-
Title:
Michelle Obama ရဲ့ ပညာရေးစီမံကိန်း
-
Description:
လန်ဒန်မြို့ရှိ မိန်းကလေးများအတွက် ကျောင်းမှာMichelle Obama ဟာ ကျောင်းသူတိုင်း အနေနဲ့ ပညာရေးကို လေးလေးနက်နက် ချဉ်းကပ်သင်ယူကြရန် စိတ်လိုက်မာန်ပါ တစ်ဦးချင်းစီကို တိုက်တွန်းလိုက်ပါတယ်။ ဒီမျိုးဆက်အသစ်ဟာဖြင့် ကျွန်ုပ်တို့ ကမ္ဘာကြီးကို လက်ရှိ ရှိနေတဲ့ ပုံစံ နဲ့ ဖြစ်သင့်တဲ့ ပုံစံမျိုး အကြားရှိ ကွာဟချက်ကို ကျော်လွှားလျှော့ချကြရမယ့် တောက်ပတဲ့ မျိုးဆက်ပဲ ဖြစ်တယ်လို့ သူမက ထောက်ပြလိုက်ပါတယ်။
-
Speaker:
Michelle Obama
-
ဒါ ကျမရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်
-
သမ္မတကတော်အနေနဲ့ သွားရတဲ့ ကျမရဲ့ ပထမ ခရီးစဉ်ပါ
-
ယုံလားတော့မသိဘူး
-
(လက်ခုတ်တီးသံများ)
-
ယူကေကို ပထမဦးဆုံးအကြိမ် လာလည်မှု မဟုတ်တဲ့အတွက်
-
ကျမ ပထမဆုံး တရားဝင် လာလည်ပတ်မှု ဖြစ်တာကို ဂုဏ်ယူမိပါတယ် လို့ပြောရပါမယ်
-
အမေရိကန်ပြည်ထောင်စု နဲ့ ယူကေတို့ အကြားက အထူးဆက်ဆံမှုတွေဟာ
-
အစိုးရချင်း ဆက်ဆံမှုတွေ အပေါ်မှာသာ အခြေခံတာ မဟုတ်ပဲ
-
တူညီတဲ့ဘာသာစကား နဲ့ တန်ဖိုးထားကြတဲ့ အချက်တွေ တူညီနေခြင်းကိုလည်း အခြေံထားပါတယ်၊
-
ပြီးတော့ ကျမ ဒီနေ့ တစ်နေ့လုံး ရှင်တို့ကို ကြည့်ရှုစဉ်မှာ အဲဒီကို ပြန်ပြောင်း သတိရမိပါတယ်
-
ဒီခရီးစဉ် အတော်အတွင်းမှာ အထူး ဂုဏ်ယူချင်တာကတော့
-
ဗြိတိန်နိုင်ငံထဲက ထင်ရှားကြကာ ရှင်တို့ အားလုံးအတွက် လမ်းကြောင်းကို ခင်းပေးနေကြတဲ့
-
ထူးချွန်ကြတဲ့ အမျိုးသမီးတချို့တို့နဲ့ ုတွေ့ဆုံခဲ့ရတာကိုပါပဲ
-
ပြီးတော့ အခုလို ဗြိတိန်ရဲ့ အနာဂတ် ခေါင်းဆောင်တွေ ကမ္ဘာ့ခေါင်းဆောင်တွေ ဖြစ်လာမဲ့သူတွေကို
-
တွေ့ဆုံရတာကိုလည်း ဂုက်ယူပါတယ်
-
ကျမတို့ရဲ့ ဘ၀ အခြေအနေတွေဟာ အတော်ကလေး ကွာဟနေတယ်လို့ ထင်စရာ ရှိပေမဲ့
-
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာ ရပ်နေတဲ့ ကျမ နဲ့
-
မင်းတို့တွေ အားလုံး၊ ကျောင်းပြီးခါစ လူငယ်တွေ အကြားမှာ၊
-
တူတဲ့ အချက်တွေ တော်တော်များများ ရှိနေတာကို မင်းတို့ကို ပြောချင်ပါတယ်။
-
ကျမရဲ့ အတိတ်ကာလ ဘဝတစ်လျှောက်လုံးမှာ
-
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာလာပြီး ရပ်ဖြစ်မယ်ဆိုတာကို
-
ကျမအား တင်ကြိုပြီး ဗျာဒိတ်ပေးနိုင်ခဲ့တာ ဆိုလို့
-
ဘာတစ်ခုမှ မရှိခဲ့ပါဘူး
-
ဒီနေရာကို ကျမကို ရောက်အောင် ပို့ပေးစရာ အကြောင်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး
-
ကျမဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းကောင်းထဲမှာ
-
ဒါမှမဟုတ် လူမှုရေး ရပ်တည်ချက် တစ်ခုခုဖြင့် ကြီးပြင်းလာခဲ့သူ မဟုတ်ပါဘူး
-
ချီကာဂိုရဲ့ တောင်ပိုင်းအရပ်မှာ ကျမ ကြီးပြင်းလာခဲ့တာပါ
-
ချီကာဂိုရဲ့ တကယ့်နေရာပေါ့
-
ကျမဟာ အလုပ်သမား လူတန်းစားတွေရဲ့ ထုတ်ကုန် တစ်ခုပါ
-
ကျမ အဖေက သူႈဘ၀ တစ်လျှောက်လုံး မြို့ထဲက ရိုးရိုး အလုပ်သမား
-
အမေကတော့ အိမ်မှာ နေတဲ့ အိမ်ရှင်မ မိခင်ပါ
-
အိမ်မှာ နေရင်း ကျမမ နဲ့ ကျမ အကိုကို စောင့်ရှောက် ပေးခဲ့ပါတယ်
-
အဖေရော အမေရော တက္ကသိုလ် မတက်ခဲ့ရပါဘူး
-
အရွယ်ကောင်းတုန်းမှာ အဖေ့ဆီမှာ
-
ရောဂါအမျိုးမျိုး ရှိနေကြောင်း တွေရှိခဲ့ပါတယ်။
-
လမ်းလျှောက်ဖို့ မနက်စောစော အင်္ကျီလဲဖို့တောင်
-
အတော်လေးသူ့အတွက်ခက်နေခဲ့ပါတယ်
-
သူအတော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို ကျမ မြင်ရပါတယ်
-
ဒါပေမဲ့ သူဟာ ဘယ်တော့ မှ မညည်းညူခဲ့ပါဘူး
-
သူဟာ သူ့ဆီမှာ ရှိတာကိုပဲ ဝမ်းသာနေမိခဲ့ပါတယ်
-
သူဟာ မနက်မှာ နည်းနည်းလေး စောစောထပြီး အလုပ်ကို ပိုပြီး ကြိုးစားလုပ်ခဲ့ပါတယ်
-
ကျမ နဲ့ အကိုတို့ကိုတော့ ကျွန်မတို့ အားလုံး တကယ့်ကို လိုအပ်တဲ့ အရာများဖြင့် သူတို့ ပြုစုပျိုးထောင် ပေးခဲ့ကြပါတယ်
-
ချစ်ခြင်း မေတ္တာ၊ ခိုင်မာကြတဲ့ တန်ဖိုးထားချက်များ၊
-
ပြီးတော့ ပညာရေး ကောင်းကောင်းနဲ့သာ ဆိုရင်
-
အလုပ်ကို ပင်ပမ်းစွာ အများကြီး ကြိုးစားလုပ်ကိုင်မယ်ဆိုရင်
-
ကျမတို့ လုပ်မရနိုင်တာ ဘာမှ မရှိနိုင်ဘူး ဆိုတဲ့ စိတ်ဓါတ်ကို ရိုက်သွင်း ပေးခဲ့ကြပါတယ်။
-
လက်တွေ့မှာ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာရဲ့ သာဓကက ကျမ ကိုယ်တိုင်ပါပဲ
-
မိန်းကလေး တွေဟာ သူတို့ရဲ့ ဘဝအစမှာကို
-
သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေကို ရရှိမယ် ဆိုရင်ပေါ့လေ။
-
ကျမ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား အမျိုးသမီးတွေ ဝန်းရံလျက် ရှိခဲ့ကြပါတယ်
-
ကျမရဲ့ အဘွားတွေ၊ ဆရာမတွေ၊ အဒေါ်တွေ၊ ဝမ်းကွဲမောင်နှမတွေ နဲ့ အိမ်နီးချင်းတွေ ဖြစ်ခဲ့ကြပြီး
-
သူတို့က ကျမကို ခွန်အား နဲ့ သိက္ခါဆိုတာ ဘာလဲဆိုတာကိုသင်ပေးခဲ့ကြတာပါ
-
ပြီးတော့၊ ကျမ အမေဆိုရင် ကျမအတွက် အရေးကြီးဆုံး စံပြ ပုဂ္ဂိုလ်ကြီးပါပဲ
-
အခု အိမ်ဖြူတော်မှာ ကျမတို့နဲ့အတူ လိုက်နေပြီး
-
သမီးလေး နှစ်ယောက်ကို ကူထိန်းပေးနေတယ်
-
မလီယာ နဲ့ ဆာရှာတို့ကိုပေါ့
-
အမေဟာ သူတို့ရဲ့ ဘဝထဲမှာရော ကျမရဲ့ ဘဝထဲမှာပါ တက်ကြွစွာ ပါဝင်နေသူပါ
-
ပြီးတော့ သူတို့ကိုပါ တစ်ချိန်တုန်းက ကျမ နဲ့ ကျမအကို ကိုသင်ပေးခဲ့သလိုပဲ
-
တန်ဖိုးထားရမယ့် အချက်တွေကိုပဲ ဆုံးမပေးနေပါတယ်
-
ကြင်နာခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း၊ ဇွဲရှိခြင်း
-
ဆိုတာတွေကို ချွင်းချက်မရှိ ချစ်ခြင်းမေတ္တာဆိုတာနဲ့ ရစ်ပတ်လျက် ပေးနေရာ
-
အဘွား တစ်ယောက်ကသာ
-
အဲဒါမျိုးကို လုပ်ပေးနိုင်တာပါ
-
ကျမ ဘဝထဲမှာ အားကိုးစရာ စံပြယောက်ျားတွေ အဖြစ်
-
အဖေ၊ အကို၊ ဦးလေးတွေရယ်၊ အဖိုး တို့ကို ရရှိထားခဲ့ရာ
-
ကျမရဲ့ ကုသိုလ်ကံကောင်းမှုလို့ ပြောရမှာပါ
-
ကျမဘဝထဲ က ယောက်ျားတွေဟာ အရေးကြီးတဲ့ အချက်တွေကိုလည်း သင်ပေးခဲ့ကြပါသေးတယ်
-
ယောက်ျား နဲ့ မိန်းမ တို့ အကြားမှာ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံမှုမျိုး ဆိုတာ
-
ဘယ်လို ရှိသင့်ကြောင်းကို သူတို့က သင်ပေးခဲ့ကြတာပါ
-
ခိုင်ခန့်တဲ့ အိမ်ထောင်ရေးဆိုတာ ဘယ်လိုဟာမျိုးလဲ
-
ယုံကြည်အားကိုးခြင်း နဲ့ ပေးထားတဲ့ ကတိတွေကို လိုက်နာမှု ပေါင်းစပ်ပြီး ထူထောင်ရတာကို
-
ပြီးေးတာ့ တစ်ဦးက ကျန်တစ်ဦးရဲ့ သူမတူ ထူးခြားတဲ့ ပါရမီတွေကို ချီးကျူးရန်လိုတာကို သင်ပေးခဲ့ကြပါတယ်
-
ပြီးတော့ သူတို့ သင်ပေးခဲ့တာ ရှိသေးတယ်၊၊
-
အဖေဆိုတာ ဘယ်လိုမျိုးလဲ၊
-
မိသားစုကို ပံ့ပိုးပျိုးထောင်ခြင်း ဆိုတာက ဘာလဲ သင်ပေးခဲ့ပါတယ်
-
မိမိတို့ ကိုယ်တိုင်အတွက် အိမ်ပိုင်ယာပိုင် ဖြစ်ဖို့ တင်မကပဲ
-
ကိုယ်ရဲ့ ပတ်ဝန်းကျင် ရပ်ရွာထဲက ကလေးတွေကိုပါ
-
လက်လှမ်းမှီနိင်သလောက် ကူညီ ပျိုးထောင်ပေးရန်လည်း လိုပါသေးတယ်
-
ကျမရဲ့ ယောက်ျားဖြစ်သူ
-
ဘာရတ်အိုဘားမား ထဲမှာလဲ အဲဒီလို အရည်အချင်းတွေကို
-
ကျမ မြင်တွေ့ပါတယ်
-
ကျမတို့ ပထမအကြိမ် တွေ့ကြစဉ်တုန်းက၊ ကျမ တစ်ခု မှတ်မိတာက
-
သူဟာ တစ်နေ့တွင် ကျမကို တွေ့ဆုံဖို့ ချိန်းလိုက်ကာ တစ်နေရာကို ခေါ်သွားတယ်
-
သူရဲ့ ရက်ချိန်းက ရပ်ရွာ တွေ့ဆုံပွဲ တစ်ခုကို သွားဖို့ပဲလေ
-
(ရယ်သံများ)
-
ဘယ်လောက် ချစ်စရာကောင်းတယ် ဆိုတာ ကျမနားလည်ပါတယ်
-
(ရယ်သံများ)
-
ကျမတို့တွေ့တုန်းက ဘာရတ်ဟာ ရပ်ကွက်ရေးရာများကို စည်းရုံးသူ တစ်ဦးပါ
-
လူတွေအတွက် အလုပ်ရှာပေးဖို့ လုပ်ကိုင်နေခဲ့တာပါ
-
ခက်ခဲစွာ ရုန်းကန်နေခဲ့ရတဲ့ အိမ်နီးချင်း ဒေသတွေထဲကို အရင်းအနှီးတွေကို စည်းရုံး ခေါ်ယူဖို့ ကြိုးစားနေခဲ့သူပါ
-
အဲဒီက လူမှုရေးရာ စင်တာမှာ
-
သူဟာ အချက် နှစ်ချက်နဲ့ပတ်သက်ပြီး ဟောပြောလေ့ ရှိခဲ့ပါတယ်
-
"ဒီနေ့ ရှိနေတဲ့ ကမ္ဘာကြီး" နဲ့ "ဖြစ်သင့်တဲ့ ကမ္ဘာကြီး" ဆိုပြီး ဟောကြားခဲ့တာပါ
-
ဒီအကြောင်းကို မဲဆွယ်တုန်းကလည်း ကျမ ပြောနေခဲ့ပါတယ်
-
သူဟာ မကြာမကြာ ပြောလေ့ ရှိခဲ့တာက
-
အဲဒီ ယူဆချက် နှစ်ခု အကြားမှာ အကွာအဝေး တစ်ခု ရှိနေခြင်းကို ကျမတို့ လက်ခံကြရန် ဖြစ်တယ်
-
ရံဖန်ရံခါဆိုသလို ကမ္ဘာကြီးဟာ ကျမတို့ရဲ့ တန်ဖိုးတွေ နဲ့ မျှော်မှန်းချက်တွေကို မထင်ဟပ်တောင်မှ
-
ကျမတို့ဟာ ကမ္ဘာကြီးကို အရှိအတိုင်း လက်ခံဖို့ အသင့် ရှိရပါမယ်
-
ဒါပေမဲ့ ဘာရတ်က အဲဒီအခန်းထဲမှာ ရှိနေခဲ့ကြတဲ့သူတွေအားလုံးကို
-
ကျမတို့ရဲ့ ကမ္ဘာကြီး ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို ကျမတို့ သိရှိကြကြောင်းကိုပါ
-
သတိပေး ပြောကြားခဲ့ပါတယ်
-
ဘက်မလိုက်ခြင်း၊ တရား မျှတခြင်း၊ အခွင့်အလမ်း ဆိုတာ ဘာလဲဆိုတာကို ကျမတို့ သိပါတယ်
-
ကျမတို့ အားလုံး သိကြပါတယ်
-
အဲဒီ တွေ့ဆုံပွဲမှာ သူဟာ အခြေအတင် ငြင်းခုံခဲ့တယ်
-
အဲဒီ ရပ်ကွက်ထဲက လူတွေကို ပြောနေခဲ့တယ်
-
ခုနက ယူဆချက် နှစ်ခု အကြားက ကွာဟချက်ကို
-
နည်းသထက် နည်းလာအောင် လက်တွဲကြီုးစားရင်း
-
လက်ရှိ အရှိတရား ကမ္ဘာကို
-
ဖြစ်သင့်တဲ့ ကမ္ဘာကြီးနဲ့ ထပ်တူ ဖြစ်လာအောင် အားထုတ်သွားဖို့ လိုတယ်
-
ဒီနေ့အဲဒီ အကြောင်းကို ပြောလာရတာက
-
မင်းတို့ တတွေကလည်း အဲဒီ ကွာဟမှုကို နည်းသမျှ နည်းလာအောင် အားထုတ်ရာမှာ
-
အရေးပါတဲ့ အပိုင်း ဖြစ်တယ်ဆိုတာကို ယုံကြည်နေလို့ပါပဲ
-
မင်းတို့ တတွေ ဟာ ကမ္ဘာကြီးကို ဖြစ်သင့်တဲ့ ပုံစံမျိုး ဖြစ်လာအောင် တည်ဆောက်သွားရမဲ့ အမျိုးသမီးတွေပါပဲ
-
သမိုင်းထဲမယ် စာမျက်နှာသစ်တွေကို ရေးကြမဲ့ သူတွေပါပဲ
-
မိမိတို့ရဲ့ မျိုးဆက် အတွက်တင်မက နောင် မျိုးဆက်သစ် အတွက်ပါ
-
အဲဒီလို လုပ်ကိုင်ကြရမှာပါ
-
ဒါကြောင့် ပညာကောင်းကောင်း တတ်ဖို့ ဆိုတာ
-
အရမ်းကို အရေးကြီးပါတယ်
-
အဲဒါကြောင့်မို့လို့ မင်းတို့ အားလုံး ရှေ့ဆက်ရမယ့် ခရီးထဲမှာ အတက်အကျတွေရှိတောင်၊
-
ဆရာဟာ ကိုယ်သဘောကျသူ ဖြစ်ဖြစ်၊ သဘောမကျသူပဲ ဖြစ်ဖြစ်၊
-
အဲဒါဟာ သိပ် အရေးကြီးပါတယ်
-
ဘာလို့လဲဆိုတော့ ရပ်ရွာအဖွဲ့အစည်းတွေ၊ နိုင်ငံတွေ နဲ့ နောက်ဆုံး ပြောရပါက၊ ကမ္ဘာကြီး တစ်ခုလုံးဟာ
-
ကျန်းမာ ကြံခိုင်တဲ့ မိန်းမသားတွေရှိမှသာ ကျမ်းမာ ကြံ့ခိုင်နိုင်မှာ မို့လို့ပါပဲ
-
ဒါကို စိတ်ထဲမှာ ထည့်ထားရန် အရေးကြီးတယ်
-
အဲဒီလို ကျန်းမာမှုထဲမှာ ပညာရေးထဲတွင် ထူးချွန်မှု ဆိုတာလည်း ပါဝင်ပါတယ်
-
ရုန်းကန်နေရတဲ့ မိသားစု နဲ့ ကျန်းမာခိုင်ခန့်တဲ့ မိသားစု အကြား
-
ကွာခြားချက်ဟာ မကြာခဏဆိုသလို အဲဒီ မိသားစုထဲတွင် လုပ်ပိုင်ခွင့်ရှိတဲ့ အမျိုးသမီး ရှိမရှိ
-
အဲဒီလိုအမျိုးသမီးဟာ မိသားစု ဗဟိုချက် ဟုတ်မဟုတ် ပေါ်မှာ မူတည်တတ်ပါတယ်
-
အခြေအနေမကောင်းတဲ့ လူ့အဖွဲ့အစည်း နဲ့ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်း အကြား ကွဲပြားချက်ကို ကြည့်မယ်ဆိုရင်
-
မကြာခဏဆိုသလို ယောက်ျား နဲ့ မိန်းမ အကြား အပြန်အလှန် လေးစားမှု ရှိမရှိ ပေါ်မှာ
-
လူ့အဖွဲ့အစည်း ကောင်းစားဖို့ တစ်ဦးရဲ့ အားထုတ်မှုတွေကို တစ်ဦးက တန်ဖိုးထား မထား ပေါ်မှာ မူတည်နိုင်ပါတယ်
-
တဖန် ချိနဲ့လာနေတဲ့ နိုင်ငံ နဲ့
-
ကြီးပွားတိုးတက်လာနေတဲ့ နိုင်ငံ အကြားက ခြားနားချက်ဟာလည်း
-
ယောက်ျားလေး နဲ့ မိန်းကလေးတွေ ပညာသင်ရာမှာ အခွင့်အရေး တူညီရမယ်ဆိုတဲ့ အချက်ကို
-
အသိအမှတ်ပြုမှု အပေါ်မှာ မူတည်ပါလိမ့်မယ်
-
ဒီကျောင်းဟာ ဆိုရင် ယူကေရဲ့ ဒေါက်တာဘွဲ့ရ ပထမဦးဆုံး အမျိုးသမီးရဲ့ နာမည်ကိုပေးထားတဲ့ ကျောင်းဖြစ်တယ်
-
ဒီနားက အဆောက်အဦးတွေဟာလဲ မက်ဆီကန် အမျိုးသမီး အနုပညာရှင် ဖရီဒါ ကားလိုရဲ့ အမည်ကို ရထားတယ်
-
မေရီ ဆီကိုး ဆိုရင်
-
လူမည်း ဖလောရင့် နိုက်တင်ဂေး ဆိုတဲ့ ဂုဏ်ထူးကို ရထားသူ ဂျမေကာ က သူနာပြု ဆရာမဖြစ်တယ်
-
အင်္ဂလိပ်စာရေးဆရာမ အင်မလီဘရွန်တီ ဆိုရင် လိင်ခွဲခြားမှု လူမျိုးခွဲခြားမှု တွေနဲ့ ပတ်သက်ပြီး
-
ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ ဂုဏ်ပြုခံ အမျိုးသမီးကြီးပါ
-
သူတို့အားလုံးဟာ သူတို့ရဲ့ စိတ်ဝိဥာဏ်ကို လုပ်ကျွေးဖို့ အားထုတ်ခဲ့ကြသူတွေပါ
-
သူတို့ရဲ့ ရှေ့မယ် ကျော်ဖြတ် မရနိုင်ခဲ့တဲ့ အခက်အခဲရယ်လို့ မရှိခဲ့ပါ
-
ဒီနောက်မှာ ရှိနေတဲ့ "ကန့်သတ်ချက်မဲ့" ဆိုတဲ့ စာတမ်းထဲက အတိုင်းပါပဲ
-
သူတို့ဟာ သူတို့ရဲ့ အိပ်မက် စိတ်ကူးတွေကို
-
လိုက်နာ ရုပ်လုံးဖေါ်ရေးက လွဲလို့ ဘာတစ်ခုကိုမှ မသိခဲ့ကြပါ
-
သူတို့က အဲဒီလို လုပ်နိုင်ခဲ့ခြင်းဖြင့်
-
အရံအတား အများအပြားကို ဖယ်ရှားပစ်နိုင်ခဲ့ကြတယ်
-
ပြီးတော့ သူတို့ဟာ သန်းချီ ရှိကြတဲ့ အမျိုးသမီး ဒေါက်တာများ နဲ့ သူနာပြုများအတွက်
-
ပြီးတော့ အနုပညာရှင်တွေ၊ စာရေးဆရာတွေအတွက်
-
သူတို့ရဲ့ ခြေရာကို လိုက်ခဲ့ကြသူတွေအတွက်
-
တံခါး အသစ်တွေကို ဖွင့်ပေးခဲ့ကြတယ်
-
ပြီးတော့ ပညာကို ကောင်းကောင်း တတ်လာပြီဆိုရင်
-
မင်းတို့ အားလုံးဟာလည်း ကိုယ့် ဘဝခရီး ကံကြမ္မာကို ထိန်းချုပ်နိုင်ကြမှာပါ
-
ကျေးဇူးပြုပြီး ဒါကို အမြဲသတိရနေကြပါ
-
ဒီနေရာမှာ ကျမ ရပ်နေရခြင်းရဲ့ အကြောင်းရင်းကို မင်းတို့ သိချင်လို့ မေးကြမယ်ဆိုရင်
-
ပညာအရည်အချင်းကြောင့်ပါ
-
ကျမ ဘယ်တုန်းကမှ အတန်းမပျက်ခဲ့ဘူး၊ ဆောရီး၊ အတန်းပျက်တဲ့ သူတွေကို ကျမ သိတောင်မသိပါဘူး
-
ဘယ်တုန်းက မှ မပျက်ခဲ့ပါဘူး
-
အေ ဂရိတ်တွေ ရတာကို နှစ်သက်ခဲ့ပါတယ်
-
စမတ် ဖြစ်ရတာကို ကြိုက်ခဲ့တယ်
-
အချိန်တိကျစွာ လာတာကို၊ အလုပ်ကို ပြီးအောင် လုပ်နိုင်တာကို ကြိုက်ပါတယ်
-
စမတ်ဖြစ်တယ်ဆိုတာ တခြားဟာတွေထက် ပိုပြီးကောင်းတယ်လို့ ထင်ပါတယ်
-
မင်းတို့လည်း အဲလိုအချက်တွေကို တန်ဖိုးထား လုပ်ကြမယ်ဆိုရင်
-
ကိုယ့် ရည်မှန်းချက် ပန်းတိုင်ကို ထိန်းချုပ်နိုင်ကာ ရောက်နိုင်ကြမှာပါ
-
မင်းတို့ကလည်း သူများအတွက် လမ်းအသစ်တွေကို ခင်းပေးနိုင်ကြမယ်
-
မင်းတို့ရဲ့ အိပ်မက်တွေကို လက်တွေ့ ရုပ်လုံးဖေါ်နိုင်ကြမယ်
-
အဲဒီနောက်မှာ နောက်ကို ပြန်လှည့်ကြည့်လျက်
-
မင်းတို့လိုပဲ နောက် တစ်ယောက်ယောက်ကို မင်းတို့လိုပဲ လုပ်နိုင်အောင် ကူညီပေးကြမယ်
-
လူတစ်ယောက်ဟာ သမိုင်းက သက်သေထူပြနေတာက ဘယ်နေရာက လာတာလဲ
-
မြို့တွေထဲက တိုက်အိမ်များမှ လာတာလား၊ တောက တက်လာတာလား၊
-
အရေးမကြီးပါဘူး
-
မင်းရဲ့ ကိုယ်ပိုင် ဇွဲ၊ လုံ့လ၊ ဝိရိယ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု
-
ကိုယ်တိုင် ကြိုးစားအားထုတ်မှု တွေကသာ မင်းရဲ့ အောင်မြင်မှုကို
-
ဆုံးဖြတ်ပေးမှာပါ
-
အဲဒါ တကယ်အမှန်ပါ။ ကျမတို့ နေထိုင်နေကြရတဲ့ ကမ္ဘာကြီးရဲ့ အရှိတရားက အဲဒီလိုပါ။
-
အခု မင်းတို့ဟာ မင်းတို့ရဲ့ ဘဝကံကြမ္မာကို ထိန်းချုပ်နိုင်ကြပါပြီ။
-
အဲဒါဟာ လွယ်မှာ မဟုတ်တာတော့ အမှန်ပဲ
-
ဒါပေမဲ့ မင်းတို့ဆီမှာ လိုအပ်တာတွေ အားလုံးရှိနေပြီလေ
-
အောင်မြင်ဖိုအတွက် လိုတာအားလုံး
-
မင်းတို့ ဆီမှာ ရှိနေပြီ၊ ဒီမှာကို ရှိနေကြပြီလေ
-
ကျမ ယောက်ျားဟာ ရုံးခန်း အကြီးကြီးထဲမှာ၊
-
ဘဲဥပုံ ခန်းမကြီးထဲမှာ အလုပ်လုပ်ပါတယ်
-
အိမ်ဖြူတော်မှာ သူထိုင်တဲ့ စာရေးစားပွဲ တစ်ခု ရှိတယ်
-
ဆုံးဖြတ်ချက် စားပွဲလို့ ခေါ်ကြပါတယ်
-
တော်ဝင် သဘောၤ ဆောက်လုပ်တဲ့ Resolute သစ်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်ပြီး က ရတဲ့ သစ်နဲ့ ထုတ်လုပ်ခဲ့ပြီး
-
ဗစ်တိုရီယာ ဘုရင်မကြီးရဲ့ လက်ဆောင် အဖြစ် ပေးခဲ့တာပါ
-
အဲဒါဟာ ကျတို့ တိုင်းပြည် နှစ်ခုကြားမှာရှိတဲ့ ချစ်ကြည်မှုရဲ့ သင်္ကေတ တစ်ခုပါ
-
Resolute ဆိုတဲ့ နာမည်ကိုက နိုင်ငံတော်ကို ဦးဆောင်ဖို့တင် မက
-
ရည်ရွယ်ချက် ရှိတဲ့ ဘဝမျိုးဖြင့်
-
နေထိုင်နိုင်တဲ့ အားကောင်းတဲ့ ရဲစွမ်းသတ္တိ
-
ရှိနေခြင်းကိုပါ ထောက်ပြနေပါတယ်။
-
အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ မင်းတို့ အားလုံးလည်း ပြတ်ပြတ်သားသား လုပ်ကြမယ်
-
ကိုယ်ပိုင် အစွမ်းအစများကို သုံးပြီး၊ အဲဒီလို အစွမ်းအစတွေ အများကြီး ရှိတာကို မြင်နေရပါတယ်၊
-
အားလုံး ရှိနေတာမို့လို့
-
အတားအဆီးမရှိ ရှေ့ကို ဆက်သွားလျက်
-
ကမ္ဘာကြီးကို ဖြစ်သင့်သလို ဖန်တီး လုပ်ဆောင်ကြပါ။
-
ဘာကြောင်းလဲဆိုတော့ ကျမတို့ဟာ မင်းတို့ ကို အားကိုးကြပါတယ်
-
ကျမတို့ အားလုံးက မင်းတို့ တစ်ယောက်ချင်းစီကို အားကိုးလိုကြပါတယ်
-
မင်းတို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာကို မျှော်လင့် အားကိုးကြပါတယ်။
-
ကမ္ဘာကြီးဟာ ကြီးမားလှတယ်
-
ပြီးတော့ စိန်ခေါ်မှုတွေနဲ့လည်း ပြည့်နေတယ်
-
အဲဒါကြောင့်မို့လို့ စိတ်ဓါတ် ကြံခိုင်သန်စွမ်းလျက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စမတ်ကျတဲ့
-
အမျိုးသမီးလေးတွေ မတ်မတ်ရပ်လျက် ဦးဆောင် လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။
-
မင်းတို့လုပ်နိုင်တာကို ကျမတို့ သိပါတယ်။ မင်းတို့အားလုံးကို ကျမတို့ချစ်ပါတယ်။ ကျေးဇူးတင်ပါတယ်
-
(လက်ခုတ်သံများ)