
သမီးတို့တွေ New York သပိတ်မှောက်တာမှာ
လူပေါင်း၃သိန်းလောက် ပါဝင်ခဲ့ကြတယ်
-
အဖွားလည်း ရှိနေခဲ့ရင် ကောင်းမှာပဲ
-
Wall Street မှာာ ရာသီဥတု
တရားမျှတရေးအတွက်တောင်းဆိုခဲ့ကြတယ်
-
(လူထု:ကျောက်မီးသွေး၊ဆီတွေလျော့ချ
မြေဆီလွှာထဲကကာဗွန်တွေကိုထိန်းသိမ်းပါ)
¶
-
XB:အဲ့လမှာပဲသမီးက ကမ္ဘာ့ကုလသမဂ္ဂရဲ့
ရာသီဥတုဆိုင်ရာအစည်းအဝေကို
¶
-
တက်ခဲ့တယ် Al Gore နဲ့
စကားဝိုင်းပြောခဲ့တယ်
-
Jay Inslee, Naomi Klein, Bill McKibben
တို့နဲ့လည်း တွေ့ခဲ့တယ်
-
ကုလသမဂ္ဂရဲ့ ဥက္ကဌနဲ့လဲ တွေ့ခဲ့တယ်
-
အဲဒီအပတ်က သမီးဘဝမှာ အကောင်းဆုံး ဖြစ်ခဲ့တာ
-
ဘာလို့လဲဆိုတော့ သမီးသိသမျှလူတိုင်း
အကုန်ရောက်လာကြတာ
-
ဆရာမတွေကော အတန်းဖော်တွေကော
-
သမီးအကြိုက်ဆုံးစတိုးဆိုင်တစ်ချို့တောင်
ဆန္ဒပြဖို့ဆိုပြီး ဆိုင်တွေ ပိတ်ကြတယ်
-
ဘာလို့ အဲ့လိုတွေလုပ်ခဲ့လဲ မေးမယ်ဆိုရင်
-
သမီးပြောမယ့် အဖြေက တစ်ခုတည်းပါ
-
"ဘာလို့ မလုပ်နိုင်ရမှာလဲ"
-
သမီးစလုပ်ခဲ့တာက တစ်နှစ်လောက်ရှိသွားပြီ
¶
-
တခါတလေတော့လဲ နည်းနည်းတော့ ပင်ပန်းတာပေါ့
-
အဖွားသင်ပေးခဲ့တဲ့ အရာတစ်ခုက ဒူပေဒဏ်ပေခံ
နိုင်မှုပဲ
-
အဖွားက Mexico ကို မိသားစုအတွက်
ပိုက်ဆံရှာဖို့ဆိုပြီးနှစ်၃၀လုံး နေ့တိုင်း
-
သွားချင်နေခဲ့တာကိုသမီးသတိရသေးတယ်
-
အထွက်အမြတ်ထားတဲ့ မြေကို
ကုမ္ဗဏီကြီးတွေဆီကနေ ကာကွယ်ဖို့ဆိုပြီး
-
အဖိုးထွက်သွားတာလဲ နှစ်၂၀လောက်ရှိပြီ
-
တစ်နှစ်ဆိုတာ ဘာမှမဟုတ်ပါဘူး
-
သမီးတို့ မိသားစုဖြတ်သန်းခဲ့တာတွေနဲ့
ယှဥ်ရင်
-
ပြီးတော့ ဒီပင်ပန်းမှုတွေက ကမ္ဘာကြီးကို
ပိုကောင်းစေမှာလေ
-
ဒါတွေက လူတွေအတွက်လဲ ပိုကောင်းစေမှာ
-
အခက်အခဲတွေ အများကြီးရှိတာပေါ့ အဖွားရယ်
¶
-
ကမ္ဘာကြီးမှာ
-
လူတွေက ကလေးတွေကို အရာအားလုံး သိစေချင်တယ်
-
အနည်းဆုံးတော့ သူတို့ကဖြစ်စေချင်ကြတယ်
-
သူတို့က မေးခွန်းတွေမေးတော့ သမီးလည်း
ပြန်ဖြေတာပေါ့
-
ကမ္ဘာကြီးက ဘယ်လိုဖြစ်နေလဲ သမီးက
သေချာ သိတဲ့ဟာဆိုရင်
-
သူတို့တွေကမျှော်လင့်တယ် သမီးတို့က
ဖြည့်ပေးတယ်
-
သမီးကရာသီဥတုနဲ့ဥပဒေအကြောင်းတွေကိုစုစည်းတယ်
ရေးသား ပြောဆို ဖတ်ရူထားတယ်
-
မနှစ်က နေ့တိုင်းနီးပါးပဲ
-
ပြီးတော့ သမီးက နည်းနည်းစိုးရိမ်နေတယ်
-
ကောင်းကောင်းမလုပ်နိုင်မှာကို
-
အသက်၁၈နှစ်ရောက်ပြီး ရာသီဥတု လှုပ်ရှား
ပြောင်းလဲရေးဝါဒနဲ့ ကမ္ဘာကြီးကို
¶
-
ကယ်တင်ဖို့ လုပ်နေတဲ့ သမီးအဖို့
-
အရင်ကတော့ဆရာဝန်၊နိုင်ငံရေးသမား၊
သုတေသနပညာရှင်
-
အဲလိုတွေဖြစ်ဖို့ ကြိုးစားနေခဲ့တာလား
မသိပေမဲ့
-
အဲဒီလိုလူမျိုးဖြစ်ဖို့ စောင့်စား
မနေနိုင်တော့ဘူး
-
ကမ္ဘာကြီးက ဒုက္ခတွေ ခံစားနေရတယ်
-
သမီးတို့က နောက်ထပ်အချိန်ဖြုန်းနေလို့
မဖြစ်တော့ဘူး
-
ဆယ်ကျော်သက်အနေနဲ့ ကမ္ဘာကြီးကို ကယ်တင်မယ်
ဆိုတာ ကောင်းတဲ့ စကားဖြစ်ပြီးတော့
-
ရာသီဥတုကပ်ဆိုက်ခြင်းနောက်ကွယ်က
သိပ္ပံနည်းကျတွေကိုနားလည်ပြီး
-
ဖြေရှင်းရမယ့် ပြဿနာအတွက် သေချာတဲ့
ရှုထောင့်ကို ခေါ််ဆောင်လာပြီး
-
တစ်ခြားဟာတွေ အကုန်မေ့သွားတာပါပဲ
-
ဒါပေမဲ့ သမီးကတော့ တစ်ခြားအရာတွေကိုလည်း
ဂရုစိုက်ချင်သေးတယ်
-
ဆိုကပြီး အားကစားတွေလဲ လုပ်ချင်တယ်
-
သမီးတို့ အားလုံးသာ ကမ္ဘာကြီးကို
-
အလေ့အကျင့်တစ်ခုလို
-
ယဥ်ကျေးမှုတစ်ခုလို
ဂရုစိုက်ရင်
-
ဘယ်သူမှရာသီဥတုလှုပ်ရှားပြောင်းလဲရေးအတွက်
အချိန်ပြည့်လုပ်စရာမလိုတော့ဘူး
-
လုပ်ငန်းကသာ ထိန်းသိမ်းသွားနိုင်ရင်
¶
-
ပါဝါကွန်ရက်ကသာ ပြန်သုံးနိုင်တဲ့ စွမ်းအင်
အဖြစ်ပြောင်းလဲသွားရင်
-
ကမ္ဘာကြီးကို ဂရုစိုက်တာက လူသားဆန်ခြင်းရဲ့
တစ်စိတ်တဒေသဖြစ်ကြောင်း
-
ကျောင်းသင်ရိုးကသာ သမီးတို့ကို သင်ပြပေးရင်
-
သမီးလဲ အားကစားပြန်လုပ်ဖို့ အချိန်ပြန်ရမယ်
ထင်တယ်
-
အဖွားကော အဲ့လိုမထင်ဘူးလား
-
သမီးတို့ လုပ်နိုင်ပါတယ်
¶
-
သမီးလုပ်နေသမျှ အားလုံးက
-
တခြားသူတွေကို အကောင်းမြင်စိတ်ကို ဖြစ်စေတယ်
-
ဒါပေမဲ့ နည်းနည်းတော့ ခက်ခဲတာပေါ့
-
လောဘကြီးတာတွေ
-
မာနတရားတွေ
-
ငွေကြေးတွေ
-
ရုပ်ဝါဒစွဲတာတွေ ရှိနေတယ်
-
လူတွေကို စကားပြောဖို့ဆိုတာ လွယ်ကူတယ်
-
သင်ပြပေးဖို့ဆိုတာတော့ ခက်ခဲပါတယ်
-
ကိုယ့်အကောင်းဆုံးကို လုပ်ဖို့ ယုံကြည်ချက်
ရှိကြစေချင်တယ်
-
ကမ္ဘာကြီးကို ချစ်ဖို့ နှလုံးသားနဲ့ သတ္တိ
-
ရှိစေချင်တယ်
-
အဖွားသင်ပေးသလိုပေါ့
-
ကျေးဇူးတင်ချင်လို့ဒီစာရေးလိုက်တာပါ
¶
-
သမီးကို မွေးကတည်းက ကမ္ဘာကြီးကို ချစ်အောင်
-
ခေါ်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်
-
အရာအားလုံးကိုရီမောစေလို့
ကျေးဇူးတင်ပါတယ်
-
မျှော်လင့်ချက်နဲ့အကောင်းမြင်တာက
-
ပြဿနာတွေကို ကိုင်တွယ်တဲ့နေရာမှာ အင်အားကြီး
တဲ့ လက်နက်ဆိုတာ
-
သင်ပြပေးလို့ ကျေးဇူးတင်ပါတယ်
-
ဒဏ်ခံမှုတွေ၊ အချစ်တွေနဲ့ ဗဟုသုတတွေက
ပြောင်းလဲဖို့ လုပ်နိုင်တယ်
¶
-
ဆိုတဲ့ အဖွားရဲ့ သင်ကြားပြသမှုတွေကြောင့်
-
သမီး ဒီလိုမျိုးလုပ်နိုင်ခဲ့တာပါ
-
Mexico ကို ပြန်လာပြီး အဖွားဆီ
လာလည်ချင်ပါတယ်
-
သမီးလုပ်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ ပုံတွေကို
အဖွားကို ပြချင်တယ်
-
သမီးတို့ ရခဲ့တဲ့ ရာသီဥတုဥပဒေတွေကိုလဲ
-
အဖွားကို ပြချင်တယ်
-
ပန်းရနံ့လေးတွေရူရှိုက်ရင်း အဖွားနဲ့
-
အတူ ရာသီဥတု တရားမျှတရေးအတွက်
တိုက်ခိုက်ချင်ပါတယ်
-
-
ချစ်တယ်
-
Xiye မှ
-