Michelle Obama ရဲ့ ပညာရေးစီမံကိန်း
-
0:00 - 0:02ဒါ ကျမရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်
-
0:02 - 0:04သမ္မတကတော်အနေနဲ့ သွားရတဲ့ ကျမရဲ့ ပထမ ခရီးစဉ်ပါ
-
0:04 - 0:06ယုံလားတော့မသိဘူး
-
0:06 - 0:16(လက်ခုတ်တီးသံများ)
-
0:16 - 0:19ယူကေကို ပထမဦးဆုံးအကြိမ် လာလည်မှု မဟုတ်တဲ့အတွက်
-
0:19 - 0:24ကျမ ပထမဆုံး တရားဝင် လာလည်ပတ်မှု ဖြစ်တာကို ဂုဏ်ယူမိပါတယ် လို့ပြောရပါမယ်
-
0:24 - 0:28အမေရိကန်ပြည်ထောင်စု နဲ့ ယူကေတို့ အကြားက အထူးဆက်ဆံမှုတွေဟာ
-
0:28 - 0:33အစိုးရချင်း ဆက်ဆံမှုတွေ အပေါ်မှာသာ အခြေခံတာ မဟုတ်ပဲ
-
0:33 - 0:36တူညီတဲ့ဘာသာစကား နဲ့ တန်ဖိုးထားကြတဲ့ အချက်တွေ တူညီနေခြင်းကိုလည်း အခြေံထားပါတယ်၊
-
0:36 - 0:40ပြီးတော့ ကျမ ဒီနေ့ တစ်နေ့လုံး ရှင်တို့ကို ကြည့်ရှုစဉ်မှာ အဲဒီကို ပြန်ပြောင်း သတိရမိပါတယ်
-
0:40 - 0:44ဒီခရီးစဉ် အတော်အတွင်းမှာ အထူး ဂုဏ်ယူချင်တာကတော့
-
0:44 - 0:47ဗြိတိန်နိုင်ငံထဲက ထင်ရှားကြကာ ရှင်တို့ အားလုံးအတွက် လမ်းကြောင်းကို ခင်းပေးနေကြတဲ့
-
0:47 - 0:50ထူးချွန်ကြတဲ့ အမျိုးသမီးတချို့တို့နဲ့ ုတွေ့ဆုံခဲ့ရတာကိုပါပဲ
-
0:50 - 0:53ပြီးတော့ အခုလို ဗြိတိန်ရဲ့ အနာဂတ် ခေါင်းဆောင်တွေ ကမ္ဘာ့ခေါင်းဆောင်တွေ ဖြစ်လာမဲ့သူတွေကို
-
0:53 - 0:59တွေ့ဆုံရတာကိုလည်း ဂုက်ယူပါတယ်
-
0:59 - 1:04ကျမတို့ရဲ့ ဘ၀ အခြေအနေတွေဟာ အတော်ကလေး ကွာဟနေတယ်လို့ ထင်စရာ ရှိပေမဲ့
-
1:04 - 1:08အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာ ရပ်နေတဲ့ ကျမ နဲ့
-
1:08 - 1:12မင်းတို့တွေ အားလုံး၊ ကျောင်းပြီးခါစ လူငယ်တွေ အကြားမှာ၊
-
1:12 - 1:16တူတဲ့ အချက်တွေ တော်တော်များများ ရှိနေတာကို မင်းတို့ကို ပြောချင်ပါတယ်။
-
1:16 - 1:20ကျမရဲ့ အတိတ်ကာလ ဘဝတစ်လျှောက်လုံးမှာ
-
1:20 - 1:22အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာလာပြီး ရပ်ဖြစ်မယ်ဆိုတာကို
-
1:22 - 1:25ကျမအား တင်ကြိုပြီး ဗျာဒိတ်ပေးနိုင်ခဲ့တာ ဆိုလို့
-
1:25 - 1:27ဘာတစ်ခုမှ မရှိခဲ့ပါဘူး
-
1:27 - 1:32ဒီနေရာကို ကျမကို ရောက်အောင် ပို့ပေးစရာ အကြောင်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး
-
1:32 - 1:35ကျမဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းကောင်းထဲမှာ
-
1:35 - 1:39ဒါမှမဟုတ် လူမှုရေး ရပ်တည်ချက် တစ်ခုခုဖြင့် ကြီးပြင်းလာခဲ့သူ မဟုတ်ပါဘူး
-
1:39 - 1:43ချီကာဂိုရဲ့ တောင်ပိုင်းအရပ်မှာ ကျမ ကြီးပြင်းလာခဲ့တာပါ
-
1:43 - 1:46ချီကာဂိုရဲ့ တကယ့်နေရာပေါ့
-
1:46 - 1:49ကျမဟာ အလုပ်သမား လူတန်းစားတွေရဲ့ ထုတ်ကုန် တစ်ခုပါ
-
1:49 - 1:53ကျမ အဖေက သူႈဘ၀ တစ်လျှောက်လုံး မြို့ထဲက ရိုးရိုး အလုပ်သမား
-
1:53 - 1:55အမေကတော့ အိမ်မှာ နေတဲ့ အိမ်ရှင်မ မိခင်ပါ
-
1:55 - 2:00အိမ်မှာ နေရင်း ကျမမ နဲ့ ကျမ အကိုကို စောင့်ရှောက် ပေးခဲ့ပါတယ်
-
2:00 - 2:03အဖေရော အမေရော တက္ကသိုလ် မတက်ခဲ့ရပါဘူး
-
2:03 - 2:06အရွယ်ကောင်းတုန်းမှာ အဖေ့ဆီမှာ
-
2:06 - 2:08ရောဂါအမျိုးမျိုး ရှိနေကြောင်း တွေရှိခဲ့ပါတယ်။
-
2:08 - 2:11လမ်းလျှောက်ဖို့ မနက်စောစော အင်္ကျီလဲဖို့တောင်
-
2:11 - 2:13အတော်လေးသူ့အတွက်ခက်နေခဲ့ပါတယ်
-
2:13 - 2:15သူအတော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို ကျမ မြင်ရပါတယ်
-
2:15 - 2:19ဒါပေမဲ့ သူဟာ ဘယ်တော့ မှ မညည်းညူခဲ့ပါဘူး
-
2:19 - 2:21သူဟာ သူ့ဆီမှာ ရှိတာကိုပဲ ဝမ်းသာနေမိခဲ့ပါတယ်
-
2:21 - 2:26သူဟာ မနက်မှာ နည်းနည်းလေး စောစောထပြီး အလုပ်ကို ပိုပြီး ကြိုးစားလုပ်ခဲ့ပါတယ်
-
2:26 - 2:29ကျမ နဲ့ အကိုတို့ကိုတော့ ကျွန်မတို့ အားလုံး တကယ့်ကို လိုအပ်တဲ့ အရာများဖြင့် သူတို့ ပြုစုပျိုးထောင် ပေးခဲ့ကြပါတယ်
-
2:29 - 2:32ချစ်ခြင်း မေတ္တာ၊ ခိုင်မာကြတဲ့ တန်ဖိုးထားချက်များ၊
-
2:32 - 2:35ပြီးတော့ ပညာရေး ကောင်းကောင်းနဲ့သာ ဆိုရင်
-
2:35 - 2:37အလုပ်ကို ပင်ပမ်းစွာ အများကြီး ကြိုးစားလုပ်ကိုင်မယ်ဆိုရင်
-
2:37 - 2:40ကျမတို့ လုပ်မရနိုင်တာ ဘာမှ မရှိနိုင်ဘူး ဆိုတဲ့ စိတ်ဓါတ်ကို ရိုက်သွင်း ပေးခဲ့ကြပါတယ်။
-
2:40 - 2:44လက်တွေ့မှာ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာရဲ့ သာဓကက ကျမ ကိုယ်တိုင်ပါပဲ
-
2:44 - 2:48မိန်းကလေး တွေဟာ သူတို့ရဲ့ ဘဝအစမှာကို
-
2:48 - 2:53သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေကို ရရှိမယ် ဆိုရင်ပေါ့လေ။
-
2:53 - 2:57ကျမ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား အမျိုးသမီးတွေ ဝန်းရံလျက် ရှိခဲ့ကြပါတယ်
-
2:57 - 3:02ကျမရဲ့ အဘွားတွေ၊ ဆရာမတွေ၊ အဒေါ်တွေ၊ ဝမ်းကွဲမောင်နှမတွေ နဲ့ အိမ်နီးချင်းတွေ ဖြစ်ခဲ့ကြပြီး
-
3:02 - 3:06သူတို့က ကျမကို ခွန်အား နဲ့ သိက္ခါဆိုတာ ဘာလဲဆိုတာကိုသင်ပေးခဲ့ကြတာပါ
-
3:06 - 3:11ပြီးတော့၊ ကျမ အမေဆိုရင် ကျမအတွက် အရေးကြီးဆုံး စံပြ ပုဂ္ဂိုလ်ကြီးပါပဲ
-
3:11 - 3:13အခု အိမ်ဖြူတော်မှာ ကျမတို့နဲ့အတူ လိုက်နေပြီး
-
3:13 - 3:16သမီးလေး နှစ်ယောက်ကို ကူထိန်းပေးနေတယ်
-
3:16 - 3:18မလီယာ နဲ့ ဆာရှာတို့ကိုပေါ့
-
3:18 - 3:22အမေဟာ သူတို့ရဲ့ ဘဝထဲမှာရော ကျမရဲ့ ဘဝထဲမှာပါ တက်ကြွစွာ ပါဝင်နေသူပါ
-
3:22 - 3:24ပြီးတော့ သူတို့ကိုပါ တစ်ချိန်တုန်းက ကျမ နဲ့ ကျမအကို ကိုသင်ပေးခဲ့သလိုပဲ
-
3:24 - 3:27တန်ဖိုးထားရမယ့် အချက်တွေကိုပဲ ဆုံးမပေးနေပါတယ်
-
3:27 - 3:30ကြင်နာခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း၊ ဇွဲရှိခြင်း
-
3:30 - 3:34ဆိုတာတွေကို ချွင်းချက်မရှိ ချစ်ခြင်းမေတ္တာဆိုတာနဲ့ ရစ်ပတ်လျက် ပေးနေရာ
-
3:34 - 3:37အဘွား တစ်ယောက်ကသာ
-
3:37 - 3:40အဲဒါမျိုးကို လုပ်ပေးနိုင်တာပါ
-
3:40 - 3:44ကျမ ဘဝထဲမှာ အားကိုးစရာ စံပြယောက်ျားတွေ အဖြစ်
-
3:44 - 3:49အဖေ၊ အကို၊ ဦးလေးတွေရယ်၊ အဖိုး တို့ကို ရရှိထားခဲ့ရာ
-
3:49 - 3:52ကျမရဲ့ ကုသိုလ်ကံကောင်းမှုလို့ ပြောရမှာပါ
-
3:52 - 3:57ကျမဘဝထဲ က ယောက်ျားတွေဟာ အရေးကြီးတဲ့ အချက်တွေကိုလည်း သင်ပေးခဲ့ကြပါသေးတယ်
-
3:57 - 4:00ယောက်ျား နဲ့ မိန်းမ တို့ အကြားမှာ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံမှုမျိုး ဆိုတာ
-
4:00 - 4:04ဘယ်လို ရှိသင့်ကြောင်းကို သူတို့က သင်ပေးခဲ့ကြတာပါ
-
4:04 - 4:08ခိုင်ခန့်တဲ့ အိမ်ထောင်ရေးဆိုတာ ဘယ်လိုဟာမျိုးလဲ
-
4:08 - 4:11ယုံကြည်အားကိုးခြင်း နဲ့ ပေးထားတဲ့ ကတိတွေကို လိုက်နာမှု ပေါင်းစပ်ပြီး ထူထောင်ရတာကို
-
4:11 - 4:15ပြီးေးတာ့ တစ်ဦးက ကျန်တစ်ဦးရဲ့ သူမတူ ထူးခြားတဲ့ ပါရမီတွေကို ချီးကျူးရန်လိုတာကို သင်ပေးခဲ့ကြပါတယ်
-
4:15 - 4:17ပြီးတော့ သူတို့ သင်ပေးခဲ့တာ ရှိသေးတယ်၊၊
-
4:17 - 4:19အဖေဆိုတာ ဘယ်လိုမျိုးလဲ၊
-
4:19 - 4:21မိသားစုကို ပံ့ပိုးပျိုးထောင်ခြင်း ဆိုတာက ဘာလဲ သင်ပေးခဲ့ပါတယ်
-
4:21 - 4:23မိမိတို့ ကိုယ်တိုင်အတွက် အိမ်ပိုင်ယာပိုင် ဖြစ်ဖို့ တင်မကပဲ
-
4:23 - 4:28ကိုယ်ရဲ့ ပတ်ဝန်းကျင် ရပ်ရွာထဲက ကလေးတွေကိုပါ
-
4:28 - 4:30လက်လှမ်းမှီနိင်သလောက် ကူညီ ပျိုးထောင်ပေးရန်လည်း လိုပါသေးတယ်
-
4:30 - 4:32ကျမရဲ့ ယောက်ျားဖြစ်သူ
-
4:32 - 4:35ဘာရတ်အိုဘားမား ထဲမှာလဲ အဲဒီလို အရည်အချင်းတွေကို
-
4:35 - 4:37ကျမ မြင်တွေ့ပါတယ်
-
4:38 - 4:41ကျမတို့ ပထမအကြိမ် တွေ့ကြစဉ်တုန်းက၊ ကျမ တစ်ခု မှတ်မိတာက
-
4:41 - 4:45သူဟာ တစ်နေ့တွင် ကျမကို တွေ့ဆုံဖို့ ချိန်းလိုက်ကာ တစ်နေရာကို ခေါ်သွားတယ်
-
4:45 - 4:48သူရဲ့ ရက်ချိန်းက ရပ်ရွာ တွေ့ဆုံပွဲ တစ်ခုကို သွားဖို့ပဲလေ
-
4:48 - 4:50(ရယ်သံများ)
-
4:50 - 4:52ဘယ်လောက် ချစ်စရာကောင်းတယ် ဆိုတာ ကျမနားလည်ပါတယ်
-
4:52 - 4:55(ရယ်သံများ)
-
4:55 - 4:57ကျမတို့တွေ့တုန်းက ဘာရတ်ဟာ ရပ်ကွက်ရေးရာများကို စည်းရုံးသူ တစ်ဦးပါ
-
4:57 - 5:01လူတွေအတွက် အလုပ်ရှာပေးဖို့ လုပ်ကိုင်နေခဲ့တာပါ
-
5:01 - 5:05ခက်ခဲစွာ ရုန်းကန်နေခဲ့ရတဲ့ အိမ်နီးချင်း ဒေသတွေထဲကို အရင်းအနှီးတွေကို စည်းရုံး ခေါ်ယူဖို့ ကြိုးစားနေခဲ့သူပါ
-
5:05 - 5:07အဲဒီက လူမှုရေးရာ စင်တာမှာ
-
5:07 - 5:09သူဟာ အချက် နှစ်ချက်နဲ့ပတ်သက်ပြီး ဟောပြောလေ့ ရှိခဲ့ပါတယ်
-
5:09 - 5:15"ဒီနေ့ ရှိနေတဲ့ ကမ္ဘာကြီး" နဲ့ "ဖြစ်သင့်တဲ့ ကမ္ဘာကြီး" ဆိုပြီး ဟောကြားခဲ့တာပါ
-
5:15 - 5:19ဒီအကြောင်းကို မဲဆွယ်တုန်းကလည်း ကျမ ပြောနေခဲ့ပါတယ်
-
5:19 - 5:21သူဟာ မကြာမကြာ ပြောလေ့ ရှိခဲ့တာက
-
5:21 - 5:26အဲဒီ ယူဆချက် နှစ်ခု အကြားမှာ အကွာအဝေး တစ်ခု ရှိနေခြင်းကို ကျမတို့ လက်ခံကြရန် ဖြစ်တယ်
-
5:26 - 5:30ရံဖန်ရံခါဆိုသလို ကမ္ဘာကြီးဟာ ကျမတို့ရဲ့ တန်ဖိုးတွေ နဲ့ မျှော်မှန်းချက်တွေကို မထင်ဟပ်တောင်မှ
-
5:30 - 5:34ကျမတို့ဟာ ကမ္ဘာကြီးကို အရှိအတိုင်း လက်ခံဖို့ အသင့် ရှိရပါမယ်
-
5:34 - 5:37ဒါပေမဲ့ ဘာရတ်က အဲဒီအခန်းထဲမှာ ရှိနေခဲ့ကြတဲ့သူတွေအားလုံးကို
-
5:37 - 5:40ကျမတို့ရဲ့ ကမ္ဘာကြီး ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို ကျမတို့ သိရှိကြကြောင်းကိုပါ
-
5:40 - 5:44သတိပေး ပြောကြားခဲ့ပါတယ်
-
5:44 - 5:47ဘက်မလိုက်ခြင်း၊ တရား မျှတခြင်း၊ အခွင့်အလမ်း ဆိုတာ ဘာလဲဆိုတာကို ကျမတို့ သိပါတယ်
-
5:47 - 5:49ကျမတို့ အားလုံး သိကြပါတယ်
-
5:49 - 5:51အဲဒီ တွေ့ဆုံပွဲမှာ သူဟာ အခြေအတင် ငြင်းခုံခဲ့တယ်
-
5:51 - 5:53အဲဒီ ရပ်ကွက်ထဲက လူတွေကို ပြောနေခဲ့တယ်
-
5:53 - 5:56ခုနက ယူဆချက် နှစ်ခု အကြားက ကွာဟချက်ကို
-
5:56 - 5:58နည်းသထက် နည်းလာအောင် လက်တွဲကြီုးစားရင်း
-
5:58 - 6:02လက်ရှိ အရှိတရား ကမ္ဘာကို
-
6:02 - 6:06ဖြစ်သင့်တဲ့ ကမ္ဘာကြီးနဲ့ ထပ်တူ ဖြစ်လာအောင် အားထုတ်သွားဖို့ လိုတယ်
-
6:06 - 6:09ဒီနေ့အဲဒီ အကြောင်းကို ပြောလာရတာက
-
6:09 - 6:13မင်းတို့ တတွေကလည်း အဲဒီ ကွာဟမှုကို နည်းသမျှ နည်းလာအောင် အားထုတ်ရာမှာ
-
6:13 - 6:18အရေးပါတဲ့ အပိုင်း ဖြစ်တယ်ဆိုတာကို ယုံကြည်နေလို့ပါပဲ
-
6:18 - 6:23မင်းတို့ တတွေ ဟာ ကမ္ဘာကြီးကို ဖြစ်သင့်တဲ့ ပုံစံမျိုး ဖြစ်လာအောင် တည်ဆောက်သွားရမဲ့ အမျိုးသမီးတွေပါပဲ
-
6:23 - 6:25သမိုင်းထဲမယ် စာမျက်နှာသစ်တွေကို ရေးကြမဲ့ သူတွေပါပဲ
-
6:25 - 6:29မိမိတို့ရဲ့ မျိုးဆက် အတွက်တင်မက နောင် မျိုးဆက်သစ် အတွက်ပါ
-
6:29 - 6:32အဲဒီလို လုပ်ကိုင်ကြရမှာပါ
-
6:32 - 6:34ဒါကြောင့် ပညာကောင်းကောင်း တတ်ဖို့ ဆိုတာ
-
6:34 - 6:36အရမ်းကို အရေးကြီးပါတယ်
-
6:36 - 6:39အဲဒါကြောင့်မို့လို့ မင်းတို့ အားလုံး ရှေ့ဆက်ရမယ့် ခရီးထဲမှာ အတက်အကျတွေရှိတောင်၊
-
6:39 - 6:43ဆရာဟာ ကိုယ်သဘောကျသူ ဖြစ်ဖြစ်၊ သဘောမကျသူပဲ ဖြစ်ဖြစ်၊
-
6:43 - 6:46အဲဒါဟာ သိပ် အရေးကြီးပါတယ်
-
6:46 - 6:49ဘာလို့လဲဆိုတော့ ရပ်ရွာအဖွဲ့အစည်းတွေ၊ နိုင်ငံတွေ နဲ့ နောက်ဆုံး ပြောရပါက၊ ကမ္ဘာကြီး တစ်ခုလုံးဟာ
-
6:49 - 6:54ကျန်းမာ ကြံခိုင်တဲ့ မိန်းမသားတွေရှိမှသာ ကျမ်းမာ ကြံ့ခိုင်နိုင်မှာ မို့လို့ပါပဲ
-
6:54 - 6:56ဒါကို စိတ်ထဲမှာ ထည့်ထားရန် အရေးကြီးတယ်
-
6:56 - 7:02အဲဒီလို ကျန်းမာမှုထဲမှာ ပညာရေးထဲတွင် ထူးချွန်မှု ဆိုတာလည်း ပါဝင်ပါတယ်
-
7:02 - 7:07ရုန်းကန်နေရတဲ့ မိသားစု နဲ့ ကျန်းမာခိုင်ခန့်တဲ့ မိသားစု အကြား
-
7:07 - 7:10ကွာခြားချက်ဟာ မကြာခဏဆိုသလို အဲဒီ မိသားစုထဲတွင် လုပ်ပိုင်ခွင့်ရှိတဲ့ အမျိုးသမီး ရှိမရှိ
-
7:10 - 7:13အဲဒီလိုအမျိုးသမီးဟာ မိသားစု ဗဟိုချက် ဟုတ်မဟုတ် ပေါ်မှာ မူတည်တတ်ပါတယ်
-
7:13 - 7:16အခြေအနေမကောင်းတဲ့ လူ့အဖွဲ့အစည်း နဲ့ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်း အကြား ကွဲပြားချက်ကို ကြည့်မယ်ဆိုရင်
-
7:16 - 7:20မကြာခဏဆိုသလို ယောက်ျား နဲ့ မိန်းမ အကြား အပြန်အလှန် လေးစားမှု ရှိမရှိ ပေါ်မှာ
-
7:20 - 7:25လူ့အဖွဲ့အစည်း ကောင်းစားဖို့ တစ်ဦးရဲ့ အားထုတ်မှုတွေကို တစ်ဦးက တန်ဖိုးထား မထား ပေါ်မှာ မူတည်နိုင်ပါတယ်
-
7:25 - 7:28တဖန် ချိနဲ့လာနေတဲ့ နိုင်ငံ နဲ့
-
7:28 - 7:30ကြီးပွားတိုးတက်လာနေတဲ့ နိုင်ငံ အကြားက ခြားနားချက်ဟာလည်း
-
7:30 - 7:34ယောက်ျားလေး နဲ့ မိန်းကလေးတွေ ပညာသင်ရာမှာ အခွင့်အရေး တူညီရမယ်ဆိုတဲ့ အချက်ကို
-
7:34 - 7:36အသိအမှတ်ပြုမှု အပေါ်မှာ မူတည်ပါလိမ့်မယ်
-
7:36 - 7:41ဒီကျောင်းဟာ ဆိုရင် ယူကေရဲ့ ဒေါက်တာဘွဲ့ရ ပထမဦးဆုံး အမျိုးသမီးရဲ့ နာမည်ကိုပေးထားတဲ့ ကျောင်းဖြစ်တယ်
-
7:41 - 7:47ဒီနားက အဆောက်အဦးတွေဟာလဲ မက်ဆီကန် အမျိုးသမီး အနုပညာရှင် ဖရီဒါ ကားလိုရဲ့ အမည်ကို ရထားတယ်
-
7:47 - 7:49မေရီ ဆီကိုး ဆိုရင်
-
7:49 - 7:53လူမည်း ဖလောရင့် နိုက်တင်ဂေး ဆိုတဲ့ ဂုဏ်ထူးကို ရထားသူ ဂျမေကာ က သူနာပြု ဆရာမဖြစ်တယ်
-
7:53 - 7:56အင်္ဂလိပ်စာရေးဆရာမ အင်မလီဘရွန်တီ ဆိုရင် လိင်ခွဲခြားမှု လူမျိုးခွဲခြားမှု တွေနဲ့ ပတ်သက်ပြီး
-
7:56 - 8:00ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ ဂုဏ်ပြုခံ အမျိုးသမီးကြီးပါ
-
8:00 - 8:05သူတို့အားလုံးဟာ သူတို့ရဲ့ စိတ်ဝိဥာဏ်ကို လုပ်ကျွေးဖို့ အားထုတ်ခဲ့ကြသူတွေပါ
-
8:05 - 8:08သူတို့ရဲ့ ရှေ့မယ် ကျော်ဖြတ် မရနိုင်ခဲ့တဲ့ အခက်အခဲရယ်လို့ မရှိခဲ့ပါ
-
8:08 - 8:12ဒီနောက်မှာ ရှိနေတဲ့ "ကန့်သတ်ချက်မဲ့" ဆိုတဲ့ စာတမ်းထဲက အတိုင်းပါပဲ
-
8:12 - 8:14သူတို့ဟာ သူတို့ရဲ့ အိပ်မက် စိတ်ကူးတွေကို
-
8:14 - 8:17လိုက်နာ ရုပ်လုံးဖေါ်ရေးက လွဲလို့ ဘာတစ်ခုကိုမှ မသိခဲ့ကြပါ
-
8:17 - 8:22သူတို့က အဲဒီလို လုပ်နိုင်ခဲ့ခြင်းဖြင့်
-
8:22 - 8:24အရံအတား အများအပြားကို ဖယ်ရှားပစ်နိုင်ခဲ့ကြတယ်
-
8:24 - 8:26ပြီးတော့ သူတို့ဟာ သန်းချီ ရှိကြတဲ့ အမျိုးသမီး ဒေါက်တာများ နဲ့ သူနာပြုများအတွက်
-
8:26 - 8:29ပြီးတော့ အနုပညာရှင်တွေ၊ စာရေးဆရာတွေအတွက်
-
8:29 - 8:32သူတို့ရဲ့ ခြေရာကို လိုက်ခဲ့ကြသူတွေအတွက်
-
8:32 - 8:34တံခါး အသစ်တွေကို ဖွင့်ပေးခဲ့ကြတယ်
-
8:34 - 8:37ပြီးတော့ ပညာကို ကောင်းကောင်း တတ်လာပြီဆိုရင်
-
8:37 - 8:41မင်းတို့ အားလုံးဟာလည်း ကိုယ့် ဘဝခရီး ကံကြမ္မာကို ထိန်းချုပ်နိုင်ကြမှာပါ
-
8:41 - 8:44ကျေးဇူးပြုပြီး ဒါကို အမြဲသတိရနေကြပါ
-
8:44 - 8:48ဒီနေရာမှာ ကျမ ရပ်နေရခြင်းရဲ့ အကြောင်းရင်းကို မင်းတို့ သိချင်လို့ မေးကြမယ်ဆိုရင်
-
8:48 - 8:51ပညာအရည်အချင်းကြောင့်ပါ
-
8:51 - 8:55ကျမ ဘယ်တုန်းကမှ အတန်းမပျက်ခဲ့ဘူး၊ ဆောရီး၊ အတန်းပျက်တဲ့ သူတွေကို ကျမ သိတောင်မသိပါဘူး
-
8:55 - 8:57ဘယ်တုန်းက မှ မပျက်ခဲ့ပါဘူး
-
8:57 - 8:59အေ ဂရိတ်တွေ ရတာကို နှစ်သက်ခဲ့ပါတယ်
-
8:59 - 9:01စမတ် ဖြစ်ရတာကို ကြိုက်ခဲ့တယ်
-
9:01 - 9:05အချိန်တိကျစွာ လာတာကို၊ အလုပ်ကို ပြီးအောင် လုပ်နိုင်တာကို ကြိုက်ပါတယ်
-
9:05 - 9:10စမတ်ဖြစ်တယ်ဆိုတာ တခြားဟာတွေထက် ပိုပြီးကောင်းတယ်လို့ ထင်ပါတယ်
-
9:10 - 9:12မင်းတို့လည်း အဲလိုအချက်တွေကို တန်ဖိုးထား လုပ်ကြမယ်ဆိုရင်
-
9:12 - 9:14ကိုယ့် ရည်မှန်းချက် ပန်းတိုင်ကို ထိန်းချုပ်နိုင်ကာ ရောက်နိုင်ကြမှာပါ
-
9:14 - 9:17မင်းတို့ကလည်း သူများအတွက် လမ်းအသစ်တွေကို ခင်းပေးနိုင်ကြမယ်
-
9:17 - 9:19မင်းတို့ရဲ့ အိပ်မက်တွေကို လက်တွေ့ ရုပ်လုံးဖေါ်နိုင်ကြမယ်
-
9:19 - 9:23အဲဒီနောက်မှာ နောက်ကို ပြန်လှည့်ကြည့်လျက်
-
9:23 - 9:27မင်းတို့လိုပဲ နောက် တစ်ယောက်ယောက်ကို မင်းတို့လိုပဲ လုပ်နိုင်အောင် ကူညီပေးကြမယ်
-
9:27 - 9:30လူတစ်ယောက်ဟာ သမိုင်းက သက်သေထူပြနေတာက ဘယ်နေရာက လာတာလဲ
-
9:30 - 9:32မြို့တွေထဲက တိုက်အိမ်များမှ လာတာလား၊ တောက တက်လာတာလား၊
-
9:32 - 9:34အရေးမကြီးပါဘူး
-
9:34 - 9:36မင်းရဲ့ ကိုယ်ပိုင် ဇွဲ၊ လုံ့လ၊ ဝိရိယ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု
-
9:36 - 9:39ကိုယ်တိုင် ကြိုးစားအားထုတ်မှု တွေကသာ မင်းရဲ့ အောင်မြင်မှုကို
-
9:39 - 9:43ဆုံးဖြတ်ပေးမှာပါ
-
9:43 - 9:47အဲဒါ တကယ်အမှန်ပါ။ ကျမတို့ နေထိုင်နေကြရတဲ့ ကမ္ဘာကြီးရဲ့ အရှိတရားက အဲဒီလိုပါ။
-
9:47 - 9:50အခု မင်းတို့ဟာ မင်းတို့ရဲ့ ဘဝကံကြမ္မာကို ထိန်းချုပ်နိုင်ကြပါပြီ။
-
9:50 - 9:55အဲဒါဟာ လွယ်မှာ မဟုတ်တာတော့ အမှန်ပဲ
-
9:55 - 9:57ဒါပေမဲ့ မင်းတို့ဆီမှာ လိုအပ်တာတွေ အားလုံးရှိနေပြီလေ
-
9:57 - 10:00အောင်မြင်ဖိုအတွက် လိုတာအားလုံး
-
10:00 - 10:03မင်းတို့ ဆီမှာ ရှိနေပြီ၊ ဒီမှာကို ရှိနေကြပြီလေ
-
10:03 - 10:07ကျမ ယောက်ျားဟာ ရုံးခန်း အကြီးကြီးထဲမှာ၊
-
10:07 - 10:10ဘဲဥပုံ ခန်းမကြီးထဲမှာ အလုပ်လုပ်ပါတယ်
-
10:10 - 10:12အိမ်ဖြူတော်မှာ သူထိုင်တဲ့ စာရေးစားပွဲ တစ်ခု ရှိတယ်
-
10:12 - 10:15ဆုံးဖြတ်ချက် စားပွဲလို့ ခေါ်ကြပါတယ်
-
10:15 - 10:19တော်ဝင် သဘောၤ ဆောက်လုပ်တဲ့ Resolute သစ်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်ပြီး က ရတဲ့ သစ်နဲ့ ထုတ်လုပ်ခဲ့ပြီး
-
10:19 - 10:22ဗစ်တိုရီယာ ဘုရင်မကြီးရဲ့ လက်ဆောင် အဖြစ် ပေးခဲ့တာပါ
-
10:22 - 10:27အဲဒါဟာ ကျတို့ တိုင်းပြည် နှစ်ခုကြားမှာရှိတဲ့ ချစ်ကြည်မှုရဲ့ သင်္ကေတ တစ်ခုပါ
-
10:27 - 10:29Resolute ဆိုတဲ့ နာမည်ကိုက နိုင်ငံတော်ကို ဦးဆောင်ဖို့တင် မက
-
10:29 - 10:33ရည်ရွယ်ချက် ရှိတဲ့ ဘဝမျိုးဖြင့်
-
10:33 - 10:35နေထိုင်နိုင်တဲ့ အားကောင်းတဲ့ ရဲစွမ်းသတ္တိ
-
10:35 - 10:40ရှိနေခြင်းကိုပါ ထောက်ပြနေပါတယ်။
-
10:40 - 10:44အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ မင်းတို့ အားလုံးလည်း ပြတ်ပြတ်သားသား လုပ်ကြမယ်
-
10:44 - 10:47ကိုယ်ပိုင် အစွမ်းအစများကို သုံးပြီး၊ အဲဒီလို အစွမ်းအစတွေ အများကြီး ရှိတာကို မြင်နေရပါတယ်၊
-
10:47 - 10:52အားလုံး ရှိနေတာမို့လို့
-
10:52 - 10:54အတားအဆီးမရှိ ရှေ့ကို ဆက်သွားလျက်
-
10:54 - 10:58ကမ္ဘာကြီးကို ဖြစ်သင့်သလို ဖန်တီး လုပ်ဆောင်ကြပါ။
-
10:58 - 11:01ဘာကြောင်းလဲဆိုတော့ ကျမတို့ဟာ မင်းတို့ ကို အားကိုးကြပါတယ်
-
11:01 - 11:03ကျမတို့ အားလုံးက မင်းတို့ တစ်ယောက်ချင်းစီကို အားကိုးလိုကြပါတယ်
-
11:03 - 11:06မင်းတို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာကို မျှော်လင့် အားကိုးကြပါတယ်။
-
11:06 - 11:08ကမ္ဘာကြီးဟာ ကြီးမားလှတယ်
-
11:08 - 11:10ပြီးတော့ စိန်ခေါ်မှုတွေနဲ့လည်း ပြည့်နေတယ်
-
11:10 - 11:14အဲဒါကြောင့်မို့လို့ စိတ်ဓါတ် ကြံခိုင်သန်စွမ်းလျက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စမတ်ကျတဲ့
-
11:14 - 11:16အမျိုးသမီးလေးတွေ မတ်မတ်ရပ်လျက် ဦးဆောင် လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။
-
11:16 - 11:20မင်းတို့လုပ်နိုင်တာကို ကျမတို့ သိပါတယ်။ မင်းတို့အားလုံးကို ကျမတို့ချစ်ပါတယ်။ ကျေးဇူးတင်ပါတယ်
-
11:20 - 11:27(လက်ခုတ်သံများ)
- Title:
- Michelle Obama ရဲ့ ပညာရေးစီမံကိန်း
- Speaker:
- Michelle Obama
- Description:
-
လန်ဒန်မြို့ရှိ မိန်းကလေးများအတွက် ကျောင်းမှာMichelle Obama ဟာ ကျောင်းသူတိုင်း အနေနဲ့ ပညာရေးကို လေးလေးနက်နက် ချဉ်းကပ်သင်ယူကြရန် စိတ်လိုက်မာန်ပါ တစ်ဦးချင်းစီကို တိုက်တွန်းလိုက်ပါတယ်။ ဒီမျိုးဆက်အသစ်ဟာဖြင့် ကျွန်ုပ်တို့ ကမ္ဘာကြီးကို လက်ရှိ ရှိနေတဲ့ ပုံစံ နဲ့ ဖြစ်သင့်တဲ့ ပုံစံမျိုး အကြားရှိ ကွာဟချက်ကို ကျော်လွှားလျှော့ချကြရမယ့် တောက်ပတဲ့ မျိုးဆက်ပဲ ဖြစ်တယ်လို့ သူမက ထောက်ပြလိုက်ပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 11:29
Myo Aung edited Burmese subtitles for A passionate, personal case for education | ||
Myo Aung edited Burmese subtitles for A passionate, personal case for education | ||
Dimitra Papageorgiou approved Burmese subtitles for A passionate, personal case for education | ||
Myo Aung accepted Burmese subtitles for A passionate, personal case for education | ||
Myo Aung commented on Burmese subtitles for A passionate, personal case for education | ||
Myo Aung edited Burmese subtitles for A passionate, personal case for education | ||
Myo Aung edited Burmese subtitles for A passionate, personal case for education | ||
Myo Aung edited Burmese subtitles for A passionate, personal case for education |
Myo Aung
This is very interesting topic for young generation.
I made some changes for easy reading.