Return to Video

အသက်ကြီးသူတို့ ပိုပြီး စိတ်ချမ်းသာကြခြင်း | Laura Carstensen | TEDxWomen

  • 0:14 - 0:16
    လူတွေဟာ ပိုပြီးကြာရှည်စွာ အသက်ရှင်
  • 0:17 - 0:22
    နေထိုင်နေကြကာ လူ့အဖွဲ့အစည်းဟာ
    တိုးတိုး ဆံပင်ဖြူလာနေတာ ရှင်တို့ သိကြတယ်။
  • 0:22 - 0:24
    အဲဒီအကြောင်း ရှင်တို့ တချိန်လုံး ကြားရတယ်။
  • 0:24 - 0:26
    အဲဒီအကြောင်းကို သတင်းစာထဲ ဖတ်ကြရတယ်။
  • 0:26 - 0:28
    အဲဒါကို ရုပ်သံစက်တွေမှာလည်း ကြားနိုင်တယ်။
  • 0:28 - 0:30
    အဲဒါကို မကြာခဏ ကြားနေရလို့
  • 0:30 - 0:35
    အသက်ကြီးရင့်လာမှုကို ကျွန်မတို့ဟာ
    ကျေနပ်ရမယ့် အချက်လို၊
  • 0:35 - 0:39
    စိုးရိမ်စရာ အချက်လို့တောင် လက်ခံလာကြတာကို
    ကျွန်မ စိုးရိမ်မိပါတယ်။
  • 0:40 - 0:45
    အမှား တစ်ခုခုကို မလုပ်မိရင်၊
    အသက်ကြီးရင့်မှုဟာ...
  • 0:45 - 0:51
    ကျွန်မ ယုံကြည်တာက အရွယ်အမျိုးမျိုးမှာ
    အသက်ရဲ့ အရည်အသွေးဟာ ကောင်းလာမှာပါ။
  • 0:52 - 0:55
    ဒါကို မီးမောင်းထိုးပြနိုင်ရန်၊
    ခဏကြာ ချဲ့ပြလျက်
  • 0:55 - 0:58
    ကျွန်မတို့ ဖြတ်ကျော်နေကြရတဲ့
    အပြောင်းအလဲတွေကို
  • 0:58 - 0:59
    ကြည့်ရှုလေ့လာ ကြည့်ကြပါစို့။
  • 1:01 - 1:07
    ၂၀ ရာစုထဲမှာ လူတွေ မျှော်လင့်နိုင်တဲ့
    ပျမ်းမျှ အသက်ထဲကို ထည့်ပေးလိုက်တဲ့
  • 1:08 - 1:15
    နှစ်တွေဟာဖြင့် လူသားရဲ့ ဆင့်ကဲ
    ပြောင်းလာမှု အရင့်အရင် နှစ်ထောင်ချီ
  • 1:15 - 1:17
    အားလုံးတုန်းကထက် များနေပါတယ်။
  • 1:19 - 1:20
    မျက်တောင်တစ်ခတ် အတွင်းမှာကို၊
  • 1:20 - 1:24
    ကျွန်မတို့ဟာ အသက်ရှင် နေထိုင်ကြတဲ့
    ကာလကို နှစ်ဆ တိုးနိုင်ခဲ့ကြတယ်။
  • 1:25 - 1:28
    ဒါကြောင့်မို့လို့ အသက်ကြီးရင့်လာမှုကို
    ရှင်တို့ လက်ခံနိုင်စွမ်း မရှိရင်
  • 1:28 - 1:30
    ကိုယ့်မှာ အပြစ် မရှိပါဘူး။
  • 1:30 - 1:31
    ဒါဟာ လုံးဝ အသစ်ကြီးပါ။
  • 1:32 - 1:36
    ပြီးတော့ မျှော်လင့်ရတဲ့ လူ့သက်တမ်းက
    ကြီးထွားလာနေချိန်မှာပဲ
  • 1:36 - 1:39

    မွေးဖွားမှုနှုန်းက ကျလာနေတော့၊
  • 1:40 - 1:46
    လူဦးရေကို အရွယ်လိုက် အစဉ်ပဲ
    ဖေါ်ပြပေးလာခဲ့ကြတဲ့ ပီရမစ် ပုံဟာ
  • 1:46 - 1:51
    လူငယ်တွေက အောက်ခြေမှာ တစ်ပုံကြီးရှိပြီး
    ထိပ်ကျတော့ အသက်ရှင် ကျန်ရစ်ခဲ့ကြတဲ့
  • 1:51 - 1:53
    သက်ကြီး အနည်းငယ်ရှိခဲ့တဲ့ ပုံမှနေပြီး
  • 1:53 - 1:57
    အခုတော့ စတုဂံပုံ
    အသွင်ကို ပြောင်းလဲလာခဲ့ပါပြီ။
  • 1:59 - 2:01
    ဒီတော့ ဒီနေ့တွင်၊ ရှင်တို့ဟာ လူဦးရေ
  • 2:01 - 2:03
    စာရင်းအင်းတွေကို အထူးလေ့လာချင်သူ
    ဖြစ်တယ်ဆိုရင်၊
  • 2:03 - 2:04
    (ရယ်မောသံများ)
  • 2:04 - 2:06
    အဲဒီလို အချက်တွေ အံ့အားသင့်စရာပါ။
  • 2:06 - 2:07
    အဲဒါက ဘာကို ထောက်ပြကြလဲ
  • 2:08 - 2:11
    ဆိုတော့၊ မျိုးစိတ်တွေရဲ့ သမိုင်းထဲမှာ
    ပထမဦးဆုံး အကြိမ်အဖြစ်၊
  • 2:11 - 2:15
    ဖွံ့ဖြိုးပြီးနိုင်ငံများထဲ မွေးလာကြတဲ့
    ကလေး အများစုတို့ဟာ
  • 2:15 - 2:19
    ကြီးရင့်လာတဲ့ အရွယအထိ
    နေထိုင်နိုင်မယ့် အခွင့်အလမ်း ရှိလာတယ်။
  • 2:21 - 2:22
    အဲဒါ ဘယ်လို လုပ်ဖြစ်လာတာလဲ။
  • 2:23 - 2:27
    ဗီဇအရ ကျွန်မတို့ လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀
    တုန်းက ဘိုးဘေးများထက် ပိုကြံ့ခိုင်လာကြတယ်။
  • 2:27 - 2:32
    အခုလို မျှော်လင့်ရတဲ့ သက်တမ်း တိုးလာမှုဟာ
    ယဉ်ကျေးမှုရဲ့ အံ့ဖွယ် ရလဒ်ပါ။
  • 2:32 - 2:36
    ကျန်းမာရေး နှင့် ဘဝကောင်းစားမှုကို
    မြှင့်တင်ပေးနိုင်ကြတဲ့ သိပ္ပံပညာနဲ့
  • 2:36 - 2:41
    နည်းပညာဆိုင်ရာ၊ အပြုအမူဆိုင်ရာ
    ပြောင်းလဲမှုကြီးတွေကြောင့်ပါ။
  • 2:43 - 2:49
    ယဉ်ကျေးမှုကို ပြောင်းလဲနိုင်ခဲ့ခြင်းဖြင့်၊
    ကျွန်မတို့ရဲ့ ဘိုးဘေးများဟာ စောသေးမှုကို
  • 2:49 - 2:52
    ရှောင်ရှားနိုင်ခဲ့ကြရာ လူတွေဟာ အခုဆို
    အသက်ကို အပြည့် နေထိုင်လာကြတယ်။
  • 2:53 - 2:56
    အခုတော့ အသက်ကြီးရင့်မှုနဲ့
    ဆက်စပ်တဲ့ ပြဿနာတွေ ပေါ်လာကြတယ်...
  • 2:56 - 2:58
    ရောဂါတွေ၊ ဆင်းရဲမှု၊ လူမှုရေး
    အခြေအနေ ကျဆင်းမှု။
  • 2:58 - 3:00
    ကိုယ့် အောင်မြင်မှုတွေကို
    အားကိုးရန် မလွယ်ပါ။
  • 3:01 - 3:03
    အသက်ကြီးရင့်မှုကို တိုးတိုးလေ့လာလေလေ၊
  • 3:03 - 3:07
    သူတို့ကို လျစ်လျူရှုကြရန် ဆိုတဲ့
    စိတ်ကူးမျိုးဟာ အကြီးအကျယ်
  • 3:07 - 3:09
    လွဲမှားနေတာ ရှင်းလာလေလေ ဖြစ်တယ်။
  • 3:10 - 3:14
    အသက်ကြီးရင့်မှုနဲ့ အတူ မှတ်သားဖွယ်
    ကောင်းတဲ့ အချက်တွေလည်း ပါလာတယ်။
  • 3:14 - 3:16
    ဗဟုသုတတွေ၊ အတွေ့အကြုံတွေ
    တိုးလာပါတယ်...
  • 3:18 - 3:22
    ဘဝရဲ့ စိတ်ပိုင်း မျက်နှာစာလည်း
    ပိုပြီး ကောင်းမွန်လာပါတယ်။
  • 3:24 - 3:27
    အသက်ကြီးရင့်သူတွေ စိတ်ချမ်းသာကြတာ
    တကယ်အမှန်ပါ။
  • 3:28 - 3:32
    သူတို့ဟာ အသက်လတ်ပိုင်း လူတွေနဲ့
    လူငယ်ပိုင်းနဲ့စာရင် ပိုစိတ်ချမ်းကြတယ်။
  • 3:32 - 3:33
    (ရယ်မောသံများ)
  • 3:33 - 3:36
    လေ့လာမှုတွေဟာ တစ်ခုပြီး တစ်ခု
    တစ်ခုတည်းကိုပဲ ထောက်ပြနေကြတယ်။
  • 3:36 - 3:39
    CDC က မကြာခင်တွင်
    လေ့လာမှုကို ပြုလုပ်ခဲ့ပြီး
  • 3:39 - 3:42
    အမေးခံကြရသူတို့အား လွန်ခဲ့တဲ့
    တစ်ပတ်အတွင်းမှာ သူတို့ဟာ
  • 3:42 - 3:45
    စိတ်ပိုင်းဆိုင်ရာ သောကများကို
    သိသိသာသာ ခံစားခဲ့ရပါသလား
  • 3:45 - 3:46
    ဆိုပြီး မေးကြည့်ခဲ့တယ်။
  • 3:46 - 3:50
    အဲဒီမေးခွန်းကို ဟုတ်ကဲ့ ဆိုပြီး
    ဖြေခဲ့ကြတဲ့ အထဲမှာ အသက်ကြီးသူတို့ဟာ
  • 3:50 - 3:52
    သက်လတ်ပိုင်းနဲ့ လူငယ်များထက်
    များစွာမှ နည်းခဲ့ပါတယ်။
  • 3:54 - 3:57
    ‘မကြာမီက Gallup ရဲ့ စစ်တမ်းင
    ပါဝင်ဖြေခဲ့သူတို့အား အရင်တစ်နေ့တွင်
  • 3:57 - 4:02
    စိတ်ဖီစီးမှု၊ သောကနဲ့ ဒေါသဖြစ်မှု
    ဘယ်နှစ်ကြိမ် ခံစားခဲ့ရတကို မေးခဲ့ကြတယ်။
  • 4:02 - 4:06
    စိတ်ဖီစီးမှု၊ သောကနဲ့ ဒေါသဖြစ်မှုတွေဟာ
    အသက်ကြီးရင့်လာတာနဲ့အမျှ
  • 4:06 - 4:08
    လျော့နည်းလာတာ သိလာရတယ်။
  • 4:08 - 4:12
    လူမှုရေး ပညာရှင်များက အသက်
    ကြီးရင့်မှုရဲ့ အံ့ဖွယ်အချက်လို့ ခေါ်ကြတယ်။
  • 4:12 - 4:15
    အသက်ကြီးရင့်မှုဟာ ပျော်စရာကြီး
    မဟုတ်တာကတော့ ရှင်းနေပါတယ်။
  • 4:15 - 4:20
    အဲဒီတွေ့ရှိချက်ကို ချေပနိုင်ရန် ကျွန်မတို့
    မေးခွန်းအမျိုးမျိုး မေးမြန်းခဲ့ကြတယ်။
  • 4:21 - 4:26
    လက်ရှိ သက်ကြီး မျိုးဆက်တွေဟာ
    ဧရာမ မျိုးဆက်တွေ ဖြစ်နေကြတာများလား
  • 4:27 - 4:29
    ဆိုပြီး ကျွန်မတို့ ဆန်းစစ်
    မေးခွန်း ထုတ်ကြည့်ခဲ့တယ်။
  • 4:30 - 4:33
    ဆိုလိုတာ ဒီနေ့ လူငယ်တွေက
    အသက်ကြီးရင့်လာကြတဲ့အခါမှာ
  • 4:34 - 4:36
    အလားတူ ကောင်းမွန်တဲ့
    အပြောင်းအလဲတွေ ရှိလာမလား။
  • 4:36 - 4:38
    အသက်ကြီးရင့်သူတို့က
  • 4:38 - 4:42
    သူတို့ရဲ့ စိတ်ညစ်စရာ ဘဝကို
    တနည်းတဖုံ အားပေးတဲ့အနေနဲ့များ
  • 4:42 - 4:44
    အပြုသဘောကို ပြရန် ကြိုးပမ်း
    နေကြတာလား မေးကြည့်တယ်။
  • 4:44 - 4:46
    (ရယ်မောသံများ)
  • 4:46 - 4:49
    ဒါပေမဲ့၊ အဲဒီအချက်ကို ပယ်ချရန်
    ကျွန်မ ကြိုးစားလေလေ
  • 4:49 - 4:51
    အဲဒါကို ထောက်ပြတဲ့ အချက်တွေကို
    တိုးတိုး တွေ့ခဲ့ကြတယ်။
  • 4:53 - 4:55
    လွန်ခဲတဲ့ နှစ်အနည်းငယ်တုန်းက
    ကျွန်မနဲ့ လုပ်ဖေါ်တွေ
  • 4:55 - 4:58
    ရွယ်တူ လူအုပ်စုကို ၁၀-နှစ်ကာလမှာ
    လေ့လာမှုကို ပြုလုပ်ခဲ့ကြတယ်။
  • 4:58 - 5:01
    အစပိုင်းတွင် အသက် ၁၈ မှ ၉၄ အထိပါ။
  • 5:02 - 5:05
    သူတို့ အသက်ကြီးလာတာနဲ့အမျှ
    သူတို့ရဲ့ စိတ်ပိုင်း ခံစားမှုတွေ ပြောင်း
  • 5:05 - 5:07
    လာသလား ဆိုတာကို လေ့လာခဲ့တယ်။
  • 5:07 - 5:10
    ပါဝင်ကြတဲ့ သူတွေဟာ
    အီလက်ထရွန်နစ် ပဲဂျာတွေကို
  • 5:10 - 5:12
    တစ်ပတ်ကြာ ဆောင်ထားခဲ့ကြရကာ၊
  • 5:12 - 5:15
    နေ့ခင်းနဲ့ ညနေပိုင်းမှာ ကျပန်mးအချိန်မှာ
    စာပို့ မေးမြန်းခဲ့တယ်။
  • 5:15 - 5:17
    အဲဒီလို စာပို့မေးတိုင်းမှာ
    ကျွန်မတို့က
  • 5:17 - 5:19
    မေးခွန်း တသီကြီးကို မေးကြည့်ခဲ့ကြတယ်။
  • 5:19 - 5:22
    “တစ်မှခုနစ် စကေးကို သုံးပြီး အခု
    ဘယ်လောက် စိတ်ချမ်းသာလဲ။“
  • 5:22 - 5:24
    “အခု ဘယ်လောက် ဝမ်းနည်းလဲ။“
  • 5:24 - 5:26
    “ဘယ်လောက် မချင့်မရဲ ဖြစ်နေသလဲ။”
  • 5:26 - 5:30
    သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ သူတို့စိတ်ပိုင်း
    ခံစားချက်များကို
  • 5:30 - 5:31
    တနည်းနည်းနဲ့ နားလည်ဖို့ပါ။
  • 5:32 - 5:36
    အဲဒီလူတွေကို ဂရုတစိုက်
    လေ့လာ စူးစမ်းလာခဲ့ရာမှနေပြီး
  • 5:36 - 5:39
    မျိုးဆက် တစ်ခုခုကမှ အခြားမျိုးဆက်ထက်
  • 5:39 - 5:42
    အပြုသဘော ခံစားမှုတွေ
    တိုးလာခဲ့ခြင်း မဟုတ်ဘဲ
  • 5:42 - 5:45
    အသက်ကြီးရင့် လာတာနဲ့အမျှ
    အဲဒီထဲက အခြားသူတွေပါ
  • 5:45 - 5:49
    အလားတူပဲ အပြုသဘော မြင်လာကြတာကို
    ရှာတွေ့လာခဲ့ပါတယ်။
  • 5:50 - 5:54
    ရှင်တို့အားလုံး ပိုကြီးရင့်တဲ့ အရွယ်မှာ
    မသိမသာ အောက်ဘက် ကျဆင်းမှု မြင်နိုင်ကြတယ်။
  • 5:54 - 5:56
    အောက်ဘက် မသိမသာ ဆင်းသွားပါတယ်။
  • 5:56 - 6:01
    ဒါပေမဲ့ အဲဒါဟာ ဘယ်လိုနည်းနဲ့မှ
    အစောပိုင်း သက်ကြီးအဆင့်ဆီ ပြန်မသွားပါ။
  • 6:02 - 6:09
    အသက်ကြီးရင့်သူတို့ဟာ စိတ်ချမ်းသာကြတယ်လို့
    ပြောဆိုမှုဟာ သိပ်လွယ်နေပါတယ်။
  • 6:09 - 6:12
    ကျွန်မတို့ရဲ့ လေ့လာမှုထဲမှာ သူတို့ဟာ
    ပိုပြီး အပြုသဘောဆန်ကြတယ်။
  • 6:12 - 6:14
    အဲဒီတချိန်တည်းမှာ သူတို့ဟာ
    လူငယ်တွေနဲ့စာရင်
  • 6:14 - 6:16
    ခံစားမှုတွေကို ရောယှက်လျက်
    ခံစားနိုင်ကြတယ်။
  • 6:16 - 6:19
    စိတ်ချမ်းမြေ့နေချိန်မှာ သူတို့
    ဝမ်းနည်းမှုကို ခံစားနိုင်တယ်၊
  • 6:19 - 6:23
    မိတ်ဆွေကို ပြုံးပြနေချိန်မှာ
    မျက်ရည်လည်း ကျနေတာမျိုးပါ။
  • 6:24 - 6:28
    ပြီးတော့ အသက်ကြီးရင့်သူတို့ဟာ
    ဝမ်းနည်းမှုကို ပိုပြီး လွယ်ကူစွာ
  • 6:28 - 6:30
    ခံစားနိုင်ကြတာကို တွေ့ရတယ်။
  • 6:30 - 6:33
    လူငယ်တွေနဲ့ စာရင် သူတို့ဟာ
    ဝမ်းနည်းမှုကို ပိုလက်ခံနိုင်တယ်။
  • 6:33 - 6:35
    ပြီးတော့ အဲဒီအချက်ကမှ
    အပူတပြင်းဖြစ်တဲ့
  • 6:35 - 6:38
    စိတ်ပိုင်းဆိုင်ရာ ပဍိပက္ခများနဲ့
    ငြင်းခုံမှုတွေမှာ
  • 6:38 - 6:42
    လူကြီးတွေဟာ လူငယ်နဲ့စာရင်
    ပိုတော်ကြခြင်းရဲ့ အကြောင်းရင်းပါ။
  • 6:44 - 6:48
    အသက်ကြီးရင့်သူတို့ဟာ တရားမမျှတမှုကို
    စိတ်ပျက်စရာ မဟုတ်ဘဲ
  • 6:49 - 6:50
    ကရုဏာတရားဖြင့် မြင်နိုင်တယ်။
  • 6:51 - 6:53
    ဒီပြင်အရာတွေ အတူတူပဲ ရှိတောင်မှ၊
  • 6:53 - 6:57
    အသက်ကြီးရင့်သူတို့ဟာ သူတို့ရဲ့ အာရုံနဲ့
    မှတ်ဉာဏ်လို အသိပညာရင်းမြစ်များကို
  • 6:57 - 7:00
    အနှုတ်လက္ခဏာထက် အပြုသဘော
    အချက်များဆီကို ဦးလှည့်ပေးနိုင်ကြတယ်။
  • 7:01 - 7:04
    ကျွန်မတို့က သက်ကြီး၊ သက်လတ် နဲ့
    လူငယ်များကို ရှင်တို့ အခု မြင်နေရတဲ့
  • 7:04 - 7:06
    ပုံမျိုးတွေကို ပြပေးခဲ့တဲ့ နောက်မှာ
  • 7:07 - 7:11
    သူတို့ မှတ်မိတဲ့ ပုံတွေကို ပြောပြရန်
    မေးကြည့်မယ်ဆိုရင်၊
  • 7:12 - 7:14
    အပြုသဘော ပုံတွေကို ပိုပြီး မှတ်မိကြမှာက
  • 7:14 - 7:18
    လူငယ်တွေမဟုတ်ဘဲ သက်ကြီးပိုင်းတွေ
    ဖြစ်ကြပါမယ်။
  • 7:19 - 7:23
    ဓာတ်ခွဲခန်း လေ့လာမှုများထဲတွင် ကျွန်မတို့
    သက်ကြီးပိုင်းနဲ့ လူငယ်တွေကို မှုန်ကုပ်ကုပ်
  • 7:23 - 7:25
    နဲ့ ပြုံးနေတဲ့ မျက်နှာတွေကို ပြသခဲ့တယ်။
  • 7:25 - 7:30
    သက်ကြီးတို့ဟာ မှုန်ကုပ်နေတဲ့ မျက်နှာတွေမှ
    ရှောင်လျက် ပြုံးနေတဲ့မျက်နှာဆီ ကြည့်ကြတယ်။
  • 7:31 - 7:36
    နေ့စဉ်ဘဝအတွက် ပြောရရင်၊ ပိုပြီး
    ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကို ဆိုလိုပါတယ်။
  • 7:39 - 7:43
    လူမှုရေး ပညာရှင်များ အနေနဲ့ ကျွန်မတို့ဟာ
    အခြားအလားအလာကိုလည်း စဉ်းစားကြတယ်။
  • 7:43 - 7:47
    အသက်ကြီးရင့်သူတို့ဟာ သိရှိိနိုင်စွမ်း
    ချို့ယွင်းနေလို့များ ပိုပြီး အပြုသဘော
  • 7:47 - 7:49
    ခံစားချက်တွေိကို ပြောပြနေကြတာများလား။
  • 7:49 - 7:53
    (ရယ်မောသံများ)
  • 7:53 - 7:55
    ကျွန်မတို့ စဉ်းစားမိတာက
  • 7:55 - 7:58
    အပြုသဘော ခံစားမှုတွေကို စီမံရတာဟာ
    အနုတ်လက္ခဏာ ခံစားမှုတွေထက် လွယ်လို့များ
  • 7:58 - 8:01
    အပြုသဘော ခံစားမှုဆီကို သူတို့
    စိတ်ပြောင်းသွားတာများလား။
  • 8:01 - 8:03
    ကျွန်မတို့ ဦးနှောက်ထဲက
    အာရုံကြော ဌာနတွေဟာ
  • 8:04 - 8:08
    ချို့ယွင်းလာခဲ့ကြလို့ အနုတ်လက္ခဏာ
    ခံစားမှုကို ဆက်ပြီး မစီမံနိုင်တာများလား။
  • 8:08 - 8:09
    ဒါပေမဲ့ အဲဒီလို ဖြစ်ပုံ မရပါ။
  • 8:10 - 8:13
    စိတ်ပိုင်းအရ ထက်မြက်ကြတဲ့
    အသက်အကြီးဆုံး သူတွေကမှ
  • 8:13 - 8:16
    အပြုသဘော သက်ရောက်မှုကို
    အများဆုံး ပြတဲ့သူတွေ ဖြစ်နေကြတယ်။
  • 8:17 - 8:20
    အခြေအနေအရ လိုအပ်လာပါက
    အသက်ကြီးရင့်သူတို့ဟာ
  • 8:20 - 8:22
    အနုတ်လက္ခဏာ ခံစားမှုတွေကိုရော
    အပြုသဘောခံစားမှုတွေကိုပါ
  • 8:22 - 8:24
    တန်းတူတရည် စီမံ ဆောင်ရွက်နိုင်ကြတယ်။
  • 8:25 - 8:27
    အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။
  • 8:29 - 8:31
    ကျွန်မတို့ရဲ့ သုတေသနအရ၊
  • 8:31 - 8:35
    အဲဒီလို အပြောင်းအလဲတွေဟာ
    အခြေခံအားဖြင့် အချိန်ကာလကို
  • 8:35 - 8:38
    စောင်ကြည့်နိုင်တဲ့ လူသားရဲ့ သူမတူ
    လုပ်နိုင်စွမ်းနဲ့ ဆက်စပ်နေပါတယ်။
  • 8:38 - 8:41
    နာရီပိုင်း၊ ပြက္ခဒိန် အချိန်ကိုမဟုတ်ဘဲ
    ဘဝသက်တမ်း အချိန်ကိုပါ။
  • 8:42 - 8:44
    အသက်ကြီးရင့်မှုထဲမှာ
    အံ့အားသင့်စရာ အချက်က
  • 8:44 - 8:47
    ကျွန်မတို့ ထာဝရ အသက်ရှင်ကြမှာ
    မဟုတ်တာကို သိနားလည်မှုက
  • 8:47 - 8:52
    ဘဝသက်တမ်းဆိုင်ရာ ရှုထောင့်ကို
    အပြုသဘော ပြောင်းပစ်လိုက်တာပါ။
  • 8:53 - 8:58
    အချိန်ဆိုတဲ့ မိုးကုပ်စက်ဝိုင်းဟာ လူငယ်
    ဘဝမှာလို ရှည်လျားလျက် ဝိုးတဝါး ဖြစ်နေလျှင်
  • 8:58 - 9:00
    လူတွေဟာ တချိန်လုံး ပြင်ဆင်လျက် ရှိနေကြကာ
  • 9:00 - 9:03
    သူတို့ တတ်နိုင်သမျှ အချက်အလက်တွေကို
    စုပ်ယူကြတယ်၊
  • 9:03 - 9:06
    စွန့်စားကြတယ်၊ စူးစမ်းရှာကြံကြတယ်။
  • 9:06 - 9:09
    စိတ်ဝင်စားစရာ ကောင်းတာမို့လို့
    ကျွန်မတို့ဟာ ကိုယ်မကြိုက်တဲ့
  • 9:09 - 9:11
    လူတွေနဲ့တောင် အချိန်ကို ဖြုန်းတတ်ကြတယ်။
  • 9:11 - 9:14
    မျှော်လင့် မရတာကို
    ကျွန်မတို့ သင်ယူနိုင်တယ်။
  • 9:14 - 9:15
    (ရယ်မောသံများ)
  • 9:15 - 9:17
    မသိတဲ့သူတွေနဲ့ တွေ့ဆုံကြတယ်။
  • 9:17 - 9:20
    (ရယ်မောသံများ)
  • 9:20 - 9:21
    အဲဒါက အလုပ်မဖြစ်လည်း
  • 9:21 - 9:24
    နက်ဖြန်ဆိုတာ ရှိနေဦးမှာပဲ မဟုတ်လား။
  • 9:25 - 9:28
    အသက် ၅၀ ကျော်တဲ့ သူတွေဟာ
    မသိသူတွေနဲ့ မတွေ့ဆုံကြပါဘူး။
  • 9:28 - 9:35
    (ရယ်မောသံများး)
  • 9:37 - 9:38
    မတွေ့ဖို့ များတယ်။
  • 9:43 - 9:49
    အသက်ကြီးလာတာနဲ့ အချိန်စက်ဝန်းဟာ
    တိုတောင်းလာကာ ပန်းတိုင်တွေ ပြောင်းလာတယ်။
  • 9:49 - 9:53
    ဒီကမ္ဘာကြီးမှာ ကိုယ့်ဆီမှာ အချိန်အားလုံး
    မပိုင်ဆိုင်မှန်းကို နားလည်လာတော့၊
  • 9:53 - 9:55
    ကိုယ့် ဦးစားပေးချက်တွေကို ပိုပြတ်သွားစွာ
    မြင်လာကြတယ်။
  • 9:55 - 9:58
    သာမန် ကိစ္စတွေကို ကျွန်မတို့
    သိပ် ဂရုမစိုက်ကြတော့ပါ။
  • 9:58 - 10:00
    ကျွန်မတို့ အသက်ကို ချွေတာလာတယ်။
  • 10:00 - 10:02
    ပိုပြီး တန်ဖိုးထားလိုလာကြကာ
  • 10:02 - 10:04
    ပြေငြိမ်းရန် တံခါးဖွင့်လာကြတယ်။
  • 10:05 - 10:07
    ကျွန်မတို့ဟာ စိတ်ခံစားမှုဆိုင်ရာ
    ဘဝရဲ့ အစိတ်အပိုင်းတွေထဲ
  • 10:08 - 10:10
    ရင်းနှီးလာကြလို့ ဘဝဟာ
    ပိုပြီး ကောင်းမွန်လာတယ်၊
  • 10:10 - 10:13
    အဲဒါကြောင့် ကျွန်မတို့ဟာ
    နေ့စဉ်ဘဝထဲ ပိုပျော်ရွှင်ကြတယ်။
  • 10:14 - 10:15
    အလားတူပဲ ရှုထောင့် ပြောင်းလဲလာလို့
  • 10:15 - 10:20
    မတရားမှုကို မကြုံစဖူး
    ခွင့်လွှတ်ရန် စေ့ဆော်လာတယ်။
  • 10:23 - 10:24
    ၂၀၁၅ ခုနှစ် အရောက်မှာ
  • 10:26 - 10:29
    အမေရိကန် ပြည်ထောင်စုထဲတွင်
    အသက် ၆၀ ကျော်တဲ့ ပြည်သူတွေဟာ
  • 10:29 - 10:32
    ၁၅ နှစ် အောက်သူတွေထက် ပိုများလာပါမယ်။
  • 10:34 - 10:38
    အသက်ကြီးသူတွေကြောင့် ဝန်ပိလာမယ့်
    လူ့အဖွဲ့အစည်း ဘယ်လို ဖြစ်လာမလဲ။
  • 10:39 - 10:43
    လူဦးရေက ရလဒ်ကို ဆုံးဖြတ်ပေးကြမှာ မဟုတ်ပါ။
  • 10:43 - 10:45
    ယဉ်ကျေးမှုက ဆုံးဖြတ်ပေးမှာပါ။
  • 10:46 - 10:49
    ကျွန်မတို့က သိပ္ပံနဲ့ နည်းပညာထဲ
    ရင်းနှီးမြှုပ်နှံလျက်
  • 10:49 - 10:53
    သက်ကြီးများ ရင်ဆိုင်ကြရတဲ့ တကယ့်
    ပြဿနာတွေကို ဖြေရှင်းပေးနိုင်ကြကာ
  • 10:54 - 11:00
    အသက်ကြီးရင့်သူတို့ရဲ့ လက်တွေ့
    လုပ်နိုင်စွမ်းတွေကို ရယူသုံးနိုင်ကြပါက၊
  • 11:01 - 11:07
    သက်တမ်းကို တိုးစေခဲ့တဲ့ နှစ်များဟာ အရွယ်
    အားလုံးရဲ့ ဘဝကို အံ့ဖွယ် ပြောင်းပစ်မှာပါ။
  • 11:08 - 11:12
    အရင့်အရင် မျိုးဆက်များထက် ပိုကျန်းမာကာ
    ပညာတတ်ကြပြီး လက်တွေ့ဘဝဆိုင်ရာ အကြောင်ကို
  • 11:12 - 11:17
    သိကျွမ်းလျက် အကြီးစား ပြဿနာတွေကို
    ဖြေရှင်းရန် အသင့်ရှိကြပြီး စိတ်ခံစားမှု
  • 11:17 - 11:21
    တည်ငြိမ်ကြတဲ့ ပြည်သူ သန်းချီ ရှိနေတဲ့
  • 11:21 - 11:25
    လူ့အဖွဲ့အစည်းတွေဟာ ကျွန်မတို့
    သိထားဘူးတဲ့
  • 11:26 - 11:31
    ဘယ်လူ့အဖွဲ့အစည်းထက်မဆို သာလွန်တာ
    သေချာပါတယ်။
  • 11:33 - 11:37
    အသက် ၉၂ နှစ် ရှိပြီဖြစ်တဲ့
    ကျွန်မ ဖခင်က
  • 11:38 - 11:41
    “အဖိုးကြီးတွေကို ဘယ်လို ကယ်တင်ကြမလဲ
    ဆိုတဲ့ စကားတွေကို ရပ်ပစ်ကြပြီး
  • 11:41 - 11:46
    အားလုံးကို ကယ်တင်ရန် သူတို့ ပါဝင်လာရေး
    အကြောင်းကို ဆွေးနွေးကြပါစို့။“ ပြောပါတယ်။
  • 11:48 - 11:49
    ကျေးဇူးတင်ပါတယ်။
  • 11:49 - 11:52
    (လက်ခုပ်တီးသံများ)
Title:
အသက်ကြီးသူတို့ ပိုပြီး စိတ်ချမ်းသာကြခြင်း | Laura Carstensen | TEDxWomen
Description:

၂၀ ရာစုထဲတွင် လူတွေရဲ့ သက်တမ်းဟာ မကြုံစဖူး နှစ်တော်တော်များများ အထိကို တိုးလာတာမှန်ပေမဲ့၊ ဘဝရဲ့ အရည်အသွေးကကော ကောင်းရဲ့လားလို့ မေးကြရင်၊ ဟုတ်ကဲ့၊ ကောင်းတယ်လို့ အံ့အားသင့်ဖွယ် ဖြေရမှာပါ။ လက်ရှိ ဟောပြောခန်းထဲတွင် Laura Carstensen က လူတွေ အသက်ကြီးရင့်လာတာနဲ့အမျှ ပိုပြီး စိတ်ချမ်းမြေ့လာကြတယ်၊ ပိုပြီး ပြည့်ဝလာကြကာ လောကကြီးကို ပိုပြီး အပြုသဘော မြင်လာကြကြောင်း သုတေသန ရလဒ်များကို ကိုးကားပြီး တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
11:53

Burmese subtitles

Revisions