Return to Video

မျောက်ကို သင် စကားပြောလား။ ခေါင်းမေွှးစုတ်ဖွား မျောက်ကလေးရဲ့ ဘာသာစကား။ Anne Savage

  • 0:08 - 0:11
    ကိုလံဘီယာရဲ့ မြောက်ပိုင်း
    အပူပိုင်းသစ်တောတွေထဲက
  • 0:11 - 0:14
    မြေပြင် အထက်မြင့်မြင့်မှာ
    သူ့မိသားစုနဲ့ နေထိုင်နေတဲ့
  • 0:14 - 0:16
    Shakira ကို သင်တွေ့ရမှာပါ။
  • 0:16 - 0:20
    စကားပြောခြင်းကို ခုံမင်တဲ့
    ခေါင်းမွေးစုတ်ဖွား မျောက်ကလေးတစ်ကောင်ပါ။
  • 0:20 - 0:22
    ပြောတာက "ဟယ်လို"တဲ့။
  • 0:22 - 0:24
    ဒါကို သင် သဘောမပေါက်လောက်ပေမဲ့
  • 0:24 - 0:26
    ဒီတစ်ပေါင်သားမျောက်ဟာ တကျိကျိအသံတွေနဲ့
  • 0:26 - 0:28
    လေချွန်သံမျိုးစုံကို အခြေခံထားတဲ့
  • 0:28 - 0:30
    ထင်ရှားတဲ့ ခေါ်သံ ၃၈ မျိုးပါတဲ့
  • 0:30 - 0:36
    အလွန် ဆန်းပြားတဲ့
    ဘာသာစကားတစ်ခုနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်။
  • 0:36 - 0:37
    သူပေးတဲ့ တုံ့ပြန်မှုကို
  • 0:37 - 0:39
    "B chirp" လို့ သိကြတယ်၊
  • 0:39 - 0:41
    လူသားတွေကို မကြာခဏ
    ဦးတည်တဲ့ ခေါ်သံတစ်သံပါ။
  • 0:41 - 0:44
    Shakira ဘာသာစကားရဲ့ ခက်ခဲနက်နဲမှုကို
    အရသာခံဖို့
  • 0:44 - 0:47
    တကျိကျိအသံနဲ့ လေချွန်သံ
    အနည်းငယ်ကို လေ့လာပြီး
  • 0:47 - 0:49
    ဒါတွေရဲ့ ပေါင်းစပ်မှုတွေက သဒ္ဒါကျကျ
  • 0:49 - 0:52
    တည်ဆောက်ထားတဲ့ အစီအစဉ်တွေ
    ဖြစ်ပေါ်ပုံကို စစ်ဆေးကြည့်ရအောင်။
  • 0:52 - 0:55
    နှုတ်ဆက်ဖို့ Shakira
    သုံးတဲ့ တကျကျိအသံဟာ
  • 0:55 - 0:57
    ကြိမ်နှုန်းတစ်ခုတည်းရှိတဲ့ ဝဏ္ဏတွေလို့
  • 0:57 - 1:00
    သိကြတဲ့ ခေါ်သံ အမျိုးအစား
    တစ်ခုကနေ လာတာပါ။
  • 1:00 - 1:04
    ဒီအမျိုးအစားက အချိန်တိုခေါ်သံ
    ( သို့) တကျိကျိသံနဲ့
  • 1:04 - 1:11
    စူးဝါးသံ၊ ကျီကနဲအသံလို အချိန်ရှည်
    ခေါ်သံတွေသံတွေနဲ့ ဖွဲ့စည်းထားတာပါ။
  • 1:11 - 1:13
    သံရင်း အမြင့်၊ အချိန်၊
    ထိပ်ဆုံး ကြိမ်နှုန်းနဲ့
  • 1:13 - 1:16
    ကြိမ်နှုန်းပြောင်းလဲမှုကနေ
    ခွဲထားတဲ့ တကျိကျိသံ
  • 1:16 - 1:22
    ရှစ်မျိုးရှိတယ်လို့ သုတေသီတွေ
    သတ်မှတ်ထားတယ်။
  • 1:22 - 1:26
    ဒါ့အပြင် တကျိကျိသံတိုင်းဟာ ကိုယ်ပိုင်
    ထူးခြားတဲ့ အနက်ရှိတယ်။
  • 1:26 - 1:30
    ဥပမာ Shakira ရဲ့ "C chirp"ကို
  • 1:30 - 1:32
    သူအစာကို ချဉ်းကပ်တဲ့အခါ အသုံးပြုပေမဲ့
  • 1:32 - 1:37
    "D chirp" ကိုတော့ လက်ထဲမှာ
  • 1:37 - 1:39
    အစာရှိတဲ့အခါမှသာ အသုံးပြုတယ်။
  • 1:39 - 1:43
    တစ်ခုတည်းသော လေချွန်သံတွေက ခေါ်သံ
    တစ်သံစီနဲ့ထူခြားတဲ့ ရည်ရွယ်ချက်ကိုပါ ပြကာ
  • 1:43 - 1:45
    တကျိကျိသံ ရှစ်မျိုးရှိသလို
  • 1:45 - 1:48
    လေချွန်သံ ငါးမျိုးရှိတယ်။
  • 1:48 - 1:49
    ကြိမ်နှုန်း နိမ့်မြင့်ကို အခြေခံတဲ့
  • 1:49 - 1:53
    တစ်ခုတည်းသော လေချွန်သံတွေကို
    လေးမျိုး ထပ်ခွဲခြားထားတယ်။
  • 1:53 - 2:00
    တကျွိကျွိသံတွေ၊ ကနဦး နိမ့်မြင့်
    လေခွန်သံတွေ၊
  • 2:00 - 2:06
    အဆုံးမှာ နိမ့်မြင့် လေချွန်သံတွေနဲ့
    နိမ့်တဲ့ လေချွန်သံတွေပါ။
  • 2:06 - 2:08
    ထူးခြားတဲ့ ရည်ရွယ်ချက်ရဲ့ ဘာသာစကား
  • 2:08 - 2:10
    အရည်အသွေးကို ကနဦး နိမ့်မြင့်
  • 2:10 - 2:12
    လေချွန်သံတွေရဲ့ အမျိုးအစားနဲ့
    ထူးခြားစွာ သာဓကဆောင်ထားတယ်။
  • 2:12 - 2:15
    ဒီလေချွန်သံတွေက အခြားသော
    သူ့မိသားစုဝင်နဲ့
  • 2:15 - 2:18
    Shakira ရဲ့ အနီးအဝေးအပေါ်
    မူတည်ပြောင်းလဲတယ်။
  • 2:18 - 2:21
    Shakira သူ့မိသားစုတွေကနေ .၆ မီတာ
    ထက် ပိုဝေးတဲ့ နေရာမှာဆိုရင်
  • 2:21 - 2:26
    သူဟာ ကနဦး နိမ့်မြင့် လေချွန်သံကြီး
    တစ်ခုကို အသံပြုမယ်။
  • 2:26 - 2:29
    ဒါပေမဲ့ မိသားစုနဲ့ .၆ မီတာ
    မရှိတဲ့ နေရာမှာဆိုရင်
  • 2:29 - 2:33
    ကနဦး နိမ့်မြင့် လေချွန်သံလေးတစ်ခုကို
    အသံပြုမယ်။
  • 2:33 - 2:35
    အခုသိခဲ့တာက တကျိကျိသံနဲ့
    လေချွန်သံတချို့ပါ။
  • 2:35 - 2:37
    Shakira က တိုတောင်းတဲ့ သူ့ဘဝတစ်နေ့တာဆီ
  • 2:37 - 2:41
    ဒီခေါ်သံတွေနဲ့ သင့်ကို
    ခေါ်သွားရင်း ကြွားချင်တယ်။
  • 2:41 - 2:44
    တစ်နေ့တာရဲ့ ပထမဆုံးအစာအတွက် ကျွေးမွေးရေး
    အပင်တစ်ပင်ဆီ ဦးတည်ရင်း
  • 2:44 - 2:47
    သူပြောတာ ( မျောက်သံ)
  • 2:47 - 2:51
    စိတ်လက်အေးချမ်းတဲ့ စူးစမ်းမှုတွေမှာ
    မကြာခဏ အသုံးအများဆုံး ခေါ်သံပါ။
  • 2:51 - 2:54
    သို့ပေမည့် ရုတ်တရက် သိမ်းငှက်တစ်ကောင်ရဲ့
    အရိပ်ကို သူ မြင်သွားတယ်။
  • 2:54 - 2:57
    သတိပေးချက်အတွက် "E chirp" သံပါ။
  • 2:57 - 3:00
    ဒီခေါ်သံက ရန်သူရှိနေတာကို သူမိသားစုကို
    သတိပေးတာဖြစ်ပြီး
  • 3:00 - 3:04
    Shakira ဟာ အတွင်းဘက်ကိုင်း
    တစ်ကိုင်းရဲ့ လုံခြုံရာဆီ ခုန်လိုက်တယ်။
  • 3:04 - 3:05
    ဘေးကင်းနေပုံရတော့
  • 3:05 - 3:08
    Shakira ဟာ သူ့အဖေဆီကို ဦးတည်သွားတယ်။
  • 3:08 - 3:09
    နေဦး၊ နေဦး၊ အဲဒါ ဘယ်သူလဲ။
  • 3:09 - 3:12
    ဒါက သူ့ရဲ့မောင်လေး Carlos ပါ။
  • 3:12 - 3:15
    ခေါင်းမွှေးဖွား မျောက်တွေဟာ မကြာခဏ
    လုံးထွေးကစားရင်း တကျွိကျွိလုပ်တယ်။
  • 3:15 - 3:21
    အိုး၊ သူ ကစားတာက နည်းနည်း ကြမ်းလွန်း
    တော့ Shakira က စူးစူးရှရှအော်တယ်။
  • 3:21 - 3:23
    သူ့ကို ကူညီဖို့ မိဘတွေကို သတိပေးတာပေါ့။
  • 3:23 - 3:26
    သူ့အဖေက လိမ့်နေတဲ့ အမွေးလုံး
    တစ်လုံးဆီလာတော့
  • 3:26 - 3:28
    သူ့မောင်လေးက ရပ်လိုက်တယ်။
  • 3:28 - 3:29
    Shakira က ခါလိုက်ပြီး၊
  • 3:29 - 3:31
    သူ့ခေါင်းပေါ်က အမွေးကို အနောက်ရောက်ဖို့
  • 3:31 - 3:33
    သူ့ကိုယ်သူ ကုတ်ခြစ်လိုက်တယ်။
  • 3:33 - 3:37
    ဒီနောက် Shakira ဟာ နောက်ထပ် မရင်းနှီးတဲ့
    မျောက်ကလေးတွေကို မြင်မိပြီး
  • 3:37 - 3:39
    သူတို့ရဲ့ သာမန် ခေါ်သံရှည်ကို ကြားတယ်။
  • 3:39 - 3:43
    သူ မိသားစုဘက်ကို လှည့်လိုက်တယ်။ (မျောက်သံ)
  • 3:43 - 3:47
    ကြားမိလိုက်လား။ ပထမ တကျိကျိသံ၊
    နောက်တော့ လေချွန်သံ တစ်သံပါ။
  • 3:47 - 3:50
    ဒါက စကားသံ ပေါင်းစပ်မှုလို့ သိကြတဲ့
  • 3:50 - 3:54
    တကျိကျိတစ်သံနဲ့ လေချွန်သံ တစ်သံပါတဲ့
    ပုဒ်စုတစ်ခုပါ။
  • 3:54 - 3:58
    သတင်းစကားတစ်ခု ပို့ဆောင်ဖို့
    ခေါ်သံနှစ်သံကို တွဲသီထားတာပါ။
  • 3:58 - 4:00
    ဒီအစိတ်အပိုင်းနှစ်ခုရဲ့ ပေါင်းစပ်မှုက
  • 4:00 - 4:02
    အခြားအုပ်တစ်ခုရှိနေတာကို
    သူ့မိသားစုကို သတိပေးတာပါ။
  • 4:02 - 4:06
    "F chirp" က သူတို့ရှိတဲ့ အကွာအဝေးပါ။
  • 4:06 - 4:08
    သာမန် ခေါ်သံရှည် လေချွန်သံပါ။
  • 4:08 - 4:11
    တစ်နည်းပြောရရင် Shakira ဟာ
    ဝါကျတစ်ကြောင်း ပြောလိုက်တာပါ။
  • 4:11 - 4:14
    သူ့ရဲ့ ရိုးရှင်းတဲ့ သရုပ်ပြမှုက
    အကင်းလေးပဲရှိသေးတာပါ။
  • 4:14 - 4:19
    သူ့မှာ လျှာလိပ်သံတွေ၊ ဆက်တိုက်မြည်
    သံတွေ၊ လေချွန်ခေါ်သံမျိုးစုံနဲ့
  • 4:19 - 4:23
    နောက်ထပ် ပေါင်းစပ် စကားသံတွေနဲ့
    တကျွိကျွိသံတွေတောင်ရှိတယ်။
  • 4:23 - 4:26
    သို့ပေမည့် ဝမ်းနည်းစရာက
    သူပြောဖို့လိုတာတိုင်းကို
  • 4:26 - 4:28
    ကျွန်မတို့ မကြားနိင်လောက်တာပါ။
  • 4:28 - 4:31
    အထက်မြင့်ဆီက တကျိကျိတေးသွားတွေနဲ့
    အတူ ရောစပ်နေတာက
  • 4:31 - 4:35
    သစ်ခုတ်ဓားနဲ့ ခုတ်ပိုင်းနေတဲ့ သစ်ပင်တွေရဲ့
    အဆက်မပြတ် တဒုတ်ဒုတ်မြည်သံပါ။
  • 4:35 - 4:38
    ကိုလံဘီယာက Shakira ရဲ့
    နေထိုင်ရာဟာ တစ်ပိုင်းချင်း
  • 4:38 - 4:39
    ခုတ်လှဲခံနေရပြီး
  • 4:39 - 4:41
    ကာကွယ်ဖို့ မလုပ်ကြဘူးဆိုရင်
  • 4:41 - 4:43
    အရေးပေါ် ဘေးသင့် ခေါင်းမွှစုတ်ဖွား
    မျောက်ကလေးဟာ
  • 4:43 - 4:46
    ကျွန်ုပ်တို့ ဘဝတာအတွင်းမှာ
    မျိုးသုဉ်းသွားတော့မှာပါ။
  • 4:46 - 4:48
    မျောက်တစ်ကောင်မှ နောက်အကောင်ဆီ
    တကျိကျိသံဟာ
  • 4:48 - 4:51
    အပျင်းပြေ အာလာပသလ္လာပထက် ပိုတယ်လို့
    သက်သေပြထားတယ်။
  • 4:51 - 4:54
    ရှာဖွေဖော်ထုတ်ဖို့ ကျန်သေးတာကို
    စိတ်ကူးကြည့်ပါ။
  • 4:54 - 4:56
    နောက်ထပ် Shakira ပြောပြနိုင်သေးတာကို
    စိတ်ကူးကြည့်ပါ။
Title:
မျောက်ကို သင် စကားပြောလား။ ခေါင်းမေွှးစုတ်ဖွား မျောက်ကလေးရဲ့ ဘာသာစကား။ Anne Savage
Description:

သင်ခန်းစာ အပြည့််အစုံကို : http://ed.ted.com/lessons/do-you-speak-monkey-the-language-of-cotton-top-tamarins-anne-savage တွင် ကြည့်ပါ။

ခေါင်းမွှေးစုတ်ဖွား မျောက်ကလေးဟာ အင်မတန် လေပေါတဲ့ မျောက်ပါ။ ဒီမျိုးစိတ်ဟာ ထင်ရှားပြီး သဒ္ဒါကျကျ တည်ဆောက်ထားတဲ့ ခေါ်သံ ၃၈ မျိုးရှိတဲ့ ဆန်းပြားတဲ့ ဘာသာစကားတစ်ခုကို အသုံးပြုရင်း ဆက်သွယ်ကြပါတယ်။ Anne Savage ဟာ ဒီကျည်ကျည်ကျာကျာ မြည်သံတွေနဲ့ လေချွန်သံ အနည်းငယ်ကို သင်ကြားပေးပြီး Shakira က သူ့မိသားစုကို အချက်ပြသလို၊ သူ့စားစရာကို စကားပြောသလို၊ လာတော့မယ့် သားရဲတွေကို သတိပေးသလို (တောရိုင်းကနေ ဆွဲယူထားတဲ့ အသံတွေကို အသုံးပြုရင်း) Shakira မျောက်ကလေး ရဲ့ ဘဝတစ်နေ့တာဆီ ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားပါတယ်။

သင်ခန်းစာကို Anne Savage က ပြုစုပြီး လှုပ်ရှားမှုရုပ်ပုံများကို Avi Ofer က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:14

Burmese subtitles

Revisions Compare revisions