Return to Video

စနေဂြိုဟ်ရဲ့ လက သက်ရှိတွေရဲ့ အစပထမအကြောင်း ဘာတွေပြောပြနိုင်မလဲ

  • 0:03 - 0:06
    မြေမျက်နှာပြင်အမျိုးမျိုးနဲ့
    ကမ္ဘာတစ်ခုကိုမြင်ယောင်ကြည့်ပါ
  • 0:06 - 0:07
    သိပ်သည်းတဲ့ လေထုတစ်ခုရှိမယ်
  • 0:08 - 0:10
    သူ့မျက်နှာပြင်တစ်လျှောက်
    လေပြင်းတွေတိုက်တယ်
  • 0:10 - 0:11
    ပြီးတော့ မိုးတွေလည်း ကျတယ်
  • 0:11 - 0:13
    တောင်တွေ ၊ မြေပြန့်တွေလည်း ရှိမယ်
  • 0:13 - 0:15
    မြစ် ၊ ရေကန်နဲ့
    ပင်လယ်‌တွေလည်း ရှိတယ်
  • 0:15 - 0:18
    သဲသောင်တွေနဲ့ သဘာ၀အတိုင်းမဟုတ်တဲ့
    ချိုင့်ခွက်တွေလည်း ရှိတယ်
  • 0:18 - 0:20
    ကမ္ဘာမြေကြီးလို့ ထင်နေကြပြီမလား
  • 0:20 - 0:22
    ဒီဟာကတော့ တိုက်တန်ပဲ ဖြစ်ပါတယ်
  • 0:22 - 0:23
    ၁၉၈၁ ဩဂုတ်လမှာ
  • 0:23 - 0:28
    ဗိုယေဂျာ ၂ ဟာ စနေဂြိုဟ်ရဲ့
    အကြီးဆုံးလပုံ ဒီပုံကို ရိုက်ကူးခဲ့ပါတယ်
  • 0:28 - 0:31
    ဗိုယေဂျာရဲ့ လုပ်ငန်းဆောင်တာတွေဟာ
    အရင်ကထက် များစွာခရီးရောက်ခဲ့ပါတယ်
  • 0:31 - 0:33
    နေအဖွဲ့အစည်း နဲ့နောက်ထပ်အရာတွေကို
  • 0:33 - 0:35
    ပထဝီဝင်ရဲ့
    တစ်စိတ်တစ်ပိုင်းဖြစ်စေလျှက်ပေါ့
  • 0:35 - 0:38
    ဒါပေမဲ့ ဒီမြူဆိုင်းနေတဲ့ လရဲ့ပုံဟာ
  • 0:38 - 0:41
    နက်နဲတဲ့ပုစ္ဆာတွေ ဘယ်လောက်တောင်
    ကျန်ရှိနေမလဲဆိုတာကို သတိပေးနေပါတယ်
  • 0:42 - 0:46
    ဗိုယေဂျာ တိုက်တန်ကို ပတ်ပြီး
    ပျံသန်းတဲ့အခေါက်တိုင်း ထပ်တိုးလေ့လာပေမဲ့
  • 0:46 - 0:50
    ဒီလေထုခြုံလွှာရဲ့ အောက်မှာ ဘာတွေ ရှိနေမလဲ
    ဆိုတာကို ကျွန်မတို့ မသိရသေးပါဘူး
  • 0:52 - 0:55
    စေတန်နဲ့ ဂျူပီတာဂြိုဟ်တွေရဲ့ တခြားလတွေလို
  • 0:55 - 0:58
    ရေခဲဖုံးနေတဲ့ မျက်နှာပြင်ပဲ ရှိနေမလား
  • 0:58 - 1:02
    ဒါမှမဟုတ် မီသိန်းအရည်တွေ အပြည့်နဲ့
    သမုဒ္ဓရာကြီးပဲ ဖြစ်နေမလားပေါ့
  • 1:03 - 1:05
    မြူမှုန်တွေ ဝိုးတဝါးနဲ့
  • 1:05 - 1:08
    တိုက်တန်ရဲ့ မျက်နှာပြင်ဟာ
    ကြီးမားတဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့
  • 1:08 - 1:12
    ၁၉၉၇ ခုနှစ်ကတည်းဆောက်ခဲ့တဲ့
    ကက်စီနိ ဟိုက်ဂျင်ခေါ် ဆင်းသက်ယာဉ်ကို
  • 1:12 - 1:14
    အဲဒီပုစ္ဆာ ဖြေရှင်းဖို့ရည်ရွယ်ခဲ့ပါတယ်
  • 1:14 - 1:17
    ၂၀၀၄ ခုနှစ်မှာ တိုက်တန်ကို ရောက်ပြီးနောက်
  • 1:17 - 1:20
    ကက်စီနီပြန်ပို့လိုက်တဲ့
    အစောပိုင်းတိုက်တန်မျက်နှာပြင်ပုံတွေမှာ
  • 1:20 - 1:22
    စိတ်ဝင်စားစရာတွေ အပြည့်ပါပဲ
  • 1:23 - 1:27
    ဂြိုဟ်မျက်နှာပြင်ပေါ်မှာ မြင်နေရတာတွေကို
    နားလည်ဖို့ လနဲ့ ချီပြီး ကြာခဲ့ပါတယ်
  • 1:27 - 1:29
    ဥပမာ ပြောရရင်
  • 1:29 - 1:30
    အမဲရောင် အစဉ်းကြောင်းတွေ
  • 1:30 - 1:35
    အစက ကျွန်မတို့ ကြောင်ခြစ်ရာတွေအဖြစ်
    ရည်ညွှန်းခဲ့တာတွေဟာ
  • 1:36 - 1:38
    တကယ်တော့ သဘာ၀သဲသောင်ပြင်တွေ ဖြစ်နေပါတယ်
  • 1:39 - 1:43
    ကက်စီနီယာဉ် စနေဂြိုဟ် ၊ ဂြိုဟ်ပတ်လမ်းနဲ့
    ၎င်းရဲ့ လတွေကို လေ့လာခဲ့တဲ့
  • 1:43 - 1:45
    (၁၃) နှစ်တာကာလ အပြီးမှာ
  • 1:45 - 1:46
    ကျွန်မတို့ တိုက်တန်ရဲ့
  • 1:46 - 1:49
    မျက်နှာပြင်အကြောင်းလုံး၀ မသိရာကနေ
    သူ့ရဲ့ ပထဝီဝင်ကိုပါ
  • 1:49 - 1:51
    နားလည်လာတဲ့အထိ အခွင့်အရေးရခဲ့တယ်
  • 1:52 - 1:55
    လေထုဟာ မျက်နှာပြင်ကို ပုံဖော်ဖို့အတွက်
    အခန်းကဏ္ဋမှာ ပါဝင်ပါတယ်
  • 1:55 - 1:58
    ဂြိုဟ်မျက်နှာပြင်အောက်မှာ ဘာတွေရှိလဲ
    ဆိုတဲ့ သဲလွန်စတွေပါပေးတယ်
  • 1:59 - 2:03
    အမှန်တော့ တိုက်တန်ဟာ
    သမုဒ္ဓရာကမ္ဘာတွေထဲက တစ်ခုဖြစ်ပါတယ်
  • 2:03 - 2:05
    အင်္ဂါဂြိုဟ်ပတ်လမ်းနဲ့
    ဂြိုဟ်သိမ်ခါးပတ်အလွန်
  • 2:05 - 2:08
    နေအဖွဲ့ အစည်းအပြင်ဘက်က
  • 2:08 - 2:12
    ဂြိုဟ်မျက်နှာပြင်အောက်က ရေပေါများလှတဲ့
    သမုဒ္ဓရာများနဲ့ လတွေပေါ့
  • 2:12 - 2:16
    တိုက်တန်အတွင်းပိုင်းသမုဒ္ဓရာကြီးဟာ
    ကမ္ဘာရဲ့မြစ် ၊ ကန်တွေနဲ့ ပင်လယ်သမုဒ္ဓရာတွေ
  • 2:16 - 2:21
    စုစုပေါင်းရဲ့ဆယ်ဆထက်ပိုကောင်းပိုနိုင်ပါတယ်
  • 2:21 - 2:24
    ထူးဆန်းတဲ့မီသိန်းနဲ့အီသိန်းအရည်ကန်တွေနဲ့
    အရည်ပင်လယ်တွေပါ
  • 2:24 - 2:28
    တိုက်တန်ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိပါတယ်
  • 2:28 - 2:31
    သမုဒ္ဓရာကမ္ဘာတွေဟာ နေအဖွဲ့အစည်းရဲ့
  • 2:31 - 2:32
    ဆွဲဆောင်မှုအရှိဆုံးနေရာတွေပါ
  • 2:32 - 2:35
    ကျွန်မတို့က အဲဒီနေရာတွေကို အခုမှ
    စ စူးစမ်းလေ့လာခါစပါ
  • 2:37 - 2:38
    ဒီယာဉ်ကတော့ "ပုစဉ်းကောင်" ပါ
  • 2:39 - 2:42
    ဂျွန်ဟော့ပ်ကင်းစ်ရဲ့ အသုံးချရူပဗေဒ
    ဓာတ်ခွဲခန်းမှာ
  • 2:42 - 2:45
    ကျွန်မတို့ဟာ ဒီမစ်ရှင်ကို နာဆာရဲ့
    ရှေ့တန်းပရိုဂရမ်တွေအတွက်
  • 2:46 - 2:50
    ၂၀၂၆ မှာ မြေချပြီး ၂၀၃၄ မှာ
    တိုက်တန်ကို ရောက်ဖို့ စီစဉ်ခဲ့ပါတယ်
  • 2:50 - 2:53
    ပုစဉ်းကောင်ယာဉ်ဟာ ဆင်းသက်ရဟတ်ယာဉ်ပေါ့
  • 2:53 - 2:56
    အင်္ဂါဂြိုဟ်ဆင်းယာဉ် သို့မဟုတ် ကားတစ်စီး
    အရွယ်အစားလောက် ရှိပါတယ်
  • 2:57 - 3:01
    မြေဆွဲအားနိမ့်နိမ့်နဲ့ ပေါင်းစပ်ထားတဲ့
    တိုက်တန်ရဲ့ သိပ်သည်းတဲ့လေထုက
  • 3:01 - 3:03
    သူပျံဖို့ နေရာကောင်းတစ်ခုဖြစ်နေပါတယ်
  • 3:03 - 3:05
    ပုစဉ်းကောင်ယာဉ်ကို အဲလိုပျံနိုင်ဖို့
    အသေအချာပုံစံဆွဲခဲ့တာပါ
  • 3:06 - 3:08
    အဝေးထိန်းယာဉ်တစ်ခုအနေနဲ့
  • 3:08 - 3:13
    ပုစဉ်းကောင်ဟာ တစ်နေရာကနေ တစ်နေရာကို
    ပျံသန်းနိုင်တဲ့ ရွေ့လျားဓာတ်ခွဲခန်းတစ်ခုပါ
  • 3:13 - 3:15
    လိုအပ်တဲ့ ကိရိယာတွေ သူနဲ့တစ်ပါတည်း
    ယူဆောင်သွားရင်းပေါ့
  • 3:16 - 3:20
    ပုစဉ်းကောင်ဟာတိုက်တန်ဂြိုဟ်ကိုတစ်မူထူးခြား
    တဲ့ နည်းလမ်းနဲ့ စူးစမ်းလေ့လာသွားမှာပါ
  • 3:20 - 3:22
    ဂြိုဟ်ရဲ့ ရာသီဥတုနဲ့ ပထဝီဝင်အသေးစိတ်ကို
    လေ့လာတယ်
  • 3:22 - 3:24
    ဂြိုဟ်မျက်နှာပြင်ကနမူနာတွေကိုပါ
  • 3:24 - 3:27
    ဘာတွေနဲ့ ဖွဲ့စည်းထားလဲ
    လေ့လာဖို့ ကောက်ယူမှာပါ
  • 3:27 - 3:31
    ပြောကြတာကတော့ ပုစဉ်းကောင်ယာဉ်ဟာ
    တိုက်တန်ဂြိုလ်ရဲ့ အသေးစိတ်ဖွဲ့စည်းပုံ ၊
  • 3:31 - 3:33
    လေထု၊၎င်းနဲ့ဂြိုဟ်မျက်နှာပြင်ဆက်နွယ်ပုံကို
  • 3:33 - 3:36
    စူးစမ်းလေ့လာဖို့သုံးနှစ်ခန့်ကြာပါမယ်တဲ့
  • 3:36 - 3:38
    ပြီးတော့ ငလျင်တွေ ဖြစ် မဖြစ် လေ့လာမယ်
  • 3:38 - 3:41
    ဒါမှမဟုတ် တိုက်တန်ရဲ့
    မျက်နှာပြင်က တိုက်တန်ငလျင်တွေပေါ့
  • 3:43 - 3:44
    ပုစဉ်းကောင်ယာဉ်အဖွဲ့
  • 3:44 - 3:47
    မြောက်အမေရိကနဲ့ကမ္ဘာတစ်လွှားက လူရာနဲ့ချီဟာ
  • 3:48 - 3:50
    ဒီမစ်ရှင် ၊ ယာဉ်ဒီဇိုင်း ၊ ရဟတ်ယာဉ်နဲ့
  • 3:50 - 3:54
    အလိုအလျောက် မောင်းနှင်စနစ် ၊
    သူ့ရဲ့ ကိရိယာပစ္စည်းတွေကို
  • 3:54 - 3:55
    အဆင်မြှင့်တင်ဖို့အတွက် ကြိုးစားနေတယ်
  • 3:55 - 3:59
    သူတို့အားလုံး တိုက်တန်ရဲ့ မျက်နှာပြင်မှာ
    သိပ္ပံနည်းကျ တိုင်းတာဖို့
  • 3:59 - 4:01
    အတူတူအလုပ်လုပ်ရပါလိမ့်မယ်
  • 4:01 - 4:04
    ပုစဉ်းကောင်ယာဉ်က စိတ်ဝင်စားစရာ
    သဘာ၀ဓာတ်ခွဲခန်းကို
  • 4:04 - 4:06
    စူးစမ်းရာမှာ နောက်ထပ်ခြေလှမ်း
    တစ်လှမ်းဖြစ်ပါတယ်
  • 4:06 - 4:10
    လှည့်ပတ်ပျံသန်းနေရင်း ဗိုယေဂျာဟာ
    ဖြစ်နိုင်ခြေတွေကို သဲလွန်စ ချပေးခဲ့ပါတယ်
  • 4:10 - 4:12
    ကက်စီနီနဲ့ ဟွိုင်ဂျန်ဟာ စနေဂြိုဟ်ကို
    ဆယ်စုနှစ်ကြာ
  • 4:12 - 4:15
    လှည့်ပတ်နေရင်း တိုက်တန်ရဲ့ လေထု
    ထဲကို ဆင်းသက်ပြီး
  • 4:15 - 4:18
    ၎င်းရဲ့ အကြောင်းကို ထပ်မံဖော်ထုတ်ခဲ့ပါတယ်
  • 4:19 - 4:24
    ပုစဉ်းကောင်ယာဉ်ဟာ
    ၂၀၀၅ ဇန်နဝါရီက ဟွိုင်ဂျင်စုံစမ်းမှုမှာ
  • 4:24 - 4:26
    ရိုက်ခဲ့တဲ့ကျွန်မတို့ရဲ့ တစ်ခုတည်း
    အနီးကပ်မြင်ကွင်း
  • 4:26 - 4:30
    ဓာတ်ပုံအရ "တိုက်တန်"ရဲ့ဒီလိုပတ်ဝန်းကျင်မှာ
    နေသွားမှာဖြစ်ပါတယ်
  • 4:31 - 4:36
    ဘယ်နည်းနဲ့ပဲ ယှဉ်ယှဉ် " တိုက်တန် "ဟာ
    ဒီကမ္ဘာရဲ့ ကမ္ဘာဦးအစပိုင်းနဲ့ အနီးကပ်ဆုံး
  • 4:36 - 4:39
    ဆင်တူတဲ့ အရာဖြစ်ပါတယ်
  • 4:39 - 4:40
    ကက်စီနီဟိုင်ဂျင်ရဲ့ တိုင်းတာမှုကနေ
  • 4:40 - 4:42
    ကျွန်မတို့သိထားတဲ့ သက်ရှိအတွက်
    မရှိမဖြစ်
  • 4:42 - 4:44
    ပါဝင်ပစ္စည်းတွေ"တိုက်တန်"ပေါ်မှာ
  • 4:44 - 4:46
    ရှိခဲ့တယ်လို့ ကျွန်မတို့ သိရပါတယ်
  • 4:46 - 4:51
    ပုစဉ်းကောင်ယာဉ်ဟာ ဒီထူးဆန်းလှတဲ့
    ပတ်ဝန်းကျင်မှာ ကမ္ဘာပေါ်က သက်ရှိတွေရဲ့
  • 4:51 - 4:53
    ဖွံဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးမယ်လို့
  • 4:53 - 4:57
    ယူဆရသောဓာတ်ပေါင်းများကို စူးစမ်းရှာဖွေပြီး
  • 4:57 - 5:00
    ကျွန်မတို့ကို တခြားဂြိုဟ်တွေပေါ်မှာ
    နေထိုင်နိုင်မလားဆိုတာ ပြောပြပါလိမ့်မယ်
  • 5:02 - 5:04
    အဲဒီမှာနေထိုင်လို့ရမရဆိုတာ
    စိတ်ဝင်စားစရာ ယူဆချက်ပါ
  • 5:05 - 5:09
    ကျွန်မတို့သိတဲ့ ကမ္ဘာပေါ်က ဘဝတွေလိုမျိုး
    ရှင်သန်နေထိုင်ဖို့ သင့်လျော်တဲ့
  • 5:09 - 5:11
    ပတ်ဝန်းကျင်တစ်ခု အတွက် ဘာတွေလိုအပ်မလဲ
  • 5:11 - 5:16
    ဒါမှမဟုတ် လုံး၀ကွဲပြားတဲ့ အခြေအနေတွေအောက်
    ရှင်သန်လာရမယ့် ထူးထူးဆန်းဆန်းဘဝဖြစ်နေမလား
  • 5:17 - 5:19
    တခြားတစ်နေရာရာမှာ အသက်ရှင်သန်ဖို့က
  • 5:19 - 5:24
    သမိုင်းတစ်လျှောက် လူသားရဲ့ စိတ်ကူးနဲ့
    စူးစမ်းလေ့လာမှုကို လွှမ်းမိုးခဲ့ပါပြီ
  • 5:24 - 5:25
    အကြမ်းဖျင်း နှိုင်းယှဉ်ရရင်
  • 5:25 - 5:27
    နေအဖွဲ့အစည်းအပြင်ပိုင်းကသမုဒ္ဓရာကမ္ဘာတွေဟာ
  • 5:27 - 5:30
    ဒါကြောင့်အရေးပါတဲ့လေ့လာစရာ ဖြစ်လာရတာပါ
  • 5:30 - 5:34
    အဲဒီ "ဘာဖြစ်မလဲ?" ဆိုတဲ့စကားက
    လူသားတွေကို စူးစမ်းလေ့လာစေတာပါပဲ
  • 5:35 - 5:39
    ကမ္ဘာပေါ်မှာ ဓာတုဗေဒကနေ ဇီဝဗေဒကို ဘယ်လို
    အဆင့်မြင့်တက်ခဲ့တယ်ဆိုတာ ကျွန်မမသိသေးပါဘူး
  • 5:40 - 5:44
    ဒါပေမဲ့ တိုက်တန် ပေါ်မှာလည်း
    အလားတူ ဓာတုဖြစ်စဉ်တွေဖြစ်ခဲ့နိုင်ပါတယ်
  • 5:44 - 5:47
    အော်ဂဲနစ်မော်လီကျူးတွေ
    ဂြိုဟ်မျက်နှာပြင်ပေါ်က
  • 5:47 - 5:50
    ရေနဲ့ ရောသွားဖို့ အခွင့်အရေးရှိခဲ့တဲ့
    ဒီနေရာမှာပေါ့
  • 5:50 - 5:53
    ဒီလိုအခြေအနေတွေအောက်မှာ
    အော်ဂဲနစ်ပေါင်းစပ်မှု ရှိခဲ့လား။
  • 5:53 - 5:55
    ဒီလိုသာဆို ဘယ်လောက်အထိလဲ။
  • 5:55 - 5:58
    ကျွန်မတို့ အခုထိ မသိရသေးပါဘူး
  • 5:59 - 6:03
    ဒီအခြေခံကျကျ လူသားတွေရဲ့ အားထုတ်မှုဖြစ်တဲ့
    ပုစဉ်းကောင်ဆီက ကျွန်မတို့ ရနိုင်မယ့် အရာက
  • 6:03 - 6:05
    စိတ်ကျေနပ်မှုပဲ ဖြစ်ပါတယ်
  • 6:05 - 6:09
    ဒါက ကျွန်မတို့ကမ္ဘာပေါ်ကသက်ရှိတွေကိုဖြစ်စေ
    ခဲ့သလိုမျိုး သက်ရှိအခြေခံအုတ်မြစ်တွေရဲ့
  • 6:09 - 6:13
    ဓာတုဗေဒအဆင့်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်
  • 6:13 - 6:17
    ကျွန်မတို့ တိုက်တန်ကို ရောက်ရင် ဘာတွေ
    ရှာတွေ့မယ်ဆိုတာ သေချာ မသိရသေးပါဘူး
  • 6:17 - 6:19
    ဒါပေမဲ့ အဲဒါက သွားဖို့အကြောင်းအရင်းပါပဲ
  • 6:20 - 6:22
    ၁၉၉၄ ခုနှစ်မှာ ကားရ် ဆေဂန်က
  • 6:22 - 6:25
    တိုက်တန်ပေါ်မှာလွန်ခဲ့တဲ့
    နှစ်သန်းပေါင်းလေးထောင်က
  • 6:25 - 6:29
    ကောင်းကင်ဘုံက မိုးရွာသလိုမျိုး
    ကျနေတဲ့ မော်လီကျူးတွေ
  • 6:29 - 6:30
    ရှိနိုင်သေးတယ်လို့ရေးခဲ့တယ်
  • 6:30 - 6:34
    ရေခဲနေပြီး လုံးဝမပြောင်းလဲဘဲ ကမ္ဘာမြေက
    ဓာတုဗေဒပညာရှင်တွေကို စောင့်နေပါတယ်
  • 6:36 - 6:38
    ကျွန်မတို့က အဲဒီဓာတုဗေဒပညာရှင်တွေပါပဲ
  • 6:38 - 6:41
    ပုစဉ်းကောင်ဟာ တိုက်တန်နဲ့ နေအဖွဲ့အစည်း
    တင်မက သက်ရှိတွေအစပထမအကြောင်း
  • 6:41 - 6:45
    ခက်ခဲနက်နဲတဲ့ပုစ္ဆာတွေကို ပိုမိုနားလည်ဖို့
  • 6:45 - 6:46
    ရှာဖွေလေ့လာသွားမှာ ဖြစ်ပါတယ်
  • 6:47 - 6:48
    ကျေးဇူးတင်ပါတယ်
Title:
စနေဂြိုဟ်ရဲ့ လက သက်ရှိတွေရဲ့ အစပထမအကြောင်း ဘာတွေပြောပြနိုင်မလဲ
Speaker:
Elizabeth "Zip" Turtle
Description:

နာဆာ ပုစဉ်းကောင်ယာဉ် - နေအဖွဲ့အစည်းအတွင်းပိုင်းထဲ ခရီးနှင်ပြီး စေတန်ရဲ့ အကြီးဆုံးလ တိုက်တန်ကို စူးစမ်းလေ့လာဖို့ ၂၀၂၆ ခုနှစ်မှာ လွှတ်တင်သွားမယ့် ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေပေါ်ဆင်းသက်နိုင်တဲ့ ဒီဇိုင်းနဲ့ စက်ရုပ်ရဟတ်ယာဉ်ငယ် ။ ကျွန်တော်တို့ ကမ္ဘာအစောပိုင်းနဲ့ ဆင်တူတဲ့ စေတန်ရဲ့ ထူးဆန်းတဲ့ ဒီလကို လေ့လာနေခြင်းက တခြားဂြိုဟ်တွေအပေါ်မှာ ကျွန်တော်တို့ နေနိုင် / မနေနိုင် နဲ့ အဲ့ဒီလရဲ့ မူလအစပိုင်းကို နားလည်လာအောင် ဂြိုဟ်သိပ္ပံပညာရှင် Elizabeth "Zip" Turtle က ရှင်းပြထားပါတယ်

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:06

Burmese subtitles

Revisions