YouTube

Got a YouTube account?

New: enable viewer-created translations and captions on your YouTube channel!

Burmese subtitles

← ဘဝအတွက်အသုံးတဲ့မည့် သင်ခန်းစာများကို လိုက်လံရှာဖွေခြင်း

Get Embed Code
42 Languages

Showing Revision 3 created 12/17/2014 by Myo Aung.

  1. ဒီအချိန်အခါကောင်းမှာပဲ
  2. ကျွန်တော် လက်တွေ့သင်တန်းကျောင်းလို့ခေါ်တဲ့ဟာကို
    စပြီး တီထွင်ခဲ့တယ်
  3. လက်တွေ့သင်တန်းကျောင်းဆိုတာ ကလေးတွေက တုတ်တွေ
  4. တူတွေနဲ့ တခြား အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို
    ကိုင်တွယ်လို့ရတဲ့နေရာ
  5. ပြီးတော့ ယုံကြည်ခြင်းခံရတဲ့နေရာ
  6. သူတို့ကို မထိခိုက်စေဖူးဆိုပြီး ယုံကြည်ခြင်းခံရတယ်
  7. သူတစ်ပါးကို မထိခိုက်စေဖူးဆိုတာလည်း ယုံကြည်ခြင်းခံရတယ်
  8. လက်တွေ့သင်တန်းကျောင်းဟာ လိုက်နာစရာ
    သင်ရိုးညွှန်းတန်းဆိုပြီး သတ်မှတ်မထားပါဘူး
  9. စာမေးပွဲစစ်တာတွေလည်း မရှိဘူး
  10. ဘယ်သူ့ကိုမှ ဘာတိတိကျကျတတ်ရမယ်ဆိုပြီး
    သင်ပေးဖို့မကြိုးစားပါဘူး
  11. ကလေးတွေ ရောက်လာပြီဆိုရင်
  12. သူတို့တွေ ပစ္စည်းပစ္စယတွေအများကြီးနဲ့ ရင်ဆိုင်ရမယ်
  13. သစ်သားတွေ၊ သံတွေ၊ ကြိုးတွေ၊ ဘီးတွေ...
  14. ပြီးတော့ ကိရိယာတဆာပလာတွေ အများကြီး၊
    အားလုံးက အစစ်တွေ...
  15. ကလေးတွေအတွက် ၆ ရက်တာ ကိုယ်စိတ် လုံးလုံးလျားလျား
    နှစ်မြှုပ်ထားရတဲ့ အတွေ့အကြုံ
  16. အဲဒီလို အနေအထားမှာ ကလေးတွေကို အချိန်ဆိုတာ
    ပေးထားလို့ရတယ်
  17. အချိန်က အရမ်းနည်းလွန်းတယ်လေ
  18. လုပ်စရာတွေ လွန်ကဲနေတဲ့ သူတို့ရဲ့ဘဝမှာပေါ့
  19. ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့
    သူတို့တွေ ပြန်သွားတဲ့အခါ
  20. အရာဝတ္ထုတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့
    အသိကောင်းကောင်းရသွားဖို့ပဲ
  21. သူတို့ စရောက်ခါစ အချိန်ကထက် စာရင်ပေါ့
  22. ပြီးတော့ စိတ်ထဲမှာ နက်နက်နဲနဲ
    နားလည်သွားစေချင်တယ်
  23. ပစ္စည်းတွေကို ဟိုဟိုဒီဒီကလိပေးလိုက်ရင် ကောင်းအောင်ပြန်လုပ်လို့ရတယ်ဆိုတာပေါ့
  24. ဘယ်ဟာကမှတော့ စီစဉ်ထားတဲ့အတိုင်း
    ဖြစ်မလာပါဘူး... အမြဲတမ်းပါပဲ..
  25. (ရယ်မောသံများ)
  26. ကလေးတွေက မကြာခင်မှာပဲ ကောင်းကောင်း သိသွားကြတယ်
  27. ပရော့ဂျက်အကုန်လုံး မှန်းချက်နဲ့မကိုက်ဘူးဆိုတာ
  28. (ရယ်မောသံများ)
  29. ပြီးတော့မှ အေးအေးဆေးဆေးဖြစ်ပြီး အသိလေးရလာတယ်
  30. ပရော့ဂျက်ထဲက အဆင့်တိုင်းဟာ တစ်ဆင့်ပြီးသွားရင်
  31. ချိုမြိန်တဲ့ အောင်မြင်မှုဆီကို
  32. ဒါမှမဟုတ် ပျော်ရွှင်စရာ ဘေးဒုက္ခဆီကို
    တစ်ဆင့်ပိုနီးလာတယ်ဆိုတာ...
  33. ကျွန်တော်တို့ ရည်ရွယ်ချက်မဲ့ ဟိုရေး ဒီခြစ်ကနေ စတယ်
  34. တခါတလေတော့ တကယ့် စီမံကိန်းလေးတွေ လုပ်ကြတယ်
  35. တခါတလေတော့ ကျွန်တော်တို့
    တခုခု ဆောက်တာကနေ စလိုက်တယ်
  36. တခုခု ဆောက်လုပ်တာဟာ ဒီအတွေ့အကြုံ
    တစ်ခုလုံးရဲ့ အဓိက ဗဟိုချက်ပါပဲ
  37. လက်တွေ့လုပ်မယ်၊ စိတ်ရောကိုယ်ပါ
    နက်နက်ရှိုင်းရှိုင်း နှစ်မြုပ်ထားမယ်
  38. လက်ရှိပြဿနာကို အပြည့်အဝ အာရုံထားမယ်ပေါ့...
  39. ရော်ဘင် နဲ့ ကျွန်တော်က အတူဝိုင်းကူလုပ်ပေးသူတွေအနေနဲ့
  40. စီမံကိန်းတွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းအားလုံးကို
  41. ပြီးမြောက်တဲ့ဘက်ရောက်အောင် အားစိုက်ပေးတယ်
  42. အောင်မြင်ဖို့ဆိုတာ လုပ်ကြည့်ရင်းနဲ့မှရတာ
  43. ရှုံးနိမ့်တာတွေကိုလည်း ဂုဏ်ပြုပေးတယ်၊
    စမ်းစစ်ပေးတယ်
  44. ပြဿနာတွေက ပဟေဠိဖြစ်လာတယ်
  45. ပြီးတော့ အတားအဆီးတွေ ပျောက်ကုန်တယ်
  46. တကယ့်ကို ခက်ခဲတဲ့
  47. မျှော်လင့်မထားတဲ့ အဆိုးတရားတွေ၊
    ရှုပ်ထွေးမှုတွေ နဲ့ ကြုံလာတဲ့အခါ
  48. တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတွေ
    ပေါ်လာတယ်၊ အဲဒါကတော့ အလှအပ တန်ဆာဆင်တာပါ
  49. (ရယ်မောသံများ)
  50. မပြီးမြောက်သေးတဲ့ လုပ်ငန်းအတွက်
    အလှအပတန်ဆာဆင်ပေးတာဟာ
  51. ဒီအလုပ်ကို ဘယ်လိုပြီးအောင်ဆက်လုပ်မယ်ဆိုတာ
    စိတ်ထဲမှာ ဆက်ပြီး ဆက်စပ်စဉ်းစားမှုတစ်မျိုးပါ
  52. ဒီကြားကာလ အလုပ်ကလေးတွေကနေ
    နက်နဲတဲ့ အမြင်တွေ ပေါ်လာတယ်
  53. ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့ အံ့ဩစရာကောင်းတဲ့
    ချဉ်းကပ်မှုအသစ်တွေ ပေါ်လာတယ်
  54. ဒီပြဿနာတွေက သူတို့ကို
    အစောပိုင်းက စိတ်ဒုက္ခပေးနေတာ
  55. ပစ္စည်းပစ္စယအားလုံးကို အသုံးပြုဖို့
    စီစဉ်ပေးထားတယ်
  56. ဒီ သာမန် မုန်းစရာကောင်းတဲ့ ကုန်ပစ္စည်းထုပ်တဲ့
    ပလတ်စတစ်အိတ်တွေကတောင်
  57. တံတားတစ်စင်း ဖြစ်လာနိုင်ပါတယ်
  58. အားလုံးထင်ထားတာထက်တောင် ပိုပြီး ခိုင်ပါတယ်
  59. သူတို့ ဆောက်ထားတဲ့ဟာတွေက
  60. သူတို့ကိုတောင် ပြန်ပြီး အံ့ဩသွားစေပါတယ်
  61. သုံး... နှစ်... တစ်... လွှတ်ပြီ....
  62. ၇-နှစ်အရွယ် ကလေးတွေ ဆောက်ထားတဲ့ ရိုလာကိုစတာပါ...
  63. ဟေး....
  64. (လက်ခုပ်သံများ)
  65. ကျေးဇူးတင်ပါတယ်၊ ပျော်စရာ အရမ်းကောင်းပါတယ်
  66. (လက်ခုပ်သံများ)