Return to Video

နေ့စဉ် ကောင်းမှု လုပ်ဆောင်ချက်များထဲတွင် အနှစ်သာရကို ရှာဖွေခြင်း။ B. Tyler Ellis | TEDxWileyCollege

  • 0:04 - 0:05
    အဲဒီမှာ ကျွန်တော်ပါ။
  • 0:05 - 0:10
    ဖွင့်ထားတဲ့ ဘားတစ်ခုနဲ့အတူ မင်္ဂလာ
    ဧည့်ခံပွဲတစ်ခုမှာ သတို့သားအရံတစ်ဦးပါ။
  • 0:10 - 0:12
    သောက်စရာများလွန်းတဲ့အခါ
 လူအမျိုးမျိုးက
  • 0:12 - 0:13
    နည်းအမျိုးမျိုးနဲ့ တုံ့ပြန်ခဲ့ကြတယ်။
  • 0:13 - 0:16
    ခေါင်ဝိုင်းနားမှာ ထိုင်နေတဲ့
    သတို့သားအရံဖြစ်တဲ့ ကျွန်တော်က
  • 0:16 - 0:19
    ကိုယ့်ဘာသာ အတွေးနယ်ချဲ့ပုံစံပေါ့။
  • 0:19 - 0:21
    ပစ်ပယ်ခံရမှု နှိပ်စက်မှုတွေ ပါဝင်တဲ့
  • 0:21 - 0:24
    သူ့ဇာတ်လမ်းနဲ့ သူ ဘုရားမဲ့ဝါဒီတစ်ဦး
    ဖြစ်လာပုံအကြောင်း
  • 0:24 - 0:26
    ကျွန်တော့ကို သူပြောပြတယ်။
  • 0:26 - 0:32
    ဒီနောက် ကျွန်တော့ကို မေးတာက "လူတစ်ယောက်ဟာ
    ဘုရားရှိတယ်ဆိုတာ ဘယ်လို ယုံကြည်နိုင်လဲ။"
  • 0:33 - 0:36
    ခင်ဗျား ကြုံတွေ့ခဲ့ရတာကို
    ကြားရတာ ကျုပ် စိတ်မကောင်းဘူး။
  • 0:36 - 0:40
    သံသယတွေရှိနေတဲ့ ခင်ဗျားကို
    အပြစ်မတင်ပါဘူး။
  • 0:40 - 0:43
    လောလောဆယ် ခင်ဗျားအတွက်
    အဖြေတစ်ခု ကျုပ်မှာ မရှိပေမဲ့
  • 0:43 - 0:46
    ကျုပ်မှာ မေးခွန်းတစ်ခုနဲ့
    ဖိတ်ကြားချက်တစ်ခုတော့ ရှိတယ်။
  • 0:47 - 0:48
    ကျွန်တော့ မေးခွန်းက
  • 0:50 - 0:52
    စိတ်ကူးသက်သက်ပေါ့ဗျာ၊ ခင်ဗျားရဲ့
    မေးခွန်းအားလုံးမှာ
  • 0:52 - 0:57
    ဘုရားကို မယုံတာထက် ယုံကြည်ဖို့ အကြောင်း
    အရင်းတွေကို ပေးထားတဲ့အဖြေတွေရှိခဲ့ရင်
  • 0:58 - 1:00
    ခင်ဗျား ဘာလုပ်မလဲ။"
  • 1:01 - 1:04
    ဒီတော့ သူက "ဟိုး၊
    ဒါတော့ ကျုပ် မျှော်လင့်မနေဘူးဗျ။
  • 1:05 - 1:07
    ကျုပ် စဉ်းစားမယ်လေ။
  • 1:07 - 1:09
    ခင်ဗျားရဲ့ ဖိတ်ကြားချက်က ဘာလဲ။"
  • 1:09 - 1:11
    ကျွန်တော်က "ကျုပ်ရဲ့ ဖိတ်ကြားချက်က
    နှစ်ပိုင်းရှိတယ်။
  • 1:11 - 1:13
    ပထမက ခင်ဗျားရဲ့ မေးခွန်းတွေအကြောင်း
  • 1:13 - 1:17
    အနာဂတ် စူစမ်းမှုတစ်ခုမှာ
    ကျုပ်နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်တယ်။
  • 1:17 - 1:19
    ဒုတိယက တစ်ချိန်တည်းမှာပဲ
  • 1:19 - 1:23
    မယုံကြည်သူရဲ့ ဆုတောင်းကို
    ဆုတောင်းဖို့ ဖိတ်ခေါ်ချင်တာပါ။
  • 1:24 - 1:26
    ဘုရားသခင် သင်ရှိတယ်ဆိုရင်
  • 1:26 - 1:31
    သင့်ကို့ ရှာတွေ့ဖို့ ဘာဖြစ်ဖြစ်
    အကျွန်ုပ်ကို ကူညီပေးနိုင်မလား။
  • 1:31 - 1:36
    ဒါကို သူပြန်ဖြေတာက
    "ဒါကိုလည်း ကျုပ် မျှော်လင့်မနေဘူးဗျ။
  • 1:36 - 1:38
    ကျွန်တော် စဉ်းစားပါ့မယ်။"
  • 1:38 - 1:41
    အဲ့ဒီနေ့က အကြီးကြီးတစ်ခု
    သင်ယူလိုက်ရပြီး
  • 1:41 - 1:43
    ဆိုလိုတာက ဘယ်တော့မှ ဒေါ်လာ
    တစ်သန်းတန် မေးခွန်းကို
  • 1:43 - 1:46
    ဆယ်ပြားတန် အဖြေမပေးဖို့ပါ။
  • 1:46 - 1:50
    အထူးသဖြင့် ဖွင့်ထားတဲ့ ဘာတစ်ခုနဲ့
    မင်္ဂလာ ဧည့်ခံပွဲတစ်ခုမှာ
  • 1:50 - 1:53
    သတို့သားအတွက် ဘောင်းဘီသိုင်းကြိုး
    မြှောက်ပေးဖို့အချိန်ပါ။
  • 1:53 - 1:56
    ဒီလို စကားပြာဆိုမှုတွေက
    ကျွန်တော်နဲ့ မတူညီတဲ့ ယုံကြည်မှုတွေ၊
  • 1:56 - 1:58
    နောက်ခံအကြောင်းတွေ
    ရှိတဲ့ လူတွေနဲ့မိတ်ဖွဲ့ခြင်းနဲ့
  • 1:58 - 2:02
    သင်ယူခြင်းအတွက် ထက်သန်မှုတစ်ခုကို
    ကျွန်တော့ဆီမှာ ဖန်တီးပေးခဲ့တာပါ။
  • 2:02 - 2:04
    ဒီတော့ နှစ်နှစ်တာ အချိန်ကာလမှာ
  • 2:04 - 2:07
    တွေ့ဆုံမေးမြန်းမှု ၅၀ လုပ်ဖို့ စတင်ခဲ့တယ်။
  • 2:07 - 2:10
    တစ်ဦးချင်းစီကို ကော်ဖီဧည့်ခံရင်း
  • 2:10 - 2:12
    သူတို့ကို မေးခွန်း ၂၀ မေးမြန်းရင်း၊
  • 2:12 - 2:16
    တောက်လျှောက် မျဉ်းကြောင်းတစ်ခုသုံးကာ
    သူတို့ရဲ့ ပုံတူတောင် ဆွဲပေးရင်းပေါ့။
  • 2:17 - 2:20
    သိလိုစိတ်ပြင်းတဲ့ တွေ့ဆုံမေးမြန်းမှု
    အစဉ်အတန်းတစ်ခုအဖြစ် စတင်ခဲ့တာက
  • 2:21 - 2:26
    မကြာခင်မှာ မျှော်လင့်မထားတဲ့
    စွန့်စားမှုတွေနဲ့ မျှော်လင့်မထားတဲ့
  • 2:26 - 2:30
    ရှာဖွေတွေ့ရှိမှုတွေဖြစ်သွားတယ်။
  • 2:30 - 2:31
    တရုတ်ပြည်က ဘုရားမဲ့ဝါဒီ မိတ်ဆွေနဲ့
  • 2:31 - 2:38
    ဆော်ဒီ အာရေးဗီးယာက မွတ်စလင် မိတ်ဆွေကို
    ကျွန်တော်တို့အခေါ် မီးပုံပတ်လည်က "smores"
  • 2:38 - 2:41
    (သို့) သူတို့ကို အိမ်မှာဖိတ်ပြီး
    ကျေးဇူးတော်နေ့ ညစာ ကျွေးတာကို
  • 2:41 - 2:44
    မိတ်ဆက်ပေးခွင့်ရဖို့ကို
    မမျှော်လင့်ခဲ့ဘူး။
  • 2:45 - 2:48
    ကောလိပ်ကျောင်းသားတွေကို
    အတန်းတင်စာမေးပွဲတွေအတွင်း
  • 2:48 - 2:50
    ဂျူးဓမ္မဆရာတစ်ဦး၊ မွတ်ဆလင်
    ပါမောက္ခတစ်ဦးနဲ့အတူ
  • 2:50 - 2:55
    သန်းကောင်ယံမှာ ကိတ်မုန့်နဲ့
    ဧည့်ခံဖို့ မမျှော်လင့်ခဲ့ဘူး။
  • 2:55 - 3:01
    (သို့) ကင်္ခါဝါဒီ မိတ်ဆငွေနဲ့အတူ
    ဟွန်ဒူးရပ်က ကလေးတွေရဲ့အိမ်တစ်အိမ်မှာ
  • 3:01 - 3:04
    ဧည့်ခံပြီး စေတနာ့ဝန်ထမ်းလုပ်ခွင့်ပေါ့။
  • 3:04 - 3:06
    အထူးသဖြင့် သူအဖေ ကွယ်လွန်သွားတဲ့အခါ
  • 3:06 - 3:10
    ကျွန်တော်တို့ လေယာဉ် ထွက်ခွာဖို့
    မစီစဉ်ရခင် ညကပေါ့။
  • 3:11 - 3:13
    ပြီးတော့ ပိုတောင် အလေးအနက် ဂရုပြုမှုမှာ
  • 3:13 - 3:17
    ကိုယ့်ကိုယ်ကိုယ်သတ်သေတာကို အခု အာရုံ
    ပြုနေတဲ့
  • 3:17 - 3:19
    ကျွန်တော် တွေ့ဆုံ မေးမြန်းခဲ့တဲ့
    ကျောင်းသူတစ်ဦးဆီက
  • 3:19 - 3:22
    မနက် ၃ နာရီမှာ ဖုန်းခေါ်ခံ
    ရဖို့ မမျှော်လင့်ခဲ့ဘူး။
  • 3:22 - 3:25
    ပထမ ဘာကြောင့် သူခေါ်တာကို မသိပေမဲ့
  • 3:25 - 3:28
    ရဲအရာရှိတချို့ရဲ့ အကူအညီနဲ့
  • 3:29 - 3:34
    သူ့ဖုန်းသုံးပြီး သူရှိရာကို ခြေရာကာ
    သူ့အသက်ကို ကယ်တင်နိုင်ကာ
  • 3:35 - 3:37
    သူလိုအပ်နေခဲ့တဲ့ အကူအညီကို ရရှိစေခဲ့တယ်။
  • 3:37 - 3:41
    ဒါတွေဟာ ကျွန်တော့ရဲ့ မျှော်လင့်မထားတဲ့
    စွန့်စားမှုတချို့လောက်ပါ။
  • 3:41 - 3:45
    အခု ကျွန်တော့ရဲ့ မျှော်လင့်မထားတဲ့
    တွေ့ရှိမှုတချို့ကို မျှဝေချင်ပါတယ်။
  • 3:45 - 3:46
    တွေဆုံမေးခွန်းတစ်ခုက
  • 3:46 - 3:52
    "သဘောအားဖြင့်၊ ဘုရားသခင်နဲ့
    ကောင်းကင်ဘုံဟာ တကယ်ရှိရင်
  • 3:52 - 3:54
    ဘုရားသခင်က သင့်ကို ကောင်းကင်ဘုံမှာ
  • 3:54 - 3:59
    လက်ခံ၊ လက်မခံဆိုတာကို ဘယ်အကြောင်းရင်းကို
    မူတည်ပြီး သင်ယုံကြည်လဲ။
  • 3:59 - 4:01
    ဒီလိုမေးခွန်းမှာ လူတွေ တွန့်ဆုတ်ကြမယ်လို့
  • 4:01 - 4:03
    သင် မျှော်လင့်နိုင်လောက်တယ်။
  • 4:03 - 4:05
    (သို့) သင်တို့ ဖြစ်ခဲ့လောက်တယ်။
  • 4:05 - 4:08
    ဒါပေမဲ့ ကျွန်တော်က မေးခွန်းတွေ
    မေးနေတာသာဖြစ်ပြီး
  • 4:08 - 4:10
    ထင်မြင်ချက်တွေကို မျှဝေတာမဟုတ်
    တာကို သိတော့
  • 4:10 - 4:12
    သူတို့ဟာ ဖွင့်ဟဖို့ သွက်နေကြတယ်။
  • 4:12 - 4:17
    ပထမဆုံးအနေနဲ့ အတော်များများက
    သူတို့ရဲ့ယုံကြည်မှုတွေကို ထုတ်ဖော်ပြောတယ်။
  • 4:17 - 4:19
    ဒီမှာတော့ သူတို့ ပြောခဲ့တာတချို့ပါ။
  • 4:19 - 4:21
    "ကျွန်တော့ဘဝကို လူကောင်းတစ်ယောက်
  • 4:21 - 4:25
    ဖြစ်ခြင်းနဲ့ ဘုရားသခင်ရဲ့ လက်ခံမှုကို
    ရရှိဖို့ လိုတယ်လို့ တွေးခြင်းက
  • 4:25 - 4:26
    သရုပ်ဖော်ထားတယ်"
  • 4:28 - 4:29
    "သင်လုပ်တာတွေ အတွက် စီရင်ခံရမယ်။
  • 4:29 - 4:32
    မကောင်းမှုတွေက ပိုများရင်
    သင်ဟာ လက်ဝဲရောက်မယ်။
  • 4:32 - 4:35
    ကောင်းတာတွက ပိုများရင်
    သင်ဟာ လက်ယာဘက် ရောက်မယ်။"
  • 4:36 - 4:38
    "ပညတ်တော် ဆယ်ပါးကို
    လိုက်နာဖို့ သင်ကြိုးစားရင်
  • 4:38 - 4:42
    သင့်မှာ အခွင့်အရေးနည်းနည်း ရှိလိမ့်မယ်။"
  • 4:43 - 4:46
    "ကျွန်တော့အတွက် အဓိက အခြေခံကတော့
    ကျွန်တော် ကြိုးစားခဲ့တာပါ။
  • 4:46 - 4:52
    တတ်နိုင်သမျှ သိက္ခာရှိရှိ၊ ကျင့်ဝတ်ရှိရှိ
    ရှင်သန်ဖို့ ကြိုးစားနေတာပါ။"
  • 4:53 - 4:55
    "အားထုတ်မှု ခြားနားမှု ဖန်တီးသူပါ။
  • 4:55 - 4:56
    ဂရုမစိုက်သူတွေနဲ့
  • 4:56 - 5:01
    ကြိုးစားသူကြားမှာ ကွာခြားချက်ကြီး
    တစ်ခုရှိတယ်။"
  • 5:02 - 5:06
    "သင့်ယုံကြည်မှုတွေထက် လုပ်ရပ်တွေပေါ်မှာ
    အခြေခံလိမ့်မယ်လို့
  • 5:06 - 5:08
    ကျွန်တော် တွေးထင်ချင်တယ်။
  • 5:09 - 5:12
    "ဘုရားသခင်က ကျုပ်ကို
    ကောင်ကင်ဘုံမှာ လက်ခံချင်မှ လက်ခံမှာ။
  • 5:12 - 5:14
    ဘာဘို့ဆိုတော့ ကျုပ်က မကောင်းတာတွေ
    လုပ်ထားလို့ပါ။"
  • 5:16 - 5:20
    ပြီးတော့ "ကျုပ်တော့ ဘယ်မှာ ခွဲခြား
    သတ်မှတ်ရမယ်ဆိုတာ မသိဘူး။"
  • 5:20 - 5:23
    တွေ့ဆုံမေးမြန်းခဲ့တဲ့ လူတွေဆီမှာ
    ဒီလို စုံလင်မှုရှိပေမဲ့
  • 5:23 - 5:27
    နောက်ဘဝနဲ့ပတ်သက်ပြီး လွှမ်းနေတဲ့
    အများဆန္ဒတစ်ခုကိုတွေ့ရှိခဲ့တာပါ။
  • 5:27 - 5:33
    တကယ်တမ်းက ဘုရားမဲ့ဝါဒီအများအပြားတောင်
    ယုံကြည်ကြတာက ဘုရားသာရှိတယ်ဆိုရင်
  • 5:33 - 5:39
    ကောင်းကင်ဘုံမှာ လက်ခံမှုဆိုတာက
    ကမ္ဘာမြေမှာ လုပ်ဆောင်မှုအပေါ် မူတည်တာပါ။
  • 5:40 - 5:43
    လူတွေက ကျွန်တော့ကို ဒီလိုပြောတဲ့ အခါ
    အမြဲ မောင်းထုတ်ခံခဲ့တယ်။
  • 5:43 - 5:47
    "ဒါက ကျွန်တော် ကြားဖူးတဲ့ စကားဝိုင်း
    တွေထဲက အကောင်းဆုံးတစ်ခုပါ။"
  • 5:47 - 5:51
    အကြောင်းက စကားဝိုင်းမှာ
    ကျွန်တော့ တကယ့်ကို မပါဝင်ခဲ့လို့ပါ။
  • 5:51 - 5:52
    တွေးမိတာက "ဟေ့လူ၊
  • 5:52 - 5:55
    ကျုပ်က ဒီတစ်ဖက်သတ် စကားဝိုင်းတွေနဲ့
    ဒီမှာ တစ်ခုခု ပါဝင်လောက်တယ်။
  • 5:55 - 5:57
    ဒါနဲ့ အိမ်ပြန်ပြီး
    ကျွန်တော့ဇနီးဆီမှာ စမ်းကြည့်ပေမဲ့
  • 5:57 - 6:00
    အလားတူ ရလဒ် ထွက်မလာခဲ့ဘူး။
  • 6:01 - 6:03
    နောက်ထပ် ကျွန်တော် မမျှော်လင့်ခဲ့တာက
  • 6:03 - 6:08
    တွေ့ဆုံမေးမြန်းခဲ့တဲ့ လူ ၅၀% ကျော်ဟာ
  • 6:08 - 6:10
    ထပ်ပြီး တွေဆုံချင်ကြတယ်ဆိုတာပါ။
  • 6:10 - 6:12
    အခမဲ့ နို့ကော်ဖီအတွက်ပဲ မဟုတ်ဘူး။
  • 6:12 - 6:16
    သူတို့အတော်များများက တကယ်ပဲ
    ကျွန်တော့ကို တွေ့ဆုံမေးမြန်းချင်တာပါ။
  • 6:16 - 6:20
    ကျွန်တော် ကြားရတဲ့ အမေး
    အများဆုံး မေးခွန်းနှစ်ခုက
  • 6:20 - 6:25
    တစ်။ ဘုရားသခင်ဆီေရောက်တဲ့
    လမ်းကြောင်းအာလုံးကို သင် ယုံကြည်လား။
  • 6:25 - 6:28
    နှစ်က ယေရှုကို ကိုးကားမှုတစ်ခုနဲ့ပါ
  • 6:28 - 6:33
    "လူတစ်ဦးရဲ့ သေဆုံးမှုက နောက်တစ်ဦးရဲ့
    ခွင့်လွှတ်မှုကို ဘယ်လို ဖြစ်စေနိုင်တာလဲ။"
  • 6:34 - 6:37
    ဒီတော့ သူတို့နဲ့ မျှဝေခဲ့တဲ့ သာဓကနှစ်ခုကို
    သင်တို့နဲ့ မျှဝေချင်ပြီး
  • 6:37 - 6:44
    ဒါတွေက ကျွန်တော့ရဲ့ အကြီးဆုံး၊မျှော်လင့်
    မထားဆုံး တွေရှိမှုတွေဖြစ်ပေါ်စေခဲ့ပုံပါ။
  • 6:44 - 6:47
    ဒီတော့ ပထမ သာဓကက
    "တောင် သဘောတရား"လို့ ကျွန်တော် ခေါ်တာပါ။
  • 6:47 - 6:50
    ကဲ ဒါက 'They Like Jesus
    But Not The Church လို့ ခေါ်တဲ့
  • 6:50 - 6:54
    Dan Kimball ရဲ့ စာအုပ်တစ်အုပ်ကနေ
    လိုက်ဖက်အောင် ပြင်ဆင်ထားတာပါ။
  • 6:54 - 7:00
    လမ်းအားလုံးဟာ ဘုရားသခင်ဆီ ဦးတည်တယ်လို့
    တောင် သဘောတရားက ဆိုတယ်။
  • 7:00 - 7:03
    ကဲ ကမ္ဘာ အဓိက ဘာသာကြီးတွေကို
    အခြေခံ အဆင့်မှာ
  • 7:03 - 7:04
    သင် ကြည့်တဲ့အခါ
  • 7:04 - 7:08
    ထင်ရှားတဲ့ တူညီမှုနှစ်ခုကို
    သင် တွေ့ရတယ်။
  • 7:08 - 7:09
    နံပါတ် တစ်။
  • 7:09 - 7:14
    အားလုံး အတော်လေး သဘောတူတာက သိက္ခာရှိတဲ့
    ဘဝကို နေထိုင်တာက ငြိမ်းချမ်းမှုဖြစ်စေတယ်
  • 7:15 - 7:16
    နံပါတ် နှစ်က
  • 7:16 - 7:20
    မစောင့်စည်းတဲ့ ဘဝတစ်ခုကို နေထိုင်ခြင်းက
    ပရမ်းပတာ ဖြစ်စေတယ်။
  • 7:21 - 7:24
    ဒါပေမဲ့ ဘာသာတရားအများစုမှာ ဒီတူညီမှု
    နှစ်ခု ရှိကြတယ်ဆိုပေမဲ့
  • 7:24 - 7:29
    ထင်ရှားတဲ့ ကွဲပြားမှု နှစ်ခု ရှိသေးတယ်။
  • 7:29 - 7:30
    ပထမ ကွဲပြားမှုက
  • 7:30 - 7:36
    ဘာသာတရားတွေဟာ မတူညီတဲ့
    တောင်ထိပ်တွေဆီ ဦးတည်စေတယ်။
  • 7:36 - 7:39
    ဗုဒ္ဓဝါဒက "ဘုရား မဟုတ်"ကို ဦးတည်တယ်။
  • 7:39 - 7:43
    ခေတ်သစ်ဝါဒ လမ်းကြောင်းက
    "အရာရာဟာ ဘုရားသခင်"ထံကို ဦးတည်တယ်။
  • 7:44 - 7:47
    ဟိန္ဒူ လမ်းကြောင်းက "ဘုရား အများကြီး"
    ထံသို့ ဦးတည်တယ်။
  • 7:48 - 7:51
    ဂျုး လမ်းက "တိုယာကျမ်းမှ
    ဘုရားတစ်ပါး"ဆီကို ဦးတည်တယ်။
  • 7:51 - 7:53
    မွတ်ဆလင် လမ်းက "မိုဟာမက်မှ
    ဘုရားတစ်ပါး"ဆီကို ဦးတည်တယ်။
  • 7:53 - 7:57
    ခရစ်ယာန် လမ်းကြောင်းက "ယေရှုမှလာတဲ့
    ဘုရားတစ်ပါး" ကို ဦတည်တယ်။
  • 7:57 - 7:59
    အခု ဒုတိယ ကွဲပြားမှုက
  • 7:59 - 8:06
    ဘာသာတရားတွေက ပရမ်းပတာမှ ငြိမ်းချမ်းမှုကို
    ပြန်ထိန်းတဲ့ လမ်းမျိုးစုံကို ပြဆိုတယ်။
  • 8:06 - 8:11
    ခရစ်ယာန်ဘာသာကလွဲပြီး အဓိကကမ္ဘာ
    ဘာသာအားလုံးက ယုံကြည်တာက
  • 8:11 - 8:17
    ထာဝရ ငြိမ်းချမ်းမှုကို ကျွန်ုပ်တို့ရဲ့
    ကောင်းမှုတွေကို အခြေခံကာ ရယူတယ်တဲ့။
  • 8:17 - 8:20
    ခရစ်ယာန်ဘာသာ ယုံကြည်တာက
    ထာဝရ ငြိမ်းချမ်းမှုကို
  • 8:20 - 8:23
    ယေရှုရဲ့ ကောင်းမှုတွေကို
    အခြေခံကာ ရယူတယ်တဲ့။
  • 8:23 - 8:26
    ကဲ ဒုတိယ မေးခွန်းကို တုံ့ပြန်ရာမှာ
  • 8:26 - 8:30
    "လူတစ်ဦးသေဆုံးမှုက နောက်တစ်ဦးရဲ့
    ခွင့်လွှတ်မှုကို ဘယ်လို ဖြစ်စေနိုင်လဲ။"
  • 8:30 - 8:32
    ကျွန်တော့ အခေါ် "ပိုးဟပ် သာဓက"
    ကို မျှဝေတယ်။
  • 8:32 - 8:36
    ကဲ လူအများစုက သူတို့အိမ်မှာ
    ပိုးဟပ်တွေကို အလိုမရှိကြပေမဲ့
  • 8:36 - 8:39
    သင်ဘယ်လိုပဲ ရှင်းပစ်ဖို့ ဆုံးဖြတ်ဆုံးဖြတ်
  • 8:39 - 8:42
    ဒီလို လုပ်တာအတွက် တရားရုံးမှာ
    ပြစ်ဒဏ်မရှိဘူး။
  • 8:42 - 8:44
    ပေးစရာ အကြွေးမရှိဘူးလေ။
  • 8:44 - 8:48
    ဒါပေမဲ့ လူတစ်ယောက်ကို သတ်ဖို့
    (သို့) ထိပါးဖို့ လုပ်မယ်ဆိုရင်တော့
  • 8:49 - 8:52
    ပြစ်ဒဏ်က အတော်ကြီး ပိုကြီးမားလိမ့်မယ်။
  • 8:52 - 8:54
    တရားရုံးတစ်ခုမှာ
  • 8:54 - 8:58
    လူတစ်ဦးဟာ ပိုဟပ်တစ်ကောင်ထက်
    ပိုပြီး အဖိုးတန်တယ်။
  • 8:59 - 9:00
    ဒီတော့ ပြစ်ဒဏ်က
  • 9:00 - 9:02
    ကျူးလွန်ခံရသူရဲ့
    တန်ဖိုးအတိုင်း တိုးသွားရင်
  • 9:02 - 9:08
    အကန့်အသတ်မဲ့ ဘုရားတစ်ပါးကို
    ကျုးလွန်တာအတွက် ပြစ်ဒဏ်က ဘာများဖြစ်မလဲ။
  • 9:08 - 9:10
    ဒါဟာ အကန့်အသတ်မဲ့ ပြစ်ဒဏ်ဖြစ်လိမ့်မယ်။
  • 9:10 - 9:14
    ကျွန်ပ်တို့ ဘယ်သူမှာ ပြန်ပေးဆပ်လို့
    မရနိင်အောင် ကြီးမားတဲ့ အကြွေးတစ်ခုပါ။
  • 9:14 - 9:19
    ကဲ ဒီသာဓကက ဘုရားက လူတွေကို ပိုးကောင်
    လေးတွေအဖြစ် ရှုမြင်တယ်လို့ မဆိုလိုပါဘူး။
  • 9:19 - 9:25
    ဆန့်ကျင်ဘက်အဖြစ် ဘုရားသခင်ဟာ လူတွေကို
    ကယ်တင်ဖို့ သူ့သားတော်ကို စေလွတ်ရလောက်အောင်
  • 9:25 - 9:28
    ကျွန်ုပ်တို့ကို တန်ဖိုးထားတယ်လို့
    ခရစ်ယာန်ဘာသာက ဆိုတယ်။
  • 9:28 - 9:30
    ဒါပေမဲ့ ဒါဟာ အမှန်ဆိုရင်
  • 9:30 - 9:37
    ကျွန်တော်တို့ ဒီအကြွေးကို မဆပ်နိုင်ဘူး၊
    ဘုရားသခင်နဲ့ မိမိကိုယ်ကိုယ် သဟဇာတဖြစ်အောင်
  • 9:37 - 9:41
    မလုပ်နိုင်တာ မှန်ရင် ကိုယ်တိုင်အကြွေးမရှိ၊
  • 9:41 - 9:44
    ဘုရားနဲ့ သဟဇာတဖြစ်ပြီးသား၊
  • 9:44 - 9:48
    ကျွန်တော််တို့အကြွေးကို ဆပ်ဖို့ ဘုရားရဲ့
    တန်ဖိုးနဲ့ တူမျှသူ တစ်ဦးတော့ လိုလိမ့်မယ်။
  • 9:49 - 9:53
    ဒါ ခရစ်ယာန်ဘာသာက အခိုင်အမာဆိုတဲ့
    ယေရှုဟာ သူ့သေခြင်းနဲ့
  • 9:53 - 9:57
    ပြန်လည်ထမြောက်ခြင်းကနေ
    ပြီးမြောက်ခဲ့တယ်ဆိုတာ အတိအကျပါ။
  • 9:57 - 9:58
    ကဲ သာဓက တစ်ခုနှစ်ခုက
  • 9:58 - 10:01
    လူတွေအများအပြားကို
    "ပထမဆုံး အကြိမ်အနေနဲ့
  • 10:01 - 10:06
    ယေရှုကို နားလည်လိုက်တယ်"လို့
    ပြောဖို့ ကျွန်တော် မမျှော်လင့်ပါဘူး။
  • 10:06 - 10:10
    အထူးသဖြင့် ဒါကို ပြောကြတဲ့
    လူအတော်များများဟာ
  • 10:10 - 10:14
    ခရစ်ယာန်ဖြစ်ခဲ့(သို့) ဖြစ်ပြီးတာကြောင့်ပါ။
  • 10:16 - 10:19
    ဒီအချက်မှာ ကျွန်တော် သိဖို့
    စိတ်ဝင်စားတာက
  • 10:19 - 10:24
    အကန့်အသတ်ရှိတဲ့ လေ့လာမှုတွေကို တစ်နိုင်ငံ
    လုံး လေ့လာမှုနဲ့ အတည်ပြုနိုင်တာမဟုတ်ဘူး။
  • 10:24 - 10:29
    ဒါက ၂၀၁၉ မှာ Barna Group ကို
    တွေ့ပြီး ဒီအဆိုပြချက်ကို
  • 10:29 - 10:33
    သူတို့တွေးမိတာကို အမေရိကန်
    ခရစ်ယာန်တွေကို မေးတဲ့အခါပါ။
  • 10:34 - 10:35
    "လူတစ်ယောက်ဟာ ယေဘုယျ ကောင်းတယ်
  • 10:35 - 10:38
    (သို့) ဘဝမှာ အခြားသူတွေအတွက်
    အလုံအလောက်ကောင်းတာ လုပ်ရင်
  • 10:38 - 10:40
    သူတို့ဟာ ကောင်းကင်ဘုံမှာ နေရာတစ်ခု ရမလား။"
  • 10:40 - 10:42
    ကဲ ကျွန်တော် တအံ့တဩ သိလိုက်ရတာက
  • 10:42 - 10:47
    ခရစ်ယာန် ၂၁% က ဒီအဆိုပြုချက်ကို
    အတော်လေး သဘောတူကြပြီး
  • 10:47 - 10:51
    အခြား ၂၃% က အခိုင်အမာ
    သဘောတူကြတာကိုပါ။
  • 10:51 - 10:53
    ကျွန်တော် စိတ်ရှုပ်သွားတာက
  • 10:53 - 10:55
    တွေ့ဆုံမေးမြန်းမှုတွေမှာ
    လူတွေကို "ယေရှုလို့
  • 10:55 - 10:58
    တွေးမိတဲ့အခါ စိတ်ထဲမှာ
    ဘာဖြစ်ပေါ်လာလဲ" လို့မေးတဲ့အခါ
  • 10:58 - 11:01
    ခရစ်ယာန်ဘာသာက သွန်သင်ခံရတဲ့
    လူတိုင်းက သူ့အကြောင်းအကုန်ပြောနိုင်တယ်။
  • 11:01 - 11:05
    အပျိုစင်ကနေ မွေးတဲ့ ပြာဋိဟာတွေပြသူ၊
    ဟောကိန်းတွေကို ဖြည့်ဆည်းပေသူ။
  • 11:05 - 11:08
    သူတို့ဟာ ခရစ္စမတ်နဲ့ အီစကာပွဲတော်
    အကြောင်းသိပေမဲ့
  • 11:08 - 11:10
    ဒီလူတွေကိုပဲ "ဘုရားသခင်က သင့်ကို
  • 11:10 - 11:14
    ကောင်းကင်ဘုံမှာ လက်ခံမယ်လို့
    ဘာကို အခြေခံကာ ယုံကြည်တာလဲ" ဆိုတော့
  • 11:14 - 11:19
    အများစုက ယေရှုကိုတောင် လုံးဝ
    ထည့်သွင်းမပြောကြဘူး။
  • 11:19 - 11:20
    အဲဒီအချိန်ကတည်းက
  • 11:20 - 11:23
    ခရစ်ယာန်ဘာသာဝင် ၁၀၀၀ ကို
    အလားတူမေးခွန်း မေးခဲ့လောက်ပြီး
  • 11:23 - 11:28
    ပျက်ကွက်သူ မရှိသလောက်ပဲ
    ၈၀% က သူတို့ရဲ့ ကောင်းတဲ့ လုပ်ရပ်တွေကို
  • 11:28 - 11:32
    ယေရှုအစား ဘုရားသခင်ရဲ့ လက်ခံမှုအတွက်
    အခြေခံအဖြစ် မေတ္တာရပ်ကြတယ်။
  • 11:33 - 11:36
    ဒီမှာ အစီအစဉ်မကျမှုက
    ဘယ်မှာလဲလို့ တွေးမိတယ်။
  • 11:36 - 11:38
    ဒါနဲ့ ကျွန်တော် နောက်ကြောင်ပြန်ကာ
  • 11:38 - 11:42
    တွေ့ဆုံမေးမြန်းမှုတွေက စာမူ ၅၀ လုံးကို
    သဲလွန်စရှာကာ
  • 11:42 - 11:43
    ပြန်ဖတ်ခဲ့တယ်။
  • 11:43 - 11:47
    ဒါတွေကတော့ ကျွန်တော့ဆီမှာ ထင်းလာတဲ့
    အဆိုပြုချက်တစ်ချို့ပါ။
  • 11:47 - 11:48
    "သင်က​ြားခဲ့တာက
  • 11:48 - 11:51
    ယေရှုဟာ လျော်ညီအောင် နေထိုင်သင့်တဲ့
    စံတစ်ခုဖြစ်ဖို့ လာခဲ့တယ်၊
  • 11:51 - 11:53
    လူတွှေဟာ ဒီနည်းနဲ့အကဲဖြတ်ခံရတယ်လို့ပါ။
  • 11:53 - 11:57
    သူ့ရဲ့အထူးတာဝန်က လူသားတစ်ဦးရဲ့
    ခြောက်ပစ်ကင်း စံပြဖြစ်ဖို့ပါ။
  • 11:57 - 12:01
    သူ သင်ပေးချင်တာက အားလုံး သူ့လိုသာဆို
    လောကကြီး ဘယ်လိုများဖြစ်လိမ့်မလဲဆိုတာပါ။"
  • 12:01 - 12:05
    "ကောင်းကင်ဘုံဟာ ယေရှ သင်ကြားပေးတဲ့
    ကိုယ်ကျင့် စည်းမျဉ်းကို အခြေခံလိမ့်မယ်။
  • 12:05 - 12:08
    ဒီစည်းမျဉ်းတွေ ချိုးဖောက်ပြီး
    နောင်တ မရဘူးဆိုရင်
  • 12:08 - 12:10
    သင်ဟာ ကောင်းကင်ဘုံကို ဝင်ခွင်ရမှာ
    မဟုတ်လို့ ကျုပ်ယူဆတယ်။"
  • 12:10 - 12:13
    "သင်ဟာ တစ်စုံတစ်ယောက်ကို
    ကိုးကွယ်(သို့) သူ့လိုနေဖို့
  • 12:13 - 12:17
    ဦးထိပ်တင်ထားမယ်ဆိုရင်
    ဒီလူဟာ ယေရှုပဲဖြစ်လိမ့်မယ်။
  • 12:17 - 12:19
    ကန်းနေသူတွေကို သူတို့ရဲ့ ယုံကြည်မှုတွေကို
  • 12:20 - 12:22
    သိမြင်စေဖို့၊ ကိုယ်တိုင် ပြင်ဆင်ပြီး
  • 12:22 - 12:27
    ဘုရားသခင်ရဲ့ ထောက်ခံမှုဆီ
    ပြန်လာစေဖို့ သူလာခဲ့တယ်။"
  • 12:28 - 12:32
    "ယေရှုဟာ စံပြတစ်ဦးလို့ ကျုပ်ထင်တယ်။"
  • 12:33 - 12:34
    အဲဒါတွေပါ။
  • 12:34 - 12:37
    အားလုံးထဲမှာ ကျွန်တော့ရဲ့ အကြီးမားဆုံး၊
    မမျှော်လင့်ဆုံး တွေ့ရှိမှုက
  • 12:37 - 12:41
    ယေရှုနဲ့ပတ်သက်ပြီး စံပြတစ်ဦးအဖြစ်
    နားလည်မှုလွဲတာတစ်ခုပါ။
  • 12:41 - 12:42
    ကဲ အထင်မမှားနဲ့ဦး။
  • 12:42 - 12:45
    သူ့နမူနာတွေ၊သူ့အဆုံးအမ
    တွေကို လိုက်နာခြင်းနဲ့
  • 12:45 - 12:48
    ကျွန်တော်တို့ဘဝတွေ ပြောင်းလဲနိင်ပုံ
    အကြောင်း ပြောနေတာဆိုရင်
  • 12:48 - 12:53
    ဒီအခြေအနေမှာ
    ယေရှုက စံပြတစ်ယောက်ပါ။
  • 12:53 - 12:58
    ဒါပေမဲ့ ဘုရားသခင်ထံမှ ခွင့်လွတ်မှု
    ရနိင်ပုံနဲ့ ထာဝရအသက်အကြောင်း
  • 12:58 - 13:00
    ပြောနေတာဆိုရင်
  • 13:00 - 13:06
    ဒီအခြေအနေမှာ ယေရှုဟာ
    စံပြတစ်ယောက်မဟုတ်ဘူး။
  • 13:06 - 13:12
    ခရစ်ယာန်ဘာသာက အခိုင်အမာဆိုတာက
    ယေရှုဟာ လူတွေရဲ့ ကောင်းမှုတွေကို အခြေခံတဲ့
  • 13:12 - 13:14
    ကောင်းကင်ဘုံလမ်းကိုပြသဖို့ မဟုတ်ဘဲ
  • 13:14 - 13:17
    သူ့ကောင်းမှုကို အခြေခံတဲ့ ကောင်းကင်ဘုံ
    လမ်း ဖြစ်ဖို့ပါ။
  • 13:17 - 13:21
    ခရစ်ယာန်ဘာသာက အခိုင်အမာဆိုတာက
    ယေရှုဟာ "စံပြ"သာမဟုတ်ဘဲ
  • 13:22 - 13:23
    ကယ်တင်ရှင်ပါ။
  • 13:23 - 13:28
    ဒီတော့ မိမိကိုယ်တိုင်အစား
    သူ့ကို အားကိုးတဲ့ လူဟာ
  • 13:28 - 13:31
    လူကောင်းတစ်ယောက် ဖြစ်လာတယ်လို့
    ဆိုလိုတာပါ။
  • 13:32 - 13:39
    ဒါပေမဲ့ "ခွင့်လွှတ်ပေးဖို့ မဟုတ်ဘူး။
    ခွင့်လွှတ်ခံရတာကြောင့်ပါ။
  • 13:39 - 13:42
    ဒါက အပြစ်နဲ့ အကြောက်တရားကြောင့် မဟုတ်ဘဲ
  • 13:42 - 13:45
    မေတ္တာနဲ့ ကျေးဇူးတရားက နှိုးဆော်တာပါ။
  • 13:45 - 13:48
    ဒီတော့ ဒီနေ့ ကျွန်တော် မျှဝေတဲ့
    ဒီတွေ့ရှိမှုတွေက
  • 13:48 - 13:54
    ခရစ်ယန်ဘာသာအတွက် ကိစ္စတစ်ရပ်
    ကမ်းလှမ်းတာမဟုတ်ဘဲ အခြားသူတွေကို
  • 13:54 - 13:58
    နားလည်ဖို့၊ မိမိကိုယ်ကိုယာ် နားလည်ဖို့
    နဲ့အမှန်တရားတစ်ခုခုကို တွေ့ရှိနိုင်ဖို့
  • 13:58 - 14:01
    မိမိကိုယ်ကိုယ် ဖွင့်လိုက်တဲ့အခါ
    တွေ့ကြုံခံစားနိုင်တဲ့
  • 14:01 - 14:05
    မမျှော်လင့်တဲ့ စွန့်စားမှုတွေ၊
    မမျှော်လင့်တဲ့ တွေ့ရှိမှုတွေအတွက်
  • 14:06 - 14:08
    လေ့လာချက်တစ်ခုကို ကမ်းလှမ်းတာပါ။
  • 14:08 - 14:12
    ဒီတော့ သင်ဟာ မင်္ဂလာဧည့်ခံပွဲတစ်ပွဲ
    (သို့) ကော်ဖီဆိုင်တစ်ဆိုင်မှာဖြစ်ဖြစ်
  • 14:13 - 14:15
    "လောလောဆယ် သင့်အတွက်
  • 14:15 - 14:17
    အဖြေတစ်ခုမရှိပေမဲ့
    ကျွန်တော့မှာ
  • 14:17 - 14:22
    မေးခွန်းတစ်နဲ့ဖိတ်ကြားချက်တစ်ခုတော့
    ရှိတယ်"လို့
 ပြောလို့ ရပါတယ်။
  • 14:23 - 14:29
    ဒါနဲ့ပတ်သက်ပြီး သင့်မိတ်ဆွေ ပြောလောက်တာက
    "အိုး၊ ကျုပ် ဒါကို မျှော်လင့်မထားဘူးဗျ၊
  • 14:29 - 14:31
    ကျုပ် စဉ်းစားမယ်လေ"လို့ပါ။
  • 14:31 - 14:32
    ကျေးဇူးတင်ပါတယ်။
  • 14:33 - 14:36
    (လက်ခုပ်သံများ)
Title:
နေ့စဉ် ကောင်းမှု လုပ်ဆောင်ချက်များထဲတွင် အနှစ်သာရကို ရှာဖွေခြင်း။ B. Tyler Ellis | TEDxWileyCollege
Description:

၁၉၉၉ ခုနှစ်ကတည်းက ဘုန်းတော်ကြီးဘဝကို ရောက်ခဲ့တဲ့ ဆုရ စာရေးဆရာ Mr. Tyler Ellis မှာ လူသား အတွေ့အကြုံနဲ့ပတ်သက်ပြီး သစ်လွင်တဲ့ စိတ်ကူးတစ်ခုရှိပါတယ်။ Tyler ရဲ့အဆိုအရ အသိကြွယ်ပြီး အားလုံးကို ခြုံငုံမိစေတဲ့ လူသား အတွေ့အကြုံအတွက် အဓိကကျတာက အပြင်ပန်း သို့မဟုတ် အပေါ်ယံတစ်ခုခုကို အောင်မြင်ဖို့အတွက်သာ ကောင်းတာလုပ်တာကို စူးစိုက်ခြင်းထက် နေ့စဉ် ကောင်းမှုတွေထဲမှာ အနှစ်သာရကို ရှာတွေ့ခြင်းပါ။ ဒါကြောင့် ကြင်နာမှု၊ မျှဝေခံစားမှုနဲ့ လူတွေကို အကောင်းဆုံးတွေ ဖြစ်ပေါ်စေခြင်းလို့ဆိုတဲ့အခါ ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ အခြားသူတွေအတွက် လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ရှိမှဖြစ်မှာပါ။

ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
14:40

Burmese subtitles

Revisions