Return to Video

လ ပေါ်ပေါက်လာခဲ့ခြင်းဆိုင်ရာ သီအိုရီ အသစ်

  • 0:01 - 0:03
    ဘယ်သူမှာမှ အမှားကို မလုပ်ချင်ပါ။
  • 0:04 - 0:06
    ကျွန်မက တကယ့်အမှားကြီးကို
    လုပ်မိခဲ့တယ်။
  • 0:08 - 0:13
    ကျွန်မ လုပ်ခဲ့တာ ဘာမှားနေသလဲ ဆိုတာကို
    ရှာကြံမှုက တွေ့ရှိချက် တစ်ခုဆီပို့ပေးခဲ့ရာ
  • 0:13 - 0:17
    ကျွန်မတို့က ကမ္ဘာကြီးနဲ့ လအကြောင် တွေးခေါ်
    ကြပုံကို လုံးဝကို ပြောင်းလဲပစ်လိုက်တယ်။
  • 0:17 - 0:19
    ကျွန်မက ဂြိုဟ်များဆိုင်ရာ သိပ္ပံပညာရှင်ပါ။
  • 0:19 - 0:23
    ကျွန်မ အကြိုက်ဆုံးအရာက
    ဂြိုဟ်တွေကို အတူတူ တိုက်ပေးခြင်းပါ။
  • 0:23 - 0:24
    (ရယ်သံများ)
  • 0:24 - 0:30
    ကျွန်မရဲ့ ဓာတ်ခွဲခန်းမှာ ဒီလိုအမြောက်တွေ
    သုံးပြီ ကျောက်တွေကို ပစ်ခတ်နိုင်တယ်။
  • 0:31 - 0:32
    (အမြောက် ပစ်သံ)
  • 0:33 - 0:34
    (ရယ်သံများ)
  • 0:34 - 0:38
    ကျွန်မရဲ့ စမ်းသပ်ချက်တွေထဲတွင် ကျွန်မဟာ
    ဂြိုဟ်တွေ စပေါ်ပေါက်ခဲ့စဉ်တုန်းက
  • 0:38 - 0:41
    မကြုံစဖူး ထူးကဲတဲ့ အခြေအနေမျိုးကို
    ဖန်တီးပေးနိုင်တယ်။
  • 0:41 - 0:45
    ပြီးရင် ကွန်ပျူတာမော်ဒယ်တွေဖြင့် ဂြိုဟ်
    တစ်ခုလုံးကို အခြားတစ်ခုနဲ့ တိုက်ပေးလျက်
  • 0:45 - 0:46
    သူတို့ ကြီးထွားလာစေရန်
  • 0:46 - 0:48
    ဒါမှမဟုတ် ၎င်းတို့ကို ဖျက်ဆီးပစ်နိုင်တယ်။
  • 0:48 - 0:49
    (ရယ်သံများ)
  • 0:50 - 0:55
    ကမ္ဘာကြီးနဲ့ လကို ဘယ်လိုများ
    ပြုလုပ်ယူနိုင်မလဲ ဆိုတာ နားလည်ချင်တယ်၊
  • 0:55 - 0:59
    ကမ္ဘာကြီးက ဒီပြင်ဂြိုဟ်တွေနဲ့စာရင်
    ဘာဖြစ်လို့ သိပ်ကို မတူချင်တာလဲ သိချင်တယ်။
  • 0:59 - 1:03
    ကမ္ဘာကြီးနဲ့ လအတွက် အဓိကအကျဆုံး
    စိတ်ကူးကို
  • 1:03 - 1:05
    "ဧရာမ တိုက်မိမှု သီအိုရီ" လို့ ခေါ်ပါတယ်။
  • 1:05 - 1:09
    အဲဒီ သီအိုရီအဆိုအရ အင်္ဂါဂြိုဟ် အရွယ်လောက်
    အရာဟာ ကမ္ဘာကြီးကို ဝင်တိုက်ခဲ့တဲ့ နောက်မှာ
  • 1:09 - 1:15
    ကမ္ဘာဂြိုဟ်ကို ဝန်းရံနေခဲ့တဲ့ အစအနတွေရဲ့
    အပြားမှနေပြီး လဟာ ပေါ်ပေါက်လာခဲ့တယ်။
  • 1:16 - 1:19
    အဲဒီသီအိုရီဟာ လအကြောင်း
    အချက်တွေ အများကြီးကို ရှင်းပြနိုင်ပေမဲ့၊
  • 1:19 - 1:22
    ၎င်းထဲမှာ ကြီးမားလှတဲ့
    အားနည်းချက် ရှိနေတယ်။
  • 1:22 - 1:27
    ပြီးတော့ လဟာ အင်္ဂါဂြိုဟ် အရွယ်အစားရှိ
    ဂြိုဟ်မှ ပေါ်ထွန်းလာခဲ့တယ်လို့ ခံယူပြီး
  • 1:27 - 1:30
    ကမ္ဘာကြီးနဲ့ လတို့ကို မတူခြားနားတဲ့
    ပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။
  • 1:31 - 1:33
    ဒါပေမဲ့ ကျွန်မတို့ မြင်ရတာက
    အဲဒီလို မဟုတ်ပါဘူး။
  • 1:33 - 1:37
    တကယ်ကျတော့ ကမ္ဘာကြီးနဲ့ လတို့ဟာ
    ဆင်တူကြတဲ့ အမွှာတွေနဲ့ တူကြတယ်။
  • 1:38 - 1:43
    ဂြိုလ်တွေရဲ့ မျိုးရိုးဗီဇကုဒ်ကို ဒြပ်စင်
    တွေရဲ့ အိုင်ဆိုတုပ်များထဲမှာ ရေးထားပါတယ်။
  • 1:43 - 1:45
    ကမ္ဘာကြီးနဲ့ လတို့ဆီမှာ
    အိုင်ဆိုတုပ်တွေ လုံးဝတူကြတယ်။
  • 1:46 - 1:50
    ဒီတော့ ကမ္ဘာကြီးနဲ့ လကို တူညီတဲ့
    ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ရှင်းနေတယ်။
  • 1:51 - 1:55
    ကမ္ဘာကြီးနဲ့ လတို့ဟာ အမွှာများလို
    ဖြစ်နေခြင်းဟာ တကယ့်ကို ထူးဆန်းပါတယ်။
  • 1:55 - 1:58
    ဂြိုလ်တွေအားလုံးကို ကွဲပြားခြားနားတဲ့
    ပစ္စည်းများဖြင့် ပြုလုပ်ထားတယ်၊
  • 1:58 - 2:00
    ဒါကြောင့် ၎င်းတို့ရဲ့ အိုင်ဆိုတုပ်တွေ
    မတူ ခြားနားကြတယ်၊
  • 2:00 - 2:03
    ၎င်းတို့ဆီမှာ ပင်ကို မျိုးရိုးဗီဇကုဒ်တွေ
    ရှိကြပါတယ်။
  • 2:03 - 2:07
    ဘယ်ဂြိုဟ်တွေမှာမှ မျိုးရိုးဗီဇ
    ပုံစံတွေ ဆက်စပ်မှု မရှိကြပါ။
  • 2:08 - 2:10
    ကမ္ဘာကြီးနဲ့ လတို့သာလျှင် အမွှာပူးတွေပါ။
  • 2:12 - 2:14
    ကျွန်မက လရဲ့ဇာစ်မြစ်ကို
    စပြီး လေ့လာချိန်မှာ
  • 2:14 - 2:18
    ဧရာမ တိုက်မှု စိတ်ကူးကို ငြင်းပယ်လို
    ကြတဲ့ သိပ္ပံပညာရှင်တွေ ရှိခဲ့ပါတယ်။
  • 2:18 - 2:22
    ကမ္ဘာကြီးနဲ့ လတို့အကြား အထူးဆက်စပ်မှုကို
    အဲဒီသီအိုရီက ဘယ်လိုမှ ရှင်းမပြနိုင်ဘူးလို့
  • 2:22 - 2:24
    သူတို့က ထောက်ပြခဲ့ကြပါတယ်။
  • 2:25 - 2:27
    ကျွန်မတို့ အားလုံးက စိတ်ကူးအသစ်ကို
    ရှာကြံလိုခဲ့ကြတယ်။
  • 2:28 - 2:31
    ဒါပေမဲ့ ပြဿနာက ပိုကောင်းတဲ့
    စိတ်ကူးရယ်လို့ မရှိခဲ့ခြင်းပါ။
  • 2:32 - 2:36
    တွေးမိတဲ့ ဒီ့ပြင် စိတ်ကူးတွေးထဲမှာ ပိုလို့
    ကြီးမားတဲ့ လွဲချော်ချက်တွေ ရှိနေခဲ့ကြတယ်။
  • 2:36 - 2:40
    အဲဒါနဲ့ ကျွန်မတို့ ဧရာမ တိုက်မိမှု သိအိုရီ
    ကို ကယ်တင်ဖို့ အားထုတ်ခဲ့ကြရတယ်။
  • 2:41 - 2:46
    ကျွန်မအုပ်စုထဲက လူငယ်သိပ္ပံပညာရှင် တစ်ဦးက
    ဧရာမ တိုက်မိရဲ့ လည်ပတ်နှုန်းကို
  • 2:46 - 2:48
    ပြောင်းစမ်းကြည့်ရန် အကြံပေးတယ်။
  • 2:48 - 2:52
    ကမ္ဘာကြီးကို ပိုမြန်စွာ လည်စေခဲ့ခြင်းက
    ရာဝတ္ထုတွေကို ပိုရောယှက်နိုင်ခဲ့ပြီး
  • 2:52 - 2:54
    လဖြစ်ပေါ်ပုံကို ရှင်းပြနိုင်ပါတယ်။
  • 2:55 - 2:57
    အင်္ဂါဂြိုဟ် အရွယ်ရှိ တိုက်ခိုက်ခံရမှုကို
    ရွေးခဲ့ကြတာက
  • 2:57 - 2:59
    အဲဒီကနေ လဟာ ပေါ်နိုင်ခဲ့ပြီး
  • 2:59 - 3:02
    ကမ္ဘာမြေရဲ့နေ့တာ အချိန်ကို
    ဖန်တီးပေးနိုင်ခဲ့လို့ပါ။
  • 3:03 - 3:05
    လူတွေက မော်ဒယ်ရဲ့ အဲဒီအပိုင်းကို
    တကယ် နှစ်ခြိုက်ခဲ့ကြတယ်။
  • 3:06 - 3:10
    အဲဒီလို မဟုတ်ဘဲ အခြားအရာက ကမ္ဘာကြီးရဲ့
    နေ့တာ အရှည်ကို ဆုံးဖြတ်ပေးခဲ့ရင်ကော်။
  • 3:10 - 3:15
    အဲဒီလိုဆိုရင် လကို ဖြစ်ပေါ်စေခဲ့တဲ့ ဧရာမ
    တိုက်ခိုက်မှုတွေ များစွာ ရှိနိုင်ခဲ့ပါတယ်။
  • 3:16 - 3:19
    ဘယ်လိုများ ဖြစ်လာနိုင်မလဲကို
    ကျွန်မက သိချင်စိတ်ပြင်းပြစွာဖြင့်
  • 3:19 - 3:24
    ကျွန်မဟာ လည်ပတ်နှုန်း ပိုမြန်စေမယ့် ဧရာမ
    တိုက်မိမှုကို စမ်းကြည့်ဖို့ ကြိုးစားခဲ့ရာ၊
  • 3:24 - 3:26
    ဂြိုဟ်ထဲ ပါဝင်ကြတဲ့ ပစ္စည်းများ
  • 3:26 - 3:30
    ရောယှက်မှု ကနေပြီး အချပ်ပြားကို
    လုပ်ရနိုင်တာ တွေ့နိုင်ခဲ့ပါတယ်။
  • 3:30 - 3:33
    ကျွန်မတို့ အတော်လေး
    စိတ်လှုပ်ရှားနေခဲ့ကြတယ်။
  • 3:33 - 3:36
    လကို ရှင်းပြဖို့ နည်းလမ်း
    ဖြစ်နိုင်ခဲ့ပါတယ်။
  • 3:37 - 3:42
    ပြဿနာက အဲဒီလို ဖြစ်နိုင်ဖို့ အလားအလာ
    နည်းပါးလှတာကိုလည်း တွေ့ခဲ့ကြပါတယ်။
  • 3:42 - 3:45
    အချိန်အများစုမှာ ချပ်ပြားဟာ
    ဂြိုဟ်နဲ့ မတူခြားနားပါတယ်၊
  • 3:45 - 3:48
    လကို အဲဒီလိုနည်းဖြင့် ပေါ်ထွန်းစေမှုက
  • 3:48 - 3:51
    နက္ခတ္တဗေဒဆိုင်ရာ
    တိုက်ဆိုင်မှု ဖြစ်ရပါမယ်၊
  • 3:52 - 3:55
    အဲဒါကြောင့်မို့လို့ လနဲ့ ကမ္ဘာအကြား
    အထူး ဆက်နွှယ်မှုဟာ
  • 3:55 - 3:59
    မတော်တဆ ဖြစ်လာခဲ့နိုင်တာကို
    လက်ခံဖို့ ခဲယဉ်းခဲ့ပါတယ်။
  • 4:01 - 4:04
    ဧရာမ တိုက်မိမှု သီအိုရီဟာ
    အခက်အခဲ ကြုံနေရဆဲဖြစ်ခဲ့လို့
  • 4:05 - 4:08
    လကို ဘယ်လိုများ ဖန်တီးနိုင်မလဲ
    ဆိုတာကို ကြံဆနေခဲ့ရတယ်။
  • 4:10 - 4:14
    ဒါနဲ့ ကျွန်မရဲ့ အမှားကို
    နာလည်မိတဲ့ နေ့ ရောက်လာခဲ့တယ်။
  • 4:15 - 4:20
    ကျောင်းသားတွေနဲ့အတူ လျင်မြန်စွာ လည်ပတ်စေ
    တဲ့ ဧရာမတိုက်မိမှု ဒေတာကို ကြည့်နေခဲ့တယ်။
  • 4:20 - 4:23
    အဲဒီနေ့တွင် ကျွန်မတို့ လအကြောင်းကို
    မစဉ်းစားခဲ့ကြဘဲ
  • 4:23 - 4:25
    ဂြိုဟ်ကို ကြည့်ရှုနေခဲ့ကြတယ်။
  • 4:25 - 4:28
    ဂြိုဟ်ဟာ တိုက်မိမှုရဲ့ စွမ်းအင်ကြောင့်
    အရမ်းကို ပူပြင်းလာပြီး
  • 4:28 - 4:30
    တချို့အပိုင်းတွေ
    အငွေ့ပျံလွင့်စင်သွားခဲ့ကြတယ်။
  • 4:31 - 4:33
    ဒါပေမဲ့ ဒေတာဟာ ဂြိုဟ်နဲ့မတူချင်ခဲ့ပါ။
  • 4:34 - 4:35
    ၎င်းဟာ တကယ့်ကို ထူးဆန်းနေခဲ့ပါတယ်။
  • 4:35 - 4:38
    ဂြိုဟ်ဟာ အချပ်ပြားနဲ့
    နားလည်မရအောင် ချိတ်ဆက်လျက် ရှိနေခဲ့တယ်။
  • 4:39 - 4:42
    တကယ့်ကို အမှားလို ထင်ရတယ်
    အရာတစ်ခုခုက
  • 4:42 - 4:46
    တကယ့်ကို စိတ်ဝင်စားစရာ အရာဖြစ်လာလို့
    ကျွန်မ သိပ်ကို စိတ်လှုပ်ရှားမိနေခဲ့တယ်။
  • 4:47 - 4:49
    ကျွန်မရဲ့ တွက်ချက်မှု အားလုံးတို့ထဲမှာ
  • 4:49 - 4:53
    ဂြိုလ်တစ်ခုနဲ့ သီးခြား အချပ်ပြား
    ရှိနေခဲ့ကြောင်း ခံယူထားခဲ့ပါတယ်။
  • 4:53 - 4:55
    အချပ်ပြားထဲတွင် ဘာတွေ ရှိနိုင်ခဲ့ကြောင်း
    တွက်ချက်မှုက
  • 4:55 - 4:58
    တိုက်မိမှုကြောင် လဖြစ်ပေါ်လာနိုင်လား
    ဆိုတာကို စမ်းသပ်မှု ဖြစ်ခဲ့တယ်။
  • 4:59 - 5:01
    ဒါပေမဲ့ အရာတွေဟာ အဲဒီလို
    ရိုးရှင်း မနေတော့ပါ။
  • 5:04 - 5:07
    ကျွန်မတို့ရဲ့ မှားခဲ့တဲ့ အချက်က
  • 5:07 - 5:11
    ဂြိုဟ်တစ်ခုဟာ အစဉ်ပဲ ဂြိုဟ်ဖြစ်မယ်လို့
    ထင်မှတ်ခဲ့ခြင်းပါပဲ။
  • 5:12 - 5:19
    ဧရာမ တိုက်ခိုက်မှုဟာ လုံးဝမတူတဲ့ အရာကို
    ဖန်တီးနိုင်ခဲ့တာကို ကျွန်မ သိလိုက်တယ်။
  • 5:20 - 5:23
    ကျွန်မဘဝထဲမှာ
    eureka တဒင်္ဂတွေ ရှိခဲ့ဘူးပါတယ်။
  • 5:23 - 5:25
    ဒါပေမဲ့ အခုဟာက အဲဒါမျိုး မဟုတ်ခဲ့ပါ။
  • 5:25 - 5:26
    (ရယ်သံများ)
  • 5:26 - 5:29
    တကယ်ဖြစ်ပျက်နေတာကို
    ကျွန်မ နားမလည်နိုင်ခဲ့ပါ။
  • 5:30 - 5:32
    ကျွန်မရှေ့မှာ ထူးဆန်းတဲ့
    အရာအသစ်ဟာ ရှိနေခဲ့ပြီး
  • 5:32 - 5:35
    အဲဒါ ဘာလဲ ဆိုတာကို ခန့်မှန်းဖို့
    စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်။
  • 5:36 - 5:39
    မသိတဲ့ အရာတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ
    ခင်ဗျားတို့ ဘာလုပ်လေ့ရှိကြလဲ။
  • 5:40 - 5:42
    ဘာကနေပြီး စတင် လုပ်ကိုင်ရမှာလဲ။
  • 5:42 - 5:45
    ကျွန်မတို့ဟာ ဖြစ်နိုင်သမျှ
    မေးခွန်းတွေကို ဆန်းစစ်ခဲ့ကြတယ်-
  • 5:45 - 5:47
    ဂြိုဟ်ဆိုတာက ဘာလဲ?
  • 5:47 - 5:49
    ဂြိုဟ်တစ်ခုဟာ ဘယ်အချိန်ကျရင်
    ဆက်ပြီး ဂြိုဟ်မဟုတ်တော့တာလဲ။
  • 5:49 - 5:52
    ကျွန်မတို့ဟာ စိတ်ကူး
    အသစ်တွေကို ကြံဆကြည့်ခဲ့ကြတယ်။
  • 5:52 - 5:55
    ကျွန်မတို့ဟာ တွေးခေါ်ပုံ
    အဟောင်းတွေကို ဖယ်ပစ်ရန် လိုခဲ့တယ်၊
  • 5:55 - 5:59
    ကစားကြည့်ခြင်းဖြင့် ရှိသမျှ ဒေတာကို၊
    လက်တွေ့ ကမ္ဘာကြီးရဲ့ စည်းကမ်းချက်တွေကို
  • 5:59 - 6:01
    ကျွန်မ လွှင့်ပစ်နိုင်ခဲ့လျက်၊
  • 6:01 - 6:03
    လွတ်လပ်တဲ့ စိတ်ဖြင့် စူးစမ်းနိုင်ခဲ့ပါတယ်။
  • 6:04 - 6:07
    ကိုယ့်စိတ်ထဲမှာ အဲဒီလို နေရာလွတ်ကို
    ဖန်တီးပေးပြီး
  • 6:08 - 6:10
    ကျွန်မဟာ လက်ခံနိုင်ဖွယ်ရာ
    မရှိတဲ့ စိတ်ကူးတွေကို
  • 6:11 - 6:15
    စမ်းသပ်ကြည့်လျက် လက်တွေ့ လောကဆီကို
    ပြန်ယူလာကာ စမ်းကြည့်ခြင်းဖြင့်
  • 6:15 - 6:17
    ကျွန်မ နားလည်နိုင်ဖို့အတွက်ပါ။
  • 6:19 - 6:22
    အဲဒီလို ကစားကြည့်ရင်း ကျွန်မတို့
    အများကြီး နားလည်လာနိုင်ခဲ့ကြတယ်။
  • 6:23 - 6:26
    ကျွန်မဟာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေကို
    ကွန်ပျူတာမော်ဒယ်တွေနဲ့ ပေါင်းစပ်ကြည့်တော့
  • 6:26 - 6:29
    ဧရာမ တိုက်ခိုက်မှု အများစုရဲ့ နောက်မှာ
  • 6:29 - 6:32
    ကမ္ဘာကြီးဟာ သိပ်ကို ပူလွန်းလို့
    မြေမျှမျက်နှာပြင်ရယ်လို့ မရှိခဲ့ပါ။
  • 6:32 - 6:35
    အဲဒီမှာ ရှိတာက အနက်ပိုင်းတွင်
    ပိုပိုသိပ်သည်းလာတဲ့ ဓာတ်ငွေ့အလွှာတွေပါ။
  • 6:35 - 6:37
    ကမ္ဘာကြီးဟာ ဂျူပီတာနဲ့ တူခဲ့ပုံရပါတယ်။
  • 6:37 - 6:39
    မတ်တပ်ရပ်စရာ နေရာရယ်လို့ မရှိပါ။
  • 6:40 - 6:43
    ပြီးတော့ အဲဒါက ပြဿနာရဲ့
    တစ်ပိုင်းမျှ ဖြစ်ခဲ့တယ်။
  • 6:43 - 6:46
    ကျွန်မဟာ ပြဿနာ တစ်ခုလုံးကို
    သိနားလည်ချင်ခဲ့တယ်။
  • 6:46 - 6:50
    ဧရာမ တိုက်ခိုက်မှု ဖြစ်တဲ့အခါမှာ ဘာတွေ
    ဖြစ်ပျက်လာနိုင်ကြောင်း စိန်ခေါ်မှုကို
  • 6:50 - 6:52
    ကျွန်မ မစွန့်လွှတ်နိုင်ခဲ့ပါ။
  • 6:52 - 6:55
    ဒါနဲ့ ဒေတာကို ကျွန်မတို့ နားလည်နိုင်ရန်နဲ့
  • 6:55 - 6:57
    လအတွက် အဲဒါရဲ့ အဓိပ္ပါယ်က ဘယ်လိုများလဲ
    ဆိုတာ သိလာဖို့
  • 6:58 - 6:59
    စိတ်ကူးဟောင်းတွေကို စွန့်ပစ်ရင်း
  • 7:00 - 7:02
    စိတ်ကူး အသစ်တွေကို တည်ဆောက်ရင်း
  • 7:03 - 7:05
    နှစ်နှစ်အထိကို ကျွန်မတို့
    အချိန်ယူခဲ့ကြရတယ်။
  • 7:06 - 7:10
    ကျွန်မဟာ နက္ခတ္တဗေဒ အရာဝတ္ထု
    အမျိုးအစားအသစ်ကို ရှာတွေ့ခဲ့တယ်။
  • 7:11 - 7:13
    အဲဒါဟာ ဂြိုဟ်မဟုတ်ခဲ့ပါဘူး။
  • 7:13 - 7:15
    အဲဒါကို ဂြိုဟ်မှ ပြုလုပ်ထားတာပါ။
  • 7:16 - 7:18
    ဂြိုဟ်ဆိုတာက
    မိမိရဲ့ကိုယ်ပိုင် ဆွဲငင်အားကိုက
  • 7:18 - 7:21
    ၎င်းကို လုံးဝိုင်းနေတဲ့ ပုံစံမျိုး
    ဖြစ်လာစေဖို့ လုံလောက်ပါတယ်။
  • 7:21 - 7:23
    ၎င်းဟာ အားလုံးအတူတကွ
    လည်ပတ်ပါတယ်။
  • 7:23 - 7:26
    အဲဒါကို ပိုပူလာစေပြီး
    ပိုမြန်အောင် လည်စေရင်
  • 7:26 - 7:30
    အီကွေတာဟာ အစွန်းဆုံးနေရာအထိ
    ပိုပိုကြီးလာမှာပါ။
  • 7:30 - 7:32
    အစွန်းဆုံးနေရာကို ကျော်လွန်သွားပါက၊
  • 7:32 - 7:36
    အီကွေတာ တဝိုပ်ကရှိ အရာများဟာ
    အချပ်ပြား အဖြင့် ပြန့်ကာသွားပါမယ်။
  • 7:36 - 7:40
    အဲဒီလိုဆိုရင် ဂြိုဟ်ဖြစ်ရခြင်းဆိုင်ရာ စည်း
    ကမ်းချက်တွေ အားလုံး ကျိုးပေါက်သွားပါပြီ။
  • 7:40 - 7:43
    ၎င်းဟာ အတူတကွ ဆက်ပြီး
    မလည်ပတ်နိုင်တော့ပါ၊
  • 7:43 - 7:45
    ၎င်းရဲ့ အသွင်သဏ္ဌာန်ဟာ ပြောင်းလဲလျက်
    ပိုပိုကြီးလာမှာပါ၊
  • 7:45 - 7:48
    ဒီလိုနည်းဖြင့် ဂြိုဟ်ဟာ
    ပုံစံအသစ် ဆောင်လာပါပြီ။
  • 7:49 - 7:52
    ကျွန်မတို့ဟာ ကျွန်မတို့ရဲ့
    တွေ့ရှိချက်ကို ပေးထားတဲ့ အမည်က-
  • 7:53 - 7:54
    synestia ပါ။
  • 7:54 - 7:56
    နတ်ဘုရားမ Hestia ကို ဂုဏ်ပြု ပေးခဲ့ကြတာပါ၊
  • 7:56 - 7:59
    မီးလင်းဖိုနဲ့ နေအိမ်ဆိုင်ရာ
    ဂရိနတ်ဘုရားမပါ၊
  • 7:59 - 8:01
    ကျွန်မတို့ရဲ့ ကမ္ဘာကြီးဟာ
    အဲဒီလိုနေရာ ဖြစ်လာလို့ပါ။
  • 8:01 - 8:04
    အဲဒီထဲက ရှေ့ဆက်ပုဒ်က
    "အားလုံးအတူတကွ" ကိုဆိုလိုတယ်၊
  • 8:04 - 8:07
    ရှိသမျှ ပစ္စည်းတွေ အားလုံးအကြား
    ဆက်စပ်မှုကို အလေးပေးဖို့ အတွက်ပါ။
  • 8:07 - 8:10
    ဂြိုဟ်တစ်ခုက ပူပြင်းလာပြီး
    လည်ပတ်မှုက လုံးဝိုင်းနေတဲ့
  • 8:10 - 8:14
    ပုံသဏ္ဍာန်ကို ကျော်လွန်သွားတဲ့အခါမှာ
    synestia အဖြစ် ပြောင်းလဲလာပါတယ်။
  • 8:16 - 8:18
    ရှင်တို့ synestia ကြည့်ချင်ကြလား။
  • 8:18 - 8:20
    (အားပေးသံများ)
  • 8:22 - 8:25
    ကျွန်မက စမ်းသပ်ပြုလုပ်ထားတဲ့
    ပြသပေးမဲ့ ရှုခင်းထဲမှာ
  • 8:26 - 8:30
    ပေါ်ခါစ ကမ္ဘာကြီးဟာ ယခင်တုန်းက တိုက်မိ
    မှုကြောင့် လျင်မြန်စွာ လည်ပတ်နေပါပြီ၊
  • 8:31 - 8:34
    ၎င်းရဲ့ အသွင်ဟာ ပုံပျက်နေပေမဲ့
    ကမ္ဘာဂြိုဟ်မှန်း မျက်နှာပြင်ပေါ်က
  • 8:34 - 8:36
    ရေကြောင့် သိနိုင်ပါတယ်။
  • 8:37 - 8:41
    တိုက်ခိုက်မှုမှ ပေါ်ထွက်လာတဲ့ စွမ်းအင်က
    မျက်နှာပြင်ကို အငွေ့ပျံစေပါတယ်၊
  • 8:41 - 8:42
    ရေထု၊ လေထုနဲ့
  • 8:42 - 8:46
    ရှိခဲ့သမျှ ဓာတ်ငွေ့တွေကို နာရီအနည်းငယ်
    အတွင်းမှာကို ရောနှောပစ်ပါတယ်။
  • 8:47 - 8:51
    ဧရာမ တိုက်ခိုက်မှုတွေ အများအပြားတို့မှ
    synestia တွေ ပေါ်ပေါက်လာတာ တွေ့ရပေမဲ့
  • 8:52 - 8:55
    အဲဒီလို မီးတောက်လျက် တောက်ပကြတဲ့
    အရာတွေ သက်တမ်း မရှည်ကြပါ။
  • 8:55 - 8:58
    ၎င်းတုို့ဟာ အေးလျာလျက်၊ ကျုံ့သွားလျက်
    ပြန်ပြီး ဂြိုဟ်တွေ ဖြစ်လာကြပါတယ်။
  • 8:59 - 9:02
    ကမ္ဘာကြီးလို ကျောက်ထူတဲ့ ဂြိုဟ်တွေ
    ကြီးပြင်းလာနေချိန်မှာ
  • 9:02 - 9:05
    ၎င်းတို့ဟာ synestia များအဖြစ်သို့
    တစ်ကြိမ်မက ပြောင်းလဲခဲ့ကြပုံရပါတယ်။
  • 9:07 - 9:13
    synestia ဟာ လရဲ့ မူလဇာစ်မြစ်ကို ဖြေရှင်း
    ပေးနိုင်တဲ့ နည်းလမ်းသစ်ကို ပြသပေးပါတယ်။
  • 9:15 - 9:22
    လဟာ အငွေ့ဖြစ်နေခဲ့တဲ့ ဧရာမ synestia အတွင်း
    ပိုင်းတွင် ပေါ်လာခဲ့တယ် ကျွန်မတို့ ယူဆတယ်။
  • 9:22 - 9:25
    ကျောက်တွေ အငွေ့ပျံခဲ့မှုမှ ရွာကျလာတဲ့
  • 9:25 - 9:28
    ချော်ရည်များမှ လဟာ ပေါ်ထွန်းလာခဲ့ပါတယ်။
  • 9:29 - 9:31
    လရဲ့ ကမ္ဘာမြေနဲ့ အထူးရှိနေတဲ့
    ဆက်နွှယ်မှုကတော့
  • 9:32 - 9:34
    လဟာ synestia အခြေအနေနှာ ရှိနေခဲ့တဲ့
    ကမ္ဘာမြေကြီးရဲ့
  • 9:34 - 9:37
    အတွင်းပိုင်းမှာ
    ဖြစ်ပေါ်လာခဲ့ခြင်းကြောင့်ပါ။
  • 9:37 - 9:42
    လဟာ synestia အတွင်းမှာကို နှစ်ချီ
    ကြာအောင် လည်ပတ်နေနိုင်ခဲ့ပြီး
  • 9:42 - 9:44
    အပြင်မှ မြင်မရခဲ့တာ ဖြစ်နိုင်ပါတယ်။
  • 9:45 - 9:50
    synestia က ၎င်းက ပတ်နေခဲ့တဲ့
    လမ်းကြောင်းတွင် အေးလာပြီး ကျုံ့လာခဲ့လို့
  • 9:50 - 9:51
    လကို ထုတ်ပစ်ပေးခဲ့တာ ဖြစ်နိုင်တယ်။
  • 9:55 - 9:57
    synestia ကိုယ၌ကျတော့
    ကမ္ဘာဂြိုဟ် ဖြစ်လာတယ်။
  • 9:57 - 10:01
    နှစ်ပေါင်း ရာချီ အေးလာခဲ့တဲ့
    နောက်မှာ ဖြစ်ခဲ့မှာပါ။
  • 10:03 - 10:05
    ဒီတော့ ကျွန်မတို့ရဲ့သီအိုရီအသစ်အရ
  • 10:05 - 10:08
    ဧရာမ တိုက်ခိုက်မိမှုက
    synestia ကို ဖန်တီးပေးခဲ့တယ်၊
  • 10:08 - 10:11
    synestia ဟာ အသစ်ဖြစ်ကြတဲ့
    အရာနှစ်ခု အဖြစ် အသွင်ပြောင်းသွားခြင်းဖြင့်
  • 10:11 - 10:16
    အိုင်ဆိုတုပ်အရ လုံးတူကြတဲ့ ကမ္ဘာဂြိုက်ဟနဲ့
    လကို ဖန်ဆင်းပေးလိုက်တာပါ။
  • 10:17 - 10:21
    Synestia တွေဟာ စကြာဝဠာ တစ်ဝမ်းမှာ
    တချိန်လုံး ပေါ်ပေါက်လာနေကြတာပါ။
  • 10:23 - 10:28
    ကျွန်မတို့က အဲဒါကို နားလည်နိုင်ခဲ့တာက
    စိတ်ကူးနဲ့ စဉ်းစားနိုင်ခဲ့လို့ပါ။
  • 10:28 - 10:33
    ကျွန်မတို့ကို ဝန်းရံနေတဲ့ လောကကြီးထဲမှာ
    ဘာတွေကိုများ ကျွန်မတို့ မသိမြင်ကြသေးလဲ။
  • 10:33 - 10:37
    ကျွန်မရဲ့ မြင်ကွင်းမှ၊ ခံယူချက်များထဲမှ
    ပုန်းကွယ်နေကြတာ ဘာတွေများ ရှိသေးလဲ။
  • 10:39 - 10:42
    ခင်ဗျားတို့ နောက်တစ်ခါ
    လဆီကို ရှုမျှော်ကြတဲ့ အခါမှာ၊
  • 10:42 - 10:43
    သတိရနေဖို့ လိုတာက-
  • 10:43 - 10:46
    ခင်ဗျားတို့က သိပါတယ်လို့ ထင်တဲ့ အရာတွေဟာ
  • 10:46 - 10:51
    တကယ့်ကို အံ့သြစရာတချို့ကို ရှာတွေ့ဖို့
    အခွင့်အလမ်း ဖြစ်နိုင်ပါတယ်။
  • 10:53 - 10:58
    (လက်ခုပ်သံများ)
Title:
လ ပေါ်ပေါက်လာခဲ့ခြင်းဆိုင်ရာ သီအိုရီ အသစ်
Speaker:
Sarah T. Stewart
Description:

ကမ္ဘာဂြိုဟ်နဲ့ လတို့ဟာ အမွှာပူးများလိုပဲ လုံးဝကို တူကြပြီး ဆင်တူတဲ့ ပစ္စည်းများဖြင့် ပြုလုပ်ထားကြခြင်းဟာ လက်တွေ့မှာ ထူးဆန်းတယ်လို့ ဆိုရပါမယ်။ စကြာဝဠာထဲက ဘယ်အရာတွေကိုမှ ဓာတုဗေဒအရ တူညီတဲ့ ပစ္စည်းများတွေနဲ့ ပြုလုပ်ထားတာကို မတွေ့ရလို့ပါ။ အခုလို အထူးဆက်နွှယ်မှုမျိုး ရှိနေခြင်းအတွက် အကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ။ အဲဒါ့အတွက် အဖြေကို ရှာကြံရင်း၊ ဂြိုဟ်များဆိုင်ရာ သိပ္ပံပညာရှင်ဖြစ်သူ MacArthur "Genius" ဂုဏ်ထူးပိုင်ရှင် Sarah T. Stewart ဟာ ပုံစံတစ်မျိုးဖြစ်တဲ့ နက္ခတ အရာ-- synestia --ဆိုတာကို ရှာတွေ့ခဲ့ပြီး လရဲ့ ဇာစ်မြစ်ဆိုင်ရာ ပဟေဌိကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်း အသစ်ကို ရှာတွေ့ခဲ့ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:10

Burmese subtitles

Revisions