Return to Video

"Machiavellian "က တကယ်တမ်း ဘာကိုဆိုလိုတာလဲ။ Pazit Cahlon and Alex Gendler

  • 0:08 - 0:11
    ရှိတ်စပီးယားပြဇာတ်တွေကနေ
    ခေတ်ပေါ် ရုပ်သံဇာတ်လမ်းတွေအထိ
  • 0:11 - 0:16
    အဆုံးသတ်ပုံ နည်းလမ်းတွေဟာ
    အမြဲတမ်း မှန်ကန်တယ်လို့ ခံယူကြတဲ့
  • 0:16 - 0:20
    မသမာတဲ့ အကြံသမားဟာ မုန်းဖို့ကောင်းတဲ့
    ပုံမှန် ဇာတ်ကောင်အမျိုးအစားဖြစ်လာပါပြီ။
  • 0:20 - 0:23
    တကယ်တော့ ရာစုနှစ်တွေချီပြီး
    ရင်းနှီးနေတော့
  • 0:23 - 0:28
    ဒီလိုဇာတ်ကောင်မျိုးတွေကို သရုပ်ဖော်ဖို့
    တစ်ခုတည်းသော စကားလုံးက Machiavellian ပါ။
  • 0:28 - 0:33
    ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ဒီစကားလုံးကို
    တစ်ချိန်လုံး မှားသုံးနေတာများလား။
  • 0:33 - 0:37
    ၁၆ ရာစု အစောပိုင်း နိုင်ငံရေးသုခမိန်
    Niccoló Machiavelli ဟာ
  • 0:37 - 0:41
    သမိုင်း၊ ဒဿန၊ နဲ့ ပြဇာတ်လက်ရောတွေ
    အများကြီးရေးခဲ့တယ်။
  • 0:41 - 0:48
    ဒါပေမဲ့ ရှည်ကြာတဲ့ နာမည်ဆိုးက လက်ရှိနဲ့
    အနာဂတ် ဘုရင်တွေအတွက် အကြံပေးအဖြစ်ဆွဲထားတဲ့
  • 0:48 - 0:51
    The Prince လို့ လူသိများတဲ့ နိုင်ငံရေး
    ရသစာတမ်းတို တစ်ပုဒ်ကနေ လာပါတယ်၊
  • 0:51 - 0:54
    ဒါမျိုးလုပ်တာ Machiavelli ဟာ
    ပထမဆုံး မဟုတ်ဘူး၊
  • 0:54 - 0:59
    တကယ်က ရှေးပဝေသဏီကို ပြန်သွားရင်
    “mirrors for princes”လို့ လူသိများတဲ့
  • 0:59 - 1:01
    လက်ရာတွေရဲ့ ထုံးစံကြီးတစ်ခု
    ရှိခဲ့တာပါ။
  • 1:01 - 1:03
    ဒါပေမဲ့ သူ့အရင်လူတွေနဲ့ မတူတာက
  • 1:03 - 1:06
    Machiavelli ဟာ စံပြအစိုးရတစ်ရပ်ကို
    သရုပ်မဖော်ခဲ့တာ (သို့)
  • 1:06 - 1:10
    ပရိတ်သတ်ကို တရာမျှတစွာ၊ ကောင်းမြတ်စွာ
    အုပ်ချုပ်ဖို့ မတိုက်တွန်းခဲ့တာပါ။
  • 1:10 - 1:13
    ဒီအစား အာဏာရဲ့ အရေးကို
    အလေးထားခဲ့တာပါ။
  • 1:13 - 1:17
    ဘယ်လို ရယူဖို့၊ ဘယ်လို ထိန်းထားဖို့ပါ။
  • 1:17 - 1:19
    ထုတ်ဝေပြီး ဆယ်စုနှစ်တွေအကြာမှာ
  • 1:19 - 1:23
    The Prince ဟာ ဆိုးယုတ်တဲ့
    ဂုဏ်သတင်းတစ်ခု ရရှိခဲ့တယ်။
  • 1:23 - 1:25
    ဥရောပ ဘာသာရေးစစ်ပွဲတွေအတွင်း
  • 1:25 - 1:28
    ဘရင်ဂျီဂိုဏ်းနဲ့ ပရိုတက်စတင့်ဂိုဏ်း
    နှစ်ခုစလုံးက သူတို့ရန်ဘက်တွေက
  • 1:28 - 1:33
    ကျူးလွန်တဲ့ နိုင်လိုမင်းထက်ပြုမှုအတွက်
    Machiavelli ကို အပြစ်တင်ကြတယ်။
  • 1:33 - 1:34
    ရာစုနှစ် မဆုံးခင်မှာ
  • 1:34 - 1:39
    Shakespeare က “Machiavel”ကို ကိုယ်ကျင့်
    မဲ့တဲ့ အချောင်သမားကို ညွှန်းဖို့သုံးနေတာက
  • 1:39 - 1:42
    ခြယ်လှယ်တတ်တဲ့ လူဆိုးအတွက်
    အနက်တူတစ်ခုအဖြစ် “Machiavellian”ရဲ့
  • 1:42 - 1:46
    အသုံးများမှုကို တိုက်ရိုက် ဦးတည်ပေးနေတယ်။
  • 1:46 - 1:47
    အပေါ်ယံအားဖြင့်
  • 1:47 - 1:52
    The Prince ရဲ့ ကျော်ကြားမှုဟာ အနိုင်ကျင့်
    မှုအတွက် ထိုက်တန်တဲ့ လက်စွဲလို့ထင်ရတယ်။
  • 1:52 - 1:57
    တစ်လျှာက်လုံး Machiavelli ဟာ
    ကိုယ်ကျင့်တရားကို လုံးဝ အရေးမစိုက်ပုံပါ၊
  • 1:57 - 2:02
    အာဏာကို ထိန်းထားဖို့ အသုံးကျတယ်
    (သို့) ထိခိုက်တယ်ဆိုတာကတော့ ခြွင်းချက်ပါ။
  • 2:02 - 2:07
    ဥပမာ မင်းသားတွေကို အာဏာသိမ်းယူဖို့
    လိုအပ်တဲ့ ယုတ်မာမှုတွေကို ထည့်စဉ်းစားဖို့၊
  • 2:07 - 2:08
    အနာဂတ် တည်ငြိမ်စေဖို့၊
  • 2:08 - 2:10
    ဒါတွေကို တစ်ချက်တည်းနဲ့
  • 2:10 - 2:12
    ကျုးလွန်ဖို့ ခိုင်းတာပေါ့၊
  • 2:12 - 2:16
    အိမ်နီးချင်းပိုက်နက်တွေကို တိုက်ခြင်းနဲ့
    ဘာသာရေး လူနည်းစုတွေကို ဖိနှိပ်ခြင်းတွေကို
  • 2:16 - 2:20
    ပြည်သူတွေကို သိမ်းပိုက်ရာမှာ ထိရောက်တဲ့
    နည်းလမ်းတွေအဖြစ် ဖေါ်ပြထားတယ်။
  • 2:20 - 2:22
    မင်းသားတစ်ပါးရဲ့ တစ်ကိုယ်ရေ
    အပြုအမူတွေနဲ့ပတ်သက်ပြီး
  • 2:22 - 2:26
    Machiavelli က ရိုးသားမှု၊
    ရက်ရောမှုတို့လို ကောင်းမြတ်တဲ့
  • 2:26 - 2:28
    ဟန်ပန်တွေလုပ်ဖို့ အကြံပေးပေမဲ့
  • 2:28 - 2:33
    တစ်ဦးဦရဲ့အကျိုးတွေကို ခြိမ်းခြောက်ခံရတာနဲ့
    ဒါတွေကို စွန့်လွတ်ဖို့ အဆင်သင့်ဖြစ်ပါတဲ့။
  • 2:33 - 2:35
    အထင်ရှားဆုံးက အုပ်ချုပ်သူတစ်ဦး
    အတွက် မှတ်ချက်ပြုတားက
  • 2:35 - 2:38
    "အချစ်ခံရတာထက်၊ ကြောက်အောင်
    လုပ်တာက ပိုစိတ်ချရတယ်"တဲ့။
  • 2:38 - 2:42
    ဒီကျမ်းငယ်က မကြာခင်က ဖလောရင့်ရဲ့
    အုပ်ချုပ်သူအဖြစ် ရာထူးခန့်ခံရတဲ့
  • 2:42 - 2:45
    Lorenzo de’ Medici ကို
    ဆွဲဆောင်တာနဲ့တောင် အဆုံးသတ်တယ်၊
  • 2:45 - 2:50
    အီတလီရဲ့ကွဲနေတဲ့ မြို့ပြနိုင်ငံတွေကို
    အုပ်ချုပ်မှုအောက်မှာ စုစည်းဖို့ အားပေးတယ်။
  • 2:50 - 2:55
    အများပြားက Machiavelli ကို အသည်းမာတဲ့
    ယထာဘူဝါဒကနေ တွန်းအားပေးတာအဖြစ်နဲ့
  • 2:55 - 3:00
    အတွင်း၊အပြင်ပဋိပက္ခနဲ့ ပြိုကွဲနေတဲ့
    အီတလီမှာ ငြိမ်းချမ်းရေး ဆန္ဒလို့ဆိုတယ်။
  • 3:00 - 3:01
    ဒိအမြင်အရ
  • 3:01 - 3:05
    Machiavelli ဟာ ခက်ခဲတဲ့ အမှန်တရားကို
    ပထမဆုံး နားလည်သူဖြစ်ခဲ့တယ်၊
  • 3:05 - 3:07
    နိုင်ငံရေးတည်ငြိမ်မှုရဲ့
    ကောင်းမွန်မှုရဖို့
  • 3:07 - 3:12
    လိုအပ်တဲ့ ဘယ်မသတီစရာ နည်းဗျူဟာ
    ဖြစ်ဖြစ် လုပ်ထိုက်တယ်လို့ဆိုတာပါ။
  • 3:12 - 3:17
    ဒဿနပညာရှင် Isaiah Berlin က ကိုယ်ကျင့်တရား
    ကင်းမဲ့တာထက် ပိုတယ်လို့ ညွှန်းပါတယ်။
  • 3:17 - 3:20
    The Prince ဟာ ရှေးဟောင်း ဂရိ
    ကျင့်ဝတ်ကို လိုက်နာတယ်၊
  • 3:20 - 3:26
    နိုင်ငံရဲ့ ဂုဏ်ကို တစ်ဦးချင်း လွတ်မြောက်
    မှုရဲ့ ခရစ်ယာန်စံရဲ့ အထက်မှာ ထားတာပါ။
  • 3:26 - 3:30
    ဒါပေမဲ့ ကျွန်တော်တို့သိတဲ့ Machiavelli က
    ဒီပုံနဲ့ အံမဝင်လောက်ဘူး။
  • 3:30 - 3:35
    စာရေးသူဟာ သူ့ဇာတိ ဖလော့ရင့်စ်မှာ
    သံတမန်အဖြစ် ၁၄ နှစ် အမှုထမ်းခဲ့တယ်။
  • 3:35 - 3:39
    ဘုရင်လောင်းတွေနဲ့ဆန့်ကျင်တဲ့
    ၎င်းရဲ့ ရွေးကောက်ခံ သမ္မတ အစိုးရကို
  • 3:39 - 3:41
    စွဲမြဲစွာ ကာကွယ်ခြင်းပါ။
  • 3:41 - 3:43
    Medici famil မိသားစု အာဏာကို
    သိမ်းပိုက်တဲ့အခါ
  • 3:43 - 3:45
    သူဟာ ရာထူးဆုံးရှုံးရုံမက
  • 3:45 - 3:48
    နှိပ်စက်ခံရပြီး ပြည်နှင်ဒဏ်တောင်
    ပေးခံရတယ်။
  • 3:48 - 3:50
    ဒါကို စိတ်ထဲမှာထားပြီး
  • 3:50 - 3:53
    ပြည်နှင်ဒဏ်ကနေ သူရေးခဲ့တဲ့
    လက်ကမ်းစာစောင်ကို ဖတ်ဖို့ဖြစ်နိုင်တာက
  • 3:53 - 3:55
    မင်းသားကြီးစိုးတဲ့ အုပ်ချုပ်မှုရဲ့
    ခုခံမှုမဟုတ်ပဲ
  • 3:55 - 3:59
    ၎င်း လုပ်ဆောင်ပုံရဲ့ ပက်ပက်စက်စက်
    ဝေဖန်တဲ့ ဖော်ပြချက်ပါ။
  • 3:59 - 4:02
    အမှန်က Spinoza လို့
    အသိအမြင်ကြွယ်တဲ့ ပုဂ္ဂိုလ်တွေက
  • 4:02 - 4:04
    ဆန္ဒပြင်းတဲ့ အုပ်ချုပ်သူတွေက
    နည်းလမ်းစုံနဲ့
  • 4:04 - 4:09
    သွတ်သွင်းတာခံရတဲ့ လွတ်လပ်တဲ့
    နိုင်ငံသားတွေကို သတိပေးခြင်းလို့ မြင်တယ်။
  • 4:09 - 4:12
    တကယ်က သဘောထားနှစ်ရပ်စလုံး
    မှန်လောက်ပါတယ်။
  • 4:12 - 4:15
    Machiavelli ဟာ အနိုင်ကျင့်တဲ့ အုပ်ချုပ်သူ
    တွေအတွက် လက်စွဲ ရေးခဲ့လောက်ပေမဲ့
  • 4:15 - 4:20
    ဒါကို မျှဝေခြင်းအားဖြင့် အုပ်ချုပ်ခံရမယ့်
    သူတွေကို အောက်ဖဲလှန်ပြတာရောပါ။
  • 4:20 - 4:21
    ဒီလို လုပ်ခြင်းနဲ့
  • 4:21 - 4:24
    သူဟာ နိုင်ငံရေး ဒဿနကို
    တော်လှန်ခဲ့တယ်၊
  • 4:24 - 4:27
    Hobbes နဲ့ အနာဂတ် အတွေးအခေါ်ရှင်တွေအတွက်
    ကြိုတင်မှန်းဆထားတဲ့ စံတွေထက်
  • 4:27 - 4:31
    ခိုင်မာတဲ့ ဒိဌဖြစ်ရပ်တွေကိုအခြေခံတဲ့
    လူသား ရေးရာတွေကို လေ့လာဖို့
  • 4:31 - 4:33
    အုတ်မြစ်တွေချပေးခြင်းပါ။
  • 4:33 - 4:36
    သူ့ရဲ့ ရက်စက်၊ ထိတ်လန့်စရာ
    ရိုးသားမှုကနေ Machiavelli ဟာ
  • 4:36 - 4:42
    အာဏာက လိုတာနဲ့ပတ်သက်တဲ့ အများကြိုက်
    ယုံမှားမှုကို ဖျက်ဆီးဖို့ကြိုးပမ်းခဲ့တယ်။
  • 4:42 - 4:45
    သူမသေခင်လေးမှာ
    မိတ်ဆွေတစ်ဦးဆီ ရေးခဲ့သလို
  • 4:45 - 4:50
    လူတွေ ငရဲကနေလွတ်ဖို့ ငရဲကို သွားတဲ့လမ်းကို
    သိကြလိမ့်မယ် မျှော်လင့်တယ်တဲ့။
Title:
"Machiavellian "က တကယ်တမ်း ဘာကိုဆိုလိုတာလဲ။ Pazit Cahlon and Alex Gendler
Speaker:
Pazit Cahlon and Alex Gendler Pazit Cahlon and Alex Gendler
Description:

သင်ခန်းစာပအပြည့်အစုံကို https://ed.ted.com/lessons/what-machiavellian-really-means-pazit-cahlon-and-alex-gendler တွင်ကြည့်ပါ။

ရှိတ်စပီးယားပြဇာတ်တွေကနေ ခေတ်ပေါ် ရုပ်သံဇာတ်လမ်းတွေအထိ အဆုံးသတ်တဲ့ နည်းလမ်းတွေဟာ အမြဲတမ်း မှန်ကန်တယ်လို့ ခံယူထားတဲ့ မသမာတဲ့ အကြံသမားတွေဟာ ကျွန်တော်တို့ မုန်းလိုကြတဲ့ ပုံမှန် ဇာတ်ကောင်အမျိုးအစားဖြစ်လာပါပြီ။ ရာစုနှစ်တွေချီပြီး ဒီလိုဇာတ်ကောင်မျိုးတွေကို သရုပ်ဖော်ဖို့ တစ်လုံးတည်းသော စကားလုံးရှိပါတယ်။ Machiavellian ပါ။ 
ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ဒီစကားလုံးကို တစ်ချိန်လုံး မှားသုံးနေတာ မဖြစ်နိုင်ဘူးလား။ Pazit Cahlon နဲ့ Alex Gendler တို့က ဒီဝေါဟာရရဲ့ အရင်းမူလကို သုတေသနလုပ်ထားပါတယ်။

သင်ခန်းစာကို Pazit Cahlon နဲ့ Alex Gendler တို့က ပြုစုပြီး TOGETHER က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:51

Burmese subtitles

Revisions