Return to Video

Parkinson ရောဂါရှိသူတို့ရဲ့ ဘဝအတွက် ရိုးရှင်းတဲ့ လုပ်ကိုင်နည်းများ။

  • 0:01 - 0:04
    အိန္ဒိယမှာ ဒီလိုမိသားစုကြီးတွေ ရှိတယ်။
  • 0:04 - 0:06
    ဒီအကြောင်း တော်တော်များများ
    ကြားဖူးတာ ကျိန်းသေပါတယ်။
  • 0:06 - 0:09
    မိသားစုပွဲတွေ
    တစ်ပုံကြီး ရှိတာကို ဆိုလိုတာပါ။
  • 0:10 - 0:14
    ဒီတော့ ကလေးတုန်းက မိဘတွေက ကျွန်မကို
    မိသားစုပွဲတွေဆီ အတင်းဆွဲခေါ်သွားကြတယ်။
  • 0:14 - 0:17
    ဒါပေမဲ့ တစ်ခုရှိတာက ကျွန်မ
    အမြဲ စောင့်မျှော်တာက
  • 0:17 - 0:19
    ကျွန်မရဲ့ ဝမ်းကွဲတွေနားမှာ ကစားခြင်းပါ။
  • 0:20 - 0:22
    အဲဒီမှာ အမြဲ ရောက်ရောက်နေတဲ့
  • 0:22 - 0:24
    ဦးလေးတစ်ယောက်ရှိတယ်၊
  • 0:24 - 0:26
    အနားမှာ ခုန်ပေါက်ဖို့ အမြဲ အသင့်ရှိတာ၊
  • 0:26 - 0:27
    ကျွန်မတို့အတွက် ကစားနည်းတွေ
  • 0:27 - 0:30
    ကျွန်မတို့ ကလေးတွေ
    ပျော်အောင် လုပ်ပေးတာတွေပေါ့။
  • 0:31 - 0:33
    ဒီလူက အင်မတန်ကို အောင်မြင်၊
  • 0:33 - 0:35
    ယုံကြည်မှုရှိပြီး အစွမ်းရှိတဲ့သူပါ။
  • 0:36 - 0:40
    နောက်တော့ ဒီကျန်းမာပြီး နှလုံးပြည့်တဲ့လူ
    ကျန်းမာရေး ယိုယွင်းလာတာ တွေ့ရတယ်။
  • 0:41 - 0:44
    သူ့မှာ Parkinson ရောဂါရသွားတယ်။
  • 0:45 - 0:49
    Parkinson ရောဂါဟာ အာရုံကြောစနစ်ကို
    ယိုယွင်းစေတဲ့ ရောဂါတစ်မျိုးပါ၊
  • 0:49 - 0:52
    ဆိုလိုတာက အရင်က အမှီအခိုကင်းတဲ့
    လူတစ်ယောက်ဟာ
  • 0:52 - 0:57
    ကော်ဖီသောက်တာလို ကိစ္စမျိုးမှာ တုန်ယင်
    တာကြောင့် ရုတ်တရက် အရမ်းကို ခက်ခဲသွားတာပါ။
  • 0:58 - 1:00
    ကျွန်မရဲ့ ဦးလေးဟာ လမ်းလျှောက်ဖို့နဲ့
    အလှည့်အပြုလုပ်ဖို့
  • 1:00 - 1:02
    လမ်းလျှောက်ခုံ သုံးရပြီး
  • 1:02 - 1:06
    ပြောရရင် တစ်ကြိမ် ခြေတစ်လှမ်းနဲ့
    ဒီလိုမျိုး၊
  • 1:06 - 1:07
    အရမ်းကြာသွာတာပေါ့။
  • 1:08 - 1:11
    ဒီတော့ မိသားစု တွေ့ဆုံမှုတိုင်းမှာ
  • 1:11 - 1:13
    အများရဲ့ အာရုံစိုက်ခံခဲ့ရတဲ့ ဒီလူဟာ
  • 1:14 - 1:16
    ရုတ်တရက်ကို လူတွေနောက်မှာ
    ပုန်းကွယ်သွားတယ်။
  • 1:16 - 1:20
    သူဟာ လူတွေရဲ့ သနားကရုဏာ
    အကြည့်တွေကနေ ပုန်းကွယ်နေခဲ့တယ်။
  • 1:20 - 1:23
    ကမ္ဘာမှာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။
  • 1:23 - 1:29
    နှစ်စဉ် လူ ၆၀၀၀၀ ဟာ Parkinson ရောဂါ
    ဖြစ်တာ အသစ်အသစ် တွေ့နေပြီး
  • 1:29 - 1:31
    ဒီအရေအတွက်က တက်ချည်းနေတာပါ။
  • 1:32 - 1:38
    ထောင့်စုံပါတဲ့ ပြဿနာတွေကို ဖြေရှင်းပေးတဲ့
    ဒီဇိုင်းတွေကို ကျွန်မတို့ စိတ်ကူးကြတယ်။
  • 1:38 - 1:41
    တစ်ခုတည်းနဲ့ အားလုံး ဖြေရှင်းတာဆိုပေမဲ့
  • 1:41 - 1:43
    အမြဲတော့ ဒီလိုမျိုး ဖြစ်ဖို့မလိုဘူးလေ။
  • 1:44 - 1:46
    ရိုးရှင်းတဲ့ ပြဿနာတွေကိုလည်း
    ရည်မှန်းပြီး အသေးစား
  • 1:47 - 1:50
    ဖြေရှင်းနည်းတွေကို ဖန်တီးနိုင်ကာ အဆုံးမှာ
    အကြီးစား သက်ရောက်မှု ဖန်တီးနိုင်ပါတယ်။
  • 1:51 - 1:54
    ဒီတော့ ကျွန်မရည်ရွယ်ချက်က Parkinson
    ရောဂါကို ကုစားဖို့မဟုတ်ပေမဲ့
  • 1:55 - 1:58
    သူတို့ရဲ့ နေ့စဉ်ဆောင်တာတွေကို
    အများကြီး ပိုရိုးစင်းဖို့နဲ့
  • 1:58 - 1:59
    အကျိုးပြုတာတစ်ခု ဖန်တီးဖို့ပါ
  • 2:00 - 2:04
    အင်း၊ ပထမ ရည်မှန်းထားတာက
    ကတုန်ကယင်ဖြစ်တာပါ၊ ဟုတ်တယ်နော်။
  • 2:04 - 2:09
    ဦးလေးကပြောတာက ရှက်တာကြောင့်ပဲ
    လူကြားထဲ ကော်ဖီ (သို့) လက်ဖက်ရည်
  • 2:09 - 2:10
    သောက်တာ ရပ်ထားလိုက်တယ်တဲ့။
  • 2:11 - 2:14
    ဒါနဲ့ပဲ မဖိတ်တဲ့ခွက်ကို ပုံစံထုတ်ခဲ့တယ်။
  • 2:15 - 2:18
    ၎င်းရဲ့ ပုံစံသက်သက်မှာကို အလုပ်ဖြစ်ပါတယ်။
  • 2:18 - 2:23
    ထိပ်ဖျားက အကွေးက တုန်ယင်တဲ့အခါတိုင်း
    အရည်ကို အတွင်းဖက် ပြန်လွှဲပေးပြီး
  • 2:23 - 2:26
    ဒါက အတွင်းဘက်က အရည်ကို
    သာမန်ခွက်အတိုင်း ထိန်းပေးတယ်။
  • 2:27 - 2:32
    ဒါပေမဲ့ ဒီမှာ သော့ချက်က Parkinson
    လူနာထုတ်ကုန်လို့ စာကပ်မထားတာပါ။
  • 2:32 - 2:36
    ဒါက ရှင်တို့၊ ကျွန်မတို့လို ကိုးရိုးကားယား
    သမားတိုင်းသုံးနိုင်တဲ့ ခွက်ပုံပေါက်ပြီး
  • 2:36 - 2:40
    သူတို့အတွက် သုံးဖို့၊ ထည့်မွှေဖို့
    အများကြီးကို ပိုနှစ်သိမ့်ပေးနိုင်ပါတယ်။
  • 2:42 - 2:45
    ဒီတော့ ပြဿနာတစ်ခု ပြေလည်သွားတယ်။
  • 2:45 - 2:46
    အများကြီး ရှိသေးတာပေါ့။
  • 2:47 - 2:49
    ဒီအတော်အတွင်းမှာ သူ့ကို တွေ့ဆုံ
  • 2:49 - 2:51
    မေးမြန်းနေပြီးတော့
  • 2:51 - 2:54
    အပေါ်ယံ အချက်အလက်ပဲ (သို့)
    ကျွန်မမေးခွန်းတွေရဲ့ အဖြေလောက်ပဲ
  • 2:54 - 2:57
    ကျွန်မရရှိနေတယ်ဆိုတာ သဘောပေါက်မိတယ်။
  • 2:57 - 3:00
    ဒါပေမဲ့ အမြင်သစ်တစ်ခုရဖို့ ဒီထက်ပို
    နက်နက်တူးဖို့ လိုခဲ့တယ်လေ။
  • 3:01 - 3:05
    ဒီတော့ အင်း၊ သူရဲ့ နေ့စဉ်ဆောင်တာတွေကို
    စောင့်ကြည့်ကြတာပေါ့လို့ တွေးမိတယ်။
  • 3:05 - 3:07
    သူစားနေချိန်၊ တီဗွီကြည့်နေချိန်တွေမှာပေါ့။
  • 3:08 - 3:12
    ဒီနောက် သူ ထမင်းစားစားပွဲဆီ
    လှမ်းသွားနေတုန်း စောင့်ကြည့်နေမိတော့၊
  • 3:12 - 3:17
    အံအားသင့်မိတာက ပြင်ညီမှာ လမ်းလျှောက်ဖို့
    ဒီလောက်ခက်နေတဲ့ လူဟာ
  • 3:17 - 3:19
    လှေကားထစ်ကို ဘယ်လိုတက်မတုန်းပေါ့။
  • 3:19 - 3:23
    အကြောင်းက အိန္ဒိယမှာက တိုးတက်တဲ့
    နိုင်ငံတွေမှာလို ကိုယ့်ကို လှေကားအုံဆီ
  • 3:23 - 3:25
    ခေါ်သွားတဲ့ ဆန်းပြားတဲ့ လက်ရန်းမရှိဘူးလေ။
  • 3:25 - 3:27
    လှေကားထစ်တွေကို တကယ်တက်ရတာပါ။
  • 3:28 - 3:29
    ဒီတော့ သူ ကျွန်မကိုပြောတာက
  • 3:29 - 3:31
    "ကဲ၊ ဘယ်လိုလုပ်တယ်ဆိုတာ နင့်ကိုပြမယ်။"
  • 3:32 - 3:34
    ကျွန်မမြင်ခဲ့တာကို တဆိတ်လောက် ကြည့်ရအောင်။
  • 3:37 - 3:40
    ဒီတော့ ဒီနေရာကိုရောက်ဖို့
    တကယ့်ကို ကြာခဲ့ပြီး
  • 3:40 - 3:41
    ဒီအတော်အတွင်း တွေးနေမိတာက
  • 3:42 - 3:43
    "အိုး ဘုရားရေ၊ သူ တကယ်လုပ်တော့မှာပါလား။
  • 3:43 - 3:46
    သူ့ရဲ့ လမ်းလျှောက်ခုံမပါပဲ
    တကယ်လုပ်တော့မှာလား" ပေါ့။
  • 3:46 - 3:48
    ဒီနောက်မှာတော့ ...
  • 3:50 - 3:53
    (ရယ်သံများ)
  • 3:57 - 3:59
    အကွေ့တွေ လွယ်လွယ်လေး သူကွေ့ပတ်ခဲ့တယ်။
  • 4:01 - 4:02
    ဒီတော့ လန့်သွားလား။
  • 4:03 - 4:04
    အင်း၊ ကျွန်မရောပဲလေ။
  • 4:07 - 4:10
    ဒါနဲ့ ပြင်ညီမှာ လမ်းမလျှောက်နိုင်တဲ့ လူဟာ
  • 4:10 - 4:12
    လှေကားတက်ရာမှာတော့
    ရုတ်တရက် ဆရာကျလိုက်တာ။
  • 4:14 - 4:18
    ဒါကိုလေ့လာရင်း ဒါဟာ အဆက်မပြတ်
    ရွေ့ရှားမှုကြောင့်ဆိုတာသဘောပေါက်မိတယ်။
  • 4:18 - 4:22
    အလားတူ လက္ခဏာခံစားရတဲ့
    အခြားလူတစ်ယောက်လည်းရှိသေးပြီး
  • 4:22 - 4:23
    လမ်းလျှောက်ခုံသုံးပေမဲ့
  • 4:23 - 4:25
    စက်ဘီးပေါ်တက်လိုက်တဲ့ အခိုက်မှာ
  • 4:25 - 4:27
    သူ့ရဲ့ လက္ခဏာအားလုံး ပျောက်သွားတယ်။
  • 4:27 - 4:29
    အကြောင်းက အဆက်မပြတ် ရွေ့ရှားမှုကြောင့်ပါ။
  • 4:30 - 4:34
    ဒီတော့ ကျွန်မအတွက် သော့ချက်က
    လှေကားပေါ်မှာ လျှောက်တဲ့ခံစားချက်ကို
  • 4:34 - 4:35
    ပြင်ညီကို ပြောင်းပေးဖို့ပါ။
  • 4:36 - 4:39
    သူ့ကို များစွာသော စိတ်ကူးတွေနဲ့
    စစ်ဆေး၊ စမ်းသပ်ခဲ့ပေမဲ့
  • 4:39 - 4:42
    နောက်ဆုံး အလုပ်ဖြစ်တဲ့တစ်ခုက
    ဒါပါ။ ကြည့်ကြပါဦး။
  • 4:45 - 4:48
    (ရယ်သံများ)
  • 4:49 - 4:53
    (လက်ခုပ်သံများ)
  • 4:53 - 4:54
    သူလျှောက်တာ ပိုမြန်သွားတယ်နော်
  • 4:54 - 4:58
    (လက်ခုပ်သံများ)
  • 4:59 - 5:02
    ဒါကို အရိပ်လှေကားလို့ ကျွန်မခေါ်ပြီး
  • 5:02 - 5:07
    တကယ်တော့ အရိပ်လှေကား ရုတ်တရက်
    ဆုံးသွားတဲ့အခါ သူ မှင်တက်သွားတယ်၊
  • 5:07 - 5:09
    ဒါကို ခြေလှမ်းရဲ့အေးစက်ခြင်းလို့ ခေါ်တယ်။
  • 5:09 - 5:10
    ဒါ အများကြီး ဖြစ်ခဲ့တော့
  • 5:10 - 5:14
    သူတို့ အများကြီး ပိုယုံကြည်မှုရှိအောင်
    လုပ်ပေးတဲ့ သူတို့ အခန်းအားလုံးကို
  • 5:14 - 5:16
    ဖြတ်စီးတဲ့ အရိပ်လှေကားတစ်စင်း
    လုပ်ပေးကြတာပေါ့။
  • 5:17 - 5:20
    သိတဲ့အတိုင်း နည်းပညာက
    အမြဲတမ်း ဖြေရှင်းတာ မဟုတ်ဘူးလေ။
  • 5:20 - 5:23
    ကျွန်မတို့ လိုအပ်တာက လူသား
    ဗဟိုပြုတဲ့ ဖြေရှင်းနည်းတွေပါ။
  • 5:23 - 5:25
    ဒါကို ထိုးပြတာ (သို့)
    Google Glass ဒါမှမဟုတ်
  • 5:25 - 5:27
    အလားတူဟာမျိုး အလွယ်လွယ်နဲ့ လုပ်လို့ရပေမဲ့
  • 5:28 - 5:30
    ကြမ်းပြင်မှာ ရိုးရိုးပဲ
    ပုံနှိပ် ကပ်လိုက်တယ်။
  • 5:30 - 5:33
    သူတို့ကို အများကြီး ပိုကြိုဆိုတယ်
    ဆိုတာဖြစ်ဖို့
  • 5:33 - 5:36
    ဒီပုံနှိပ်တာကို ဆေးရုံတွေထဲကို
    ယူသွားနိုင်ပါတယ်။
  • 5:37 - 5:40
    ကျွန်မ ဆန္ဒရှိတာက Parkinson
    ရောဂါသည်တိုင်း အဲဒီနေ့က
  • 5:40 - 5:42
    ကျွန်မဦးလေးလိုမျိုး ခံစားစေချင်တာပါ။
  • 5:42 - 5:46
    သူပြောတာက ကျွန်မဟာ သူ့ကို အရင်ကလို
    ပြန်ခံစားရအောင် လုပ်ပေးတာတဲ့။
  • 5:47 - 5:51
    ယနေ့ကမ္ဘာရဲ့ 'တော်တယ်' ဆိုတာဟာ အဆင့်မြင့်
    နည်းပညာရဲ့ အနက်တူဖြစ်လာပြီး
  • 5:52 - 5:55
    ကမ္ဘာကြီးဟာ တစ်နေ့နဲ့တစ်နေ့
    ပို တော်တော် လာတာပါ။
  • 5:56 - 5:59
    ဒါပေမဲ့ ဘာလို့ တော်တာဟာ ရိုးရှင်းပေမဲ့
    ထိရောက်တာတစ်ခုခု မလုပ်နိုင်ရမှာလဲ။
  • 6:00 - 6:04
    ကျွန်မတို့ လိုတာဆိုလို့ မျှဝေခံစားမှု
    နည်းနည်း၊ သိလိုစိတ်နဲ့
  • 6:04 - 6:07
    အဲဒီကိုသွားပြီး စူးစမ်းဖို့ပါ။
  • 6:07 - 6:08
    ဒါပေမဲ့ ဒီမှာ မရပ်လိုက်ပါနဲ့ဦး။
  • 6:09 - 6:12
    ဒီရှုပ်ထွေးတဲ့ ပြဿနာတွေကို ရှာကြပါစို့။
    ဒါတွေကို လန့်မသွားပါနဲ့။
  • 6:12 - 6:16
    ဒါတွေကို ပိုသေးတဲ့ ပြဿနာတွေအဖြစ်
    စိတ်ခွဲ၊ ကျိုချက်ပြီး
  • 6:16 - 6:18
    ရိုးစင်းတဲ့ ဖြေရှင်းနည်းတွေ ရှာလိုက်ကြပါ။
  • 6:18 - 6:21
    ဒီဖြေရှင်းနည်းတွေကို စမ်းသပ်ပါ၊
    လိုအပ်လို့ ကျရှုံးပေမဲ့
  • 6:21 - 6:24
    ပိုသစ်တဲ့ အမြင်တွေတဲ့
    ပိုကောင်းအောင်လုပ်ကြပါ။
  • 6:24 - 6:28
    ရိုးစင်းတဲ့ ဖြေရှင်းနည်းတွေရလာခဲ့ရင်
    ဘာလုပ်နိုင်မလဲဆိုတာ စိတ်ကူးကြည့်လိုက်ပါ။
  • 6:29 - 6:32
    ရိုးစင်းတဲ့ ဖြေရှင်းနည်းတွေ ပေါင်းလိုက်ရင်
    ကမ္ဘာဘယ်လို့ဖြစ်သွားလိမ့်မလဲ။
  • 6:33 - 6:36
    ပိုတော်တဲ့ ကမ္ဘာတစ်ခု ဖန်တီးကြပါစို့၊
    ရိုရှင်းမှုနဲ့ပေါ့နော်။
  • 6:36 - 6:37
    ကျေးဇူးတင်ပါတယ်။
  • 6:37 - 6:40
    လက်ခုပ်သံများ။
Title:
Parkinson ရောဂါရှိသူတို့ရဲ့ ဘဝအတွက် ရိုးရှင်းတဲ့ လုပ်ကိုင်နည်းများ။
Speaker:
Mileha Soneji
Description:

Parkinson ရောဂါလို ခက်ခဲလှတဲ့ အရာကို ကိုင်တွယ်ဖြေရှင်းရတဲ့အခါ တစ်ခါတစ်လေကျတော့ ရိုးရှင်းတဲ့ လုပ်နည်းတွေဟာ အကောင်းဆုံးပါ။ လှုံဆော်ပေးနိုင်တဲ့ ဒီဟောပြောချက်မှာ Mileha Soneji ကနေပြီး Parkinson ရောဂါနဲ့ ရှင်သန်နေထိုင်သူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနည်းငယ် ပိုလွယ်ကူစေအောင်လုပ်ပေးတဲ့ နားလည်ရန်လွယ်ကူတဲ့ ဒီဇိုင်းတွေကို မျှဝေထားပါတယ်။ သူမပြောတာက "နည်းပညာဟာ အမြဲတမ်းတော့ ဖြေရှင်းချက်မဟုတ်ပါဘူး။ ကျွန်မတို့ လိုအပ်တာက လူသားကို ဗဟိုပြုတဲ့ ဖြေရှင်းနည်းတွေပါ"တဲ့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:57

Burmese subtitles

Revisions