Return to Video

Janine Shepherd: ခန္ဒာကိုယ် ပျက်ဆီးသွားတာနဲ့ လူတစ်ယောက်ဘဝပျက်ပြီလို့ ဆိုလို့မရဘူး

  • 0:00 - 0:03
    ဘဝဆိုတာ အခွင့်အလမ်းတွေပဲ
  • 0:03 - 0:07
    အခွင့်အလမ်းတွေကို ဖန်တီးမယ် အသုံးချမယ်၊ ကျွန်မအတွက်တော့
  • 0:07 - 0:09
    အိုလန်ပစ်မှာ ၀င်ရောက်ယှဉ်ပြိုင် တဲ့အိပ်မက်ပဲဖြစ်တယ်.
  • 0:09 - 0:12
    အဲဒီအိပ်မက် ကကျွန်မရဲ့ဘဝပဲ၊ ဘုရားကပေးတဲ့ဆုလာဒ်ပဲ
  • 0:12 - 0:16
    နိုင်ငံတကာဝင်ရောက်ယှဉ်ပြိုင်တဲ့ သြစတြေးလျနိုင်ငံကိုယ်စားပြု စကိတ်စီးအားကစားသမား တစ်ဦးပါ။
  • 0:16 - 0:17
    ဆောင်းရာသီ အိုလံပစ်အတွက် ပြင်ဆင်နေတဲ့သူပါ။
  • 0:17 - 0:22
    ကျွန်မက ကျွန်မအဖွဲ့ဝင်တွေနဲ့အတူ စက်ဘီးစီးလေ့ကျင့်နေစဉ်။
  • 0:22 - 0:24
    တောင်ပေါ်သို့ စီးတက်နေချိန်၊
  • 0:24 - 0:27
    စစ်ဒနီ ရဲ့အနောက်ဘက် တောင်တန်းပြာပြာကြီးရဲ့ မြင်ကွင်းတွေနဲ့
  • 0:27 - 0:29
    အရမ်းကိုပြီးပြည့်စုံတဲ့နွေဦးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်၊
  • 0:29 - 0:33
    နေရောင်ခြည်၊ ယူကလစ်ပင်အနံ့ နဲ့ကျွန်မအိပ်မက်..
  • 0:33 - 0:35
    ကျွန်မဘဝက အရမ်းကိုကောင်းခဲ့ပါတယ်၊
  • 0:35 - 0:38
    ကျွန်မတို့ စက်ဘီးစီးခဲ့တာ ၅ နာရီနဲ့ မိနစ်သုံးဆယ် ကြာခဲ့ပြီ။
  • 0:38 - 0:40
    ကျွန်မအလွန်သဘောကျတဲ့ နေရာရောက်တော့
  • 0:40 - 0:43
    အဲဒါကတော့ တောင်တန်းတွေပါ ကျွန်မကတောင်တန်းတွေကို ချစ်ခဲ့ပါတယ်။
  • 0:43 - 0:46
    စက်ဘီးပေါ်ကဆင်းပြီး
  • 0:46 - 0:49
    ခြေစုံချပြီး အေးစက်တဲ့တောင်ပေါ်လေကို ရှူရှိက်လိုက်တယ်။
  • 0:49 - 0:51
    ကျွန်မ အဆုတ်တဲ့အထိကိုအေးစက်သွားတယ် ပြီးတော့ကျွန်မ
  • 0:51 - 0:55
    ကျွန်မမျက်နှာပေါ်ကျလာတဲ့ နေရောင်ခြည်ကို ကြည့်နေမိတယ်။
  • 0:55 - 0:58
    အဲဒီအချိန်မှာပဲ အရာအားလုံးက မှောင်မိုက်သွားခဲ့တယ်။
  • 0:58 - 1:01
    'ငါဘယ်ရောက်နေတာလဲ။ ဘာဖြစ်သွားတာလဲ၊'
  • 1:01 - 1:05
    ကျွန်မ တစ်ကိုယ်လုံးက နာကျဉ်မှုတွေနဲ့ ပြည့်နက်နေခဲ့တယ်။
  • 1:05 - 1:08
    ငါ အရှိန်ပြင်းတဲ့ကုန်တင်ကားနဲ့ အတိုက်ခံလိုက်ရပြီ။
  • 1:08 - 1:11
    စက်ဘီးဆက်စီးဖို့ ၁၀ မိနစ်ပဲကျန်တော့တဲ့အချိန်ဖြစ်ပါတယ်။
  • 1:11 - 1:13
    အခင်းဖြစ်တဲ့ နေရာကနေ ကျွန်မကို လေယာဉ်နဲ့သယ်ဆောင်သွားတယ်။
  • 1:13 - 1:16
    အသက်ကယ် လေယာဉ်နဲ့ စစ်ဒနီမြို့ ကကျောရိုးအထူးကုဌာနသို့
  • 1:16 - 1:19
    အသက် အန္တရာယ်ဆိုးရိမ်ရတဲ့ အခြေအနေကို ကျွန်မရောက်ခဲ့ပါပြီ။
  • 1:19 - 1:24
    ကျွန်မ လည်ပင်းရိုး နဲ့ကျောရိုး ၆ ခု၊
  • 1:24 - 1:26
    ဘယ်ဘက် နံရိုးငါးခု၊
  • 1:26 - 1:29
    ညာဘက် လက်မောင်း ၊ ကျာရိုးအာရုံကျောမကြီး လည်းထိသွားတယ်
  • 1:29 - 1:31
    ခြေထောက်က အရိုးတချို့ ကျိုးသွားခဲ့ပါတယ်။
  • 1:31 - 1:34
    ကျွန်မရဲ့ ခန္ဓာကိုယ်ညာဘက် ကိုဖွင့်ဟထားတယ်။
  • 1:34 - 1:37
    ကျွန်မဦးခေါင်း ကို နဖူးကနေခွဲပြီး အနောက်ကိုစွဲလန် ပြီး
  • 1:37 - 1:38
    အတွင်းက ဦးခေါင်းခွံကို မြင်သည်အထိ။
  • 1:38 - 1:41
    ကျွန်မဦးခေါင်းဒဏ်ရာ ရယ် အတွင်းဒက်ရာရခဲ့တယ်။
  • 1:41 - 1:43
    သွေးထွက်လွန်ပြီး...အမှန်တကယ်မှာ ကျွန်မသွေး ၅ လီတာ ဆုံးရှုံးခဲ့ပါတယ်။
  • 1:43 - 1:46
    အဲဒီအရေအတွက်က ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးအကုန်ပါပဲ။
  • 1:46 - 1:49
    အသက်ကယ် လေယာဉ် စစ်ဒနီမြို့ က Prince Henry ဆေးရုံရောက်တဲ့အချိန်မှာတော့
  • 1:49 - 1:54
    ကျွန်မရဲ့ သွေးပေါင်ချိန်က ၄၀ကျော်ပဲရှိတော့တယ်။
  • 1:54 - 1:59
    ကျွန်မအတွက်တော်တော်ဆိုးတဲ့ နေ့တစ်နေ့ပဲ။ (ရယ်သံများ)
  • 2:03 - 2:08
    ၁၀ ရက်လောက်ထိ ကျွန်မသတိမောနေခဲ့တယ်။
  • 2:08 - 2:11
    ကျွန်မ စိတ်ဝိဉာဉ်က ခန္ဒာကိုယ်ထဲရောက်လိုက်
  • 2:11 - 2:13
    ခန္ဓာကိုယ်အပြင်ရာက်ပြီး
  • 2:13 - 2:15
    ကိုယ်ကို့ကို တခြားလူအနေနဲ့ ဘာဖြစ်နေလဲဆိုတာကို ကြည့်နေမိတယ်။
  • 2:15 - 2:19
    'ငါဘာဖြစ်လို့ အဲလိုကျိုးပဲ့ပျက်ဆီးနေတဲ့ ခန္ဓာကို်ယ်ဆီပြန်သွားချင်မှာလဲ'
  • 2:19 - 2:25
    ဒါပေမဲ့ အသံတစ်ခုက ကျွန်မကို ပြန်ခေါ်နေတယ်။ 'ပြန်လာခဲ့ပါ.. ငါနဲ့ပဲနေပါ'
  • 2:25 - 2:27
    'ဟင့်အင်း အဲဒါအရမ်းခက်ခဲလွန်းအားကြီးတယ်'
  • 2:27 - 2:30
    'လာပါ။ ဒါကငါတို့အတွက်အခွင့်အရေးတစ်ခုပဲ'
  • 2:30 - 2:34
    'ဟင့်အင်း။ အဲဒီခန္ဓာကိုယ်က သုံးစားလို့မရတော့ဘူး'
  • 2:34 - 2:40
    'လာပါ။ ငါနဲ့ပဲနေပါ။ ငါတို့တွေအတူတူရှိနေရင် ပြန်ကောင်းအောင်လုပ်နိုင်မှာပါ'
  • 2:40 - 2:42
    ကျွန်မ လမ်းခွမှာရောက်နေပြီ။
  • 2:42 - 2:46
    ကျွန်မသိခဲ့တယ်..ကျွန်မသာဒီခန္ဓာကိုယ်ထည် ပြန်မဝင်ဘူးဆိုရင် ဒီလောကကြီးကနေထွက်ခွာ သွားရတော့မယ်။
  • 2:46 - 2:50
    အဲဒါက ဘဝတိုက်ပွဲ။
  • 2:50 - 2:55
    ၁၀ ရက်ပြည့်တော့ ကျွန်မပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။
  • 2:55 - 2:59
    အတွင်းသွေးထွက်မှု သိပ်သွားပြီ။
  • 2:59 - 3:02
    စိုးရိမ်မှု တစ်ခုကတော့ ကျွန်မလမ်းပြန်လျှောက်နိုင်မလား ဆိုတာပဲ။
  • 3:02 - 3:05
    ကျွန်မ ခါးအောက်ကစပြီး ခံစားမှု မရှိတော့လို့ပဲ။
  • 3:05 - 3:07
    ကျွန်မလည်ပင်းရိုးကတော့ ပြန်ဆက်သွားပြီလို့ သူတို့က ကျွန်မမိဘတွေကိုပြောတယ်.
  • 3:07 - 3:09
    ဒါပေမဲ့ နောက်ကျောရိုးကတော့ ရစရာမရှိအောင်ကိုကြေမွသွားပြီတဲ့။
  • 3:09 - 3:13
    L1 ကျောရိုးကတော့ မြေပဲကို ပြစ်ချပြီး
  • 3:13 - 3:16
    အစိတ်စိတ် အမွာမွာဖြစ်အောင်နင်းချေထားတာနဲ့ တူတယ်။
  • 3:16 - 3:19
    အဲဒါကို သူတို့ operation လုပ်ရမှာတဲ့
  • 3:19 - 3:22
    သူတို့ခွဲခန်းထဲ ၀င်သွားတယ် ကျွန်မကို ဓာတ်ခွဲကုတင်ပေါ်တင်ပြီး ကျွန်မကို စခွဲပါတယ်
  • 3:22 - 3:24
    တကယ်တော့ ကျွန်မကို နှစ်ပိုင်းခွဲလိုက်တယ်...ကျွန်မ
  • 3:24 - 3:27
    တစ်ကိုယ်လုံးမှာ ခွဲစိတ်ထားတဲ့အမာရွတ်တွနဲ့ ဖုံးအုပ်နေတယ်..
  • 3:27 - 3:29
    သူတို့က ပြန်ယူနိုင်သလောက်အရိုးတွေကို ပြန်ဆက်တယ်.
  • 3:29 - 3:31
    လည်ပင်းရိုးကို ပြန်နေရာချထားနိုင်တယ်
  • 3:31 - 3:35
    ကျိုးသွားတဲ့ ကျောရိုး ၂ခုကတော့ထုတ်ပြီး ကျွန်မကျောတစ်ခုလုံးကို ပြန်တည်ဆောက်ခဲ့တယ်
  • 3:35 - 3:38
    L1 ကျောရိုးကို ပြန်ဆောက်နိုင်ခဲ့တယ်။ ကျိုးနေတဲ့ ကျောရိုးနောက်တခုကို ထုတ်ပစ်ပြန်တယ်..
  • 3:38 - 3:41
    ကျောရိုးဆစ် (၁၂) နဲ့ ခါးကျောရိုးဆစ် နံပတ်(၁)နဲ့ (၂) ပေါင်းသုံးခုကို....ပြန်ဆက်ပေးခဲ့တယ်
  • 3:41 - 3:44
    ကျွန်မကို ပြန်ချုပ်ပါတယ်။ ကျွန်မ ခန္တာကိုယ်တခုလုံးကို ပြီးအောင်ချုပ်ဖို့ တစ်နာရီကြာခဲ့တယ်.
  • 3:44 - 3:47
    ကျွန်မ အထူးကုသဆောင်မှာ သတိပြန်ရလာခဲ့ပါတယ်။ ဆရာဝန်တွေက အရမ်းကို စိတ်လှုပ်ရှား ပြီးဝမ်းသာခဲ့တယ်။
  • 3:47 - 3:50
    အဲဒီ ခွဲစိတ်မှု အောင်မြင်သွားပြီ
  • 3:50 - 3:53
    ကျွန်မ ခြေမနည်းနည်းလေး လှုပ်လာတယ်။
  • 3:53 - 3:57
    အဲဒီချိန်မှာ ကျွန်မအတွေးကတော့ 'ကောင်းလိုက်တာ.. ငါ အိုလံပစ် ပွဲသွားရတော့မယ်'
  • 3:57 - 3:59
    (ရယ်သံ)
  • 3:59 - 4:01
    ကျွန်မအမြဲယုံကြည်ခဲ့တာက အဲလို ဖြစ်ရက်မျိုး
  • 4:01 - 4:04
    ဆိုတာ တခြားလူတွေမှာပဲဖြစ်တတ်တာ.. ငါ့အတွက်မဟုတ်တာ သေချာတယ်..
  • 4:04 - 4:06
    ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဆရာဝန်မ ကျွန်မဆီရောက်လာပြီး
  • 4:06 - 4:10
    "Jannie, ခွဲစိတ်မှုကတော့ အောင်မြင်သွားပြီး၊ ကျွန်မတို့ တတ်နိုင်သလောက်
  • 4:10 - 4:13
    လည်ပင်းရိုး နဲ့အရိုးတွေကို တတ်နိုင်သလောက်ပြန်ဆက်နိုင်ခဲ့တယ်။
  • 4:13 - 4:14
    ဒါပေမဲ့ ထိခိုက်မှုဒဏ်ကတော့ တသက်လုံးပါသွားမှာပဲ
  • 4:14 - 4:17
    အာရုံကျောမကြီးက တော့ကုသလို့မရဘူး။
  • 4:17 - 4:20
    ကိုယ်တစ်ပိုင်း သေတဲ့လူအဖြစ်နဲ့ အတူ
  • 4:20 - 4:23
    ဒီနာကျင်မှုတွေကို ခံစားရမှာ။
  • 4:23 - 4:27
    ရှင့်မှာ ခါးအောက်ကစပြီး ခံစားမှုမရှိဘူး။
  • 4:27 - 4:30
    အများဆုံး ၁၀ ကနေ ၂၀ ရာနှုန်းလောက်ပဲ ပြန်ကောင်းနိုင်တာ
  • 4:30 - 4:33
    အတွင်းနာကျင်မှုတွေက တော့တစ်ဘဝလုံးခံစားသွားရမှာ။
  • 4:33 - 4:35
    ဆီးပိုက်နဲ့ အမြဲနေ နေရမှာ
  • 4:35 - 4:41
    လမ်းလျောက်နိုင်ခဲ့မယ်ဆိုရင်လဲ ဂျိုင်းထောက် နဲ့ဖြစ်မှာ
  • 4:41 - 4:42
    ပြီးတော့ဆက်ပြောပါသေးတယ်။ 'Janine..
  • 4:42 - 4:44
    နင့်ဘဝ ကိုနင်ပြန်စဉ်းစားရတော့မယ် ဘယ်လုပ်မလဲဆိုတာ
  • 4:44 - 4:49
    အရင်တုန်းကလုပ်ခဲ့တာတွေ ဘယ်လိုမှပြန်လုပ်လို့ရမှာမဟုတ်တော့ဘူး'
  • 4:49 - 4:52
    သူမ ပြောတာတွေကို ကျွန်မသေသေချာချာ နားထောင်တယ်။
  • 4:52 - 4:54
    ကျွန်မက အားကစားသမားလေ။ ကျွန်မဘဝမှာ အဲဒါပဲသိတယ်...အဲဒါပဲလုပ်ခဲ့တယ်။
  • 4:54 - 4:58
    အားကစားတာမလုပ်နိုင်တော့ဘူးဆိုရင် ကျွန်မဘာလုပ်ရမှာလဲ၊
  • 4:58 - 5:01
    ကျွန်မကို ကျွန်မပြန်မေးတဲ့မေးခွန်းကတော့ ငါအားကစားမလုပ်နိုင်ခဲ့ဘူးဆိုရင်
  • 5:01 - 5:03
    ငါဘယ်ဖြစ်ခဲ့မှာလဲ၊
  • 5:08 - 5:11
    ကျွန်မကို အထူးကုစောင်ကနေ အရိုးအထူးကုစောင်ကို ပို့ခဲ့ပါတယ်။
  • 5:11 - 5:13
    ကျွန်မ ပါးလွှာတဲ့ကုတင် ပေါ်လဲနေတယ်။
  • 5:13 - 5:16
    ကျွန်မခြေထောက်တွေလုပ်ရှားမှုလုံးဝ မရှိဘူး။ ကျွန်မကို တင်းနေအောင်စီးထားတယ်
  • 5:16 - 5:18
    သွေးခဲတွေကို ကာကွယ်ဖို့။
  • 5:18 - 5:21
    လက်တစ်ဖက်ကတော့ ပတ်တီးစီးထားတယ် နောက်တစ်ဘက်ကတော့ သွေးသွင်းနေတယ်။
  • 5:21 - 5:24
    လည်ပင်းမှာ လည်ပတ်နဲ့ ခေါင်းနှစ်ဘက်ကိုထိန်ထားတဲ့ ခေါင်းအုံးနဲ့
  • 5:24 - 5:26
    ကျွန်မရဲ့ ကမ္ဘာကို
  • 5:26 - 5:29
    ကျွန်မခေါင်းပေါ်မှာ ချိတ်ဆွဲထားတဲ့မှန်ကနေမြင်ခဲ့တယ်။
  • 5:29 - 5:33
    ကျွန်မက လူနာ ၅ ဦးနဲ့ တစ်ခန်းထဲ မှာနေရတယ်။
  • 5:33 - 5:35
    အရမ်းကို အံသြစရာကောင်းတာက အားလုံးက လဲနေကြတယ်လေ။
  • 5:35 - 5:40
    ခန္ဒာကိုယ်မလုှပ်နိုင်ကြဘူး။ ကျွန်မတို့ တယောက်ကိုတယောက် မမြင်နိုင်ဘူး
  • 5:40 - 5:43
    ဘယ်လောက်ကောင်းတဲ့ခံစားချက်လဲ။ ဘဝမှာ ဘယ်နှစ်ခါများ
  • 5:43 - 5:48
    မမြင်ရပဲ ၊ ခွဲခြားမှုမရှိဘဲ
  • 5:48 - 5:50
    လုံးဝ စိတ်ခံစားမှုကနေ ခင်မြင်လာကြလဲ။
  • 5:50 - 5:53
    အပေါ်ရံ စကားတွေလဲမရှိဘူး
  • 5:53 - 5:56
    ကျွန်မတို့က ကျွန်မတို့ရဲ့ ရင်တွင်းခံစားမှုတွေ စိုးရိမ်မှုတွေ
  • 5:56 - 6:01
    ဒီဆေးရုံကထွက်ပြီး ဘဝ မျော်လင့်မှုတွေ
  • 6:01 - 6:04
    ကျွန်မ သတိရသေးတယ်။ တစ်ညတော့ 'Jonathan' ဆိုတဲ့ သူနာပြုဆရာတစ်ယောက်ဝင်လာတယ်။
  • 6:04 - 6:08
    ပိုက်တွေအများကြီးပါလာတယ်။
  • 6:08 - 6:11
    ကျွန်မတို့ပေါ်ကို တစ်ပွေ့ဆီချပေးပြီး။ သူပြောတယ်..
  • 6:11 - 6:13
    'အဲဒီပိုက်တွေကို အတန်းလိုက်ဖြစ်အောင် အတူတူဆက်ကြမယ်။'
  • 6:13 - 6:17
    ကောင်းပြီလေ.. အဲဒီဆေးရုံမှာ တခြားဘာမှလုပ်စရာမှမရှိတာ..ကျွန်မတို့ ပိုက်တွေကိုဆက်ကြတာပေါ့
  • 6:17 - 6:20
    ကျွန်မတို့ ဆက်ပြီးသွားတော့ သူကဖြည်းညင်းစွာလာပြီး
  • 6:20 - 6:23
    အားလုံးဆက်ထားတဲ့ အပိုင်းတွေကို သူက
  • 6:23 - 6:26
    တစ်ခန်းလုံးပြည့်သွားအောင်ဆက်ပေးတယ်။ ပြီးတော့သူကပြောပါတယ်..
  • 6:26 - 6:30
    'ကောင်းပြီး။ အားလုံးပဲ ကိုယ့်ဆက်ထားတဲ့ ပိုက်တွေကိုကိုင်ထား။'
  • 6:30 - 6:37
    ကျွန်မတို့ကလိုက်လုပ်တယ်.. သူဆက်ပြောပါတယ်။ 'အခု အချိန်မှာ ငါတို့တွေအကုန်လုံးက စည်းလုံးနေတယ်။'
  • 6:37 - 6:43
    အဲတာကို ကိုင်ပြီး ကျွန်မတို့ အတူတူအသက်ရှူခဲ့တယ်။
  • 6:43 - 6:47
    ဒီခရီးလမ်းကို ငါတစ်ယောက်တည်းလျောက်နေတာမဟုတ်ဘူးဆိုတာကို ကျွန်မတို့ သိခဲ့တယ်။
  • 6:47 - 6:52
    ဆေးရုံထဲမှာ အသေလဲနေရင်းနဲ့တောင်
  • 6:52 - 6:55
    အရမ်းကို တန်ဖိုးရှိပြီး နက်နဲ တဲ့အချိန်ကာလ
  • 6:55 - 6:58
    စစ်မှန်သော ရင်းနီးမှု
  • 6:58 - 7:02
    ကျွန်မဘယ်တုန်းကမှ မရခဲ့ဘူးသော
  • 7:02 - 7:07
    ဒီဆေးရုံကနေထွက်သွားပြီးရင်
  • 7:07 - 7:12
    ဘာလိုမှ အရင်လိုပြန်မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့ သိတယ်.
  • 7:12 - 7:16
    ၆ လပြည့်သွားတော့ အိမ်ပြန်ရမယ့်အချိန်ရောက်လာပြီ
  • 7:16 - 7:19
    ကျွန်မအဖေက ကျွန်မကို wheelchair ပါ်တင်ပြီးအပြန်ဖက်ကို တွန်းသွားတာကို ကျွန်မ မှတ်မိသေးတယ်
  • 7:19 - 7:22
    တစ်ကိုယ်လုံးကို ပတ်တီးစည်းထားတယ်
  • 7:22 - 7:25
    ကျွန်မ မျက်နှာပေါ်ကိုနေရောင်ကျလာတဲ့ ပထမဆုံး ခံစားချက်ကိုပြန်ရခဲ့တယ်
  • 7:25 - 7:27
    ကျွန်မ အဲဒါကိုခံစားနေရင်း တွေးမိတယ်
  • 7:27 - 7:31
    ကျွန်မဘာဖြစ်လို့များ ဒါတွေကို "ငါအမြဲပိုင်ဆိုင်ရမယ်လို့ ခံယူခဲ့ဘူးလဲလို့"
  • 7:31 - 7:35
    ကျွန်မဘဝကို ကျွန်မကျေနပ်သွားတယ်
  • 7:35 - 7:37
    ဒါပေမဲ့ ကျွန်မဆေးရုံက အထွက် သူနာပြုတစ်ယောက် ကပြောတယ်
  • 7:37 - 7:39
    "Janine ကျွန်မ ရှင့်ကိုအဆင်သင့်ဖြစ်စေချင်တယ်
  • 7:39 - 7:42
    ဘာဖြစ်လို့လဲ ဆိုတော့ ရှင်အိမ်ရောက်တဲ့အချိန်မှာ တစ်ခုခုဖြစ်လိမ့်မယ်"
  • 7:42 - 7:44
    အဲဒါနဲ့ ကျွန်မက "ဘာလဲ" လို့မေးတော့။ သူကပြောတယ်
  • 7:44 - 7:46
    "ရှင်စိတ်ဓာတ်ကျလိမ့်မယ်"
  • 7:46 - 7:49
    ကျွန်မ မကျစေရဘူး.. Jannie ဆိုတာ စက်လိုပဲ မာကြောတယ်
  • 7:49 - 7:51
    ကျွန်မကို အဲလိုခေါ်ကြတယ်
  • 7:51 - 7:54
    သူမက ပြန်ပြောတယ်... "ရှင့် စိတ်ဓာတ်ကျမှာ အဲဒါလူတိုင်းဖြစ်တယ်"
  • 7:54 - 7:57
    ဒီဆေးရုံထဲ မှာတော့ ရှင့်ကိုယ်ကိုရှင် ပုံမှန်ပဲလို့ခံစားရတယ်
  • 7:57 - 7:58
    ရှင် wheelchair ပေါ်ထိုင်နေရတာလဲ ပုံမှန်ပဲ
  • 7:58 - 8:00
    ဒါပေမဲ့ ရှင်အိမ်ရောက်သွားတဲ့ အချိန်မှာ ရှင်သိလာလိမ့်မယ်
  • 8:00 - 8:02
    ဘဝက ဘယ်လောက်ကွာခြားသွားလဲဆိုတာကို။
  • 8:02 - 8:06
    ဒီလိုနဲ့ ကျွန်မ အိမ်ရောက်သွားတယ်။ အဲဒီချိန်မှာ တခုခုမှားနေတယ်။
  • 8:09 - 8:12
    ကျွန်မသိလိုက်တယ် Sam ဆိုတဲ့သူနာပြု ပြောတာမှန်တယ်။
  • 8:12 - 8:15
    ကျွန်မ စိတ်ဓာတ်ကျခဲ့တယ်။
  • 8:15 - 8:18
    ကျွန်မက ထိုင်ခံပေါ်မှာထိုင်နေတယ်။ ခါးနောက်ပိုင်းကစပြီး ကျွန်မခံစားချက်မရှိဘူး
  • 8:18 - 8:21
    ဆီးအိတ်ကိုဆွဲထားတယ်။ ကျွန်မလမ်းလျောက်နိုင်ဘူး။
  • 8:21 - 8:24
    ကျွန်မဆေးရုံမှာ နေတုန်း အများကြီးပိန်သွားတယ်။
  • 8:24 - 8:27
    ကျွန်မ ကိုယ်အလေးချိန် ပေါင် ၈၀ ပဲရှိတော့ွဒါ။
  • 8:27 - 8:30
    ကျွန်မ အရှုံးပးချင်ခဲ့တယ်။
  • 8:30 - 8:33
    ကျွန်မလုပ်ချင်တာ တခုက ကျွန်မဖိနပ်ဆီးပြီး အပြင်ဘက်ကိုပြေးချင်းတယ်။
  • 8:33 - 8:37
    ကျွန်မရဲ့ အရင်လိုဘဝကို ပြန်လိုချင်တယ်။ ကျွန်မရဲ့ အရင်ခန္ဒာကိုယ်ကို ပြန်လိုချင်တယ်။
  • 8:37 - 8:39
    ကျွန်မ အမေက ကုတင်ရင်းမှာထိုင်ပြီး
  • 8:39 - 8:43
    ပြောတယ် "ဘဝက အရင်အတိုင်းပြန်ကောင်းလာနိုင်မလားဆိုတာကို ငါတွေးမိတယ်"
  • 8:43 - 8:47
    ကျွန်မကတွေးတယ် "ဘယ်လိုမှ ပြန်မကောင်းနိုင်ဘူး၊ ငါ တန်ဖိုးထားခဲ့တာတွေ
  • 8:47 - 8:52
    ငါလုပ်ခဲ့တာတွေ အကုန်လုံး
  • 8:52 - 8:55
    ဆုံးရှုံးသွားပြီ"
  • 8:55 - 9:00
    ကျွန်မ မေးခဲ့တယ်... "ဘာဖြစ်လို့ ငါ့ကြမှ ဖြစ်ရတာလဲ "
  • 9:00 - 9:03
    အဲဒီချိန်မှာပဲ ကျွန်မသူငယ်ချင်းကို ကျွန်မ သတိရသွားတယ်
  • 9:03 - 9:06
    ဆေးရုံမှာကျန်နေတဲ့ သူငယ်ချင်းတွေပေါ့
  • 9:06 - 9:07
    အဓိက ကတော့ Maria
  • 9:07 - 9:10
    Maria က သူမရဲ့ ၁၆ နှစ်ပြည့်တဲ့ မွေးနဲ့မှာပဲ
  • 9:10 - 9:14
    ကားတိုက်မှုဖြစ်ပြီး ကိုယ်တစ်ပိုင်းသေသွားဒါ။
  • 9:14 - 9:17
    လည်ပင်းက စပြီးလုပ်ရှားမှုမရှိဘူး။
  • 9:17 - 9:20
    ပြီးတော့ လည်ပြွန်ကို ထိခိုက်ပြီး စကားပြောလို့မရဘူး
  • 9:20 - 9:23
    သူတို့တွေက ကျွန်မကိုပြောတယ် "ငါတို့ နင်ကိုသူ့နားမှာ ထားမယ်။
  • 9:23 - 9:25
    ဘာဖြစ်လို့လဲဆိုတော့ သူ့အတွကကောင်းမယ်ထင်လို့"
  • 9:25 - 9:28
    ကျွန်မ စိတ်ပူခဲ့တယ်။ သူမနဲ့ ဘယ်လိုဆက်ဆံရမှာလဲ
  • 9:28 - 9:30
    သူမရဲ့ ဘေးမှာနေပြီး
  • 9:30 - 9:34
    ခက်ခဲ မယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ဒါတာက ကျွန်မအတွက် ကံကောင်းခြင်းပဲ
  • 9:34 - 9:39
    ဘာဖြစ်လို့လဲ ဆိုတော့ Maria ကအမြဲ ပြုံးနေတာပဲ။
  • 9:39 - 9:44
    သူမက အမြဲပျော်ရွှင်နေတယ်။ သူမ စကားပြန်ပြောတဲ့အချိန်မှာတောင်
  • 9:44 - 9:50
    သူမ ပြောတာတွေ သိပ်နားမလည်ပေမဲ့ သူမဘယ်တုန်းကမှ မငြင်းခဲ့ဘူး။
  • 9:50 - 9:56
    သူမဘာလို့များ ဒီလိုအခြေအနေကို လက်ခံနိုင်သလဲ ဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး
  • 9:56 - 10:00
    အဲဒါနဲ့ ကျွန်မတစ်ယောက်တည်းဒီလိုခံစားရတာ မဟုတ်ဘူးဆိုတာကို သတိပြန်ရသွားတယ်။
  • 10:00 - 10:05
    ဘဝဆိုတာ ဒါပါပဲ။ ဒီဒုက္ခတွေ ဆိုတာငါတစ်ယောက်တည်း ခံစားရတာမဟုတ်ဘူး။
  • 10:05 - 10:10
    လူတိုင်းခံစားရတယ်။ ဘဝမှာ ရွေးချယ်မှုရှိတယ်ဆိုတာကို ကျွန်မသိတယ်။
  • 10:10 - 10:14
    ကျွန်မမှာ ရွေးချယ်ခွင့်ရှိတယ်။ ကျွန်မ ဆက်ပြီးကြိုးစားမယ်
  • 10:14 - 10:19
    ကျွန်မ ရဲ့ခန္ဒာကိုယ် နဲ့
  • 10:19 - 10:23
    ကျွန်မဘဝ ရဲ့အခြေအနေကို လက်ခံမယ်။
  • 10:23 - 10:26
    ပြီတော့ "ဘာဖြစ်လို့ ငါ့ကြမှဖြစ်ရတာလဲ" လို့မမေးတော့ဘူး။
  • 10:26 - 10:29
    "ဘာဖြစ်လို့ ငါမဖြစ်နိုင်ရမှာလဲ" လို့ပဲမေးတော့တယ်။
  • 10:29 - 10:34
    ကျွန်မတွေးမိတယ် ဒီလိုလုံးဝအောက်ဆုံး ရောက်နေတဲ့ အချိန်က
  • 10:34 - 10:40
    တစ်ခုခု ကိုပြန်စဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။
  • 10:40 - 10:44
    ကျွန်မကို ကျွန်မတီထွင် ဆန်းသစ်မှုကိုဖန်တီးတတ်တဲ့လူလို့ မထင်ခဲ့ဘူး။
  • 10:44 - 10:48
    ကျွန်မက အားကစားသမား။ ကျွန်မ ခန္ဒာကိုယ်က ကျွန်မအတွက်စက်ပဲ။
  • 10:48 - 10:53
    ဒါပေမဲ့အခုတော့ ကျွန်မကတီထွင် ဆန်းသစ်ရမဲ့ အလုပ်တစ်ခုကိုလုပ်ရတော့မယ်။
  • 10:53 - 10:55
    အဲဒါကတော့ ကျွန်တို့အကုန်လုံးလုပ်နိုင်တဲ့ အလုပ်ဖြစ်တဲ့
  • 10:55 - 10:57
    ဘဝကို ပြန်လည်တည်စောက်ခြင်းပဲ ဖြစ်တယ်။
  • 10:57 - 11:00
    ဘာလုပ်ရမလဲ ဆိုတာကိုကျွန်မလုံးဝမသိခဲ့ဘူး
  • 11:00 - 11:03
    ဒီလိုမရေရာတဲ့ ဘဝမှာ ကျွန်မဘာလုပ်ရမှာလဲ
  • 11:03 - 11:05
    လွတ်လပ်မှုခံစားချက်ရလာတယ်။
  • 11:05 - 11:08
    ကျွန်မက ဘယ်လမ်းလျောက်ရမယ်ဆိုတာလဲ မရှိဘူး
  • 11:08 - 11:14
    ဒီလိုဖြစ်အဆုံးမရှိဘာမဆို ဖြစ်နိုင်တဲ့ဘဝကို ကျွန်မလေ့လာခွင့်ရခဲ့တယ်။
  • 11:14 - 11:20
    အဲဒီအသိက ကျွန်မဘဝကိုပြောင်းခဲ့ပါတယ်။
  • 11:20 - 11:25
    ကျွန်မ wheelchair ပေါ်မှာထိုင်နေရင်း - တစ်ကိုယ်လုံးက ပတ်တီးတွေနဲ့
  • 11:25 - 11:29
    လေယာဉ်ပျံ တစ်စင်းပျံသန်းသွားတယ်။ ကျွန်မမော့ကြည့်လိုက်တယ်..
  • 11:29 - 11:32
    "အဲဒါပဲ" ဆိုပြီးကျွန်မတွေးမိလိုက်တယ်။
  • 11:32 - 11:36
    "ငါလမ်းလျောက်နိုင်ဘူးဆိုတော့ ငါပျံလို့တော့ရသေးတာပဲ"
  • 11:36 - 11:39
    ကျွန်မအမေကို ကျွန်မပြောလိုက်တယ် "အမေ၊ ကျွန်မလေယာဉ်မောင်းသင်မယ်။"
  • 11:39 - 11:43
    "အဲဒါ ကောင်းတယ်" လို့ သူမပြန်ပြောခဲ့တယ်။ (ရယ်သံ)
  • 11:43 - 11:45
    "ကျွန်မကို လမ်းညွှန်စာအုပ်ပေး" ဆိုပြီးပြောတယ်။
  • 11:45 - 11:47
    သူမက ကျွန်မကိုလမ်းပေးတယ်၊ ကျွန်မ လေယာဉ်မောင်းသင်တဲ့ကျောင်းကို ဖုန်းဆက်တယ်။
  • 11:47 - 11:50
    "ကျွန်မ လေယာဉ်မောင်းသင်ဖို့ စရင်းသွင်းချင်တယ်လို့ပြောတယ်။"
  • 11:50 - 11:53
    "ဘယ်အချိန်လောက်လာချင်လဲ " လို့ သူကမေးတယ်။
  • 11:53 - 11:55
    "ကောင်းပြီလေ။ ကျွန်မက ကျွန်မသူငယ်ချင်း မောင်းပို့ပေးမှရမှာ
  • 11:55 - 11:58
    ကျွန်မ ကားမောင်းလို့မရဘူး ၊ တကယ်တော့ လမ်းတောင်လျောက်လို့မရဘူး
  • 11:58 - 11:59
    အဲဒါ အဆင်ပြေမလားမသိဘူး"
  • 11:59 - 12:01
    ကျွန်မ စာရင်းသွင်းခဲ့တယ်။ နောက်တစ်ပတ် ကျတော့ ကျွန်မသူငယ်ချင်း Chris
  • 12:01 - 12:03
    နဲ့ ကျွန်မအမေနဲ့ ကျွန်မကို လေယာဉ်ကွင်းလိုက်ပို့ခဲ့တယ်။
  • 12:03 - 12:06
    ဒီပေါင် ၈၀ ပဲလေးတဲ့ ပတ်တီးနဲ့ပတ်ထားတဲ့
  • 12:06 - 12:09
    ခန္ဒာကိုယ် (ရယ်သံ)
  • 12:09 - 12:12
    ကျွန်မက လေယာဉ်မောင်းလိုင်စင် ရဖို့သင်ယူမဲ့
  • 12:12 - 12:14
    လေယာဉ်မောင်းသင်တန်းသားတစ်ဦး ဖြစ်တင့်တဲ့ပုံမပေါ်ဘူးဆိုတာ ကျွန်မသိပါတယ်။
  • 12:14 - 12:17
    ကျွန်မကမရပ်နိုင်လို့ ကောင်တာစားပွဲကို ကိုင်ထားတယ်။
  • 12:17 - 12:19
    "ကျွန်မ လေယာဉ်မောင်းသင်တန်းတက်ဖို့ပါ" လို့ကျွန်မပြောတယ်။
  • 12:19 - 12:22
    သူတို့က ကျွန်မကိုကြည့်ပြီး အနောက်ဖက်သို့ ပြေးဝင်သွားတယ်။
  • 12:22 - 12:26
    "နင်သူ့ကိုယူ" "မဟုတ်ဘူး နင်သူ့ကိုယူ"
  • 12:26 - 12:27
    နောက်ဆုံးမှာတော့ လူကြီးတစ်ယောက်ထွက်လားပြီး။
  • 12:27 - 12:29
    "မင်္ဂလာပါ ကျွန်တော် Andrew ပါ။ ကျွန်တော် လေယာဉ်မောင်းသင်ပေးမဲ့သူပါ။"
  • 12:29 - 12:30
    "ကောင်းလိုက်တာ" ဆိုပြီး ကျွန်မကပြောလိုက်တယ်။ သူတို့ကျွန်မကို ခေါ်သွားတယ်
  • 12:30 - 12:32
    လေယာဉ်ပြေးလမ်းပေါ် ရောက်သွားတယ်။
  • 12:32 - 12:34
    အဲဒီမှာ အနီရောင်၊ အဖြူရောင်၊ အပြာရောင် လေယာဉ်တွေရှိတယ်။
  • 12:34 - 12:37
    အရမ်းလှတယ်။ သူတို့ကျွန်မကို လေယာဉ်မောင်းခန်းထဲ တင်ပေးတယ်။
  • 12:37 - 12:39
    လေယာဉ်တောင်ပံ ကလေမတင်ပြီး စက်ခန်းထဲသို့ ခေါ်သွားတယ်။
  • 12:39 - 12:42
    ကျွန်မကို ထိုင်ခို်င်းတယ်။ အဲဒီမှာတော့ ခလုပ်တွေ နံပါတ်အများကြီးပဲ
  • 12:42 - 12:45
    "အဲဒီလောက်များတဲ့ ခလုပ်တွေ နံပါတ်တွေ အကုန်လုံးကို ဘယ်လိုသိနိုင်မလဲ " လို့ကျွန်မတွေးမိတယ်။
  • 12:45 - 12:48
    ဆရာ Andrew ကရှေ့ကနေ လေယာဉ်စက်ကို စနိုးပါတယ်။
  • 12:48 - 12:50
    သူပြောတယ် "ပြေးလမ်းပေါ် ပြေးတာကို စသင်မယ်"
  • 12:50 - 12:52
    အဲဒါကတော့ ခြေထောက်ကို ခြေနင်းပေါ်တင်ပြီး
  • 12:52 - 12:54
    လေယာဉ်ကို မြေကြီးပေါ်မှာ ထိန်းရတယ်။
  • 12:54 - 12:56
    "မရဘူး။ ကျွန်မခြေထောက်တွေကိုအသုံးပြုလို့ မရဘူး" လို့ကျွန်မပြောတယ်
  • 12:56 - 12:58
    "အော်" လို့ သူပြောတယ်။
  • 12:58 - 13:00
    "ဒါပေမဲ့ ကျွန်ကလက်တွေကိုတော့ အသုံးပြုလို့ရတယ်" လို့ပြောတော့ သူက "ကောင်းပြီလေ"
  • 13:00 - 13:04
    အဲဒါနဲ့ ပြေးလမ်းပြေကို အရှိန်တင်ပြီးတော့
  • 13:04 - 13:06
    စမောင်းပါတယ်။
  • 13:06 - 13:10
    ပြီးတော့ စက်ခေါင်းထဲကို ဘီးတွေတင်ပြီး လေယာဉ်စတက်ပါတယ်။
  • 13:10 - 13:15
    ကျွန်မ မခံစားဖူးတဲ့ လွတ်လတ်မှုကို ခံစားလိုက်ရတယ်။
  • 13:15 - 13:18
    Andres ကပြောတယ်။
  • 13:18 - 13:20
    ကျွန်မတို့ လေယာဉ်မောင်းသင်တဲ့ နေရာကနေ
  • 13:20 - 13:23
    "အဲဒီတောင်တန်းတွေကို မြင်လား"
  • 13:23 - 13:24
    "မြင်တယ်"လို့ကျွန်မ ပြန်ပြောတယ်
  • 13:24 - 13:29
    "ဒါဆို နင်ထိန်းပြီးအဲဒီတောင်တန်းတွေ ဆီမောင်းမယ်" လို့သူပြောတယ်
  • 13:29 - 13:32
    ကျွန်မ ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်မမှတ်မိသွားတယ်
  • 13:32 - 13:35
    သူပြောတဲ့ တောင်တန်းပြာဆိုတာက
  • 13:35 - 13:38
    ကျွန်မ ဘဝပြန်စခဲ့တဲ့နေရာပဲ။
  • 13:38 - 13:42
    ကျွန်မ လေယာဉ်ကို ထိန်းပြီး၊ ကျွန်မ စပြီးပျံသန်းခဲ့တယ်။
  • 13:42 - 13:45
    ကျွန်မက ဆေးရုံကနေ တော်တော်ဝေးသွားပြီ
  • 13:45 - 13:50
    အဲဒီအချိန်က စပြီးကျွန်မ လေယာဉ်မောင်းသမား တစ်ယောက်ဖြစ်မယ်လို့ ကျွန်မယုံကြည်တယ်
  • 13:50 - 13:54
    ကျွန်မ လက်မှတ်ရဖို့ ဆေးစစ်ချက်အောင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေပါ။
  • 13:54 - 13:57
    ဒါပေမဲ့ အဲဒါကို နောက်မှပဲပူတော့မယ်...အခုတော့ကျွန်မ မှာအိပ်မက်ရှိသွားပြီ။
  • 13:57 - 14:01
    ကျွန်မ အိမ်ပြန်လာတယ်၊ ကျွန်မနေ့စဉ်မှတ်တန်း စာအုပ်ကို ယူပြီး၊ ကျွန်မအစီအစဉ် တစ်ခုဆွဲတယ်။
  • 14:01 - 14:04
    ကျွန်မ လမး်လျောက်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားမယ်
  • 14:04 - 14:07
    ကျွန်ကို လူနှစ်ယောက်တွဲရတဲ့ အခြေအနေကနေစ ပြီး
  • 14:07 - 14:10
    လူတစ်ယောက်ပဲ တွဲရတဲ့ အခြေအနေ
  • 14:10 - 14:12
    ပြီး ထိုင်ခုံတွေ စားပွဲတွေကို ကိုင်ပြီသွားနိုင်တဲ့ အခြေအနေ
  • 14:12 - 14:14
    ကိုင်စရာ တစ်ခုနဲ့ တစ်ခုနဲ့ သိပ်မဝေးဘူးဆိုရင်ပေါ့
  • 14:14 - 14:16
    အဲဒါနဲ့ ကျွန်မ နံရံကို ကိုင်ပြီး လျောက်နိုင်တဲ့ အခြေအနေ
  • 14:16 - 14:19
    ထိရောက်လာခဲ့တယ်။
  • 14:19 - 14:22
    ဒီလိုပေါ့။ အမေက ပြောတယ် သူမကျွန်နောက်ကနေ အမြဲလိုက်ပြီး
  • 14:22 - 14:26
    နံရံပေါ်က ကျွန်မလက်ရာတွေကို လိုက်သုပ်ရတယ်။ (ရယ်သံ)
  • 14:26 - 14:31
    ဒါပေမဲ့လဲ အနည်းဆုံးတော့ ကျွန်မဘယ်တွေသွားခဲ့သလဲ ဆိုတာ သူသိရတာပေါ့
  • 14:31 - 14:33
    ကျွန်မကို ဆရာဝန်တွေက ဆက်ပြီးခွဲစိတ်ကုသတယ်
  • 14:33 - 14:35
    ကျွန်မ ခန္ဒာကိုယ်ကို အရင်အတိုင်းပြန်ဖြစ်အောင်။
  • 14:35 - 14:39
    ကျွန်မ စာစစ်စာမေးပွဲကို အောင်ခဲ့တယ်။
  • 14:39 - 14:42
    အံသြ စရာကောင်းတာက ကျွန်မ ဆေးစစ်ချက်လဲအောင်ခဲ့တယ်။
  • 14:42 - 14:45
    ကျွန်မ ပျံသန်းဖို့ မီးစိမ်း ဖြစ်သွားပြီ။
  • 14:45 - 14:47
    ကျွန်မ အချိန်တိုင်း ကျောင်းမှာပဲ
  • 14:47 - 14:49
    ကျွန်မ အတွက်သာယာတယ််ဆိုတဲ့ နေရာရဲ့အဝေးကြီးမှာ။
  • 14:49 - 14:51
    လေယာဉ်မောင်ဖြစ်ချင်နေတဲ့ လူငယ်တွေနဲ့ အတူ။
  • 14:51 - 14:55
    ကျွန်မရဲ့ အရင်တုန်းက ဟိုင်ကိုင် ဒီကိုင်ပြီးလမ်းလျောက်နေတဲ့၊
  • 14:55 - 14:57
    တစ်ကိုယ်လုံးမှာလဲ ပတ်တီးတွေနဲ့၊
  • 14:57 - 15:01
    ဆေးထုပ်ကြီးတွေနဲ့၊ ဆီးပိုက်တွေနဲ့
  • 15:01 - 15:02
    သူတို့က ကျွန်မကို ကြည့်ပြီးစဉ်းစား မိခဲ့မှာပဲ
  • 15:02 - 15:06
    "အို။ အဲဒါဘယ်သူလဲ လာနောက်နေတယ်။ သူကလား လေယာဉ်မောင်းသင်မှာ မဖြစ်နို်င်ပါဘူး"
  • 15:06 - 15:08
    ကျွန်မလဲ မဖြစ်နိုင်ဘူးလို့ တခါတလေ တွေးမိခဲ့ပါတယ်။
  • 15:08 - 15:12
    အဲဒါကအရေးမကြီးဘူး။ ကျွန်မရဲ့ ဖြစ်ချင်မှုက
  • 15:12 - 15:16
    အဲဒီအလေးချိန်မမီတဲ့၊ တစ်ကိုယ်လုံး ဒဏ်ရာတွေဖြစ်နေတဲ့ ကျွန်မကို
  • 15:16 - 15:18
    ဖြစ်ချင်မှုဆိုတဲ့ စိတ်ကလေးကနေ တွန်းအားပေးခဲ့တယ်။
  • 15:18 - 15:22
    တဖြည်းဖြည်း နဲ့ ကျွန်မကိုယ်ပိုင်လေယာဉ် မောင်းလိုင်စင်ရခဲ့တယ်။
  • 15:22 - 15:27
    ပြီးတော့ ကျွန်မ ဆက်လေ့လာတယ်။ ကျွန်မသူငယ်ချင်းနဲ့ အတူ အော်စတေးလစ်ယား ကို ပတ်မောင်းတယ်။
  • 15:27 - 15:30
    ပြီးတော့ စက်နှစ်လုံးပါတဲ့ လေယာဉ်ကိုမောင်းနိုင်ခဲ့တယ်။
  • 15:30 - 15:33
    စက်နှစ်လုံးပါတဲ့ လေယာဉ်မောင်း လိုင်စင်ရခဲ့တယ်။
  • 15:33 - 15:36
    ပြီးတော့ကျွန်မ ဆိုးရွားတဲ့ရာသီဥတုမှာမောင်းနိုင်အောင်လေ့ကျင့်ခဲ့တယ်
  • 15:36 - 15:38
    အဲဒါနဲ့ ကျွန်မလေယာဉ်မောင်းသင်ပေးနိုင်တဲ့ လက်မှတ်ရခဲ့တယ်။
  • 15:38 - 15:41
    ကျွန်မ လေယာဉ်လိုင်းတွေမှာ မောင်းနိုင်တဲ့ လိုင်စင်ရခဲ့တယ်။
  • 15:41 - 15:44
    ကျွန်မ လေယာဉ်မောင်းသင် ဆရာလက်မှတ်ရခဲ့တယ်။
  • 15:44 - 15:47
    ပြီတော့ ကျွန်မအဲဒီကျာင်းကို ပြန်ရောက်ခဲ့တယ်...
  • 15:47 - 15:49
    ကျွန်မ လေယာဉ်မောင်းစသင်ခဲ့တဲ့ကျောင်း
  • 15:49 - 15:53
    လေယာဉ်မောင်းသူ ဆရာအနေနဲ့ပေါ့၊
  • 15:53 - 15:57
    အဲဒါတွေအကုန်လုံးက ကျွန်မဆေးရုံကနေထွက်ပြီး ၁၈အကြာမှာဖြစ်သွားဒါ။
  • 15:57 - 16:08
    (လက်ခုပ် သံများ)
  • 16:08 - 16:10
    ပြီးကျွန်မ အကြံရခဲ့တယ်.. "ဘာဖြစ်လို့ အဲဒီမှာပဲ ရပ်နေမှာလဲ"
  • 16:10 - 16:14
    ငါအပေါ်အောက်မောင်းနိုင်အောင် လေ့လာမယ်
  • 16:14 - 16:16
    ကျွန်မ သင်ယူခဲ့ပါတယ်။ အပေါ်အောက်မောင်းနည်း
  • 16:16 - 16:20
    လေယာဉ်အလှပြ မောင်းသင်ဆရာ ဖြစ်လာခဲ့ပါတယ်။
  • 16:20 - 16:27
    အမေ နဲ့ အဖေ လား.. ဘယ်တော့မှ လိုက်မဆီးဘူးဖူး။
  • 16:27 - 16:32
    အဲဒီအချိန်မှာပဲ ကျွန်မသိခဲ့တယ် ခန္ဒာကိုယ်ပဲ တားလို့ရမယ်
  • 16:32 - 16:37
    ကျွန်မရဲ့ စိတ်ဓာတ်ကိုတော့ ဘယ်လိုမှ ရပ်ထားလို့မရဘူး။
  • 16:37 - 16:41
    Lao Tzu ဆိုတဲ့အတွေးအခေါ် ပညာရှင်က ပြောခဲ့တယ်
  • 16:41 - 16:44
    " နင်အခုဖြစ်နေတဲ့ ဘဝကို လက်လွတ်လိုက်တဲ့အခါ
  • 16:44 - 16:47
    နင်ဖြစ်သင့်တဲ့ဘဝ ဖြစ်လာမယ်"
  • 16:47 - 16:52
    ကျွန်မအခုတော့ သိသွားပြီး ကျွန်မဖြစ်ခဲ့တဲ့ ဘဝကို ကျွန်မလက်မလွတ်လိုက်ဘူးဆိုရင်
  • 16:52 - 16:56
    ကျွန်မ ဘဝအသစ်ကို ဘယ်လိုမှ ဖန်တီးနိုင်ခဲ့မှာမဟုတ်ဘူး။
  • 16:56 - 17:01
    ကျွန်မ ဖြစ်သင့်တယ်ဆိုတဲ့ ဘဝကို လက်မလွတ်လိုက်မချင်းပေါ့
  • 17:01 - 17:06
    ကျွန်မ အမြဲတမ်းတောင့်တနေတဲ့ ဘဝကို ကျွန်မရလိုက်မှာမဟုတ်ဘူး။
  • 17:06 - 17:09
    တကယ့် အင်အားဆိုတာဘာလဲဆိုတာ ကျွန်မသိသွားပြီ။
  • 17:09 - 17:12
    ခန္ဒာကိုယ်က လာတာမဟုတ်ဘူး။
  • 17:12 - 17:17
    ကျွန်မရဲ့ ခွန်အားတွေ လုံးဝပြောင်းလဲသွားပေမဲ့လဲ
  • 17:17 - 17:21
    ကျွန်မ ဘာလဲဆိုတာကို မပြောင်းလဲနိုင်ပါဘူး။
  • 17:21 - 17:25
    လေယာဉ်မောင်း ဆိုတဲ့အလင်းရောင်လေးကတော့ အမြဲလင်းနေမှာပဲ
  • 17:25 - 17:30
    ကျွန်မတို့ အားလုံးလိုပါပဲ
  • 17:30 - 17:33
    ခန္ဒာကိုယ်ဆို တာကျွန်မ မဟုတ်ဘူး။
  • 17:33 - 17:37
    ရှင့်တို့ ခန္ဒာကိုယ်ဆိုတာလဲ ရှင့်တို့မဟုတ်ဘူး
  • 17:37 - 17:41
    အဲဒါကြောင့်မို့လို့ ရှင်တို့ဘယ်လိုပုံလဲ၊ ဘယ်လိုရုပ်လဲ
  • 17:41 - 17:45
    ဘယ်ကလာတာလဲ၊ ဘာနဲ့ အလုပ်လုပ်လဲ ဆိုတာလုံးဝမအရေးမကြီးဘူး
  • 17:45 - 17:51
    ဘာကအရေးကြီးတာလဲဆိုတော့ ကျွန်မတို့တတွေ လူသားချင်းစာနာမှု
  • 17:51 - 17:55
    ကျွန်မတို့ ဘဝကို ကျွန်မတို့ကဘာလဲဆိုတဲ့ အကောင်းဆုံးဖန်တီးမှုရဲ့ သင်္ကေံာသ အဖြစ်
  • 17:55 - 17:59
    ...
  • 17:59 - 18:01
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အကုန်လုံး ဆက်သွယ်နေတယ်။
  • 18:01 - 18:05
    သန်းနဲ့ ချီတဲ့ ပိုက်တွေနဲ့
  • 18:05 - 18:08
    အဲဒီအပိုင်းအစကို ဆက်ဖို့အချိန်ရောက်လာပြီ
  • 18:08 - 18:10
    ...
  • 18:10 - 18:15
    ကျွန်မတို့ရဲ့ ဒီလိုစုစည်းထားတဲ့ အင်အားတွေကို
  • 18:15 - 18:17
    ခန္ဒာကိုယ်အလှအပကို ဂရုမစိုက်တော့ဘဲ
  • 18:17 - 18:21
    စိတ်နှလုံး ရဲ့အလှအပကိုပဲ အရေးပေး ရမယ့်အချိန်ရောက်လာပြီ။
  • 18:21 - 18:25
    ကျွန်မနဲ့ အတူတူပါ၀င်မယ်ဆိုရင် ရှင်တို့ရဲ့ ပိုက်တွေကို လေထဲမြောက်ပေးပါ။
  • 18:25 - 18:31
    ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံ)
  • 18:31 - 18:36
    ကျေးဇူးတင်ပါတယ်။
Title:
Janine Shepherd: ခန္ဒာကိုယ် ပျက်ဆီးသွားတာနဲ့ လူတစ်ယောက်ဘဝပျက်ပြီလို့ ဆိုလို့မရဘူး
Speaker:
Janine Shepherd
Description:

သူကားအတိုက်မခံရခင်တော့ Janine Shepherd က စကိက်စီး အိုလံပစ် ရွေတံဆိပ်ရဖို့ရည်ရွယ်ထားတဲ့သူ။ သူမရဲ့ ဘယ်လိုပြန်ကောင်းလာအောင် ကျိုးစားခဲ့တယ်ဆိုတဲ့ဖြစ်ရပ် လေးကိုပြောထားပါတယ်။ သူမပေးချင်တဲ့ အတွေးလေးကတော့ ခန္ဒာကိုယ်က အရေးမကြီးဘူး၊ အိပ်မက်အဟောင်းကိုပဲ ဖတ်တွယ်မနေရင် ကောင်းတဲ့အိပ်မက်သစ်တွေပေါ်လာပါလိမ့်မယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:57

Burmese subtitles

Revisions Compare revisions