Return to Video

မျက်နှာကို စောင့်ကြည့်ရေးစနစ်နဲ့ ပတ်သက်ပြီး ကျုပ်တို့ သိထားသင့်တဲ့ အချက်များ

  • 0:00 - 0:03
    ကိုယ်ရေးလုံခြုံမှုဆိုတာ ဆုံးရှုံးသွားပြီ
    လို့ပြောဆိုသံကို ခင်ဗျားတို့
  • 0:03 - 0:05
    ဘယ်နှစ်ဦးများ ကြားခဲ့ဘူးလဲ။
  • 0:05 - 0:06
    လက်မြှောက်ကြပါ။
  • 0:06 - 0:08
    ကျနော့ဆီမှာ ဝှက်စရာ ဘာမှမရှိလို့
    ကိုယ်ရေးလုံခြုံမှုကို
  • 0:08 - 0:12
    ကျနော် ဂရုမစိုက်ပါဘူးလို့ ဆိုတာမျိုးကိုကော
    ခင်ဗျားတို့ထဲက ဘယ်နှစ်ဦး ကြားခဲ့ဘူးလဲ။
  • 0:13 - 0:14
    ပြောပြကြပါ။
  • 0:14 - 0:15
    (ရယ်သံများ)
  • 0:16 - 0:20
    အခုတော့၊ ခင်ဗျားတို့ထဲက လျှို့ဝှက်ကုဒ်
    သွင်းရေး ဆော့ဝဲကို ဘယ်နှစ်ဦး သုံးကြလဲ။
  • 0:20 - 0:21
    လက်မြှောက်ပြကြပါ။
  • 0:21 - 0:25
    ဒါမှမဟုတ် အွန်လိုင်း အကောင့် ကာကွယ်ဖို့
    စကားဝှက် သုံးကြလား။
  • 0:26 - 0:29
    ဒါမှမဟုတ် ကိုယ့်အိမ်ထဲက ပြတင်းပေါက်မှာ
    ကန့်လန့်ကာတွေ အမှောင်ချစရာတွေ သုံးကြလဲ။
  • 0:29 - 0:31
    (ရယ်သံများ)
  • 0:31 - 0:33
    အိုကေ၊ လူတိုင်းလိုလိုပါပဲ။
  • 0:33 - 0:34
    (ရယ်သံများ)
  • 0:35 - 0:37
    ကျုပ်တို့ ဘာဖြစ်လို့ အဲဒါတွေကို
    လုပ်ကြတာလဲ။
  • 0:37 - 0:38
    ကျနော့အထင်
  • 0:38 - 0:41
    ခင်ဗျားတို့က ကိုယ့်လုံခြုံမှုကို
    ဂရုစိုက်ကြလို့ပါ။
  • 0:41 - 0:43
    ကိုယ်ရေး လုံခြုံမှု မရှိတော့ဘူး ဆိုတာ
    အလကားစကားပါ။
  • 0:43 - 0:47
    "သူတို့ဆီမှာ ဖုံးကွယ်စရာ ဘာမှမရှိ" ဒါမှ
    မဟုတ် မှားတာ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးလို့
  • 0:47 - 0:48
    လူတွေက ကိုယ်ရေးလုံခြုံမှုကို
  • 0:48 - 0:50
    ဂရုမစိုက်ကြဘူးဆိုတဲ့ ပြောဆိုမှုဟာ
  • 0:50 - 0:51
    အလကား ပြောစကားပါ။
  • 0:51 - 0:55
    ခင်ဗျားတို့ဟာ ခင်ဗျားတို့ရဲ့ ကျန်းမာရေး
    မှတ်တမ်းကို အများပြည်သူ သိအောင်
  • 0:55 - 0:57
    အင်တာနက်မှတစ်ဆင့် ကမ္ဘာကြီး မြင်လာမှာကို
  • 0:57 - 0:59
    ခင်ဗျားတို့ လိုချင်ကြမှာ
    မဟုတ်ဘူး ထင်ပါတယ်။
  • 0:59 - 1:03
    ဒါမှမဟုတ် ကိုယ့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ
    ရှာဖွေမှုမှတ်တမ်းတွေလည်း အလားတူပါပဲ။
  • 1:03 - 1:04
    ကျနော် သေချာပေါက် ပြောရဲတာက
  • 1:04 - 1:08
    အစိုးရက ခင်ဗျားတို့ စိတ်ကူးတိုင်း အစိုးရ
    ဗဟိုကွန်ပျူတာဆီကို ထုတ်လွှင့်ပေးဖို့
  • 1:08 - 1:13
    ခင်ဗျားတို့ ဦးနှောက်ထဲ
    ချစ်ပ် ထည့်ချင်တယ် ဆိုရင်
  • 1:13 - 1:14
    ခင်ဗျားတို့ ငြင်းကွယ်ကြမှာပါ။
  • 1:14 - 1:17
    (ရယ်သံများ)
  • 1:17 - 1:19
    ခင်ဗျားတို့က လူသားတိုင်းလိုပဲ
    ကိုယ်ရေးလုံခြုံမှုကို
  • 1:20 - 1:21
    ဂရုစိုက်ကြလို့ပါ။
  • 1:21 - 1:24
    ကျုပ်တို့ ကမ္ဘာကြီး ပြောင်းလဲနေတာ မြန်တယ်။
  • 1:24 - 1:28
    ကိုယ်ရေးလုံခြုံမှု ဆိုတာ ဘာလဲ၊ အဲဒါ
    အရေးကြီးတာ ဘာကြောင့်လဲဆိုင်ရာ
  • 1:28 - 1:31
    နားလည်မှုတွေဟာ ဒီနေ့တွင်
    တော်တော့ကို ရှုပ်ထွေးလှပါတယ်။
  • 1:32 - 1:34
    ကိုယ်ရေးလုံခြုံမှုဟာ
    လျှို့ဝှက်ချက် မဟုတ်ဘူး။
  • 1:34 - 1:36
    အဲဒါက ထိန်းချုပ်မှုပါ။
  • 1:37 - 1:41
    ဆရာဝန်နဲ့ တွေ့တဲ့အခါ ကျနော်ဟာ ကျနော့ခန္ဓာ
    ကိုယ်နဲ့ ကျန်းမာရေး အချက်အလက်တွေကို
  • 1:41 - 1:43
    ပေးပေမဲ့၊ သူဟာ အဲဒီလို အချက်အလက်တွေကို
  • 1:43 - 1:46
    ကျနော့မိဘတွေ ကလေးတွေ ဒါမှမဟုတ်
    ကျနော့အကြီးအကဲကို
  • 1:46 - 1:49
    မျှဝေပေးမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတယ်။
  • 1:49 - 1:52
    အဲဒီ အချက်အလက်တွေဟာ ကိုယ်ရေးပါ၊
    လျှို့ဝှက်ချက် မဟုတ်ဘူး။
  • 1:53 - 1:56
    အဲဒီလို အချက်အလက်တွေကို ဘယ်လိုဝေမျှမှာကို
    ကျနော် ထိန်းချုပ်နိုင်တယ်။
  • 1:56 - 2:00
    ကိုယ်ရေးလုံခြုံမှုက တစ်ဘက်နဲ့ ဘေးကင်းမှုက
    တစ်ဘက်တို့ အကြားမှာ အခြေခံကျတဲ့
  • 2:01 - 2:03
    တင်းမာမှုရှိတွေ ရှိနေတဲ့
    အကြောင်း ဒီခေတ်မှာ
  • 2:03 - 2:05
    လူတွေ ပြောဆိုကြတာ
    ခင်ဗျားတို့ ကြားဘူးမှာပါ။
  • 2:05 - 2:08
    တကယ့်တော့ ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု
    မြှင့်တင်ပေးတဲ့ နည်းပညာတွေဟာ
  • 2:08 - 2:10
    ကျုပ်တို့ရဲ့ ဘေကင်းမှုကိုလည်း
    မြှင့်ပေးကြတယ်။
  • 2:10 - 2:13
    ခြံစည်းရိုးတွေ၊ တံခါးသော့ခလောက်တွေ၊
  • 2:13 - 2:15
    ပြတင်းပေါက်ပေါ်က
    ကန့်လန့်ကာတွေ၊ စကားဝှက်တွေ၊
  • 2:15 - 2:18
    လျှို့ဝှက်ကုဒ်သွင်းရေး ဆော့ဝဲတွေကို
    စဉ်းစားကြည့်ကြပါ။
  • 2:18 - 2:19
    အဲဒီနည်းပညာတွေ အားလုံးဟာ
  • 2:19 - 2:23
    ကျုပ်တို့ရဲ့ ကိုယ်ရေးရဲ့ လုံခြုံမှုကိုရော
    ဘေးကင်းမှုကိုပါ ကာကွယ်ပေးကြတယ်။
  • 2:25 - 2:28
    စောင့်ကြည့်ရေး ကွန်ရက်ကျတော့
    ဘာကိုမှ ကာကွယ်မပေးပါဘူး။
  • 2:29 - 2:31
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက
  • 2:31 - 2:34
    ဖက်ဒရယ်အစိုးရက The Privacy and
    Civil Liberties Oversight Board
  • 2:34 - 2:37
    ကို ပါရဂူများတစ်စုဖြင့် ဖွဲ့ပေးခဲ့ပြီး
  • 2:37 - 2:39
    ၉/၁၁ နောက်ပိုင်း အစိုးရရဲ့
    စောင့်ကြည့်ရေး အစီအစဉ်တွေနဲ့
  • 2:39 - 2:42
    စောင့်ကြည့်ရေး ကွန်ရက် အစီအစဉ်တွေကို
    စစ်ဆေးခိုင်းခဲ့တယ်။
  • 2:42 - 2:45
    အဲဒီပါရဂူတွေက စောင့်ကြည့်ရေး
    ကွန်ရက်ကနေပြီး
  • 2:45 - 2:49
    ဘေးကင်းမှုကို မြှင့်တင်ပေးခဲ့တာ၊ အကြမ်း
    ဖက်ရေး လုပ်ရပ်ကို ဖေါ်ထုတ်ခဲ့တာ
  • 2:49 - 2:52
    ဒါမှမဟုတ် ရပ်စဲပစ်ခဲ့တာကို
    သာဓက တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။
  • 2:52 - 2:55
    ဒါပေမဲ့ အဲဒီက အချက်အလက်တွေ
    အသုံးဝင်ခဲ့တာ တစ်ခုတော့ ရှိခဲ့တယ်။
  • 2:56 - 2:59
    NSA ၀န်ထမ်းများအား သူတို့ရဲ့အချစ်ရေး
    ကိစ္စတွေကို ထောက်လှမ်းခွင့် ပြုခဲ့တာပါ။
  • 2:59 - 3:01
    (ရယ်သံများ)
  • 3:01 - 3:02
    (ပရိသတ်- ဝိုး။ )
  • 3:02 - 3:04
    နောက်ဥပမာတစ်ခုက အိမ်နဲ့ ပိုနီးစပ်တယ်။
  • 3:04 - 3:07
    အခု အမေရိကန်ပြည်ထောင်စုနဲ့ တစ်ကမ္ဘလုံးမှာ
    ပြည်သူ သန်းချီတို့ဟာ
  • 3:07 - 3:10
    အင်တာနက်နဲ့ ချိတ်ဆက်ရတဲ့
    စောင့်ကြည့်ရေး ကင်မရာလို
  • 3:10 - 3:12
    "စမတ်အိမ်" လို့ ခေါ်တဲ့
    ကိရိယာတွေကို ဝယ်သုံးလာကြတယ်။
  • 3:13 - 3:16
    ဒါပေမဲ့ ကျုပ်တို့ သိထားသလို
    အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့
  • 3:16 - 3:18
    စက်ပစ္စည်းမှန်သမျှကို ဟက်ခ်လုပ်နိုင်ပါတယ်။
  • 3:19 - 3:20
    ဒီတော့ ဟက်ခ်လုပ်သူက
  • 3:20 - 3:24
    ခင်ဗျားတို့ရဲ့ အင်တာနက်ချိတ်ထားတဲ့
    စောင့်ကြည့်ရေး ကင်မရာထဲ ဝင်နိုင်ရင်
  • 3:24 - 3:26
    ခင်ဗျားတို့ မိသားစု သွားလာတာကို
    စောင့်ကြည့်နိုင်ပြီး
  • 3:26 - 3:29
    တိုက်ခိုက်ဖို့ အဆင်ပြေတဲ့
    အချိန်ကို သိကြမယ်။
  • 3:30 - 3:32
    အဝေးကနေပြီး ဟက်ခ်လုပ်မရတာက ဘာလဲ သိကြလား။
  • 3:32 - 3:34
    ကန့်လန့်ကာတွေပါ။
  • 3:34 - 3:35
    (ရယ်သံများ)
  • 3:35 - 3:36
    ခြံစည်းရိုးတွေပါ။
  • 3:36 - 3:37
    တံခါးသော့ခလောက်တွေပါ။
  • 3:37 - 3:38
    (ရယ်သံများ)
  • 3:38 - 3:41
    ကိုယ်ရေးလုံခြုံမှုဟာ ဘေးကင်းမှုရဲ့
    ရန်သူမဟုတ်ဘူး။
  • 3:41 - 3:43
    အဲဒါက ၎င်းကို အာမခံပေးတာပါ။
  • 3:44 - 3:48
    ဒါပေမဲ့ ကျုပ်တို့ဟာ နေ့စဉ် အပြင်းအထန်
    ရင်ဆိုင်ကြရတဲ့ ဝါဒဖြန့်မှုက
  • 3:48 - 3:52
    ကျုပ်တို့ စောင့်ကြည့်ရေး အစီအစဉ်များအတွက်
    ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှု အချို့နဲ့
  • 3:52 - 3:54
    ဖလှယ်ပေးဖို့ လိုအပ်​ကြောင်း နားချလိုကြတယ်။
  • 3:55 - 3:59
    အဲဒီလို နည်းပညာများထဲမှာ မျက်နှာကို
    စောင့်ကြည့်ရေး စနစ်ကအန္တရာယ်အများဆုံးပါ။
  • 4:00 - 4:05
    ဒီနေ့တွင် အစိုးရတွေက အဲဒီ နည်းပညာတွေကို
    အသုံးချနေကြတာ နှစ်မျိုး ရှိပါတယ်။
  • 4:05 - 4:07
    တစ်ခုက မျက်နှာကို သိမှတ်မှုပါ။
  • 4:07 - 4:10
    လူတစ်ဦးဦးကို ပုံရိပ်ထဲမှ ဖေါ်ထုတ်ယူမှုပါ။
  • 4:10 - 4:12
    ဒုတိယကျတော့ မျက်နှာကို စောင့်ကြည့်မှုပါ။
  • 4:12 - 4:14
    အဲဒါကို စောင့်ကြည့်ရေး ကင်မရာ
    ကွန်ရက်များနဲ့
  • 4:14 - 4:17
    ဒေတာဘေ့စ်တွေနဲ့ ချိန်ညှိသုံးပါတယ်။
  • 4:17 - 4:21
    ပြည်သူအားလုံးရဲ့ လှုပ်ရှားမှုတွေ၊
  • 4:21 - 4:23
    အလေ့အကျင့်တွေနဲ့
    အသင်းအဖွဲ့တွေကို မှတ်တမ်းတင်ပြီး၊
  • 4:23 - 4:27
    လိုရာကို ချက်ချင်းကြည့်နိုင်တဲ့ ဒစ်ဂျစ်တယ်
    ကားချပ်ကြီးကို ဖန်တီးပါတယ်။
  • 4:27 - 4:29
    အဲဒါကို panopticon လို့ ခေါ်ပါတယ်။
  • 4:29 - 4:33
    ဗဟိုမှာ ရှိနေကြတဲ့ အစောင့်အချို့တို့က
    ပတ်ပတ်လည်ရှိ အကျဉ်းခန်းများထဲ
  • 4:33 - 4:37
    ဖြစ်ပျက်နေတာကို စောင့်ကြည့်ရနိုင်တဲ့
    ထောင်ကို အဲဒီလို ခေါ်ကြတာပါ။
  • 4:37 - 4:42
    အဲဒီ အကျဉ်းခန်းထဲ နေထိုင်နေသူတို့က
    အစောင့်မျှော်စင်ထဲကို ကြည့်မရနိုင်ပါဘူး၊
  • 4:42 - 4:46
    ဒါပေမဲ့ အစောင့်တွေကျတော့ အကျဉ်းခန်းထဲက
    တစ်လက်မစီကို ကြည့်နိုင်ကြတယ်။
  • 4:47 - 4:49
    အဲဒီထောင်မျိုးရဲ့ စိတ်ကူးက
  • 4:49 - 4:51
    အကျဉ်းခန်းများထဲက လူတွေက
  • 4:51 - 4:54
    သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ
    ဒါမှမဟုတ် စောင့်ကြည့်နိုင်တာကို
  • 4:54 - 4:55
    သိထားတဲ့ နောက်မှာ၊
  • 4:55 - 4:57
    သတိထား ပြုမူကြရမှာပါ။
  • 4:57 - 5:01
    အဲဒီအတိုင်းပဲ မျက်နှာကို
    စောင့်ကြည့်မှုက ဗဟို အာဏာပိုင်အား၊
  • 5:01 - 5:03
    ဒီကိစ္စထဲမှာ နိုင်ငံတော်အား
  • 5:03 - 5:06
    အများပြည်သူ နေရာတွေမှာ လှုပ်ရှားတာကို၊
    အသင်းအဖွဲ့ထဲ ပါဝင်တာကို
  • 5:06 - 5:08
    ထိန်းချုပ် စောင့်ကြည့်ခွင့် ပေးပါလိမ့်မယ်။
  • 5:08 - 5:09
    အဲဒါက လက်တွေ့ဘဝထဲ ဖြစ်လာမှာက
  • 5:09 - 5:11
    ဒီလိုပါ။
  • 5:11 - 5:14
    အခုကိစ္စထဲမှာ စောင့်ကြည့်မယ့်သူက
    မျှော်စင်ထဲက အစောင့် မဟုတ်ဘဲ
  • 5:14 - 5:17
    ထောက်လှမ်းရေးဌာနမှ
    ဆန်းစစ်လေ့လာမယ့် ပုလိပ်ပါ။
  • 5:17 - 5:20
    ထောင်ထဲမှာလို နံရံများဖြင့် ဘောင်ခတ်မထားဘဲ
  • 5:20 - 5:23
    နေရာတိုင်း၊ အချိန်ကာလတိုင်းမှာ လူတိုင်းကို
  • 5:23 - 5:25
    ဖက်စုံမှ စောင့်ကြည့်နေမှာပါ။
  • 5:25 - 5:27
    လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းထဲမှာ
  • 5:28 - 5:30
    ဒါဟာ ကျုပ်တို့အတွက် ထိတ်လန့်စရာကြီးပါ။
  • 5:30 - 5:34
    ဆယ်စုနှစ် အတော်ကြာ ကျုပ်တို့ ကြည့်ခဲ့ကြတဲ့
    ပုလိပ်ရုပ်ရှင်များထဲမှာ
  • 5:34 - 5:36
    မျက်နှာကို စောင့်ကြည့်ရေးလို နည်းပညာတွေက
  • 5:36 - 5:40
    အများပြည်သူ ကောင်းကျိုးအတွက်ပါလို့
    အယူအဆကို တင်ပြဖို့ ကြိုးစားခဲ့ကြတယ်။
  • 5:40 - 5:43
    ဒါပေမဲ့ လက်တွေ့ဘဝဟာ
    ပုလိပ် ဇာတ်လမ်းမျိုး မဟုတ်ဘူး။
  • 5:44 - 5:46
    လူဆိုးတွေက အမြဲတမ်း အဲဒီလို မလုပ်ကြဘူး၊
  • 5:46 - 5:49
    ပိုလိပ်တွေဟာ လူကောင်းတွေပါလို့
    သေချာပေါက် ပြောမရပါဘူး၊
  • 5:49 - 5:52
    ပြီးတော့ နည်းပညာကလည်း
    အမြဲတမ်း အလုပ်မဖြစ်ပါဘူး။
  • 5:52 - 5:54
    Steve Talley ရဲ့ အမှုကို
    ယူကြည့်နိုင်ပါတယ်၊
  • 5:55 - 5:57
    Colorado မှ ဘဏ္ဍာရေး ဆန်းစစ်သူပါ။
  • 5:57 - 6:01
    ၂၀၁၅ ခုနှစ်တွင် မျက်နှာ သိမှတ်ရေး
    စနစ်တစ်ခုရဲ့ အမှားကြောင့်
  • 6:01 - 6:04
    Talley ကို ဘဏ်လုယက်မှုဖြင့်
    ဖမ်းခဲ့ကြပါတယ်။
  • 6:04 - 6:06
    Talley ဟာ မရမရ တိုက်ပွဲဝင်ခဲ့လို့
  • 6:06 - 6:09
    နောက်ဆုံးမှာ ဒီစွဲချက်တွေ
    မဟုတ်မှန်ကြောင်း ထုချေနိုင်ခဲ့တယ်၊
  • 6:09 - 6:11
    ဒါပေမဲ့ အစိုးရကနဲ့ အမှုကို ရင်ဆိုင်နေရစဉ်
  • 6:11 - 6:15
    သူဟာ သူ့အိမ်၊ သူ့အလုပ်နဲ့
    ကလေးတွေကို ဆုံးရှုံးခဲ့ရပါတယ်။
  • 6:15 - 6:17
    Steve Talley ရဲ့ အဖြစ်က
    နည်းပညာ ချွတ်ယွင်းသွားရင်
  • 6:18 - 6:20
    ဘာတွေ ဖြစ်လာနိုင်ကြောင်း သာဓကကောင်းပါ။
  • 6:21 - 6:25
    တကယ်တော့ မျက်နှာကို စောင့်ကြည့်မှုက
    သူတို့ ကြော်ငြာတာကို ကြောက်စရာပါ။
  • 6:26 - 6:29
    ခင်ဗျားတို့ စဉ်းစားကြည့်ဖို့၊
    အစိုးရအေဂျင်စီ အနေနဲ့
  • 6:29 - 6:32
    Alcoholics Anonymous meeting
    ပြုလုပ်တဲ့ အဆောက်အအုံ အနီးမှာ
  • 6:32 - 6:36
    စောင့်ကြည့်ရေး ကင်မရာကို
    ထားရှိချင်မှာ သိပ်ကို သေချာတယ်။
  • 6:36 - 6:38
    သူတို့ဟာ အဲဒီကင်မရာကို
  • 6:38 - 6:41
    မျက်နှာ စောင့်ကြည့်ရေးစနစ်နဲ့ ဒေတာဘေ့စ်နဲ့
    ဆက်သွယ်ပေးလိုက်ပြီး
  • 6:41 - 6:43
    ခလုတ်နှိပ်လိုက်တာနဲ့ အရက်စွဲမှုအတွက်
  • 6:43 - 6:47
    ကုသမှုခံယူလိုကြတဲ့
    လူတိုင်းရဲ့ မှတ်တမ်းကို ရယူနိုင်မှာပါ။
  • 6:47 - 6:50
    ပြီးတော့ အစိုးရအဖွဲ့အစည်း တစ်ခုခုက
  • 6:50 - 6:52
    အဲဒီနည်းပညာကို အသုံးပြုပြီး
    အမျိုးသမီး လူထုချီတက်ပွဲထဲ
  • 6:53 - 6:55
    ပါဝင်ခဲ့သူတွေ ဒါမှမဟုတ်
    Black Lives Matter ကန့်ကွက်ပွဲထဲ
  • 6:56 - 6:58
    ပါဝင်သူတွေကို အလွယ်တကူ
    အလိုအလျောက် ဖေါ်ထုတ်နိုင်မှာပါ။
  • 6:59 - 7:03
    နည်းပညာစက်မှုလုပ်ငန်း ကိုယ်၌ကိုက
    ဒီပြဿနာရဲ့ လေးနက်မှုကို နားလည်ကြတယ်။
  • 7:04 - 7:08
    Microsoft ဥက္ကဌ Brad Smith ကတောင်
    စွက်ဖက်ပေးရန် ကွန်ဂရက်အား ပန်ကြားခဲ့ရတယ်။
  • 7:09 - 7:11
    Google ဘက်မှနေပြီးတော့
  • 7:11 - 7:14
    လူသားနဲ့ လူ့ရပိုင်ခွင့်များဆိုင်ရာ
    စိုးရိမ်စရာတွေ ရှိနေလို့
  • 7:14 - 7:18
    မျက်နှာ စောင့်ကြည့်ရေး ထုတ်ကုန်ကို
    တင်ပို့ပေးရန် ငြင်းကွယ်ခဲ့ပါတယ်။
  • 7:19 - 7:20
    အဲဒါတွေဟာ ကောင်းတဲ့ အချက်တွေပါ။
  • 7:20 - 7:22
    ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးကျရင်၊
  • 7:22 - 7:26
    ကျုပ်တို့ရဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို
    ကာကွယ်ပေးရေးဟာ
  • 7:26 - 7:28
    ကော်ပိုရိတ် အကျိုးအမြတ်ထက်
    ပိုအရေးကြီးလို့ပါ။
  • 7:29 - 7:31
    ACLU မှနေပြီး တစ်မျိုးသားလုံး
    လှုံဆော်ပွဲကြီးအဖြစ်
  • 7:31 - 7:33
    အန္တရာယ်များတဲ့ အဲဒီနည်းပညာ လက်ခံမှုကို
  • 7:33 - 7:36
    အစိုးရအား ဘရိတ်အုပ်ပေးရန်
    ဆော်သြော်ခဲ့ခြင်းက
  • 7:36 - 7:39
    ပြည်သူလူထု အကြားမှာ ခိုင်လုံတဲ့
    မေးခွန်းတွေ ထုတ်လာစေခဲ့ပါတယ်။
  • 7:39 - 7:43
    ဒီနည်းပညာကို အန္တရာယ်ဖြစ်လာစေတဲ့
    အဓိကအချက်က ဘာလဲ။
  • 7:43 - 7:46
    အဲဒါကို ကျုပ်တို့ ဘာဖြစ်လို့
    ညှိနှိုင်း မရနိုင်တာလဲ။
  • 7:46 - 7:48
    အခုလို သတိပေး တပ်လှန့်နေရတာ ဘာကြောင့်လဲ။
  • 7:49 - 7:54
    မျက်နှာကို စောင့်ကြည့်မှုက အန္တရာယ်ဖြစ်လာ
    ရတာ ထူးခြားတဲ့ အကြောင်းရင်း နှစ်ခု ရှိတယ်။
  • 7:54 - 7:57
    တစ်ခုက နည်းပညာကိုယ်၌ရဲ့ သဘာဝပါ။
  • 7:57 - 8:00
    ဒုတိယက ကျုပ်တို့ရဲ့ စနစ်ထဲမှာ
  • 8:00 - 8:04
    အဲဒါကို အစိုးရကနေပြီး
    အလွဲသုံးစား မလုပ်စေရကြောင်း
  • 8:04 - 8:05
    အာမခံပေးနိုင်မယ့် စောင့်ကြပ်ရေးနဲ့
  • 8:05 - 8:09
    တာဝန်ခံယူရေး ယန္တရားတွေ
    အခြေခံအရကို မရှိကြလို့ပါ။
  • 8:11 - 8:15
    ပထမအချက်အနေနဲ့၊ မျက်နှာ
    စောင့်ကြည့်မှုက အရင်တုန်းက မရှိခဲ့ဖူးတဲ့
  • 8:15 - 8:18
    ဘာမှမကျန်အားလုံးကို
    စောင့်ကြည့်မှု ပုံစံပါ။
  • 8:18 - 8:22
    လူတိုင်းရဲ့
    သူငယ်ချင်းအိမ် သွားလည်တာ၊
  • 8:22 - 8:24
    အစိုးရရုံး တစ်ခု၊
  • 8:24 - 8:26
    ဝတ်ပြုတဲ့ နေရာ၊
  • 8:26 - 8:27
    ကြိုစီစဉ်ထားတဲ့ မိဘတွေ့ဆုံပွဲ၊
  • 8:27 - 8:29
    ဆေးခြောက်ဆိုင်၊
  • 8:29 - 8:30
    ဝစ်လစ်စားလစ် ဖျော်ဖြေပွဲကို သွားမှု၊
  • 8:31 - 8:35
    အများပြည်သူ အကြား လူတိုင်း လှုပ်ရှားပုံ၊
    အပြုအမူ နဲ့ အသင်းအဖွဲ့ထဲ ပါဝင်မှုကို
  • 8:35 - 8:37
    မှတ်တမ်းတင်ပြီး စာရင်း လုပ်ထားမယ်၊
  • 8:37 - 8:39
    တစ်ရက်တစ်လေအတွက် မဟုတ်ဘဲ၊ နေ့စဉ်နေ့တိုင်း၊
  • 8:39 - 8:42
    ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြုလုပ်နိုင်မှာပါ။
  • 8:42 - 8:45
    အဲဒီလို လူတွေအားလုံးကို စောင့်ကြည့်မှုဟာ
  • 8:45 - 8:48
    အခြေခံမူအရကိုက လွတ်လပ်တဲ့ လူ့အဖွဲ့
    အစည်းထဲ နေထိုင်မှုကို ခြိမ်းခြောက်မှုပါ။
  • 8:48 - 8:52
    ကျုပ်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊
    လွတ်လပ်စွာ အသင်းအဖွဲ့ထဲ ပါဝင်ခွင့်၊
  • 8:52 - 8:53
    ဘာသာရေးလွတ်လပ်ခွင့်၊
  • 8:53 - 8:54
    စာနယ်ဇင်း လွတ်လပ်ခွင့်၊
  • 8:54 - 8:56
    ကျုပ်တို့ရဲ့ ကိုယ်ရေး လုံခြုံမှု၊
  • 8:56 - 8:58
    ဒါမှမဟုတ် တစ်ယောက်တည်း
    အထီးကျန်လျက် နေခွင့်တွေပါ။
  • 8:58 - 8:59
    ခင်ဗျားတို့က
  • 8:59 - 9:03
    "အလကားပါ၊ အစိုးရက ကျုပ်တို့ကို ထောက်လှမ်း
    နိုင်တဲ့ နည်းတွေအများကြီးပါ။" ထင်နိုင်တယ်။
  • 9:03 - 9:05
    အဲဒါ မှန်ပါတယ်။
  • 9:05 - 9:08
    အစိုးရက ကျုပ်တို့ရဲ့ ဆဲလ်ဖုန်းများမှ
    တစ်ဆင့် ​ခြေရာခံနိုင်ပါတယ်၊
  • 9:08 - 9:10
    ဒါပေမဲ့ ကျုပ်တို့
    ကိုယ်ဝန်ဖျက်ချဖို့ လိုတယ်၊
  • 9:10 - 9:12
    ဒါမှမဟုတ် နိုင်ငံရေးအစည်းအဝေးကို
    တက်ချင်တယ်၊
  • 9:12 - 9:17
    ဒါမှမဟုတ် နေမကောင်းဘူးလို့ ဖုန်းဆက်လိုက်ကာ
    ကစားချင်တယ်၊ ဆိပ်ကမ်းဆီ သွားချင်ရင်...
  • 9:17 - 9:18
    (ရယ်သံများ)
  • 9:18 - 9:21
    ကျုပ် ဖုန်းကို
    အိမ်မှာ ချန်ထားနိုင်ခဲ့ပါတယ်။
  • 9:21 - 9:23
    ကျနော်ဟာ ကိုယ့်မျက်နှာကို
    အိမ်မှာ ထားမရနိုင်ဘူး။
  • 9:23 - 9:27
    အဲဒီအချက်က ဒုတိယ အဓိက စိုးရိမ်ချက်ဆီကို
    ခေါ်ဆောင်လာပါတယ်-
  • 9:28 - 9:31
    ကျုပ်တို့ဟာ ဒီနည်းပညာကို အနှစ်သာရပါပါ
    ဘယ်လို ညှိနှိုင်းပေးနိုင်ကြမလဲ။
  • 9:31 - 9:35
    ဒီနေ့တွင် လွန်ခဲ့တဲ့ အပတ်တုန်းက ကျနော်
    ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊
  • 9:36 - 9:41
    သူတို့ဟာ အတိတ်ဆီ သွားနိုင်တဲ့ စက်ဖြင့်
    ကျနော့်ကို လိုက်ရှာ မကြည့်နိုင်ကြဘူး။
  • 9:41 - 9:43
    ပြီးတော့ ဒေသခံ ပုလိပ်တွေ ဆိုပါစို့၊
  • 9:44 - 9:47
    ခြေရာခံ သိမ်းဆည်းပေးတဲ့
    ဗဟိုစနစ် မရှိပါဘူး၊
  • 9:47 - 9:50
    တစ်နေ့နေ့တွင် လိုအပ်လာခဲ့ရင်
    သုံးနိုင်ဖို့ လူတိုင်းရဲ့
  • 9:50 - 9:54
    သွားလာလှုပ်ရှားမှုတွေကို စာရင်းနဲ့
    မှတ်ထားတာမျိုး သူတို့ဆီမှာ မရှိပါဘူး။
  • 9:54 - 9:57
    ဒီနေ့တွင် အစိုးရက လွန်ခဲ့တဲ့ အပတ်တုန်းက
    ကျနော် ဘယ်မှာ ရှိခဲ့သလို သိချင်ရင်၊
  • 9:57 - 9:59
    လွန်ခဲ့တဲ့ တစ်ပတ်၊
    တစ်နှစ်တုန်းက ဆိုပါစို့၊
  • 9:59 - 10:02
    သူတို့ဟာ တရားရုံးကို သွားပြီး
    ဝရမ်းယူရပါမယ်၊
  • 10:02 - 10:04
    ပြီးရင် အဲဒီ၀ရမ်းကို
    ကျုပ်ရဲ့ ဖုန်းကုမ္ပဏီကို ပြရမယ်၊
  • 10:04 - 10:08
    တကယ်တော့၊ ကျုပ်ကုမ္ပဏီဟာ ငွေရေးကြေးရေး
    ကြောင့် ကျနော့ကို ကာကွယပေးရမယ့်သူပါ။
  • 10:08 - 10:11
    ဒါပေမဲ့ မျက်နှာ စောင့်ကြည့်ရေး
    စနစ်နဲ့ ကျတော့၊
  • 10:11 - 10:13
    အဲဒီလို ကန့်သတ်ချက်တွေ မရှိတော့ဘူး။
  • 10:13 - 10:18
    ပြီးတော့ အဲဒီနည်းပညာကို အစိုးရကိုယ်၌က
    ရာနှုန်းပြည့် ချုပ်ကိုင်ထားတယ်။
  • 10:19 - 10:23
    ဒီတော့ ဒီလိုအခြေအနေထဲမှာ
    ၀ရမ်းဆိုတာ လိုအပ်ဦးမလား။
  • 10:23 - 10:25
    အစိုးရ ဟာ တရားရုံးကို သွားပြီး
  • 10:25 - 10:27
    ဝရမ်းကို ရယူပြီး
  • 10:27 - 10:29
    အဲဒီ ဝရမ်းကို ကိုယ့်ကိုကိုယ် ပြမှာလား။
  • 10:29 - 10:32
    အဲဒါက၊ ဘာနဲ့တူလဲ ဆိုတော့၊ ကျနော်က
    ခင်ဗျားကို ကျုပ်ရဲ့ ဒိုင်ယာရီကို ပေးရင်း၊
  • 10:32 - 10:35
    "မင်းဒါကို ထာဝရ သိမ်းထားနိုင်တယ်၊
  • 10:35 - 10:38
    ဒါပေမဲ့ ငါ့ခွင့်မပြုရင် အဲဒါ မဖတ်ရဘူး။"
    ပြောတာနဲ့ တူပါမယ်။
  • 10:38 - 10:40
    ဒီတော့ ကျုပ်တို့ ဘာလုပ်နိုင်ကြလဲ။
  • 10:40 - 10:43
    အစိုးရကနေပြီး မျက်နှာကို
    စောင့်ကြည့်မှုကို သုံးလာမယ့်
  • 10:43 - 10:47
    ခြိမ်းခြောက်မှု အတွက်
    တစ်ခုတည်းသောအဖြေက
  • 10:47 - 10:51
    ပြည်သူတို့ရဲ့ ယုံကြည်မှုကို ချိုးဖောက်မယ့်
    လုပ်ပိုင်ခွင့်ကို အစိုးရအား ငြင်းပယ်ရန်ပါ၊
  • 10:51 - 10:54
    အိမ်တိုင်းမှာ စောင့်ကြည့်ရေး
    ကွန်ရက် ဆောက်လုပ်ပိုင်ခွင့်ကို
  • 10:54 - 10:57
    ငြင်းပယ်လိုက်ရန် ဖြစ်ပါတယ်။
  • 10:58 - 11:00
    ကျုပ်တို့ လုပ်နေတာ အဲဒီလို အတိအကျပါပဲ။
  • 11:01 - 11:04
    ACLU ဟာ အန္တရာယ်များတဲ့ ဒီနည်းပညာကို
    အစိုးရမှ အသုံးပြုမှုကို
  • 11:04 - 11:07
    ဘရိတ်အုပ်ပေးရန် တနိုင်ငံလုံးမှာ
    လှုံ့ဆော် ဆင်နွဲမှု တစ်စိတ်တစ်ပိုင်းပါ။
  • 11:07 - 11:10
    ကျုပ်တို့ အောင်မြင်ခဲ့တဲ့
    ကိစ္စတွေ ရှိပါတယ်၊
  • 11:10 - 11:12
    San Francisco မှ Somerville၊
    Massachusetts အထိ
  • 11:12 - 11:15
    ကျုပ်တို့ဟာ မြူနီစပယ်မှနေပြီး
  • 11:15 - 11:17
    အဲဒီနည်းပညာ အစိုးရမှ သုံးမှာကို
    တားမြစ်နိုင်ခဲ့ကြပြီ။
  • 11:17 - 11:20
    ပြီးတော့ ဒီ Massachusetts
    အသိုင်းအဝိုင်းများနဲ့
  • 11:20 - 11:21
    နိုင်ငံ့တဝမ်းမှာလည်း
  • 11:21 - 11:23
    အလားတူ တားဆီးရေးကို ဆွေးနွေးနေကြပါပြီ။
  • 11:23 - 11:26
    ဒီလှုပ်ရှားမှုဟာ မအောင်မြင်နိုင်ဘူးလို့
    ပြောသူတွေ ရှိပါတယ်။
  • 11:26 - 11:28
    တကယ်တော့ အဲဒီလို ထင်မြင် ပြောဆိုနေကြတာက၊
  • 11:28 - 11:30
    အဲဒီ နည်းပညာတွေ ရှိနေကြပြီ၊
  • 11:30 - 11:33
    အစိုးရဟာ အဲဒါတွေကို အခြေအနေမျိုးစုံထဲမှာ
  • 11:33 - 11:36
    အသုံးပြုသွားမှာပါ။
  • 11:37 - 11:40
    ကိုယ်ရေး လုံခြုံမှု
    ချုပ်ငြိမ်းသွားပြီးပေါ့။
  • 11:40 - 11:42
    အဲဒီလို ပြောဆိုနေကြပါတယ်။
  • 11:42 - 11:45
    ဒါပေမဲ့၊ ကျနော်ကတော့
    အဲဒီလို ပြောဆိုမှုကို လက်မခံပါဘူး။
  • 11:45 - 11:47
    ခင်ဗျားတို့လည်း လက်မခံသင့်ပါဘူး။
  • 11:48 - 11:52
    ဒီနေ့ ၂၁ ရာစုထဲတွင် ကျုပ်တို့ရဲ့
    လွတ်လပ်မှု ဘောင်တွေကို
  • 11:52 - 11:56
    Jeff Bezos ဒါမှမဟုတ် FBI မှ ဆုံးဖြတ်
    ပေးမှာကို ကျုပ်တို့ ခွင့်မပြုနိုင်ပါဘူး။
  • 11:56 - 11:59
    ကျုပ်တို့ဟာ ဒီမိုကရေစီစနစ်ထဲ
    နေထိုင်ရိုး မှန်ပါက၊
  • 11:59 - 12:02
    ကျုပ်တို့ဟာ ယာဉ်မောင်းရဲ့
    နေရာမှာ ထိုင်နေကြရင်၊
  • 12:02 - 12:04
    ကျုပ်တို့ရဲ့ စုပေါင်း အနာဂတ်ကို
    ပုံသွင်းပေးကြရမှာပါ။
  • 12:04 - 12:06
    ကျုပ်တို့ အခုဆို လမ်းခွကို
    ရောက်ရှိနေကြတာပါ။
  • 12:06 - 12:09
    ကျုပ်တို့ဟာ ပုံမှန်အတိုင်း လုပ်ငန်းတွေကို
    ဆက်လုပ်ကိုင်ကြရင်း၊
  • 12:10 - 12:14
    အဲဒီလို နည်းပညာတွေကို မစစ်ဆေးဘဲ ကျုပ်တို့
    ရပ်ရွာ၊ လမ်းမှာ၊ ကျုပ်တို့ရဲ ကျောင်းတွေမှာ
  • 12:14 - 12:17
    လက်ခံ တပ်ဆင်ခွင့် ပြုနိုင်ကြတယ်၊
  • 12:17 - 12:22
    ဒါမှမဟုတ်ဘဲ ဒီနေ့တွင်
    ရဲဝံ့တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး
  • 12:22 - 12:26
    မျက်နှာကို စောင့်ကြည့်ရေး စနစ်ကို အစိုးရမှ
    မသုံးနိုင်အောင် ရပ်တန့်ပစ်လျက်
  • 12:26 - 12:28
    ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှုကို
    ကာကွယ်ဖို့ အားထုတ်ကြရမယ်။
  • 12:28 - 12:31
    ကျုပ်တို့ အားလုံးအတွက်
    ပိုမို လုံခြုံပြီး လွတ်လပ်မယ့်
  • 12:31 - 12:33
    အနာဂတ်ကို တည်ဆောက်နိုင်ကြပါတယ်။
  • 12:33 - 12:34
    ကျေးဇူးတင်ပါတယ်။
  • 12:34 - 12:36
    (လက်ခုပ်သံများနှင့် ချီးကျူးသံများ)
Title:
မျက်နှာကို စောင့်ကြည့်ရေးစနစ်နဲ့ ပတ်သက်ပြီး ကျုပ်တို့ သိထားသင့်တဲ့ အချက်များ
Speaker:
Kade Crockford
Description:

ကျုပ်တို့ရဲ့ ကိုယ်ရေးလုံခြုံမှုဟာ ချုပ်ငြိမ်းမသွားသေးပါဘူး၊ ဒါပေမဲ့ မျက်နှာကို စောင့်ကြည့်ရေး စနစ်က အဲဒါကို အဆုံးသတ်ပစ်နိုင်ပါတယ်လို့ ပြည်သူ့ရပိုင်ခွင့်များကို အကျိုးဆောင်ပေးသူ Kade Crockford က သတိပေးပါတယ်။ ကျုပ်တို့ရဲ့ မျက်လုံးတွေကို ဖွင့်ပေးမယ့် ဒီဟောပြောချက်ထဲမှာ Kade ကနေပြီး နေရာတိုင်းကို ထိုးဖောက်ဝင်နိုင်တဲ့ အဲဒီနည်းပညာဟာ၊ မကြာခဏဆိုသလို ချွတ်ချော်မှုတွေ ရှိတာတောင်၊ လူတွေကို မသိရစေဘဲနဲ့ ခြေရာခံ စောင့်ကြည့်နိုင်မှုက ကျုပ်တို့ရဲ့ အခြေခံအကျဆုံး ရပိုင်ခွင့်တွေကို မကြုံစဖူး ခြိမ်း​​ခြောက်မှုကြီး ဖြစ်တာကို ရှင်းပြထားပါတယ်။ သိပ်နောက်မကျသွားမီ အဲဒါကို အစိုးရအား တားမြစ်ပစ်ရန် ဘယ်လို အားထုတ်သင့်ကြောင်းကို လေ့လာကြည့်ကြပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:49

Burmese subtitles

Revisions